← Chapters

အောင်းလင်း၏စွမ်းအား

Vol. 53 Ch. 794

အောင်းလင်း၏စွမ်းအား

Vol. 53 Ch. 794

မဟာချန််သည် ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ခဲ့သည်။ မဟာချန်နှင့် မီးနိုင်ငံကြားတွင် ဆက်စပ်မှုတစ်ခုခုရှိနိုင်သည်ဟု လုယန်ခန့်မှန်းသည်။

ဆက်တိုက်ဖြစ်တည်ခဲ့သည့် ခေတ်နှစ်ခုလုံး ယုံကြည်မှုစွမ်းအားနှင့် ဆက်နွယ်နေသည်မှာ တိုက်ဆိုင်မှုမဖြစ်နိုင်။

"တာအိုရှင်အောင်းလင်းကို တွေ့ရတာ-"

အဘိုးအိုက သူ့ကိုယ်သူ မိတ်ဆက်ရန်စကားစသည်။ သို့သော် စကားမဆုံးမီ အောင်းလင်းက ပိတ်ကန်လိုက်သဖြင့် လွင့်ထွက်သွားသည်။

တောင်သုံးလုံးအရှင်၏ အပေါင်းအပါသည် လူကောင်းသူကောင်းဖြစ်နိုင်စရာမရှိ။

ထို့ကြောင့် လေကုန်မခံချင်။ အရင်တိုက်ခိုက်ပြီး နောက်မှစကားပြောမည်။ အနိုင်ရပြီးမှ ရှင်းလင်းချက်ကိုနားထောင်မည်။

"ဪ...ကောင်းပြီလေ၊ တာအိုရှင်အောင်းလင်က ကျုပ်ကိုမလေးစားမှတော့ ကျုပ်ရိုင်းတယ်လို့အပြစ်မတင်နဲ့"

အောင်းလင်းသည် ရှေးဟောင်းခေတ်ဒဏ္ဍာရီတစ်ယောက်ဖြစ်၍ အပြုအမူ ထိန်းထိန်းသိမ်းသိမ်းရှိမည်ဟု တောင်မြစ်သခင် ထင်ခဲ့သည်။

သို့သော် လောကဝတ်ပင်မပြုဘဲ ချက်ချင်းစတိုက်ခိုက်သည်။

တစ်ဘက်က တိုက်ခိုက်လိုလျှင်လည်း တိုက်ရုံသာရှိသည်။

တောင်မြစ်သခင်ကို ယုံကြည်မှုစွမ်းအားကျင့်စဉ်ပညာ အပြည့်အဝ သူမပေးခဲ့။ နဂါးအိုအင်ပါယာကို ပူးကပ်သင့်ကြောင်း စကားအရိပ်အမြွက်ပြခဲ့သည်။

ယင်နဂါးနတ်ဘုရားကို ပူဇော်နေကြသည့် စွမ်းအားများကို တောင်သုံးလုံးအရှင်အားအသုံးချ၍ ရယူရန်ကြံရွယ်ခဲ့သည်။

ယခုလိုအခြေအနေ ဖြစ်လာမည်ဟု မထင်ခဲ့။

"သူက တောင်မြစ်သခင်လို့ပြောတယ်။ အဲဒါ မဟာချန်ခေတ်က စစ်သူကြီးမဟုတ်လား။ အရပ်လေးမျက်နှာကို စစ်ချီခဲ့တယ်။ တိုက်ပွဲတွေပြီးသွားတော့ ပထမချန်အင်ပါယာကသူ့ကို တောင်မြစ်သခင်ဆိုတဲ့ဘွဲ့ချီးမြှင့်ပြီး ပြည်သူတွေရဲ့ပူဇော်မှုကို ခံစားခွင့်ပေးခဲ့တယ်"

