အလောင်းကို စွန့်ပစ်ခြင်း
Vol. 39 Ch. 536
အနိုင်ကျင့် အရှက်ခွဲခြင်း
ထိုစကားလုံး၌ အဓိပ္ပာယ်ရှိပြီး ဖီးနစ်အော်သံနယ်မြေ၌ အသုံးပြုနေကျ စကားဖြစ်သည်။ ယေဘုယျအားဖြင့် အမျိုးသမီးများသည် အမျိုးသားများကို ဆော့ကစားနေကျ အချိန်တွင်သုံး၏။ ယခုအချိန်တွင် ကျန်းရီက သခင်ဖြစ်ပြီး သူသည် မြို့သခင်မ ချင်းယွီကို အရှက်ခွဲ အနိုင်ကျင့်တော့မည်လော။
ချင်းယွီ၏အမူအရာကို မှန်းဆရန်တောင် မလိုအပ်ချေ။ သူမသည် ငယ်ရွယ်စဉ်ထဲက အမျိုးသားများကို မုန်းတီးပြီး သူတို့ကို စက်ဆုပ်ပေ၏။ ယခုအချိန်တွင် သူမက အမျိုးသားတစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံရမည်လော။ သူမရင်ထဲ၌ မည်မျှ မကျေမချမ်းဖြစ်နေကြောင်း မှန်းဆနိုင်ပေသည်။
သူမချစ်မြတ်နိုးရဆုံးလူ ဖီးနစ်အော်သံနယ်မြေ၏ ဧကရီက ကျန်းရီ၏ ကျွန်အဖြစ် ယဉ်ပါးအောင်ပြုခြင်း ခံနေရသည်။ ယခုအချိန်တွင် ချင်းယွီက သေတော့မည်ဟု တွေးလိုက်မိပြီး ဤကျန်းရီက သူမကို အမှန်တကယ် အရှက်ခွဲအနိုင်ကျင့်ချင်နေ၏။ သူမသေဖို့သာ ပြင်လိုက်သည်။
ထိုသို့ဆိုလျှင် သူမက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ဖိနှိပ်ခံထားရသောကြောင့် လှုပ်တောင် မလှုပ်နိုင်ချေ။ သူမမည်ကဲ့သို့ သတ်သေရမည်နည်း။
ကျွီ
လျှပ်ပြက်သည့်အရှိန်ဖြင့် သူမ၏မူလက ပြဲစုတ်နေသော အဝတ်အစားက အပြည့်အဝ ပြဲသွားတော့၏။ သူမ၏ ပိုင်ဆိုင်မှုများသည်လည်း ပေါ်ပေါက်လာကာ ကျန်းရီက ဓားသွားကဲ့သို့ မျက်ဝန်းတစ်စုံဖြင့် သူမ၏ အံ့သြဖွယ်အရာများကို စိုက်ကြည့်နေသည်။ သူက ရံဖန်ရံခါတွင် သူမ၏ နုနယ်သောမျက်နှာကို သိမ်းကြုံးကြည့်သွားလျက် မကျေမချမ်းဖြစ်မှုကြောင့် သေတော့မည်ဟု ခံစားနေရသောချင်းယွီ အရှက်ခွဲခံနေရတာကို သူကြည့်နေ၏။
“ကျွတ် ကျွတ် ချင်းယွီလေး မင်းရဲ့ခန္ဓာကိုယ်ကို ချီးကျူးရမှာပဲ၊ ဒီလိုကျောက်စိမ်းလို ချောမွတ်တဲ့အသားအရေ ချစ်စဖွယ်ကောင်းတဲ့ မျက်နှာရှိနေတာ၊ ဒီလိုမျိုး ပြစ်မျိုးမှဲ့မထင် အလှတစ်ဦးက အမျိုးသမီးတွေကို ဓာတ်ကျနေတာ နှမြောစရာကောင်းလွန်းတယ် နှမြောစရာပဲ မင်းကိုပြောလိုက်မယ်၊ အတုက ဘယ်လောက်ပဲကောင်းကောင်း အတုအယောင် ဖြစ်နေသေးတုန်းပဲ မင်းက အစစ်အမှန်ကိုသာ တွေ့ကြုံရမယ်ဆိုရင် အံ့သြဖို့ကောင်းတဲ့ အထိအတွေ့က မင်းရဲ့စိတ်ဝိညာဉ်ကို..”
