← Chapters

ကမ္ဘာကြီးကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဝူချင်းရှီ။ စိတ်စွမ်းအင်ကြောင့် ပုံစံပြောင်းလဲခြင်း။ (၆)

Vol. 27 Ch. 394

ကမ္ဘာကြီးကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဝူချင်းရှီ။ စိတ်စွမ်းအင်ကြောင့် ပုံစံပြောင်းလဲခြင်း။ (၆)

Vol. 27 Ch. 394

“ဂါး”

ဧရာမ လင်းယုန်နက်ကြီးက စူးရှတဲ့ အော်သံကို ထုတ်လိုက်ပြီး အတောင်တွေကို ဖြန့်ကာ ဟာရီကိန်းမုန်တိုင်း တိုက်သွားသည့်နှယ် ကောင်းကင်ကို ပျံတက်သွားလေတော့သည်။

လင်းယုန်ရဲ့ ကျောပေါ်၌ လော့လုံက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “ဒီဟုန်ကျန်းရှန့်လည်း ရှားပါးတဲ့ ပါရမီရှင်ပဲ။ နှမြောစရာပဲ… သူဒီလိုဆုံးဖြတ်ချက်မျိုးကို ချခဲ့တာ။ သာမန်အရာတွေနဲ့ ကျေနပ်နေတဲ့သူမျိုးပဲ။”

“ဟမ့်… ဘဝဆိုတာ အနှစ်တစ်ရာပဲနေရတာ။ တိုးတက်ဖို့ လမ်းကြောင်းကို မဆုပ်ကိုင်ဘဲနေတာက သာမန်လူတွေ၊ အရူးတွေပဲ။ ဒီလောကမှာ ကိုယ်စွမ်းသလောက် မကြိုးစားကြဘူး။ လူလာဖြစ်တာ အလကားပဲ။ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။”

သို့သော် မိန်းမစိုးရှက အေးစက်စက်နှင့် ဟုန်ကျန်းရှန့်၏ ရွေးချယ်မှုကို မထီမဲ့မြင်ပြုကာ ရှုံ့ချလိုက်သည်။ ဘဝဟာ တိုတောင်းလွန်းပါသည်။ အနှစ်တစ်ရာ နှစ်ရာလောက်ပဲ ရှိသည်။ အောင်မြင်မှု ကြီးကြီးမားမား ရဖို့မကြိုးစားဘဲ အခွင့်အရေးရရက်သားနဲ့ လက်လျှော့လိုက်တာမျိုးက ရည်မှန်းချက်မရှိတာကို ပြသနေသည်။ ဒီလိုလူမျိုးဟာ သူလိုကိုယ်လို ထူးမခြားနားတဲ့ သာမန်ပါရမီရှင်တစ်ယောက်သာ ဖြစ်သည်။

…

မိန်းမစိုးရှနဲ့ လော့လုံတို့ ထွက်သွားပြီးနောက် စူးချန်ခုန်းက ထိုင်ခုံမှာထိုင်ကာ ခေါင်းယမ်းလိုက်သည်။ “ငါသွားချင်တဲ့လမ်းကြောင်း၊ ငါလိုက်စားတဲ့အရာတွေက… သူတို့နဲ့ မတူဘူး…”

စူးချန်ခုန်းက သူ့ရွေးချယ်မှုအတွက် နောင်တမရပါ။ သူ့ကံကြမ္မာကို တခြားသူတွေ ထိန်းချုပ်မယ့်အစား သူ့ရဲ့ စွမ်းအင်လမ်းကြောင်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ သူ့ဘာသာသူ နည်းလမ်းရှာချင်သည်။

“ဆရာစူး၊ ဘာကြောင့်များလဲ။ မိန်းမစိုးရှနဲ့ သူ့အဖော် ထွက်သွားတုန်းက သိပ်ကျေနပ်ပုံမပေါ်ဘူး။”

ဖေယန်က အခန်းထဲကို ဝင်လာပြီး သူတို့ကြားမှာ ဘာတွေဆွေးနွေးခဲ့လဲဆိုတာ မသိသောကြောင့် သူဇဝေဇဝါဖြစ်နေရတဲ့အကြောင်းကို မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ မေးခွန်းတချို့မေးရုံပါ။ အုပ်ချုပ်ရေးမှူးဖေ၊ ကျွန်တော် အခု အနားယူလိုက်ပါဦးမယ်။" စူးချန်ခုန်းက ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်ရှင်းမပြချင်ခဲ့။ ဖေယန်ကလည်း စူးချန်ခုန်းက မီးလျှံနဂါးအစောင့်တပ်ထဲ ဝင်ဖို့ ငြင်းဆိုခဲ့တာကို မယုံနိုင်စရာလို့ ထင်ကောင်းထင်နိုင်ပါသည်။

