← Chapters

လေဟာနယ် ရိုက်ချက်။ ကရုဏာရှင် စူးထိုက်လိုင်။ (၂)

Vol. 27 Ch. 400

လေဟာနယ် ရိုက်ချက်။ ကရုဏာရှင် စူးထိုက်လိုင်။ (၂)

Vol. 27 Ch. 400

မုရွှင်းနှင့် မုရှင်းတို့သည် သူတို့ပေါ်လာပြီး သူ့ကို တိုက်ရိုက်လာရှာမိသည့်အတွက် နောင်တရနေကြသည်။ သူတို့သာ အလျင်စလိုမလုပ်ဘဲ သူတို့မျိုးနွယ်စုမှ မူလနယ်ပယ်သိုင်းပညာရှင်များကို ချက်ချင်း အကြောင်းကြားဖို့ ပြန်သွားခဲ့ပါက အခြေအနေက တူတော့မည်မဟုတ်ပါ။ သို့သော် သူတို့ကိုလည်း အပြစ်တင်၍မရပါပေ။ တာ့ဖုန်းပြည်နယ်မြို့တွင် မသန်စွမ်းဖြစ်နေသည်ဟု ယူဆရသော လူငယ်လေးတစ်ဦးက ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

“မင်း… ဘာလို့ ငါတို့ကို မသတ်တာလဲ။ ငါတို့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား” လက်တစ်ဖက်တည်းသာ ကျန်တော့သော မုရွှင်းသည် သူ့ပါးစပ်ထောင့်မှ သွေးများကို ဝမ်းနည်းစွာ သုတ်လိုက်ပြီး အဝေးက စူးချန်ခုန်းကို စိုက်ကြည့်ရင်း အံတကြိတ်ကြိတ်နှင့် ဆိုလေ၏။

ယခုအချိန်တွင် စူးချန်ခုန်းသည် သူတို့ကို သတ်နိုင်သော်လည်း သူသည် ထိန်းထားခဲ့သည်။ မဟုတ်ရင် သူတို့ သေပြီးလောက်ပြီဖြစ်သည်။

ဒါကိုကြားတော့ စူးချန်ခုန်းက သက်ပြင်းချပြီး ဆိုသည်။ “မုကျင်က ကျွန်တော့်လက်ချက်နဲ့ သေသွားပြီပဲ။ ဘယ်သူ မှန်တယ်မှားတယ်ဆိုတာ ထပ်ပြီး စူးစမ်းစရာမလိုတော့ဘူး။ ခင်ဗျားတို့က သူ့အဖေနဲ့ အဘိုးပဲ။ သူ့အတွက် လက်စားချေတာက လက်တွေ့ကျပါတယ်။ ဒါနဲ့ပတ်သတ်ပြီး မမှားပါဘူး။ ဒါပေမယ့် ဒီလက်စားချေမှု သံသရာက ဘယ်တော့ပြီးဆုံးမှာလဲ။ ကျွန်တော်တို့ရဲ့ ရန်ငြိုးတွေကို သင်ပုန်းချေပြီး ခင်ဗျားတို့ ထွက်သွားနိုင်ပြီ။”

စူးချန်ခုန်းရဲ့ စကားတွေကြောင့် မုရွှင်းနဲ့ မုရှင်းတို့ အံ့အားသင့်သွားကြသည့် စူးချန်ခုန်းက သူတို့ကို သတ်ဖို့ မစီစဉ်ထားဘူးပေါ့။

စူးချန်ခုန်းရဲ့ ရည်ရွယ်ချက်ကို သံသယဝင်နေပေမယ့် စူးချန်ခုန်းက လက်နောက်ပစ်ထားပြီး နောက်ထပ် တိုက်ဖို့ ရည်ရွယ်ချက်မပြတာကို မြင်တော့ မုရွှင်းက အံကြိတ်ကာ ဘာမှ မပြောဘဲ ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်နဲ့ ထရပ်ဖို့ ရုန်းကန်လိုက်သည်။ သူက မုရှင်းကို မြေပြင်ကနေ ထူပေးလိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖေးမလျက် အဝေးကို လျှောက်သွားကြသည်။

