← Chapters

အခန်း (၇၈၁-၇၈၂)

Vol. 48 Ch. 781-782

အခန်း (၇၈၁-၇၈၂)

Vol. 48 Ch. 781-782

အခန်း (၇၈၁) အက်စ်ဂေါ့ဒ်၏ အကြံပြုချက်

ဘလက်စတားစစ်တပ်၏ ယာဉ်တန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း တိုက်ပွဲနေရာမှ ပရိသတ်များနှင့် ဖန်သားပြင်ရှေ့မှ ကြည့်ရှုသူများသည် အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင်ကြသေးပေ။

ဤအခိုက်အတန့်တွင် သူတို့၏နှလုံးသားထဲ၌ ဘလက်စတားစစ်တပ်၏ အနေအထားသည် သွေးစွန်းကုန်းမြေ၏ အဆင့်အတန်းအထိ မြင့်တက်လာပြီး သူတို့၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားသည်။

အပြန်ခရီးတွင် ဟန်ရှောင်းသည် ဟီဘာ ကြယ်တာရာ မီးဖို ကျင့်စဉ်၏ ထိရောက်မှုကို စမ်းသပ်ရန်အတွက် လမ်းကြောင်းလွှဲကာ ကြယ်သေတစ်ခုအနားတွင် ရပ်နားလိုက်သည်။ သူသည် ယာဉ်တန်းကို ခေတ္တစောင့်ခိုင်းထားပြီး ကြယ်သေ၏ မျက်နှာပြင်ဆီသို့ ပျံသန်းသွား၏။

ယန္တရားချပ်ဝတ်ကို မဝတ်ဆင်ထားသဖြင့် ပြင်းထန်သော အနီအောက်ရောင်ခြည် ဖြာထွက်မှုနှင့် မြင့်မားသောအပူချိန်တို့က သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်နေသည်။ ပိုနီးကပ်လေ၊ ပြင်းအားက ပိုမြင့်မားလေပင် ဖြစ်သည်။

သူသည် အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသောအခါ သူ၏ဂိမ်းမျက်နှာပြင်ပေါ်ရှိ ဟီဘာ ကြယ်တာရာ မီးဖို ကျင့်စဉ်ဆိုသည့် စာသားများမှာ လင်းလက်လာပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း အချက်ပြလာသည်။

အတွေ့အကြုံအမှတ် သန်းပေါင်းများစွာကို အသုံးပြုပြီးနောက် ဟန်ရှောင်းသည် သူ၏ ပထမဆုံးသော ကျင့်ကြံခြင်းအစီအစဉ်ကို စတင်လိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ချက်ချင်းပင် ဆူပွက်လာပြီး ကြယ်သေမှ ဖြာထွက်လာသော စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူတော့သည်။ သူ၏အရေပြားမှာ နီရဲလာပြီး တောက်ပမှုမှာလည်း အဆက်မပြတ် မြင့်တက်လာသည်။

‘ဟုတ်ပြီ။ ငါ ရေဒီယိုသတ္တိကြွမှု စုပ်ယူခြင်းကိုလည်း အသက်သွင်းသင့်တယ်။’

ဤအချိန်တွင် ကြယ်သေမှ ဖြာထွက်လာသော ရေဒီယိုသတ္တိကြွမှု လှိုင်းတစ်ခုသည် ဟန်ရှောင်းဆီသို့ တိုက်ရိုက်ကျရောက်လာပြီး ကြက်သွေးရောင် ဆူနာမီတစ်ခုနှင့်ပင် တူနေတော့သည်။ ဟန်ရှောင်းသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မပြုဘဲ ၎င်းရေဒီယိုသတ္တိကြွမှုများက သူ့ကို ဝါးမြိုသွားစေရန် ခွင့်ပြုထားလိုက်သည်။ သူ၏ သွေးအမှတ်မှာ အနည်းငယ် ကျဆင်းသွားသည်။

မြင့်မားသောအပူချိန်အောက်တွင် သူ၏ သွေးအမှတ်မှာ မရပ်မနား လျော့နည်းနေသော်လည်း သူ၏စွမ်းအင်ကို အသုံးပြု၍ အလွန်လျင်မြန်စွာ ပြန်လည်ပြည့်လာသည်။ ကြယ်တာရာ မီးဖို ကျင့်စဉ်၏ အကျိုးသက်ရောက်မှုမှာ သူ ကြယ်သေပေါ်တွင် မည်မျှကြာကြာ နေထိုင်နိုင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ၎င်းကို အဆင့်မြင့်ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ရခြင်းမှာ ကြယ်သေတစ်ခုပေါ်တွင် အသက်ရှင်နိုင်သည့် အဆင့် အေ ပုဂ္ဂိုလ်များမှာ လက်တွေ့တွင် မရှိသလောက် ရှားပါးသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့၏ မဟာယန္တရားပညာရှင်ဟန်၏ လက်ရှိရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့်ဆိုပါက သူသည် ဤကြယ်သေပေါ်တွင် အိုသေသည်အထိ နေထိုင်နိုင်စွမ်း ရှိသည်။

