← Chapters

ဝိညာဉ်ကျွန်

Vol. 39 Ch. 533

ဝိညာဉ်ကျွန်

Vol. 39 Ch. 533

ဝိညာဉ်ကျွန်..။ ယင်းက အလွန်ထူးခြားသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ အမည်အတိုင်းပင် ၎င်း၏ အဓိပ္ပာယ်က သိသာနေပေ၏။ ဝိညာဉ်ကျွန်က ထူးဆန်းသော ကျွန်အမျိုးအစားတစ်ခုလည်း ဖြစ်ပေသည်။ ဝိညာဉ်ကျွန်နှင့် လူတစ်ဦး၏ ဝိညာဉ်ချိပ်ကို ပေးအပ်ခြင်းကြား၌ ကွဲပြားခြားနားချက် တစ်ခု ရှိပေ၏။

သိုင်းပညာရှင်တစ်ဦးက သူ၏ ဝိညာဉ်ချိပ်ကို ပေးပြီး တစ်ပါးသူ၏ အစေခံ ဖြစ်လာခဲ့လျှင် ထိုသခင်က သူ့ထံ ဝိညာဉ်ချိပ် ပြန်မပေးမချင်း သူသည် ခွန်အား ဘယ်တော့မှ တိုးတက်မှာ မဟုတ်၊ သေသည့်တိုင်အောင် ဖြစ်သည်။ သို့သော် ဝိညာဉ်ကျွန်အတွက်မူ ကွဲပြားခြားနားနေပေ၏။

ဝိညာဉ်ချိပ် ပေးခြင်းက ကျွန်သည် သူ့ဝိညာဉ်စွမ်းအား အရင်းအမြစ်ကို သခင်ထံ ပေးအပ်လိုက်ခြင်း ဖြစ်ကာ ထိုသခင်သည် သူ့ဆန္ဒရှိသလို ကျွန်ကို သေစေနိုင်၏။ ဆန့်ကျင့်ဘက် အနေဖြင့် ဝိညာဉ်ကျွန်ကမူ သခင်က ဝိညာဉ်စွမ်းအားကို အမှတ်အသားပြုရန် အစွမ်းထက်သော မှော်ကို အသုံးပြုလျက် ဝိညာဉ်ကျွန်၏ စိတ်ဝိညာဉ်ထဲ၌ အမှတ်အသားတစ်ခု ချထားခဲ့တာပဲ ဖြစ်သည်။ သခင်က ဝိညာဉ်ကျွန်၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပြီး ဝိညာဉ်ကျွန်၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲနိုင်ကာ ကျွန်ကို သတ်ဖြတ်နိုင်ပေ၏။

ထိုစိတ်ဝိညာဉ်အမှတ်အသားက လူတစ်ယောက် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းထဲတွင် ဖွက်ထားတာ ဖြစ်ပြီး ကျွန်က ၎င်း၏ တည်ရှိမှုကို သတိပြုမိမှ မဟုတ်၊ ခြေရာခံနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဝိညာဉ်ကျွန် ဖြစ်လာသည့် အချိန်၌ သူတို့က အရည်အချင်းများကို ခိုင်မာလာအောင် ဆက်လက်ကျင့်ကြံနိုင်ကြသည်။ တစ်ခုတည်းသော ကွာခြားချက်က သူတို့၏ စိတ်ဝိညာဉ်သည် သခင်ကို ဘယ်တော့မှ မနာခံဘဲ မနေရဟူသော သဘောတရားတစ်ခုကို ဖန်တီးပြီး သူတို့ကိုယ်သူတို့ သတ်သေရန်န် အမိန့်အပါအဝင် သခင်ထံမှ အမိန့်များကို အားလုံးကို လိုက်နာရမှာပဲ ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ကျွန်တိုင်းက ဝိညာဉ်ချိပ်ထက်ပိုပြီး အဆင့်မြင့်တာ သိသာနေပေ၏။ တစ်စုံတစ်ယောက်က အစွမ်းထက်သော ဝိညာဉ်ကျွန်တစ်ယောက် ရှိနေခဲ့လျှင် နောင်၌ စွမ်းအားကြီးသော တိုက်ခိုက်ရေးသမားတစ်ဦး ရှိနေမှာပဲ ဖြစ်သည်။ တိုက်ခိုက်ရေးသမားတစ်ဦးက ဆက်လက်တိုးတက်ပြီး သခင်ထက် သာသွားခဲ့လျှင်တောင် သခင်အတွက် အံ့မခန်း အပေးအယူကြီးတစ်ခု ဖြစ်နေမှာပင်။