ထိုအဘိုးအို၏ ဘွဲ့နာမည်ကိုကြားပြိးနောက် ကူးဖြတ်ခြင်းအဆင့်မျိုးနွယ်ဘိုးဘေးတစ်ယောက် အံ့အားသင့်နေသည်။ ထိုအဘိုးအိုသည် တိုက်ခိုက်ရသည်ကိုခုံမင်သည့် မဟာချန်ခေတ်ကလူဖြစ်သည်။

စစ်တပ်အင်အားကို ထိန်းချုပ်ထားသည်။ တိုက်ပွဲဗျူဟာ ကျွမ်းကျင်သည်။ တိုက်ပွဲတိုင်း အောင်နိုင်ခဲ့သည်။

တောင်မြစ်သခင် လက်ကိုဝှေ့ယမ်းလိုက်သည်။ အရိုးဖြူလှံတစ်လက် သူ့လက်ထဲပေါ်လာသည်။

အောင်းလင်းက နဂါးအသွင်ပြန်ပြောင်းသည်။ တစ်ကိုယ်လုံး ခရမ်းရွှေရောင်မီးတောက်နှင့် လျှမ်းစီးများ ထွက်ပေါ်နေသည်။ အရှေ့ပင်လယ်၏ ဝိညာဉ်စွမ်းအင်သန္ဓေများ လှုပ်ရှားလာသည်။ ကျယ်လောင်စွာပေါက်ကွဲထွက်သည်။

ဘယ်လောက်လှုပ်ရှားသည်ဖြစ်စေ တောင်မြက်သခင်က ယိမ်းယိုင်သွားခြင်းမရှိ။ ခန္ဓာကိုယ်တစ်ချက်လှည့်သည်။ လျှပ်စီးအမြန်နှုန်းရှိသည့် သူ့အရိုးလှံက အောင်းလင်းဆီ ပြေးဝင်သွားသည်။

အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသဖြင့် အောင်းလင်း နဂါးခန္ဓာကိုယ်ကို တွ့န်လိမ်၍ လှံသွားကိုရှောင်တိမ်းသည်။

သူမူလရပ်နေခဲ့သည့်နေရာတွင် အရာအားလုံး ပျောက်ကွယ်ပျက်စီးသွားသည်။ ပင်လယ်ရေများက ထိုဟာကွက်နေရာကို ချက်ချင်းပြန်ဖြည့်သည်။

"ဘိုးဘေး၊ သတိထားပါ။ မှတ်တမ်းအရ တောင်မြစ်အရှင်ဟာ ဝါးမြိုခြင်းအရိယဖလသန္ဓေပိုင်ရှင်ပဲ"

အောင်းယာက သိစိတ်အာရုံမှန် အမြန်လှမ်းပြောသည်။ သမိုင်းမှတ်တမ်းများတွင် တောင်မြစ်သခင်နှင့် တိုက်ခိုက်ခဲ့သူအားလုံး အစအနမကျန်အောင် ပျောက်သွားလေ့ရှိသည်ဟု ဖော်ပြထားသည် အားလုံးဝါးမျိုခံရခြင်းဖြစ်သည်။

"ဝါးမျိုအရိယဖလသန္ဓေတဲ့လား"

အောင်းလင်းမျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ တကယ်နည်းနည်းတော့ အခက်တွေ့သည်။

ထိုစဉ် သူ့ဦးခေါင်းကိုဖျတ်ခနဲစောင်း၍ အလင်းတန်းတိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းလိုက်ရသည်။

တောင်သုံးလုံးအရှင်ဖြစ်သည်။

အောင်းလင်းနှင့်တောင်မြစ်သခင် တိုက်ခိုက်နေချိန်ခဏတွင် ဆုတောင်းစွမ်းအင်သုံး၍ ဒဏ်ရာကုသခဲ့သည်။ စွမ်းအားပြန်ဖြည့်ခဲ့သည်။

"ငါမင်းကိုလာကူပြီ"

