← Chapters

ချစ်မြတ်နိုးဖွယ်ကောင်းသော ချင်းယွီလေး

Vol. 39 Ch. 535

ချစ်မြတ်နိုးဖွယ်ကောင်းသော ချင်းယွီလေး

Vol. 39 Ch. 535

အားလုံးပြီးသွားပြီ။

ကျန်းရီသူ့မျက်လုံးကို ဖွင့်လိုက်သည့်အချိန်၌ ချင်းယွီ၏ စိတ်ဝိညာဉ်တစ်ခုလုံးက တုန်လှုပ်သွားတော့သည်။ သူမသည် အမျိုးအမည်တပ်မရသော ခံစားချက်မျိုးကို ခံစားနေရ၏။ သူမပြီးဆုံးသွားခဲ့ချေပြီ။ ဖီးနစ်အော်သံဧကရီ ပြီးဆုံးသွားပြီ။ ဖီးနစ်အော်သံ နယ်မြေတစ်ခုလုံး ပြီးဆုံးသွားပြီဖြစ်၏။

ဖီးနစ်အော်သံဧကရီအဖို့ ကျန်းရီကို ဝိညာဉ်ကျွန်းအဖြစ် သန့်စင်ရန်အတွက် လွယ်ကူသည့် တာဝန်တစ်ရပ်ဖြစ်ပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသွား ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် လွယ်ကူသကဲ့သို့ လွယ်ကူလှပေ၏။ သို့သော် မထင်မှတ်ထားသည့် အခြေအနေများက ထပ်ခါထပ်ခါ ဖြစ်ပွားလာခဲ့၏။ သူမက ဖီးနစ်အော်သံဧကရီနှင့် နီးကပ်နေသည့် အချိန်တွင်တောင် သူမထံမှ ကူကယ်ရာမဲ့သော ခံစားချက်မျိုးကို ခံစားမိနေ၏။

ယခုကျန်းရီ နိုးလာပြီဖြစ်ရာ စိတ်အေးလက်အေး ရှိနေပုံပေါ်၏။ သူ၏အကြည့်တို့က တစ်လောကလုံး သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟူသော အမြင်မျိုး ပေးနေပေသည်။

သူမက ဘာဖြစ်သွားမှန်းမသိဘဲ လူအားလုံး ပြီးဆုံးသွားပြီဟုသာ ခံစားမိနေတာဖြစ်သည်။

ထိုသို့တိုင် သူမက ရပ်မနေပေ။ သူမလက်ထဲရှိဓားမြှောင်က ကျန်းရီနားသို့ အလွန်နီးကပ်သွား၏။ သူမမည်ကဲ့သို့ လက်လျော့နိုင်မည်နည်း။ မျက်လုံးထဲ၌အလင်း ဖျတ်ခနဲပေါ်လာပြီးနောက် သူမကထပ်အော်လိုက်တော့သည်။

“သေစမ်း သေပေတော့ မျိုးမစစ်ကောင် သေလိုက်”

ဝှစ်

ကျန်းရီက မရှောင်တိမ်း။ သို့သော် သူ၏မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင် မပြခဲ့ပေ။ သို့သော် သူ့ဘေးရှိ ဖီးနစ်အော်သံဧကရီကမူ ရုတ်တရက် လှုပ်ရှားတော့သည်။ ယခင်က ကျန်းရီ၏ခေါင်းပေါ် ချိန်ရွယ်နေခဲ့သည့် သူမလက်ကို ညင်သာစွာ လှုပ်ရှားလိုက်တာပဲဖြစ်သည်။ ချင်းယွီက တုံ့ပြန်ရန် အချိန်မရခင် ချင်းယွီ၏ ရင်ဘတ်ကို ရိုက်ချလိုက်တော့၏။

ဘန်း

ကောင်းကင်ဧကရာဇ်နယ်ပယ်ရှိ ပညာရှင်တစ်ဦးသည် မည်မျှစွမ်းဆောင်ရည် ရှိပါသနည်း။ ဧကရီသည် သူမ၏ ခွန်အားအားလုံးကို အသုံးမပြုခဲ့သည့်တိုင် ဒေသသခင်မချင်းယွီက သဲအိတ်တစ်အိတ်နှယ် လွင့်ထွက်သွားတော့၏။ သူမ၏ ဝတ်ရုံလွှာတို့က လေထဲ၌ ပေါက်ကွဲသွားပြီး နှင်းကဲ့သို့ ဖြူဖွေးမှုတို့ကို အထင်းသား ပေါ်နေစေ၏။ ထိုတောင်ပူစာ နှစ်ခုကြားထဲ၌ ထင်ရှားသည့် လက်ဝါးရာကို တွေ့နိုင်ပေသည်။