ကျန်းရီ၏ ကိုယ်ထဲရှိ ကြယ်ကိုးလုံးက အလွန်ထူးခြားပေသည်။ ဖီးနစ်အော်သံဧကရီက သူ့၌ အကန့်အသတ်မဲ့ အလားအလာတစ်ခု ပိုင်ဆိုင်ထားသည်ဟု တွေးမိသောကြောင့် သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ရန် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်သည်။ ဝိညာဉ်ကျွန်တစ်ယောက် သန့်စင်ရန်အတွက်က အတော်လေး ရှုပ်ထွေးပြီး ဝိညာဉ်စွမ်းအား၏ စွမ်းအင်အချို့ကို သုံးစွဲ ရမှာပဲ ဖြစ်သည်။ ထို့အပြင် အမှန်တကယ် အစွမ်းထက်သည့် သိုင်းပညာရှင်ကသာ ထိုသို့ ပြုလုပ်ရဲတာပဲ ဖြစ်သည်။ မဟုတ်လျှင် ပြန်ကန်ခံရပါက ကံဆိုးမိုးမှောင်ကျသွားမှာပဲ ဖြစ်၏။

ဒေသသခင်မချင်းယွီသည် ကျန်းရီကို မသန့်စင်ရဲချေ။ အကြောင်းမှာ ကျန်းရီက သူမထက် ပိုသန်မာသည်ဟု သူမ ခံစားမိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် သူမကသာ ကျန်းရီ လက်အောက် ရောက်သွားမှာပဲ ဖြစ်သည်။ ယင်းက ဖီးနစ်အော်သံ ဧကရီအတွက်မူ ပြဿနာတစ်ရပ် မဟုတ်ပေ။ ဤဧကရီသည် တာအိုပုံစံအက်ကွဲမှုကို သန့်စင်ခြင်းဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သော်ငြား သူမက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်ဖြစ်နေသေးသည်က မပြောင်းလဲနိုင်သော အချက်တစ်ချက် ဖြစ်ပေ၏။ ဗာဂျရာနယ်ပယ်က စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ်ကို အလွယ်တကူ ဖိချေနိုင်၏။ ကောင်းကင်ဧကရာဇ်နယ်ပယ်သည် ဗာဂျရာနယ်ပယ်ထက်တောင် ပိုကောင်းသေးသည်။ အသူရာချောက်ကမ်းပါးအောက်၌ ကျီထင်ယွီက ကောင်းကင်ကံကြမ္မာမဟာအစီအရင်ကို အသုံးပြုပြီး ကျန်းရီကို အေးအေးဆေးဆေး ဖိနှိပ်ခဲ့၏။ ကောင်းကင်ဧကရာဇ်၏ စွမ်းအားက သိသာနေပေသည်။

ထို့ကြောင့် ကျန်းရီ ဒေသသခင်မချင်းယွီအဖို့ ခက်ခဲနေသော်ငြား ကျန်းရီကို သန့်စင်ရန်အတွက် ဖီးနစ်အော်သံဧကရီအတွက် အလွန်လွယ်ကူနေပေသည်။ သို့သော် ဝိညာဉ်ကျွန်သန့်စင်ရန် တိတ်ဆိတ်သည့် အချိန် လိုအပ်ကာ သန့်စင်နေသည့် အတောအတွင်း အနှောင့်အယှက် ခံ၍ မရပေ။ ဖီးနစ်အော်သံဧကရီက အမိန့်ပေးပြီးနောက် ဒေသသခင်မချင်းယွီက ချက်ချင်းပင် စီမံဆောင်ရွက်တော့သည်။ သူမက တစ်မြို့လုံး၌ အုပ်ချုပ်ရေး ဥပဒေများကို ပြဌာန်းလိုက်၏။ နန်းတော်ကို အစောင့်အကြပ်များ စစ်သည်တော်များစွာဖြင့် ချမှတ်လိုက်တော့သည်။

ဘီး..