မသေမျိုးတစ်ဝက်နှစ်ယောက် အောင်းလင်းကို တိုက်ခိုက်ကြသည်။

အလွာကိုးဆင့်ဘုံကျောင်းနှင့် အရိုးဖြူလှံတို့ ပြိုင်တူဝင်လာသည်။ တောင်သုံးလုံးအရှင်က ဆုတောင်းစွမ်းအားထပ်သုံးသည်။ တောင်မြစ်သခင်က ယုံကြည်မှုစွမ်းအားဖြင့် ဖန်တီးထားသည့် သံချပ်ကာကိုဝတ်၍ လှံကိုဝှေ့ယမ်းသည်။

လွန်ခဲ့သည့်နှစ်သုံးသိန်းက တိုက်ပွဲအလီလီနွှဲခဲ့သည့်အချိန်ကို သူပြန်ရောက်သွားသယောင်ရှိသည်။

ယခု ခေတ်ကာလများ ကျော်လွန်ခဲ့သော်လည်း သူ့တိုက်ရည်ခိုက်ရည်မကျသေး။

မသေမျိုးသုံးယောက် တိုက်ခိုက်နေကြသည်။ နဂါးနန်းတော်ပတ်ဝန်းကျင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ အဝေးမှကြည့်နေသူများ နဂါးနန်းတော်အထက်တွင် အမှောင်ထုဖုံးလွှမ်းနေသည်ကို မြင်ရသည်။

လှုပ်ရှားမှုတိုင်းက မိုးမြေကိုပြောင်းလဲနိုင်စွမ်းရှိသည်။

"ကောင်းကင်လေပြင်း"

အောင်းလင်းက လေပြင်းကိူဆင့်ခေါ်သည်။ အရှေ့ပင်လယ်ပေါ်တွင် အဆုံးစမဲ့လေဆင်နှာမောင်းများ ဖြစ်ပေါ်လာသည်။ ထိုလေပြင်းများက ဝိညာဉ်ကိုတိုက်ခိုက်ခြင်းဖြစ်သည်။ ယန်ချီများပြည့်နေသည်။

ဝိညာဉ်ကို ခန္ဓာကိုယ်မှခွာထုတ်ပြီး လေဝဲထဲတွင် ချေဖျက်နိုင်စွမ်းရှိသည်။

"ဗောဓိပင်အောက်က အနန္တအံ့ဖွယ်ဓမ္မ"

တောင်သုံးလုံးအရှင် စိတ်ငြိမ်မန္တာန်ကို တီးတိုးရွတ်ဆိုသည်။ ထိုမန္တာန်က သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲတွင် မြဲမြဲကပ်ထားနိုင်သည်။ ပြင်ပအနှောက်အယှက်များ မသက်ရောက်နိုင်။

သို့သော် လေပြင်းထဲတွင် သူ့ဝိညာဉ်မျောပါမသွားအောင် ထိန်းထားနိုင်ရုံသာရှိသည်။ တန်ပြန်တိုက်ခိုက်ခြင်းမပြုနိုင်။

တောင်မြက်သခင်၏ဝိညာဉ်က ခိုင်မာတည်မြဲသည်။ ကောင်းကင်လေပြင်းကိုမကြောက်။

"အဖျက်ကြာနီ"

အဖျက်မီးတောက်စွမ်းအားများ ထွက်ပေါ်နေသည့် ကြာနီတစ်ပွင့် ပင်လယ်မျက်နှာပြင်တွင် ပေါ်လာသည်။ တိမ်မည်းများ အနီရောင်ပြောင်းသွားသည်။ လတ်ဆတ်သည့်သွေးနှင့် ပမာတူသည်။ ကမ္ဘာ့အဆုံးသတ် ရောက်လာသလိုထင်ရသည်။

"ရေသန္ဓေစွမ်းအား"

အောင်းလင်းက လှိုင်းတစ်ခုထိပ်တွင်ရပ်နေသည်။ သူ့ခြေထောက်အောက်မှ ရေစက်တိုင်းသည် ကျယ်ပြန့်သည့်ရေကန်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်သည်။

