မသိနားမလည်သော တောသားလူနုံ
Vol. 18 Ch. 201
ဒီပစ္စည်းတွေအားလုံးကို အမျိုးမျိုးသော လှပသည့် ရတနာတန်ဆာများအဖြစ် ပြုလုပ်နိုင်ပါသည်။
ဟင်နရီနှင့် အချိန်အတော်ကြာ ဈေးဆစ်ပြီးတဲ့အခါမှာတော့ ဟဲကျစ်ယန်သည် ကျောက်မျက်ရတနာတွေကို ငွေတေး ( ၈၀၀ ) နှင့် ဝယ်ယူလိုက်နိုင်သည်။
ဟင်နရီက ဟဲကျစ်ယန်ကို ဒီလောက် ချမ်းသာပြီး ရက်ရောမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
ဒါကြောင့် သူက သေးငယ်သည့် မှန်ပြားတွေနဲ့ တယ်လီစကုပ်တွေကိုပါ အလိုလိုရောင်းချဖို့ ကြိုးစားလာပါတယ်။
"မစ္စ ဟဲကျစ်ယန်၊ ဒါတွေက ကျွန်တော့်ရဲ့ အဖိုးတန်ဆုံး ပစ္စည်းတွေပါ၊ မင်း ဝယ်ဦးမလား။"
ဟဲကျစ်ယန်ကတော့ စဉ်းစားတောင်မစဉ်းစားဘဲ တိုက်ရိုက်ငြင်းဆိုလိုက်သည် - "ကျွန်မ ဒါတွေကို စိတ်မဝင်စားဘူး"
တဖက်လူက အမှန်တကယ် ငြင်းဆိုလိုက်သည်ကို တွေ့သောအခါ ဟင်နရီသည် ဈေးကွက်တင်ရောင်းချမှုကို ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူက ဟဲကျစ်ယန်ကို မသိနားမလည်တဲ့ တောသားလူနုံတစ်ဦးအဖြစ် သတ်မှတ်လိုက်သည်။
ဟဲကျစ်ယန်ကတော့ သူမကို အခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘဲ ကျောက်မျက်ရတနာတွေ ထည့်ထားတဲ့သေတ္တာတွေကို မော့ကျိုးယွီလက်ထဲအပ်ပြီး ဟင်နရီကို ဖန်ထည်နဲ့ တခြားပစ္စည်းတွေ ဈေးနှုန်းကို မေးမြန်းလိုက်သည်။။
အဆုံးမှာတော့ ဟဲကျစ်ယန်ဟာ ဟင်နရီဆီကနေ ဖန်ထည် အနည်းငယ်၊ မိုးကာဖျင်စ အနည်းငယ်၊ အာလူး၊ ကန်စွန်းဥနဲ့ သီးနှံမျိုးစေ့အချို့ကို ဝယ်ယူပြီး နောက်ထပ် ငွေတေး ( ၁၅၀ ) ပေးလိုက်ရပါတယ်။
အနည်းငယ်ဟုဆိုသော်လည်း အမှန်တွင် အရေအတွက်အားဖြင့် အတော်များများရှိသည်။
နွားလှည်းဖြင့် သယ်ယူပါက အနည်းဆုံး ငါးစီး ပြည့်သွားမည် ဖြစ်သည်။
ဟင်နရီက စိုးရိမ်စွာ မေးလိုက်သည် - "မစ္စ ဟဲကျစ်ယန်၊ ဒီပစ္စည်းတွေကို ဘယ်လိုသယ်မလဲဆိုတာ စဉ်းစားထားပြီးပြီလား။"
"ကျွန်မ စဉ်းစားထားပြီးပြီ၊ ရှင့်သင်္ဘောကို ပြုပြင်ပြီး ဆိပ်ကမ်းကပ်တဲ့အခါကျရင် ဆိပ်ကမ်းအနီးမှာ ရှိတဲ့ ဂိုဒေါင်တစ်ခုငှားပြီး ပစ္စည်းတွေကို ရွှေ့ထည့်ဖို့ စဉ်းစားထားတယ်။"