အရာအားလုံး စီမံပြီးနောက် သူမသည် ဗဟိုခန်းမထဲရှိ ကန့်သတ်ချက်များကို ဖွင့်လိုက်တော့သည်။ ပြီးနောက် သူမက ခန်းမငယ်ထဲသို့ ဝင်လာတော့သည်။ ဖီးနစ်အော်သံတိုင်းပြည်၏ ဧကရီကို ခေါင်းညိတ်ပြလိုက်ပြီးနောက် တီးတိုးပြောလိုက်တော့၏။

“ဧကရီ အခုစလို့ ရပြီ”

“ကောင်းပြီ”

ဖီးနစ်အော်သံတိုင်းပြည် ဧကရီက မတ်တပ်ထရပ်လိုက်ပြီးနောက် သူမ၏ အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်ရာ ခန်းမငယ်တစ်ခုလုံးကို ကြမ်းတမ်းသော မုန်တိုင်းသဖွယ် ဝေ့တိုက်သွားတော့၏။ သူမ၏ ဝေဝါးဝါး မျက်နှာကလည်း ဖြည်းဖြည်းချင်း ကြည်လင်လာတော့သည်။

ပြိုင်ဘက်ကင်းတဲ့ အလှပဂေး တစ်ယောက်ပဲ။ ကျန်းရီက စိတ်လေးနေသည့်တိုင် သူ့မျက်လုံးက အလိုလို တောက်ပသွား၏။ ဖီးနစ်အော်သံတိုင်းပြည်ဧကရီက နုနယ်သော မျက်နှာသွင်ပြင်ရှိပြီး စုလော့ရွှယ်ထက်တောင် ပိုချောမောပေ၏။ သူမသည် အမျိုးသမီးများကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်ဟန်တူသည်။ သူမ၌ တစ်မူထူးခြားသော အငွေ့အသက်ရှိကာ ညှို့ငင်နိုင်သော ခံစားချက်မျိုး ပေးစွမ်းသည်။ ဖီးနစ်အော်သံတိုင်းပြည်၏ ဧကရီတစ်ပါး ဖြစ်သည်က သူမထံ နောက်ထပ် အကျင့်စရိုက်အသစ်တစ်ခု ပေါင်းထည့်ပေးထားသည်။ ဘုံကိုးဘုံ၏ နတ်မိမယ်တစ်ပါးနယ် ခမ်းနားလှကာ သူမကို စိုးမိုးရန် အမျိုးသားများအား ညှို့ငင်နေ၏။

ကောင်းကင်ဧကရီတစ်ပါး ရှေ့မှောက်၌ ရှိစဉ် သူမ၏ မျက်နှာကို ကြည့်နေပြီး သူမ၏ ညည်းညူသံများကို နားထောင်နေလျှင် မည်သည့်အမျိုးသားမဆို ရူးသွပ်နိုင်လောက်ပေ၏။

ဘီး..

ဖီးနစ်အော်သံဧကရီ၏ လက်က အနောက်ရောင်အလင်း လင်းလာတော့သည်။ ကျန်းရီက စိတ်ကူးယှဉ်နေရာမှ ရုတ်တရက် သတိဝင်လာပြီးနောက် ရှက်သွားတော့သည်။ သူက ဝိညာဉ်ကျွန်အဖြစ် အပြောင်းခံရပြီး သူ၏ လွတ်လပ်မှု ဆုံးရှုံးတော့မည့် အချိန်တွင် ထိုကဲ့သို့သောအရာများကို မည်သည့်အတွက်ကြောင့် တွေးနေနိုင်သေးသနည်း။

ကျွီ.. ကျွီ..

