← Chapters

လောကကြီးကို အတူတကွ စိုးမိုးခြင်း

Vol. 39 Ch. 537

လောကကြီးကို အတူတကွ စိုးမိုးခြင်း

Vol. 39 Ch. 537

အဆုံးတွင်မူ ကျန်းရီက လူမဆန်သည့်အရာ မလုပ်ခဲ့ပေ။ သူ့ကိုယ်သူ လူကောင်းတစ်ဦးဟု မသတ်မှတ်ထားသည့်တိုင် လူတစ်ယောက်၌ အကန့်အသတ်တစ်ခု ရှိရပေမည်။ ထို့အပြင် ထိုသို့ပြုလုပ်ရန် အချိန်ကောင်းလည်း မဟုတ်ပေ။

ဘီး

သူ၏မီးဝိညာဉ်ပုလဲက ဖျတ်ခနဲလင်းသွားပြီး လက်ထဲ၌ နန်းတော်အသေးလေးတစ်ခု ပေါ်လာသည်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး အထဲသို့ စစ်ဆေးကြည့်လိုက်ရာ ယာ့ဇီသားရဲသည် ပင်မခန်းမထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို မြင်လိုက်ရ၏။ မြေခွေးလေးကလည်း သူ၏အခန်းထဲ ပြန်ဆုတ်သွားပြီဖြစ်သည်။ ကျန်းရှောင်နူနှင့် ကျန့်ဝူရွှမ်းတို့က ကျင့်ကြံနေကြသည်။ ယွင်ဖေးကမူ အစီအရင်များကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေ၏။ ချမ်ဝမ်ကွမ်က အခန်းထဲတွင် တစ်ကိုယ်ထဲထိုင်နေပြီး သက်ပြင်းချနေပေ၏။

ရွှီး ရွှီး ရွှီး

ချင်းယွီသည် နာနာခံခံဖြင့် သူမ၏အဝတ်အစားများကိုချွတ်လျှက် အဝတ်အစားသစ် လဲလိုက်တော့သည်။ ဆေးလုံးတစ်လုံး သောက်ပြီးနောက် သူမက ကျင့်ကြံရန်ထိုင်ချကာ ဒဏ်ရာများကို ပြန်လည်ကုသနေ၏။ ချင်းယွီနှင့် ဖီးနစ်အော်သံဧကရီ နှစ်ဦးလုံးက ကျန်းရီ၏ ဝိညာဉ်ကျွန်များ ဖြစ်လာခဲ့ချေပြီ။ အဝတ်အစား လဲပြီးသည်မှအပ သူကသူမကို အဝတ်ဗလာကျင်းလျှက် သူ့ကိုစိတ်ကျေနပ်စေရန် တောင်းဆိုခဲ့လျှင်တောင် သူမ၌ငြင်းဆန်ရန် အရည်အချင်း မရှိတော့ပေ။

ကျန်းရီက ချင်းယွီကို တစ်ချက်ကြည့်ပြီးနောက် သူ၏လက်ထဲ အတွင်းအားတို့ကို စုလိုက်သည်။ ဖျတ်ခနဲပေါ်လာသည့် အလင်းတန်းထဲတွင် ခပ်ဖိုင့်ဖိုင့်ပုံရိပ်တစ်ခုက လေထဲ၌ ပေါ်ပေါက်လာ၏။ ချမ်ဝမ်ကွမ်က ပတ်ဝန်းကျင်ကို ဇဝေဇဝါ ကြည့်လိုက်သည်။ သူကဧကရီနှင့် ချင်းယွီကို မြင်သည့်အချိန်၌ နှစ်ယောက်လုံးကို စိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။ သူကမကြာခဏ တံတွေးမျိုချနေမိ၏။ ထိုကဲ့သို့ အလှလေးများကို သူကမခုခံနိုင်ချေ။ သို့သော် ယခုအချိန်တွင် အလှလေးနှစ်ယောက် ရှိနေသည်။

အဟမ့် အဟမ့်

ကျန်းရီက စွံ့အနေ၏။ ထိုဖတ်တီးက ကျန်းရီကိုတောင် မမြင်နိုင်လောက်တော့သည်အထိ ဖြစ်နေသည်။ သူကလည်ချောင်းရှင်းကာ ပြောလိုက်၏။

“ဖက်တီးချမ် မင်းမျက်လုံးတွေလည်း ပြုတ်ထွက်ကျအုံးမယ်”