တိဟန်ရဲ့ လိုက်ပို့မှုနဲ့ စူးချန်ခုန်းက ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကနေ တိတ်တဆိတ်ထွက်ခွာပြီး အိုက်ဝေ့အိမ်တော်ဆီ ပြန်သွားခဲ့သည်။

မိန်းမစိုးရှနဲ့ လော့လုံတို့ ရောက်ရှိလာတာက ခဏလေးသာဖြစ်ပြီး 'ဟုန်ကျန်းရှန့်' လုံးဝ ပျောက်ကွယ်သွားသလိုပင်။ ဖေယန်က ဟုန်ကျန်းရှန့်ဟာ ဒဏ်ရာတွေကနေ ပြန်ကောင်းလာစေဖို့ သူ့ရဲ့ကျေးလက်ဇာတိမြို့ကို ပြန်သွားပြီး လောလောဆယ်မှာ ဦးဆောင်ရာထူးကို မယူတော့ဘူးလို့ လူသိရှင်ကြား ပြောဆိုခဲ့သည်။

တာ့ဖုန်းပြည်နယ်မြို့တော်က လူတိုင်းက အဲဒီနာမည်ကို မှတ်မိကြမှာဖြစ်သည်။

"ငါကြိုးကြိုးစားစား လေ့ကျင့်ပြီး ဝူချင်းရှီကို အဆင့် ၁၀ အထိ မြှင့်တင်ရမယ်။"

အိုက်ဝေ့အိမ်တော်မှာ စူးချန်ခုန်းဟာ သူ့ရဲ့ ငြိမ်းချမ်းတဲ့ နေ့ရက်တွေကို ပြန်လည်စတင်ခဲ့ပြီး နေ့တိုင်း ဝူချင်းရှီကို လေ့ကျင့်သလို တစ်ခါတစ်ရံမှာ အိမ်တော်တစ်ဝိုက်မှာ လမ်းလျှောက်လေသည်။

စူးချန်ခုန်း နာလန်ပြန်ထူတာက တော်တော်လေး ကောင်းလာပါသည်။ သူဟာ ပုံမှန်လူတစ်ယောက်လို တဖြည်းဖြည်း လှုပ်ရှားနိုင်ပေမယ့် ပြေးတာလွှားတာ ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မလုပ်နိုင်သော်ငြား အနည်းဆုံးတော့ နည်းနည်းပါးပါးလောက် သွားရုံလာရုံနဲ့ မောပန်းနေတာမျိုးတော့ မဖြစ်တော့ပါ။

အကြီးမားဆုံးတိုးတက်မှုကတော့ စူးချန်ခုန်းရဲ့ ဝူချင်းရှီပင်ဖြစ်သည်။

ဝူချင်းရှီ (နဝမနယ်ပယ် ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့် ၃၅%)၊ ဝူချင်းရှီ (နဝမနယ်ပယ် ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့် ၃၆%)…

စူးချန်ခုန်းဟာ နတ်ဆိုးစွမ်းအင်ပုံစံအတတ်ရဲ့ အနှစ်သာရကို နားလည်ပြီး ဝူချင်းရှီ လေ့ကျင့်မှုမှာ ထည့်သွင်းပြီးနောက် သူ့ရဲ့စိတ်စွမ်းအင်နဲ့ လေ့ကျင့်သောကြောင့် သူ့ရဲ့ဝူချင်းရှီဟာ နေ့စဉ် တိုးတက်ကောင်းမွန်လာပြီး အဆင့် ၁၀ ရောက်ဖို့က အချိန်တစ်ခုသာ လိုလေသည်။

“ဝှစ် ဝှစ် ဝှစ်”

စူးချန်ခုန်းရှေ့တွင် သူ့အတွေးထဲ၌ စုစည်းထားသော ပုံရိပ်များသည် ပိုမိုခိုင်မာလာပြီး မျက်စိဖြင့်ပင် မြင်နိုင်ကာ သူ့ရှေ့၌ပင် ဝူချင်းရှီကို လေ့ကျင့်နေပြီး လက်သီးတစ်ချက်ချင်းစီနှင့် လှုပ်ရှားမှုတစ်ခုစီတိုင်းက လေကိုခွင်းလိုက်သည်နှင့်အမျှ အသံတစ်ခု ဖန်တီးနေသည်။

