← Chapters

ဖားပြုတ်သခင်ကို ချောင်းမြောင်းလုပ်ကြံခြင်း

Vol. 13 Ch. 121

ဖားပြုတ်သခင်ကို ချောင်းမြောင်းလုပ်ကြံခြင်း

Vol. 13 Ch. 121

ကျယ်ဝန်းလှခြင်း မရှိသော အခန်းငယ်လေးထဲတွင်

တပ်မှူးသုံးဦးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တံခါးဝတွင် ရပ်နေကြ၏။ ထိုအထဲမှ တစ်ဦးသည် စားပွဲနားသို့ လျှောက်သွားပြီး ခါးချိတ်တံဆိပ်ပြားကို လူငယ်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်လေသည်။

"သခင်ရှန်း"

လျိုပင်းသည် မင်ရောင်ဝတ်ရုံချွတ်ထားခံရပြီး ကြိုးတုပ်လျက် အခန်းလယ်တွင် ဒူးထောက်နေရ၏။ရှောင်ချမ်ဝေ့သည် ဘေးနားတွင် ရပ်လျက် သူ့ကို စောင့်ကြပ်နေလေသည်။

ယခုအချိန်တွင် သူမ အသိချင်ဆုံးအရာမှာ ရှန်းယီ ဘာလုပ်မလို့လဲ ဆိုတာပင် ဖြစ်သည်။ လျိုပင်းကို ဖမ်းမိပြီးပြီ ဖြစ်လျက်နှင့် ဘာကြောင့် ထင်ယန်စီရင်စုသို့ အမြန်ဆုံး ပြန်မပို့တာလဲ ဟု တွေးနေမိပေသည်။

"သခင်ရှန်းကို သတင်းပို့ပါရစေ... ဟေးရှီရေကန် ထဲက နတ်ဆိုးသခင်က နှစ်ပေါင်းလေးထောင်ကျော် နေထိုင်လာတဲ့ အဆိပ်ဖားပြုတ်ကြီး ဖြစ်ပါတယ်... အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံခြင်းရှိပြီး အဆိပ်သုံးတာ ကျွမ်းကျင်ပါတယ်... ပြီးတော့ အောက်ခြေမရှိလောက်အောင် နက်ရှိုင်းတဲ့ ဟေးရှီရေကန်ကို ပိုင်ဆိုင်ထားတော့ စစ်သူကြီးယိုတောင် သူ့ကို သိပ်မလုပ်နိုင်ပါဘူး... ဒါကြောင့် ဒု-စစ်သူကြီးလျိုကို ဒီနေရာမှာ စောင့်ကြပ်ခိုင်းထားတာပါ"

တပ်မှူး၏အသံသည် ပြောရင်းနှင့် တိုးဝင်သွားလေသည်။

လျိုပင်း ဒဏ်ရာရသွားပြီးနောက်ပိုင်း သူတို့တွင် ခုခံကာကွယ်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားပေသည်။ ထိုနတ်ဆိုးသခင် ချင်ကျိုးနယ်မြေထဲသို့ ဝင်ထွက်သွားလာနေသည်ကို လက်ပိုက်ကြည့်နေရုံသာ ရှိတော့၏။

ယုံကြည်စိတ်ချရသော အစောက်အရှောက်စစ်မှူး ဒု-စစ်သူကြီးကိုယ်တိုင်ကပင် အထက်ကို သတင်းမပို့ဘဲ ဖုံးကွယ်ပေးထားခဲ့ခြင်း ဖြစ်ပေသည်။

"အစောက်အရှောက် ဒု-စစ်သူကြီးတွေ စောင့်ကြပ်ရတဲ့ နေရာအများစုက ဒီလိုချည်းပါပဲ... မြေအနေအထား ထူးဆန်းတာမျိုး ဒါမှမဟုတ် နတ်ဆိုးတွေက စွမ်းအားကြီးလွန်းလို့ ရှင်းပစ်လို့ မရတာမျိုးပေါ့... ဒါပေမဲ့ ချင်ပြည်နယ်ရဲ့ စီရင်စုဆယ်နှစ်ခုနဲ့အရမ်းနီးကပ်လွန်းတော့ နတ်ဆိုးတွေကို လွှတ်ထားပေးလို့ကလည်း မရပြန်ဘူး"

