← Chapters

တောင်သုံးလုံးအရှင်၏ အရိယဖလ

Vol. 53 Ch. 793

တောင်သုံးလုံးအရှင်၏ အရိယဖလ

Vol. 53 Ch. 793

တစ်ခြားတစ်ဘက်တွင် နဂါးနန်းတော်တိုက်ပွဲနယ်မြေရှိသည်။

လုယန်နှင့် ဂိုဏ်းသခင်လုတို့ တိုက်ပွဲနှင့်ယှဉ်လျှင် ထိုတိုက်ပွဲက ပိုအဆင့်မြင့်သဖြင့် ကြည့်ရှုသူပိုများသည်။

"အလွှာကိုးဆင့် နဂါးနှိမ်ဘုံကျောင်း"

တောင်သုံးလုံးအရှင်က အဖြူရောင်ကိုးဆင့်ဘုံကျောင်းငယ်ကို ဆွဲထုတ်၍ စတင်တိုက်ခိုက်သည်။

အရှေ့ပင်လယ်ကျင့်ကြံသူမဟာမိတ်ဌာနချုပ်သည် အလွှာကိုးဆင့်ဘုံကျောင်း(နန်းတော်)ဖြစ်သည်။ သို့သော် ထိုအ‌ဆောက်အဦးသည် တောင်သုံးလုံးအရှင်၏ အသက်နှောင်မှော်ရတနာဖြစ်ကြောင်း သိသူနည်းသည်။

တောင်သုံးလုံးအရှင် မှော်မန္တာန်တစ်ခု တီးတိုးရွတ်ဆိုလိုက်သည်။ ဘုံကျောင်းက မီတာထောင်ချီရှည်လျားသည့် အလင်းတစ်ခုထိုးထွက်လာသည်။ ရွှေဝါရောင်အလင်းတန်းအသွင်ပြောင်း၍ အောင်းလင်းဆီ တည့်တည့်ပြေးဝင်လာသည်။

အောင်းလင်းက ခန္ဓာကိုယ်တစ်ချက်လှုပ်ခါ၍ မီတာသောင်းချီရှည်သည့် နဂါးနက်အသွင်သို့ပြောင်းသည်။ တစ်ကိုယ်လုံး သတ္တုရောင်ကြေးခွံများဖုံးလွှမ်းနေသည်။ ထူးဆန်းသည့် နက်ပြာရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။

မုန်ကျင်းကျိုးအသွင်က ထူးထူးခြားခြားတည်ငြိမ်နေသည်။ ဤတိုက်ပွဲက မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲသာဖြစ်သည်။ ထိုတိုက်ပွဲမျိုး နှစ်ကြိမ်မြင်ဖူးပြီးဖြစ်သည်။

လုယန်တို့တိုက်ပွဲလောက် စိတ်ဝင်စားစရာမကောင်း။

"အသွင်ပြောင်းမယ်"

တောင်သုံးလုံးအရှင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဘုံကျောင်းက တောင်မြင့်တစ်ခုလို ကြီးမားလာပြီး အောင်းလင်းကို ကြိတ်ချေရန်ကြိုးစားသည်။

အောင်းလင်းက အမြီးကိုအသာဝှေ့ယမ်း၍ ဘုံကျောင်းကို အလွယ်တကူ ရိုက်ထုတ်သည်။

တောင်သုံးလုံးအရှင် ရင်ထိတ်သွားသည်။ အောင်းလင်းက အရိယဖလသန္ဓေစွမ်းအားကို မသုံးသေး။ ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် သူအားကိုးယုံကြည်သည် အသက်နှောင်ရတနာကို အလွယ်တကူ ရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အောင်းလင်းက နဂါးဦးချိုဖြင့် ထိုးသည်။ ပင်လယ်ကြမ်းပြင်တွင် ဆူနာမီလှိုင်းတစ်ခု ရုန်းကြွလှုပ်ရှားသွားသည်။

