← Chapters

လက်ရည်စမ်းခြင်း...

Vol. 3 Ch. 30

လက်ရည်စမ်းခြင်း...

Vol. 3 Ch. 30

" စစ်သူကြီး တပ်စုမှူးကျောက်က ကျွန်တော်တို့ တပ်ဖွဲ့မှာ နေမှာလား။ " တပ်မှူးတစ်ယောက်က မေးလိုက်သည်။

" ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အားလုံးက စစ်သေနာပတိချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ " ဝမ်ယန်က ပြန်ဖြေလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးက ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။

" ဒီနေ့ ကျောက်ဖုန်းက ငါတို့ပင်မတပ်စခန်းကို ပထမဆုံးလာတာပဲ။ သူ့ရဲ့ သိုင်းပညာကလည်း အရမ်းထူးချွန်တယ်။ တကယ်လို့ ညီအကိုတွေထဲက တစ်ယောက်ယောက် သူ့ကို မေးစရာရှိရင် အကောင်းဆုံး အခွင့်အရေးပဲ။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်းက ဝမ်ယန်ကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ဝမ်ယန်တွင် မကောင်းသော ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားသည်။ သူမက သူ့ကို ပင်မတိုက်ခိုက်ရေးတပ်နှင့် ရင်းနှီးစေရန် ကူညီပေးချင်ပုံရသည်။

စုဝေးနေသော စစ်သားများက လူစုခွဲသွားကြပြီး တက်မှူးအချို့က ချက်ချင်း အနားသို့ ချဉ်းကပ်လာကြသည်။

" တပ်စုမှူးကျောက် " တပ်မှူးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " တိုက်ပွဲတစ်ခုတည်းမှားတင် ရန်သူစစ်သားသုံးရာကျော်ကို ခုတ်ပိုင်းခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ "

" ကျွန်တော်တို့ စခန်းဆီလာတုန်း တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ပက်သက်လို့ လမ်းညွှန်ပေးနိုင်မလား သိချင်မိပါတယ်။ "

အခြားတပ်မှူးများကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" ကျုပ်ဘယ်လိုလမ်းညွှန်ပေးရမလဲ။ " ကျောက်ဖုန်းက မငြင်းဘဲ ပြုံး၍ မေးလိုက်သည်။

" စစ်တပ်ထဲမှာ လုပ်နေကျအတိုင်း တိုက်ခိုက်တဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် ဘယ်လိုလဲ။ " တပ်မှူးက ပြုံးလျက် ပြောလိုက်သည်။

၎င်းက ကျောက်ဖုန်းကို စိန်ခေါ်နေခြင်းမဟုတ်ဘဲ သူ၏ အရည်အချင်းကို အမှန်တကယ် သိချင်နေခြင်းဖြစ်သည်။ အခြားတပ်မှူးများကလည်း စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

" ကျောက်ဖုန်း သူတို့ကို ဂရုစိုက်မနေနဲ့။ " ဝမ်ယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူမ၏ လက်အောက်ငယ်သားများက ကျောက်ဖုန်းအား စမ်းသပ်ချင်နေသည်ကို သူမသိလိုက်သည်။ သို့သော် ကျောက်ဖုန်းကတော့ အလွယ်တကူ သဘောတူလိုက်သည်။

" ကောင်းပြီ။ "

" ညီအကိုတို့ " တပ်မှူးတစ်ယောက်က အော်လိုက်သည်။ " တပ်စုမှူးကျောက်က ငါတို့ကို တိုက်ခိုက်ရေးနည်းစနစ်တွေ သင်ပြပေးတော့မယ်။ သေချာကြည့်ထားကြ။ "

ပတ်ဝန်းကျင်ရှိ တပ်မှူးများနှင့် စစ်သည်များအားလုံးက ကျောက်ဖုန်းကို ဝန်းရံလိုက်ကြသည်။ ဝမ်ယန်ကလည်း သူတို့ထဲတွင် ရှိနေပြီး တပ်မှူးများကို ကြည့်၍ ပြုံးလိုက်သည်။

" မင်းတို့ကတော့ ကိုယ်ဒုက္ခကိုယ်ရှာနေကြတာပဲ။ "

သူမက ကျောက်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ဖူးသည်။ ထိုကဲ့သို့ ရက်စက်သော တိုက်ပွဲတွင် ရှင်သန်နိုင်ခဲ့ခြင်းက ကံကောင်းရုံသက်သက်မဟုတ်ပေ။

" ကျွန်တော်နာမည်က ကျန်းဟန်ပါ။ လမ်းညွှန်ပေးပါဦး။ " တပ်မှူးက ကျောက်ဖုန်းကို လက်သီးလက်ဝါးဆုပ်ပြီး ပြောလိုက်သည်။