ရှောင်ချမ်ဝေ့သည် မသိစိတ်ဖြင့် ဝင်ရောက်ရှင်းပြလိုက်မိ၏။ စကားတစ်ဝက် ရောက်မှ သူမ ပြန်လည်သတိဝင်လာသည်။

ရှန်းယီသည် အနီးကပ်တွဲဖက်ဒု-စစ်သူကြီးအဆင့်ထိ ရောက်လာနိုင်သူ၊ နေရာတကာ လျှောက်သွားနိုင်သူဖြစ်ရာ အဘိုးအိုချန်က သူ့ကို သားပမာတူပမာ ဆက်ဆံထားလောက်သည်။ ဆက်ဆံရေး မည်မျှခိုင်မာလဲဆိုတာ မသိနိုင်ပေ။

သူမက ဝင်ပြီး ရှည်နေစရာ မလိုပါချေ။ နတ်ဆိုးဖမ်းသူများ ကျွမ်းကျင်သော အရာကိုသာ ပြောတာ ပိုကောင်းလိမ့်မည် ဟု တွေးကာ ခေါင်းခါလိုက်လေသည်။

"တိတိကျကျ ပြောရရင် အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ နတ်ဆိုးသခင်ပါ... အမြုတေအထွတ်အထိပ်(ပြီးပြည့်စုံခြင်း) ရောက်ဖို့ သိပ်မလိုတော့ပါဘူး"

စကားမဆုံးခင်မှာပင် လျိုပင်းသည် ခေါင်းမော့လာပြီး စားပွဲနောက်ရှိ ရှန်းယီကို ကြည့်ကာ ဖြူဖပ်ဖြူရော မျက်နှာဖြင့် လှောင်ပြောင်လိုက်လေသည်။

"ဟုတ်တယ်... ကျုပ်ကို စားပြီး အစာချေဖျက်ပြီးသွားရင် သူ လိုချင်တဲ့အဆင့် ရောက်လောက်ပြီ... ဒါကြောင့် သခင်ရှန်း... ခင်ဗျားကရော ဘာလုပ်နိုင်မှာမို့လို့လဲ"

သူသည် ချင်ကျိုးအတွက် အလုပ်များစွာ လုပ်ပေးခဲ့ဖူးပေသည်။ ဤဒဏ်ရာ ရခဲ့တာလည်း အဆိပ်ဖားပြုတ် နတ်ဆိုးသခင်ကြောင့်ပင် ဖြစ်၏။

နောက်ထပ် ငါးနှစ်လောက် ထပ်စောင့်ချင်ရုံ သက်သက်သာ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားမှာကြောက်သောကြောင့် အသက်အန္တရာယ်ကိုပင် လျစ်လျူရှုပြီး တစ်သက်လုံး အစောက်အစောက် ဒု-စစ်သူကြီးအဖြစ် နေသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးကျမှ ခွေးသေကောင်ကဲ့သို့ ပစ်ပယ်ခံရသလိုမျိုးဖြစ်သွားလေ၏။

တရားမျှတမှုရှိပါသေးရဲ့လား ဟု သူ တွေးနေမိပေသည်။

"အဘိုးကြီးချန် ဆီမှာ နေစရာနေရာ မရှိတော့လို့ ထင်ယန်စီရင်စုကို လာပြီး လမ်းစရှာတာလား... ဒီလိုလုပ်ပါလား... ကျုပ်တို့နှစ်ယောက် နေရာချင်း လဲလိုက်ကြမယ်လေ... ဟား ဟား"

လူအိုကြီးသည် လည်ချောင်းသံဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။ ရုတ်တရက် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသည် သူ့မျက်နှာပေါ်သို့ ပျံဝဲလာပြီး ကွဲကြေသွားရာ လက်ဖက်ရည်ပူများ တစ်ကိုယ်လုံး စိုရွှဲကုန်၏။

