← Chapters

မင်းက မိန်းကလေးကံ တော်တော်ကောင်းတာပဲ...

Vol. 3 Ch. 24

မင်းက မိန်းကလေးကံ တော်တော်ကောင်းတာပဲ...

Vol. 3 Ch. 24

" ရတနာတိုက်ထဲကို ခိုးဝင်မယ်ဟုတ်လား။ မင်း ဒါမျိုးပြောလိမ့်မယ်လို့ ငါမထင်ထားဘူး။ " ဆရာချန်က ပြုံးလိုက်သည်။ " မင်းအနေနဲ့ နန်းတော်ထဲကို ခိုးမဝင်ပေမယ့် အဲ့ဒီဂျင်ဆင်ကို ရနိုင်တဲ့ အခွင့်အရေးတး်ခုရှိတယ်။ "

" ဆရာချန် အဲ့ဒါ ဘာကို ဆိုလိုတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အဲ့ဒါက ရိုးရိုးလေးပါ။ အခု မင်းရဲ့ စွမ်းဆောင်မှုတွေကြောင့် မင်ကြီးက မင်းကို မှတ်မိသွားပြီ။ တကယ်လို့ မင်းက ချင်နိုင်ငံအတွက် နောက်ထပ် အကျိုးဆောင်နိုင်ခဲ့ရင် ဒီတန်ဖိုးမဖြတ်နိုင်တဲ့ သွေးဂျင်ဆင်းကို မင်းအတွက် ဆုပေးတာမျိုး မဖြစ်နိုင်တာ မဟုတ်ဘူး။ " ဆရာချန်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက နားလည်သွားသည်။

" ဆရာချန်က ကျုပ်ကို ပင်မတပ်ကို ကြည်ကြည်ဖြူဖြူ ပြောင်းရွှေ့အောင် ပြောနေတာမဟုတ်လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက အရမ်းစိုးရိမ်စိတ်များနေတာပဲ ကောင်လေး။ စစ်မြေပြင်မှာ အဲ့ဒီစိတ်က မကောင်းဘူး။ ခဏလေးသတိလွတ်တာနဲ့ မင်းအသက်ပျောက်သွားလိမ့်မယ်။ ငါမင်းကို သိတာ ရက်ပိုင်းပဲရှိသေးပေမယ့် ညီလေးတစ်ယောက်လို သဘောထားပါတယ်။ "

" ပြီးတော့ ငါအပိုတွေ ပြောနေတာမဟုတ်ဘူး။ သွေးဂျင်ဆင်းက ချင်နိုင်ငံရဲ့ ရတနာဆိုပေမယ့် မင်းကြီးက အမြော်အမြင်ကြီးတဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ။ တကယ်လို့ တစ်နေ့မှာ မင်းက မြင့်မားတဲ့ ရာထူးတစ်ခုကို ရပြီယ မင်းအမေကုသဖို့အတွက် သွေးဂျင်ဆင်းလိုအပ်နေတယ်ဆိုတာ မင်းကြီးသိသွားရင် သူမငြင်းလောက်ဘူးဆိုတာ ငါသေချာပေါက်ပြောရဲတယ်။ " ဆရာချန်က ပြောလိုက်သည်။

" ဟုတ်ပါတယ်။ ချင်မင်းကြီးက အမြော်အမြင်ကြီးတဲ့ အုပ်ချုပ်သူတစ်ယောက်ပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ဤခေတ်တွင် ချင်မင်းကြီးက သူ၏ မှူးမတ်များအတွက် အမြော်အမြင်ရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် နောင်လာနောင်သားများအတွက် ချင်ရှီဟွမ်၏ နာမည်က ခေတ်အဆက်ဆက် မေ့နိုင်ပေလိမ့်မည်မဟုတ်ပေ။

" ဒီသွေးဂျင်ဆင်းက မင်းအမေကို ကုသဖို့နဲ့ သားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်ဖို့အတွက် မျှော်လင့်ချက်တစ်ခုပဲ။ ငါပြောချင်တဲ့ အဓိကအချက်ကတော့ အဲ့ဒါပဲ။ " ဆရာချန်က လေးနက်စွာ ပြောလိုက်သည်။

