← Chapters

အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းတတိယအသွင်

Vol. 13 Ch. 124

အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းတတိယအသွင်

Vol. 13 Ch. 124

"တောက်... ကျက်သရေတုံးကောင်"

တပ်မှူးများနှင့် တပ်ဖွဲ့ခေါင်းဆောင်တို့၏လျိုပင်း အပေါ်ထားရှိသည့် လေးစားမှုများသည် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။

ယခုအခါ ဖားပြုတ်သခင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် မနေနိုင်တော့ဘဲ ကျိန်ဆဲလိုက်ကြတော့သည်။

တစ်ဖက်လူက သေချာပေါက် သေရတော့မည်ဖြစ်သည်။သူတို့သည် အမိန့်ကို နာခံရုံသာဖြစ်ပြီး ပြစ်ဒဏ်မှ လွတ်ကင်းခွင့်ပင် ရကောင်းရနိုင်ပေသည်။

သို့သော် ယခုမူ မည်သို့နည်း။သူတို့အားလုံး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

ရှောင်ချမ်ဝေ၏မျက်နှာအမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားသော်လည်း တစ်ခဏအတွင်းမှာပင် သူမ၏မျက်ဝန်းများ၌ အံ့ဩထိတ်လန့်ခြင်းနှင့် မရေရာခြင်းတို့ ပြည့်နှက်သွားလေသည်။

ဤ နတ်ဆိုးသခင်ထွက်ပေါ်လာပုံမှာ လက်စားချေရန် ပြန်လာသည့်ပုံနှင့် မတူပေ။ကြည့်လေလေ... အသက်လု၍ ထွက်ပြေးလာသည့်ပုံနှင့် တူလေလေ ဖြစ်နေသည်။

ပြဿနာမှာ ချင်ကျိုးမြို့အနီးတွင် ဤကျောက်မည်းရေကန်ထက် ပို၍လုံခြုံသောနေရာ မည်သည့်နေရာ ရှိနိုင်ဦးမည်နည်း။

ထို့ပြင် အကယ်၍၎င်းထွက်ပြေးလာခြင်းဖြစ်ပါက မည်သူက လိုက်လံဖမ်းဆီးနေသနည်း။

နောက်တစ်ခဏတွင် သူမ၏အကြည့်များသည် ဖားပြုတ်နတ်ဆိုးကြီး၏ခေါင်းပေါ်သို့ ရောက်ရှိသွားပြီး ထိုနေရာ၌ ပေါ်နေသော ဓားလက်ကိုင်ရိုးကို မြင်လိုက်ရသောအခါ ရင်းနှီးလွန်းနေသဖြင့် မယုံနိုင်အောင်ပင် ဖြစ်သွားရလေသည်။

သူမ၏အတွေးကို အတည်ပြုပေးလိုက်သကဲ့သို့ပင်။

ရေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မင်ရောင် ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လေပေါ်သို့ ခုန်တက်ကာ ဓားလက်ကိုင်ရိုးပေါ်သို့ အားပါပြင်းထန်သော လက်သီးချက်ဖြင့် ထုချလိုက်လေသည်။

ထိုကြီးမားသော အားအရှိန်အဟုန်အောက်တွင် ရှည်လျားသော ဓားသည် ဖားပြုတ်နတ်ဆိုး ကြီး၏ ပြားကားနေသော ခေါင်းကို တိုးဝင်ဖောက်ထွင်းသွားပြီး တစ်ဖက်မှ ပြန်လည် ထွက်ပေါ်လာလေသည်။

ဖားပြုတ်သခင်၏ကျန်ရှိနေသော မျက်လုံးတစ်လုံးတည်းမှာ ကြောင်အမ်းသွားခဲ့ပြီ ဖြစ်လေသည်။

ရှန်းယီ သည် ဝေဟင်မှ လေပွေကန်ချက်ဖြင့် ကန်ထုတ်လိုက်ရာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် တောင်ကုန်းစောင်းပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မြေအက်ကြောင်းကြီးများ ဘက်ပေါင်းစုံသို့ ပဲ့တင်ထပ်ကာ ကွဲအက်သွားစေခဲ့လေသည်။