“အား ခေါင်းဆောင်”

ချမ်ဝမ်ကွမ်၏ တစ်ကိုယ်လုံးက တုန်လှုပ်သွားပြီး ကျန်းရီကို ကြည့်လိုက်တော့သည်။ သူ၏သာမန်ကာ လျှံကာ အမူအရာကို ကြည့်နေပြီးနောက် သူက ခပ်တိုးတိုး လေသံဖြင့် မေးလိုက်တော့၏။

”ခေါင်းဆောင် ဒီနတ်ဘုရားမနှစ်ပါးက ဘယ်သူတွေလဲ သိပ်ပြီးအစွမ်းထက်တာပဲ ဒီအရာက ဘယ်မှာလဲ ဒီလိုလှပတဲ့ နတ်ဘုရားမလေးတွေကို ဘယ်လိုများ ချိတ်လိုက်တာလဲ ခေါင်းဆောင်ဖြစ်နေတာ အံ့သြစရာမရှိဘူးပဲ၊ မိန်းကလေးတွေကို ဆက်ဆံရမဲ့နည်းလမ်းတစ်ခု သေချာပေါက် ရှိနေတာကို”

“ကောင်းပြီ အဓိပ္ပာယ်မရှိတာတွေ တော်တော့”

ကျန်းရီက မျက်လုံးလှန်ကြည့်လိုက်၏။ သူက စကားပြောရန်အတွက် ချမ်ဝမ်ကွမ်ကို ထုတ်လာတာ မဟုတ်ပေ။ ဧကရီနန်းတော်ထဲ၌ ချမ်ဝမ်ကွမ် ပျင်းရိလွန်းသောကြောင့် မျက်ရည်များ ကျနေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ကြာကြာနေလျှင် သူရူးသွားလောက်ပေ၏။

ချမ်ဝမ်ကွမ်၌ ထိုမျှအရည်အချင်းမရှိ။ သူက ကျင့်ကြံရာတွင်လည်း မနှစ်ခြိုက်ပေ။ ကျန်သည့်သူများက တံခါးပိတ် ကျင့်ကြံနေကြသောကြောင့် သူတို့အတွက် အချိန်ကုန်တာ မြန်ပေသည်။ သူကအရှေ့ပိုင်း တော်ဝင်နယ်မြေသို့ သွားမှာပဲဖြစ်သည်။ ခရီးစဉ်က မည်မျှကြာမည်မှန်း မသိပေ။ ချမ်ဝမ်ကွမ်က ကျန်းရီ၏ ညီအစ်ကိုတစ်ဦးဖြစ်ကာ သူဝေဒနာ ခံစားရမှာကို မမြင်လိုပေ။

ကျန်းရီ၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် အေးအေးဆေးဆေး ပြောလိုက်တော့၏။

“ဝမ်ကွမ်း အချိန်တိုအတွင်း မင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်လား”

“ကျွမ်းကျင်သူတစ်ယောက်လား”

ချမ်ဝမ်ကွမ်က ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်လိုက်ပြီး ကျန်းရီဆိုလိုတာကို နားမလည်ပေ။ ဤတစ်လျှောက်လုံး၌သူသည် ခရမ်းရောင်နန်းတော်ရှင် ပဉ္စမအဆင့်ကိုသာ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ သူ့၌ကောင်းကင်ဘုံ ကျောက်တုံးများကို သန့်စင်ရန် အခွင့်အရေး ရခဲ့လျှင်တောင် မည်သည်က ခြားနားသွားမည်နည်း။ အလွန်ဆုံးမှ သူသည် စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင်ဆုံးအဆင့်သာ ရောက်နိုင်မှာဖြစ်၏။ ကျန်းရီအဖို့ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင်ဆုံးအဆင့်နှင့် သဏ္ဍန်သုံးဆင့် အသွင်ပြောင်းခြင်း စစ်သည်တော်ကြား ကွာဟချက် မရှိနိုင်လောက်သည်မလား။

သူကအမြန်ပဲ ခေါင်းခါကာ ပြောလိုက်တော့၏။

“ခေါင်းဆောင် ကောင်းကင်ကျောက်တုံးတွေကို ငါ့ဆီမှာ မဖြုန်းသင့်ဘူးလို့ထင်တယ် သိုင်းပညာ အရည်အချင်းအရ ငါက ဘာမှမတော်ဘူး မင်းအတွက်မင်းပဲ သိမ်းထားတာ ပိုကောင်းမယ်လို့ ထင်တယ်”

