အကြောင်းအရင်း အစအဆုံး
Vol. 15 Ch. 163
ခရမ်းဝါး ခြံဝင်းအတွင်း
မန်ကျည်းပင် အိုကြီးအောက်၌ လုချန်းကျီက သူ့ ရင်တွင်းစကား များကို ထန်ထျန်းအား တစ်ခုချင်းစီ ပြောပြနေတော့သည်။
"မင်း သိလား... မင်းနဲ့ တွေ့ပြီးတဲ့နောက်မှာ ငါမှားခဲ့တဲ့ အမှားတွေက ငါ့တစ်သက်လုံး မှားခဲ့သမျှ အမှားတွေထက်တောင် ပိုများနေဦးမယ်။"
လုချန်းကျီက ခါးသက်စွာ ပြုံးလျက် ပြော ၏။ "ငါတို့ ပထမဆုံး စတွေ့ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား"
"အဲဒီအချိန်တုန်းက မင်းရဲ့ နာမည်က အခုလို မကျော်ကြားသေးဘူး။ ငါလည်း မင်းနာမည်ကို တစ်ခါနှစ်ခါပဲ ကြားဖူးတာ။"
"အဲဒီတုန်းက ရှန့်တုဖုန်းက ငါ့ကို လာပြောတယ်။ မာနကြီးပြီး ငါ့ကို လုံးဝ အရေးမစိုက်တဲ့ ဂုဏ်ထူးဆောင်တပည့် အသစ်တစ်ယောက် ရောက်နေတယ်ဆိုပြီးပေါ့ ။"
"အဲဒီအချိန်က ငါလည်း နည်းနည်း ပျင်းနေတာနဲ့ အပျော်သဘောပဲ ကစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ။"
"ဒါပေမဲ့ အဲဒီအချိန်ကစပြီး ငါဟာ မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားခဲ့တာ အခုထိပဲ။"
သူ့စကားများထဲတွင် နောင်တရမှုနှင့် ခံစားချက်များစွာ ပါဝင်နေသည်။
ထန်ထျန်းသည်လည်း ထိုစဉ်က ဖြစ်ရပ်ကို ပြန်လည် မြင်ယောင်မိသွား၏။
ထိုစဉ်က သူက ရှန့်တုဖုန်းနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး တောင်ထိပ်ငါးခု ဖလှယ်ပွဲတွင် လုချန်းကျီနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
အဲဒီတုန်းက လုချန်းကျီက သူ့အပေါ် ကောင်းမွန်သော အမူအရာ လုံးဝ မပြခဲ့ပေ။
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ မင်းက အပျော်သဘော ကစားခဲ့တဲ့ ပုံစံမျိုး မဟုတ်တော့ပါဘူး"
ထန်ထျန်းက ပြော လိုက်သည်။
သူတို့နှစ်ဦး ဒုတိယအကြိမ် ဆုံတွေ့ခဲ့ကြသည်မှာ ဖန်ဖေး သေဆုံးခဲ့သည့် အချိန်က ဖြစ်သည်။
လုချန်းကျီက ခေါင်းခါယမ်းကာ "အဲဒါကတော့ မင်းက ပွဲ မှာ ထူးခြားတဲ့ ငွေကြေးအင်အားကို ပြသခဲ့လို့လေ။"
"ငါက ပါရမီရှင်တွေကို မြတ်နိုးတတ်တဲ့သူဆိုတော့ မင်းကို ငါ့လက်အောက်ထဲ သွင်းချင်ခဲ့တာ။"
"ဒါပေမဲ့ အဲဒီအချိန်မှာ မင်းက တောင်'တောင်ထိပ်မှာ အမည်စာရင်း သွင်းထားပြီးသား ဖြစ်နေတော့ မိုရှောင်းရှောင်းရဲ့ လူ ဖြစ်နေပြီလေ။"
