ချင်မင်းကြီး၏ အံ့ဩမှု...
Vol. 3 Ch. 25
စစ်ပွဲက ဟန်နိုင်ငံကို သိမ်းပိုက်ရန်အတွက် အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီဖြစ်သည်။ ရင်ကျန့်က စစ်ပွဲအတွင်း စစ်သူကြီးတစ်ယောက်ကို လဲလှယ်ရသည်အထိ မရူးမိုက်သေးပေ။ ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
" အစီရင်ခံပါတယ်။ "
အားလုံးက ခန်းမ၏ ဝင်ပေါက်သို့ ကြည့်လိုက်ပြီး အများစုက စိုးရိမ်ထိတ်လန့်နေကြသည်။ အမိန့်တော်အလံကို ကိုင်ဆောင်ထားသော သတင်းပို့သူက ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။ သူ၏ လက်ထဲတွင် ဝါးကျည်တောက်တစ်ခုနှင့် ကျောတွင် သေတ္တာတစ်လုံးလွယ်ထားသည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ဆီက အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ " သတင်းပို့သူက ဦးညွှတ်ပြီး ဝါးကျည်တောက်ကို လက်နှစ်ဖက်နှင့် မြှောက်ထားလိုက်သည်။
ရင်ကျန့်က သူ့ကို ကြည့်နေပြီး သူ၏ ဘေးမှ မိန်းမစိုး ကျောက်ကောင်းက ဝါးကျည်တောက်ကို ဆင်းယူလိုက်သည်။ ရင်ကျန့်၏ ရှေ့သို့ ပြန်ရောက်သောအခါ ကျောက်ကောင်းက ဝါးကျည်တော်ကို ဖွင့်ပြီး ဝါးစာချပ်များကို ထုတ်ယူလိုက်သည်။
" အရှင်မင်းကြီး ဖတ်ရှုနိုင်ပါပြီ။ " ကျောက်ကောင်းက ဒူးထောက်ပြီး အစီရင်ခံစာကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ရင်ကျန့်က အစီရင်ခံစာကို ယူဖတ်လိုက်ပြီး သူ၏ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်များ ပေါ်လာသည်။ ဖတ်ပြီးသွားသောအခါ ဒေါသကြောင့် နီရဲနေသော သူ၏ မျက်နှာက အပြုံးတစ်ခု ပေါ်လာသည်။
" ဟားဟားဟား ပေါင်ယွမ် ပေါင်ယွမ် မင်းရဲ့ အစီအစဉ်တွေအားလုံး အလကားဖြစ်သွားတာပေါ့။ " ရင်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။
မှူးမတ်များကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး သတင်းကောင်းရောက်လာသည်ကို နားလည်လိုက်ကြသည်။
" အရှင်မင်းကြီး " လီစီက ရှေ့တိုးပြီး မဝံ့မရဲနှင့် မေးလိုက်သည်။ " အရှင်မင်းကြီး ပေါင်ယွမ်ကို တားဆီးနိုင်လိုက်ပြီလား။ "
" တားဆီးရုံတင်ဘယ်ကမလဲ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။ " ပေါင်ယွမ် သေသွားပြီ။ ဟန်နိုင်ငံမှာ ချင်စစ်တပ်ကို တားဆီးနိုင်တဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူး။ "
ချင်နိုင်ငံက အရှေ့ဘက်ကို စုဟည်းရန် ကြိုးစားရာတွင် ဟန်နိုင်ငံမှာ ပထမဆုံး သိမ်းပိုက်ရမည့် နိုင်ငံဖြစ်သောကြောင့် ရင်ကျန့်အတွက် အလွန်အရေးကြီးသည်။ ပထမဆုံးတိုက်ပွဲတွင် ရှုံးနိမ့်ခြင်းကို လုံးဝလက်မခံနိုင်သောကြောင့် လီထန်၏ အဆင်ခြင်မဲ့သော လုပ်ရပ်က သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။
" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ ဟန်နိုင်ငံကို သိမ်းပိုက်ဖို့ လက်တစ်ကမ်းဘဲ လိုပါတော့တယ်။ " မှူးမတ်များက ပြိုင်တူပြောလိုက်သည်။
" စစ်သေနာပတိချုပ်ရဲဘ အရည်အချင်းက ပေါင်ယွမ်ထက် သာလွန်တယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " ပေါင်ယွမ်ရဲ့ စစ်ဗျူဟာတွေက ချင်စစ်တပ်ကို မယှဉ်နိုင်ဘူး။ "
" မင်းမှားနေပြီ။ " ရင်ကျန့်က ထူးဆန်းသော အမူအရာနှင့် ပြုံး၍ ပြောလိုက်သည်။ " ဒီအောင်ပွဲကို ဝမ်ကျန့်က ယူပေးခဲ့တာမဟုတ်ဘူး။ "
" စစ်သေနာပတိချုပ် ဝမ်ကျန့်မဟုတ်ရင် ဘယ်သူလဲ။ ဒါဆို လီထန်က နောက်ပြန်လှည့်လာတာလား။ "
" ဒီအစီအရင်ခံစာက မင်းတို့အားလုံးကို အံ့အားသင့်စေလိမ့်မယ်။ " ရင်ကျန့်က ဝါးစာချပ်ကို ကျောက်ကောင်းကို ပေးလိုက်သည်။ " ဖတ်ပြလိုက်စမ်း "
ကျောက်ကောင်းက မှူးမတ်များဘက်သို့ မျက်နှာမူပြီး အက်ရှရှအသံဖြင့် ခန်းမတစ်ခုလုံးကြားအောင် ဖတ်ပြလိုက်သည်။
" ကျွန်တော်မျိုး ဝမ်ကျန့်က အရှင်မင်းကြီးကို အစီရင်ခံပါတယ်..."
" ဒီတိုက်ပွဲမှာ ထောက်ပို့တပ်က တကယ်သူရဲကောင်းတွေလို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့က တိုက်ခိုက်ရေးစစ်သည်တွေမဟုတ်ပေမယ့် ချင်နိုင်ငံရဲဘ စစ်သည်တွေဆိုတဲ့ နာမည်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါက ကြီးမားတဲ့ စွမ်းဆောင်မှုပါပဲ။ "
" ထောက်ပို့တပ်ရဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ အဓိကအကြောင်းရင်းကတော့ လူတစ်ယောက်တည်းကြောင့်ပါပဲ။ ထောက်ပို့တပ်ဖွဲ့က တပ်စုမှူးကျောက်ဖုန်းက သေခြင်းတရားနဲ့ ရန်သူကို မကြောက်ရွံ့ဘဲ ထောက်ပို့တပ်ဖွဲ့ကို ဦးဆောင်ပြီး ဟန်စစ်တပ်ကို ရင်ဆိုင်ခဲ့ပါတယ်။ "
" သူက တစ်ယောက်တည်းနဲ့ ရန်သူသုံးရာကို သတ်ဖြတ်ခဲ့ပြီး ရှုပ်ထွေးနေတဲ့ တိုက်ပွဲတွေကြားမှာ စစ်သေနာပတိချုပ်ပေါင်ယွမ်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုက တကယ်ကို ကြီးမားလွန်းပါတယ်။ "
" ကျွန်တော်မျိုးအနေနဲ့ အရှင်မင်းကြီးက ကျောက်ဖုန်းက စစ်တပ်စည်းမျဉ်းနဲ့အညီ ဆုချီးမြှင့်ပေးရန်နှင့် ချင်နိုင်ငံကို အမှုထမ်းနိုင်ရန် ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့ပေးရန် ရိုသေစွာ တောင်းဆိုအပ်ပါတယ်။ "
ကျောက်ဖုန်းသတ်ခဲ့သည့် လူအရေအတွက်နှင့် တိုက်ပွဲရလဒ်ကို ကြားသောအခါ ခန်းမအတွင်းမှ လူများက အံ့ဩတုန်လှုပ်သွားကြသည်။
" လူတစ်ယောက်တည်းနဲ့ ရန်သူသုံးရာကို သတ်ခဲ့တာလား။ "
" ဒါဖြစ်နိုင်ပါ့မလား။ "
" ထောက်ပို့စစ်သားတစ်ယောက်က ဟန်စစ်တပ်ရဲ့အထူးစစ်သည်တွေနဲ့ တွေ့ရင် အသက်ရှင်ရင်တောင် အတော်လေး ထူးခြားနေပြီ။ အခု သူက သုံးရာကိုတောင် ပြန်သတ်နိုင်ခဲ့တာလား။ "
" ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာမှဟုတ်ရဲ့လား။ ဒီလိုသတ္တိနဲ့ စွမ်းအားရှိတာကို ဘာလို့ထောက်ပို့တပ်ဖွဲ့ထဲ ရောက်နေတာလဲ။ "
" တိုက်ပွဲအစီအရင်ခံစာက တစ်ခုခုမှားယွင်းနေတာလား။ "
" ပြီးတော့ ပေါင်ယွမ်ကိုလည်း အဲ့ဒီကျောက်ဖုန်းပဲ သတ်ခဲ့တာဆိုတော့ တကယ်မယုံနိုင်စရာပဲ။ "
မှူးမတ်များက ရန်သူ သေဆုံးမှုအရေအတွက်နှင့် အစီရင်ခံစာမှ အကြောင်းအရာများကြောင့် မယုံကြည်နိုင်ဖြစ်သွားကြပြီး တီးတိုးဆွေးနွေးနေကြသည်။ ချင်မင်းကြီးကိုယ်တိုင်ပင် ၎င်းတို့ကို မြင်တွေ့ခဲ့စဉ်က တုန်လှုပ်သွားခဲ့ရသည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " သတင်းပို့သူက သေတ္တာကို ရိုသေစွာ ဆက်သလိုက်သည်။ " ဒါက ပေါင်ယွမ်ရဲ့ဦးခေါင်းပါ။ "
" ဒီအစီရင်ခံစာကို စစ်သေနာပတိချုပ်ကိုယ်တိုင် ရေးခဲ့တာဖြစ်သလို ရလဒ်တွေကိုလည်း သူကိုယ်တိုင် စစ်ဆေးခဲ့တာပဲ။ အမှားအယွင်းမရှိနိုင်ဘူး။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ နန်းတွင်းတစ်ခုလုံးက တိတ်ဆိတ်သွားကြသည်။ စစ်တပ်တွင် တိုက်ပွဲရလဒ်နှင့် စွမ်းဆောင်မှုများကို စစ်ဆေးခြင်းက အလွန်တင်းကျပ်သည်။ စစ်သားများက သူတို့၏ အသက်နှင့်ရင်းပြီး စွမ်းဆောင်ခဲ့သောကြောင့် ပေါ့ဆ၍ မရပေ။ ထို့အပြင် အစီရင်ခံစာက ဝမ်ကျန့်ဆီမှ အရှင်မင်းကြီးဆီ တိုက်ရိုက်ရောက်လာခြင်းဖြစ်သည်။
" အရှင်မင်းကြီး ကျောက်ဖုန်းဆိုတဲ့ နာမည်က ရင်းနှီးနေသလိုပဲ။ " လီစီက ဝင်ပြောလိုက်သည်။
" ပေါင်ယွမ်ရဲ့သား ပေါင်ချိုးသေခဲ့တာကို မေ့သွားတာလား။ " ဝမ်ဝမ်က လီစီကို ပြုံး၍ ကြည့်လိုက်သည်။
" ဟုတ်သားပဲ။ " လီစီက သတိရသွားပြီး ထူးဆန်းသော အမူအရာ ပေါ်လာသည်။
" အဲ့ဒီတုန်းက ပေါင်ချိုးကလည်း ထောက်ပို့စစ်သားတစ်ယောက်ရဲ့ လက်ထဲမှာ သေခဲ့တာပဲ။ အဲ့ဒါ ဒီကျောက်ဖုန်းဖြစ်နေတာကိုး။ သားအဖနှစ်ယောက်လုံးက လူတစ်ယောက်ရဲ့လက်ထဲမှာ အသက်ပျောက်ခဲ့ရတာပေါ့။ "
မှူးမတ်များက ပေါင်ချိုးမှာ ထောက်ပို့စစ်သားတစ်ယောက်၏ လက်ထဲတွင် သေခဲ့ကြောင်း သိခဲ့ရသည်။ အစတုန်းက ထိုထောက်ပို့စစ်သားက ကံကောင်းပြီး ပေါင်းချိုးကို သတ်ခဲ့သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခု ကြည့်ရသည်မှာ ထိုအရာက ကံကောင်းမှုကြောင့်မဟုတ်ဘဲ ထိုထောက်ပို့စစ်သားက အရည်အချင်းရှိနေခြင်းဖြစ်သည်။