ထိုနာမည်ကို ကြားသောအခါ ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" ကျန်းဟန် ချင်အင်ပါယာရဲ့ နောက်ဆုံး စစ်သူကြီးပဲ။ သမိုင်းမှာတော့ တကယ် သနားစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ "

" ဒါနဲ့ နေပါဦး။ အခုဆို ငါကလည်း သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီပေါ့။ ငါ့ရဲ့ စွမ်းရည်တွေနဲ့ ပေါင်ယွမ်ကို ငါ့လက်နဲ့ သတ်ခဲ့တာဆိုတော့ တစ်နေ့ကျရင် သမိုင်းမှာလည်း ငါနာမည်ပါနိုင်တာပဲ။ "

" လာပါ။ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်ပြီး လက်ယပ်ခေါ်လိုက်သည်။

" ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်။ " ကျန်းဟန်၏ အမူအရာက လေးနက်သွားသည်။

သူက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ကျောက်ဖုန်းထံသို့ ပြေးဝင်ကာ တိုက်ရိုက်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားကို ကြည့်ရုံဖြင့် ကျန်းဟန်မှာ အမှန်ကေယ် လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားဖြစ်သည်မှာ ထင်ရှားသည်။

သို့သော် ကျောက်ဖုန်း၏ မျက်လုံးထဲတွင် ထိုလက်သီးက အလွန်ပင်နှေးကွေးလွန်းလှသည်။ သူ၏ စွမ်းရည်အားလုံးမှာ ယခု ခြောက်ရာကျော်နေပြီဖြစ်ရာ သူ၏ ခွန်အားနှင့် အမြန်နှုန်းက အလွန်ပင် ကြောက်စရာကောင်းလှသည်။

လက်သီးရောက်လာသည်နှင့် ကျောက်ဖုန်းက အသာအယာပင် ဘေးသို့ ရှောင်လိုက်ပြီး လက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်သည်။

ဝုန်း....

ကျန်းဟန်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ သူက ဗိုက်ကို အုပ်ကိုင်ပြီး မြေပြင်သို့ ဒူးထောက်ကျသွားသည်။

" ဘာဖြစ်သွားတာလဲ။ " စစ်သည်များက မှင်သက်သွားကြသည်။ ကျန်းဟန်က ကျောက်ဖုန်းဆီ ပြေးဝင်သွားသော်လည်း သူ၏ လက်သီးမထိခင် သူကိုယ်တိုင် လဲကျသွားသည်။ သူတို့က ဘာဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

" မင်းတို့လေးယောက် အတူတူ တက်လာခဲ့ကြ။ " ကျောက်ဖုန်းက ကျန်နေသော တပ်မှူးလေးယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" သူတို့က စမ်းသပ်ချင်နေမှတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာမျိုး ပေးရတော့မှာပေါ့။ "

ကျန်းဟန် ဒူးထောက်ကျသွားသည်ကို မြင်သောအခါ တပ်မှူးလေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နားလည်မှုယူလိုက်ကြသည်။ သူတို့က ချက်ချင်း လူခွဲလိုက်ပြီး ကျောက်ဖုန်းကို ဝန်းရံလိုက်ကြသည်။

" စတော့။ " သူတို့ထဲမှ တစ်ယောက်က အော်လိုက်သည်။ လေးယောက်လုံးက ကျောက်ဖုန်းထံသို့ တပြိုင်နက် ပြေးဝင်လာကြသည်။

သူတို့က လက်သီးများမြှောက်ပြီး တိုက်ခိုက်လိုက်ကြသည်။ ရှောင်တိမ်းရန် နေရာမရှိသော တိုက်ခိုက်မှုကို ကျောက်ဖုန်းက ရယ်မောပြီယ တန်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

" အား..." နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဘာဖြစ်သွားသည်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရမီ တပ်မှူးလေးယောက်လုံးက ကျန်းဟန်ကဲ့သို့ပင် ဗိုက်များကို အုပ်ကာ မြေပြင်တွင် နာကျင်စွာ ဒူးထောက်နေရပြီဖြစ်သည်။

ကျောက်ဖုန်းက သူ၏ ခွန်အား ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ အကယ်၍ သူ၏ ခွန်အားကို ထိန်းချုပ်ခြင်းမရှိလျှင် လက်သီးတစ်ချက်တည်းနှင့် သူတို့၏ ဗိုက်များ ပေါက်ထွက်သွားပေလိမ့်မည်။

" တပ်စုမှူးကျောက်က ဘယ်လိုလုပ်လိုက်တာလဲ။ "

" သူလှုပ်ရှားလိုက်တာပဲ မြင်လိုက်ရတယ်။ ပြီးတော့ တပ်မှူးလေးယောက်လုံး မြေပြင်ပေါ် လဲကျသွားကြတယ်။ "

