← Chapters

ကူကယ်ရာမဲ့နေသည့် အခြေအနေတွင် ပြန်လည်တိုက်ခိုက်ခြင်း

Vol. 39 Ch. 534

ကူကယ်ရာမဲ့နေသည့် အခြေအနေတွင် ပြန်လည်တိုက်ခိုက်ခြင်း

Vol. 39 Ch. 534

“မကောင်းတော့ဘူး”

ဖီးနစ်အော်သံ ဧကရီက တိတ်တဆိတ် အော်လိုက်၏။ ကျန်းရီနိုးလာသည့်အချိန်က တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏အဋ္ဌမမြောက် စိတ်ဝိညာဉ်တံဆိပ်ကို သူမရှာတွေ့သည့်အချိန် ဖြစ်နေသည်။ သူမ၏ စိတ်ဝိညာဉ် အမှတ်အသားကို ရိုက်နှိပ်နေသည့် အချိန်ဖြစ်သည်။ ယခုအချိန်၌ သူမ၏ စိတ်ဝိညာဉ်က အလွန်အားနည်းနေပေ၏။ ကျန်းရီက သူမကို ဝါးမျိုသွားခဲ့လျှင် သူမ၏ အားစိုက်ထုတ်မှုများ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ဗီး...

ကျန်းရီ၏စိတ်ဝိညာဉ်က တောက်ပလာပြီး ကြမ်းတမ်းစွာ လှုပ်ခါလာတော့သည်။ သူ၏စိတ်ဝိညာဉ်ထဲမှ ငြင်းဆန်သော သန်မာသည့် ခံစားချက်တို့ ပေါ်ထွက်လာ၏။ ဖီးနစ်အော်သံ စိတ်ဝိညာဉ်က ထပ်မံသတိ ပြန်ဝင်သွားပြန်သည်။ ကျန်းရီ၏စိတ်ဝိညာဉ်က တန်ပြန်တိုက်ခိုက်နေပြီး အင်မတန် ကြမ်းတမ်းသည့် ခွန်အားရှိသည်။

ဒီကောင်ရဲ့စိတ်က ဒီလောက်တောင် အစွမ်းထက်တာလား။

မမြင်ရသည့် စိတ်ဝိညာဉ်လှိုင်းများက ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ် တံဆိပ်ထဲ၌ ကြမ်းတမ်းသော ဒီရေသဖွယ် တစ်ဟုန်ထိုး ပေါ်ထွက်လာပြီး သူမကို မဖော်ပြနိုင်လောက်အောင် ဒုက္ခရောက်စေ၏။ ကျန်းရီက ငယ်ရွယ်သေးသည်။ သို့သော် သူ၏စိတ်ကမူ သန်မာပေ၏။ သူ၏စိတ်ဝိညာဉ် တံဆိပ်ခုနှစ်ခုက သူမ၏စိတ်ဝိညာဉ် တံဆိပ်ဖြင့် ရိုက်နှိပ်ခံထားရပြီးဖြစ်ကာ ပြန်တိုက်ခိုက်နိုင်ခြင်း မရှိချေ။ သို့သော်သူမက သူ၏ကျန်သည့် စိတ်ဝိညာဉ် အမှတ်အသားနှစ်ခုမှ တန်ပြန်တိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ခုခံနိုင်ရုံမျှသာရှိသည်။

ကျန်းရီသာ မိနစ်အနည်းငယ်စောပြီး နိုးလာခဲ့လျှင် တန်ပြန်တိုက်ခိုက်မှုက မည်မျှအစွမ်းထက်မည်နည်း။ သူစောစောနိုးလာခဲ့လျှင် ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ်က ထိုမျှ ကုန်ဆုံးပြီး ဖြစ်နေမှာ မဟုတ်ပေ။ ထို့ကြောင့်သူမ အားနည်းနေမှာ မဟုတ်ချေ။

“ဟိတ်ကောင် ငါ့ကိုသိပ်တွန်းအား မပေးနဲ့ မဟုတ်ရင် မင်းရဲ့စိတ်ဝိညာဉ်ကို ခွဲပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်ဖြစ်အောင် ပြောင်းလဲလိုက်မယ်”