" ကောင်းကင်က ချင်နိုင်ငံကို ကောင်းချီးပေးလိုက်တာပဲ။ " လီစီကပြောလိုက်သည်။ " ကျွန်တော်တို့ ချင်နိုင်ငံမှာ ဒီလိုသူရဲကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီ။ ဒါက အရှင်မင်းကြီးရဲ့ကံကောင်းမှုနဲ့ ကောင်းကင်ရဲ့ ဆုလာဘ်ပါပဲ။ "
သူ၏ မြှောက်ပင့်စကားအဆုံးတွင် မှူးမတ်များအားလုံးက တစ်ချိန်တည်း အော်ဟစ်လိုက်ကြပြန်သည်။
" အရှင်မင်းကြီးက ကောင်းကင်ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိထားပါတယ်။ "
ပုံမှန်အားဖြင့် မြှောက်ပင့်စကားများကို မနှစ်သက်သော ရင်ကျန့်က ထိုစကားများကို ကြားသောအခါ ပြုံးလိုက်သည်။
" ထောက်ပို့တပ်ဖွဲ့မှာ ဒီလိုစစ်သားတစ်ယောက်ရှိနေတာ ငါ့အတွက် ကြီးမားတဲ့ ကံကောင်းမှုပဲ။ ဒီလိုစွမ်းဆောင်ရည်အတွက် သူက ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်တယ်။ " ရင်ကျန့်က ယွီလျောင်ဘက်သို့ လှည့်ပြောလိုက်သည်။
" ဝန်ကြီးယွီ ဒီတိုက်ပွဲရဲ့ အောင်မြင်မှုတွေအတွက် ကျောက်ဖုန်းက ဘယ်လိုဆုချသင့်လဲ။ "
" အရှင်မင်းကြီး " ယွီလျောင်က ချက်ချင်း ပြောလိုက်သည်။ " စစ်သည်ငါးရာတပ်မှူးအောက်က သူတွေအတွက် ရန်သူကို သတ်ဖြတ်ခြင်းက ရာထူးတိုးနိုင်ပါတယ်။ စစ်သားငါးရာတပ်မှူးအထက်တွေက ရန်သူ စစ်သူကြီး ဒါမှမဟုတ် ရန်သူတပ်ကို ချေမှုန်းနိုင်ရပါမယ်။ "
" ထောက်ပို့တပ်ဖွဲ့ရဲ့ တပ်စုမှူးတစ်ယောက်ဖြစ်တဲ့ ကျောက်ဖုန်းက ရန်သူသုံးရာကို သတ်ခဲ့ပါတယ်။ ဒါကြောင့် သူက စစ်သည်ငါးရာတပ်မှူး တိုးမြှင့်ခံရဖို့နဲ့ ဘွဲ့ထူးနှစ်ခု တိုးမြှင့်ခံရဖို့ ထိုက်တန်ပါတယ်။ "
" ဒါ့အပြင် ရန်သူစစ်သေနာပတိချုပ်ကို သတ်ခဲ့တာနဲ့ ရန်သူရဲ့ခြုံခိုတိုက်ခိုက်မှုကို တားဆီးခဲ့တဲ့အတွက် သူ့ကို ရာထူးနှစ်ဆင့်နဲ့ ဘွဲ့ထူးနှစ်ဆင့်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ "
" ဒီဆုလာဘ်တွေက တိုက်ခိုက်ရေးစစ်သည်တွေရဲ့ စနစ်အပေါ်မှာ အခြေခံထားတာလား။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး ဒီလိုသတ္တိရှိတဲ့ သူရဲကောင်းမျိုးကို တိုက်ခိုက်ရေးစစ်သည်တွေရဲ့ စနစ်အတိုင်းပဲ ဆုချသင့်ပါတယ်။ " အရှင်မင်းကြီးက သူ့ကို ထောက်ပို့တပ်ဖွဲ့ထဲမှာ ထားဖို့တော့ စိတ်ကူးမရှိဘူးမလား။ "
" ဟားဟား ငါတို့ရဲ့ ချင်နိုင်ငံက အရည်အချင်းရှိတဲ့သူကို ထိုက်တန်တဲ့ နေရာပေးရမှာပဲ။ ဒီလိုသူရဲကောင်းမျိုးကို ဘယ်လိုလုပ် ထောက်ပို့တပ်ဖွဲ့ထဲမှာ ထားမှာလဲ။ "