တောင်သုံးလုံးအရှင် ထိတ်လန့်သွားပြီး ဘုံကျောင်းဖြင့် အမြန်ဆီးကာသည်။

နဂါးဦးချိုသည် အောင်းလင်းခန္ဓာကိုယ်တွင် အမာကျောဆုံးအပိုင်းဖြစ်သည်။ ကိုးလွှာဘုံကျောင်းသည် တောင်သုံးလုံးအရှင် အနှစ်ကာလကြာမြင့်စွာသန့်စင်ခဲ့သည့် ရတနာဖြစ်သော်လည်း အောင်းလင်း၏ဦးချိုကို ခုခံနိုင်စွမ်းမရှိ။

"ဘုန်း"

တောင်သုံးလုံးအရှင် ဘုံကျောင်းနှင့်အတူ လွင့်ထွက်သွားသည်။ နဂါးနန်းတော်တိုင်လုံးများ ပြိုလဲသွားသည်။ နံရံတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခုပေါ်လာသည်။

နဂါးနန်းတော်အပြင်ဘက်သို့ ချက်ချင်းရောက်သွားသည်။

ထို့နောက် သူတို့နှစ်ယောက် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဆက်တိုက်ခိုက်သည်။

"ဘယ်သူနိုင်မယ်ထင်လဲ"

"နဂါးဘိုးဘေးပဲနိုင်လိမ့်မယ်။ သူက ရှေးဟောင်းခေတ်ပါရမီရှင်တွေကြားမှာတောင် စွမ်းအားအမြင့်ဆုံးလို့ပြောကြတယ်။ မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲမှာရှုံးတာမျိုး မရှိသလောက်ပဲတဲ့"

"ငါလည်း ဒီလိုပဲထင်တယ်။ ပြီးတော နဂါးမျိုးနွယ်တွေဟာ ပင်သဘာဝကိုက ရုပ်ခန္ဓာအားကောင်းကြတယ်လေ။ နဂါးဘိုးဘေးရဲ့ ရုပ်ခန္ဓာစွမ်းအားက အမြင့်ဆုံးကို ရောက်နေမှာပဲ။ ဒီတော့ တောင်သုံးလုံးအရှင်၏ သူနဲ့အနီးကပ်တိုက်ခိုက်ရဲမှာမဟုတ်ဘူး"

"ကောက်ချက်ချမစောပါနဲ့ဦး။ မသေမျိုးတစ်ဝက်တွေကြားမှာ အားကြီးတာ အားနည်းတာတွေမရှိဘူးလို့ ငါကြားဖူးတယ်။ အပြန်အလှန်ထိန်းချုပ်နိုင်တဲ့ သဘာဝမျိုးရှိတယ်။

တောင်သုံးလုံးအရှင်ရဲ့ အရိယဖလသန္ဓေက နဂါးဘိုးဘေးကို ထိန်းချုပ်နိုင်ခဲ့ရင် ရလာဒ်က ပြောင်းပြန်ဖြစ်သွားမှာ"

လူအုပ်ကြီး ဆွေးနွေးနေသည့်စကားများကို အရေးမစိုက်ဘဲ တောင်သုံးလုံးအရှင် စိတ်ထဲမှကျိတ်၍ ဆုတောင်းသည်။

"ငါဒီနေရာမှာ ဆုတောင်းတယ်။ ငါ့ရုပ်ခန္ဓာစွမ်းအား တိုးမြင့်ပါစေ။ ဘုံကျောင်းစွမ်းအားကို တိုးမြှင့်နိုင်ပါစေ။ နဂါးတွေကို နှိပ်ကွပ်နိုင်တဲ့အစွမ်းမျိုး ရပါစေ"

ဆုတောင်းပြီးသည်နှင့် ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲတစ်ခုကို သူခံစားလိုက်ရသည်။ ရုပ်ခန္ဓာစွမ်းအားက ကူးဖြတ်ခြင်းအဆင့်၏အမြင့်ဆုံးအခြေအနေသို့ ရောက်လာသည်။