သူမလက်ထဲရှိ အနက်ရောင်အလင်းက ဖျတ်ခနဲ ပေါ်လာပြီး ယင်းက ကျန်းရီ၏ ခေါင်းကို ချက်ချင်း ထိသွားတော့၏။ ထင်သည့်အတိုင်း ကျန်းရီက မျက်ဆံလန်ပြီး လဲကျသွားတော့သည်။

“ချင်းယွီ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးတွေကို ဖြည်လိုက်”

ဖီးနစ်အော်သံဧကရီက ပြုံးလိုက်သည်မှာ ပန်းများ ဖူးပွင့်သကဲ့သို့ လှပနေပေ၏။ ဒေသသခင်မချင်းယွီက ကျန်းရီကို သတိထားပြီး ကြည့်လိုက်သည်။ သို့သော် ဖီးနစ်အော်သံဧကရီ ရှိနေသောကြောင့် ကျန်းရီ နိုးလာလျှင်တောင် အရေးမကြီးဟု သူမထင်ခဲ့သည်။

သူမက ရှေ့သို့ အနည်းငယ် လျှောက်သွားလိုက်၏။ သူမက လက်ထဲ၌ အဖြူရောင်အလင်း လင်းထိန်လာပြီးနောက် ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးများကို ဆုပ်ကိုင်လိုက်တော့သည်။ ပြီးနောက် သူမ လက်ထဲမှ အတွင်းအားများကို ထည့်လိုက်ရာ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးများက တောက်ပလာပြီး မကြာမီ၌ ပြုတ်ကျသွားတော့သည်။ နောက်ဆုံးတွင် တဖြည်းဖြည်းချင်း သေးငယ်သွားပြီးနောက် မြို့သခင်မချင်းယွီ၏ လက်ကောက်ဝတစ်တစ်ဝိုက်တွင် လက်ကောက်တစ်ကွင်းအဖြစ် ပြောင်းလဲသွားတော့သည်။

မြို့သခင်မချင်းယွီက ဖီးနစ်အော်သံဧကရီ သူမဆီ ရောက်လာတာကို မြင်လိုက်ရသည်။ သူမက ကျန်းရီကို လက်တစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ထိန်းကိုင်ပေးလျက် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်အောင် လုပ်ပေးလိုက်တော့သည်။

“ချင်းယွီက လတ်တလောမှာ ဖွံ့ထွားလာတာပဲ”

ဖီးနစ်အော်သံဧကရီက ညင်သာစွာ လျှောက်လှမ်းလာ၏။ သူမက ချင်းယွီ၏ စွဲမက်ဖွယ် ရင်အုံကို တစ်ချက် ရိုက်ပြီးနောက် ပြုံးလိုက်တော့သည်။ တစ်ဖက်လူက တုန်ယင်သွားပြီး ဖီးနစ်အော်သံဧကရီကို ညှို့ငင်စွာ ကြည့်လျက် ရှက်သွေးဖြာကာ ပြောလိုက်တော့သည်။

“အရင်ဆုံး အရေးကြီးတာကို အရင်လုပ်တာပေါ့”

“ခွေးမလေး”

ဖီးနစ်အော်သံဧကရီက လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်းယွီက နောက်သို့ ဆယ်လှမ်းခန့် ဆုတ်သွားတော့သည်။ ဧကရီက လေးနက်တည်ကြည်လာ၏။ သူမလက်ထဲ၌ အနက်ရောင်အလင်း ဖျတ်ခနဲ ပေါ်လာရာ ထိုအပေါ်တွင် ဝေဝါးဝါးရုမ်းပုံစံများ တောက်ပလာတော့သည်။ သူမက ကျန်းရီ၏ ခေါင်းကို အနက်ရောင်အလင်းဖြင့် ဖြည်းဖြည်းချင်း လွှမ်းလျက် ကျန်းရီက သတိလစ်နေသည့် အခြေအနေတွင် ရှိနေသေးဆဲ ဖြစ်သည်။

ဗီး...

ဖီးနစ်အော်သံဧကရီက သူမ၏လက်ကို ကျန်းရီ၏ ခေါင်းပေါ် ဖိကပ်လိုက်ပြီးနောက် သူ၏ခေါင်းထဲ ဖီးနစ်အော်သံတိုင်းပြည်ဧကရီ၏ လက်တို့က တစ်ပြိုင်နက်တည်း တောက်ပလာတော့သည်။ ဧကရီက မျက်လုံးမှိတ်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း သုန်မှုန်လာတော့သည်။ သူမက ကျန်းရီကို သန့်စင်ရန်အတွက် မှော်ပညာများ စတင်ထုတ်ဖော်တော့သည်။