ကျန်းရီက ဖိနှိပ်သည့်လေသံဖြင့် ပြောနေရာ ဒေသသခင်မချင်းယွီက ပိုတောင်ရှက်လာတော့သည်။ သူမ၏ မျက်လုံး၌ သေလိုစိတ်တို့ ပြင်းပြနေပြီးနောက် ဒန်တျန်ထဲရှိ အတွင်းအားတို့ကို လှည့်ပတ်လိုက်တော့သည်။ ကျန်းရီအား သူမကို အရှက်ခွဲအနိုင်ကျင့်ခွင့် ပေးမည်ထက် သူမကိုယ်သူမ ဖောက်ခွဲပြီး သေရန်အသင့် ပြင်လိုက်တော့သည်။
“ချင်းယွီ မလုပ်နဲ့”
ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင် ဖီးနစ်အော်သံ ဧကရီက ချင်းယွီ၏ဒန်တျန်ထဲရှိ မူမမှန်မှုကို အာရုံခံမိသည့်အချိန်၌ သူမက အမြန်အော်လိုက်သည်။ ယခုအချိန်တွင် သူမက ကျန်းရီ၏ ကျွန်ဖြစ်နေပြီး ကျန်းရီ၏အမိန့်ကို ဆန့်ကျင်၍မရသည့် အချက်မှလွဲ၍ သူမကျန်သည့်အရာများ ကွဲပြားခြားနားသွားခြင်း မရှိပေ။ ချင်းယွီအပေါ် သူမ၏ စိတ်ခံစားချက်က ရှိနေသေးဆဲဖြစ်သည်။ ကျန်းရီက ချင်းယွီကို စကားလုံးများဖြင့် ထိုးနှက်သည့်အချိန်တွင် သူမဘာမှ မလုပ်ရဲခဲ့ချေ။ သို့သော် ယခု ချင်းယွီသေတော့မည်ဖြစ်ရာ သူမထိုင်မနေနိုင်ပေ။
စိတ်ပျက်အားငယ်ခြင်းထက် ပိုဝမ်းနည်းစရာကောင်းသည့် အရာမရှိပေ။ သေခြင်းတရားကတောင် ဒုတိယဖြစ်သွား၏။
ကျန်းရီက ချင်းယွီကို တားရန်မကြိုးစားပေ။ သူက သူမကို ကယ်ချင်လျှင်တောင် သူဘာမှ မလုပ်နိုင်။ အန္တရာယ်ကို ရှောင်တိမ်းရန်အတွက် နေရာမရွှေ့ပြောင်းခဲ့ပေ။ ထိုအစား ချင်းယွီကို အသိအမှတ်ပြုသည့် အကြည့်ဖြင့်ကြည့်ပြီး အော်ပြောလိုက်၏။
“ချင်းယွီ မင်းသေချင်တယ်ဆိုရင် မင်းရဲ့ကြိမ်နက်မြို့ဆီ ပြန်သွားပြီး သေလိုက်လေ၊ ပင်လယ်နတ်ဆိုးတပ်ဖွဲ့က ဒီနေရာကို လိုချင်ပြီး မျက်စိကျနေပြီးသား မင်းဖောက်ခွဲမယ်ဆိုရင်တောင် ငါ့ကိုသတ်နိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ နန်းတော်ရဲ့ အကာအကွယ်က ပြိုလဲသွားလိမ့်မယ် အဲ့ဒီလို ဖြစ်လာခဲ့ရင် မြို့ထဲက စစ်သည်တော်တွေ ဖရိုဖရဲဖြစ်သွားမှာ မင်းလူတွေအားလုံးရဲ့ သေဆုံးခြင်းကိုပဲ ဖြစ်စေလိမ့်မယ်”
“အမ်”
ချင်းယွီ၏ခန္ဓာကိုယ်က တုန်ယင်လာပြီး သူမ၏မျက်လုံး၌ အကြောက်တရားများ ပေါ်လာ၏။ သူမကိုယ်သူမ ဖောက်ခွဲခြင်းကို တားမြစ်လိုက်ပြီး ပိုတောင်အံ့သြသည့် အမူအရာ ပေါ်လာသည်။ သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အမှန်တကယ် တောင်းဆိုနေခဲ့သော်ငြား မည်သည်ကိုမှ မရွေးနိုင်ပေ။
