← Chapters

ထျန်းရှထုန် ကုန်သွယ်ရေးအသင်း

Vol. 15 Ch. 169

ထျန်းရှထုန် ကုန်သွယ်ရေးအသင်း

Vol. 15 Ch. 169

​ဤဖြစ်ရပ်များအပြီးတွင် ဂိုဏ်းအတွင်းပိုင်း စစ်တလင်း ကို ထန်ထျန်းက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဟု ဆိုရပေမည်။

​ဂိုဏ်း၏ အပြင်ဘက်တွင်လည်း မိုရှောင်းရှောင်း ချန်ထားခဲ့သော အင်အားစုများကို ထန်ထျန်းက အဆင်ပြေချောမွေ့စွာ ရရှိထားပြီး ဖြစ်သည်။

​အရှေ့'တောင်ထိပ်မှ ကျင်းဟန် ကလည်း အခြေအနေ မကောင်းသည်ကို ရိပ်မိပြီးနောက် ထန်ထျန်းထံသို့ စကားများ ကမ်းလှမ်းထားရာ အပြောင်းအလဲ မရှိပါက သူသည်လည်း နောင်တွင် ထန်ထျန်းဘက်မှ ရပ်တည်လာပေလိမ့်မည်။

​ဤသို့ဖြင့် ဂိုဏ်းပြင်ပတွင်လည်း ထန်ထျန်းက အသာစီး ရရှိသွားခဲ့ပြီ ဖြစ်၏။

​ဂိုဏ်းအတွက် အကျိုးပြုမှု ပိုင်းတွင်မူ ပြောနေရန်ပင် မလိုတော့ပေ။

​ထို့ကြောင့် ယခုအခါ ထန်ထျန်းက လုချန်းကျီကို အပြတ်အသတ် ကျော်လွန်နေပြီး ထိုရာထူးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ထန်ထျန်းက လက်ဖက်ရည်ကို တိတ်ဆိတ်စွာ တစ်ငုံသောက်လိုက်၏။

​အမှန်တရားကို ဆိုရလျှင် ဤအဆင့်သို့ ရောက်လာလိမ့်မည်ဟု သူ ကိုယ်တိုင်လည်း မထင်မှတ်ထားခဲ့ပေ။

​သူသည် မူလက ထိုရာထူးအတွက် ပြိုင်ဆိုင်ရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း လျှောက်လှမ်းရင်းဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

​သူ၏ မူလရည်ရွယ်ချက်မှာ ထိုရာထူးကို ရယူပြီးမှသာ ဟန်ဟိုင်နှင့် လုချန်းကျီတို့ကို အပြည့်အဝ ဖိနှိပ်နိုင်မည်ဖြစ်ပြီး ကုရှောင်းရွှယ်ကိုလည်း ကယ်တင်နိုင်မည်ဟု တွေးခဲ့ခြင်း ဖြစ်သည်။

​သို့သော် ယခုအခါ ကုရှောင်းရွှယ်မှာ ဘေးကင်းသွားပြီ ဖြစ်သဖြင့် ဤရာထူးမှာ ထန်ထျန်းအတွက် ရှိရှိမရှိရှိ အရေးမပါတော့သလို ဖြစ်နေ၏။

​ထို့ပြင် နောင်တွင် ဝူဒင်နန်းတော် သို့ ဝင်ရောက်သည့်အခါ သူက အမှန်တကယ် လှုပ်ရှားရန် ရည်ရွယ်ထားရာ သူ့ကိုယ်ပေါ်တွင် အနှောင်အဖွဲ့များလွန်းခြင်းမှာ ကောင်းသည့်အချက် မဟုတ်နိုင်ပေ။

​သို့ဆိုလျှင် ဤရာထူးက...