ဘုံကျောင်းလည်း မသေမျိုးရတနာတစ်ခုလို ဖြစ်လာသည်။ အစောပိုင်းက ပျက်စီးခဲ့သည့်အပိုင်းများ မူလအတိုင်း ပြန်ဖြစ်သွားသည်။ နဂါးမျိုးနွယ်၏ အားနည်းချက်များ သူ့အာရုံတွင် တစ်ခုပြီးတစ်ခုပေါ်လာသည်။

အောင်းလင်း၏ နဂါးခန္ဓာတွင် ပျော့ကွက်ဟာကွက်များစွာ သူမြင်နေရသည်။

ဆုတောင်းပြီးနောက် တောင်သုံးလုံးအရှင် တစ်ခြားလူတစ်ယောက်လို ဖြစ်သွားသည်။ တိုက်ခိုက်စွမ်းရည် ပိုတိုးတက်လာသည်။ ရုပ်ခန္ဓာသုံးနေသည့်အောင်းလင်းနှင့် လက်ရည်တူယှဉ်နိုင်လာသည်။

နဂါးချုပ်ပညာကိုလည်း တတ်ကျွမ်းထားသဖြင့် အောင်းလင်းကို အနိုင်ရလုနီးပါးအခြေအနေဖြစ်လာသည်။ အဝေးမှကြည့်နေသူများထံမှ တအံ့တဩရေရွတ်သံများ ထွက်ပေါ်နေသည်။

"တောင်သုံးလုံးအရှင်ဟာ ရုပ်ခန္ဓာစွမ်းအားကြောင့် နာမည်ကျော်တာမဟုတ်ဘူး။ နဂါးဘိုးဘေးနဲ့ ရုပ်ခန္ဓာချင်း ဘယ်လိုယှဉ်နိုင်မှာလဲဲ"

အောင်းလင်း၏ ရုပ်ခန္ဓာစွမ်းအားသည် အမြင့်ဆုံးအဆင့်ဟု ပြောကြသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူအားလုံး ထိုအဆင့်မျိုးရောက်ဖို့ မျှော်မှန်းကြသည်။

ယခု ယုံကြည်မှုစွမ်းအား မှော်စွမ်းအားတို့ကြောင့် နာမည်ကျော်သည့် တောင်သုံးလုံးအရှင်က အောင်းလင်းနှင့် ရုပ်ခန္ဓာချင်းတန်းတူယှဉ်နိုင်သည်။

ထိုသို့ဖြစ်နေသည်မှာ ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ခဲ့သည့် သူ့အရိယဖလသန္ဓေကြောင့်ဖြစ်သည်။

ဆုတောင်းအရိယဖလသန္ဓေ။

အရိယဖလသန္ဓေကို တစ်ကြိမ်သုံးလျှင် ဆုသုံးခုတောင်းခွင့်ရှိသည်။ သို့သော် တောင်းသည့်ဆုများက ယုံကြည်သူတို့၏ဆုတောင်းများနှင့် ဆက်နွယ်နေရမည်။

ဥပမာ ကိုယ့်ဝိညာဉ်အတွက်ဆုတောင်းသည့် ယုံကြည်သူ မရှိသလောက်ရှားသည်။ ထို့ကြောင့် ဝိညာဉ်အားကောင်းဖို့ ဆုတောင်း၍မရ။

"ဆုတောင်းအရိယဖလသန္ဓေလား။ ဘာမှမထူးဆန်းလှပါဘူး"

အောင်းလင်းက အထင်မကြီးဟန်ဖြင့် လှောင်ပြုံးပြုံးသည်။ မီးနိုင်ငံခေတ်တွင် ထိုအရိယဖလသန္ဓေမျိုး သူမြင်ဖူးသည်။

ထိုအရိယဖလ၏ အကြီးဆုံးပြဿနာက ဆုတောင်းများအကန့်အသတ်ရှိခြင်းပင်ဖြစ်သည်။ အများစုက သေမျိုးများတောင်းသည့်ဆုများဖြစ်သည်။

အချိန် သို့မဟုတ် လေဟာနယ်ကိုထိန်းချုပ်နိုင်ဖို့ သေမျိုးများ ဘယ်တော့မှ ဆုတောင်းဖို့စဉ်းစားကြမည်မဟုတ်။

