ပညာရှင်တစ်ဦး၏အုတ်ဂူ
Vol. 39 Ch. 538
ချမ်ဝမ်ကွမ်က ကျင့်ကြံရန်အတွက် ဧကရီနန်းတော်ထဲသို့ ပြန်ဝင်သွားသည်။ သူ၏ခန္ဓာကိုယ် တည်ဆောက်ပုံက အမှန်တကယ် အားနည်းပေ၏။ သို့သော် ကျန်းရီက ချမ်ဝမ်ကွမ်ကို ခန္ဓာကိုယ် အားဖြစ်စေသော ဆေးလုံးအချို့ ပေးလိုက်သည်။
ထိုကဲ့သို့သော်ငြား ချမ်ဝမ်ကွမ်သည် ကောင်းကင်ဘုံ ကျောက်တုံးများအားလုံးကို သန့်စင်ပြီး စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုသုံးခုကို နားလည်သဘောပေါက်အောင် သင်ကြားပြီးနောက် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်ရန်အချိန်မည်မျှ ကြာမည်မှန်း မသိရသေးပေ။
ကျန်းရီက သူ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမနေပေ။ သူက တာအိုပုံစံ အက်ကွဲမှုကို သန့်စင်သည့်အကြောင်း ဘာမှမသိခဲ့ပေ။ ကျန်းရီက ချမ်ဝမ်ကွမ်ကို ရှားပါးသော အခွင့်အရေးတစ်ခု ပေးခဲ့သည်ဖြစ်သောကြောင့် ယင်းက သူ၏အရည်အချင်းနှင့် ကံကြမ္မာပေါ်သာ လုံးလုံးလျားလျား မူတည်နေပြီဖြစ်သည်။
ချမ်ဝမ်ကွမ်က ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်ခဲ့လျှင်တောင် သူ၏ခွန်အား အစစ်အမှန်က အတော်လေး အားနည်းနေသေးသည်။ တာအိုပုံစံ အက်ကွဲမှုကို သန့်စင်ခြင်းက လူတစ်ဦး၏ ကျင့်ကြံဆင့်ကို တိုးမြင့်စေချင်သည့် ဖြတ်လမ်းနည်းသာဖြစ်သည်။ မှန်ကန်သည့် လမ်းကြောင်းတစ်ခု မဟုတ်ပေ။ တာအိုပုံစံကို သူနားလည် သဘောပေါက်လျှင်တောင် တာအိုပုံစံ၏ သဘောတရားကို အပြည့်အဝ ဆင်ခြင်နိုင်မှာမဟုတ်ပေ။ ထို့ကြောင့် ၎င်း၏စွမ်းအား အပြည့်အဝကို သုံးနိုင်မှာမဟုတ်ပေ။
အနာဂတ်တွင် သူက ထပ်မံတိုးတက်တော့မှာ မဟုတ်ပေ။ ချမ်ဝမ်ကွမ်က တာအိုပုံစံကို အပြည့်အဝ နားလည်သဘော မပေါက်နိုင်ခဲ့လျှင် သူက အဆင့်မြင့် တာအိုပုံစံအဖြစ် အလယ်အဆင့် တာအိုပုံစံသုံးမျိုးကို မည်ကဲ့သို့ ပေါင်းစပ်ကာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ချိုးဖျက်တက်နိုင်မည်နည်း။
ကောင်းကင်ဧကရာဇ်အဆင့်နှင့် ဗာဂျရာနယ်ပယ်က အနည်းငယ်သာ ကွဲပြားခြားနားမှုရှိသည်။ ဗာဂျရာနယ်ပယ်သို့ ရောက်ရန်အတွက် အဆင့်နိမ့် တာအိုပုံစံသုံးမျိုးကို နားလည်သဘောပေါက်အောင် ဆင်ခြင်ပြီး သို့မဟုတ် အလယ်အဆင့် တာအိုပုံစံတစ်ခုကို နားလည်သဘောပေါက်အောင် ဆင်ခြင်ရမည်။ သို့သော် တာအိုပုံစံ အရေအတွက်ကို အားထားခြင်းဖြင့် ကောင်းကင်ဧကရာဇ်အဆင့်သို့ ချိုးဖြတ်တက်ရန်က အင်မတန် ခက်ခဲလှပေ၏။