ဒါက တကယ်ကို စိတ်ကူးပင်မယဉ်နိုင်လောက်သည့်အရာဖြစ်ပြီး ကျန်းမာရေးထိန်းသိမ်းသည့် လက်သီးနည်းစနစ်အတွက် ဒီလိုအရာကို ရရှိအောင်မြင်နိုင်တာက မယုံနိုင်စရာပင်။

ဤလမ်းစဉ်ကိုလိုက်ကာ စူးချန်ခုန်းသည် ဝူချင်းရှီကို လေ့ကျင့်ရန် သူ၏စိတ်စွမ်းအင်များဖြင့် နေ့စဉ် အကောင်အထည်ဖော်နေရာ သူ၏ ရုပ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုရှိလာလေသည်။ စိတ်ပျိုလေ ကိုယ်နုလေဖြစ်သည်။

“ဝူချင်းရှီ အဆင့်တစ်ဆယ်ကို ရောက်တာနဲ့ ငါတာ့ဖုန်းပြည်နယ်မြို့တော်ကနေ ထွက်ပြီး ငါ့ရဲ့စွမ်းအင်လမ်းကြောင်းတွေကို ပြန်ကောင်းအောင်လုပ်ဖို့ နည်းလမ်းရှာမယ်” စူးချန်ခုန်းက တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ဘယ်သူကမှ မသန်မစွမ်းမဖြစ်ချင်ကြပေ။ စူးချန်ခုန်းလည်း ထိုသို့ပင်ဖြစ်သော်လည်း တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဟု နှလုံးသွင်းကာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည်ကို သူနားလည်သည်။ အလျင်စလိုလုပ်ဖို့ မလိုပါ။

နွေရာသီမှ ဆောင်းဦးရာသီသို့ ရောက်ကာ လေထုထဲ၌ အေးမြတဲ့ အရိပ်အယောင်တို့ တစ်စွန်းတစ်စ ပေါ်လာပြီး ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိလာတဲ့အထိ တဖြည်းဖြည်း တိုးမြင့်လာလေ၏။

နေ့ရက်တွေဟာ ကျေနပ်အားရမှုတွေနဲ့ ပြည့်နှက်နေပြီး အမြဲတမ်း မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့သည်။ ဆည်းဆာတိုက်ပွဲနဲ့ စူးချန်ခုန်းရဲ့ နောက်ဆုံးအတွေ့အကြုံက ခြောက်လလောက် ကြာမြင့်ခဲ့ပြီး နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားတဲ့အခါမှာတော့ သူဟာ အသက် ၂၂ နှစ် ရှိသွားလေပြီ။

ဆောင်းရာသီမှာ ကောင်းကင်ကနေ နှင်းပွင့်လေးတွေ ကြွေကျလာပြီး စူးချန်ခုန်းကတော့ ရွက်ဝါတွေ ကြွေကျနေတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ တင်ပျဉ်ခွေထိုင်နေ၏။ သို့ပေမယ့် သူ့ပတ်ပတ်လည်မှာတော့ အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်တည်နေသည်။

“ဝေါင်း”

စူးချန်ခုန်းဟာ မလှုပ်မယှက်ထိုင်နေပေမယ့် သူ့ရှေ့က လေထုထဲမှာ ကောင်းကင်ကြီးကို ဟိန်းဟောက်နေတဲ့ ဧရာမကျားကြီးတစ်ကောင်ရဲ့ ပုံရိပ်ဟာ ခပ်ဖျော့ဖျော့ ပေါ်လာလေ၏။ တကယ့်အသံအစစ်တွေ မထုတ်လွှတ်ပေမယ့် ဟိန်းဟောက်သံက ကျလာနေတဲ့ နှင်းပွင့်တွေကို အမှုန့်အဖြစ် ပြောင်းလဲသွားစေတဲ့ လှိုင်းလုံးကြီးတစ်ခုကို သယ်ဆောင်လာသည့်သယောင်ပင်။