ဒေသသခင်မချင်းယွီက နောက်သို့လွင့်ထွက်သွားပြီး နန်းဆောင်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားရာ နံရံပေါ်ရှိ ကန့်သတ်ချက်များကို ချက်ချင်း တောက်ပလာစေ၏။ ကန့်သတ်ချက်ကို မဖွင့်ထားခဲ့လျှင် နံရံပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားမှာ သေချာသည်။

“ဖူး”

ဒေသသခင်မချင်းယွီသည် ထရပ်ရန် ရုန်းကန်နေရ၏။ လက်တစ်ဖက်က မြေပြင်ကိုထောက်ပြီး ကျန်တစ်ဖက်က ဒူးထောက်ထားသည်။ သွေးအန်လျှက်သူမက ဖီးနစ်အော်သံဧကရီကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ ဖီးနစ်အော်သံဧကရီက သူမကို ခုနတုန်းက တိုက်ခိုက်လိုက်တာလား။ သူမနှစ်သက်ရတဲ့ဧကရီ ဟုတ်သေးရဲ့လား။ သူမရဲ့ ဆယ်နှစ်တာချစ်သူ ဟုတ်ရဲ့လား။ မနေ့ညက ညအတူကုန်ဆုံးခဲ့တဲ့ ချစ်သူဟုတ်ရဲ့လား။

သူမက ဖီးနစ်အော်သံဧကရီကို စိုက်ကြည့်နေ၏။ သူမရှေ့ရှိ အဝတ်အစားတို့က တစ်စစီ ဖြစ်နေပြီဖြစ်သည်။ အထင်းသား ပေါ်နေသည်က ကျန်းရီကို အံ့သြစေ၏။ သို့သော် သူမက ဂရုမစိုက်တော့ပေ။ သူမ၏ ညှပ်ရိုးများလည်း ပေါ်နေသော်ငြား သူမနှလုံးသားထဲရှိ ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးကို ပြန့်နေ၏။ သို့သော် သူမ မခံစားမိပေ။ ယခုအချိန်၌ သူမက နှလုံးအပိုင်းအစ ကွဲကြေသည့် အသံကိုသာ ကြားနေရ၏။ သူမက စိတ်ပျက်အားငယ်နေ၏။

လွန်ခဲ့သည့် ဆယ်နှစ်က ဖီးနစ်အော်သံဧကရီသည် ဧကရီမဟုတ်သေး။ သူမကလည်း မြို့သခင်မ ချင်းယွီ မဟုတ်သေးပေ။ သူတို့နှစ်ယောက်က မေပဲလ်တောအုပ်ထဲ၌ ပထမဆုံးအကြိမ် တစ်ယောက်နှစ်တစ်ယောက် တွေ့ခဲ့ဖူးတာပဲဖြစ်သည်။ ထူးချွန်လွန်းသော အမျိုးသမီးနှစ်ဦးသည် အမျိုးသားများကို အထင်သေးပြီး ရင်ထဲကနေကို အမျိုးသားများကို မုန်းတီးပေ၏။ နှစ်ယောက်လုံးက တမူထူးခြားသော ပါရမီများဖြင့် ကောင်းချီးပေးခံထားရသူများ ဖြစ်၏။ နှစ်ယောက်လုံးသည် တုနှိုင်းမဲ့ အလှပဂေးများ ဖြစ်၏။ ထင်သည့်အတိုင်းပင် နှစ်ယောက်က ရင်းနှီးသည့် မိတ်ဆွေများဖြစ်လာပြီး ချစ်သူများ ဖြစ်လာခဲ့ကြသည်။

ဖီးနစ်အော်သံနယ်မြေ၌ အမျိုးသမီးများ၏ ပိုင်ဆိုင်မှုများနှင့် ကျွန်များသာ ဖြစ်နိုင်သော အမျိုးသားများထက် အမျိုးသမီးမျာါ်သည် ပိုမြင့်မားသော အဆင့်အတန်းရှိသည်။

အမျိုးသမီးအများစုက အမျိုးသားများကို အထင်သေးသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်က အမျိုးသမီးများစွာကို သူတို့၏ လိင်ပိုင်းဆိုင်ရာ အတွေးအမြင်ကို ပြောင်းလဲပစ်ရန် လွှမ်းမိုးနိုင်၏။ ဖီးနစ်အော်သံနယ်မြေထဲ၌ အမျိုးသမီး နှစ်ခြိုက်သူများကို တွေ့နေကြဖြစ်သည်။