“တကယ်ပဲ… ငါတို့ကို မသတ်ဘူးလား။ ငါတို့မျိုးနွယ် လက်စားချေမှာကို ကြောက်လို့လား” သူတို့ ကိုက်သုံးဆယ်ကျော် လျှောက်သွားတဲ့အထိ စူးချန်ခုန်းက တစ်နေရာတည်းမှာပဲ ရပ်နေပြီး လိုက်လာဖို့ ရည်ရွယ်ချက်မပြခဲ့။ ဒါက မုရွင်းနဲ့ မုရှင်းတို့ နှစ်ယောက်စလုံးကို အံ့အားသင့်စေခဲ့သည်။

စူးချန်ခုန်းက သူတို့မျိုးနွယ်ရဲ့ လက်စားချေမှုကို ရှောင်ရှားဖို့နဲ့ အငြိုးအတေးတွေကို ဖြေရှင်းဖို့ သူတို့ကို မသတ်ခဲ့တာ ဖြစ်နိုင်ခြေများသည်။

“ဟမ့်… ငါတို့ကို ကျေးဇူးတင်လိမ့်မယ်လို့ တကယ်ထင်နေလား။ ငါတို့မျိုးနွယ်ကို ပြန်ရောက်တာနဲ့ မိသားစုခေါင်းဆောင်ဆီ သတင်းပို့ပြီး ငါတို့မျိုးနွယ်စုက မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို စေလွှတ်ပြီး ဒီကောင်ဆိုးလေးကို အပိုင်းပိုင်းဆွဲဖြဲပစ်ခိုင်းမယ်။”

မုရှင်းက စိတ်ထဲ ဆိုးဆိုးရွားရွား မကောင်းကြံလိုက်လေ၏။ စူးချန်ခုန်းက သူတို့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်မနေဘဲ စူးချန်ခုန်းက သူ့သားကို သတ်ပြီး သူတို့ကို ပြင်းထန်စွာ ဒဏ်ရာတွေ ပေးခဲ့သည်။ ဒါဟာ သေခြင်းတရားနှင့်သာ အဆုံးသတ်နိုင်တဲ့ ရန်ငြိုးဖြစ်သည်။

သူတို့က စူးချန်ခုန်းကို သတ်ရုံတင်မက သူနဲ့ ဆက်စပ်နေတဲ့ လူတိုင်းကိုလည်း ဖျက်ဆီးပြီး သူ့ဘေးမှာ မြှုပ်နှံပစ်မှာပင်။

“ဒီအကွာအဝေးလောက်ဆို… ရလောက်ပြီထင်တယ်။”

မီတာငါးရာကျော် အကွာမှာ ယိုင်နဲ့နဲ့နှင့် ဆုတ်ခွာသွားတဲ့ မုရွှင်းနှင့် မုရှင်းတို့၏ ပုံရိပ်တွေကို ကြည့်ရင်း စူးချန်ခုန်းက သူ့ဘာသာသူ တွေးလိုက်သည်။

“ဝှူးရှ်”

နောက်တစ်စက္ကန့်တွင် စူးချန်ခုန်းသည် သူ့အတွေးများကို အာရုံစိုက်လိုက်ပြီး ဧရာမမျောက်ဝံပုံရိပ်သည် သူ့နောက်တွင် ပေါ်လာလေ၏။ ၎င်းသည် နှင်းခဲများကို ဆုပ်ကိုင်ကာ ၎င်း၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ လက်သီးအရွယ် နှင်းလုံးကြီးတစ်ခုအဖြစ် ပုံသွင်းလိုက်ပြီး ကျောက်တုံးထက်ပင် ပိုမာကျောသည်။

“ဖောင်း”