​"ထားလိုက်ပါတော့၊ အချိန်ကျမှပဲ စဉ်းစားတော့မယ်"

​မည်သို့ပင်ဖြစ်စေ ချင်းယွဲ့ဂိုဏ်းတွင် ရှိနေသရွေ့တော့ အာဏာရှိခြင်းက မရှိခြင်းထက် ပိုကောင်းပေသည်။

​"ဂိုဏ်းပေါင်းစုံ တိုက်ပွဲ ကိစ္စ ဘယ်လိုရှိလဲ"

ထန်ထျန်းက မေးလိုက်သည်။

​လီဟုန်က ပြန်လည် တင်ပြ၏။ "လူရွေးချယ်မှုတွေ အားလုံး ပြီးစီးသွားပါပြီ။ ဒီတစ်ခါ ချင်းယွဲ့ဂိုဏ်းကနေ ပါဝင်ယှဉ်ပြိုင်မယ့် တပည့် စုစုပေါင်း ၁၂၃၇ ယောက် ရှိပါတယ်။"

​"တပည့်အားလုံးကို အဖွဲ့သုံးဖွဲ့ ခွဲထားပါတယ်။ တစ်ဖွဲ့ကို ဂိုဏ်းချုပ်လေးက တာဝန်ယူပြီး နောက်တစ်ဖွဲ့ကို လုချန်းကျီ၊ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သခင်လေးက တာဝန်ယူရမှာပါ။"

​"ဂိုဏ်းချုပ်လေးရဲ့ အဖွဲ့က အများဆုံးဖြစ်ပြီး လူဦးရေ ထက်ဝက်နီးပါး (၅၁၄ ယောက်) ရှိပါတယ်"

​"လုချန်းကျီရဲ့ အဖွဲ့ကတော့ အနည်းဆုံးဖြစ်ပြီး ၃၅၁ ယောက် ရှိပါတယ်"

​"နောက်ဆုံး သခင်လေး တိုက်ရိုက် တာဝန်ယူရမယ့် တပည့်ကတော့ ၃၇၂ ယောက် ရှိပါတယ်"

​ထန်ထျန်း ခေါင်းညိတ်လိုက်၏။

​ယွင်ခုံး တာဝန်ယူသည့် တပည့်အရေအတွက်က အများဆုံး ဖြစ်နေမည်မှာ သေချာလှသည်။

​သူသည် ယခင်က ထန်ထျန်းထံသို့ ထိပ်တန်း တပည့် ၁၀၀ ခန့်ကို "ခွဲဝေ" ပေးခဲ့ဖူး၏။

​ယခု ပြန်ကြည့်လျှင် ထိုအရေအတွက်မှာ တွက်ချက်ထားခြင်း ဖြစ်ပုံရသည်။ လုချန်းကျီထက် အနည်းငယ် သာလွန်စေပြီး အလွန်အမင်း သာလွန်မနေစေရန် ချိန်ညှိထားခြင်း ဖြစ်၏။

​နှစ်ဖက်စလုံးမှာ အခြေခံအားဖြင့် တူညီသော အဆင့်အတန်းတွင် ရှိနေသည်။

​"ဆက်ပြော"

ထန်ထျန်းက ပြော သည်။

​လီဟုန်က ခေါင်းညိတ်ကာ ဆက်ပြော၏။ "ဂိုဏ်းပေါင်းစုံ တိုက်ပွဲကို နောက် ရှစ်ရက်အကြာမှာ တရားဝင် စတင်မှာပါ"

​"ကျွန်တော်တို့က နောက်သုံးရက်နေရင် အတူတူ ထွက်ခွာကြပါမယ်။ တည်နေရာကူးပြောင်း အစီအရင် ကနေတစ်ဆင့် ဧကရာဇ်မြို့တော်ကို သွားမှာဖြစ်ပြီး အဲဒီမှာ ငါးရက် ကြိုတင် ရောက်နေမှာပါ။"

​"နေထိုင်မယ့်နေရာနဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ ဂိုဏ်းက စီစဉ်ပြီးပါပြီ။ ကျွန်တော်တို့က သွားရုံပါပဲ။"

​ထန်ထျန်းက ခပ်တိုးတိုး ဝန်ခံလိုက်၏။

​တည်နေရာကူးပြောင်း အစီအရင် ဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှသော အရာဖြစ်သည်။

​၎င်းမှာ အင်မော်တယ်ဘုရင် အဆင့်နှင့် အထက်ရှိသော အစီအရင် ပညာရှင်များသာ တည်ဆောက်နိုင်သည့် အစီအရင်ဖြစ်ပြီး အလွန်ဝေးလံသော အကွာအဝေးကို ပို့ဆောင်နိုင်သည်။ ဝူဒင်နန်းတော်၏ လက်အောက်ခံ ဂိုဏ်းတိုင်းတွင် တစ်ခုစီ ရှိကြ၏။

​ဤအဆင့်ရှိသော တည်နေရာကူးပြောင်း အစီအရင် ကို အလွန်အရေးကြီးသော ကိစ္စရပ်များတွင်သာ အသုံးပြုကြသည်။

​"ငါတို့ ဘာတွေ ထပ်လုပ်ဖို့ လိုသေးလဲ"

ထန်ထျန်းက မေးသည်။

​လီဟုန်က ပြုံးလျက် "ထွေထွေထူးထူးတော့ မရှိပါဘူး"

​"ဧကရာဇ်မြို့ကို ရောက်တဲ့အခါ တပည့်တွေအတွက် ပိုကောင်းတဲ့ ကျင့်ကြံမှု အခြေအနေတွေ စီစဉ်ပေးတာမျိုးလောက်ပါပဲ"

​"ကျွန်တော် ခန့်မှန်းတွက်ချက်ကြည့်ရသလောက်တော့ ဝိညာဉ်ကျောက် ၁၀ ဘီလီယံ လောက်ဆိုရင် ရ ပါပြီ"

​ထန်ထျန်း ခေါင်းညိတ်လိုက်၏။ ၎င်းမှာ သူ့အတွက်တော့ များပြားသော ပမာဏ မဟုတ်ပေ။

​အစွန်းထွက်လောက်ပင် မရှိချေ။

​ယခုအခါ သူ၏ ကြွယ်ဝမှုမှာ အလွန်ပင် ကြီးမားလှပြီ ဖြစ်သည်။ အရောင်းအဝယ် ပြုလုပ်လျှင်ပင် ဝိညာဉ်ကျောက် ထရီလီယံ အဆင့်မှ စတင်နေပြီ ဖြစ်၏။

​ဝိညာဉ်ကျောက် ထရီလီယံ ဆိုသည်မှာ သူ၏ မျက်စိထဲ၌ ဘာမျှ မဟုတ်တော့ပေ။

​ထို့ပြင် အကြောင်းတစ်စုံတစ်ရာကြောင့် ထန်ထျန်းက ငွေသုံးရခြင်းကို အနည်းငယ် ငြီးငွေ့လာမိသည်။

အထူးသဖြင့် ငွေအနည်းငယ် သုံးရသည့် ကိစ္စမျိုးတွင် ဖြစ်၏။

​သူ့မျက်စိရှေ့တွင် ကြီးမားသော လုပ်ငန်းကြီးများ ပေါ်လာမှသာ သူ စိတ်ဝင်စားမှု ရှိပေလိမ့်မည်။

​ခဏမျှ စကားပြောပြီးနောက် ထန်ထျန်းက ကိစ္စအားလုံးကို လီဟုန်နှင့် လန်ယွဲ့ ညီအစ်မတို့အား လွှဲအပ်လိုက်ကာ သူတို့ကို အလုပ်သွားလုပ်ခိုင်းလိုက်၏။

​ထို့နောက် သူက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ ဝမ်ကန်းအား ဆက်သွယ်လိုက်သည်။

​"ကုန်သွယ်ရေးအသင်း ကိစ္စတွေ ဘယ်လိုရှိလဲ"

ထန်ထျန်း မေးလိုက်၏။

​ဝမ်ကန်းက ပြန်လည် ဖြေကြားသည်။ "အားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပါပြီ"

​"ဒီတစ်ခါ ပြန်လည် မွေးဖွားလာပြီးတဲ့နောက် အသင်းက သံမဏိစည်ပိုင်းလို ခိုင်မာနေပါပြီ။ လူတိုင်းက အားသွန်ခွန်စိုက် ကြိုးစားနေကြတယ်။"

​"အရင်က လုပ်ငန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်သလို အပြင်ဘက်ကို ချဲ့ထွင်ဖို့ ဖြစ်နိုင်ခြေတွေကိုလည်း လေ့လာနေပါတယ်"