အောင်းလင်း၏ ခနိုးခနဲ့စကားကြောင့် တောင်သုံးလုံးအရှင် ဒေါသထွက်သွားသည်။ နဂါးချုပ်ပညာကို အသက်သွင်းသည်။ ဘုံကျောင်းမှ စူးရှသည့်အလင်းများ တောက်ပလာသည်။

ဘုံကျောင်းအောက်ခြေမှ သံကြိုးများ ပျံထွက်လာသည်။ အောင်းလင်းကို ချက်ချင်း ဝိုင်းရံ၍ ချုပ်နှောင်ရန်ကြိုးစားသည်။ အောင်းလင်းခန္ဓာအရွယ်အစား ချုံ့သည်ဖြစ်စေ ချဲ့သည်ဖြစ်စေ လွတ်မြောက်နိုင်မည်မဟုတ်။

"ဘိုးဘေး၊ ကျုပ်တို့လာကူမယ်"

နဂါးအိုအင်ပါယာနှင့် တစ်ခြားနဂါးမျိုးနွယ်ကူးဖြတ်ခြင်းနှစ်ယောက် အောင်းလင်းကိုကူညီရန် ရှေ့တိုးလာသည်။ ထိုစဉ် အောင်းလင်းက ရုတ်တရက် နဂါးလက်သည်းများကို ဆန့်ထုတ်၍ သံကြိုးများကိုလှမ်းဆုပ်သည်။

ခပ်ပြင်းပြင်းတစ်ချက်ဆောင်ဆွဲသည်။ သံကြိုးများ ချက်ချင်းပြတ်ထွက်သွားသည်။

"မလာနဲ့။ ယုံကြည်မှုစွမ်းအားသုံးပြီး မသေမျိုးဖြစ်လာတဲ့လူကို ရင်ဆိုင်ဖို့လောက်ကတော့ နင်တို့အကူအညီမလိုဘူး"

မသေမျိုးအဆင့်တိုက်ပွဲတွင် ကူးဖြတ်ခြင်းအဆင့်များ ဝင်တိုက်ခိုက်လျှင် တစ်ချက်မှားသည်နှင့် သေသွားနိုင်သည်။ အကူအညီရဖို့ထက် အနှောက်အယှက်ဖြစ်ဖို့က ပိုများသည်။

နဂါးအော်သံ တစ်ချက်ဟိန်းထွက်သွားသည်။ ရေအောက်မီးတောင်ပေါက်ကွဲသကဲ့သို့ ပင်လယ်ရေများ လိမ့်တက်လာသည်။ နဂါးနန်းတော်ဘေးပတ်လည်မှရေထု ရုန်းကြွလှုပ်ရှားနေသည်။

ပင်လယ်ရေမှော်များ လောင်ကျွမ်းပြာကျသွားသည်။

နဂါးမျိုးနွယ်၏ မွေးရာပါ နဂါးမီးတောက်အစွမ်းဖြစ်သည်။ ရေအောက်တွင် လောင်ကျွမ်းစေနိုင်သည်။ ငြိမ်းသတ်နိုင်ဖို့ခက်သည်။ အပူဓာတ်က ဖီးနစ်မီးတောက်ထက်ပင် ပိုပြင်းထန်သည်။

ထို့ကြောင့်လည်း တစ်ချိန်က ကျန်းလျန်ယိ သေချင်ယောင်ဆောင်ခဲ့ရခြင်းဖြစ်သည်။

သို့သော် ထိုအချိန်က ကျန်းလျန်ယိ၏ကျွမ်းကျင်မှု နည်းသေးသောကြောင့်လည်းဖြစ်သည်။ လက်ရှိကျန်းလျန်ယိသည် မီးတိုက်ခံရသည်ကို ကြောက်တော့မည်မဟုတ်။

နဂါးမျိုးနွယ်သည် လေနှင့်မိုးကို ထိန်းချုပ်နိုင်သည့် မွေးရာပါအစွမ်းမျိုးရှိသည်။ မီးတောက်စစ်က သူတို့၏အသက်စွမ်းအားဖြစ်သည်။ ယင်နှင့်ယန်ကို ကျင်လည်သည်။ ရေဓာတ်ရော မီးဓာတ်ကိုပါ ကျွမ်းကျင်ကြသည်။

