← Chapters

အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 13 Ch. 130

အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 13 Ch. 130

ထင်ယန်စီရင်စု၏ဆင်ခြေဖုံးရှိ ပျက်စီးယိုယွင်းနေသော မြို့ငယ်လေးတစ်မြို့တွင်

တာအိုဆရာနှစ်ပါးသည် အလျင်လိုနေပုံရပြီး ဘေးပတ်ဝန်းကျင်မှ လူများ၏အာရုံစိုက်ခြင်းကို ခံနေရ၏။

တာအိုဆရာ ချွင်းယန်၏ မျက်လုံးများတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေပြီ ဖြစ်သော်လည်း သူ၏ဒေါသကို အတင်းအဓမ္မ ထိန်းချုပ်ထားကာ အဝေးမှ ဝတ်ရုံရှည်နှင့် အမျိုးသမီးထံသို့ အသံလှိုင်းဖြင့် လှမ်းပြောလိုက်သည်။

"သခင်မရှောင်... ဒီတစ်ခါရော မှန်ရဲ့လား"

ရှောင်ချမ်ဝေ၏မျက်နှာတွင် အေးစက်မှုအချို့ ပေါ်လာသည်။

"သူ ထပ်လွတ်သွားပြန်ပြီ"

ဆယ်ရက်တိတိ ထိုအငွေ့အသက်သည် ဟိုလှည့်သည်လှည့်ဖြင့် သူတို့ကို ထင်ယန်စီရင်စု တစ်ခုလုံးနီးပါး လှည့်ပတ်နေခဲ့သည်။

အဝေးဆုံး အနေဖြင့် မိုင်လေးငါးရာခန့် ကွာဝေးတတ်ပြီး၊ အနီးကပ်ဆုံး အနေဖြင့် သူတို့ဘေးနား တစ်နေရာရာမှာပင် ရှိနေတတ်သည်။

သို့သော် သူတို့ဘက်မှ လှုပ်ရှားမှု အနည်းငယ် ပြလိုက်သည်နှင့် တပြိုင်နက် တစ်ဖက်လူက ချက်ချင်း ထွက်ပြေးသွားလေ့ရှိသည်။

သူတို့ဘက်မှ အစွမ်းကုန် လိုက်ဖမ်းလျှင်ပင် ခြေရာမပျောက်ရုံ တမြုံမြုံသာ လိုက်နိုင်ခဲ့ကြသည်။

ရှောင်ချမ်ဝေ ခံစားမိသည်မှာ ခြေရာမပျောက်သွားရသည့် အဓိကအကြောင်းရင်းက ယန်ရှင်းခုံးသည် သူတို့ကို စောင့်ရန် ရံဖန်ရံခါ ရပ်တန့်ပေးနေသောကြောင့်ဟု ထင်မြင်မိသည်။

ဤအရာက သက်သက်မဲ့ လှောင်ပြောင်နေခြင်းပင် ဖြစ်သည်။

သူမသည် ရှန်းယီ ရှိရာဘက်သို့ လှည့်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ကျွန်မ တွက်ဆမှု လွဲမှားသွားပါတယ်... ရှင့်ရဲ့ အချိန်တွေကို အလဟဿ ဖြစ်စေခဲ့မိပြီ"

မူလကတော့ ဓားပြဘုရင် သည် ကိုယ့်အခြေအနေကိုယ် သိပြီး အကန့်အသတ် တစ်ခုအထိသာ ကစားလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။

အထူးသဖြင့် သူ့မိန်းမ၏အသက်က စစ်သူကြီးချုပ်၏ လက်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလား။

ဤတစ်ကြိမ်တွင် သူ ယခုလောက်အထိ မောက်မာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။သူ ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် သူ၏ဖျင်ရှား

တောင်ကြား ကရော လွတ်မြောက်နိုင်မည်လော။

"ခင်ဗျားနဲ့ မဆိုင်ပါဘူး"

ရှန်းယီ က ခေါင်းခါလိုက်ပြီး စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် တည်ငြိမ်နေဆဲပင်။

ဤတစ်ခေါက် ဘာမှ မရခဲ့လျှင်ပင် အနည်းဆုံးတော့ ဗဟုသုတ တိုးပွားခဲ့ရသည်။ ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင် လှုပ်ရှားမှု အမြန်နှုန်းက ဤမျှထိကွာခြားနိုင်သည်ကို တွေ့မြင်ခဲ့ရပေသည်။