ရှောင်ချမ်ဝေ သည် ကောင်းကင်ကို မော့ကြည့်ရင်း မှင်သက်နေမိစဉ် လူငယ်လေးက သူမအား ရုတ်တရက် လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရပြီး တစ်ခုခုပြောချင်နေသည့်ဟန် ပေါ်လေသည်။

သူမသည် လက်ထဲရှိ နတ်ဆိုးနှိမ်နင်းရေး သံကြိုးကို စိုးရိမ်တကြီး လျော့လိုက်မိသည်။

သူမအနေဖြင့် ထိုလူငယ်က "ကျေးဇူးပြုပြီး ကျုပ်ဓားလေး ကောက်ပေးပါအုံး၊ မပျောက်စေနဲ့နော်" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။

သူ့စကားမဆုံးမီမှာပင် ထိုလူငယ်သည် ဖားပြုတ်သခင် ဆီသို့ ရုတ်တရက် ပြေးဝင်သွားပြီး မုန်တိုင်းထန်သကဲ့သို့ လက်သီးချက်များဖြင့် ဆက်တိုက် ထိုးနှက်လိုက်တော့သည်။

ဖားပြုတ်သခင် သည် ကုန်းစောင်းပေါ်တွင် ပြန့်ကျဲလျက်ရှိပြီး ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ထိုးနှက်ချက်များကြောင့် ပြင်းထန်စွာ တုန်ခါနေလေသည်။ သူ၏ခေါင်းမှာ စောင်းရွဲ့နေပြီး တွန့်လိမ်ရန်ပင် အားမရှိတော့သော်လည်း သစ်ကိုင်းခြောက်သဖွယ် ရှေ့လက်များကို တုန်ယင်စွာ ဆန့်ထုတ်၍ ကုန်းစောင်းပေါ်သို့ တွားသွားကာ ထွက်ပြေးရန် ကြိုးစားနေပုံမှာ အလွန်သနားစရာ ကောင်းလှပေသည်။

လူငယ်၏လက်ချောင်းငါးချောင်း ဖားပြုတ်နတ်ဆိုး၏ဝမ်းဗိုက်ထဲသို့ ထိုးစိုက်လိုက်သည်နှင့် တပြိုင်နက် နတ်ဆိုးစွမ်းအင်များ ထပ်မံပေါက်ကွဲထွက်လာပြီး ၎င်း၏ကြီးမားသော ဝမ်းဗိုက်ကြီးမှာ အုန်းခနဲ ပေါက်ကွဲသွားလေသည်။

ဖုန်မှုန့်များ လွင့်ပျံလာပြီး အသားစများ နေရာအနှံ့သို့ လွင့်စဉ်သွားလေသည်။ ပြန်လည်ရှင်းလင်းသွားချိန်တွင် ရှန်းယီ သည် နတ်ဆိုးအမြုတေကို ငွေရောင်ခေါင်းလောင်းလေးထဲသို့ ထည့်ပြီးဖြစ်ကာ ဖားပြုတ်သခင်၏နှလုံးသွေးအဆီအနှစ် တစ်စက်သည်လည်း ခေါင်းလောင်းထဲသို့ တိုးဝင်သွားခဲ့ပြီး ဖြစ်လေသည်။

【အမြုတေဖွဲ့စည်းခြင်းအဆင့် ဖားပြုတ်နတ်ဆိုးကို သတ်ဖြတ်ခဲ့သည်။

စုစုပေါင်းနတ်ဆိုးသက်တမ်း - ၄၉၀၀ နှစ်။ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၈၇၂ နှစ်။ စုပ်ယူခြင်း ပြီး။】