အမျိုးသမီးများကြားရှိ ချစ်ခြင်းတရားသည် အရေးကြီးသည်သာ မဟုတ်ပေ။ သို့သော် လူအများသည် မျိုးပွားရန် လိုအပ်၏။ သူတို့၏ လူဦးရေ တိုးပွားစေရန် လိုအပ်ကာ ချင်းမျိုးနွယ်စုရှိ အကြီးအကဲများစွာက ချင်းယွီအတွက် ငယ်ရွယ်သည့် လူငယ်လေးများစွာ ရှာဖွေပေးခဲ့သည်။ သို့သော် ချင်းယွီကသူတို့ကို ထပ်ခါတစ်လဲလဲ ငြင်းပယ်ပြီး သူမရင်ထဲ၌ တစ်စုံတစ်ယောက်ကို ကတိပေးခဲ့ပြီးသား ဖြစ်သည်။ သူမက ဖီးနစ်အော်သံဧကရီနှင့် နက်ရှိုင်းစွာ ချစ်ကျွမ်းဝင်ခဲ့သည်။ ယနေ့တွင်မူ သူမချစ်မြတ်နိုးရဆုံး အမျိုးသမီးက သူမကို ရိုက်ခဲ့၏။ ယခုအချိန်တွင် မည်မျှ စိတ်ဓာတ်ကျဖွယ်ကောင်းပြီး စိတ်နှလုံး နာကျင်ရမှန်း မှန်းဆနိုင်ပေ၏။

“ချင်းယွီ ငါ့ကိုအပြစ်မတင်နဲ့”

ဖီးနစ်အော်သံဧကရီ၏ မျက်လုံးထဲတွင်လည်း ဝမ်းနည်းရိပ် တစ်စွန်းတစ်စ ပေါ်လာ၏။ ပြီးနောက် ကျန်းရီဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက တဖြည်းဖြည်းချင်း ခိုင်မြဲသွား၏။ သူမက မယိမ်းမယိုင် ပြောလိုက်တော့၏။

“သခင့်ကို ထိခိုက်အောင် လုပ်ရဲတဲ့လူ လူတိုင်းသေရမယ်”

ဖုန်း

ချင်းယွီ၏ စိတ်ဝိညာဉ်က ထပ်မံတုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်က ပျော့ခွေကျသွားသည်။ သူမ၏ခေါင်းက ကျောက်နှင့်ရိုက်မိပြီး မြေပြင်ပေါ်သို့ တွားသွားလိုက်တော့၏။ နုနယ်သောခန္ဓာကိုယ်က လှုပ်ခါနေပြီး သူမသည် သခင်စွန့်ပစ်တာ ခံလိုက်ရသည့် သနားစဖွယ် ခွေးပေါက်လေးတစ်ကောင်နှယ် အော်ညည်းနေပေသည်။

“သခင် သခင် သခင်”

သူမက ဆက်တိုက်ရေရွတ်နေပြီး မျက်နှာပေါ် မျက်ရည်များ တာကျိုးသလို စီးကျလာ၏။ သူမစိုးရိမ်အပူပန်ဆုံးကိစ္စက နောက်ဆုံးတွင် ဖြစ်လာခဲ့သည်။ မူလက ကျန်းရီကို သန့်စင်ရန် ကြိုးစားနေခဲ့သည့် ဖီးနစ်အော်သံဧကရီက ကျန်းရီ၏ သန့်စင်ခြင်းကို ခံလိုက်ရသည်။

“ခွီး ခွီး”

ကျန်းရီက အားပါးတရ ပြုံးလိုက်၏။ သူက လက်ဆန့်ထုတ်ကာ ဖီးနစ်အော်သံဧကရီ၏ လှပသောမျက်နှာကို ပွတ်သပ်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။

“ကောင်းတယ် ဖုန်းအာ ငါသဘောကျတယ်”

“ဟူး ဟူး”

နာခံနေသော ဖီးနစ်အော်သံဧကရီကို မြင်လိုက်ရသည့်အချိန်၌ ချင်းယွီက လူးလိမ့်ကာ ငိုကြွေးလိုက်၏။ ကျန်းရီကမူ သက်ပြင်းချလိုက်တော့သည်။ အိမ်မက်တစ်ခုနှယ် သူခံစားနေရ၏။ ရှောင်ကျွမ်းထဲက စကားလုံးအနက်ရောင် တစ်ဒါဇင်က အခြေအနေကို တကယ်ပြောင်းလဲနိုင်တာလား။