ဖီးနစ်အော်သံဧကရီက ညှိနှိုင်းရတာကို မုန်းပေ၏။ သူမ၏ အတွေးများကို စိတ်ဝိညာဉ် အမှတ်အသားကနေ တစ်ဆင့် ကူးပြောင်းလျက် ကျန်းရီ၏ စိတ်ဝိညာဉ်ကို အနှောက်အယှက်ပေးရန် ရည်ရွယ်ကာ တန်ပြန်တိုက်ခိုက်မှုကို ဖိနှိပ်လျှက် သူ့ကိုအောင်မြင်စွာ သန့်စင်ရန် လုပ်ဆောင်နေသည်။

သူမသည် စိတ်ဝိညာဉ် အမှတ်အသား ခုနှစ်ခုကို တံဆိပ်ရိုက်နှိပ်ခဲ့ပြီးဖြစ်ကာ နှစ်ခုသာကျန်တော့သည်။ သူမ ယခုအချိန်၌ လက်မလျော့ချင်တာ သဘာဝကျပေ၏။ ကျန်းရီ၏စိတ်က ပိုသန်မာလေ နောင်၌သူ၏ ဆောင်ရွက်ချက်က ပိုပြီးမြောက်လေဖြစ်သည်။ ကျန်းရီကို သူမထိန်းချုပ်မှုအောက်ထဲ ခေါ်လာခြင်းက အကန့်အသတ်မဲ့ အလားအလာရှိသော စစ်သူတော်တစ်ဦး ပိုရှိနေခြင်းနှင့် ညီမျှပေ၏။

“ကျွန်ဖြစ်မဲ့အစား ကျုပ်သေလိုက်မယ်”

ကျန်းရီ၏ စိတ်ဝိညာဉ် အမှတ်အသားထဲတွင် အလွန်ရှင်းလင်းသည့် သဘောထားတစ်ခုက ပေါ်ထွက်နေ၏။ ထိုသို့ပေါ်လာပြီးနောက် ပြန်ကန်မှုက ပိုသန်မာလာတော့သည်။ ဖီးနစ်အော်သံဧကရီက နဖူးပေါ်၌ ချွေးစေးများ ပိုပြန်လာပြီးနောက် သူမ၏သေးသွယ်သော ခန္ဓာကိုယ်က တုန်ရီလာတော့သည်။

ဖျောက် ဖျောက်

ချွေးစေးများက သူမ၏ ကျောက်စိမ်းပမာ မျက်နှာပေါ်မှ စီးကျလာပြီး မြေပြင်ပေါ်ရှိ ထုံးကျောက်များပေါ် ကျသွားကာ အသံသဲ့သဲ့ ပေါ်လာတော့၏။

အသံက သိပ်မကျယ်သည့်တိုင် ခန်းမအပြင်ဘက်၌ စောင့်ဆိုင်းနေသော ဒေသသခင်မချင်းယွီက သတိဝင်သွားသည်။ သူမက အမြန်လှည့်ကြည့်လိုက်ရာ လှပသော မျက်အိမ်တို့က ကျုံ့သွားပြီး ချယ်ရီရောင် နှုတ်ခမ်းတို့က ဟသွားသည်။ သူမမျက်နှာ၌ မယုံနိုင်မှုများ ပြည့်နေ၏။

ဖီးနစ်အော်သံနယ်မြေဧကရီ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို သန့်စင်တာတောင် ဒီလောက်ခက်ခဲတယ်လား။ တန်ပြန်တိုက်ခိုက်မှု ဝေဒနာကိုလည်း ခံစားနေရတဲ့ပုံပဲ။

“ဟမ့်”

ဒေသသခင်မချင်းယွီက နှာခေါင်းရှုံ့လိုက်သည်။ သူမ၏လက်ထဲ၌ အတွင်းအားပေါ်လာပြီး ကျန်းရီကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေတော့သည်။ သူမအဖို့ ဖီးနစ်အော်သံ လုံခြုံရေးကသာ အမြဲတမ်း ပထမဖြစ်၏။ ကျန်းရီ၏ သေခြင်းတရားကမူ နောင်တရရမည့် အရာမဟုတ်ပေ။