ဟဲကျစ်ယန်၏ ပြောစကားမပြီးခင် သင်္ဘောက အနည်းငယ် လှုပ်လာသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပဲ ဟင်နရီရဲ့ အဖော်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြေးလာပြီး - "ဟင်နရီ၊ အဲဒီဆရာကြီးက တကယ်တော်တယ် သင်္ဘောကို ဒီလောက် မြန်မြန်နဲ့ ပြင်နိုင်တယ်” ဟု ပြောလာခဲ့သည်။
"အရမ်းကောင်းတယ်၊ ကုန်တင်သင်္ဘောက ချက်ချင်းဆိုက်ကပ်တော့မယ်ဆိုတာ အောက်ကို အကြောင်းကြားလိုက်ပါ။" ဟင်နရီက စကားပြောပြီးတာနဲ့ မော့ကျိုးယွီနဲ့ ဟဲကျစ်ယန်ကို အလျင်အမြန် သင်္ဘောပေါ် တွန်းပို့လိုက်သည်။
ဟူကုံးက အရင်ထဲက အဲဒီမှာ ရပ်စောင့်နေပြီး ဟင်နရီဆီက ပိုက်ဆံရဖို့ စောင့်နေသည်။
ဟင်နရီက အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ဟူကုံးကို တွေ့တော့ သူက စိတ်အားထက်သန်စွာနဲ့ ဖက်လိုက်ချင်သည်။ ဒါပေမယ့် ဟူကုံးနားကပ်ပြီး သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်တာနဲ့ ဟူကုံးက ရှောင်ထွက်သွားသည်။
"သင်္ဘော ပြင်ပြီးပြီ၊ အဖိုးအခက ငွေ ( ၁၀ ) တေး တိတိပဲ။" ဟူကုံးက မျက်နှာမဲ့ရင်း ပြောလာသည်။
ဟင်နရီက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းလှည့်ပြီး ဟဲကျစ်ယန်ကို ဟူကုံး ဘာပြောတာလဲဆိုတာ ဘာသာပြန်ပေးဖို့ မေးလိုက်သည်။
ဟဲကျစ်ယန်က ဟူကုံးက သူ့ရဲ့ လုပ်အားခ အတွက် ငွေ ( ၁၀ ) တေး တိတိ တောင်းနေတယ်လို့ ပြောပြသည်။
ထိုအခါ ဟင်နရီက ပိုပြီး ရှက်သွားသည်။ သူက ယခုမှ ရောက်ခါစမို့ ကုန်ပစ္စည်းတွေ ရောင်းချရသေးတာ မဟုတ်သလို ဟဲကျစ်ယန်ကလည်း ကုန်ပစ္စည်းဖိုး မပေးရသေးတော့ ဟူကုံးကို သူ ပေးစရာ ပိုက်ဆံ မရှိသေးဘူး။
ဟဲကျစ်ယန်ကလည်း သူ့ရဲ့ ဒုက္ခရောက်နေတဲ့ အခြေအနေကို ရိပ်မိပြီး "ကမ်းပေါ်ကို ကျွန်မနဲ့ အတူတက်ပြီး ငွေလိုက်ယူပါလား" ဟု ပြောလိုက်သည်။
သူမက ဟူကုံးကိုလည်း ခဏရှင်းပြပေးသည်။ အဲဒီအချိန်မှာ ကုန်တင်သင်္ဘောက ဆိပ်ကမ်းမှာ တည်ငြိမ်စွာ ဆိုက်ကပ်နေပြီ။ သင်္ဘောဆိုက်ကပ်ပြီးတော့ သူတို့လှေငယ်နဲ့ မသွားဘဲ တိုက်ရိုက်ကမ်းပေါ်တက်သွားသည်။
ဟဲကျစ်ယန်က ချက်ချင်း လှည်းထဲကို ဝင်သွားခဲ့သည်။ လှည်းရဲ့ လိုက်ကာကို ပြန်ဖွင့်လိုက်တဲ့အခါ ငွေတေး ( ၁၀၀၀ ) တိတိ တန်ဖိုးရှိတဲ့ တောက်ပနေတဲ့ ငွေတုံးတွေ အားလုံးရှေ့မှာ ပေါ်လာသည်။
သူမက ဟင်နရီကို ဒီငွေတုံးတွေက တစ်တုံးကို ငွေ ( ၁၀ ) တေး တိတိ တန်ဖိုးရှိပြီး စုစုပေါင်း ငွေတုံး ( ၁၀၀ ) ရှိတယ်လို့ သေချာရှင်းပြပေးသည်။