ဖီးနစ်အော်သံဧကရီသည် သူ့ကိုဝိညာဉ်ကျွန်အဖြစ် သန့်စင်တော့မည့်အချိန်၌ စိတ်ဝိညာဉ်က နိုးထလာခဲ့သည်။ ထိုစဉ်က သူလည်း စိတ်ပျက်အားငယ်နေခဲ့သည်။ သူ့စိတ်ထဲရှိ စီရင်မှုက သူ့ကိုဘယ်တော့မှ လက်လျှော့ခွင့် မပေးပေ။ ကျွန်တစ်ယောက်ဖြစ်ရခြင်းထက် သူသေလိုက်မှာပဲဖြစ်သည်။

ဖီးနစ်အော်သံဧကရီက သူ့ကိုသန့်စင်တာ ရပ်တန့်ရန် ရွေးချယ်ဖို့မရှိခဲ့ပေ။ သူမ၏ အစွမ်းထက်သော ဝိညာဉ်ခွန်အားဖြင့် သူ၏စိတ်ဝိညာဉ်ကို ဖြိုခွင်းခဲ့ပြီး သူ့ကိုလမ်းလျှောက်နေသော လူသေကောင် သို့မဟုတ် လူသေတစ်ဦးအဖြစ် ပြောင်းလဲပစ်တော့မှာဖြစ်သည်။

နောက်ဆုံးသော အခိုက်အတန့်တွင် ရှောင်ကျွမ်းရှိ အနက်ရောင်စကားလုံး တစ်ဒါဇင်ခန့်နှင့် သူ့စိတ်ဝိညာဉ်၏ အနက်နဲဆုံး အပိုင်းထဲတွင်ဝှက်ထားသည့် အမည်မဲ့ နတ်ဘုရားကျင့်စဉ်၏ ကျင့်ကြံမှုများက တဖြည်းဖြည်းချင်း လှုပ်ရှားလာ၏။ ထိုအနက်ရောင် စကားလုံးများထဲရှိ အစွမ်းထက်သော အရှိန်အဝါက သူ၏စိတ်ဝိညာဉ်ကို ယခုအချိန်တွင် တုန်လှုပ်အောင် လုပ်နိုင်သေးဆဲဖြစ်သည်။ အရှိန်အဝါက အင်မတန်သန့်စင်ပြီး လောကကြီးထဲရှိ မိစ္ဆာဝိညာဉ်များအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိပေ၏။ ယင်းကလူအများကို ကြောက်လန့်သွားစေသည်အထိ အစွမ်းထက်သည်။

ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ်က မည်မျှအစွမ်းထက်ပါသနည်း။

သို့သော် အနက်ရောင် စကားလုံးများ၏ တိုက်ခိုက်မှုအောက်၌ စိတ်ဝိညာဉ်က တစ်ချက်တောင် ခံနိုင်ရည်မရှိဘဲ ဒလဟော စီးဆင်နေသည့်ရေထဲ ရွံ့ရေများ စီးဆင်းသွားသည်။ အနက်ရောင် စကားလုံးများက တဝီဝီဖြတ်လျှက် ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ်အမှတ်အသားကို အလွယ်တကူ သန့်စင်လိုက်တော့သည်။ ပြီးနောက် ဖီးနစ်အော်သံဧကရီက သူ၏ဝိညာဉ်ကျွန် ဖြစ်လာ၏။ သူမက သူသန့်စင်တာ ခံလိုက်ရတော့သည်။

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်။

သူသည် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးကို သူ၏ကျွန်တစ်ဦးအဖြစ် ရခဲ့သည်။

အစောပိုင်းက သူအသက် ဆုံးရှုံးတော့မည့် အခြေအနေသို့ ရောက်ခဲ့တာဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း အခြေအနေက ပြောင်းပြန်ဖြစ်သွား၏။ ပျော်ရွှင်မှုက ရုတ်ခြည်းရောက်လာသောကြောင့် ကျန်းရီတောင် ထွေးပွေ့ရန် ခက်ခဲနေပေသည်။

ဖီးနစ်အော်သံဧကရီကို ထိန်းချုပ်နိုင်ခြင်းက ဖီးနစ်အော်သံ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ၁၅ဦး ပဉ္စမအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များနှင့် နယ်မြေပေါ်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ရာကျော် စစ်သည်တော် သန်းချီ တိုင်းသူပြည်သား သန်းရာချီကို ထိန်းချုပ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

တစ်ခေတ်တစ်ခါက ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ ထိပ်သီး၌လည်း ရပ်တည်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်ကဲ့သို့ မပျော်ရွှင်ဖူးပေ။ ချစ်စဖွယ်ကောင်းသော ဖီးနစ်အော်သံဧကရီကို ကြည့်ပြီး ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှုတို့ ပေါ်လာ၏။