“ဟိတ်ကောင် အခုရပ်လိုက် မဟုတ်ရင်မင်းကို ချက်ချင်း သတ်ပစ်လိုက်မယ်”

ဖီးနစ်အော်သံဧကရီက ထပ်မံမခုခံနိုင်တော့ချေ။ ကျန်းရီ၏စိတ်ဝိညာဉ်က သူမ၏စိတ်ဝိညာဉ် အမှတ်အသားကို ကြမ်းတမ်းစွာ တွန်းထုတ်နေ၏။ တွန်းအားက အလွန်မပြင်းထန်သော်ငြား တည်ငြိမ်သည့် စီးကြောင်းတစ်ခုထဲ ဝင်လာတော့သည်။ ကျန်းရီက ဖီးနစ်အော်သံဧကရီ သူမနည်းလမ်းအတိုင်း ပြုမူမည်ထက် သေလိုက်မည့်ပုံသာ ပေါ်နေ၏။

“ဒါဆိုသေပေတော့”

ဖီးနစ်အော်သံဧကရီက ဒေါသထွက်သွားသည်။ အနက်ရောင်အလင်းက သူမ၏ခန္ဓာကိုယ်၌ ဖျတ်ခနဲပေါ်လာပြီး ယခင်ကထက် ဆယ်ဆပိုကြီးမားသည့် စိတ်ဝိညာဉ်က သူမ၏စိတ်ထဲမှ တိုးထွက်လာပြီး ကျန်းရီ၏ ဓားသဏ္ဍန် စိတ်ဝိညာဉ်ဆီသို့ ဦးတည်သွားတော့သည်။ သူ၏စိတ်ဝိညာဉ်က လဲပြိုသွားလျှင် သူမက စိတ်ဝိညာဉ်အမှတ်အသားများ ပြန်ရနိုင်ပေ၏။

စိတ်ဝိညာဉ် အမှတ်အသားများက အလွန်အရေးကြီးပေသည်။

ဝိညာဉ်ချိပ်က စိတ်ဝိညာဉ် အမှတ်အသားတစ်စမှ သိပ်သည်းထားမှုသာဖြစ်သည်။ ကျန်းရီက စိတ်ဝိညာဉ် အမှတ်အသားများကို ဖျက်ဆီးခဲ့လျှင် သူမ၏စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ထိခိုက်သွားမှာပဲဖြစ်၏။ ချင်သစ်ချီဧကရာဇ်က မဟူရာဖီးနစ်မြို့ထဲတွင် သူမကို စောင့်ကြည့်နေတာဖြစ်သည်။ သူမဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်သွားပေလိမ့်မည်။

ပိုတောင်ဆိုးသည်က ကျန်းရီက သူမ၏ စိတ်ဝိညာဉ် အမှတ်အသားကို သန့်စင်နိုင်ခဲ့လျှင် ကျန်းရီထိန်းချုပ်တာ ခံလိုက်ရမှာပဲဖြစ်သည်။ အရင်က သူမ၏ဝိညာဉ်ချိပ်ကို အညံ့ခံပေးအပ်ခြင်းနှင့် တူညီနေသည်။ သူမ၏အသက်က သူ့လက်ထဲတွင် ရောက်သွားပေလိမ့်မည်။ စိတ်ဝိညာဉ် အမှတ်အသားက ကျန်းရီ၏လက်ထဲ ရောက်သွားခဲ့လျှင် ကျန်းရီကို ပုန်ကန်ရန်အတွေး မည်သည့်အခါမှ တွေးမိတော့မည် မဟုတ်ချေ။