ဟင်နရီက ငွေတုံး နှစ်တုံးကို တိုက်ရိုက်ယူပြီး ဟူကုံးကို ပေးလိုက်သည်။
ဟူကုံးက ငွေတုံး တစ်တုံးပဲယူကာ "ငါက ထိုက်တန်တဲ့ အဖိုးအခကိုပဲ ယူမယ်" ဟု ပြောသည်။
သူက အလုပ်မှာ လုံးဝ တင်းကြပ်တယ်ဆိုတာ ထင်ရှားလွန်းသည်။
ဒီတစ်ကြိမ်တော့ ဟဲကျစ်ယန် ဘာသာမပြန်ပေးပေမယ့် ဟင်နရီက ဟူကုံးရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်ကာ ကျန်တဲ့ ငွေတစ်တုံးကို ပြန်ထားလိုက်သည်။
ငွေပေးချေမှုရပြီးနောက် ဟူကုံးက အလျင်စလို မထွက်သွားဘူး။
ဟူကုံးသည် သူနှင့် စကားအနည်းငယ်ပြောဆိုလို့ရသူနှင့် တွေ့ပြီး ဒီနေ့ ငွေရထားတာမို့ သူတို့ကို ဧည့်ခံချင်စိတ်ပေါက်နေသည်။
ဟဲကျစ်ယန်နဲ့ မော့ကျိုးယွီက ဟူကုံးရဲ့ အတွေးတွေကို မသိဘဲ သူက သူတို့နဲ့အတူ ထွက်သွားဖို့ စီစဉ်နေတယ်ဟု ထင်နေခဲ့သည်။
သူတို့နှစ်ယောက် အခုလုပ်ရမှာက ဆိပ်ကမ်းမှာ ဂိုဒေါင်တစ်ခုငှားဖို့ပဲ။
ဟူကုံးရဲ့ အကူအညီနဲ့ မကြာခင် ငွေ ( ၁ ) တေး တိတိနဲ့ သုံးရက်အတွက် အလတ်စားဂိုဒေါင်တစ်ခုကို ငှားလိုက်နိုင်သည်။
ချက်ချင်းပဲ မော့ကျိုးယွီက ဆိပ်ကမ်းမှာ အလုပ်သမားတစ်ချို့ကို ငှားပြီး ဟဲကျစ်ယန်ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေကို ရွှေ့ပေးဖို့ စီစဉ်လိုက်သည်။
ဟူကုံးက မူလက မော့ကျိုးယွီတို့လင်မယားကို ထမင်းတစ်နပ်ဧည့်ခံဖို့ စီစဉ်ထားပေမယ့် သူတို့က ဒီကုန်ပစ္စည်းတွေကို နိုင်ငံခြားသားတွေဆီက ဝယ်ထားတာဖြစ်ပြီး အတိအကျ ပမာဏကို မသိရသေးသလို၊ ရွှေ့စရာတွေ အများကြီးကျန်နေသေးတာမို့ ဒီနေ့ သူ့ရဲ့ဧည့်ခံမှုက မဖြစ်နိုင်မှန်း သိလိုက်သည်။
အလုပ်သမားတွေ ဂိုဒေါင်ကို ကုန်ပစ္စည်းတွေ အကြိမ်ပေါင်းများစွာ ရွှေ့နေတာကို ကြည့်ပြီးနောက် ဟူကုံးက နှုတ်ဆက်လိုက်သည်။ "သခင်လေးမော့၊ ဒီမှာ လုပ်စရာတွေ ကျန်နေသေးတာဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ဘူး။ နောက်တစ်ရက် အချိန်ရရင် ချိန်းပြီး အတူသောက်ကြမယ်လေ။"
မော့ကျိုးယွီက လက်သီးဆုပ်ပြီး ပြောလိုက်သည်- "ကျွန်တော်က ယွင်ချန်မြို့ရဲ့ အနောက်ဘက် အစွန်အကျဆုံး ရှီလင်ကျေးရွာမှာ နေပါတယ်။ အစ်ကိုကြီးဟူ၊ ကိစ္စတစ်ခုခုရှိရင် အဲဒီမှာ လာရှာလို့ရပါတယ်။"
ဟူကုံးက သဘောတူပြီး ထွက်သွားသည်။