“ဟား ဟား” ကျန်းရီက ဆန်းကြယ်စွာ ပြုံးလိုက်၏။

“မင်းကိုငါ ကူညီပေးရင်တောင် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ကို နှစ်အနည်းငယ်အတွင်း ရောက်နိုင်မယ်ဆိုရင် မင်းငြင်းမှာလား”

“ဘာ” ချမ်ဝမ်ကွမ်၏ အဆီပြည့်သောခန္ဓာကိုယ်က လှုပ်ခါသွားပြီး မျက်လုံးထဲ၌ မယုံနိုင်မှုများ ပြည့်နေသည်။ ဘေးတွင်ရပ်နေသည့် ဖီးနစ်အော်သံဧကရီ၏ ပါးစပ်ထောင့်က ရှုံ့မဲ့သွား၏။ ကျန်းရီဆိုလိုတာကို သူမဝေဝါးဝါး နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

“မင်းဖျားနေတာမဟုတ်တာ သေချာပါတယ်နော်”

ချမ်ဝမ်ကွမ်က မျက်တောင်ခတ်လျှက် ကျန်းရီကို အပူချိန်စစ်ဆေးရန် သူ့နဖူးဆီသို့တောင် လက်လှမ်းမိသွားသည်။

ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ဟူသည် အဘယ့်နည်း။ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်က ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ကောင်းကင်ကြယ်တာရာ နယ်မြေထဲ၌ အသန်မာဆုံးဖြစ်သော ရွှေယို့လန်က ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်၌သာ ရှိသည်။ ယခုကျန်းရီက ဤအဆင့်ကို တစ်နှစ်၊နှစ်နှစ်အတွင်းရောက်အောင် ချမ်ဝမ်ကွမ်ကို ကူညီပေးမည်ဟု ဆိုနေသည်။ ထိုစကားကို ပြောသည့်သူက ကျန်းရီမဟုတ်ခဲ့လျှင် ချမ်ဝမ်ကွမ်က သူ့ကိုလှောင်ပြောင် စော်ကားသည်ဟုဆိုကာ ထိုလူကို အစောထဲကသာ ရိုက်လောက်ပြီဖြစ်သည်။

“ခွီး ခွီး ငါက မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

ကျန်းရီက ပြုံးလိုက်ပြီးနောက် ဧကရီဘက်ကိုလှည့်ကြည့်ပြီး မေးလိုက်တော့သည်။

“ဖုန်းအာ သွား ငါ့အတွက် စိတ်ဝိညာဉ်တာအို အက်ကွဲမှုသုံးခုကို သွားယူလာခဲ့”

ထင်တဲ့အတိုင်းပဲ။ ဖီးနစ်အော်သံ ဧကရီက မျက်နှာမဲ့သွား၏။ ကျန်းရီကသူမကို အသုံးချရန် ကြိုးစားနေသည်။ သို့သော် ဝိညာဉ်ကျွန်တစ်ဦးအနေဖြင့် သူ၏အမိန့်များကို မလိုက်နာရန် သူမမည်ကဲ့သို့ တွေးနိုင်မည်နည်း။

သူမလက်ထဲ၌ အဖြူရောင် လက်စွပ်တစ်ကွင်း ဖျတ်ခနဲပေါ်လာပြီး ကျောက်စိမ်းသေတ္တာသုံးလုံး ပေါ်လာတော့၏။ သူကကျန်းရီအား တလေးတစားပေးကာ ပြောလိုက်တော့၏။

“သခင် ဒီမှာ အလယ်အဆင့် စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုသုံးခုပါ ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့်ကိုရောက်တာနဲ့ ဒါတွေကို အလွယ်တကူ သန့်စင်နိုင်ပြီး အက်ကွဲမှုအားလုံးကို သန့်စင်ပြီးသွားပြီဆိုရင် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ကို ရောက်လိမ့်မယ် လုံလောက်တဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေကို အရင်ဆုံး သန့်စင်ဖို့လိုတယ်”

“သခင်လား စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုလား”

