ထျန်းဖူနန်းတော် နဂါးတံခါး
Vol. 15 Ch. 173
ထန်ထျန်း၏ စကားများမှာ ဝမ်ကျီယွီအတွက်မူ ရိုက်ခတ်မှု အတော်လေး ပြင်းထန်လှပေသည်။
ဤကိစ္စရပ်များမှာ သူ့အတွက်တော့ ဒဏ္ဍာရီပုံပြင်များကဲ့သို့ပင် မယုံနိုင်စရာ ဖြစ်နေချေတော့သည်။
ဂိုဏ်းမှ ထွက်သွားသည့် တစ်နှစ်မပြည့်တပြည့် အချိန်တိုလေးအတွင်းမှာပင် ဤမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပျက်သွားလိမ့်မည်ဟု သူ ဘယ်သောအခါမှ ထင်မှတ်မထားခဲ့မိပေ။
သို့သော် အံ့ဩတုန်လှုပ်မှုများ လွန်ကဲသွားပြီးနောက်တွင်မူ သူက တစ်ဖန် ပြန်လည် ဝမ်းမြောက်လာပြန်သည်။
"ဒါဆိုရင်တော့... ညီကိုထန်ရေ၊ နောက်ဆိုရင် ငါက မင်းရဲ့ခြေထောက်ကိုပဲ အမိအရ ဖက်ထားရတော့မှာပေါ့"
ဝမ်ကျီယွီက ရယ်မောလိုက်ပြီးနောက် အလောတကြီး ဆက်ပြောပြန်သည်။ "မင်း အခုလို အောင်မြင်ကြီးပွားသွားပြီဆိုပြီး ငါ့ကိုတော့ ပစ်မထားနဲ့နော်။
ငါတို့ အရင်က ဘယ်လောက်တောင် ရင်းနှီးခဲ့ကြလဲဆိုတာ မမေ့နဲ့၊ငါတို့က ဘာမဆို တိုင်ပင်ဖော်တိုင်ပင်ဖက်တွေ၊ ခွဲမရတဲ့ သူငယ်ချင်းတွေပဲလေ..."
ထန်ထျန်းက လက်ကာပြလိုက်ကာ သူ၏စကားများကို အမြန်ဖြတ်တောက်လိုက်ရသည်။ ဤကောင် ပြောနေသည်များမှာ အဓိပ္ပာယ်မရှိသည့်အပြင် နားထောင်ရသည်မှာလည်း တစ်မျိုးကြီး ဖြစ်နေသောကြောင့်ပင်။
"ငါက မင်းကို ပစ်ပယ်ထားချင်တယ်ဆိုရင် ဒီလို ဆောင်ကြာမြိုင် ထဲအထိ လိုက်ရှာနေမှာ မဟုတ်ဘူး"
"ဒါပေမဲ့ နောက်တစ်ခါ ဘာမှမပြောမဆိုဘဲနဲ့ ဒီလိုမျိုး ထပ်ပြီး ပျောက်သွားဦးမယ်ဆိုရင်တော့... ငါတို့ကြားက ရေစက်က ဒီမှာတင်ပဲ လမ်းခွဲကြစတမ်းပဲ"
ထန်ထျန်းက ပြော လိုက်သည်။
ဝမ်ကျီယွီက ရယ်မောလိုက်ကာ နောက်တစ်ကြိမ်တွင် ဤသို့ မဖြစ်စေရကြောင်းနှင့် ထန်ထျန်းနောက်ကို လိုက်မှသာ စိတ်လှုပ်ရှားစရာလေး များကို ကြည့်ရမည်ဖြစ်ကြောင်း ကတိပေးလေသည်။
ပြန်လည်ဆုံတွေ့ရခြင်းအတွက် စကားလက်ဆုံကျပြီးနောက်တွင်မူ သူတို့နှစ်ဦးမှာ ဝိုင်လေး သောက်လိုက်၊ စင်မြင့်ပေါ်မှ လှပသော အက များကို ကြည့်လိုက်နှင့် စကားစမြည် ပြောဆိုနေကြတော့သည်။