ချင်းယွီက အသက်အောင့်ထားပြီးနောက် မည်သည့်မတော်တဆမှုမှ မဖြစ်တာ သေချာစေရန်အတွက် ကောင်းကင်အာရုံကို ဖြန့်ကျက်လိုက်တော့သည်။ ယခုက အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်သည်။ အမှားအယွင်း ရှိခဲ့လျှင် ကျန်းရီ သေသွားပါက ကိစ္စမရှိသော်ငြား ဖီးနစ်အော်သံဧကရီက ပါဝင်ငြစွန်းခံရပေမလိမ့်မည်။ ယင်းက နယ်မြေအတွက် ကပ်ဘေးတစ်ခု ဖြစ်ပေ၏။

အနက်ရောင် စွမ်းအင်လှိုင်းတစ်ခုက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားတော့၏။ ကျန်းရီက လေးလံနေပြီး အပြည့်အဝ သတိလစ်နေတာပဲ ဖြစ်သည်။ သူ၏ မီးဝိညာဉ်ပုလဲကို ချင်းယွီက ယူသွားရာ သူ့ကို အလိုအလျောက် မကာကွယ်ပေးနိုင်တော့ချေ။ ထို့ကြောင့် အနက်ရောင်စွမ်းအင် သူ့ခေါင်းထဲ ဝင်လာပြီး တဖြည်းဖြည်းချင်း သူ့စိတ်ဝိညာဉ်ထဲတွင် နေရာ အနီရောင်ဓားပုံသဏ္ဌာန်စိတ်ဝိညာဉ်ခန္ဓာအပြင်ဘက်တွင် ရှိနေ၏။

ကျန်းရီ၏ စိတ်ဝိညာဉ်က သူသည် ချိုမြိန်သောအလံသစ်ရွက်ကို သန့်စင်ပြီးနောက် အဆင့်နှစ်သို့ ရောက်ရှိခဲ့ပြီး ဓားပုံသဏ္ဌာန်စိတ်ဝိညာဉ်ခန္ဓာကို သိပ်သည်းနိုင်ခဲ့၏။ ယင်းက မီးနဂါးဓားနှင့် တစ်ထပ်တည်း တူညီနေသော်ငြား မီးနဂါးဓားထက် အဆတစ်ရာ ပိုသေးပေသည်။ သူက ချိုမြိန်သောအလံသစ်ရွက်နှစ်ရွက်ကို ပိုမိုသန့်စင်ခဲ့ပြီးနောက် ထိုဓားပုံစံ စိတ်ဝိညာဉ်ခန္ဓာက ပိုကြီးမားလောသော်ငြား ဆင့်ကဲပြောင်းလဲမည့် လက္ခဏာမပြခဲ့ပေ။

“ဒီသူလျှိုရဲ့ စိတ်ဝိညာဉ်ခန္ဓာက အ‌တော်လေး ထူးဆန်းတာပဲ”

အနက်ရောင်စွမ်းအားက ဖီးနစ်အော်သံဧကရီ၏ ဝိညာဉ်အမှတ်အသား ဖြစ်ပေသည်။ ထို့ကြောင့် ကျန်းရီ၏ စိတ်ဝိညာဉ်က မည်သည့်ပုံမှန်း သူမ အတိအကျ သိသည်။ သက်ပြင်းချလျက် ကျန်းရီ၏ ဓားပုံသဏ္ဌာန်စိတ်ဝိညာဉ်ခန္ဓာထဲ ဝင်ကာ စိတ်ဝိညာဉ်အမှတ်အသားတစ်ခုကို ထိန်းချုပ်‌နေတော့သည်။

ထိုဝိညာဉ်ကျွန် သန့်စင်ရခြင်းက အလွန်ညည်းငွေ့ဖွယ်ကောင်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လက်ခံသူ၏ စိတ်ဝိညာဉ်ခန္ဓာထဲ ဝင်ရောက်ရန် စိတ်ဝိညာဉ်အမှတ်အသားကို ထိန်းချုပ်ရမည် ဖြစ်ကာ သူ၏ စိတ်ဝိညာဉ်တံဆိပ်ကို ရှာဖွေပြီးနောက် သခင်၏ စိတ်ဝိညာဉ်အမှတ်အသားကို လက်ခံသူ၏ စိတ်ဝိညာဉ်တံဆိပ်ပေါ်၌ အမှတ်အသားပြုရမှာပဲ ဖြစ်သည်။ ဤနည်းဖြင့် ကျွန်၏ စိတ်ဝိညာဉ်က အလိုအလျောက် နာခံလာမည် ဖြစ်ကာ သခင်၏ စိတ်ဝိညာဉ်ကို ဖီဆန်ရဲခြင်း ရှိတော့မှာ မဟုတ်ပေ။