ထိုသို့ဘယ်တော့မှ ဖြစ်လာမှာမဟုတ်။ ကျန်းရီ၏စိတ်ဝိညာဉ်က သူမ၏ စိတ်ဝိညာဉ် အမှတ်အသားများကို သန့်စင်ရန် အားနည်းလွန်းနေ၏။ ထို့အပြင်သူမ၏ စိတ်ဝိညာဉ်ဆယ်ခုက ကျန်းရီ၏ခေါင်းထဲ ရောက်နေခဲ့ပြီးဖြစ်ကာ ဓားပုံသဏ္ဍန် ဓားဝိညာဉ်ဆီသို့ ရောက်တော့မှာပဲဖြစ်သည်။ ထိုကဲ့သို့ အစွမ်းထက်သော စိတ်ဝိညာဉ်က ကျန်းရီ၏ စိတ်ဝိညာဉ်ခန္ဓာကို ချက်ချင်းဖြိုခွဲပြစ်နိုင်သည်။

“သေပေတော့”

ဖီးနစ်အော်သံဧကရီက စိတ်ထဲ၌ နက်ရှိုင်းစွာ အော်ဟစ်လိုက်ပြီးနောက် ကျန်းရီ၏ ဓားပုံသဏ္ဍန် ဓားဝိညာဉ်ထဲသို့ စိတ်ဝိညာဉ်များ တိုးဝှေ့သွားစေရန် ထိန်းချုပ်ခဲ့သည်။

ဖုန်း

အနည်းငယ် ပေါက်ကွဲသံ ပေါ်ထွက်လာပြီး ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ်က ရုတ်တရက် စီးထွက်လာပြီး စမ်းချောင်းငယ်ထဲသို့ ရောက်လာသည့် ဧရာမလှိုင်းများနှယ် ဖြစ်နေတော့သည်။ ကျန်းရီ၏စိတ်ဝိညာဉ်ထဲရှိ ဓားပုံသဏ္ဍန် စိတ်ဝိညာဉ်ခန္ဓာက တစ်တိတိ ဆေးကြောခံလိုက်ရပြီး မကြာမီ၌ မြောပါသွားတော့သည်။ သူ၏စိတ်ဝိညာဉ်အနားက ယခုအချိန်တွင် ယခုအချိန်တွင် အချိန်မရွေး ပြိုကွဲကောင်း ပြိုကွဲသွားနိုင်သည်။ ပြင်းထန်သော ဖိအားကြောင့် ဖြစ်ပေ၏။ ထိုသို့ဖြစ်သွားသည်နှင့် ကျန်းရီ၏စိတ်ဝိညာဉ် သေဆုံးသွားမည်ဖြစ်ကာ သူကလမ်းလျှောက်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားတာမျိုး သို့မဟုတ် သေသွားတာမျိုး ဖြစ်ပေလိမ့်မည်။

ဘီး

ကျန်းရီ၏ ဓားသဏ္ဍန် စိတ်ဝိညာဉ်တစ်ခုလုံး လင်းထိန်လာပြီးနောက် မထင်ထားသည့် တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကျန်းရီ၏ စိတ်ဝိညာဉ်ဓားပုံသဏ္ဍာန် ခန္ဓာက မီးနဂါးဓားနှင့် ဆင်တူနေသော ဓားပုံသဏ္ဍာန် စိတ်ဝိညာဉ်ခန္ဓာက အနက်ရောင်အလင်းဖြင့် တောက်ပလာပြီး ယင်းက သာမာန်အနက်ရောင် အလင်းမဟုတ်ပေ။ ထိုအစား ကျန်းရီ၏ စိတ်ဝိညာဉ်ခန္ဓာထဲမှ ပေါ်ထွက်လာသည့် အနက်ရောင် အလင်းတန်းမဟုတ်ဘဲ ဓားပုံသဏ္ဌာန် ဓားဝိညာဉ်ခန္ဓာ၏ မျက်နှာပြင်ပေါ်ရှိ အနက်ရောင် စကားလုံးအချို့မှဖြစ်သည်။

ကျန်းရီက ယခုအချိန်တွင် စိတ်ကြည်လင်နေခဲ့လျှင် ထိုစကားလုံးများကို ဖတ်မိသည့်အခါ အံ့သြသွားပေလိမ့်မည်။

“ကောင်းကင်နယ်မြေကြီးက ကျယ်ပြောလွန်းတယ် နည်းလမ်းက ထာဝရပဲ ကောင်းကင်ရဲ့နိယာမကို သက်သေပြနိုင်ဖို့ လူတစ်ယောက်က ကိုယ်တိုင်အရင်ဆုံး ကျင့်ကြံရမယ်”