ဝမ်ကျီယွီက ဧကရာဇ်မြို့သို့ ရောက်ရှိနေသည်မှာ တစ်လကျော်ပြီဖြစ်၍ မြို့၏ အနေအထားကို အတော်လေး နှံ့စပ်နေချေပြီ။
သူက ထန်ထျန်းကို အားလပ်ရက်အတွင်း သွားရောက်လည်ပတ်သင့်သော စိတ်ဝင်စားဖွယ် နေရာများကို ပြောပြနေသည်။
ထို့နောက်တွင်မှ အခြားသော လက်အောက်ခံဂိုဏ်းများ၏ အခြေအနေကိုပါ အကြမ်းဖျင်း ရှင်းပြလေသည်။
ဤလူ၏ သတင်းအချက်အလက် ရရှိပုံမှာ တကယ့်ကို ပဟေဠိ ပင် ဖြစ်သည်။
ချင်းယွဲ့ ဂိုဏ်းမှာတုန်းကလည်း ဤအတိုင်းဖြစ်ပြီး ယခု ဧကရာဇ်မြို့သို့ ရောက်လာလျှင်လည်း အရာအားလုံးကို သိနေပြန်သည်။
ထျန်းဖူ နန်းတော် ၏ လက်အောက်တွင် ဂိုဏ်းငယ်ပေါင်း ၁၂၉ ခု ရှိပေသည်။
အများစုမှာ ချင်းယွဲ့ ဂိုဏ်းနှင့် သက်တမ်း တူသော်လည်း အချို့မှာမူ ပို၍ သက်တမ်းနု ကြပြီး အချို့မှာ အလွန်ပင် ရှေးကျကြပေသည်။
လက်အောက်ခံဂိုဏ်းများထဲတွင် ထိပ်ဆုံး ၁၀ နေရာကို အမြဲတမ်း သိမ်းပိုက်ထားလေ့ရှိသည်မှာ ပထမဆုံး တည်ထောင်ခဲ့သည့် ဂိုဏ်းဟောင်းကြီးများသာ ဖြစ်ကြကုန်သည်။
ဥပမာအားဖြင့် ပိုင်တိဂိုဏ်း၊ ကျီယန်ဂိုဏ်းနှင့် ထျန်းလုံဂိုဏ်း စသည်တို့ပင်။
ထိုဂိုဏ်းများက အင်အားတောင့်တင်းရုံသာမက အခြေခံအုတ်မြစ်မှာလည်း အလွန်နက်ရှိုင်းလှပေသည်။ သူတို့ ပျိုးထောင်ထားသော ပါရမီရှင်များမှာ မြစ်ထဲက ငါးများကဲ့သို့ပင် များပြားလှချေ၏။
ထို့အပြင် ထိုဂိုဏ်းများတွင် ထျန်းဖူ နန်းတော် သို့ တိုက်ရိုက်ဝင်ရောက်နိုင်သော သီးသန့်လမ်းကြောင်းများ ရှိကြရာ အတော်ဆုံး ပါရမီရှင်များက ဤ "ဂိုဏ်းပေါင်းစုံ တိုက်ပွဲ" ကို ဆင်နွှဲစရာမလိုဘဲ ထျန်းဖူ ( ကောင်းကင်) နန်းတော် ၏ တပည့်များ ဖြစ်လာနိုင်ကြသည်။
ထို့ကြောင့် ဤတိုက်ပွဲသို့ လာရောက်ကြသူများမှာ သူတို့အတွက် ဒုတိယတန်းစား ပါရမီရှင် များသာ ဖြစ်ကြသည်။
သို့သော်ငြားလည်း ထိုသူများမှာပင် ထိပ်ဆုံး ၁၀ နေရာကို အမြဲတမ်း သိမ်းပိုက်ထားနိုင်ကြသဖြင့် အခြားဂိုဏ်းများအတွက် နေရာလုရန်မှာ အလွန်ခက်ခဲလှပေသည်။
"တကယ်လို့ တစ်ခုခုကြောင့် ဂိုဏ်းငယ်လေးတစ်ခုက ဒီတိုက်ပွဲမှာ ထိပ်ဆုံး ၁၀ နေရာထဲ ဝင်သွားခဲ့မယ်ဆိုရင်..."
T/N နာမည်ပြောင်းသုံးထားတာ တွေ့ရပါတယ် နာမည်ကို အစက ဝူဒင်နန်းတော်လို့ သုံးထားတာ နောက်မှ ပြောင်းလိုက်တာလေ စာဖတ်သူတွေ မျက်စိလည်မှာစိုးလို့ ထားထားတာ အခု MC က ထျန်းဖူနန်းတော်ထဲ ဝင်တော့မှာ ဆိုတော့ ပြောင်းသုံးပေးထားပါတယ်
"အဲဒီဂိုဏ်းက တျန်းဖူ(ကောင်းကင်နန်းတော်) ရဲ့ အထူးအာရုံစိုက်မှုကို ရရှိမှာဖြစ်သလို သီးသန့်လမ်းကြောင်းတစ်ခုပါ ရလာမှာ ။ ပြီးတော့ အရင်းအမြစ်တွေကိုလည်း ဦးစားပေးပြီး ပံ့ပိုးပေးမှာပေါ့"
"အခုအချိန်မှာ အဲဒီလို အခွင့်အရေးမျိုး ရထားတဲ့ဂိုဏ်းက ၃၀ တောင် မပြည့်ဘူး"
ဝမ်ကျီယွီက ရှင်းပြလေသည်။
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
ဤအကြောင်းကို အရင်ကလည်း ချီယွမ်ထံမှ ကြားဖူးခဲ့ပေသည်။
ဤစည်းမျဉ်းမှာ ဂိုဏ်းများကြားတွင် ကောင်းမွန်သော ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေရန် စီစဉ်ထားခြင်း ဖြစ်ချေသည်။
"ချင်းယွဲ့ ဂိုဏ်းက ပြီးခဲ့တဲ့တိုက်ပွဲမှာ အဆင့် ၂၈ ချိတ်ခဲ့တာဆိုတော့ အားလုံးကို အံ့ဩသွားစေခဲ့တာ။
ဒီတစ်ခါတော့ ဂိုဏ်းချုပ်လေးရဲ့ ရည်မှန်းချက်က ပိုကြီးမှာ သေချာတယ် မဟုတ်လား"
ဝမ်ကျီယွီက ပြုံး၍ မေးလိုက်သည်။
ထန်ထျန်းက ခေါင်းညိတ်ကာ "ဟုတ်တယ်
သူက အဲဒီ အထူးအခွင့်အရေး ရနိုင်မယ့် ထိပ်ဆုံးနေရာတွေကိုပဲ ပစ်မှတ် ထားတာ"
ယွင်ခုံး၏ ယခုတစ်ခေါက် ပစ်မှတ်မှာ ထိပ်ဆုံး ၁၀ နေရာအတွင်း ဝင်ရန်ပင် ဖြစ်ချေသည်။
ပြီးခဲ့သည့် တိုက်ပွဲအပြီးကတည်းက ဤသည်မှာ သူ၏ တစ်ခုတည်းသော ပန်းတိုင် ဖြစ်လာခဲ့သည်။
နယ်မြေချဲ့ထွင်ခြင်း၊ လူတော်များကို စုဆောင်းခြင်းနှင့် အရင်းအမြစ်များစွာ သုံးစွဲခြင်း စသည်ဖြင့် သူက အစွမ်းကုန် ပြင်ဆင်ခဲ့ပေသည်။
ယခုဆိုလျှင် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းကိုယ်တိုင်ကလည်း ပြီးခဲ့သည့်နှစ်တွင် ဂိုဏ်း၏ အဆောက်အဦးနှင့် ပြင်ဆင်စရိတ်များကို အလျှံပယ် ထောက်ပံ့ပေးခဲ့သဖြင့် တပည့်များ၏ တိုးတက်မှုမှာ သိသာထင်ရှားလှပေသည်။
"ပန်းတိုင်က မသေးလှဘူးပဲ"
ဝမ်ကျီယွီက ပြော သည်။
သို့သော် သူက ဆက်ပြုံးလိုက်ရင်း "ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတိုးတက်တာက ကောင်းတဲ့ကိစ္စပဲ။ ဂိုဏ်းက ပိုအားကောင်းလေလေ၊ မင်း အဲဒီရာထူးကို ရပြီးတဲ့နောက်မှာ ရရှိမယ့် အာဏာနဲ့ အဆင့်အတန်းက ပိုမြင့်လေလေ ဖြစ်မှာပေါ့"
ထန်ထျန်းက ခေါင်းခါယမ်းလိုက်ကာ "နောက်ဆုံးရလဒ် မထွက်မချင်းတော့ ဘာမှ ပြောလို့မရသေးဘူး။
လုချန်းကျီရဲ့ အရည်အချင်းကို အထင်မသေးနဲ့၊ အဲဒီကောင်က လှည့်ကွက်တွေ သုံးတဲ့နေရာမှာ ဆရာကျတယ်"
သူက တုယွမ်ချင်း ဖြစ်ရပ်၏ နောက်ကွယ်တွင် ယွင်ခုံးနှင့် လုချန်းကျီ တို့ လျှို့ဝှက် ပူးပေါင်းခဲ့ကြသည်ကို ဝမ်ကျီယွီအား မပြောပြခဲ့ပေ။ မိုရှောင်းရှောင်းအပေါ် အပြစ်ပုံချလိုက်သည့် အဆင့်တွင်သာ ပြောပြထားခဲ့ခြင်း ဖြစ်သည်။
"မင်းသာ သူနဲ့ ယှဉ်ရင်တော့ အသာစီးရမှာ သေချာပါတယ်"
ဝမ်ကျီယွီက ပြုံး ကာ ပြော သည်။ "ဒါနဲ့... ငါကြားတာတော့ အဲဒီရာထူးကို ရပြီးရင် တျန်းဖူနန်းတော် ထဲကို ဝင်ရောက်ဖို့လည်း ရွေးချယ်နိုင်တယ်ဆိုပဲ။
မင်းကော သွားဖို့ စိတ်ကူးရှိလား"
ထန်ထျန်းက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး "အဲဒီရာထူး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ငါကတော့ တျန်းဖူနန်းတော်ကို သွားမှာပဲ။
ကိုယ့်ကိုယ်ကိုယ် နေရာကျဉ်းကျဉ်းလေးထဲမှာပဲ ထာဝရ ပိတ်လှောင်မထားချင်ဘူး"
ဝမ်ကျီယွီက လက်မထောင်ပြလိုက်ကာ "ရည်မှန်းချက်ကြီးတာပဲ။
ဒါပေမဲ့ ထျန်းဖူနန်းတော် ထဲ ရောက်သွားရင်တော့ အရာအားလုံးက သုညကနေ ပြန်စရမှာနော်။
အဲဒီအချိန်ကျရင် ဂိုဏ်းရဲ့ အဆင့်အတန်း တွေက ပျောက်သွားလိမ့်မယ်။ မင်းက ချင်းယွဲ့ ဂိုဏ်းရဲ့ ဒုတိယအာဏာအရှိဆုံးလူ ဖြစ်နေရင်တောင် အဲဒီမှာတော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။
ထျန်းဖူနန်းတော် မှာက အရည်အချင်းနဲ့ ပါရမီကိုပဲ ကြည့်တာလေ"