"ဒါက တကယ်ကို ကြယ်တွေကြားထဲမှာ ရေချိုးနေရသလိုပဲ။" ဟန်ရှောင်းသည် ကြယ်သေမှ ကြယ်တာရာစွမ်းအင်လုံးတစ်ခုကို ယူကာ ဆပ်ပြာပူဖောင်းများကဲ့သို့ သူ၏ရင်ဘတ်ပေါ်တွင် လှိမ့်ရင်း အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်သည်။

နာရီဝက်ခန့် ခံနိုင်ရည်ရှိပြီးနောက် ကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှုမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂိမ်းမျက်နှာပြင်တွင် ဖော်ပြလာသည်။ ထိုအခါမှသာ ဟန်ရှောင်းသည် ကြယ်သေပေါ်မှ ထွက်ခွာခဲ့သည်။ သူ၏ ကြယ်တာရာ မီးဖို ကျင့်စဉ် အရေအတွက်မှာ ၁ ဟု ဖော်ပြနေပြီး ၎င်းက သူ့အား အပိုစွမ်းအင် ၂၅ အမှတ် တိုးစေခဲ့သည်။

‘နာရီဝက်တိုင်းမှာ ငါ စွမ်းအင် ၂၅ ရမယ်။ အကယ်၍ ငါ အကြိမ် ၆၅၀ ကျင့်ပြီးသွားရင် စုစုပေါင်း စွမ်းအင် ၁၆၀၀၀ ရမှာဖြစ်ပြီး ဒါက သွေးအမှတ် ၈၀၀၀၀ နီးပါးနဲ့ ညီမျှတယ်။ ‘

ဟန်ရှောင်းသည် စိတ်အခြေအနေ ကောင်းမွန်နေသည်။ အဆင့် အေ အထက်ဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ခွန်အားကို မြှင့်တင်ရန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာ၏။ ဤမျှအထိ တိုးတက်နိုင်မည့် အခွင့်အရေးမျိုးမှာ ရှားပါးလှသဖြင့် ၎င်းသည် တုနှိုင်းမဲ့ မြင့်မြတ်သော နည်းစနစ်တစ်ခုဟု သူ ခံစားနေရသည်။

ကြယ်တာရာ မီးဖို ကျင့်စဉ် စွမ်းရည်ကို စမ်းသပ်ပြီးနောက် ဟန်ရှောင်းသည် ယာဉ်တန်းဆီသို့ ပြန်လာသည်။ သူ၏စစ်တပ်မှ ကိစ္စရပ်များကို အခြေချပြီးပါက ဤ စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်ကို လေ့ကျင့်ရန် အားလပ်ချိန် ရရှိမည်ဖြစ်သည်။

…

"ဘလက်စတားစစ်တပ်က ကြက်သွေး‌ရောင်မင်းဆက်နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီ။ ဆင့်ကဲဖြစ်စဉ် ကုဗတုံးဟာ အခုဆိုရင် ကြက်သွေး‌ရောင်မင်းဆက်ရဲ့ ပိုင်ဆိုင်မှုအောက်ကို ရောက်ရှိသွားပြီး အာကိန်းဘုရားကျောင်းကို ဆုတ်ခွာသွားအောင် အတင်းအကြပ် လုပ်ဆောင်နိုင်ခဲ့တယ်။"

"ဘလက်စတားဟာ သူ၏တိုက်ပွဲကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး အာဏာရှင်ကို ကိုယ့်သဘောနဲ့ကိုယ် ဆုတ်ခွာသွားစေခဲ့တယ်။"

"ကျွန်ုပ်တို့၏ ကွင်းဆင်းသတင်းထောက်များအားလုံး ကံမကောင်းစွာဖြင့် အသတ်ခံခဲ့ရပြီး မပြည့်စုံသော စာရင်းဇယားများအရ ပရိသတ်များ၏ သေဆုံးမှုနှုန်းမှာ သန်းပေါင်းများစွာ ရှိခဲ့သည်။"

တိုက်ပွဲ၏ ဖုန်မှုန့်များမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း ၎င်း၏ သက်ရောက်မှုမှာ ကွဲအက်ကြယ်စင်ကွင်း တစ်ခုလုံးတွင် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး အဓိက သတင်းချန်နယ်တိုင်း၏ ခေါင်းကြီးပိုင်းများတွင် ဖော်ပြခြင်း ခံခဲ့ရသည်။

ဤဖြစ်ရပ်သည် လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ကွဲအက်ကြယ်စင်ကွင်းရှိ အဆင့် အေ အထက်ဆင့် ငါးဦးလုံး စုရုံးခဲ့ကြပြီး၊ ဖြစ်စဉ်မှာ မရှည်လျားသော်လည်း အခြေအနေမှာ အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ လူတိုင်းအတွက် ဘလက်စတားမှာ ဤဖြစ်ရပ်တွင် အကြီးကျယ်ဆုံးသော ဇာတ်လိုက်ဖြစ်ပြီး အာဏာရှင်နှင့် တိုက်ခိုက်ခဲ့သည်။ အံ့သြစရာ အကောင်းဆုံးအချက်မှာ ကြက်သွေး‌ရောင်မင်းဆက်က မျှော်လင့်ချက်များကို ဆန့်ကျင်ပြီး ဘလက်စတား ပူးပေါင်းလာမှုကို လူသိရှင်ကြား ကြေညာခဲ့ခြင်းပင် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။