​ထန်ထျန်းက ခေါင်းညိတ်ကာ "တခြား ကုန်သွယ်ရေးအသင်းတွေနဲ့ ဆက်သွယ်မှုကရော ဘယ်လိုရှိလဲ"

​ဝမ်ကန်းက "အဆင်ပြေပါတယ်"

​"ဝူဒင်နန်းတော်ရဲ့ အင်အားက တဖြည်းဖြည်း ချဲ့ထွင်လာတာကြောင့် အခုဆိုရင် ကုန်သွယ်ရေးအသင်း အားလုံးနီးပါးရဲ့ အခြေအနေက တူတူပါပဲ၊ အတင်း တောင့်ခံထားကြရတာပါ"

​"ကျွန်တော် ဆက်သွယ်ကြည့်ရသလောက်တော့ ရှယ်ယာရှင် တော်တော်များများက သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချချင်နေကြပါတယ်"

​"အသင်းတစ်ခုစီမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းလောက်ကိုတော့ သေချာပေါက် ရယူနိုင်မယ့် အနေအထားမှာ ရှိပါတယ်"

​"အကြမ်းဖျင်း တွက်ချက်ကြည့်ရင် ကုန်သွယ်ရေးအသင်း လေးခုပေါင်းအတွက် ရှန့်ထန်းတာအို ကျောက်စိမ်း ခုနစ်သောင်း လောက် လိုပါလိမ့်မယ်"

​ရှန့်ထန်းတာအို ကျောက်စိမ်း တစ်တုံးက သုံးစွဲမှုအမှတ် သန်း တစ်ရာနှင့် ညီမျှ၏။

​သို့ဆိုလျှင် စုစုပေါင်း သုံးစွဲမှုအမှတ် ၇ ထရီလီယံ ရမည် ဖြစ်သည်။

​ယခင်က တန်းယွမ် ကုန်သွယ်ရေးအသင်းကို ဝယ်ယူပြီးနောက် ကောင်းကင်နတ်ဘုရား သားတော် အဆင့်နှင့် ထာဝရဝိညာဉ် ခန္ဓာ တို့ကို လဲလှယ်ခဲ့သလို ကျင့်စဉ်ပေါင်း သိန်းချီကိုလည်း လေ့ကျင့်ခဲ့ပြီးနောက် ထန်ထျန်းတွင် သုံးစွဲမှုအမှတ် ၅ ထရီလီယံကျော် ကျန်ရှိနေသေးသည်။

​အကယ်၍ ဤကုန်သွယ်ရေးအသင်း အားလုံးကိုသာ ရယူနိုင်ပါက သူ၏ အမှတ်မှာ ၁၀ ထရီလီယံ ကျော်သွားပေလိမ့်မည်။

​တာအိုအဆင့် ပါရမီ နှင့် တာအိုအဆင့် ခန္ဓာ တို့မှာ အမှတ် ထရီလီယံစီ လိုအပ်သည် မဟုတ်ပါလား။

​သို့သော် ထန်ထျန်းက ယခင်ကကဲ့သို့ တဖြည်းဖြည်းချင်း သွားနေရန် စိတ်မကူးတော့ပေ။

​လုပ်မည်ဆိုလျှင် အကြီးကြီး လုပ်မည်

​"မင်း ခုနက အပြင်ကို ချဲ့ထွင်ဖို့ လေ့လာနေတယ်လို့ ပြောတယ်နော်"

ထန်ထျန်းက မေးလိုက်၏။

​ဝမ်ကန်းက ပြန်ဖြေသည်။ "ဟုတ်ပါတယ်"

​"အခု တခြား ကုန်သွယ်ရေးအသင်းတွေရဲ့ အခြေအနေက မကောင်းပါဘူး။ လုပ်ငန်းတော်တော်များများဟာ အရှုံးပေါ်နေတာ ဒါမှမဟုတ် ပစ်ထားရတဲ့ အခြေအနေမှာ ရှိနေတယ်။"

​"ကျွန်တော်တို့ဘက်မှာ အခြေအနေတွေ အပြည့်အဝ တည်ငြိမ်သွားပြီး လည်ပတ်ငွေ လုံလောက်ပြီဆိုရင် အဲဒီလုပ်ငန်းတွေကို အနိမ့်ဆုံး တန်ဖိုးနဲ့ သိမ်းယူနိုင်မှာပါ"