ရှန်းယီသည် လက်ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ခင်ဗျားကို မမေးဘူး... ပါးစပ်ပိတ်ထား"

ရှောင်ချမ်ဝေ့ နှုတ်ခမ်းစေ့လိုက်မိသည်။ရုတ်တရက် တစ်ဖက်လူ၏ တည်ငြိမ်မှုကို အထူးလေးစားသွားမိပေသည်။

စစ်သူကြီးယို၏စာအိတ်သည် စားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။ သို့သော် ရှန်းယီ အေးဆေးတည်ငြိမ်စွာ ဝင်ထိုင်လိုက်သည့် အချိန်မှစ၍ လျိုပင်း အပါအဝင် မည်သူမျှ ထိုစာအိတ်ကို ဖွင့်ကြည့်ရန် စိတ်ကူးပင် မယဉ်ရဲကြပေ။

ယခုလို အရှိန်အဝါမျိုးကြောင့် တပ်မှူးများသည် စစ်သူကြီးယိုက ရှန်းယီကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ပေးထားသည်ဟု ထင်မြင်သွားကြခြင်း ဖြစ်သည်။

လျိုပင်းသည် မကျေမနပ်ဖြင့် ခေါင်းငုံ့သွားလေသည်။ ဤမောက်မာသော ကောင်လေး မည်သို့သောကစားကွက်များခင်းဦးမည်ဆိုတာ သူ ကြည့်ချင်သေးသည်။

"သူ ဟေးရှီရေကန်ထဲမှာ ရှိနေတုန်းပဲလား"

ရှန်းယီက ကျန်လူများကို ကြည့်ကာ မေးလိုက်လေသည်။

ထိုကဲ့သို့သောအဆင့် နတ်ဆိုးမျိုးနှင့် တွေ့ရခဲပေသည်။ထို့ပြင် ယခုအခြေအနေက သူကိုယ်တိုင် ဦးဆောင်နိုင်ပြီး ငွေခေါင်းလောင်းအဆင့် နတ်ဆိုးဖမ်းစီးသူကိုပါ လက်ထောက်အဖြစ် ခေါ်သုံးနိုင်သည့် အခြေအနေမျိုး ဖြစ်၏။

စောစောက ကျန်းချန်ယွင်၏မျက်နှာထားကို ကြည့်ရသည်မှာ ရှောင်ချမ်ဝေ့နှင့် စစ်သူကြီးယိုတို့ ဆက်ဆံရေး မဆိုးလှပုံ ရသည်။

ဟေးရှီရေကန် နတ်ဆိုးသခင် ကိစ္စသည် နတ်ဆိုးနှိမ်နင်းရေးဌာန၏အတွင်းရေး ဖြစ်သော်လည်း ၎င်းကို ဖြေရှင်းခြင်းသည် စစ်သူကြီးယိုကို ကူညီရာ ရောက်ပေသည်။ တစ်ဖက်လူကလည်း ဤအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

အကယ်၍ နတ်ဆိုးကို သုတ်သင်နိုင်လျှင် တွဲဖက်ဒု-စစ်သူကြီး အနေဖြင့် အောင်မြင်မှု ရယူပြီးနောက် ရှောင်ချမ်ဝေ့၏ကူညီမှုကို နတ်ဆိုးနှိမ်နင်းရေးဌာန ကိုယ်စား ကျေးဇူးတင်စကား ပြောဆိုရမည် ဖြစ်သည်။

"ရက်တွက်ကြည့်ရသလောက်တော့ ဒီနှစ်ရက်အတွင်း ပြန်လာပါလိမ့်မယ်" ဟု တပ်မှူးများက ရှက်ရွံ့စွာ ခေါင်းငုံ့ရင်း ဖြေလေသည်။

ရှောင်ချမ်ဝေ့ မျက်မှောင်ကြုတ်သွား၏။ တကယ်ပဲ ဘာပြောရမှန်း မသိတော့ပေ။ နတ်ဆိုးက ချင်ကျိုးကို စိတ်ကြိုက် ဝင်ထွက်နေတာ အချိန်မှန်တောင် ဖြစ်နေပြီ။ ဤအရာကို လျိုမျိုးရိုးမှ ဗိုလ်ချုပ်ယိုထံ သတင်းမပို့ဘဲ နေရက်သေးသည်။