"ဒါကြောင့် ငါက မင်းကို စည်းရုံးဖို့ တခြားနည်းလမ်းတစ်ခု ပြောင်းသုံးခဲ့တာ။"
ဤအကြောင်းအရာကို ပြောသောအခါ သူက နောက်ထပ် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပြန်သည်။ "ရှန့်တုဖုန်းရော၊ ဖန်ဖေးရောက ငါ့ကို ပြောကြတာက မင်းက ကံကောင်းလို့ ငွေရလာတဲ့ သူဌေးရူး တစ်ယောက်ပဲတဲ့။"
"ဒါ့အပြင် မင်းက မိန်းမမက်တယ်၊ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်၊ အငြိုးအတေး ကြီးတယ်၊ စိတ်သဘောထား သေးသိမ် တယ်၊ ပြီးတော့ မင်းကို စွန့်ခွာသွားတဲ့ ငယ်ချစ်ဦးကိုတောင် အခုထိ တမ်းတနေတုန်းပဲလို့ ပြောခဲ့ကြတာ။"
"သူတို့ရဲ့ ဖော်ပြချက်တွေအပေါ် အခြေခံပြီး မင်းကို ကိုင်တွယ်ဖို့ အစီအစဉ်တစ်ခု ငါ ဆွဲခဲ့တယ်။"
"အဲဒီ အစီအစဉ်ထဲမှာ ဖန်ဖေးနဲ့ လင်းယွဲ့တို့က မင်းကို ကိုင်တွယ်ဖို့ ပစ္စည်း တွေပဲ။"
"ပထမဆုံးအနေနဲ့ ဖန်ဖေးရဲ့ လှည့်ကွက်တွေကို ငါက ဖော်ထုတ်မယ်၊ ပြီးတော့ မင်းရှေ့မှာပဲ သူ့ကို အပြစ်ပေးပြမယ်။ ဒါမှ မင်းက ငါ့ကို ကျေးဇူးတင်ပြီး ငါ့အပေါ် အမြင်ကောင်းလာမှာလေ။"
"ဒါပေမဲ့ မင်းက ဘာမှ မဖြစ်သလို တည်တည်ငြိမ်ငြိမ်ပဲ နေခဲ့တယ်။"
"အဲဒီနောက်မှာ ငါက လင်းယွဲ့ကို ခေါ်ထုတ်လာခဲ့တယ်။ မင်းရဲ့ ငယ်ချစ်ဦးအပေါ် ရှိနေတဲ့ သံယောဇဉ်ကို သုံးပြီး မင်းကို ငါနဲ့ ချည်နှောင်ထားဖို့ပေါ့။"
"ဒါပေမဲ့ မင်းက ဘာမှ မထူးခြားပြန်ဘူး။"
"နောက်ဆုံးတော့ ငါက ဖန်ဖေးကို သတ်ပစ်လိုက်တယ်။ အင်အားသုံးပြီး မင်းကို ငါ့လက်အောက် ခိုလှုံလာအောင် ဖိအားပေးဖို့ပေါ့။"
"ဒါပေမဲ့ ရလဒ်ကတော့ ငါတို့နှစ်ယောက် လုံးဝ မျက်နှာပျက်သွားပြီး ရန်သူတွေ ဖြစ်သွားခဲ့ရတာပဲ။"
"အဲဒီတုန်းက ငါ ဘာတွေးမိလဲ မင်း သိလား"
လုချန်းကျီက ခပ်အေးအေး ပြုံးကာ "အဲဒီအချိန်က ငါ ရှန့်တုဖုန်းကို ဆွဲထုတ်ပြီး ဖန်ဖေးကို ပြန်အသက်သွင်းပြီး သူတို့နှစ်ယောက်လုံးကို တစ်စစီ ဆွဲလုပ် ချင်ခဲ့တာ။"
"သူတို့ပေးတဲ့ သတင်းအမှားတွေကြောင့် မင်းအပေါ် ငါ အကြီးအကျယ် ခန့်မှန်းတာ မှားယွင်းခဲ့တယ်။ ငါ့ရဲ့ နည်းလမ်းအားလုံးက ပြောင်းပြန် အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ခဲ့ရတယ်။"
"ဒါက မင်းနဲ့ ပတ်သက်ပြီး ငါ ပထမဆုံး မှားခဲ့တဲ့ အမှားကြီးပဲ။"