ထန်ထျန်းက ဂရုမစိုက်သလို ပုခုံးတွန့်ပြလိုက်သည်။
သူက ထိုအာဏာနှင့် ရာထူးများအပေါ် အစကတည်းက မက်မောခြင်း မရှိခဲ့ချေ။ ထျန်းဖူနန်းတော် ထဲ ရောက်လျှင်မူ သူက သူ၏ အစွမ်းအစများကို အမှန်တကယ် ထုတ်ဖော်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ဒါနဲ့... နောက်တစ် ခုရှိသေးတယ်"
ဝမ်ကျီယွီက ရုတ်တရက် မေးလာသည်။ "မင်း ထျန်းဖူနန်းတော် ရဲ့ နဂါးတံခါး အကြောင်း သိလား"
ထန်ထျန်းက ကြောင်သွားကာ ခေါင်းခါပြလိုက်သည်။
ဤအကြောင်းကို သူ လုံးဝ မကြားဖူးပေ။
ဝမ်ကျီယွီက ရှင်းပြလေသည်။ "ထျန်းဖူနန်းတော် ထဲမှာ နဂါးတံခါး ဆိုတာ ရှိတယ်။ ပုံမှန်နည်းလမ်းနဲ့ ထျန်းဖူနန်းတော် ရဲ့ တပည့်ဖြစ်လာတဲ့လူတိုင်းက အဲဒီ နဂါးတံခါးကို ဖြတ်ကျော်ရတယ်။
အဲဒါက မင်းရဲ့ အင်အားနဲ့ ပါရမီကို စမ်းသပ်တဲ့ နေရာပေါ့"
"စွမ်းဆောင်ရည် ကောင်းလေလေ၊ တျန်းဖူနန်းတော် ရဲ့ အရေးပေးမှုကို ပိုရလေလေပဲ။
ဒါပေမဲ့ အနည်းဆုံးတော့ မွေးရာပါ ပါရမီရှင် အဆင့်တော့ ရှိမှ ရမှာပေါ့"
"ညီကိုထန်... မင်း ဟိုကောင်မလေးကိုတော့ အမိအရ ဖမ်းထားနော်၊ နောက်ဆိုရင် သူမကြောင့် မင်းပါ အရင်းအမြစ်တွေ အများကြီး ခံစားရနိုင်တယ်"
သူက ပြုံး ရင်း ပြောလိုက်သည်။
ထန်ထျန်းက နှာခေါင်းကို ပွတ်လိုက်မိသည်။
ဤကဲ့သို့သော အရာမျိုးလည်း ရှိသေးတာကိုး။
နားထောင်ရသည်မှာ... မဆိုးလှပေ။
သူ၏ ယခုလက်ရှိ ပါရမီနှင့် ခန္ဓာ တည်ဆောက်ပုံအရဆိုလျှင် သူ၏ စွမ်းဆောင်ရည်မှာ ညံ့ဖျင်းနေမည် မဟုတ်သည်မှာ သေချာလှပေသည်။
အကယ်၍ အစကတည်းက အရေးပေးခံရမည်ဆိုလျှင် အချိန်နှင့် အင်အားများစွာ သက်သာသွားပေလိမ့်မည်။
ထျန်းဖူနန်းတော်က အလွန်ကျယ်ပြောလှရာ အစွမ်းထက်လျှင်တောင်မှ ထင်ပေါ်လာရန်အတွက် အချိန်ယူရပေဦးမည်။
သူက အထင်သေးခံရခြင်းမှ စတင်ကာ အောက်ခြေမှ တက်လှမ်းရမည့် လမ်းစဉ်ကို မနှစ်သက်ပေ။
ဂိုဏ်းကနေ ထွက်လာမည်ဆိုလျှင်လည်း အားလုံး သိအောင် တောက်ပစွာ ထွက်လာချင်မိသည်။
ထိုအချိန်ကျမှပဲ ကြည့်ရသေးတာပေါ့လေ။