ဒါက အဆင်ပြေသွားတာပါပဲ။ ဟူကုံးက သူတို့ နိုင်ငံခြားသားတွေဆီက ဒီပစ္စည်းတွေ ဝယ်တာကို မြင်ပေမယ့် အတိအကျ ပမာဏကို မသိဘူး။
ပြီးပြည့်စုံတဲ့ သက်သေပဲ…
ဟဲကျစ်ယန်က ဂိုဒေါင်ထဲကို ပစ္စည်းတွေ ခိုးထည့်လို့ရပြီး ဘာဖိအားမှ မရှိတော့ဘူး။
အချိန်ကုန်သက်သာဖို့ မော့ကျိုးယွီက အလုပ်သမား ( ၂၀ ) ကျော် ထပ်ငှားလိုက်သည်။
တစ်နာရီမပြည့်ခင်မှာ ဟင်နရီဆီက ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံး ဂိုဒေါင်ထဲ ရွှေ့ပြီးသွားသည်။
တံခါးသော့မခတ်ခင် ဟဲကျစ်ယန်က တာ့ပေါင်မောလ်ကနေ ဝယ်ထားတဲ့ မှန်ချပ်တွေ၊ ကြွေပြားတွေ၊ ပလတ်စတစ်အထည်တွေ၊ အမျိုးမျိုးသော သီးနှံတွေ၊ အာလူးတွေ၊ ကန်စွန်းဥတွေ၊ ပြောင်းဖူးစိမ်းတွေနဲ့ သူမရဲ့ နေရာထဲက ထုတ်လုပ်ထားတဲ့ အခြားပစ္စည်းတွေကို အမြောက်အမြား ထည့်ထားလိုက်သည်။
ထန်မင်လွေ့ ပါဝင်လာခြင်းကြောင့် အရုပ်လုပ်ငန်းကနေ အနည်းငယ် အမြတ်ရခဲ့တယ်။ ဟဲကျစ်ယန်က ဒီအခွင့်အရေးကို အသုံးချပြီး အထည်တွေကို အမြောက်အမြား ထပ်ဝယ်ခဲ့သည်။
ဒါ့အပြင် ရာသီဥတု အခြေအနေတွေကို ထည့်စဉ်းစားပြီး ဟဲကျစ်ယန်က လတ်ဆတ်တဲ့ သစ်သီးတွေကို ရောင်းချရန် မတတ်နိုင်တာမို့ အဲဒီသစ်သီးတွေကို အမျိုးမျိုးသော သစ်သီးခြောက်အဖြစ် လုပ်ဆောင်ပြီး ရောင်းချရန် ဒီမှာ သိမ်းထားလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမက မော့ကျိုးယွီ ရင်ခွင်ထဲက ကျောက်မျက်ရတနာတွေအားလုံးကို သူမရဲ့ နေရာထဲ ထည့်လိုက်သည်။
ဒါတွေအားလုံးကို စီမံပြီးပြီး ဘာမှလိုအပ်နေတာ မရှိတော့မှ မော့ကျိုးယွီက ဂိုဒေါင်တံခါးကို သော့ခတ်လိုက်သည်။
ဟင်နရီက ဒီနေရာကနေ သိပ်မကြာခင် ထွက်ခွာတော့မယ်ဆိုတာ သိထားသည်။
သူက ဟဲကျစ်ယန်ကို ပြောလိုက်သည်။ "မစ္စ ဟဲကျစ်ယန်၊ ကျွန်တော် မနက်ဖြန်မနက်စောစော တာ့ရွှင်းတိုင်းပြည်ရဲ့ နောက်တစ်မြို့ကို ထွက်ခွာဖို့ စီစဉ်ထားတယ်။ ကျွန်တော့်ကို ဘာသာပြန်ပေးဖို့ ဆက်ပြီး ကူညီပေးနိုင်မလား။"
ဟဲကျစ်ယန်က ခေါင်းခါပြီး ပြောသည်။ "တောင်းပန်ပါတယ် ဟင်နရီ၊ ကျွန်မက ရှင်နဲ့အတူ လိုက်ပေးလို့ မရဘူး။ ဒီမှာ ကျွန်မကို လိုအပ်နေတဲ့ မိသားစုဝင်တွေ အများကြီး ရှိနေသေးတယ်။"
ဟင်နရီက ဒီအဖြေကို ကြိုသိထားပေမယ့် သူက လက်မလျှော့နိုင်သေးဘူး။