လုချန်းကျီ ပြောနေသည်များကို ထန်ထျန်းက ငြိမ်သက်စွာဖြင့် လက်ဖက်ရည် သောက်ရင်း နားထောင်နေခဲ့သည်။
ထိုစဉ်က ဖြစ်ရပ်များမှာ တကယ်ပင် တိုက်ဆိုင်မှုများစွာ ရှိခဲ့၏။
အကယ်၍ ရှန့်တုဖုန်းနှင့် ဖန်ဖေးတို့သာ မရှိခဲ့လျှင် သူနှင့် လုချန်းကျီတို့ ယခုကဲ့သို့ စောစောစီးစီး ရန်သူများ ဖြစ်ကြလိမ့်မည် မဟုတ်ပေ။
"အဲဒီနောက်ပိုင်းရော"
ထန်ထျန်းက ဖြည်းဖြည်းချင်း မေးလိုက်သည်။
လုချန်းကျီက ပြုံးကာ "အဲဒီနောက်မှာတော့... တကယ်တမ်း ဘာမှ မရှိပါဘူး။"
"မင်းရဲ့ အဲဒီတုန်းက ထုတ်ပြတာ တွေနဲ့ဆိုရင် ငါ့ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ဖို့ အများကြီး လိုသေးတာကိုး။"
"အချိန်ရတဲ့အခါကျမှပဲ မင်းကို ရှင်းပစ်ဖို့ ငါ တွေးထားခဲ့တာ။"
"နောက်ပိုင်းမှာ နဂါးအသွင်ပြောင်း( ဟွာလုံ) ရေကန် စမ်းသပ်ပွဲ ရောက်တဲ့အခါကျမှ မင်းက ငါ့ရဲ့ ခန့်မှန်းချက်တွေကို ထပ်ပြီး ကျော်လွန်သွားခဲ့ပြန်တာပဲ။"
လုချန်းကျီက လက်ဖက်ရည်တစ်ငုံ သောက်ကာ ခေါင်းခါယမ်းလိုက်သည်။ "မင်းနဲ့ ရန်သူ ဖြစ်ပြီးတဲ့နောက် ငါ မင်းရဲ့ နောက်ကြောင်းကို သေချာ စုံစမ်းခဲ့တယ်။ ငွေကြေး အနည်းငယ် ရှိတာကလွဲရင် ကျန်တာက ဘာမှ မဟုတ်ဘူးလို့ပဲ သိရတာလေ။"
"ဒါပေမဲ့ နဂါးအသွင်ပြောင်း ရေကန် စမ်းသပ်ပွဲမှာ မင်းက အစွမ်းပြခဲ့တယ်။ နဂါးအသွင်ပြောင်း ရေကန် တစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ပြီး လူတိုင်း မင်းရှေ့မှာ ဒူးထောက်ခဲ့ရတာပဲ။"
"အဲဒီအချိန်ကျမှ ငါ သိလိုက်ရတာက... မင်းက မင်းရဲ့ အစစ်အမှန် စွမ်းအားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာပဲ ဆိုတာကိုပဲ။"
"မသိနိုင်တဲ့ အရာဆိုတာ ငါ အမုန်းဆုံး အရာပဲ။"
"အဲဒီနောက်မှာ မင်းက ပိုပြီးတော့ ထင်ပေါ်လာခဲ့တယ်။ အဓိက တပည့် စမ်းသပ်ပွဲ မှာ ပါရမီရှင်တွေကို ကစားခဲ့ရုံတင်မက ဂိုဏ်းတည်ဆောက်ရေးမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ဆဌမတောင်ထိပ် ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကိုတောင် တစ်ယောက်တည်း ယူခဲ့တာလေ။"
"မင်းက နောင်တစ်ချိန်မှာ ငါ့အတွက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့ ငါ ခံစားလိုက်ရတယ်။"
"ဒါကြောင့် တုယွမ်ချင်း ကိစ္စကို စီစဉ်တဲ့အခါမှာ မင်းကိုပါ ငါ ထည့်သွင်း တွက်ချက်လိုက်တာပဲ။"