ရှောင်ချမ်ဝေ သည် သူ၏ညွှန်ကြားချက်ကို မသိစိတ်က လိုက်နာမိလျက် ကြောင်တောင်တောင်ဖြင့် လျှောက်သွားကာ အနက်ရောင်ဓားရှည်ကို ဆွဲနှုတ်လိုက်လေသည်။

အေးစက်သော အထိအတွေ့ လက်ဖဝါးကို ထိမှန်သွားမှသာ သူမ ရုတ်တရက် သတိဝင်လာပြီး အဝေးရှိ မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို လှည့်ကြည့်လိုက်မိသည်။

အေးစိမ့်ရေကန်ကြီးထဲ ရေနစ်ဖို့ မပြောနှင့်၊ သူ့အဝတ်အစားများပင် ခြောက်သွေ့နေဆဲ ဖြစ်လေသည်။

ရှန်းယီ စခန်းတဲဘက်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာသည်ကို ကြည့်ရင်း တပ်ဖွဲ့ခေါင်းဆောင် များနှင့် တပ်မှူး များသည် အလိုအလျောက် နှစ်လံ သုံးလံခန့် နောက်ဆုတ်သွားကြရာ လျိုပင်း မှာ အလယ်တွင် ပေါ်လာတော့သည်။

"အူး... ဝူး... ဝူး..."

လျိုပင်း သည် ခြင်္သေ့အိုကြီးတစ်ကောင်ကဲ့သို့ ပါးစပ်ကို ဟထားရာ သွေးသံရဲရဲနှင့် အမည်းရောင်ရွှံ့နွံများ ပြည့်နေသော ပါးစပ်ပေါက်ကြီး ပေါ်လာလေသည်။

သူသည် မြေကြီးနှင့် ခေါင်းကို အဆက်မပြတ် ဆောင့်နေပြီး ဤနည်းဖြင့် သူ့မျက်စိရှေ့မှ မြင်ကွင်းကို အိမ်မက်အဖြစ် ဖျောက်ဖျက်ရန် ကြိုးစားနေပုံ ရလေသည်။

ဟေးရှီရေကန်ထဲမှ မည်သူက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်နည်း။ဖားပြုတ်သခင် ကို မည်သူက ဤမျှ လွယ်ကူစွာ သတ်ဖြတ်နိုင်မည်နည်း။

အကယ်၍သူမြင်နေရသည်မှာ အမှန်တရားဖြစ်ပါက ဤနေရာကို နှစ်ပေါင်းများစွာ သူစောင့်ကြပ်ခဲ့ခြင်းက အဓိပ္ပာယ်မဲ့သွားပြီ ဖြစ်လေသည်။

ရှောင်ချမ်ဝေ သည် အမြန်ပြန်ပြေးလာပြီး အနက်ရောင်ဓားကို ပေးအပ်ကာ သူ့၏ချောမောသော မျက်နှာကို မော့ကြည့်လိုက်လေသည်။

သူမ သူ့ကို မြင်တွေ့ခဲ့ရသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း ယခုအခါ ပို၍ပင် စိမ်းသက်နေသကဲ့သို့ ခံစားရလေသည်။

မေးစရာမေးခွန်းများစွာ ရှိသော်လည်း နောက်ဆုံးတွင် ကြောင်တောင်တောင်ဖြင့် "ရှင်... အဆင်ပြေရဲ့လား" ဟုသာ မေးလိုက်မိလေသည်။

ရှန်းယီ သည် ဓားရှည်ကို ပေါ့ပေါ့ပါးပါး ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို တစ်ချက်ကြည့်ကာ "ဒီဒဏ်ရာက ကုရလွယ်လား" ဟု မေးလိုက်လေသည်။

မူလက သူသည် ဤအမျိုးသမီးကို ဘေးမှ ကူညီပေးရန်သာ ပြောလိုခဲ့သော်လည်း သူမ ဤမျှ အသက်စွန့် တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဘာမှ မဖြစ်ပါဘူး"