ကျန်းရီက နောက်သို့ နှစ်လှမ်းဆုတ်ပြီးနောက် သတ်ဖြတ်ခြင်းဆန္ဒကို ရုတ်သိမ်းလိုက်သည်။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“ကောင်းပြီ မင်းသေချင်တယ်ဆိုရင် ထွက်သွားပြီး မင်းကိုယ်မင်း သတ်သေဖို့ နေရာတစ်ခုရှာလိုက် ဒီအခွင့်အရေး မင်းကိုမပေးဘူးလို့ မပြောနဲ့နော်”
ချင်းယွီက ထိတ်လန့်တုန်လှုပ်သွားသည်။ ကျန်းရီက သူမကို တကယ်ထွက်ခွင့် ပေးမှာလား။
သူမမျက်လုံးများက တောက်ပသွားပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူမလွတ်မြောက်နိုင်သ၍ ကျွမ်းကျင်သူများကို စုစည်းကာ ဤနေရာသို့လာပြီး ကျန်းရီကို သတ်နိုင်သည်။ သို့သော် ဧကရီကို တစ်ချက်ကြည့်လိုက်သည့် အချိန်၌ မျက်ဝန်းများ မှိန်ဖျော့သွားတော့သည်။ ကျန်းရီသေသွားခဲ့လျှင် ဧကရီသည်လည်း သူမနှင့်အတူ သေဆုံးမှာပဲဖြစ်သည်။ ဖီးနစ်အော်သံ ဧကရီ သေဆုံးသွားသည်နှင့် နယ်မြေတစ်ခုလုံး ပြီးဆုံးသွားမှာပဲဖြစ်၏။
ချင်းယွီက ထိုနေရာတွင်ပဲရပ်လျှက် မျက်လုံးထဲမျက်ရည်များ ဝဲနေတော့သည်။ ကျန်းရီကြောင့် သူမအဝတ်အစား အရှေ့ပိုင်း စုတ်ပြဲနေပြီဖြစ်တာကို မေ့နေပြီဖြစ်သည်။ ထိုနှင်းကဲ့သို့ ဖြူဆွတ်နေသော အံ့သြဖွယ်ရာများက အပြင်တွင် အထင်းသားပေါ်နေရာ ကျန်းရီ၏ အတွင်းနတ်ဆိုးကို ဖရိုဖရဲဖြစ်စေသည်။
ဖောက်
ရုတ်တရက် သူမက ဒူးထောက်ပြီး ကျန်းရီကို တောင်းဆိုသည့် အမူအရာဖြင့် အရိုအသေ ပေးလိုက်သည်။ သူမက သုံးကြိမ်သုံးခါတိုင်တိုင် တလေးတစား ကန်တော့ပြီးနောက် လေးနက်တည်ကြည်သည့်အသံဖြင့် ပြောလိုက်သည်။
“အရှင် ဧကရီကို ကျေးဇူးပြုပြီး လွှတ်ပေးပါ၊ ချင်းယွီက ရှင့်ရဲ့ကျွန်ဖြစ်ဖို့ ဝိညာဉ်ချိပ် ပေးအပ်ဖို့ ဆန္ဒရှိပါတယ်၊ လက်ကျန်ဘဝတစ်လျှောက်လုံး အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်”
“အမ်”