ကျန်းရီ၏စိတ်ဝိညာဉ်ထဲ၌ အနက်ရောင် စကားလုံးများ ပေါ်လာပြီး ယင်းကအမည်မဲ့ နတ်ဘုရားသိုင်းအတွက် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ တစ်ဒါဇင်သော အနက်ရောင် စကားလုံးများနှင့် သင်္ကေတများက သူ၏စိတ်ဝိညာဉ်ထဲရှိ ရှောင်ကျွမ်းထဲ၌ ပေါ်လာတော့သည်။

ထိုအနက်ရောင် စကားလုံးများက လှည့်ပတ်နေပြီး ဓားသဏ္ဍန် စိတ်ဝိညာဉ်ခန္ဓာကိုယ် အပြင်ဘက်၌ လှုပ်ရှားနေပြီး စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးကို အနက်ရောင်အလင်းဖြင့် လင်းထိန်နေ၏။ သန့်စင်ပြီး အင်မတန်အစွမ်းထက်သော အရှိန်အဝါက စကားလုံးများမှ ပေါ်ထွက်လာတော့သည်။

“ဒါ ဒါကဘာလဲ” ဖီးနစ်အော်သံဧကရီက ကြောက်လန့်မှုကြောင့် မျက်နှာဖြူရော်သွား၏။ ရှောင်ကျွမ်းထဲရှိ အနက်ရောင်စကားလုံး တစ်ဒါဇင်မှ အန္တရာယ်ကို ခံစားမိနေသည်။ သူတို့ကလည်း သူမကို ကြောက်လန့်ပြီး စိတ်ပျက်အားငယ်စေသော အမည်မသိ စွမ်းအားအချို့ကို ပိုင်ဆိုင်ထားသည်။

ကျွီ ကျွီ

ရှောင်ကျွမ်းထဲရှိ အနက်ရောင် စကားလုံးများက အပြင်ဘက်၌ တစ်ပတ်လှည့်လည်ပြီးနောက် စိတ်ဝိညာဉ်ခန္ဓာထဲသို့ တစ်ဟုန်ထိုး ဝင်လာကြသည်။ ပြီးနောက် ဖီးနစ်အော်သံဧကရီကို ပိုတောင် ကြောက်လန့်စေသည့်အရာ ဖြစ်လာတော့သည်။ သူမပို့လွှတ်ခဲ့သော စိတ်ဝိညာဉ်ဆံမျှင်ကလည်း အနက်ရောင် စကားလုံးများ၏ တိုက်ခိုက်မှုအောက်၌ ပပျောက်သွားပြီဖြစ်ကာ စိတ်ဝိညာဉ် အမှတ်အသားများဆီ များစွာသော ချွန်ထက်သည့်ဓားများနှင့် တစ်ဟုန်ထိုး ဝင်လာကြ၏။

“မဟုတ်ဘူး မဟုတ်ဘူး”

ဖီးနစ်အော်သံဧကရီ၌ ထူးဆန်းသော ခံစားချက်ရှိနေပြီး သူမ၏ စိတ်ဝိညာဉ် အမှတ်အသားက အနက်ရောင်စကားလုံးများနား နီးကပ်လာလေ သူတို့က သေချာပေါက် ကျော်တက်သွားပြီး ယဉ်ပါးအောင် ပြုလုပ်ခံရမှာ ဖြစ်နေသည်။

တစ်နည်းဆိုရလျှင် သူမက ကျန်းရီသန့်စင်တာခံရပြီး သူ၏ဝိညာဉ်ကျွန် ဖြစ်လာလောက်သည်။

သေးသွယ်သော ခန္ဓာကိုယ်က ပိုတောင်ကြမ်းတမ်းစွာ တုန်ယင်လာသည်။ သူမ၏ နဖူး၌ ချွေးစေးများ ပြန်လာသည်။ ကျန်းရီ၏ ဦးနှောက်ဆီသို့ သွားနေသော စိတ်ဝိညာဉ် လှည့်ပတ်မှုကို ရပ်တန့်လိုက်သည်။ ထိုအစား ရှောင်ကျွမ်းထဲရှိ အနက်ရောင် စကားလုံးများကိုသာ ခုခံလိုက်ကာ သူမ၏စိတ်ဝိညာဉ် အမှတ်အသားများကို ကယ်တင်ရန် ပြင်လိုက်၏။