အောင်းလင်း ဆက်တိုက်ခိုက်ချိန်တွင် ပြင်းထန်သည့်တိုက်ပွဲဖိအားကို တောင်သုံးလုံးအရှင် ခံစားလာရသည်။ အောင်းလင်း၏ နဂါးလက်သည်းများက မှော်အစွမ်းအားလုံးကို ခုခံနိုင်ပုံရသည်။ ဘယ်မှော်ပညာမှ အလုပ်မဖြစ်။

ပိုဆိုးသည်မှာ အောင်းလင်း၏ တိုက်ခိုက်မှုများက တဖြေးဖြေးပိုပြင်းထန်လာခြင်းဖြစ်သည်။ ကိုးလွှာဘုံ‌ကျောင်းရှိသည့်တိုင် အဆက်မပြတ်တိုက်ခိုက်မှုကို သူခံနိုင်ရည်မရှိ။

"ဘုံကျောင်းတစ်ခုအကာအကွယ်ရှိတာနဲ့ အားလုံးအဆင်ပြေပြီလို့တွေးနေရင် နင်ရူးလို့ပဲ။ ...တောင်တန်းထိုးဖောက်စွမ်းအား"

အောင်းလင်း စွမ်းအားအစစ်ထုတ်သုံးသည်။ ထိုစွမ်းအားက တောင်သုံးလုံးအရှင်၏ရင်ဘတ်ကို ချက်ချင်းဖောက်ထွက်သွားသည်။ နီရဲသည့် နဂါးလက်သည်းရာတစ်ခု ရင်ဘတ်ပေါ်တွင် ကျန်ခဲ့သည်။

ဒဏ်ရာမှ သွေးများစီးကျလာပြီး ပင်လယ်ရေနှင့်ရောသွားသည်။ သိပ်သည်းသည့် သွေးမြူများအဖြစ်ပြောင်းသွားသည်။

"ငါဆုတောင်းအဓိဋ္ဌာန်ပြုတယ်။ ဘုံကျောင်းစွမ်းအားကို မတိုးမြှင့်ဘဲ ဒဏ်ရာတွေကို ကုသနိုင်ပါစေ"

တောင်သုံးလုံးအရှင်၏ ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။

ဒဏ်ရာပျောက်ကင်းနှုန်းမြန်ပါသည်။ သို့သော် အောင်းလင်း၏တိုက်ခိုက်မှုများက ပို၍မြန်ဆန်သည်။

တောင်သုံးလုံးအရှင် စိတ်လေးလာသည်။ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲခဲ့သည်။ အစကတည်းကြိုသိလျှင် ထိုအခြေအနေထဲ တိုးမဝင်ဘဲ သူထွက်ပြေးခဲ့မည်သာဖြစ်သည်။

ယခု သူနိုင်ခြေမရှိတော့။ သိက္ခာကျမခံဘဲ ထွက်ပြေးလွတ်မြောက်ဖို့လည်း မဖြစ်နိုင်တော့။

'ပင်လယ်ကိုထိန်းချုပ်နိုင်ဖို့' 'လေနှင့်မိုးကိုဆင့်ခေါ်ဖို့' 'ကံကြမ္မာတိုးမြင့်ဖို' စသည်ဆုတောင်းများကို သူစမ်းသပ်ကြည့်ပြီးဖြစ်သည်။ ဘယ်ဆုတောင်းမှ အောင်းလင်းကို မယှဉ်နိုင်ခဲ့။

အချိန်ကြာလာသည်နှင့် အောင်းလင်းတဖြေးဖြေးစွမ်းအားတိုးလာသည်ကို သူခံစားမိသည်။ အစပိုင်းတွင် လက်ရည်တူရှိခဲ့ရာမှ ယခုလုံးဝတစ်ဘက်သတ်ဖြစ်လာသည်။

"ဘုန်း"