ကျန်းရီ၏နှလုံးက ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော် သူက မျက်နှာသေဖြင့် ထူးမခြားနား ရှိနေသေးဆဲဖြစ်၏။ ဤချင်းယွီလေးက အမှန်တကယ် ချစ်မြတ်နိုးဖွယ်ကောင်းသည်။ သို့သော် ထိုကဲ့သို့ ကောင်းကင်ဧကရာဇ်အဆင့် ဧကရီကို လွှတ်ရအောင် သူက အရူးတစ်ယောက် မဟုတ်ပေ။ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့် ကျွန်တစ်ဦးအတွက် ကောင်းကင်ဧကရာဇ်အဆင့် ဧကရီတစ်ပါးကို လွှတ်ရန်က သူသည် အရူးတစ်ယောက် မဟုတ်ပေ။
သို့သော် ကျန်းရီက ချင်းယွီ၏ ချစ်ခင်မြတ်နိုးမှုနှင့် သစ္စာရှိမှုတို့ကို ပိုလေးစားလာခဲ့ပြီဖြစ်သည်။ လူသားများ အားလုံးက တစ်ကိုယ်ကောင်းဆန်သည်။ တစ်စုံတစ်ယောက်သည် ကျန်သည့်သူတစ်ဦး၏ ပျော်ရွှင်မှုအတွက် တစ်ဘဝလုံးကို ပေးအပ်ရန် ဆန္ဒရှိခဲ့လျှင် ထိုအရာက အချစ်စစ်ဆိုတာ သေချာပေ၏။
“ချင်းယွီ”
ဖီးနစ်အော်သံဧကရီက သက်ပြင်းသဲ့သဲ့ ချပြီးနောက် မျက်ရည်စီးကြောင်းနှစ်ခုက ကျလာတော့သည်။ သူမစိတ်များကလည်း ရှုပ်ထွေးနေပေ၏။ သူမစိတ်လွတ်နေပြီဖြစ်သည်။ သူမသည် ဧကရီဟူ၍ အမည်တပ် ခေါ်ဝေါ်ခံရသော်ငြား အသက်နှစ်ဆယ်ကျော်ခါစ ငယ်ရွယ်သည့် မိန်းမပျိုတစ်ဦး ဖြစ်နေသေးသည်။ သူမ မဆိုထားနှင့် ခက်ခဲမှုကို တစ်ဘဝလုံး တွေ့ကြုံထားသည့် အဘိုးအိုတစ်ဦးကတောင် ယခုအချိန်တွင် အတွေးများ ကုန်ဆုံးနေလောက်ပြီမလား။
ကျန်းရီက တိတ်ဆိတ်နေလေသည်။ ချင်းယွီ၏ ရည်ရွယ်ချက် ခိုင်မာမှုနှင့် မဆုတ်မနစ်သော နှလုံးသားကို ခံစားမိလိုက်သည်။ သူမကို သူ ကတိမပေးခဲ့လျှင် သူ့ကိုယ်သူ သတ်သေလောက်ပေ၏။ သူမက နူးညံ့သောသွင်ပြင်နှင့် စိတ်ခိုင်မာသော မိန်းကလေးတစ်ဦးဖြစ်သည်။ အတန်ကြာပြီးနောက် ကျန်းရီ၏ မျက်လုံးများက တောက်ပသွားကာ ပြောလိုက်တော့သည်။
“ချင်းယွီ ငါအခုမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်”
“အမ်”
ချင်းယွီက ခေါင်းမော့လိုက်ပြီး သူမ၏ မျက်ဝန်းလှလှလေးများက ဖျတ်ခနဲ လဲ့သွား၏။ သူမက စိတ်ခံစားချက် ပြင်းသောလေသံဖြင့် ပြောလိုက်၏။
“ကျေးဇူးပြုပြီး ပြောပါ အရှင် ဧကရီကို လွှတ်ပေးမယ်ဆိုရင် ချင်းယွီက ဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ်”
“တုံးလိုက်တာ”
ကျန်းရီက နှာခေါင်းရှုံ့ကာ လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်၏။