" တကယ်လို့ မင်းကြီးက မင်းကို ပင်မတပ်ဆီပြောင်းရွှေ့ဖို့ အမိန့်ထုတ်လိုက်ရင် အဲ့ဒကို ဘယ်သူမှ မဆန့်ကျင်ရဲဘူး။ မင်းကြီးရဲ့ အမိန့်ကို ဆန့်ကျင်တာက နိုင်ငံတော် ပုန်ကန်မှုပဲ။ အဲ့ဒီက တစ်မျိုးနွယ်လုံး သေဒဏ်ပေးခံရမယ်။ မင်းငြင်းချင်ရင်တောင် ငြင်းလို့မရဘူး။ "

ဆရာချန်၏ စကားသံက ဘုရင်၏ အာဏာအပေါ် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့ရိုသေမှုများပါဝင်နေသည်။ ယခုက ဘုရင်အာဏာ အထွတ်အထိပ်သို့ ရောက်နေသော ခေတ်ကာလဖြစ်သည်။ ထိုအာဏာအောက်တွင် လူသားအားလုံး ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သည်။

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ နှစ်ပေါင်းထောင်ချီသော သမိုင်းဗဟုသုတများနှင့် ပြန်လည်မွေးဖွားလာသူတစ်ယောက်အနေဖြင့် သူက ဘုရင်အာဏာအပေါ် အခြားသူများကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပေ။ ထို့အပြင် သူ၏ ကိုယ်ပိုင်အစွမ်းကလည်း သူ၏ ယုံကြည်မှုအရင်းအမြစ်တစ်ခုဖြစ်သည်။

ဘုရင်အာဏာက အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။ " ဘုရင်ဒေါသထွက်ရင် အလောင်းထောင်ချီပုံသွားမယ်" ဟူသည့်စကားက စစ်မှန်သော ဘုရင်အာဏာကို ဖော်ပြနေသည်။

" ဆရာချန်ပြောတဲ့ စကားတွေကို ကျုပ်မှတ်ထားပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ပြီးတော့ အဲ့ဒီနှစ်တစ်ထောင် သွေးဂျင်ဆင်းကိုလည်း ရအောင်ယူဖို့ ကျုပ်ဆုံးဖြတ်လိုက်ပြီ။ "

ဆရာချန်ပြောသကဲ့သို့ ချင်မင်းကြီးကသာ သူ့ကို ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်လိုက်လျှင် ကျောက်ဖုန်းက ငြင်းပယ်နိုင်မည်မဟုတ်ပေ။ စစ်တပ်မှ ထွက်ပြေးလျှင် သေသည်အထိ အလုပ်ကြမ်းလုပ်ရမည်ဖြစ်သည်။

အခြားနိုင်ငံသို့ ထွက်ပြေးလျှင်တောင် သူ၏ မိခင်နှင့် ညီမလေး ရှိနေသည်။ ကျောက်ဖုန်းက အခြေအနေကို ကောင်းကောင်းနားလည်သည်။ အမိန့်ကို မဖီဆန်နိုင်မှတော့ နာခံရုံသာရှိတော့သည်။

ထို့အပြင် ဆရာချန်ပြောသော နှစ်တစ်ထောင်သွေးဂျင်ဆင်းကလည်း သူအလိုရှိဆုံးအရာဖြစ်သည်။ ထိုသွေးဂျင်ဆင်းကို ယူပြီး သူ၏ မိခင်ကို ကုသပေးရမည်ဖြစ်သည်။

" မင်းနားလည်သွားတာကောင်းတယ်။ " ဆရာချန်က စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။

ဘေးနားမှ ဝမ်ယန်ကလည်း ကျောက်ဖုန်း စိတ်ပြောင်းသွားသည်ကို မြင်သောအခါ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

" ဒါပေမယ့် အပြောင်းအရွှေ့အမိန့်မလာခင် ကျုပ် ဆရာချန်နဲ့ နေချင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းတာပေါ့။ " ဆရာချန်က ရယ်လိုက်သည်။ " အမိန့်က တစ်လနေမှလာရင် တစ်လနေပေါ့ကွာ။ နှစ်လကြာမှလာရင်လည်း နှစ်လနေပေါ့။