ယေဘုယျအားဖြင့် လူတစ်ဦးသည် အလယ်အဆင့် တာအိုပုံစံသုံးမျိုးကို နားလည်သဘော ပေါက်နိုင်ခဲ့လျှင် သို့မဟုတ် အဆင့်မြင့်တာအိုပုံစံကို နားလည်သဘောပေါက်နိုင်ခဲ့လျှင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ချိုးဖြတ်တက်နိုင်ပေမည်။ ရွှေယို့လန်က အလယ်အဆင့် တာအိုပုံစံလေးမျိုးကို နားလည်သဘောပေါက်ပြီဖြစ်သော်ငြား သူမက အဆင့်မတက်သေးပေ။ လင်းဂိုဏ်း၏ ဘိုးဘေးကြီးက ပိုတောင်ဆိုးပေ၏။ သူကရာစုနှစ်တစ်စုစာ တံခါးပိတ် ကျင့်ကြံခဲ့ပြီး အလယ်အဆင့် တာအိုပုံစံငါးမျိုးကို နားလည်သဘောပေါက်ခဲ့၏။ သို့သော် နောက်ဆုံးအဆင့်၌ ပိတ်မိနေသေးဆဲဖြစ်သည်။
နယ်ပယ်က ပိုမြင့်လေ အဆင့်မြင့်တာအိုပုံစံများကို ပိုနားလည်သဘောပေါက်အောင် ဆင်ခြင်ရလေ သို့မဟုတ် ရောစပ်ရလေဖြစ်သည်။ နားလည်သဘောပေါက်ခြင်းနှင့် အဆင့်မြင့် တာအိုပုံစံများကို ပေါင်းစည်းခြင်းက အဆင့်တက်နိုင်မည့် သေချာသောနည်းလမ်း ဖြစ်ပေ၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များသည် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များထက် ပိုသန်မာနေတာလည်းဖြစ်သည်။
ဖီးနစ်အော်သံနယ်မြေ၏ ကောင်းကင်ဧကရာဇ်က အဆင့်မြင့် တာအိုပုံစံတစ်မျိုးကို နားလည်သဘောပေါက်ခဲ့၏။ သို့သော် သူမက ယင်းကို ဆင်ခြင်ခဲ့ခြင်းသာဖြစ်ပြီး အပြည့်အဝ သဘောပေါက်ခြင်း မရှိပေ။ သူမ၏မျိုးနွယ်စုထဲတွင် မျိုးဆက်များအတွက် လက်ဆင့်ကမ်းလာသည့် အဆင့်မြင့် စိတ်ဝိညာဉ် တာအိုပုံစံအက်ကွဲမှုသာဖြစ်ပေသည်။ ယင်းက သူတို့၏ မျိုးဆက်သစ်များကို ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦး မွေးထုတ်ပေးခွင့်ပေးကာ ဖီးနစ်အော်သံနယ်မြေကို ကာကွယ်နိုင်စေရန်အလို့ငှာဖြစ်သည်။
ထို့ကြောင့် ဖီးနစ်အော်သံဧကရီက အသက်နှစ်ဆယ်ကျော်သည့် အချိန်၌ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခဲ့တာဖြစ်ပြီး ချင်းယွီသည်လည်း ထိုနည်းတူပင်ဖြစ်ပေ၏။ ဖီးနစ်အော်သံ နယ်မြေပေါ်၌ တာအိုပုံစံ အက်ကွဲမှုကို ထုတ်လုပ်နိုင်သည့် အရည်အချင်းက ပြောင်မြောက်သည့် အရည်အချင်းတစ်ရပ်ဖြစ်ပေသည်။ ထိုအရည်အချင်းသာ ရှိမနေခဲ့လျှင် နယ်မြေက ရေသူမျိုးနွယ်စု၏ သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရပြီဖြစ်သည်။