တာအိုဆရာ နှစ်ပါး ပြန်လျှောက်လာကြသည်။ သူတို့၏ဒေါသကို နတ်ဆိုးနှိမ်နင်းရေး အရာရှိများအပေါ် မပုံချရဲကြပေ။

ပထမအချက်က သူတို့ မလုပ်ရဲခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ သခင်ရှန်း၏ယခုရက်ပိုင်း စွမ်းဆောင်ရည်က သူတို့ကို တကယ်ပင် အံ့အားသင့်စေခဲ့သောကြောင့် ဖြစ်သည်။

အစကတော့ ရှန်းယီသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ဤလူငယ်သည် အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည့် သူတို့အဖွဲ့ထက် မနှေးသည့်အပြင် အားအင်များပင် ပိုလျှံနေသေးသည်ကို မထင်မှတ်ထားခဲ့ကြပေ။

"နတ်ဆိုးနှိမ်နင်းရေးဌာန အနေနဲ့ ဖျင်ရှာတောင်ကြားကို ဝိုင်းရံပြီး သူ့တပည့်တွေ မြေးတပည့်တွေကို သတ်ဖြတ်၊ သူ့ရဲ့လွတ်ငြိမ်းလေစီးနင်းသိုင်းပညာကို သိမ်းယူပြီး ဒီဓားပြဘုရင် ဘယ်ကို ပြေးနိုင်မလဲဆိုတာ ကြည့်သင့်တယ်လို့ ဒီတာအိုဆရာ အကြံပြုလိုပါတယ်"

တာအိုဆရာချွင်းယန် သည် ဒေါသတကြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။

သိုင်းလောကသား အချင်းချင်း ဖြစ်သော်လည်း တိမ်ဖြူကျောင်းတော် သည် မီးများ မိမိထံ ကူးစက်လာမည်ကို လုံးဝ ကြောက်ရွံ့ပုံ မရပေ။

ရှောင်ချမ်ဝေသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ယခုလို နွားနှာခေါင်းတာအိုဆရာ အုပ်စုမျိုးမို့လို့သာ နှစ်ပေါင်းများစွာကြာအောင် နတ်ဆိုးနှိမ်နင်းရေးဌာနက အပြစ်ရှာမရအောင် နေနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူမ တွက်ဆလိုက်သည်။

"အသုံးမဝင်တဲ့ စကားတွေ မပြောစမ်းပါနဲ့"

တာအိုဆရာ ချင်းကျင့် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

"ရှေ့ဆက်သွားရင် ကျုပ်တို့ ချင်ကျိုးနယ်မြေ စီရင်စုဆယ်နှစ်ခု အပြင်ဘက်ကို လုံးဝ ရောက်သွားတော့မယ်... ယန်ရှင်းခုံးက နတ်ဆိုးတွေနဲ့ ပေါင်းပြီး ကျုပ်တို့ကို အပြင်ရောက်အောင် မျှားခေါ်နေတယ်လို့ ဒီတာအိုဆရာ သံသယဖြစ်မိတယ်"

သို့မဟုတ်ပါက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ့လုပ်ရပ်များက ရှင်းပြ၍ ရနိုင်စရာ အကြောင်းမရှိပေ။

"ဘာကြောက်စရာ ရှိလို့လဲ... သခင်ရှန်းက ဒီမြို့မှာ ခဏ အနားယူနေပါ... ကျုပ်တို့ ထွက်သွားပြီး ဒီဓားပြဘုရင်ကို သွားဖမ်းလိုက်မယ်"

တာအိုဆရာ ချွင်းယန်က ယုံကြည်မှု အပြည့်ရှိပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် သူ့စကားများ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပါဝင်နေသည်။ သို့မဟုတ်ပါက ရှန်းယီကို နေခဲ့စေချင်မည် မဟုတ်ပေ။

ချင်ကျိုးနယ်မြေ အပြင်ဘက် ရောက်သွားသည်နှင့် သူတို့အားလုံး နာမည်ကျော် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း တစ်ဖက်လူရှန်းယီကို ကာကွယ်ပေးနိုင်မည်ဟု အာမခံချက် မပေးနိုင်ပေ။

ပုံမှန်နေ့မျိုးတွင် အပြင်ထွက်ခြင်းက ပြဿနာ မရှိသော်လည်း၊ ယခု အခြေအနေမှာ တစ်ဆင့်ပြီးတစ်ဆင့် အပြင်သို့ မျှားခေါ်ခံနေရခြင်း ဖြစ်ရာ အန္တရာယ်က ပိုကြီးမားပေသည်။