“မကောင်းတော့ဘူး”

အခြေအနေကို စောင့်ကြည့်နေသည့် ဒေသသခင်မချင်းယွီကလည်း ကြောက်လန့်မှုကြောင့် ဖြူရော်နေသည်။ သူမက ဖီးနစ်အော်သံဧကရီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အကြောက်တရားကို အာရုံခံမိသည်။ ထို့ကြောင့်သူမက ဘာဖြစ်နေမှန်းမသိပေ။ ယင်းကို ကြာရှည်အချိန်ဆွဲ၍မရမှန်း သူမ သိနေပေ၏။ မဟုတ်လျှင် အမှန်တကယ် စုဝေးရသည့်အရာက ချက်ချင်းဖြစ်ပျက်လာလောက်သည်။

ဝှစ်

ကျန်းရီက ဖီးနစ်အော်သံ ဧကရီဘေး၌ ရှိနေသည်။ ထို့ကြောင့် သူမသည် မည်သည့်တာအိုပုံစံ အတွင်းအားတိုက်ကွက်ကိုမှ မထုတ်နိုင်ခဲ့ချေ။ သူမလက်ထဲ၌ လက်စွပ်တစ်ကွင်း လင်းလာပြီး ဓားမြှောင်တစ်လက် ပေါ်လာတော့၏။ ကျန်းရီကို ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။

ကျန်းရီသေသွားခဲ့လျှင် ဖီးနစ်အော်သံဧကရီက လူသေတစ်ယောက်သည် မည်သို့မျှ မချိန်းခြောက်နိုင်တော့သောကြောင့် လုံခြုံသွားပေလိမ့်မည်။ ဓားမြှောင်က အေးတိအေးစက် အလင်းတန်းဖြင့် တောက်ပလာပြီးနောက် ကောင်းကင်ကိုခွင်းကာ ကျင်းရီ၏ခေါင်းဆီသို့ တန်းတန်းမတ်မတ် ချိန်ရွယ်လိုက်တော့၏။ ဒေသသခင်မချင်းယွီက သတ်ဖြတ်လိုစိတ်ဖြင့် အော်ပြောလိုက်တော့သည်။

“ဆန်ကုန်မြေလေး သေပေတော့”

သုံးမီတာ၊ နှစ်မီတာ၊ တစ်မီတာ၊ မီတာဝက် ဓားမြှောင်က အချိန်တိုအတွင်း ဖျတ်ခနဲ ဖြတ်သန်းလာ၏။ ဓားမြှောင်မှ ကျောချမ်းဖွယ် တည်ရှိမှုက ကျန်းရီ၏မျက်နှာနား၌ ဝဲနေပြီး သူတို့၏ မျက်ခုံးနှစ်ဖက်ကြားရှိ နေရာဆီသို့ ဦးတည်သွားတာပဲဖြစ်သည်။

ဘီး

ထိုစဉ် ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ သူ၏အနက်ရောင် မျက်ဝန်းတစ်စုံက ရီမူးရိပ်တို့ ပြေးနေသည်။ နှုတ်ခမ်းကို ကွေးတက်လျှက် အေးအေးလူလူ ပြောလိုက်သည်။

“ချင်းယွီ မင်းအခု ဘာလုပ်နေတာလဲ မင်းကို အကြိမ်ပေါင်းတစ်သန်းလောက် ပြောပြီးပြီ၊ မိန်းမတစ်ယောက်လို ပြုမူ ဒီလောက်ထိ မကြမ်းတမ်းနဲ့ အမျိုးသမီးတစ်ယောက်က နေ့စဉ်နေ့တိုင်း တိုက်ခိုက်သတ်ဖြတ်နေလို့ မရဘူးလေ”

***

All Chapters