နောက်တစ်ခဏတွင် ရှန်းယီ မတ်တပ်ရပ်လိုက်လေသည်။ သူ ပြောလိုက်သော စကားကြောင့် လူတိုင်း ကြောင်အသွားကြ၏။

"လမ်းပြ"

ရှောင်ချမ်ဝေ့ အံ့သြစွာ မော့ကြည့်လိုက်ပြီး တစ်ဖက်လူ ဘာလုပ်မလို့လဲ ဆိုတာ နောက်ဆုံးမှ သဘောပေါက်သွားလေသည်။

သူမ ပါးစပ်ဟပြီး တစ်ခုခု ပြောချင်သော်လည်း လက်လျော့ကာ ပြုံးလိုက်မိသည်။ ထားလိုက်ပါတော့လေ... တစ်ဖက်လူက ဟေးရှီရေကန် အခြေအနေကို သိပ်မသိလို့ ဖြစ်ပါလိမ့်မည်။

ထို နတ်ဆိုးတစ်ကောင်ကို စစ်သူကြီးယိုပင် အဘယ်ကြောင့်အနိုင်မယူနိုင်လဲဆိုတာသူ နားမလည်သေး၍ဖြစ်မည်။ ထိုနေရာရောက်သွားလျှင် ရှန်းယီအနေနှင့် ဤကိစ္စပေါ် အချိန်ဖြုန်းနေမှာ မဟုတ်လောက်ဘူး ဟု သူမ တွေးလိုက်မိပေသည်။

……

တပ်မှူးသုံးဦးက ရှေ့ဆောင်ပြီး နတ်ဆိုးနှိမ်နင်းရေး တပ်သား တစ်ရာကျော်က လမ်းရှင်းပေးကြလေသည်။

သစ်သားအဆောက်အဦးများကို ကျော်လွန်ပြီး တောင်ကုန်းကို ပတ်သွားလိုက်သောအခါ ခြေအောက်ရှိ မြေကြီးသည် စိုစွတ်ပြီး ရွှံ့ဗွက်များ ဖြစ်လာသည်။ အမှောင်ထုထဲတွင် အေးစက်စက် အငွေ့အသက်များ ပျံ့လွင့်နေ၏။

ရှေ့တွင် ချိုင့်ဝှမ်းတစ်ခု ရှိလေသည်။ ချိုင့်ဝှမ်းအလယ်တည့်တည့်တွင် ပေတစ်ရာခန့် ကျယ်ဝန်းသော ရေအိုင်နက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ရေမျက်နှာပြင်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အနားမရောက်ခင် ကတည်းက အရိုးထဲထိ အေးခဲသွားစေနိုင်သော အအေးဒဏ်ကို ခံစားရပေသည်။ ရေအိုင်ထဲတွင် ထူးဆန်းသော အစိမ်းရောင် အခိုးအငွေ့များ ပျံ့လွင့်နေ၏။

ရှောင်ချမ်ဝေ့သည် သံကြိုးကို ဆွဲပြီး လျိုပင်းကို ရှေ့သို့ တွန်းပို့လိုက်လေသည်။

"တကယ်လို့ ထိပ်တိုက်ရင်ဆိုင်ရရင် အဆိပ်ဖားပြုတ်က သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာပါ... ဒါပေမဲ့ ဒီအေးစိမ့်ရေအိုင်ကြီး ရှိနေလို့သာ အဲဒီနတ်ဆိုးက ချင်ကျိုးနယ်မြေ စီရင်စာ်နှစ်ခုအစပ်မှာ ဒီလောက်ကြာကြာ အသက်ရှင်နေနိုင်တာပေါ့"

နတ်ဆိုးများ၏မွေးရာပါ စွမ်းရည်များသည် သိုင်းပညာရှင်များကို အားကျစေပေသည်။ ကျင့်ကြံခြင်းအဆင့် တူညီလျှင်ပင် နတ်ဆိုးများက ကောင်းကင်သို့ ပျံတက်နိုင်သလို ရေနက်ထဲသို့လည်း ငုပ်လျှိုးနိုင်ကြသည်။