ရှောင်ချမ်ဝေ သည် သူမ၏အရိုးပေါ်အရေတင်ဖြစ်နေသော ရုပ်ဆိုးသည့် လက်ကောက်ဝတ်ကို ကွယ်ဝှက်လိုက်ပြီး "ထင်ယန်စီရင်စု ပြန်ရောက်ရင် စစ်သူကြီးယိုဆီမှာ သမားတော်တွေအများကြီးရှိတယ်၊ ဆေးကောင်းဝါးကောင်းတွေလည်း မရှားပါဘူး" ဟု ပြောလိုက်လေသည်။

"နတ်ဆိုးတွေက ကျုပ်အပိုင်၊ ဒီလူကတော့ ခင်ဗျားယူလိုက်၊ လမ်းခရီးမှာ သူတို့ကို ခေါ်သွားဖို့ ကျုပ်ကူညီပေးမယ်"

ရှန်းယီ သည် စာနာစိတ်ကင်းမဲ့သူ မဟုတ်ပေ။တစ်ဖက်လူက ကြိုးစားအားထုတ်ခဲ့သည့်အတွက် ထိုက်တန်သော အောင်မြင်မှုမှတ်တမ်းကို ခွဲဝေပေးသင့်သည်ဟု ယူဆလေသည်။

ဤနေရာတွင် နတ်ဆိုးများ မရှိတော့သဖြင့် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ဝင်များ ဆက်နေရန် မလိုအပ်တော့ပေ။ သူတို့အားလုံး ထင်ယန် စီရင်စု သို့ ပြန်လည် အပို့ခံရမည်ဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးတစ်ကောင်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် စောက်အရှောက်အနီးကပ်တွဲဖက်ဒု-စစ်သူကြီးတစ်ဦးတို့သည် ကုသိုလ်အမှတ်အရ တွက်ချက်လျှင် တန်းတူညီမျှလောက် ဖြစ်ပေမည်။

စကားအနည်းငယ် ပြောလိုက်ရုံဖြင့် လျိုပင်း သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ကုသိုလ်ကောင်းမှုမှတ်တမ်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဤလူငယ်၏စိတ်တိုင်းကျ ခွဲဝေခြင်းကို ခံလိုက်ရလေသည်။

ရှောင်ချမ်ဝေ သည် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး "စစ်သူကြီးယိုက ရှင်လို သခင် တစ်ယောက်နဲ့ တွေ့ရရင် အရမ်းဝမ်းသာမှာပါ" ဟု တိုးတိုးလေး ပြောလိုက်လေသည်။

ရှန်းယီ အပေါ် သူမ၏သတ်မှတ်ချက်သည် ကောင်းကင်ဘုံ၏ရွေးချယ်ခံရသူ အဆင့်မှ ပိုမိုရိုးရှင်းသော သခင်အဆင့်သို့ ပြောင်းလဲသွားသည်ကို သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

ပထမတစ်ခုသည် ကြီးထွားလာရန် လိုအပ်သေးသော်လည်း ဒုတိယတစ်ခုမှာမူ တစ်ဦးတည်း ရပ်တည်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်လေသည်။

ရှန်းယီ ခေါင်းညိတ်ပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်ကို မြင်သောအခါ ရှောင်ချမ်ဝေ သည် အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် မေးလိုက်လေသည်။

"ဟေးရှီရေကန်ထဲမှာ ဖားပြုတ်သခင် ကို ရှင်ဘယ်လိုလုပ် အနိုင်ယူခဲ့တာလဲ"

"..."