ပုံရိပ်ယောင်၏ မျောက်ဝံလက်မောင်းရှည်ကြီးကို ဝှေ့ယမ်းလိုက်သောအခါ နှင်းလုံးသည် အမြောက်ဆန်ကဲ့သို့ ပေါက်ကွဲထွက်လာပြီး မီတာငါးရာအကွာမှ တယိမ်းတယိုင်ဖြစ်နေသော မုရွင်းကို ချိန်ရွယ်လိုက်သည်။

“မင်း…”

မုရွှင်းရင်ထဲ ထိတ်သွားသည်။ သူသည် ကျရောက်လာမည့်အန္တရာယ်ကို ခံစားမိသော်လည်း သူ၏ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်တွင် ရှောင်တိမ်းရန် ခွန်အားမရှိတော့။ သူသည် ခေါင်းကို လှည့်လိုက်ရုံသာရှိသေး ဒေါသကြောင့် မျက်လုံးများပြူးကျယ်သွား၏။ နှင်းလုံးသည် သူ့ခေါင်းကို ထိမှန်သည်အထိ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့။

“ဘုန်း”

ပေါက်ကွဲသံများကြားတွင် မာကျောသော နှင်းလုံးသည် ကြီးမားသောအားဖြင့် မုရွှင်း၏ခေါင်းကို ဖရဲသီးကဲ့သို့ ကြေမွသွားစေခဲ့သည်။ သွေးနှင့် ဦးနှောက်အပိုင်းအစများ ပန်းထွက်လာကာ နှင်းကို အနီရောင်သို့ ဆိုးလိုက်လေ၏။

“အဖေ”

မုရွှင်း လဲကျသွားသည်နှင့် သူ့ကို ထောက်ပံ့ပေးနေသော မုရှင်းသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ မုရွှင်း နေရာတွင်ပင် သေဆုံးသွားသည်ကို မြင်တော့ သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ပြေး…ပြေး…”

မုရှင်း၏ နှလုံးသား သိမ့်ကနဲဖြစ်သွားပြီး ကြောက်ရွံ့မှုနှင့် ရှင်သန်လိုစိတ်တို့ကြောင့် သူ၏ ကျိုးပဲ့နေသော အရိုးများကို လျစ်လျူရှုကာ ထွက်ပြေးရန် အလျင်အမြန် ပြေးခဲ့သော်လည်း အချည်းနှီးသာ။

“ဘုန်း”

နှစ်စက္ကန့် သုံးစက္ကန့်အတွင်း ကြီးမားသော အားတစ်ခု သယ်ဆောင်လာသော နောက်ထပ် နှင်းလုံးတစ်လုံး လွင့်ပျံလာပြီး မုရှင်း၏ ဦးခေါင်းကို တိကျစွာ ထိမှန်သွားသည်။ သူ့ဦးခေါင်း ကွဲအက်သွားပြီး သွေးများ ဖြာထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ဟမ်း… ငါက ကြင်နာတတ်တဲ့သူတစ်ယောက်ပဲ။ တခြားသူတွေ ဒုက္ခခံစားနေရတာကို မမြင်ရက်တော့ ငါ အကောင်းဆုံးလုပ်နိုင်တာက သူတို့ကို မြန်မြန်လွှတ်ပေးလိုက်တာပါပဲ”

ထိုနှစ်ယောက်ကို သတ်ပြီးနောက် စူးချန်ခုန်း သက်ပြင်းရှည်ကြီးချလိုက်သည်။

စူးချန်ခုန်းက မတုံးအပါပေ။ မုရွှင်းနှင့် မုရှင်းတို့ကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးလို့မဖြစ်တာ သူသိပါသည်။ ဘာကြောင့်ဆို သူတို့က အဆုံးမရှိသော ပြဿနာများကို ယူဆောင်လာမှာဖြစ်သောကြောင့်ပင်။