တာအိုဆရာ နှစ်ပါး တိတ်ဆိတ်သွားပြီး အမျိုးသမီး၏အမိန့်ကို စောင့်မျှော်နေကြသည်။

သို့သော် ရှောင်ချမ်ဝေသည် ရှန်းယီ ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးမည့် စကားမျိုး ဝင်မပြောဘဲ နေလိုက်သည်။

ဤအရာကိုမြင်တော့မှ တာအိုဆရာ ချင်းကျင့် သည် တစ်ဖက်လူ ပြောခဲ့ဖူးသော စကားကို ပြန်သတိရသွားသည်။

"သခင်ရှန်းက တာဝန်ယူလိမ့်မယ်" ဆိုသည်မှာ ပြီးပြီးရော ပြောခဲ့ခြင်း မဟုတ်ဘဲ၊ ဤလူငယ်က အခြေအနေ တစ်ခုလုံးကို တကယ် ထိန်းချုပ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သူ့ရင်ထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဒီလူငယ်မှာ ထူးချွန်တဲ့ ခရီးသွားလာနိုင်စွမ်း အပြင် တခြား စွမ်းရည်တွေများ ရှိနေသေးတာလား။

ရှန်းယီ ခေတ္တ စဉ်းစားလိုက်သည်။

"တကယ်လို့ သူက ချင်ကျိုး အပြင်ဘက်မှာ မရပ်တန့်သေးဘူး ဆိုရင်ရော... ကျုပ်တို့ ဖျင်ရှာတောင်ကြားကို ဝိုင်းလို့ ရပြီလား"

လူငယ်သည် စိတ်ပျက်သွားခြင်း မရှိသည့်အပြင် မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တဖျပ်ဖျပ် လက်လာသည်ကို မြင်လိုက်ရသဖြင့် ရှောင်ချမ်ဝေအနည်းငယ် အံ့သြသွားပြီး ရယ်မောလိုက်မိသည်။

"ရှင်က ဘာလို့ အဲဒါတွေကို စိတ်ဝင်စားနေရတာလဲ... ပြီးခဲ့တဲ့တစ်ခေါက် ချင်းဖုန်းတောင်ကို သွားတုန်းကရော ပါခဲ့သေးတာလား"

ထို့နောက် သူမက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒီတစ်ခါ သူ လုပ်တာ လွန်သွားပြီ"

ဒေသဆိုင်ရာစစ်ကွပ်ကဲရေးရုံးရှေ့မှာ တစ်ညလုံး ဒူးထောက်ခိုင်းတာ ထားဦး၊ ခြေထောက်ကျိုးတဲ့အထိ ဒူးထောက်ခိုင်းရင်တောင်မှ နတ်ဆိုးဖမ်းစီးသူ တွေကို နတ်ဆိုးနယ်မြေထဲ မျှားခေါ်သွားတာအတွက် ဆင်ခြေပေးလို့ ရမှာ မဟုတ်ဘူး။

"နောက်ဆုံးအကြိမ် လိုက်မယ်"

ရှန်းယီသည် မြို့ငယ်လေးထဲမှ ထွက်ခွာလာခဲ့သည်။ ယခုအခါ ကောင်းကင်နေခွင်းလေးမြှား နှင့် ပုံသဏ္ဍာန်နှစ်မျိုးမူလအနှစ်သာရအပြင် ဓားပြဘုရင်၏ လွတ်ငြိမ်းလေစီးနင်းသိုင်းပညာကိုပါ သူ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်သည်။

အမှန်ပင် သူ့ခွန်အားကလည်း အကန့်အသတ် ရှိသေးသည်။

အကယ်၍ အဆင်မပြေခဲ့လျှင်တော့ လက်လျော့လိုက်ရုံသာ ရှိတော့သည်... ထင်ယန်စီရင်စု အပြင်ဘက် မိုင်ခုနစ်ရာခန့် အကွာအဝေး၊ သူတို့သည် ချင်ကျိုးနယ်မြေကို လုံးဝ ကျော်လွန်လာခဲ့ကြပြီ ဖြစ်သည်။