ရှန်းယီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်လေသည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းဆိုတာ ဒီလိုပါပဲ၊ ကိုယ်တိုင်မလုပ်ဖူးရင် နားလည်မှာ မဟုတ်ဘူး"

ရှောင်ချမ်ဝေ နှုတ်ခမ်းမဲ့လိုက်သော်လည်း ဆက်မမေးတော့ပေ။ သူတို့ သိကျွမ်းခဲ့သည်မှာ အချိန်တိုသာ ရှိသေးပြီး မေးခွန်းကလည်း အလွန် ရိုင်းပျရာ ရောက်နေသည်။

နတ်ဆိုးဖမ်းစီးသူတိုင်းတွင် ကိုယ်ပိုင် ဝှက်ဖဲ ရှိကြစမြဲဖြစ်ပြီး ပေါ့ပေါ့ဆဆ ထုတ်ပြလိုက်ခြင်းက အသက်ဘေးကြုံချိန်တွင် အခွင့်အရေး ဆုံးရှုံးသွားစေနိုင်လေသည်။

အလွန်အမင်း အံ့ဩထိတ်လန့်သွားမှုသာ မရှိခဲ့လျှင် သူမ မေးမြန်းခဲ့မည် မဟုတ်ပေ။

အနည်းဆုံးတော့ သူက သူမသဘောကျအောင် ပြန်ဖြေပေးခဲ့သည်၊ ၎င်းက သူတို့၏ဆက်ဆံရေးမှာ ယခင်ကထက် များစွာ ပိုကောင်းလာကြောင်း ပြသနေလေသည်။

"ဒီည အနားယူမယ်၊ မနက်ဖြန် ခရီးဆက်မယ်"

ရှန်းယီ သည် သူလာခဲ့ရာလမ်းအတိုင်း ပြန်လျှောက်သွားလေသည်။

တပ်မှူးများနှင့် တပ်ဖွဲ့ခေါင်းဆောင် များသည် လျိုပင်း ကို ဆွဲကာ နောက်မှ ငြိမ်ကုပ်၍ လိုက်ပါလာကြသည်။စိတ်ဓာတ်ကျပြီး အရှုံးပေးထားသော ဒု-စစ်သူကြီးအိုကြီးသည် အရှေ့မှ လူငယ်ကို မုန်းတီးသောအကြည့်ဖြင့်ပင် မကြည့်ရဲတော့ဘဲ သူတို့ခေါ်ရာနောက်သို့ ပါလာလေသည်။

ရှောင်ချမ်ဝေ လည်း တိတ်တဆိတ် လိုက်ပါသွားလေသည်။

သူ့ရှေ့တွင် ညတာရှည်လေ အိမ်မက်များလေ ဟူသော သတိပေးချက်မျိုးသည်ပင် အပိုစကား ဖြစ်နေပုံရသည်။

နံရံထောင့်ယပိတ်မိနေသော ခွေးတစ်ကောင်သည် တံတိုင်းကို ကျော်တက်၍ ကိုက်တတ်သည် ဆိုသော်လည်း ထိုသို့ဖြစ်ရန်အတွက် ၎င်းကို ခွေးဟူ၍ အရင် သတ်မှတ်ရပေမည်။

လျိုပင်း ဖြစ်စေ၊ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ မှ တပ်သားများဖြစ်စေ၊ သူမကိုယ်တိုင်ပင်ဖြစ်စေ၊ ထိုလူငယ်၏လက်ထဲတွင် မည်သည့်လှိုင်းဂယက်ကိုမျှ ထနိုင်လိမ့်မည် မဟုတ်ပေ။

အားလုံး သစ်သားအိမ်သို့ ပြန်ရောက်လာကြသည်။

မနက်ဖြန်တွင် ထင်ယန် စီရင်စု သို့ အပို့ခံရမည်ကို သိလျက်နှင့်ပင်။

သို့သော် တပ်မှူးသုံးဦးသည် သခင်ရှန်း အတွက် ရေနွေးကြို၊ လက်ဖက်ရည်ဖျော်ပေးပြီး ရိုသေစွာဖြင့် တိတ်တဆိတ် ပြန်ဆုတ်သွားကြလေသည်။

အခန်းထဲတွင် လူရှင်းသွားသောအခါ ရှန်းယီ သည် လက်ကို ဆန့်ထုတ်၍ ဖားပြုတ်သခင်၏ကိုယ်တွင်းအမြုတေကို ထုတ်ယူလိုက်ပြီး စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။