စူးချန်ခုန်းက သူတို့ကို လွှတ်ပေးမယ်လို့ ပြောခဲ့တဲ့ အကြောင်းရင်းက သူတို့ ထိုအကွာအဝေးသို့ ရောက်ပြီးတဲ့နောက်မှာ သတ်ပစ်ဖို့ပဲဖြစ်ပြီး သူကပျင်းလို့ သူတို့နဲ့ ကစားနေလို့ မဟုတ်ဘဲ သူတို့သေဆုံးတဲ့အခါ အသက်ဝင်နေတဲ့ သူတို့ရဲ့ သွေးချိပ်စည်းနဲ့ အမှတ်အသားမခံရအောင်ဖြစ်သည်။

သူ မုကျင်ကို အရင်က သတ်ခဲ့စဉ်က စူးချန်ခုန်းက ဒီအချက်ကို မသိခဲ့လို့ သတ်ခဲ့ပေမယ့် မုကျင်ရဲ့ သွေးချိပ်စည်း ဖြစ်တဲ့ သစ်မြွေစည်းတံဆိပ်နဲ့ အမှတ်အသားခံရပြီး အလိုက်ခံခဲ့ရသည်။

နောက်ပိုင်းမှာ စူးချန်ခုန်းက မျိုးရိုးမြင့်မိသားစုတွေရဲ့ သားစဉ်မြေးဆက်တွေကို သတ်တဲ့အခါ သွေးချိပ်စည်းနဲ့ အမှတ်အသားမခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း စဉ်းစားနေခဲ့ပြီး အကွာအဝေးကန့်သတ်ချက် ရှိရမယ်လို့ တွေးခဲ့မိသည်။

မီတာငါးရာကျော်အကွာမှာ ရပ်ပြီး မုရှင်းနဲ့ မုရွှင်းတို့ကို သတ်ခြင်းအားဖြင့် သူတို့ရဲ့ သွေးချိပ်စည်းတွေက ဒီလောက်ဝေးဝေးကို မရောက်နိုင်ဘူးလို့ သူထင်ခဲ့သည်။ ဒီကန့်သတ်ချက်မှာ အကွာအဝေးတစ်ခုရှိပါသည်။

သူတို့ကို လွှတ်ပေးမယ်လို့ ပြောပြီး လှည့်စားခဲ့တာကတော့ စူးချန်ခုန်းက သွေးချိပ်စည်းရဲ့ လှုံ့ဆော်မှုယန္တရားကို သတိထားနေခဲ့လို့ပင်။ သူတို့ကိုသတ်လိုက်ရင် အဲ့တာက အသက်ဝင်လာမှာ သေချာပေမယ့် သေခါနီးမှာ သွေးချိပ်စည်းနဲ့ တခြားသူတွေကို အမှတ်အသားပြုဖို့ သူတို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နိုင်မလားဆိုတာ သူသေချာ မသိပါ။

ဒါကြောင့် ရန်ငြိုးကို ဖြေရှင်းဖို့အတွက် စူးချန်ခုန်းက သူတို့ကို မီတာငါးရာကျော်အကွာကို လျှောက်သွားခွင့်ပြုလိုက်ပြီး သတ်ပစ်ခဲ့တာဖြစ်သည်။

“ငါ့မှာ သွေးချိပ်စည်းမရှိဘူး။” စူးချန်ခုန်းက သူ့စိုးရိမ်မှုတွေကို လွှတ်ချလိုက်တော့သည်။ သူခန့်မှန်းတာ မမှားပါ။ မီတာငါးရာကျော်အကွာမှာ သွေးချိပ်စည်းက သူ့ကို တံဆိပ်ခတ်လို့မရပါ။ ဘာလို့လဲဆိုတော့ အကွာအဝေးကန့်သတ်ချက်ရှိလို့ဖြစ်သည်။

စူးချန်ခုန်းက ထိုနေရာမှာရပ်ပြီး တိတ်တဆိတ် စောင့်နေလေ၏။ သတိထားကာ အလောင်းနှစ်လောင်း အေးသွားတဲ့အထိ စောင့်ပြီးမှ သူတို့ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters