ကမ္ဘာငယ်လေးကို တည်ဆောက်ခြင်း
Vol. 3 Ch. 30
ယခုခေတ်ကာလတွင် လောကကြီး၌ ကမ္ဘာငယ်အမြောက်အများ ရှိသော်လည်း...
ဥပမာအနေဖြင့် ကုန်းမြေပေါ်ရှိ သီးခြားနေထိုင်သည့် အထီးကျန်မိသားစုများနှင့်ရှေးဟောင်းမိသားစုများထံတွင်သာ ရှိသည်။
သူတို့သည် သီးသန့်နေရာတစ်ခုကို ဝိုင်းရံသတ်မှတ်ပြီး ဝင်ပေါက်ထွက်ပေါက်များ သတ်မှတ်ကာ ကမ္ဘာငယ်တစ်ခုအတွင်း၌ မျိုးနွယ်စုအလိုက် နေထိုင်ကြသည်။
ဤအထီးကျန်မိသားစုနှင့် ရှေးဟောင်းမိသားစုများမှ မည်သည့်တစ်စုကိုမဆို ရွေးထုတ်လိုက်ပါက အရှေ့ပိုင်းဒေသတစ်ခုလုံးကို လွယ်လင့်တကူ လွှမ်းမိုးနိုင်ကြသည်။
ထိုကဲ့သို့ အင်အားကြီးမားသော်လည်း သူတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်ကို ဖန်တီးနိုင်ခဲ့ခြင်းမှာ မျိုးဆက်ပေါင်းများစွာမှ မိသားစုဝင်များ၏ စုပေါင်းကြိုးပမ်းမှုကြောင့်ပင်။
ကမ္ဘာငယ်များ ဖန်တီးရာတွင် ပါဝင်နိုင်သော ကျွမ်းကျင်ပညာရှင်များသည် လေဟာနယ်ဆိုင်ရာ ဥပဒေသအချို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီးဖြစ်သည်။
ဤပုဂ္ဂိုလ်များသည် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော တည်ရှိမှုကြီးများပင်။
သို့ရာတွင် သူမတို့၏ရှေ့၌ မတ်တတ်ရပ်နေသော ကျုံးချင်သည် သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ဖန်တီးခဲ့သည်။
ဤသည်မှာ မည်သည့်အဓိပ္ပာယ်မျိုး ဖြစ်သနည်း....
အချိန်တိုအတွင်းမှာပင်....
အမျိုးသမီးနှစ်ယောက်သည် ကျုံးချင်ကို အလွန်အမင်း မယုံကြည်နိုင်မှုဖြင့်သာမက လျှို့ဝှက်ဆန်းကြယ်သော အကြည့်ဖြင့်လည်း ကြည့်လိုက်ကြသည်။
ရိုးရှင်းသော တာဝန်တစ်ခုက သူမတို့ကို ဤမျှ ထိ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံစေလိမ့်မည်ဟု သူမတို့ မည်သည့်အချိန်ကမျှ ထင်မှတ်မထားခဲ့ကြပေ။ ထို့ပြင် သူ့ကို ကူညီခွင့်ရသည်မှာ သူမတို့ အလွန်ကံကောင်းသည်ဟု ခံစားမိပေ၏။
"ဒါက စီနီယာ ပြင်ဆင်ချင်တဲ့ နေရာလား"
လန်နင်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်...ဒီနေရာပဲ...မင်းတို့ရဲ့ အရည်အချင်းနဲ့ ဒီနေရာကို ပြုပြင်မွမ်းမံပေးနိုင်မလား"
ကျုံးချင်က အပြုံးဖြင့် မေးမြန်းသည်။
"ဟုတ်ကဲ့...သေချာပေါက် ဖြစ်နိုင်ပါတယ်"
အမျိုးသမီးနှစ်ယောက်က အလျင်အမြန် တုံ့ပြန်အဖြေပေးလိုက်သည်။
ဤအခြေအနေတွင် သူမတို့သည် မည်သည်ကြောင့် မလုပ်ဆောင်ပေးဘဲ နေနိုင်မည်နည်း။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက် တစ်စုံတစ်ခုကို ပြုလုပ်ပေးရန်ဆိုပါက သူမတို့ကိုယ်တိုင် မလုပ်နိုင်လျှင်ပင် ဂိုဏ်းသို့အကူအညီတောင်းပြီး လူလွှတ်ခိုင်းရပေမည်။
"ကောင်းပြီလေ...."
"ဒါဆိုရင် ငါ့ရဲ့ ယေဘုယျလိုအပ်ချက်တွေကို ပြောပြမယ်"
ကျုံးချင်သည် သူ နေ့ဝက်ခန့် စီစဉ်ထားသော မူကြမ်းကို ထုတ်ယူပြီး အမျိုးသမီးနှစ်ဦးအား သူ၏လိုအပ်ချက်များကို ပြောပြလိုက်သည်။
ဤကမ္ဘာငယ်လေးအတွင်းတွင် တောင်တန်းများ ရေပြင်များနှင့် စိမ်းလန်းစိုပြေမှုများ ရှိနေသင့်သည်။
အမျိုးသမီးနှစ်ယောက်သည် အမှန်တကယ်ကို ကျွမ်းကျင်ပညာရှင်များပင်။ ကျုံးချင်၏ လိုအပ်ချက်များကို သိရှိပြီးနောက် သူမတို့သည် ဒြပ်စင်ငါးပါးနှင့်အဋ္ဌဂံကွက် ဖုန်းရွှေအခင်းအကျင်းများကို အဆောက်အအုံများနှင့် ပေါင်းစပ်ကာ စီမံကိန်းပုံကြမ်းတစ်ခုကို လျှင်မြန်စွာ ထုတ်ပေးလိုက်သည်။
"အရမ်းကောင်းတယ်"
စီမံကိန်းမြေပုံကို ကြည့်ပြီးနောက် ကျုံးချင် အလွန်စိတ်ကျေနပ်သွားသည်။
"အခုကစပြီး ဒီလေဟာနယ်က မင်းတို့ရဲ့အပိုင်ပဲ...မင်းတို့က ဒီကမ္ဘာငယ်လေးထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်...လုပ်အား လိုအပ်ရင် ဟေးပိုင်ကို ရှာလိုက်ပါ"
ကျုံးချင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
အမျိုးသမီးနှစ်ယောက်သည် အားနာမနေရဲတော့ဘဲ တည်ကြည်လေးနက်သော အမူအယာဖြင့် ပြင်ဆင်မှုများကို စတင်၍ ပြုလုပ်ကြသည်။
တာဝန်များကို အမျိုးသမီးနှစ်ယောက်ထံသို့ လွှဲပြောင်းပေးပြီးနောက် ကျုံးချင်သည် ကမ္ဘာငယ်လေးထဲမှ ထွက်ခွာလာခဲ့သည်။
ထို့နောက် သူသည် ခြံဝင်းအတွင်းရှိ နောက်မှီကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ လက်ဖက်ရည်ကို စတင်၍ သောက်သုံးလိုက်၏။
သူ၏ကမ္ဘာငယ်လေးသည် အလွန်ထိရောက်မှုရှိသည်။ သူ သွားလေရာနေရာတိုင်းသို့ ယူဆောင်သွားနိုင်ပြီး ကျုံးချင်ရှိရာနေရာတိုင်းတွင် ကမ္ဘာငယ်လေးလည်း ရှိနေပေမည်။
တစ်ချိန်တည်းမှာပင် ကျုံးချင်သည် ထိုကမ္ဘာငယ်လေးကို လေဟာနယ်တစ်နေရာတွင် ထားရှိပြီး ဝင်ပေါက်နှင့်ထွက်ပေါက်တစ်ခု သတ်မှတ်ပေးနိုင်သဖြင့် အိမ်တစ်လုံးကဲ့သို့ လွတ်လပ်စွာ ဝင်ထွက်နိုင်သည်။
သေချာသည်မှာ ပြင်ပလူများ ဝင်ရောက်ရန်အတွက် သူ၏ခွင့်ပြုချက် လိုအပ်ခြင်းပင်။
"ဒါပေမယ့် နေရာပိုကျယ်ရင် ပိုကောင်းမှာပဲ"
"ပြီးတော့ ဒီကမ္ဘာငယ်လေးရဲ့ ဥပဒေသတွေကို လုံးဝ ထိန်းချုပ်နိုင်ရင် ကောင်းမယ်"
ကျုံးချင်က တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
သူသည် ဤကမ္ဘာငယ်လေးမှ ဝင်ထွက်သွားလာခြင်းကို ထိန်းချုပ်နိုင်သည့်အပြင် ထိုအရာအတွင်းရှိ သက်ရှိများကိုလည်း ထိန်းချုပ်နိုင်သည်။ ဥပမာအနေဖြင့် လက်ရှိတွင် ကမ္ဘာငယ်လေးထဲ၌ ရှိနေသော အမျိုးသမီးနှစ်ဦးကို သူ၏အတွေးတစ်ချက်ဖြင့် ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည်။
သို့ရာတွင် ဤမျှသာ လုပ်ဆောင်နိုင်ကာ သူ၏အတွေးကို အသုံးပြုပြီး ကမ္ဘာငယ်လေး၏ ရာသီဥတု သို့မဟုတ် မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲ၍ မရနိုင်ချေ။
အနာဂတ်တွင် စနစ်က ဤလုပ်ဆောင်ချက်ကို အဆင့်မြှင့်ပေးမည် မပေးမည်ကိုမူ သူ မသိရှိရပေ။
သို့ရာတွင် ကမ္ဘာငယ်လေးအတွင်းရှိ သက်ရှိများကို ထိန်းချုပ်နိုင်ကြောင်း ကျုံးချင် သိရှိလိုက်ချိန်၌ ထိုအရာကို တခြားနည်းလမ်းဖြင့် အသုံးပြုရန် စဉ်းစားခဲ့သည်။
ဤသည်မှာ လက်နက်အဖြစ် အသုံးပြုခြင်းပင်။
ရန်သူနှင့် ကြုံတွေ့ရချိန်၌ သူသည် ထိုလူကို ကမ္ဘာငယ်လေးထဲသို့ ထည့်လိုက်ပြီး ထိုအရာအတွင်းရှိ သေခြင်းရှင်ခြင်းစွမ်းအားကို အသုံးပြု၍ ချေမှုန်းနိုင်ပေမည်။
သို့ရာတွင် ချင်းနောင်နှင့် လန်နင်တို့ ထိုကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားချိန်၌ ထိုသို့ ပြုလုပ်ရန် မလွယ်ကူကြောင်း ကျုံးချင်က နားလည်သဘောပေါက်သွားသည်။
အကြောင်းအရင်းမှာ တစ်ဖက်လူက ခုခံကာကွယ်ပြီး သူ့ထက် စွမ်းအားနိမ့်ကျမနေပါက ထိုကိစ္စ ပြီးမြောက်အောင်မြင်ရန် အလွန်ခက်ခဲသောကြောင့်ပင်။
ဤရှုထောင့်မှ ကြည့်လျှင်...
ဤဟာကွက်ကို အသုံးချ၍ မရနိုင်တော့ချေ။
လောလောဆယ်တွင်မူ ဤကမ္ဘာငယ်လေးသည် ရွေ့လျားအိမ်နောက်ဖေးနှင့် ရွေ့လျားထွက်ပြေးလမ်းကြောင်းအဖြစ်သာ အသုံးဝင်ပေ၏။
ရက်အနည်းငယ် လျင်မြန်စွာ ကုန်လွန်သွားသည်။
အမျိုးသမီးနှစ်ယောက်သည် ကျုံးချင်၏ ကမ္ဘာငယ်လေးကို ပြောင်းလဲပစ်ရန် လုံ့လဝီရိယရှိစွာ လုပ်ဆောင်ခဲ့ကြသည်။
ကျုံးချင်သည် လုပ်စရာမရှိသည့်အချိန်တိုင်း ဝင်ရောက်ကြည့်ရှုလေ့ရှိပြီး ကမ္ဘာငယ်လေး၏ အလယ်ဗဟိုတွင် အမျိုးသမီးနှစ်ဦးက ရေကန်ငယ်လေးတစ်ခု ဖန်တီးထားသည်ကို မြင်တွေ့ခဲ့ရသည်။
ရေကန်၏ တစ်ဖက်ခြမ်းတွင် တောင်ကုန်းငယ်လေးတစ်ခုကို တည်ဆောက်ထားပေ၏။
ရေတံခွန်တစ်ခုသည် တောင်ကုန်းပေါ်မှ စီးကျလာပြီး ရေကန်သည် ရေသေအိုင် မဟုတ်ပေ။ စမ်းချောင်းများသည် ရေတံခွန်နှင့် ရေကန်ကို ဆက်သွယ်ထားပြီး ကမ္ဘာငယ်လေးတစ်ခုလုံးကို ဝိုင်းရံထားသည်။
ကြီးမားသော ရေရဟတ်တစ်ခုသည် စီးဆင်းနေသော စမ်းချောင်းကို ဖြတ်သန်းသွားသည်။ ရေရဟတ်သည် စမ်းချောင်း၏ ရိုက်ခတ်မှုအောက်တွင် လည်ပတ်နေပေ၏။ ထိုလည်ပတ်မှုမှ ထွက်ပေါ်လာသော အားသည် ရေကို တောင်ကုန်းပေါ်သို့ ပို့ဆောင်ကာ ရေတံခွန်ဖြစ်ပေါ်စေပြီး လည်ပတ်မှုစက်ဝန်းတစ်ခု ဖန်တီးပေးသည်။
ဤသည်မှာ လက်တွေ့အားဖြင့် ထာဝရစွမ်းအင်သုံး စက်တစ်လုံးပင် ဖြစ်ပေ၏။
စမ်းချောင်း၏ လမ်းကြောင်းသည်လည်း ပုံမှန်မဟုတ်ချေ။ ထိုအရာသည် လေကို ဖုံးကွယ်ပြီး စွမ်းအင်ကို စုစည်းပေးသော အကျိုးသက်ရောက်မှုရှိသည့် စိတ်ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ ဖြစ်ပုံရသည်။
စိတ်ဝိညာဉ်စုစည်းခြင်းဝင်္ကပါ၏ အလယ်ဗဟိုတည့်တည့်တွင် အဆောက်အအုံငယ်များ စုဝေးနေသည်။
ထိုအဆောက်အအုံများတွင် သိုလှောင်ရေးနယ်မြေများ လူနေထိုင်ရာနယ်မြေများနှင့် အပန်းဖြေနယ်မြေများ ပါဝင်ပြီး စနစ်တကျ ဖွဲ့စည်းထားပေ၏။
ဤအမျိုးသမီးနှစ်ယောက်သည် အမှန်တကယ်ကို ကျွမ်းကျင်ပညာရှင်များဖြစ်ကြောင်း သိသာထင်ရှားသည်။
ကျုံးချင် အလွန်စိတ်ကျေနပ်သွားသည်။
ယနေ့တွင် လင်းဖုန်းသည် ကျုံးချင်ထံသို့ ရိုသေလေးစားသောအမူအယာဖြင့် ချဉ်းကပ်လာသည်။
"ဆရာ...ကျွန်တော် ထျန်းယွင်ဂိုဏ်းကို ခရီးတစ်ခေါက် သွားဖို့ လိုအပ်တယ်"
လင်းဖုန်းက သူ၏လက်သီးကို တင်းတင်းဆုပ်ပြီး ပြောဆိုသည်။
"ကျွန်တော်က မုရုံရွှယ်ကို အနိုင်ယူဖို့ ထျန်းယွင်ဂိုဏ်းကို သွားတော့မယ်"
"တပည့်...ဆရာ ပြောခဲ့သလိုပဲ...ဒီတစ်ခေါက် တောင်ပေါ်က ဆင်းလာချိန်မှာ မင်းလုပ်ချင်တာ လုပ်လို့ရတယ်...မင်းရဲ့ဆရာက မင်းနဲ့အတူ လိုက်လာခဲ့မယ်"
ကျုံးချင်က လင်းဖုန်း၏ပခုံးကို အားပေးသကဲ့သို့ပုတ်ရင်း တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
လင်းအိမ်တော်တွင် နေထိုင်စဉ်အတွင်း ကျုံးချင်သည် လင်းမိသားစုနှင့် မုရုံမိသားစုကြားရှိ ရှုပ်ထွေးသော ဆက်ဆံရေးကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
လင်းမိသားစုသည် တစ်ချိန်က ဖုန်းထျန်းမြို့၏ ထိပ်သီးမိသားစုများထဲမှ တစ်ခုဖြစ်ခဲ့ပြီး မုရုံမိသားစုကမူ တတိယတန်းစား မိသားစုတစ်စုသာ ဖြစ်ခဲ့သည်။
သို့သော် ဤမိသားစုနှစ်ခုစလုံးသည် ဖုန်းထျန်းမြို့ဇာတိ မဟုတ်ကြချေ။ သူတို့သည် တခြားနေရာမှလာသော ဒုက္ခသည်များ ဖြစ်ကြပြီး မျိုးဆက်ပေါင်းများစွာ ကြိုးစားအားထုတ်မှုဖြင့် နောက်ဆုံးတွင် ဖုန်းထျန်းမြို့၌ အခြေချကာ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။
တစ်နေ့တွင် မုရုံရွှယ်၏အဘိုးသည် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ပြစ်မှားမိခဲ့သဖြင့် မုရုံမိသားစုကို ဖျက်ဆီးခံရတော့မည့်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။
မုရုံမိသားစုနှင့် လင်းမိသားစုသည် အမြဲတစေ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မိသားစုဘိုးဘေးများသည် မိတ်ဆွေများ ဖြစ်နေကြ၏။ ဤနေရာသို့ အတူတကွ ထွက်ပြေးလာကြသော ဇာတိတူသူများ ဖြစ်သောကြောင့် မုရုံမိသားစုသည် လင်းမိသားစုထံမှ အကူအညီကို အသည်းအသန် တောင်းဆိုခဲ့သည်။
အကြောင်းအရင်း အမျိုးမျိုးကြောင့် လင်းမိသားစုသည် အကူအညီပေးရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။
ထိုတိုက်ပွဲတွင်....