ဤ ဖားပြုတ်အမြုတေ သည် ယခင် ချင်းဖုန်းတောင်မှ ကျောင်းနဂါးနတ်ဆိုးသခင်ကြီး၏ အမြုတေထက် အရွယ်အစား ပိုကြီးပြီး သူ၏ ကောင်းကင်နတ်ဆိုးအမြုတေကို အနည်းဆုံး ခုနစ်ဆယ့်ငါးရာခိုင်နှုန်းခန့် ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။

ဤအမြုတေတစ်ခုတည်းတွင် ပါဝင်သော ကျင့်ကြံခြင်းစွမ်းအားသည် ယခင်က ရရှိခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျားနတ်ဆိုးအမြုတေ သုံးခုနှင့် ညီမျှလေသည်။

သူသည် သူ၏အသိစိတ်အာရုံဖြင့် စနစ်ဘောင် ကို ဆင့်ခေါ်လိုက်သည်။

ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၂၄၆၅ နှစ်။

အမြုတေဖွဲ့စည်းခြင်း အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် (ရှားပါး) - အစပျိုးအဆင့်

သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ပြောင်းလဲခြင်းတတိယအသွင်ပြီးဆုံးပြီးနောက် သေးငယ်သောအောင်မြင်မှုအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ကောင်းကင်နတ်ဆိုးအမြုတေ မပါဘဲ၊ ရှောင်ချမ်ဝေ၏အကာအကွယ်မပါဘဲနှင့်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးများကို အမှန်တကယ် အနိုင်ယူနိုင်တော့မည် ဖြစ်ပေသည်။

ရှန်းယီသည် ဖားပြုတ်အမြုတေ ကို မျိုချလိုက်ပြီး နတ်ဆိုးသက်တမ်းကို သူ၏သိုင်းပညာရပ်ထဲသို့ စီးဆင်းစေလိုက်သည်။

[ပထမနှစ်တွင် သင်သည် ပြောင်းလဲခြင်းတတိယ အသွင်ပြုလုပ်ရန် စီစဉ်သည်။ထိုသို့ မပြုလုပ်မီ သေခြင်းတရား၏ရည်ရွယ်ချက်ကို ကျွမ်းကျင်စွာ စုစည်းပြီး သင့်ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော တောဘုရင်၏အသိစိတ်အကြွင်းအကျန်များကို ဖိနှိပ်သတ်ဖြတ်ခြင်း စတင်ပြုလုပ်လေသည်။

ယခင်က ကျောင်းနတ်ဆိုးနဂါးသခင်၏အသိစိတ်ကို ဖြတ်တောက်ခဲ့သကဲ့သို့ပင်၊ဤမွေးရာပါ နတ်ဘုရားခွန်အားကိုအမှန်တကယ် ပိုင်ဆိုင်နိုင်စေရန် ၎င်းကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် လိုအပ်ပေသည်။

နတ်ဆိုးတစ်ကောင်ကို ကိုယ်ခန္ဓာနှင့်ချိတ်ဆက်ခြင်းသည် မိမိခန္ဓာကိုယ်အတွင်း နတ်ဆိုးမွေးမြူထားခြင်းနှင့် တူသည်ဟု နားလည်နိုင်ပေသည်။

ရုပ်ခန္ဓာမရှိသော၊ ကျင့်ကြံခြင်းစွမ်းအား သက်သက်ဖြင့် ဖွဲ့စည်းထားသော၊ သို့သော် အသိစိတ်ပိုင်ဆိုင်ထားသော နတ်ဆိုးကြီးတစ်ကောင်ကို မွေးမြူထားခြင်း ဖြစ်သည်။

အကယ်၍ ၎င်းကို ဖျက်ဆီးမပစ်ပါက မိမိကိုယ်ကို ပြန်လည်အန္တရာယ်ပြုနိုင်မည့် ဘေးအန္တရာယ် ရှိနေပေ၏။

All Chapters