ချမ်ဝမ်ကွမ်၏ နှုတ်ခမ်းက တုန်ယင်သွားကာ သူ၏လက်များကလည်း မရပ်မနား တုန်ယင်နေ၏။ ကျန်းရီထက်တောင် ပိုကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ ရှိပုံပေါ်သော နက်နဲသိမ်မွေ့သည့် စွမ်းအားတို့ဖြင့် အမျိုးသမီးက သူ့ကိုသခင်ဟု ခေါ်နေသည်လော။ ထိုစိတ်ဝိညာဉ် တာအိုပုံစံ အက်ကွဲမှုဟုခေါ်သည့် အရာကလည်း သူ့ကိုဗာဂျရာနယ်ပယ် အမြင့်ဆုံးရောက်အောင် အမှန်တကယ် ကူညီပေးနိုင်မည်လော။

ဖက်

ကျန်းရီက ချမ်ဝမ်ကွမ်၏ နောက်စေ့ကို ရိုက်ချပြီးနောက် ဒေါသထွက်သည့်လေသံဖြင့် ပြောလိုက်သည်။

“ကြည့်စမ်းပါအုံး ဘာမှအသုံးမကျဘူး မင်းက ငါ့ညီအစ်ကိုဆိုတာ တစ်ခြားလူတွေကို သွားမပြောနဲ့ ဒီတာအို အက်ကွဲမှုပုံစံကို ထိန်းထား ဖုန်းအာ မင်းမှာ ကောင်းကင်အဆင့်ကျောက်တုံး ဘယ်လောက်ရှိလဲ နည်းနည်းပေးအုံး နောင်ကျ ပြန်ပေးမယ်”

ဧကရီ၏ နှုတ်ခမ်းထောင့်က ရှုံ့မဲ့သွားပြန်သည်။ သို့တိုင် သူမ၏လက်စွပ်က လင်းထိန်လာသေးဆဲ ဖြစ်သည်။ ယခုအခေါက်တွင် သူမက လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့် ရှိသော ကျောက်စိမ်းသေတ္တာကြီးကို ထုတ်လိုက်သည်။ သူမ၏ စိတ်နှလုံးထဲ၌ မကျေမချမ်းဖြစ်မှုများ ပြည့်နေသည့်တိုင် လေသံချိုအေးလေးဖြင့် ပြောလိုက်သည်။

“သခင်ဒီမှာ ကောင်းကင်အဆင့် ကျောက်တုံးတစ်ထောင် ရှိပါတယ် ဒီသခင်လေး ဗာဂျရာနယ်ပယ် အမြင်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံနိုင်ဖို့အတွက် လုံလောက်မှာပါ”

ဂလု ဂလု

ချမ်ဝမ်ကွမ်က တံထွေးများဆက်တိုက် မျိုချမိပြီး သူ၏တစ်ကိုယ်လုံး တုန်လှုပ်နေလေသည်။ ကျန်းရီနောက်ပြောင်နေတာ မဟုတ်မှန်း သူပြောနိုင်၏။ ထိုမိန်းမပျိုလေးသည် မယုံနိုင်စရာကောင်းလောက်အောင် သန်မာပေ၏။ သူမက ကောင်းကင်အဆင့် ကျောက်တုံးတစ်ထောင် ထုတ်ပေးနိုင်ခြင်းက ရယ်စရာမဟုတ်ပေ။ ယခုအခေါက်တွင် ကျန်းရီက သူ့ကို ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ရောက်အောင် အမှန်တကယ် ပုံသွင်းတော့မှာပဲဖြစ်သည်။

တောင်တန်းနှင့်ပင်လယ်ကို လက်တစ်ဖက်ထဲဖြင့် ခွင်းလျှက် လမ်းကြောင်းတွင် ရပ်နေသည့် မည်သူ့ကိုမဆို ချေမှုန်းနိုင်စွမ်းရှိသော သိုင်းပညာရှင်တစ်ဦး မည်သူက မဖြစ်လိုမည်နည်း။

ချမ်ဝမ်ကွမ်သည် အရူးတစ်ယောက် မဟုတ်ပေ။ သူက ကျင့်ကြံရာ၌ မပျော်ရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ်မှာ သူ့၌ပါရမီ ချို့တဲ့နေသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ချမ်မျိုးနွယ်စု၏ လွှမ်းမိုးမှုကြောင့်ဖြစ်၏။ စီးပွားရေးလုပ်ရာတွင် ချမ်မျိုးနွယ်စုက ကျန်သည့်အရာများကို ဒုတိယအနေဖြင့် ထားထားသည်။ စီးပွားရေးလုပ်ငန်း အောင်မြင်ရန်အတွက် အချိန်နှင့် အားစိုက်ထုတ်မှုများစွာ မြုပ်နှံထားရသည်။ ကျင့်ကြံရန်အတွက်သူ့၌ မည်ကဲ့သို့ အချိန်ပိုရှိမည်နည်း။