ဒါတင်မကသေး စူးချန်ခုန်းက သူ့အတွေးတွေကို စူးစိုက်ကာ သူ့ရဲ့ 'အနှစ်သာရ' ကို ဧရာမကျားပုံရိပ်ထဲသို့ ထည့်သွင်းလိုက်သည်။ ဒါက ချီးခါထူနဲ့ တိုက်ခိုက်တုန်းက တောက်ယင်နည်းပညာရဲ့ ရှစ်ခုမြောက်နယ်ပယ်ကို ရောက်တဲ့အခါ သူကျွမ်းကျင်ခဲ့တဲ့ နည်းစနစ်ဖြစ်သည်။

ဒီနည်းစနစ်နဲ့ သူ့ရဲ့ မြားအတတ်ကို ကိုးခုမြောက်နယ်ပယ်ကို တွန်းပို့ခဲ့တာဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် အားကောင်းစေဖို့အတွက် သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲကို စုပ်ယူနိုင်ဖို့ ကောင်းကင်သွေးခုန်နှုန်းနဲ့ သန့်စင်ရမှာဖြစ်သည်။ ကောင်းကင်သွေးခုန်နှုန်းမရှိဘဲ စူးချန်ခုန်းက သူ့ခန္ဓာကိုယ်ထဲကို စုပ်ယူခြင်းမပြုဘဲ သူ့ရဲ့ သိုင်းပညာစွမ်းရည်တွေနဲ့ ပေါင်းစပ်လိုက်ရာ တိုက်ခိုက်မှု ပုံစံတစ်ခုအနေနဲ့ ဒါက အလွန်နက်ရှိုင်းလေသည်။

အရင်က မူလနယ်ပယ်ထဲကို ခဏတာ ခြေချခဲ့ဖူးတဲ့ စူးချန်ခုန်းဟာ လူသား 'အနှစ်သာရ' နဲ့ ကိုက်ညီတဲ့ လူသားပန်းကို စုစည်းရုံနှင့် လက်ဗလာချည်းထွက်လာတာမျိုး မဟုတ်ပါ။ ဒါကြောင့် သူဟာ တခြားသူတွေ မလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ပြီးမြောက်အောင် သူ့ရဲ့ကိုယ်ပိုင်အနှစ်သာရစွမ်းအင်ကို အသုံးပြုနိုင်ခဲ့သည်။

"ဝူး"

တောက်ယင်ဝိညာဉ်စွမ်းအင်၏ ကြီးမားသောလွှမ်းမိုးမှုအောက်တွင် စူးချန်ခုန်း၏အတွေးကို ၎င်း၏သွေးကြောအဖြစ်နှင့် သူ၏အနှစ်သာရကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုသည့် ဧရာမကျား၏ပုံရိပ်သည် သဘာဝတရား၏ဝိညာဉ်စွမ်းအင်ကို ၎င်းထံဆွဲဆောင်သည့် ဝဲတစ်ခုဖန်တီးနေပုံရသည်။

မူလက အလွန်တရာ နူးညံ့သိမ်မွေ့သော ကျားကြီးသည် ယခုအခါ ကြီးမားပြီး ၎င်း၏ခန္ဓာကိုယ်နှင့် ဦးခေါင်းကို ရှင်းရှင်းလင်းလင်းပေါ်လာပြီး ၎င်း၏ဝါကြန့်ကြန့်အမွေးများက လေထဲတွင်ယိမ်းနွဲ့ကာ ရက်စက်ပြီး ကြောက်စရာကောင်းလှသည်။ ၎င်းက ဆယ်ပေကျော်ရှည်လျားပြီး အလွန်အသက်ဝင်ပုံရကာ ကျားတစ်ကောင်၏စွမ်းအားအရှိန်အဝါကို ထုတ်ဖော်ပြသနေလျက်။

“ဝေါင်း”

ဧရာမကျားပုံရိပ်သည် သူ့ရှေ့က နှင်းဖုံးလွှမ်းနေသည့် မြေပြင်ဘက် ဦးတည်ကာ ဟိန်းဟောက်လိုက်လေ၏။

“ဒုန်း”

အသံလှိုင်းပျံ့နှံ့သွားပြီး နှင်းပွင့်များ လွင့်စင်ကာ ဝိညာဉ်စွမ်းအင်တွေ ပျံ့နှံ့သွားပြီး သူ့ရှေ့က ထူထပ်သောနှင်းလွှာသည် ကွဲအက်လျက် ချောက်နက်ကြီးတစ်ခုကို ပေါ်လာလေ၏။

All Chapters