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

စစ်မြေပြင်တွင် သတ်ဖြတ်ခြင်းနှင့် အသက်ကယ်တင်ခြင်းတို့က ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ဖြစ်သည်။ ဒဏ်ရာရစစ်သည်များက သူ၏ လက်ထဲတွင် ပြန်လည်ကောင်းမွန်လာပြီး စွမ်းဆောင်မှုရမှတ်များ ရရှိခြင်းက သူ့အတွက် ပျော်ရွှင်ရလေသည်။

" သတင်းလာပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျောက်ဖုန်းနဲ့ ငါကတော့ လူနာတွေ ဆက်ကုလိုက်ဦးမယ်။ " ဆရာချန်က ဝမ်ယန်ကို ကြည့်ပြီး ပြောလိုက်သည်။

" နင့်အတွက် ပင်မတပ်စခန်းထဲမှာ နေစရာစီစဉ်ပေးထားတယ်။ ပြီးတော့ စစ်သူကြီးလီထန်က ဒီည နင့်ကို တွေချင်တယ်လို့ပြောတယ်။ အချိန်တန်ရင် ငါလူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်။ "ဝမ်ယန်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" စစ်သူကြီးက ကျုပ်ကို ဘာလို့တွေ့ချင်တာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" တွေ့ရင် သိရမှာပေါ့။ " ဝမ်ယန်က ပြန်ဖြေလိုက်သည်။

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ဘာမှပြန်မပြောတော့ဘဲ ခေါင်းညိမ့်လိုက်သည်။

" ငါသွားတော့မယ်။ " ဝမ်ယန်က ကျောက်ဖုန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

သူမကို ပြောစရာမရှိသည်ကို မြင်သောအခါ သူမက အနည်းငယ် စိတ်ပျက်သွားသော်လည်း လှည့်ထွက်သွားလိုက်သည်။ သို့သော် ကုသရေးစခန်း၏ ဝင်ပေါက်သို့ ရောက်သောအခါ သူမက ရပ်တန့်သွားပြီး နောက်လှည့်လိုက်သည်။

" ငါကိုငါ သက်သေပြဖို့ စစ်တပ်ထဲဝင်ခဲ့တာ မှန်ပေမယ့် ငါဘာလို့ အဲ့လိုလုပ်ရတာလဲဆိုတာ နင်သိလား။ ငါတကယ်ပဲ ဒီလိုမျိုးလိုချင်ခဲ့တာလို့ နင်ထင်နေတာလား။ "

ထိုစကားကို ပြောပြီးသောအခါ ဝမ်ယန်က စိတ်ပျက်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ကျောက်ဖုန်းက ထိုစကားများကို ကြားသောအခါ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

" မင်းက ဘာလို့သက်သေပြချင်တာလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ။ ပြီးတော့ ငါမင်းကို ဘာလုပ်ထားလို့ ဒီလောက်ရန်လိုနေရတာလဲ။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် တွေးလိုက်သည်။

သူတို့ တစ်ကြိမ်သာဆုံဖူးသော်လည်း သူမ၏ စကားလုံးများထဲမှ ခါးသီးမှုကို သူရှင်းရှင်းလင်းလင်းခံစားမိနေသည်။

ဆရာချန်က ထွက်သွားသော ဝန်ယန်ကို ကြည့်ပြီးနောက် ကျောက်ဖုန်းကို ပြုံး၍ ကြည့်လိုက်သည်။

" ကောင်လေး မင်းက မိန်းကလေးကံ တော်တော်ကောင်းတာပဲ။ "

" ဆရာချန်က ဘာကိုဆိုလိုတာလဲ။ " ကျောက်ဖုန်းက နားမလည်ဘဲ မေးလိုက်သည်။

" အဲ့ဒီမိန်းကလေးရဲ့ နောက်ခံက သာမန်မဟုတ်ဘူး။ သူမကသာ မင်းကို သဘောကျနေတယ်ဆိုရင် မင်းအတွက် တောက်ပတဲ့ အနာဂတ်ကြီး စောင့်ကြိုနေလိမ့်မယ်။ " ဆရာချန်က စနောက်လိုက်သည်။

" မနောက်ပါနဲ့ ဆရာချန်ရယ်။ ကျုပ် သူမအကြောင်း ဘာမှတောင်မသိဘူး။ " ကျောက်ဖုန်းက စိတ်ပျက်စွာ ပြောလိုက်သည်။