ကျန်းရီသည် ဖီးနစ်အော်သံဧကရီ၏ စိတ်ဝိညာဉ်အမှတ်အသားကို သန့်စင်ခဲ့သည့်အချိန်က သူမမှတ်ဉာဏ်များစွာကို တွေ့ရှိခဲ့ရ၏။ ထို့ကြောင့်သူမ၌ တာအိုပုံစံအက်ကွဲမှု ငါးခုရှိနေကြောင်း သိခဲ့ရာ သုံးခုကိုညှစ်ထုတ်ခဲ့တာပဲဖြစ်သည်။
“ဖုန်းအာ မနှမြောနဲ့ ဒီသခင်က မင်းကို အနှေးနဲ့အမြန် အလျော်ပေးမှာပါ”
ဖီးနစ်အော်သံဧကရီ၏ အမူအရာထဲတွင် သိုဝှက်ထားသည့် မကျေမချမ်းဖြစ်မှုတို့ကို မြင်သောအခါ ကျန်းရီက အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။ ဤဖီးနစ်အော်သံဧကရီက ဖုန်းလန်ဟုခေါ်သည်။ ကျန်းရီကသူမကို ဖုန်းအာဟုသော အမည်ပေးလိုက်သည်က ဖုန်းလန်ကိုအနည်းငယ် စိတ်ဓာတ်ကျစေသည်။ သူမကကျန်းရီ၏ ဝိညာဉ်ကြိုးဖြစ်ပြီး သူ့အမိန့်ကို မနာခံရဲတာဖြစ်နိုင်သည်။ သို့သော်သူမက တူညီသည့်လူတစ်ဦး ဖြစ်နေသေးပြီး ကိုယ်ပိုင်အတွေး ခံစားချက် စိတ်ဆန္ဒ မကျေမချမ်းဖြစ်မှုတို့ ရှိနေသေးသည်။
သူမက လက်နှစ်ဖက်ဖြင့် အရိုအသေပေးလျှက် ပြောလိုက်၏။
“ဒီငယ်သားက မလုပ်ရဲပါဘူး”
ကျန်းရီက လက်ဆန့်ထုတ်ပြီး ဖုန်းလန်၏ နှစ်လိုဖွယ်မျက်နှာကို ပွတ်သပ်ကာ စနောက်လိုက်၏။
“ဖုန်းအာ မင်းကိုယ်မင်း အပြင်လူတစ်ယောက်လို့ မသတ်မှတ်နဲ့။ နောင်ကျ ကိုယ့်ကိုယ်ကို ဖုန်းအာလို့ ခေါ်လို့ရတယ်။”
ဖုန်းလန်၏ နုနယ်သောမျက်နှာသည် ကျန်းရီ၏ပွတ်သပ်ခြင်း ခံရသည့်အချိန်တွင် သူမက မခုခံရဲဘဲ ရှက်သွေးဖြာသည့် မျက်နှာဖြင့်သာ ပြန်ပြောလိုက်၏။
“ဖုန်းအာ နားလည်ပါပြီ”
ဟူး ဟူး
ကျန်းရီက ပြန်လည်ကုသနေသည့် ချင်းယွီကို တစ်ချက်ကြည့်ပြီးနောက် ဘေးရှိ နူးညံ့သော ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။ သူကပုခုံးတွန့်ကာ တစ်ချက်ခေါ်လိုက်၏။
“ဖုန်းအာ လာပြီး နောက်ကျောလာနှိပ်ပေး”
ဖုန်းလန်၏ မျက်လုံးများက ပိုတောင်ဝမ်းနည်းရိပ် ထင်လာ၏။ ဖီးနစ်အော်သံနယ်မြေ၏ ဧကရီတစ်ပါးဖြစ်သော သူမသည် နောက်ကျောကို နှိပ်ပေးရသည်အထိ အဆင့်အတန်း ကျဆင်းသွားပြီဖြစ်သည်။ မည်မျှဆိုးဝါးပါသနည်း။