လူသားများအတွက် အန္တရာယ်ရှိသော အအေးဒဏ်သည် ဖားပြုတ်သခင် အတွက်တော့ အကာအကွယ် တစ်ခု ဖြစ်နေပြန်၏။

"ကဲ... ကြည့်ပြီးပြီဆိုတော့ ပြန်ကြစို့"

ရှောင်ချမ်ဝေ့ သက်ပြင်းချလိုက်လေသည်။အကယ်၍ ဤမျှလွယ်ကူစွာဖြေရှင်းနိုင်လျှင် ယခုချိန်ကြာနေစရာအကြောင်း မရှိပေ။

"လောစရာမလိုဘူး... နှစ်ရက်လောက် စောင့်မယ်"

"ခင်ဗျားလည်း အခွင့်ကောင်းယူပြီး ဒဏ်ရာ သက်သာအောင် ကုသထားလိုက်... ဒါမှ ဒဏ်ရာ ပိုမဆိုးသွားမှာ"

ရှန်းယီသည် လှည့်ထွက်သွားပြီး ယာယီတဲများ ရှိရာဘက်သို့ လျှောက်သွားလေသည်။ ပုံမှန်အားဖြင့် နတ်ဆိုးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် ထိုနေရာတွင် စောင့်ကြပ်လေ့ ရှိကြသည်။

"ကျေးဇူးတင်လိုက်တာဟယ်"ဟု ရှောင်ချမ်ဝေ့ မျက်လုံးအနည်းငယ် လှုပ်ရှားသွားရင်း တွေးလိုက်မိသည်။

လမ်းခရီးတလျှောက်လုံးတွင် ဤအရာကပထမဆုံးအကြိမ် တစ်ဖက်လူက သူမကို ဂရုစိုက်ခြင်း ဖြစ်သည်။ ဂရုစိုက်ပုံကတော့ အရိုးခိုက်အောင် အေးပြီး အဆိပ်ငွေ့တွေ ရှိနေတဲ့ နေရာမှာ ကောင်းကောင်း အနားယူပါတဲ့လော။

"ရှင် တကယ်ကြီး အပြင်ကနေ ဖားပြုတ်သခင်ကို ချောင်းမြောင်း လုပ်ကြံမလို့တော့ မဟုတ်ပါဘူးနော်"

စကားဆုံးသည်နှင့် ရှောင်ချမ်ဝေ့ သဘောပေါက်သွားလေသည်။ ဖားပြုတ်သခင်က လျိုပင်းကို ချက်ချင်း အသေသတ်ခြင်း မပြုဘဲ ယုတ်မာသော နည်းလမ်းဖြင့် ဖြည်းဖြည်းချင်း စားသုံးနေခြင်းမှာ သနားလို့ မဟုတ်ပေ။

လျိုပင်းနှင့် အသက်လုတိုက်ခိုက်ရမှာကို ရှောင်ချင်တာ ဖြစ်နိုင်သလို စစ်သူကြီးယိုက ပိုအင်အားကြီးသည့် အစောက်အရှောက်တစ်ယောက် ထပ်လွှတ်လိုက်မှာကို မလိုလားတာလည်း ဖြစ်နိုင်၏။

ဤမျှထိအချိန်ကြာလာပြီဖြစ်ရာ ဖားပြုတ်သခင်လည်း သတိပေါ့လျော့လောက်ပြီ... အကယ်၍ လုပ်ကြံမည်ဆိုပါက ယခုအချိန်က အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။

"ကျွန်မ ရုတ်တရက် ပြဿနာတစ်ခုကို သွားသတိရမိလို့"

ရှောင်ချမ်ဝေ သံသယဖြင့် ကြည့်လိုက်လေသည်။

တကယ်လို့... တကယ်လို့များ သူတို့နှစ်ယောက် အဲ့ဖားပြုတ်နတ်ဆိုးကို သတ်နိုင်ခဲ့ရင် သူ့ရဲ့ နှလုံးသွေးအဆီအနှစ်က...