" တိုက်ပွဲကြားထဲမှာ သူမအသက်ကို တစ်ယောက်ယောက် ကယ်ခဲ့တယ်လို့ ငါကြားတယ်။ အဲ့ဒါဘယ်သူလဲတွေးနေတာ မင်းဖြစ်နေတာကိုး။ အသက်ကယ်ခဲ့တဲ့ ကျေးဇူး။ ဒါကို ကံကြမ္မာလို့မခေါ်ရင် ဘယ်လိုခေါ်မလဲ။ " ဆရာချန်က ပြုံးနေသည်။

ကျောက်ဖုန်းက ဆရာချန်ကို တစ်ချက်ကြည့်လိုက်ပြီး ဒဏ်ရာရနေသော စစ်သည်များရှိရာသို့ ထွက်သွားသည်။

" စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့ သမီးလေးက တစ်ယောက်ယောက်ကို သဘောကျနေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ မင်းကြီးက ဝမ်ကျန့်ရဲ့ သမီးကို မင်းသားဖုစုနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေလို့ သူမက စစ်တပ်ထဲကို ဝင်ခဲ့တာပဲ။ စစ်တပ်စွမ်းဆောင်မှုတွေနဲ့ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေတာပေါ့။ ဝမ်ကျန့်ရဲ့ သမီးက တကယ်ထူးခြားတာပဲ။ "

ရှန်ယန်မြို့တော်။

ချင်မင်းကြီး၏ ညီလာခံခန်းမတွင် လေထုက တင်းကျပ်နေသည်။

" အောင်မြင်မှုကို မက်မောပြီး အလောတကြီးနဲ့ ရှေ့တိုးတယ်။ ယန်မြို့ကို ကာကွယ်ဖို့ စစ်သည်တွေကို ချန်မထားခဲ့ဘူး။ မြို့ကို အပိုင်မသိမ်းနိုင်ခင် ရန်သူနောက်ကို လိုက်သွားခဲ့တယ်။ ပေါင်ယွမ်က စစ်သားတစ်သောင်းနီးပါးကို ဝှက်ထားခဲ့ပြီး ငါတို့ရဲ့ ရိက္ခာလမ်းကြောင်းကို ဖျက်ဆီးဖို့ အခွင့်အရေးပေးခဲ့တယ်။ "

မြင့်မားသော ပလ္လင်ပေါ်တွင် မင်းကြီးရင်ကျန့်က အလွန်ဒေါသထွက်နေသည်။ " လီထန် မင်းက ငါ့ကို တော်တော်စိတ်ပျက်စေတာပဲ။ "

" အရှင်မင်းကြီး စိတ်လျှော့ပါ။ " မှူးမတ်များအားလုံးက သူတို့ကိုင်ဆောင်ထားသော အစီရင်ခံစာများကို မြှောက်ကာ တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

ယန်မြို့အတွင်း ပေါင်ယွမ်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဟန်နိုင်ငံကို ချေမှုန်းမည့်အစီအစဉ်က အဆင်မပြေဖြစ်ခဲ့သည်။ ၎င်းက ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။

" စိတ်အေးအေးထားပါ အရှင်မင်းကြီး။ " ယွီလျောင်က ရှေ့တိုးကာ ကျယ်လောင်စွာ ပြောလိုက်သည်။ " ပေါင်ယွမ်က ရုတ်တရက် တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ စစ်အင်အားက အကန့်အသတ်ရှိပါတယ်။ "

" ပိုအရေးကြီးတာက သူရင်ဆိုင်နေရတာ စစ်သေနာပတိချုပ် ဝမ်ကျန့်ပါ။ ရိက္ခာလမ်းကြောင်းတိုက်ခိုက်ခံရလို့ ဆုံးရှုံးမှုအချို့ ရှိနိုင်ပေမယ့် ဒါက ဟန်နိုင်ငံကို သိမ်းပိုက်မှုကို ထိခိုက်စေလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ "

ရင်ကျန့်က မျက်နှာသေဖြင့် ခေါင်းညိမ့်လိုက်သည်။ " ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ တိုက်ပွဲက ဆုံးရှုံးမှုတွေအတွက် လီထန်မှာ တာဝန်ရှိတယ်။ အခုလောလောဆယ် သူ့ကို အပြစ်မှတ်တမ်းတင်ထားလိုက်မယ်။ နောက်မှ အပြစ်ပေးဖို့ စီစဉ်ရမယ်။ "

All Chapters