သူမရင်ထဲ၌ ငြင်းဆန်နိုင်ခြင်းမရှိဘဲ နာနာခံခံဖြင့် ကျန်းရီဘက်သို့ လျှောက်သွားပြီးနောက် နောက်ကျောကို နေရခက်စွာ နှိပ်ပေးလိုက်တော့သည်။ ကျန်းရီက မျက်လုံးမှိတ်ပြီး အနားယူကာ တစ်လောကလုံးရှိ အမျိုးသားများ အားကျရသော ကံကောင်းမှုကို နှစ်ခြိုက်ပျော်ဝင်နေ၏။
ကျန်းရီအဖမ်းခံရပြီးနောက် သူသည် စိတ်ပိုင်းဆိုင်ရာ ဖိအားများခံစားခဲ့ရ၏။ ယခုဖြေလျော့ရန်အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခု ရလာခဲ့ကာ ခဏတစ်ဖြုတ် အနားယူရန် မျက်လုံးမှိတ်လိုက်တော့သည်။ ရုတ်တရက် လက်ဆန့်ထုတ်ကာ ပြောလိုက်သည်။
“ဖုန်းအာ ဒီနေရာနဲ့ ပတ်ဝန်းကျင်ရဲ့မြေပုံကို ယူလာခဲ့ပေး ပြီးတော့ အရှေ့ပိုင်းတော်ဝင် နယ်မြေဆီကို ညွှန်ပြတဲ့မြေပုံတစ်ချပ် ယူလာခဲ့”
ဖီးနစ်အော်သံနယ်မြေ၏ ယခင်မျိုးဆက်များက နယ်မြေအပြင်ဘက်သို့ စွန့်စားသွားလာခဲ့ကြသည်။ အနီးအနားပတ်ဝန်းကျင်၏ မြေပုံတစ်ချပ် သူတို့တွင် ရှိပေသည်။ ကျန်သည့်နယ်မြေများ၏ မြေပုံအသေးစိတ် များစွာလည်း ရှိသေး၏။
ဖုန်းအား၏လက်စွပ်က ဖျတ်ခနဲ လင်းသွားပြီးနောက် သူမသည် မြေပုံလိပ်နှင့် လက်ရေးစာမူတစ်ထပ်ကို ကျန်းရီအား ထုတ်ပေးလိုက်၏။ ကျန်းရီက လက်တစ်ချက် ဝှေ့ယမ်းပြီးနောက် ဖုန်းလန်ကို ဆက်လက်နှိပ်ရန် ညွှန်ကြားလိုက်ပြီးနောက် သူကမူ မြေပုံများကို အနီးကပ်ကြည့်လိုက်တော့သည်။
မြေပုံများအားလုံးက အလွန်အသေးစိတ်သည်။ ကျန်းရီသည် ဖီးနစ်အော်သံနယ်မြေ၏ မြေပုံကို ဦးစွာကြည့်လိုက်၏။ ဖီးနစ်အော်သံနယ်မြေက ကောင်းကင်ကြယ်တာရာနယ်မြေထက် ငါးဆခန့် ပိုကြီးမားတာကို တွေ့လိုက်ရသည်။ အရှေ့ပိုင်းနှင့် မြောက်ပိုင်း၌ ကုန်းမြေနှစ်ခုရှိပြီး ကောင်းကင်ကြယ်တာရာနယ်မြေနှင့် အရွယ်အစား တူညီပေ၏။ သူတို့က အလွန်နီးကပ်နေသည်။ ဖုန်းလန်၏ မှတ်ဉာဏ်များအရ ထိုနယ်မြေများက ဖီးနစ်အော်သံနယ်မြေ၏ လက်အောက်ခံများ ဖြစ်သည်။
“ဖီးနစ်အော်သံနယ်မြေရဲ့ အရှေ့ပိုင်းမှာ ပုန်းကွယ်နဂါး နယ်မြေရှိတယ်၊ အဲ့ဒီရဲ့ အရှေ့ဘက်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးညအကြောက်တရား ပင်လယ်ရှိတယ်တဲ့လား၊ အကြောက်တရား ပင်လယ်ထဲမှာ အနည်းဆုံး နတ်ဆိုးဧကရာဇ် ငါးဆယ်ရှိတယ်၊ အကြောက်တရားပင်လယ်ရဲ့ မြောက်ဘက်မှာ နတ်မြင်းပျံနယ်မြေရှိတာလား၊ အရှေ့ပိုင်းဆီမှာ ကောင်းကင်နဂါးနယ်မြေ တောင်ပိုင်းမှာက ပိုသေးတဲ့ နယ်မြေသုံးခု”