ကျွတ်

သူသည် စိတ်တည်ငြိမ်အောင် ထားနိုင်ရန် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် မြေပြင်ပေါ် တွားသွားနေသေးဆဲဖြစ်သည်။ ချင်းယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက လေးနက်သည့် အသံဖြင့် ပြောလိုက်၏။

“ချင်းယွီ ငါ့ရဲ့ပုလဲနဲ့ ရှေးဟောင်း နတ်ဘုရားလက်စွပ်ပေး မင်းကို အသက်ရှင်ခွင့်ပေးမယ်”

ချင်းယွီက ယခုအချိန်တွင် စိတ်ပျက်အားငယ်နေပြီ ဖြစ်၏။ ကျန်းရီ၏ စကားများကို ကြားပြီးနောက် သူမကရုတ်တရက် ခေါင်းမော့ကာ ဆိုးယုတ်သည့် အကြည့်တို့ဖြင့် သူ့ကိုဆိုးဆိုးဝါးဝါး ကြည့်လိုက်သည်။ နှုတ်ခမ်း၌သွေးများ စွန်းထင်းနေသည်မှာ တမူထူးခြားကာ အကြင်နာမဲ့နေ၏။ သူကအံ့ကြိတ်ကာ ပြောလိုက်တော့၏။

“မိစ္ဆာကောင် အခုဧကရီကို လွှတ်ပေးလိုက်၊ မဟုတ်ရင်မင်းရဲ့ ရတနာတွေအားလုံးကို ဖျက်ဆီးပစ်လိုက်မယ်”

ဘီး

သူမပြောနေစဉ်၌ လက်ပေါ်၌ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလာပြီး ကျန်းရီ၏ မီးဝိညာဉ်ပုလဲနှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်တို့ ပေါ်လာပေသည်။ လက်ထဲ၌ အတွင်းအားကို လှည့်ပတ်ကာ မီးဝိညာဉ်ပုလဲကို ချေရန် အသင့်ပြင်နေ၏။ ကျန်းရီက မသေခဲ့ပေ။ မီးဝိညာဉ်ပုလဲက သူ၏ပိုင်ဆိုင်မှု ဖြစ်နေပြီးသားပင်။ ချင်းယွီအဖို့ မီးဝိညာဉ်ပုလဲကို ထပ်မံသန့်စင်ရန် လပေါင်းများစွာ ယူရမှာဖြစ်သည်။ ပင်လယ်နတ်ဆိုးများက အရှုပ်အထွေး ဖြစ်နေစေကာ သူမအတွက် သန့်စင်ရန် အချိန်မရခဲ့ပေ။

“အာ ချင်းယွီလေး မင်းက သိပ်မြတ်နိုးဖို့ ကောင်းနေသေးတုန်းပဲကို”

ကျန်းရီ၏ မျက်လုံးတို့က ယခုအချိန်တွင် လက်သွားကာ သွေးနီရောင် ပြောင်းလဲသွား၏။ အင်မတန်ပြင်းထန်သည့် သတ်ဖြတ်လိုသော အရှိန်အဝါက ခန်းမတစ်ခုလုံး ပြည့်သွားတော့သည်။ သူကမှိန်ဖျော့သော ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ချင်းယွီ၏လက်ကို အလွယ်တကူ ဖမ်းဆုပ်ကာ မီးဝိညာဉ်ပုလဲနှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ပြန်ယူလိုက်၏။

သတ်ဖြတ်ခြင်းဆန္ဒကြောင့် မလှုပ်ရှားနိုင်သည့် ကြောက်လန့်နေသော ချင်းယွီကို ကြည့်လိုက်သည်။ သူမ၏ နုနယ်ပြီးဖြူဖွေးသော ရင်ဘတ်တို့ကို ကြည့်ပြီး ဆိုးယုတ်သည့်အပြုံးက ပေါ်လာတော့သည်။

သူက ဆောင့်ကြောင့် ထိုင်ချလျက် သူမနားသို့ သူ့မျက်နှာကို ကပ်သွားလိုက်သည်။ သူကရယ်မောပြီး ပြောလိုက်တော့၏။

“ချင်းယွီလေး ကြိမ်နက်မြို့မှာတုန်းက မင်းငါ့ကို အရှက်ခွဲခဲ့တဲ့အချိန် မင်းငါ့လက်ထဲ တစ်နေ့ ကျရောက်လာတဲ့အခါ မင်းကိုလည်း အရှက်ခွဲမယ်လို့ ငါကျိန်ဆိုခဲ့တယ်။ အခုငါမင်းကို ဘယ်လိုလုပ်သင့်လဲ ပြောကြည့်လေ”

***

All Chapters