ရှေ့တွင် မြင်နေရသော မြင့်မားမတ်စောက်သည့် တောင်တန်းကြီးသည် ဧရာမ သားရဲကြီးတစ်ကောင် ဝပ်စင်းနေသကဲ့သို့ ကြမ်းတမ်းပြီး အန္တရာယ်များလှသည်။

တည်ငြိမ်နေပုံ ပေါက်သော်လည်း တာအိုဆရာ နှစ်ပါးကို ပို၍ စိုးရိမ်ပူပန်လာစေသည်။

ဤမျှကျယ်ပြောသော နယ်မြေကြီးတွင် နတ်ဆိုးအငွေ့အသက် လုံးဝ မရှိခြင်းမှာ ထူးဆန်းနေသည်။

ဤအရာက အလွန် ရှားပါးသော အခြေအနေမျိုး ဖြစ်သည်။

နတ်ဆိုးအားလုံး နေရာတစ်ခုကို ရှောင်ကွင်းသွားရသည့် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ ထိုနေရာတွင် သူတို့ မပြစ်မှားရဲသော ဖြစ်တည်မှုမျိုး ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ရှောင်ချမ်ဝေသည် သူမလက်ထဲမှ အငွေ့အသက်ကို လေးမျှင်ခွဲလိုက်သည်။ စိတ်သက်သာရာ ရသင့်လား၊ လေးနက်သင့်လား သူမ မဝေခွဲတတ်တော့ပေ။

"သူ မရွေ့တော့ဘူး... လေးဖက်လေးတန်ကနေ ဝိုင်းမယ်... တခြားအရာတွေကို မနှောင့်ယှက်မိအောင် ကြိုးစားကြပါ"

"ဒီတာအိုဆရာက သခင်ရှန်း နဲ့အတူ လိုက်သွားပါ့မယ်"

တာအိုဆရာ ချွင်းယန်က အငွေ့အသက် တစ်မျှင်ကို ယူလိုက်သည်။

"မလိုပါဘူး"

ရှန်းယီလည်း အငွေ့အသက် တစ်မျှင်ကို ယူလိုက်သည်။

ရှောင်ချမ်ဝေ၏တွက်ဆချက်အရ မိုင်ခုနစ်ရာ အကွာအဝေးသည် ဘေးကင်းဇုန်၏ အကန့်အသတ် ဖြစ်သည်။ထပ်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလျှင် ပြန်ဆုတ်ရန် ခက်ခဲလိမ့်မည်။

နောက်ဆုံးအခွင့်အရေး ဖြစ်သည့်အတွက် အမှားအယွင်း မရှိအောင် သေချာ ဂရုစိုက်ရမည်။

တာအိုဆရာ နှစ်ပါး အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း စကားထပ်မပြောကြတော့ပေ။ ဤကဲ့သို့ အန္တရာယ်များသော နေရာတွင် သူတို့ကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး တစ်ဖက်လူကို တားမြစ်နေရန် စိတ်မပါတော့ပေ။

အဖွဲ့သည် လမ်းကြောင်းများကို လျင်မြန်စွာ ခွဲဝေလိုက်ကြပြီး အငွေ့အသက် ညွှန်ပြရာ အရပ်မျက်နှာများဆီသို့ ဝိုင်းရံလိုက်ကြသည်။

"..."

တောနက်ထဲတွင် တစ်ယောက်တည်း ဖြတ်သန်းသွားလာနေရသည်။

ရှန်းယီ၏မျက်နှာထား လေးနက်နေသော်လည်း သူ့လှုပ်ရှားမှုများက ယခင်ကထက် ပိုမို ပေါ့ပါးသွက်လက်နေပုံ ရသည်။

ဟေးရှီရေကန်တွင် ရှိခဲ့စဉ်ကကဲ့သို့ပင်၊ ဤတောတောင်ထဲသို့ အမှန်တကယ် ခြေချလိုက်သည်နှင့် အင်မော်တယ်နတ်ဆိုးခန္ဓာပြောင်းလဲခြင်းကိုးသွင် ထဲမှ တောဘုရင်၏မွေးရာပါစွမ်းရည်သည် အပြည့်အဝ ပွင့်လန်းလာခဲ့သည်။

သူ့အငွေ့အသက်ကို ထုတ်လွှတ်ခြင်း မရှိသော်လည်း ခြေအောက်မှကြမ်းတမ်းသော တောင်လမ်းများနှင့် ကောင်းကင်ကို ဖုံးကွယ်ထားသော သစ်ပင်ကြီးများသည် သူ့အတွက် အတားအဆီးများ မဟုတ်တော့ဘဲ အလွန် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရသည်။

သူ့အာရုံခံစားမှုများ ပိုမို ကြည်လင်ပြတ်သားလာပြီး ဘေးနားမှ မြက်ပင် သစ်ပင်တိုင်းသည် အသက်ဝင်နေသကဲ့သို့ ရှိနေသည်။

ရုတ်တရက် ရှန်းယီ ရပ်တန့်လိုက်ပြီး ရှေ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော ဆူးခြုံတောထဲမှ အချိန်အတော်ကြာပြီးနောက် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင်အရပ်ရှည်ရှည်လူတစ်ယောက်ဖြည်းညှင်းစွာထွက်လာသည်။

ထိုလူ၏ဆံပင်များ ရှုပ်ပွနေပြီး မူးယစ်နေသကဲ့သို့ မျက်နှာ အနည်းငယ် နီမြန်းနေသည်။ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေပြီး အလွန်အမင်း ပျက်စီးယိုယွင်းနေပုံ ပေါက်နေသည်။

သူသည် အက်ကွဲနေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ရှန်းယီကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

"ငါ မှတ်မိတာ မမှားဘူးဆိုရင် ယန်မျိုးနွယ် ခိုးလာတာက ယိုလုံထောင်ရဲ့ ကောင်းကင်နေခွင်းလေး ပါ... နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ် က စားကြွင်းစားကျန်တွေ မဟုတ်ပါဘူး... သူက မင်းလိုကောင်ကို လွှတ်ပြီး လာစုံစမ်းခိုင်းတယ်ပေါ့"

ထို့နောက် ထိုလူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ပွတ်သပ်လိုက်သည်။

"ထားလိုက်ပါတော့... မင်းလို ကျင့်ကြံခြင်းအဆင့်ရှိတဲ့ နတ်ဆိုးဖမ်းစီးသူနဲ့ ဘာမှ မဆိုင်ပါဘူး... ငါ ဒီကို လာတာ နတ်ဆိုးသတ်ဖို့၊ နတ်ဆိုး အစာကျွေးဖို့ မဟုတ်ဘူး"

သူက လက်ကို ဝှေ့ယမ်းကာ မောင်းထုတ်လိုက်သည်။

"သွား... ထွက်သွားစမ်း"

သူ့စကား မဆုံးခင်မှာပင် အမည်းရောင် အရိပ်တစ်ခုသည် ထိုလူ၏မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ ချက်ချင်းပင် လျင်မြန်ကြမ်းကြုတ်သော ဒူးတိုက်ချက် တစ်ခုသည် သူ့ဗိုက်ကို ဆောင့်တိုက်လိုက်ပြီး၊ နောက်ထပ် လက်ဖဝါးတစ်ဖက်က သူ့ညာဘက်ခြေထောက်မှ ပင်မ မရီဒျန်ကို ပိတ်ဆို့လိုက်သည်။

ယန်ရှင်းခုံး သည် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်ထဲမှအရက်နံ့များ ရောနှောနေသော သွေးများ ပန်းထွက်လာသည်။

သူ့ပင်ကိုယ်အသိစိတ်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်၏အားအင်များကို ထုတ်လွှတ်လိုက်ပြီး ရှိသမျှ အားကုန်သုံးကာ သုံးပေခန့်အကွာသို့ ရုန်းထွက်လိုက်သည်။

ထိုအကွာအဝေးတိုလေးကို အသုံးပြု၍ သူ့ပုံရိပ်သည် လေပြင်းမုန်တိုင်းတစ်ခုအလား မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"..."

ရှန်းယီ ဓားရှည် ဓားအိမ်မှကျွတ်ရုံရှိသေးသည်၊သူ့ရှေ့မှ နေရာလွတ်ကြီးကိုသာ တွေ့လိုက်ရသည်။

သူသည် ဆွံ့အလျက် ဓားကို ပြန်သိမ်းလိုက်သည်။ မူလက တစ်ဖက်လူကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရန် ရည်ရွယ်ထားသော်လည်း ဤကဲ့သို့ဖြစ်သွားလိမ့်မည်ဟု တကယ် မထင်ထားခဲ့မိပေ။

ခြေထောက်တစ်ဖက်တည်းနဲ့တောင် သူက ဒီလောက် မြန်မြန် ပြေးနိုင်သေးတာလား။

All Chapters