ကျန်းရီက သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်၏။ သူ၏စိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်သည့် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်က ကြီးမားမှန်း သူသိပြီးသားဖြစ်သည်။ သို့သော် အပြင်လောကအကြောင်း သိကာစ၌ သူ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ အပြင်လောကက ကျယ်ပြောပြီး အကန့်အသတ်မဲ့သည့် ကောင်းကင်ကြယ်တာရာနယ်မြေသည် ကျားခုံပေါ်ရှိ ကျားစေ့တစ်စေ့သာ ဖြစ်နေပုံပေါ်သည်။
“အရှေ့ပိုင်းတော်ဝင်နယ်မြေ”
ရုတ်တရက် ကျန်းရီက အရှေ့ပိုင်းတော်ဝင်နယ်မြေ၏ အမည်ကိုညွှန်ပြထားသော ဧရာမမြေပုံတစ်ချပ်ကို တွေ့လိုက်ရသည်။ အသက်ရှုနှုန်းက မြန်လာပြီးနောက် အရှေ့ပိုင်းတော်ဝင်နယ်မြေရှိ အချက်အလက်များကို အနီးကပ်စစ်ဆေးလိုက်ရာ သူ၏စိတ်ဝိညာဉ်တောင် ထပ်မံတုန်လှုပ်သွားပြန်၏။
အချက်အလက်အရ အရှေ့ပိုင်း တော်ဝင်နယ်မြေသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ ဗဟိုဖြစ်ပြီး ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၌ အကြီးမားဆုံး ကုန်းမြေဖြစ်သည်။ အပေါ်ယံဧရိယာက ကောင်းကင်ကြယ်တာရာ နယ်မြေထက် အနည်းဆုံး အဆတစ်ရာ ပိုကြီးမားသည်။
ရင်းမြစ်ကြွယ်ဝသည့် နယ်မြေများ သမိုင်းကြောင်းမြေနေရာများ ပုန်းကွယ်နေရာများစွာလည်း ရှိပေ၏။ ရှေးဟောင်း ကြမ်းကြုတ်သော သားရဲများ မျိုးနွယ်စုများ မယုံနိုင်စရာကောင်းသည့် နတ်ဆိုးသတ္တဝါများလည်း ရှိနေသည်။
အရှေ့ပိုင်းတော်ဝင်နယ်မြေက ပညာရှင်များအတွက် သုခဘုံနှင့် အုတ်ဂူတစ်ခုဖြစ်ပေသည်။
အမျိုးမျိုးသော နယ်မြေများမှ ကျွမ်းကျင်သူများသည် အရှေ့ပိုင်း တော်ဝင်နယ်မြေနား တစ်ဝိုက်နှင့် စုဝေးလာပြီး ခရီးနှင်ကြကာ အဆင့်ချိုးဖြတ်တက်ရန် ကံကြမ္မာကောင်းကို ရှာတွေ့နေကြပြီး ရှေးဟောင်းပုန်းကွယ် ဧရိယာများ၌ ရတနာများ ရှာဖွေကြသည်။ သို့တည်းမဟုတ် အောင်ပွဲရရန်အတွက် ကြေးစများ စုဆောင်းကြသည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ဒဏ္ဍာရီများစွာရှိသည်။ ထိုနေရာ၌ စံတင်များစွာနှင့် ကျွမ်းကျင်ပညာရှင်များစွာလည်း ကြွေလွင့်ခဲ့သည်။ ထိုနေရာက ကောင်းကင်ကြယ်တာရာနယ်နိမိတ်၏ ရင်းမြစ်အကြွယ်ဝဆုံး နယ်နိမိတ်ဖြစ်ပေ၏။
အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ အမှန်တကယ် အခြေအနေနှင့် သက်ဆိုင်သည့် အချက်အလက်က နည်းပါးပေ၏။ ဖုန်းမျိုးနွယ်စု၏ ဘိုးဘေးများက အချက်အလက် မစုဆောင်းချင်တာကြောင့် မဟုတ်ဘဲ ထိုနယ်မြေသို့ ရောက်လာပြီးနောက် သူတို့က မြန်မြန်ဆန်ဆန် ပြန်လာရသောကြောင့်ဖြစ်သည်။ သူတို့ထိုနေရာ၌ ရပ်တည်ရန် နည်းလမ်းမရှိချေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ သူတို့ပျောက်ကွယ်သွားနိုင်တာကို ကြောက်နေကြ၏။
“အမေ အရှေ့ပိုင်း တော်ဝင်နယ်မြေက အမေရဲ့မွေးရပ်မြေလား နယ်မြေရဲ့ ဘယ်အစိတ်အပိုင်းမှာများ အမေအခု ရှိနေလဲ”
ကျန်းရီက မြေပုံပေါ်ရှိ ကျယ်ဝန်းသော နယ်မြေများကိုကြည့်ပြီး သူ၏မျက်လုံးထဲ၌ မှိုင်တွေတဲ့ အမူအရာပေါ်လာသည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေက ဤနေရာနှင့် အလွန်ဝေးလွန်းသည်။ ထိုနေရာသို့ သူလုံလုံခြုံခြုံ ရောက်နိုင်မည်လားဆိုတာက မသိရပေ။ သူထိုနေရာသို့သွားပြီး ရီဖျောင်ဖျောင်ကို ရှာနိုင်ပါမည်လော။
ယွီဝန်
ယင်းက ရီဖျောင်ဖျောင် သူ့အာပေးခဲ့သည့် တစ်ခုတည်းသော သဲလွန်စဖြစ်သည်။ ထိုလူကို သူမရှာနိုင်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ယခုအချိန်၌ စုလော့ရွှယ် မည်သည့်နေရာတွင် ရှိနေသနည်း။
လော့ရွှယ်
စုလော့ရွှယ်အကြောင်း တွေးမိသည့်အချိန်၌ သူ့နှလုံးက နာကျင်လာတော့သည်။ မျက်လုံးက အလင်းတန်းဖျတ်ခနဲ လက်သွားပြီးနောက် ဖုန်းလန်ကို လေးနက်တည်ကြည်သည့် လေသံဖြင့် မေးလိုက်တော့သည်။
“ဖုန်းအာ သိုင်းခန်းမအကြောင်း မင်းသိလား”
ဖုန်းလန်၏ မျက်လုံးများက ဇဝေဇဝါဖြစ်သွားပြီး မျက်တောင်ခတ်ကာ မေးလိုက်တော့သည်။
“သခင် သိုင်းခန်းမဆိုတာ ဘာလဲ”
“အမ်” ကျန်းရီက မျက်ခုံးပင့်လိုက်သည်။ ဖုန်းလန်သည် ဖီးနစ်အော်သံနယ်မြေ၏ အုပ်စိုးသူဖြစ်ပြီး သူမက သိုင်းခန်းမအကြောင်း အမှန်တကယ် မသိသည်လော။ တုကူချိုးက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲရှိ နယ်မြေအားလုံး၌ သိုင်းခန်းမကို ဖြန့်ကျက်ထားသည်ဟု ဆိုခဲ့သည့်မလား။ သူက ကျန်းရီကို လိမ်ခဲ့တာများလား။
***