"ဒါပေမယ့် ခင်ဗျားမရှိရင် ဒီမှာရှိတဲ့ တာ့ရွှင်းတိုင်းပြည်က လူတွေနဲ့ ကျွန်တော် လုံးဝဆက်သွယ်လို့မရဘူး။"
ဟဲကျစ်ယန်က ဟင်နရီရဲ့ အကူအညီမဲ့တဲ့ ခံစားချက်ကို နားလည်နိုင်သည်။
သူမက စဉ်းစားပြီး ပြန်ပြောပေးသည်။ "ဒါဆို ခဏလောက် စောင့်ပေးဦး။"
ဟဲကျစ်ယန်က စကားပြောပြီးတာနဲ့ သူမက လှည်းထဲကို ဝင်သွားသည်။
ဟဲကျစ်ယန်က တာ့ပေါင်မောလ်မှာ ထူထဲတဲ့ ရွှမ်းစက္ကူ၊ စုတ်တံနဲ့ မင်တွေ ဝယ်လိုက်သည်။သူမက ရွှမ်းစက္ကူကို ( ၂၀ ) စင်တီမီတာ စတုရန်းပုံစံ ဖြတ်ပြီး အသေအချာ စဉ်းစားကြည့်ကာ အင်္ဂလိပ်စကားစုတွေကို ရိုးရှင်းစွာ ရေးသားပေးပြီး သက်ဆိုင်ရာ တရုတ်စာလုံးတွေနဲ့ တွဲ၍ မှတ်သားထားလိုက်သည်။
ဟင်နရီက တစ်ခုခု ပြောချင်တဲ့အခါ ဒီကတ်တွေကို တစ်ဖက်လူကို ပြသလို့ ရသည်။
ဟဲကျစ်ယန်ဆီက ဒီလက်လုပ်ဘာသာပြန်ကတ်တွေ လက်ခံရရှိပြီးနောက် ဟင်နရီက ရင်ထဲ ထိသွားပြီး မျက်ရည်ပေါက်ကြီးတွေ ကျလာသည်။ "မစ္စ ဟဲကျစ်ယန်၊ ခင်ဗျားကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီဘာသာပြန်ကတ်တွေနဲ့ဆို တာ့ရွှင်းတိုင်းပြည်လူတွေနဲ့ ဆက်သွယ်ဖို့ ကျွန်တော် စိတ်ပူစရာ မလိုတော့ဘူး။"
ဟဲကျစ်ယန်က နှိမ့်ချစွာ ပြန်ပြောပေးသည်။ "ဒါက အထွေအထူး မဟုတ်ပါဘူး။"
ဟင်နရီက ဟဲကျစ်ယန်ရဲ့ ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ မသိဘူး။ သူက မူလက ငွေတစ်ချို့ပေးပြီး ကျေးဇူးပြန်ဆပ်ဖို့ စီစဉ်ထားပေမယ့် သူမက ဒီအရာတွေ လိုအပ်နေတာ မဟုတ်မှန်း သူမြင်ပြီးသားဖြစ်သည်။
ဟဲကျစ်ယန်က သူယူလာတဲ့ လှပတဲ့ အထည်စတွေကို မဝယ်ထားတာကို မြင်တော့ သူက သူ့အဖော်တွေကို အထည်တချို့ ယူလာပြီး သူမကို ပေးဖို့ မှာလိုက်သည်။
ဟဲကျစ်ယန်ကလည်း မငြင်းဆန်ဘဲ အထည်တွေကို လှည်းထဲထည့်လိုက်သည်။
"ဟင်နရီ၊ ရှင်နဲ့ တွေ့ရတာ ကျွန်မ အရမ်းဝမ်းသာပါတယ်။ အခုတော့ ကျွန်မတို့ အိမ်ပြန်ရမယ်။ ကျွန်မအိမ်က ရှီလင်ကျေးရွာမှာပါ။ နောက်တစ်ခါ အခွင့်အရေးရရင် ထပ်တွေ့ကြမယ်နော်။"
"ကောင်းပြီ။ ဒီကို ပြန်လာခွင့်ရရင် ခင်ဗျားကို သေချာပေါက် လာတွေ့ပါ့မယ်။"
ဟင်နရီက အကျင့်အရ ဟဲကျစ်ယန်ကို ဖက်ဖို့ ရှေ့ကိုတိုးလာခါနီး မော့ကျိုးယွီရဲ့ မဖော်ရွေတဲ့အကြည့်ကြောင့် ထပ်ပြီး နောက်တွန့်သွားမိသည်။ ဒါက သူ့ကို တာ့ရွှင်းတိုင်းပြည်လူတွေက ဖက်တာကို မကြိုက်ဘူးဆိုတာ ရှင်းလင်းစေခဲ့သည်။