“ငါ့ကိုအရူးလို့ ထင်နေလား ဖုန်းအာကို လွှတ်ဖို့က မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကိုတစ်ခု ကတိပေးနိုင်တယ် မင်းတို့နှစ်ယောက်လုံး ငါ့ရဲ့ကျွန်အဖြစ် ဆယ်နှစ်လုံး အလုပ်လုပ်ပေးသရွေ့ မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို သေချာပေါက် ပြန်ပေးမယ်၊ ဆန္ဒမရှိရင်အခု မင်းကိုယ်မင်း သတ်သေလို့ရပြီ”
ကျန်းရီသည် ကရုဏာတရားရှိသည့် လူတစ်ဦး မဟုတ်ခဲ့ပေ။ ချင်းယွီ၏ ချစ်ခင်ရင်းနှီးမှုနှင့် သစ္စာရှိမှုကြောင့်သာ မဟုတ်လျှင် သူက အချိန်ကုန်ခံပြီး ပြောနေမှာတောင် မဟုတ်ချေ။ ဖီးနစ်အော်သံ ဧကရီကို သူလွှတ်ပေးခဲ့လျှင် သူက အရူးတစ်ယောက်ဖြစ်နေမှာ သေချာ၏။
ဖြုံလောက်သည့် တိုက်ခိုက်ရေးသမား နှစ်ဦးကိုခေါ်ပြီးနောက် ဆယ်နှစ်ဟူသည်က လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ သူသည်ဆယ်နှစ်အတွင်း ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖြတ်တက်နိုင်ခြင်း မရှိခဲ့လျှင် သူက သေလျှင်သေ မဟုတ်လျှင် ကောင်းကင်ကြယ်တာရာနယ်မြေရှိ ကျွန်းလေးပေါ်သွားပြီး လက်ကျန်ဘဝကို အရိုးထုတ်ရမှာပဲဖြစ်သည်။
“အရှက်မဲ့လိုက်တာ”
ချင်းယွီက ကျန်းရီကို နားလည်မှုလွဲသွားတာ သိသာ၏။ သူမက ဒေါသတကြီး ပြောလိုက်သည်။
“ရှင်က တစ်ယောက်ကို မလွှတ်ပေးရုံတင်မကဘူး ကျွန်မကိုပါ ကျွန်အဖြစ် လိုချင်နေတာလား အိမ်မက်မက်နေလိုက် ကျွန်မက ရှင့်ကိုဘာကြောင့် ယုံရမှာလဲ”
“အရူး”
ကျန်းရီက မျက်လုံးလှန်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
“အခုမင်းက ကြီးမြတ်တဲ့လူတစ်ယောက်လို့ ထင်နေလား၊ ပိုးမွှားတစ်ကောင်ကို ဖိချေသလိုမျိုး မင်းကို ဖိချေလိုက်နိုင်တယ် မင်းရဲ့ဧကရီက ငါ့ရဲ့ကျွန်ဖြစ်နေပြီးသား မင်း ငါ့ရဲ့ကျွန်ဖြစ်ဖြစ် မဖြစ်ဖြစ် ဘာမှမခြားသွားဘူး မင်းရဲ့ဝိညာဉ်ချိပ်ကို မပေးချင်ဘူးဆိုရင် အခုချက်ချင်း ထွက်သွားလိုက်တော့ နောက်မဆုတ်တဲ့ သစ္စာတရားတချို့ကို ငါမြင်ခဲ့တာကြောင့်သာမဟုတ်ရင် မင်းကိုသတ်ပြီးလောက်ပြီ”
“ရှင်”
ချင်းယွီက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ခံလိုက်ရပြီး ပြန်မပြောနိုင်ဖြစ်သွားသည်။ ကျန်းရီပြောတာ မှန်ပေ၏။ သူ၏ဆန္ဒကို ဖီးနစ်အော်သံဧကရီ မဆန့်ကျင်ရဲတာ မဆိုထားနှင့် ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ခဲ့လျှင် သူမကို အားစိုက်ထုတ်စရာမလိုဘဲ အမှန်တကယ် သတ်နိုင်ပေ၏။ သူမကိုသတ်ရန် အကြောင်းပြချက်မရှိပေ။