"ဘာပြဿနာလဲ"

ရှန်းယီ လှည့်ကြည့်လိုက်ပြီး ဝတ်ရုံကိုဖုန်ခါပြကာ မေးလိုက်လေသည်။

"ပြောလေ"

ရှောင်ချမ်ဝေ့သည် တည်ငြိမ်နေသော မျက်နှာထားဖြင့် သူ့ကိုစိုက်ကြည့်နေသော်လည်း ရင်ထဲတွင် ဒေါသထွက်နေမိသည်။

သိပ်ကောင်းတယ်... တစ်ချက်လှည့်လိုက်တာနဲ့ တစ်ဖက်စီဖြစ်သွားရော... ဒီကိစ္စက နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့အတွင်းကိစ္စ ဖြစ်သွားပြီပေါ့လေ။

ပိုဆိုးသည်မှာနာမည်ခံအားဖြင့်တော့ လူငယ်က သူမအားဒုက္ခများရှင်းပေးနေသလို ဖြစ်နေသည်ပင်။

"ရှင် ဘာလို့ စကားနည်းလဲ ဆိုတာ ကျွန်မ အခုမှပဲ သိတော့တယ်"

သူမ မျက်ခုံးပင့်လိုက်ပြီး စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိသည်။

ကြည့်ရတာ ငတုံးလိုလို တောသားလိုလိုနဲ့တကယ်တမ်းကျတော့ သောက်ကျိုးနဲဉာဏ်နီဉာဏ်နက်တွေကြီးပါလား။

ရှန်းယီသည် ရှောင်ချမ်ဝေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်မမေးတော့မှန်း သိလိုက်သောအခါ တဲထဲသို့ ဝင်သွားလေသည်။

သူမကို လိုက်ပို့ပေးဖို့အတွက် လဲလှယ်ခဲ့တုန်းက ပြောခဲ့တဲ့ စကားတွေ... သေချာတဲ့ သတင်းရှိရင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးကို အကူအညီတောင်းပေးပါ့မယ် ဆိုတာတွေက... ကလေးမုန့်ပေး ကြိုက်သလို ဖြစ်နေပြီ။

ဒါပေမဲ့ ဒီနတ်ဆိုးဖမ်းဆီးသူတွေနဲ့ ဆက်ဆံရတာ ပညာတော့ တော်တော်ရသား ဟု သူ တွေးလိုက်မိပေသည်။

ထိုနှစ်ယောက်ကို ကြည့်ရင်း လျိုပင်းသည် ခေါင်းငုံ့ထားသော်လည်း မျက်နှာပေါ်တွင် လှောင်ပြုံးက ပိုမို ပီပြင်လာသည်။

ဒဏ်ရာရထားတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းသမားတစ်ယောက်ရယ်၊ ခန္ဓာကိုယ်သန့်စင်နည်းစနစ်တစ်ခုခု ကျင့်ကြံထားတဲ့ ကောင်လေးတစ်ယောက်ရယ် ပေါင်းပြီး ဖားပြုတ်သခင်ကို ဖမ်းချင်တယ် ဟုတ်လား။

ငါ့အတွက် သေလမ်းပဲ ရှိတော့တယ် ထင်နေတာ၊ အခုတော့ အလှည့်အပြောင်း ဖြစ်လာနိုင်ပြီပဲ။

ဒီနှစ်ယောက် အစားခံလိုက်ရရင် ဖားပြုတ်နတ်ဆိုးက ငါ့ကို ဒီနေရာမှာ ဆက်ပြီး စောင့်ကြပ်ခိုင်းဦးမှာ သေချာတယ်။

……

နေ့တစ်နေ့ ညတစ်ည ကုန်ဆုံးသွားခဲ့လေသည်။

ရှောင်ချမ်ဝေ့သည် မျက်လုံးမှိတ်ပြီး ဒဏ်ရာကို ကုသနေ၏။ ရံဖန်ရံခါ မျက်လုံးဖွင့်ပြီး အဝေးမှ လူငယ်ကို လှမ်းကြည့်လိုက်သောအခါ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသည်ကို တွေ့ရသည်။