​"ဒါဆိုရင် ကျွန်တော်တို့ရဲ့ သြဇာအာဏာကို တဖြည်းဖြည်း ချဲ့ထွင်နိုင်ပါလိမ့်မယ်"

​ထန်ထျန်း ခေတ္တ စဉ်းစားပြီးနောက် "အဲဒီလောက် ရှုပ်အောင် လုပ်မနေနဲ့တော့"

​"ချဲ့ထွင်ချင်တယ်ဆိုရင် မြန်မြန်လုပ်။ ဝါးမြိုလို့ရတဲ့ အရာအားလုံးကို အကုန် ဝါးမြိုပစ်လိုက်"

​"ငွေကြေးကိစ္စအတွက် စိတ်မပူနဲ့။ မင်းတို့က စီမံခန့်ခွဲမှုပိုင်းကိုပဲ သေချာ ကိုင်တွယ်ဖို့ လိုတယ်။"

​တစ်ဖက်မှ ဝမ်ကန်းမှာ ခဏမျှ မှင်တက်သွားပုံရပြီးမှ "သခင်လေး... ဆိုလိုတာက..."

​"အရင်က တန်းယွမ် ကုန်သွယ်ရေးအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့သလိုမျိုးလား"

​ထန်ထျန်းက အတည်ပြုချက် ပေးလိုက်သည်။

​"လုပ်လိုက်ပါ"

​"ပြီးတော့ မင်းတို့ရဲ့ အမြင်ကို အဲဒီ ကုန်သွယ်ရေးအသင်း လေးခုထဲမှာတင် ကန့်သတ်မထားနဲ့"

​"ဝူဒင်နန်းတော်ရဲ့ နယ်မြေထဲမှာ ကုန်သွယ်ရေးအသင်းပေါင်း ဆယ်ဂဏန်းလောက် ရှိတယ် မဟုတ်လား"

​"အားလုံးကို ဆက်သွယ်လိုက် ဝယ်နိုင်သမျှ အကုန်ဝယ်။ အားလုံးကို သိမ်းပစ်လိုက်ရင် ပိုတောင် ကောင်းသေးတယ်။"

​"ဘာကိုမှ စိတ်မပူနဲ့၊ ငါ ရှိတယ်။"

​ယခု ထန်ထျန်းက ယခင်ကကဲ့သို့ အင်အားနည်းပြီး အရာရာကို သတိထားနေရသည့် လူ မဟုတ်တော့ပေ။

​သုံးစွဲခြင်း ကိစ္စတွင် သူက အပြည့်အဝ လက်မနှေးတော့ချေ။

​တစ်ဖက်မှ ဝမ်ကန်းမှာ အတော်ကြာအောင် ဆွံ့အသွား၏။

​အတန်ကြာမှ သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း "သခင်လေး... သခင်လေးက သမိုင်းမှာ မရှိဖူးသေးတဲ့ အကြီးကျယ်ဆုံး ကုန်သွယ်ရေးအသင်းကြီးကို တည်ထောင်ဖို့ ကြံစည်နေတာပဲ"

​"တကယ်လို့ ဒါသာ အောင်မြင်သွားရင် တစ်ကမ္ဘာလုံးရဲ့ ကုန်သွယ်ရေး လမ်းကြောင်း ထက်ဝက်ကျော်ဟာ သခင်လေးရဲ့ လက်ထဲ ရောက်လာမှာ"

​"တန်းယွမ် ဆိုတဲ့ နာမည်က ဒါကို ထမ်းပိုးဖို့ မလုံလောက်တော့ဘူး ထင်ပါတယ်"

​ထန်ထျန်းက ခပ်ပြုံးပြုံးဖြင့် "ဟုတ်လား"

​"ဒါဆို နာမည် ပြောင်းလိုက်မယ်"

​"နာမည်ကို... ထျန်းရှထုန် ( ကမ္ဘာအနှံ့ ဆက်သွယ်ခြင်း) လို့ ခေါ်ကြမယ်"

All Chapters