ချင်းယွီက ကျန်းရီ၏ ရှုံ့ချသံကြောင့် တည်ငြိမ်သွားပြီးနောက် မျက်နှာထက်တွင် ကူကယ်ရာမဲ့မှု ပေါ်လာသည်။ သူမက ခေါင်းငုံ့ကာ သူမဘာသာ ရေရွတ်ပြောပြီးနောက် ခေါင်းမော့ပြီး မေးလိုက်တော့၏။
“ရှင်ကျွန်မကို တကယ်မလိမ်ပါဘူးနော်၊ ဆယ်နှစ်ကြာပြီးရင် ကျွန်မတို့ရဲ့လွတ်လပ်ခွင့် ပြန်ပေးမှာလား”
ကျန်းရီက နှာခေါင်းရှုံ့ကာ လက်ကာပြလိုက်၏။
“မင်းယုံချင်ရင်ယုံလိုက် ငါစိတ်မပြောင်းခင် ထွက်သွားလိုက်တော့၊ မဟုတ်ရင် ငါ့ရဲ့အတွင်းနတ်ဆိုးကို အပြစ်မတင်လေနဲ့ အခုချက်ချင်း မင်းကိုသတ်ပြီး အလောင်းကို စွန့်ပစ်လိုက်နိုင်တယ်”
သူမ၏ရင်ဘတ်ကို ကျန်းရီစိုက်ကြည့်နေတာ မြင်သောအခါ ချင်းယွီက ထိတ်လန့်သွားပြီး အဝတ်အစားများဖြင့် ဖုံးကာလိုက်၏။ သူမ၏ မျက်ဝန်းလှလှလေးများက တဖြတ်ဖြတ်ခတ်လျက် ခိုင်မြဲသော အမူအရာက ပေါ်လာတော့သည်။ သူမက မျက်လုံးမှိတ်ပြီးနောက် မကြာမီ၌ ရွှေရောင် ရောင်ခြည်တစ်ခု ပေါ်လာ၏။ ဝိညာဉ်ချိပ်က ကျန်းရီဆီသို့ ပျံသွားတော့သည်။
“ဟူး ချင်းယွီ ဘာကြောင့် နင့်ကိုယ်နင် ခံစားရအောင် လုပ်ရတာလဲ”
ဖီးနစ်အော်သံဧကရီက နာကျင်သည့် အမူအရာဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူတို့ပထမတစ်ကွက် မှားယွင်းပြီး အမှားများဆက်တိုက် လိုက်ပါလာတော့သည်။ သူတို့ယခုဆို အသူရာချောက်ကမ်းပါးထဲ ကျခဲ့ပြီဖြစ်သည်။
“အမ်”
ဝိညာဉ်ချိပ်က ကျန်းရီ၏လက်ထဲတွင် ပျောက်ကွယ်သွားပြီးနောက် သူကစိတ်ကျေနပ်သည့်အပြုံး ပြုံးလာတော့သည်။ သူကခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။
“ချစ်ဖို့ကောင်းတဲ့ ချင်းယွီလေး၊ မင်းရဲ့ဒဏ်ရာတွေကို မြန်မြန်ကုပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်လိုက်အုံး ဒီအတိုင်းဆက်ပြီး ပြနေမယ်ဆိုရင် မင်းရဲ့သခင်ငါက ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ ငါက အရိုင်းဆန်တဲ့ အပြုအမူတစ်ခု လုပ်ခဲ့မိရင် အားလုံးအတွက် ကောင်းမှာမဟုတ်ဘူး၊ အတွင်းနတ်ဆိုး ပေါ်လာတဲ့အချိန် ငါ့ကိုယ်ငါတောင် ကြောက်ရတယ်”
***