'ရေသန္ဓေ'ဆိုသည်မှာ နေ၊လ၊ကြယ်တာရာများမှ သန္ဓေဖြင့်ဖန်တီးထားသည့်ရေဖြစ်သည်။

မီးအလင်းက ရေအလင်းနှင့် ရောယှက်သွားသည်။ ကမ္ဘာနှစ်ခုတိုက်မိသကဲ့သို့ ထူးဆန်းသည့် ရောင်စုံအရိပ်များ ပေါ်လာသည်။

ရေသန္ဓေက အဖျက်ကြာနီကို ချိုးဖျကပြီး တောင်မြစ်သခင်ကို ဆက်တိုက်ခိုက်သည်။

တောင်မြစ်သခင်က နေရာမှမရွေ့။ ရေသန္ဓေတိုးဝင်လာသော်လည်း သူမရှောင်။

သူ့ကိုထိခါနီးတွင် ရေသန္ဓေကို သူ့အရိယဖလသန္ဓေစွမ်းအားက အားလုံးဝါးမျိုသွားသည်။

"ဒီနေရာကနေ ငါဆုတောင်းတယ်။ ဖန်လိုင်တောင်၊ ဖန်ကျန်းတောင်၊ ယင်ကျိုးတောင်တွေရဲ့စွမ်းအားကို ပေါင်းစည်းပါစေ"

ယခု ဆုတောင်းသုံးခုလုံး သုံးဖို့လိုသည်။ ခံစစ်အနေအထားမဟုတ်တော့။ အောင်းလင်းနှင့် တစ်ယောက်ချင်းတိုက်ခိုက်စဉ်က ထိုဆုတောင်းမျိုး သူမတောင်းရဲ။

ယခု တောင်မြစ်သခင်နှင့်အောင်းလင်း တိုက်ခိုက်နေသည်။ ထို့‌ကြောင့် သူစွမ်းအားအပြည့်စုစည်းခွင့်ရသည်။

"တောင်သုံးလုံး နတ်ဆိုးနှိပ်ကွပ်မယ်"

ထိုပညာကြောင့် သူ့ဘွဲ့နာမည်တွင်လာခြင်းဖြစ်သည်။ အရှေ့ပင်လယ်တောင်သုံးလုံးစွမ်းအားကို သူအသုံးချနိုင်သည်။

တောင်သုံးလုံးအရိပ်များ ပေါ်လာသည်။ အရိပ်ဟုဆိုသော်လည်း စွမ်းအားက တကယ်တောင်သုံးလုံးဆင်းလာသည်ထက်မလျော့။

အရိပ်များထဲတွင် ထိုတောင်သုံးလုံးစွမ်းအင်ကြောတို့၏ စွမ်းအားများပါဝင်သည်။

ဖန်လိုင်ကျွန်းသည် အစက နဝမအဆင့်ဝိညာဉ်ကြောရှိသည်။ ယင်ကျိုးကျွန်သည် အစက အဋ္ဌမအဆင့် ဝိညာဉ်ကြောရှိသည်။ သို့သော် လေဟာနယ်မသေမျိုးမြက်ကိုခူးဆွတ်ပြီးနောက် နဝမအဆင့်ဝိညာဉ်ကြောဖြစ်လာသည်။

တောင်သုံးလုံး အောက်သို့ထိုးဆင်းလာသည်။

အောင်းလင်းကိုယ်ပေါ် တောင်သုံးလုံး ဆက်တိုက်ကျသည်။ သွေးများလွင့်ပျံထွက်လာသည်။ တောင်မြစ်သခင်ကလည်း အဆက်မပြတ်ဖိ၍တိုက်ခိုက်သည်။

သူ့လှံရှည်ကိုကိုင်၍ နဂါးကိုယ်ပေါ်တွင် ခုန်ပျံပြေးလွှား၍ ကျင်လည်စွာလှုပ်ရှားနေသည်။ လှံဦးထိပ်တွင် အားအကြီးဆုံးရှင်သန်မှုအရိယဖလစွမ်းအင်များ စုစည်းနေသည်။