လိပ်အသက်ရှူခြင်းနည်းစနစ်ကို အချိန်တိုင်း အသုံးပြုထားခြင်း ဖြစ်ပေမည်။

ဤသိုင်းကွက်အား ယခုလိုအဆင့်ထိ ရောက်အောင် ကျင့်ထားတာက တော်တော်တော့ အံ့သြစရာ ကောင်းနေသည်။

ပုံမှန် အမြုတေအဆင့် သိုင်းသမားများတောင် သန်မာတဲ့ သိုင်းကွက် နှစ်ကွက် သုံးကွက်လောက်ကို ကျွမ်းကျင်အဆင့်ရောက်အောင် ကျင့်နိုင်ရင်ပဲ လူတွေကြားမှာ ထိပ်တန်းရောက်နေပြီ ဖြစ်သည်။

ဒီလူကတော့ အချိန်တွေကို ဒီသိုင်းကွက်ပေါ်မှာ ဖြုန်းထားတာပဲ။

"ရှင်က ဒီလောက် ပါရမီရှိတာ ငယ်ငယ်ကတည်းက လူတွေရဲ့အာရုံစိုက်မှုကို ခံခဲ့ရမှာပဲ... ဘာလို့များ ဒီလောက် သတိကြီးတဲ့ စရိုက်မျိုး ဖြစ်လာရတာလဲ" ဟု သူမ စပ်စုလိုက်မိသည်။

ထိုစကားကို ကြားသော်လည်း ရှန်းယီ လှည့်မကြည့်ပေ။

အာရုံစိုက်ခံရတယ် ဟုတ်လား... ဟုတ်တာပေါ့... အနောက်ဘက်ဆင်ခြေဖုံးက ခွေးနတ်ဆိုး၊ အရှေ့ဘက်တောင်တန်းက မျောက်ဝံနက်၊ မြောက်ဘက်ကမ်းပါးက မြေခွေး... ဘိုင်ယွင်မြို့နယ်ထဲက ရှိသမျှ နတ်ဆိုးတွေ အကုန်လုံးက သူ့အသက်ကို လိုချင်နေကြတာလေ။

ယခုဆိုလျှင် ယန်ချွန်းမြစ်ထဲမှ ကျောင်းနဂါးနတ်ဆိုးနှင့် ရှီးထိုင်တောင်ပေါ်မှ ကျားသခင်ပါ ထည့်ပေါင်းရဦးမည်။

သူသည် အေးစက်သော သစ်ပင်ကြီးကို မှီလျက် ထိုအမည်နာမများကို စိတ်ထဲတွင် ရွတ်ဆိုကြည့်လိုက်လေသည်။ စိတ်က ပိုမို တည်ငြိမ်လေးနက်လာ၏။

ထိုအချိန်မှာပင် ညှီစော်နံသော နတ်ဆိုးအငွေ့အသက်များ တဖြည်းဖြည်း လွင့်ပျံလာသည်။ သိသာထင်ရှားသည်မှာ အငွေ့အသက် ပိုင်ရှင်သည် စိတ်လှုပ်ရှားပုံ မရဘဲ မိမိကိုယ်ကို ဖုံးကွယ်ထားခြင်းလည်း မရှိပေ။

ချိုင့်ဝှမ်း၏တစ်ဖက်ရှိ မဲနက်သော ရွှံ့ကုန်းစောင်းပေါ်တွင် ဖြစ်သည်။

ဗိုက်ရွှဲရွှဲနှင့် ထိပ်ပြောင်ပြောင် လူကြီးတစ်ဦးသည် လေတက်လိုက်၊ ဗိုက်ကိုပုတ်လိုက်ဖြင့် ရေအိုင်ဆီသို့ လျှောက်လာနေလေသည်။

တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ သူသည် ပြုံးဖြဲဖြဲဖြင့် နတ်ဆိုးနှိမ်နင်းရေး တပ်သားများကို လက်ပြလိုက်၏။