သိုင်းပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်က ပိုသန်မာပြီး အတွေ့အကြုံ ပိုရှိလျှင် စိတ်ဝိညာဉ်တံဆိပ်က ပိုခိုင်မြဲပေ၏။ ကျန်းရီ၏ စိတ်ဝိညာဉ်တံဆိပ်က ပိုကောင်းမွန်ပြီး သူသည် စိတ်ဝိညာဉ်တံဆိပ် ကိုးခု ရှိသည်။ ထို့ကြောင့် ဖီးနစ်အော်သံ ဧကရီ၏ စိတ်ဝိညာဉ်တံဆိပ်ကိုးခုလုံးကို ရှာဖွေပြီး တစ်ခုချင်းစီ၌ သူမ၏ စိတ်ဝိညာဉ်အမှတ်အသားကို ရိုက်နှိပ်ရမှာပဲ ဖြစ်သည်။

“တစ်ခု ရသွားပြီ”

မကြာမီ၌ ဖီးနစ်အော်သံဧကရီ၏ အနက်ရောင် စိတ်ဝိညာဉ်အမှတ်အသားသည် ဖုန်ကဲ့သို့ သေးငယ်သော စိတ်ဝိညာဉ်တံဆိပ်တစ်ခုကို ရှာတွေ့သွား၏။ ပြီးနောက် သူမသည် ယင်းအပေါ်၌ သူမ၏ စိတ်ဝိညာဉ်အမှတ်အသားကို ရိုက်နှိပ်ခဲ့တော့သည်။

တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု၊ ငါးခု..

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ဖီးနစ်အော်သံဧကရီ၏ နဖူးထက်၌ ချွေးစေးများ ပေါ်လာတော့သည်။ လူတစ်ဦး၏ စိတ်ဝိညာဉ်အမှတ်အသားကို ထိန်းချုပ်ရာ၌ ခက်ခဲလှပြီး ကျယ်ဝန်းသည့် စိတ်ဝိညာဉ်ခန္ဓာထဲ၌ စိတ်ဝိညာဉ်ခွဲများကို ရှာဖွေရသည်က ခက်ခဲလှပေ၏။ သူမ၏စွမ်းရည်အားလုံးကို မြှုပ်နှံထားပြီး အမှားလုပ်ခွင့် မရှိပေ။ သို့မဟုတ်လျှင် စိတ်ဝိညာဉ်အမှတ်အသားအစုက လက်ခံသူ၏ စားသုံးခြင်းကို ခံလိုက်ရမည် ဖြစ်ကာ သူမ အဆုံးသတ်သွားပေလိမ့်မည်။

ကျန်းရီ၏ စိတ်ဝိညာဉ်က သူမ၏ စိတ်ဝိညာဉ်ထက် အတော်လေး အားနည်းနေပေသည်။ ယခုအချိန်တွင်သူက အတော်လေး သတိလစ်နေသည့် အခြေအနေတွင်သာ ရှိသေး၏။ သို့သော် သူ နိုးလာခဲ့လျှင်တောင် ကိစ္စမရှိပေ။ အလွန်ဆုံးမှ ဖီးနစ်အော်သံဧကရီက သူမ၏ စိတ်ဝိညာဉ်ကို သုံးလျက် ကျန်းရီ၏ စိတ်ဝိညာဉ်ကို တစ်စစီ ဖြိုခွဲကာ သူ့ကို သတ်လိုက်ရုံသာ ရှိသည်။

သူမက ထိုအကြောင်းကို တွေးနေတာပဲ ဖြစ်၏။

“၆.. ၇.. ၈”

ဖီးနစ်အော်သံဧကရီက အဋ္ဌမမြောက် စိတ်ဝိညာဉ်တံဆိပ်ကို တွေ့သည့် အချိန်၌ ကျန်းရီ၏ စိတ်ဝိညာဉ် လှုပ်ခါလာတော့သည်။ သူ နိုးလာခဲ့ချေပြီ။

***

All Chapters