တိုက်ပွဲတွင်းမှ ထွက်ပြေးရန် သူအကြိမ်ကြိမ်ကြိုးစားသည်။ သို့သော် အောင်းလင်းက သူ့ကိုပြန်ဆွဲခေါ်သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်အောက်ပိုင်း နဂါးလက်သည်းချက်ကြောင့် ပြတ်ထွက်ပြီး ပင်လယ်ထဲကျသွားသည်။ လှိုင်းလုံးများ ကြွတက်လာသည်။

အောင်းလင်း လူသားအသွင်ပြန်ပြောင်းသည်။ တောင်သုံးလုံးအရှင်၏ ကိုယ်ပေါ်တွင်ရပ်သည်။ သူ့မျက်နှာက အေးစက်တင်းမာနေသည်။

တိုက်ပွဲရလာဒ်ပေါ်လာသည်။

"ငါမင်းခန္ဓာကိုယ်ကို ခဏဝင်ပူးပြီး သိပ်မကြာခင် ပြန်ပေးမယ်လို့ပြောရင် မင်းယုံကြည်ပေးနိုင်မလား"

အောင်းလင်း အေးစက်စက်ရယ်သည်။

"နင်ရာဘယ်လိုထင်လဲ၊ ငါယုံကြည်မယ်ထင်လား"

အောင်းလင်းက လုံးဝချမ်းသာပေးမည်မဟုတ်မှန်း ရိပ်မိသဖြင့် တောင်သုံးလုံးအရှင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အခုမင်းလာမကူရင် ငါသေတော့မှာနော်"

ခဏအသံတိတ်နေပြီးနောက် မျက်နှာတင်းတင်းနှင့်အဘိုးအိုတစ်ယောက် ပေါ်လာသည်။

ဖြစ်နိုင်လျှင် သူမလှုပ်ရှားချင်။ အောင်းလင်းလို ဒဏ္ဍာရီနဂါးမျိုးနွယ်နှင့် တိုက်ခိုက်ဖို့ သူရည်ရွယ်မထား။ ဂိုဏ်းသခင်လုပေါ်လာမည်ဟုလည်း သူထင်မထား။

ဂိုဏ်းသခင်လုပေါ်လာသည်ဆိုလျှင် ကောင်းကင်ရုံးတော်က ဤနေရာကို သိနေသည့်သဘောရှိသည်။

အောင်းလင်းကို အနိုင်ယူနိုင်သည်ဟု သူ့ကိုယ်သူယုံကြည်သည်။ သို့သော် ကောင်းကင်ရုံးတော်ကို သူမယှဉ်နိုင်ကြောင်းလည်းသိသည်။

ဂိုဏ်းသခင်လုက သူပုန်းကွယ်နေသည့်နေရာကို တစ်ချက်လှမ်းကြည့်ခဲ့သည်။ သူ့ကိုမြင်ပြီးဟန်ရှိသည်။ ထွက်ပြေးလည်း ဘာမှထူးခြားမသွားနိုင်။

မသိချင်ယောင်‌ဆောင်နေသည့် ဂိုဏ်းသခင်လုက ရုတ်တရက်ပေါ်လာသည့် အဘိုးအိုကို လှမ်းကြည့်သည်။

နဂါးနန်းတော်ထဲတွင် တောင်သုံးလုံးအရှင်၏ ကြုံရာပါဖြစ်ဟန်ရှိသည့် နောက်ထပ်မသေမျိုးတစ်ဝက်တစ်ယောက် ပုန်းနေကြောင်း နတ်မယ်က အသိပေးခဲ့သည်။

ထိုလူသည် မဟာချန်ခေတ်ကမသေမျိုးတစ်ဝက်ဖြစ်မည်ဟု လုယန်ခန့်မှန်းသည်။ တောင်သုံးလုံးအရှင်၏ ယုံကြည်မှုစွမ်းအားဖြင့် အရိယဖလသန္ဓေတည်ဆောက်သည့်ပညာသည် ထိုလူထံမှ ရခဲ့ဟန်တူသည်။

*************************************

All Chapters