ဤလောကထဲတွင် သိုင်းပညာရှင်များက အမြင်ဆုံးအာဏာရှိပြီး လူတိုင်းက သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် အိမ်မက် မက်နေကြသည်။ ခရီးထွက်တာနည်းသည့် ချမ်မျိုးနွယ်စုအတွက်တောင် ဖြစ်သည်။ ကျန်းရီထွန်းတောက်လာပုံနှင့် အနှောက်အယှက်များကို ဖယ်ရှားနိုင်သည့်ခွန်အား ရှိတာကို သူကြည့်ပြီးနောက် ချမ်ဝမ်ကွမ်က ကျန်းရီကို အားမကျဟုဆိုလျှင် အလိမ်အညာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဝိညာဉ်သားရဲကျောင်းတော်၌ ချမ်ဝမ်ကွမ်သည် သူ့မျိုးနွယ်စု၏ အကဲဖြတ်ခြင်း လျို့ဝှက်သိုင်းပညာကို အသုံးပြုပြီး ကျန်းရီ၏အနာဂတ်က အကန့်အသတ်မဲ့သည်ဟု မှန်းဆခဲ့သည်။ ထိုအချိန်မှစကာ ကျန်းရီနောက်သို့ တွေဝေခြင်းမရှိ သူလိုက်ပါခဲ့သည်။ ကျန်းရီနှင့် အချိန်တစ်ချို့ ကုန်ဆုံးပြီးနောက် အစပိုင်းက ခင်မင်ရင်းနှီးမှုကို အသုံးချရန် ရည်ရွယ်ခဲ့မှုသည် စစ်မှန်သည့် ရင်းနှီးမှုအဖြစ် ပြောင်းလဲသွားသည်။ ယခုမူ ကျန်းရီကို ခေါင်းဆောင်တစ်ဦးအဖြစ် သူသစ္စာရှိနေပြီဖြစ်ကာ ချမ်မျိုးနွယ်စုက သူ့ကို တွေဝေခြင်းမရှိ ထောက်ပံ့ပေးကြမှာပဲဖြစ်သည်။

အချက်အလက်က သက်သေပြခဲ့ပေ၏။

ကျန်းရီသည်သူ့ကို စိတ်မပျက်စေခဲ့ပေ။ ချမ်မျိုးနွယ်စုသည် ကျန်းရီထံမှ အကျိုးအမြတ်များစွာ ရခဲ့၏။ တစ်ဖက်တွင်မူ သူနှင့်အတူ အရှေ့ပိုင်း တောင်ဝင်နယ်မြေသို့ လိုက်ပါခြင်းဖြင့် ချမ်ဝမ်ကွမ်၏ အနာဂတ်က ယခုအချိန်၌ မသေချာ မရေရာမှုများ ပြည့်နေသည်။ သူအချိန်မရွေး သေဆုံးသွားနိုင်၏။ ထိုသို့တိုင် သူ့၌နောင်တမရှိပေ။ ထိုအချိန်တွင် ကျန်းရီက အပြန်အလှန်ပေးကမ်းပြီး ထိုကဲ့သို့ ရက်ရောသည့်လက်ဆောင်ကို ပေးကမ်းထားခဲ့၏။ သူလက်မခံနိုင်ပေ။

“ခေါင်းဆောင် ဒါ ဒါက”

ကျန်းရီ၏ စစ်မှန်သော အကြည့်များကိုကြည့်ပြီး ချမ်ဝမ်ကွမ်က အသက်ပြင်းပြင်းရှုကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်၏။ သို့သော် ထိန်းထားရန်သာ ဆုံးဖြတ်လိုက်၏။

ကျန်းရီက ချမ်ဝမ်ကွမ် ဘာကိုဆိုလိုမှန်း နားလည်သဘောပေါက်သောအခါ ရယ်မောလိုက်၏။ သူက ကျောက်စိမ်းသေတ္တာကို ထိုးပေးပြီးနောက် ပြောလိုက်၏။

“ယူလိုက် မင်းရဲ့အရည်အချင်းကို တိုးတက်အောင်လုပ်၊ နောင်ကျရင် ညီအစ်ကိုတွေအဖြစ်နဲ့ လောကကြီးကို အတူတကွ စိုးမိုးကြမယ်”