မုရုံမိသားစုသည် အမြစ်ပြတ်နီးပါး ချေမှုန်းခံခဲ့ရပြီး လင်းမိသားစုသည်လည်း သူတို့၏ ထိပ်သီးကျင့်ကြံသူအများစုကို ဆုံးရှုံးခဲ့ရပေ၏။ နောက်ဆုံးတွင် သူတို့သည် ရန်သူကို ချေမှုန်းနိုင်ခဲ့သည်။
လင်းမိသားစုသည် ကြီးမားသော ထိုးနှက်ချက်ကို ခံစားခဲ့ရသော်လည်း အတိတ်က ထိပ်သီးအင်အားစုတစ်ခု ဖြစ်ခဲ့သဖြင့် ဖုန်းထျန်းမြို့တွင် သူတို့၏နေရာကို ထိန်းသိမ်းနိုင်ခဲ့သည်။ မုရုံမိသားစုသည်ပင် လင်းမိသားစု၏ ပံ့ပိုးမှုဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနိုင်ခဲ့သည်။
ဤသည်ကို မိသားစုနှစ်စုကြား ဆက်ဆံရေး၏ အထွတ်အထိပ်ဟု ပြောနိုင်ပေ၏။
ထိုအချိန်က မိသားစုနှစ်စုကြားတွင် သဘောတူညီချက်တစ်ခု ရယူခဲ့ကြသည်။ တိုက်ရိုက်မျိုးဆက်အားလုံးသည် အမျိုးသားများဆိုလျှင် သွေးသောက်ညီအစ်ကိုများ ဖြစ်လာကာ အမျိုးသမီးများဆိုလျှင် သွေးသောက်ညီအစ်မများ ဖြစ်လာပေမည်။
အကယ်၍ ကျားမမတူလျှင်မူ လက်ထပ်ထိမ်းမြားပြီး မျိုးဆက်ပေါင်းများစွာ ဆက်လက်၍ ပေါင်းဖက်ကြပေမည်။
လင်းဟန်ယီ၏မျိုးဆက်တွင် မျိုးဆက်အားလုံး အမျိုးသားများ ဖြစ်နေကြသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက လင်းဟန်ယီသည် မုရုံအိမ်တော်သခင်ဖြစ်သော မုရုံရွှယ်၏ဖခင် မုရုံဟိုင်နှင့် ကျမ်းသစ္စာကျိန်ဆိုထားသော သွေးသောက်ညီအစ်ကိုများ ဖြစ်လာခဲ့သည်။
လင်းဖုန်းနှင့်မုရုံရွှယ် မွေးဖွားလာချိန်၌ သူတို့အား ငယ်ရွယ်စဥ်မှာပင် စေ့စပ်ခဲ့ကြပြီး သက်ဆိုင်ရာမိသားစုများက အလွန်မျှော်လင့်ခဲ့ကြသည်။
ဤသည်ကို မိသားစုနှစ်ခုကြား ပို၍နီးကပ်သော ဆက်ဆံရေး၏ အစဖြစ်သည်ဟု ထင်မှတ်ခဲ့ကြ၏။
သို့ရာတွင်...
ဤသည်မှာ မိသားစုနှစ်ခုကြား အက်ကြောင်းထင်လာမည့် အစပျိုးမှုတစ်ခု ဖြစ်လာမည်ဟု သူတို့ မသိခဲ့ကြချေ။