"မင်းတို့ ပင်ပန်းနေကြပြီ... ပြန်ကြတော့လေ... ငါ ပြန်ပြီး အစာချေလိုက်ဦးမယ်... ငါ့အစား မင်းတို့ရဲ့ စစ်သူကြီးလျိုကို နှုတ်ဆက်စကား ပြောပေးကြပါဦး"

တပ်မှူးများ ခေါင်းငုံ့သွားကြလေသည်။ လျိုပင်း၏အမိန့်ပေးမှုများအောက်တွင် သူတို့၏ခါးရိုးကျိုးခဲ့ရပြီ ဖြစ်ရာ ဤနတ်ဆိုးသခင်ကို မော့ကြည့်ရဲသော သတ္တိပင် မရှိကြတော့ပေ။

ရှောင်ချမ်ဝေ့ ရုတ်တရက် မတ်တပ်ရပ်လိုက်စဉ် အဝေးမှ မင်ရောင်ပုံရိပ်သည် လေပေါ်သို့ ပျံတက်သွားပြီး ဖြစ်သည်ကို တွေ့လိုက်ရ၏။

တုန်လှုပ်နေဖို့ အချိန်မရတော့သဖြင့် သူမသည်လည်း ကိုယ်တွင်းအမြုတေကို လှည့်ပတ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကြားမှ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။

လုပ်ကြံခြင်းဖြစ်သည့်အတွက် အစကတည်းက အပြင်းထန်ဆုံး တိုက်ကွက်ကို သုံးရမည်။

ဝုန်း

ရှန်းယီသည် လေပေါ်မှ ဆင်းသက်လာပြီး ထိပ်ပြောင်ပြောင် လူကြီး၏ပခုံးပေါ်သို့ ခြေထောက်ဖြင့် ဖိနင်းချလိုက်ကာ တပြိုင်နက်တည်းမှာပင် အနက်ရောင်ဓားကို ဆွဲထုတ်လိုက်လေသည်။

အင်မော်တယ်နတ်ဆိုး ပြောင်းလဲခြင်းဒုတိယအဆင့် ပြီးမြောက်ထားသူ ဖြစ်ရာ သူ့ခန္ဓာကိုယ်၏ စွမ်းအားသည် အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးနှင့် ယှဉ်လျှင်ပင် အားနည်းမည် မဟုတ်ပေ။

ခြေတစ်ချက်တည်းဖြင့် ထိပ်ပြောင်လူကြီးကို ဒူးထောက်ကျသွားအောင် ဖိချလိုက်နိုင်သည်။

ဓားရှည်သည် အအေးဓာတ်ကို ခွဲဖြတ်လျက် တစ်ဖက်လူ၏လည်ပင်းကို ရုတ်တရက် ပိုင်းဖြတ်လိုက်ရာ အစိမ်းရင့်ရောင် သွေးများ ပန်းထွက်လာ၏။

ဖားပြုတ်သခင်သည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ဓားသွားကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်လေသည်။

ရှောင်ချမ်ဝေ့သည်လည်း တပြိုင်နက် ရောက်ရှိလာပြီး ပြင်းထန်သော လက်ဖဝါးရိုက်ချက်ဖြင့် ထိုနတ်ဆိုးကို ဖိချလိုက်သည်။

ဤမျှရက်စက်ပြင်းထန်သော လုပ်ကြံမှုကို ရင်ဆိုင်လိုက်ရသဖြင့် ဖားပြုတ်သခင် အနည်းငယ် အံ့သြသွားပုံရသည်။ သို့သော် သူသည် ဓားကို လက်ဖြင့် ဆုပ်ကိုင်ထားလျက် တိုက်ခိုက်လာသော ရှောင်ချမ်ဝေ့ကို မော့ကြည့်လိုက်လေသည်။

လည်ပင်းမှဒဏ်ရာ အလွန်နက်ပြီး အစိမ်းရောင် သွေးများ ပွက်ပွက်ထွက်နေသော်လည်း နှုတ်ခမ်းထောင့်တွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာ၏။

"ကျုပ်က မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြောနေတာကို ဘာလို့ အခွင့်အရေး လာယူနေတာလဲ"

All Chapters