ထန်ထျန်း မျက်မှောင်ကြုတ်သွားမိပြီး တုယွမ်ချင်း ဖြစ်ရပ်မတိုင်မီ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
အဖြေတစ်ခုမှာ သူ၏ စိတ်ထဲ၌ ပေါ်ပေါက်လာခဲ့၏။
"ထျန်းဖုန်းက မင်းရဲ့လူလား"
ထန်ထျန်းက မေးလိုက်သည်။
လုချန်းကျီက ခေါင်းညိတ်ပြ၏။
"ထျန်းဖုန်းက တုမိသားစုရဲ့ လူပါ။ တုမိသားစုဆိုတာ ငါ့ရဲ့ ထိုးဖောက်မှုကြောင့် အပေါက်ပေါင်းများစွာနဲ့ ဇကာ တစ်ခုလို ဖြစ်နေခဲ့တာ ကြာပြီ။"
"သူက အပြင်ပန်းမှာ တုယွမ်ချင်းရဲ့ လူ၊ နောက်ကွယ်မှာ မိုရှောင်းရှောင်းရဲ့ လူလို့ ထင်ရပေမဲ့... တကယ်တော့ သူက ငါ့ရဲ့ နယ်ရုပ် တစ်ခုပဲ။"
ထန်ထျန်းက သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
ထျန်းဖုန်းက တုယွမ်ချင်း ဖြစ်ရပ်၏ အဓိက သော့ချက် ဖြစ်ခဲ့၏။ သူ ပျောက်ဆုံးသွားခြင်းကြောင့် စစ်မီးမှာ မငြိမ်းနိုင်ဘဲ ဆက်လက် တောက်လောင်ခဲ့ရခြင်း ဖြစ်သည်။
သူ ရုတ်တရက် သေဆုံးသွားခြင်းကလည်း ဤပဋိပက္ခကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
ထျန်းဖုန်းက လုချန်းကျီ၏ လူ ဖြစ်နိုင်ကြောင်း သူ ယခင်က ခန့်မှန်းခဲ့သော်လည်း လုချန်းကျီ ကိုယ်တိုင် ဝန်ခံလိုက်သောအခါတွင်မူ ထူးဆန်းသည့် ခံစားချက်ကို ရရှိမိသည်။
မထင်မရှားသော လူငယ်တစ်ဦးမှာ ဤမျှ များပြားလှသော အမည်မသိ ပုံရိပ် များကို ပိုင်ဆိုင်ထားသည်။
"ဒါကြောင့် မင်းက သူ့ကို သုံးပြီး ငါနဲ့ ရန်ငြိုးဖြစ်အောင် တမင် လုပ်ခိုင်းခဲ့တာပေါ့"
ထန်ထျန်းက ပြော လိုက်သည်။
လုချန်းကျီက ခေါင်းညိတ်ကာ "မှန်ပါတယ်။"
"အဲဒီတုန်းက ထျန်းဖုန်းဆီကနေ သိရတာက... မိုရှောင်းရှောင်းက တန်းယွမ် ကုန်သွယ်ရေးအသင်းရဲ့ ရှယ်ယာ အရောင်းအဝယ်ပွဲကို သုံးပြီး တုယွမ်ချင်းနဲ့ ထျန်းယန်ရှန်းတို့ကို အပြန်အလှန် ကိုက်ခိုင်းဖို့ ကြံစည်နေတယ် ဆိုတာပဲ။"
"ဒီလို ကိစ္စမျိုးမှာတော့ အဲဒီ ကောင်မလေးက အတွေ့အကြုံ နု သေးတယ်လို့ ပြောရမယ်။"
"ဒါကြောင့် ငါက ဒီအခွင့်အရေးကို သုံးပြီး အဓိက ပြိုင်ဘက်ကို ဖယ်ရှားဖို့နဲ့ ငါ့အတွက် အားသာချက်တွေ ရယူဖို့ ဆုံးဖြတ်လိုက်တာပဲ။"
"မင်းနဲ့ ပတ်သက်လို့တော့ စော်ကားတာ မဟုတ်ပါဘူး၊ မင်းကတော့ အကြံထဲမှာ ဘေးကနေ ပါသွားတာပါ။"