နဂါးသွေးများ မိုးရွာသလိုကျလာသည်။ ညကောင်းကင်တစ်ခုလုံး နီရဲနေသည်။

တောင်းသုံးလုံးက တက်လိုက်ကျလိုက်လှုပ်ရှားနေသည်။

ရေလှိုင်းပေါင်းထောင်ချီ မြင့်တက်၍ သွေးမြူများဖုံးလွှမ်းနေသည်။ အောင်းလင်း၏နဂါးခန္ဓာက ဒဏ်ရာဒဏ်ချက်များစွာရ၍ သွေးချင်းချင်းနီနေသည်။

"သေလိုက်စမ်း"

တောင်မြစ်အရှင်မျက်လုံးများ နီရဲလာသည်။ သူ့စရိုက်ဟောင်းများ ပြန်ပေါ်လာသည်။ သူတိုက်ခိုက်ပြီဆိုလျှင် အသေအရှင်တိုက်ပွဲသာနွှဲသည်။ မဟာချန်ခေတ်တွင် ထိုနည်းလမ်းဖြင့် သူနာမည်ကျော်ခဲ့သည်။

"နတ်မယ်၊ အမအောင်းလင်း အဆင်ပြေပါ့မလား"

လုယန် စိတ်ပူပန်စွာမေးသည်။

နတ်မယ်ကလည်း တိုက်ပွဲကိုသဘောကျဟန်ဖြင့် စိတ်ဝင်တစားကြည့်နေသည်။

"ရှောင်လင်းက အရေးနိမ့်နေတယ်လို့ နင်ထင်နေတာလား"

"အဲလိုပဲမဟုတ်လား"

ထိုအခြေအနေမျိုးတွင် နလန်ပြန်ထူနိုင်ဖို့မဖြစ်နိုင်ဟု လုယန်ယူဆသည်။

"ဟားဟား...သူ့အရိယဖလသန္ဓေကို နင်မေ့နေပြီလား"

လုယန် ချက်ချင်းပြန်သတိရလာသည်။ အောင်းလင်းသည် ရှင်သန်မှုအရိယဖလပိုင်ရှင်ဖြစ်သည်။

ကောင်းကင်ရံးတော်သခင်နှင့် သခင်လေးတို့ စကားပြောနေစဉ် တိုက်ပွဲကအဆုံးသတ်လုနီးပါးအခြေအနေ ရောက်လာသည်။

တောင်သုံးလုံးအရှင် စိတ်ထင်၍လားတော့မသိ။ အောင်းလင်းသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း စွမ်းအင်ရောင်ကလျော့ပါးမသွားပဲ ပိုတိုးလာသလို ခံစားရသည်။

"တောင်သုံးလုံးစွမ်းအား"

တောင်သုံးလုံးအလေးချိန်ဖြင့် အောင်းလင်းကို မလှုပ်နိုင်အောင်ဖိလိုက်ပြီးနောက် သူနည်းနည်းစိတ်သက်သာရာရသွားသည်။

ရုတ်တရက် အောင်းလင်းက စွမ်းအားသစ်များရလာဟန်ဖြင့် နဂါးကျောရိုးကို ကွေးညွှတ်ပြီး သူ့အပေါ်ဖိထားသည့် တောင်သုံးလုံးကို ဖျတ်ခနဲခါချသည်။

တောင်သုံးလုံးအရှင် မျက်လုံးပြူးသွားသည်။ ဒဏ်ရာအပြင်းအထန်ရထားသူတွင် ထိုစွမ်းအားမျိုး ဘယ်လိုကျန်နိုင်မည်နည်း။

နဂါးမျက်လုံးတွင် အပြုံးရိပ်တစ်ခုပေါ်လာသည်။ မသေမျိုးနှစ်ယောက်၏ အမူအရာများ မျက်လုံးအိမ်တွင် အရိပ်ထင်နေသည်။