“အင်း”

ချမ်ဝမ်ကွမ်က လေးနက်တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲ၌ ထိုပစ္စည်းကို သိမ်းနေစဉ်၌ သူ့ဆီမှ တမင်တကာ မျက်နှာလွှဲထားသည်။ သူမျက်ရည်ကျတာကို ကျန်းရီ မမြင်စေလိုသောကြောင့် ဖြစ်သည်။

“ခွီး ခွီး”

ကျန်းရီက ဖီးနစ်အော်သံဧကရီအား ချမ်ဝမ်ကွမ်ကို အက်ကွဲမှုများ မည်သို့မည်ပုံ သန့်စင်ရမည့်အကြောင်း ညွှန်ကြားခိုင်းပြီးနောက် ဘေးထွက်ရပ်နေကာ သူ့ရင်ထဲ၌ စိတ်ကျေနပ်မှုတို့ ပြည့်နေ၏။

ချမ်ဝမ်ကွမ်ကို ထိုတာအိုပုံစံ အက်ကွဲမှုများ သန့်စင်ခိုင်းစေသည့် အကြံဉာဏ်မှာ အကြောင်းမဲ့ ထွက်လာတာမဟုတ်ပေ။ သူက လေးနက်စွာ စဉ်းစားပြီးမှ ထိုသို့ဆုံးဖြတ်လိုက်တာပဲဖြစ်၏။

ကောင်းကင်ကျောက်တုံးများကို သန့်စင်ပြီး စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံများကို သန့်စင်ခြင်းက လူတစ်ဦး၏ခွန်အားကို အချိန်တိုအတွင်း တိုးတက်စေနိုင်သည်။ သို့သော် လက်ကျန်ဘဝ၌ ထိုခွန်အားအဆင့်၌ ပိတ်မိသွားနိုင်ပေ၏။

သူသည် ဗာဂျရာနယ်ပယ်တွင် ပြိုက်ဘက်ကင်းနေပြီဖြစ်သောကြောင့် ထိုကဲ့သို့ သေချာပေါက် လုပ်မှာမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ပြင်ဆင်ရန်အတွက် နဂါးညိုးလျော်မြက်ပင်ကို သွားရှာချင်သည်။ သူ၏ကိုယ်ပိုင်အနာဂတ်ကို အဘယ့်ကြောင့် ဖျက်ဆီးရမည်နည်း။

ကျန့်ဝူရွှမ်းက သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် သူ့ကိုအခွင့်အရေး ပေးခဲ့လျှင်တောင် သူက ငြင်းပယ်မှာပဲဖြစ်၏။ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့က တစ်စိတ်တစ်ဝမ်းထဲဖြစ်သည်။ ကျန်းရှောင်နူ၌ တစ်မူထူးခြားသည့် ကျင့်စဉ်ရှိ၏။ သူမက သဘောတူခဲ့လျှင်တောင် သူမအပေါ် သက်ရောက်မှု သိပ်ရှိမှာမဟုတ်ပေ။

ထို့ကြောင့် ဖီးနစ်အော်သံဧကရီ၏ ဝိညာဉ်ချိပ်ကို သူသန့်စင်သည့်အချိန်၌ သူမတွင် စိတ်ဝိညာဉ်တာအိုအက်ကွဲမှု ပုံစံငါးခု ရှိနေသေးသည်ကို သိလိုက်ရသောကြောင့် ထိုစိတ်ကူးကို ရခဲ့တာပဲဖြစ်သည်။ အဆုံးတွင်မူ ချမ်ဝမ်ကွမ်က တာအိုအက်ကွဲမှုပုံစံကို သန့်စင်ရန်အတွက် အသင့်တော်ဆုံးလူဖြစ်နေသည်။

ဧကရီ၏ ရှင်းပြချက်များကို စိတ်အားထက်သန်စွာ နားထောင်ပြီး သူမ၏အလှတရားကို သွားရည်ရေတမြားမြားကြည့်နေသည့် ချမ်ဝမ်ကွမ်ကို ကြည့်ပြီး ကျန်းရီက ရုတ်တရက် မကောင်းသလို ခံစားလိုက်မိသည်။

ဒီမုန်းတီးစရာကောင်းတဲ့ ဖက်တီးကသာ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် မိန်းမပျို ဘယ်လောက်များများက သူ့ဆီ သားကောင်တွေ ဖြစ်လာမလဲ။

***

All Chapters