"ထျန်းဖုန်းကို မင်းနဲ့ ရန်စ ခိုင်းတာက မင်းကို ရှယ်ယာ အရောင်းအဝယ်ပွဲနဲ့ တုယွမ်ချင်း ကိစ္စတွေကို သိစေချင်လို့ပဲ။"
"အကယ်၍ မင်း မလာခဲ့ရင်တော့ မင်းက ငါ့အတွက် အဟန့်အတား မဖြစ်နိုင်ဘူးလို့ ယူဆပြီး လျစ်လျူရှုထားမှာ။"
"ဒါပေမဲ့ မင်း ရောက်လာခဲ့ရင်တော့ မင်းက ဒီပဋိပက္ခထဲကို တိုက်ရိုက် ရောက်သွားမှာဖြစ်ပြီးတော့ သတိမထားရင် အသက်ပါ ပေးရနိုင်တဲ့ အထိ ဖြစ်သွားမှာပဲ။"
"ဒါကိုတော့... ကြိုတင်ပြင်ဆင်ထားတဲ့ အရန်နယ်ရုပ် တစ်ခုလို့ပဲ ခေါ်ရမယ် ထင်ပါတယ်။"
ထန်ထျန်း တိတ်ဆိတ်သွားမိ၏။
တကယ်တမ်းတွင် သူက ဘေးကနေသာ ပါဝင်ခဲ့ခြင်း ဖြစ်ပါတကား။
ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သူသည် အစွမ်းအစ အချို့ ပြသနေသော်လည်း လုချန်းကျီတို့ကဲ့သို့ လူများနှင့် ယှဉ်လျှင် အားနည်းနေသေးသဖြင့် သူတို့က လျစ်လျူရှုထားခြင်းမှာလည်း သဘာဝကျပေသည်။
ထန်ထျန်းက ထိုကိစ္စကို ကျော်လိုက်ပြီး "ဒါဆို မင်းရဲ့ မူလ ပစ်မှတ်က မိုရှောင်းရှောင်း ပေါ့"
လုချန်းကျီက ခေါင်းညိတ်ပြကာ "သေချာတာပေါ့။"
"ထျန်းယန်ရှန်းထက်စာရင် မိုရှောင်းရှောင်းကို ရာထူးကနေ ဖယ်ရှားဖို့က ပိုလွယ်တာကိုး။"
"သူမရဲ့ အစီအစဉ်ကိုပဲ ပြန်သုံးပြီး ထျန်းယန်ရှန်းနဲ့ တုယွမ်ချင်းတို့ကို သိသိသာသာ ပဋိပက္ခဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒီနောက်မှာ တုယွမ်ချင်းကို သတ်ခိုင်းပြီး အပြစ်ကို ထျန်းယန်ရှန်းဆီ ပုံချခဲ့တာပဲ။"
"ထျန်းယန်ရှန်းရဲ့ အကြောင်းကို သိတဲ့အတိုင်းပဲ၊ သူက ငါလုပ်တာလို့ သံသယဝင်ပြီး ငါ့ဆီ လာတိုက်ခိုက်တော့တာပဲ။"
"တုမိသားစုက သူ့လူတွေကို အများကြီး သတ်ခဲ့သလို သူကလည်း ငါ့လူတွေကို အများကြီး သတ်ခဲ့တယ်။"
"အဲဒီအချိန်မှာပဲ ငါက လူလွှတ်ပြီး ကွမ်းမိသားစုရဲ့ အထက်ပိုင်းတွေကို လုပ်ကြံခိုင်းလိုက်တော့ စစ်မီးက ဟုန်းဟုန်းတောက်သွားတာပဲ။"
"ငါနဲ့ ထျန်းယန်ရှန်းကြားက ပဋိပက္ခကလည်း အထွတ်အထိပ်ကို ရောက်သွားခဲ့ရတယ်။"
စကားပြောရင်း လုချန်းကျီက ရုတ်တရက် ပြုံးလိုက်ကာ "ငါတို့နှစ်ယောက် အသေအလဲ တိုက်ခိုက်နေချိန်မှာ မိုရှောင်းရှောင်းကတော့ ဘာမှ မဖြစ်ဘဲ ဘေးကင်းနေခဲ့တာလေ။"
"မင်းလည်း အဲဒီတုန်းက သူမပဲ နောက်ကွယ်ကနေ အရာအားလုံးကို စီစဉ်နေတာလို့ သံသယဝင်ခဲ့တယ် မဟုတ်လား"
သူက ရယ်မောလျက် မေးလိုက်လေတော့သည်။