"ဒါပဲလား"

နဂါးနက် လူးလွန့်လှုပ်ရှားသည်။ တစ်ကိုယ်လုံး တော်ဝင်အလင်းများတောက်ပလာပြီး ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။

"မဖြစ်နိုင်ဘူး"

တောင်မြစ်အရှင် လွှတ်ခနဲရေရွတ်မိသည်။ အောင်းလင်း၏အထက်ပိုင်းခန္ဓာကိုယ်အများစုကို သူ့အရိယဖလသန္ဓေက ဝါးမျိုထားသည်။

ဝိညာဉ်ကို ဝါးမျိုခြင်းမျိုးဖြစ်သည်။ အလွယ်တကူ ပြန်ကုသ၍မရနိုင်။

"နင်တို့ဒီလောက်ပဲဆိုရင် ဒီတစ်ခါငါအလှည့်ပဲ"

"အခြေအနေမကောင်းတော့ဘူး။...ဝါးမျိုခြင်းလေဝဲစွမ်းအား"

တောင်မြစ်အရှင် အရိယဖလစွမ်းအားဖြင့် အောင်းလင်း၏နဂါးလက်သည်းကို ဝါးမျိုရန်ကြိုးစားသည်။ သို့သော် နဂါးလက်သည်းက လေဝဲကို ချက်ချင်းဖျက်ဆီးသည်။

ထို့နောက် အရှိန်မသေသေးဘဲ မသေမျိုးနှစ်ယောက်ထံ ဆက်လက်တိုးဝင်လာသည်။

တောင်မြစ်အရှင် အရိုးလှံကို ရင်ဘတ်ရှေ့တွင်ကာသည်။ သို့သော် နဂါးလက်သည်းကြောင့် ပျက်စီးသွားသည်။

မသေမျိုးတိုက်ပွဲပေါင်းများစွာ သူနှင့်အတူရှိခဲ့သည့် အရိုးဖြူလှံကို နဂါးလက်သည်းက အလွယ်တကူဖျက်ဆီးလိုက်သည်။

"ဒါက မသေမျိုးခန္ဓာပဲ"

တောင်မြစ်အရှင် မယုံနိုင်အောင်ဖြစ်နေသည်။ ဝါးမျိုခြင်းလေဝဲနှင့် အရိုးဖြူလှံကို အောင်းလင်းက ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အောင်းလင်းသည် ရှင်သန်မှုအရိယဖလသန္ဓေပိုင်ဆိုင်သည်။ တိုက်ခိုက်မှုတစ်ခုကို ခုခံရှင်သန်နိုင်လျှင် ပို၍စွမ်းအားတိုးလာသည်။

တစ်နည်းဆိုသော် တိုက်ခိုက်ခံရလေ ပိုစွမ်းအားတိုးလေဖြစ်သည်။

နှစ်ယောက်လုံး မသေမျိုးတစ်ဝက်အဆင့်များဖြစ်သည်။ သူ့ကိုလွယ်လွယ်အနိုင်ယူဖို့ မဖြစ်နိုင်။

တောင်သုံးလုံးအရှင်က သူ့ခန္ဓာကိုယ်ကို ကူးဖြတ်ခြင်းထိပ်ဆုံးအထိစွမ်းအားမြှင့်ဖို့ ဆုတောင်းသည်။

သို့သော် အောင်းလင်း၏ ရုပ်ခန္ဓာက မသေမျိုးအဆင့်သို့ရောက်နေပြီဖြစ်သည်။

သူရောချီလင်ပါ မသေမျိုးတစ်ဝက်အဆင့်ဖြစ်ခဲ့စဉ်အချိန်က သူ့ခန္ဓာကိုယ်ကိုသာ မသေမျိုးအဆင့်ထိ မြှင့်တင်နိုင်ခဲ့လျှင် ချီလင်သည်ပင် သူ့ကိုအနိုင်ယူနိုင်မည်မဟုတ်။

***********************************

All Chapters