ပတ်ဝန်းကျင်ရှိ စစ်သားများက တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။

ဝမ်ယန်က ဖြည်းညင်းစွာ လျှောက်လာပြီး ကျန်းဟန်နှင့် အခြားသူများကို ကြည့်လိုက်သည်။ " အခု ကျေနပ်ပြီလား။ "

ကျန်းဟန်နှင့် အခြားတပ်မှူးများက ဗိုက်များကို အုပ်ကိုင်ကာ ထရပ်လိုက်ကြသည်။ သူတို့က မချင့်မရဲနှင့် ဦးညွှတ်ပြီး ပြောလိုက်ကြသည်။ " ကျွန်တော်တို့ ကျေနပ်ပါပြီ။ "

" ကျောက်ဖုန်းက ညှာတာခဲ့တာကို မင်းတို့ ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် မင်းတို့ မလွယ်ဘူး။ " ဝမ်ယန်က အေးစက်စွာ ပြောလိုက်သည်။

" ညှာတာပေးလို့ ကျေးဇူးတင်ပါတယ် တပ်စုမှူးကျောက်။ " ကျန်းဟန်နှင့် အခြားသူများက ကျောက်ဖုန်းဘက်သို့ အမြန်လှည့်ပြီး ပြောလိုက်ကြသည်။

ထိုအချိန်တွင် သူတို့၏ စိတ်ထဲမှ သံသယများ မရှိတော့ဘဲ ခွန်အားအပေါ် ကြောက်ရွံ့လေးစားမှုသာ ရှိတော့သည်။ စစ်တပ်ထဲတွင် ခွန်အားကသာ အဓိကဖြစ်သည်။ ယခု ကျောက်ဖုန်းက မည်မျှသန်မာသည်ကို သူတို့ နားလည်သွားကြပြီဖြစ်သည်။

" ဒီလောက်ထိ ကျေးဇူးတင်ဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက စုဝေးနေသော စစ်သားများကို ကြည့်လိုက်သည်။

" လေ့ကျင့်ရေးကွင်းထဲမှာ ယှဉ်ပြိုင်ဖို့အတွက် သီးသန့်နည်းစနစ်တွေရှိလိမ့်မယ်။ ဒါပေမယ့် တကယ်စစ်မြေပြင်မှာတော့ စစ်ဗျူဟာပျက်သွားတာနဲ့ ပုံသေနည်းစနစ်ဆိုတာမရှိတော့ဘူး။ အရာအားလုံးက မင်းတို့ရဲ့ အချိန်မီလုပ်နိုင်စွမ်းအပေါ် မူတည်သွားတာပဲ။ "

" မင်းတို့အားလုံးက ငါထက် တိုက်ပွဲအတွေ့အကြုံ ပိုများတဲ့သူတွေပဲ။ ဒါကြောင့် အမြဲတမ်းပြောင်းလဲနေတဲ့ စစ်ပွဲသဘာဝကို ရှင်းပြဖို့ မလိုဘူး။ အမှားအယွင်းမရှိတဲ့ တိုက်ခိုက်ရေးနည်းစနစ်ဆိုတာ မရှဘူး။ နေ့စဉ်နဲ့အမျှ နှစ်နဲ့ချီ လေ့လကျင့်ထားတဲ့ အလေ့အကျင့်ပဲရှိတာ။ လေ့ကျင့်မှုကနေတစ်ဆင့် ကျွမ်းကျင်သွားရင် စစ်မြေပြင်မှာ အလိုအလျောက် အသုံးချနိုင်လာလိမ့်မယ်။ "

" အဓိကပြောချင်တာကတော့..." ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ " ငြိမ်းချမ်းနေချိန်မှာ ချွေးပိုထွက်လေ စစ်ပွဲအတွင်းမှာ သွေးထွက်နည်းလေပါပဲ။ "

တိုက်ခိုက်ရေးနည်းစနစ်နှင့် ပက်သက်၍ ကျောက်ဖုန်းက ထပ်မံပြောစရာမရှိပေ။ အရာရာတိုင်းက အခြေအနေပေါ်မူတည်၍ လိုက်လျောညီထွေလုပ်နိုင်စွမ်းအပေါ် မူတည်သည်။

တိုက်ပွဲတွင် သူက တိုက်ခိုက်နိုင်ခြင်းက သူ၏ စွမ်းရည်များမှာ သာမန်လူများထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။ အကယ်၍ သူ၏ စွမ်းရည်များ တစ်ထောင်ကျော်သွားသည်နှင့် သူက စစ်သည်တစ်သောင်းရှိသော စစ်တပ်ထဲသို့ ဝင်ရောက်သွားလျှင်တောင် မည်သူမှ သူ၏ အသက်ကို နှုတ်ယူနိုင်မည်မဟုတ်ပေ။

All Chapters