ဤအချက်သည် စကြဝဠာထဲတွင် နောက်ထပ် အဆင့် အေ အထက်ဆင့် တစ်ဦးက ခိုင်မာသော ခြေကုပ်ရယူနိုင်ခဲ့ခြင်းကို ဆိုလိုကြောင်း လူတိုင်း သိကြသည်။ အင်အားကြီးနိုင်ငံတစ်ခုက နောက်ခံအဖြစ် ရှိနေပြီး ထိုနေ့က ကိစ္စရပ်များသည် ကွဲအက်ကြယ်စင်ကွင်း၏ သမိုင်းတွင် မှတ်တမ်းတင်ရန် လုံလောက်ခဲ့သည်။ ၎င်းသည် ကြယ်နယ်မြေ၏ စီးဆင်းမှုမှာ ပြောင်းလဲတော့မည်ဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။

တိုက်ပွဲပြီးနောက် နောက်တစ်နေ့တွင် ဘလက်စတားစစ်တပ်သည် ကြယ်နယ်မြေတစ်ခုလုံးသို့ လူသစ်စုဆောင်းရေး အမိန့်ကို ထုတ်ပြန်လိုက်သည်။

အချိန်တစ်ခုအတွင်းမှာပင် ကြည့်ရှုနေခဲ့ကြသော မရေမတွက်နိုင်သော လူများသည် တုံ့ပြန်လိုစိတ်များ ဖြစ်ပေါ်လာသည်။

ကြက်သွေး‌ရောင်မင်းဆက်က နောက်ခံအဖြစ် ရှိနေသဖြင့် ဘလက်စတားစစ်တပ်သည် သဘာဝကျကျပင် အရင်းအမြစ်များ မရှားပါးပေ။ သူတို့၏ခေါင်းဆောင် ဘလက်စတားမှာလည်း သူ၏အရည်အချင်းကို သက်သေပြခဲ့သည့် အဆင့် အေ အထက်ဆင့် တစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော အင်အားသစ်တစ်ခုမှာ ကြီးမားသော အနာဂတ်ရှိပြီး သူတို့ပေးအပ်မည့် အကျိုးခံစားခွင့်များမှာလည်း များပြားလှပေလိမ့်မည်။

ဘလက်စတားစစ်တပ်၏ လူသစ်စုဆောင်းရေးအမိန့်မှာ ပင်လယ်နက်ပိုင်း မိုင်းတစ်ခုကဲ့သို့ပင် ကွဲအက်ကြယ်စင်ကွင်းတွင် ကြီးမားသော လှိုင်းလုံးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ အမိန့်ထုတ်ပြန်ပြီး တစ်ရက်အကြာမှာပင် ကြယ်စုတန်း အသီးသီးမှ အာကာသယာဉ်များသည် ကောလ်တန် ကြယ်စုတန်းရှိ ဘလက်စတားစစ်တပ်၏ ရုံးချုပ်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာလာကြသည်။

လျှောက်ထားသူ အမြောက်အမြား စုရုံးလာကြ၏။ ဤသည်မှာ စစ်တပ်၏ သမိုင်းတွင် အကြီးမားဆုံးသော လူသစ်စုဆောင်းမှု ဖြစ်သည်။ ဖီးလစ်သည် နေ့စဉ် သန်းပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာသော ကိုယ်ရေးအကျဉ်းများနှင့် လျှောက်လွှာပုံစံများကို လက်ခံရရှိနေသည်။

ကွဲအက်ကြယ်စင်ကွင်းရှိ အဖွဲ့အစည်း အများအပြားသည်လည်း ဘလက်စတားစစ်တပ်ဆီသို့ မိတ်ဆွေဖွဲ့ရန် ကမ်းလှမ်းနေကြသည်။

…

"ကျုပ်နာမည်အောက်မှာ ပူးပေါင်းပြီး ကျုပ်ကို ကြေးစားစစ်သား အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ထားချင်တာလား။ အဲဒါက ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့က နေ့စဉ်ကိစ္စရပ်တွေကို ဆက်ပြီး တာဝန်ယူရမယ်... ဟုတ်တယ်၊ အဲဒါက အဲဒီလို အဓိပ္ပာယ်ပဲ။ ကျုပ်တို့ ဒီလိုလုပ်လို့ရတယ်။ အချိန်ကျရင် ကြေးစားစစ်သား အဖွဲ့ဟာ အခု ကျုပ်နာမည်အောက်မှာ ရှိနေပြီလို့ ကြယ်နယ်မြေကို ကျုပ်တို့ အတူတူ ကြေညာလိုက်မယ်။"

ဂူရဲဂျာနှင့် ဖုန်းပြောပြီးနောက် ဟန်ရှောင်းသည် သူ၏နှာတံကို ညှစ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မည်မျှသော အဖွဲ့အစည်းများက သူ့ကို ဆက်သွယ်ပြီး ထိုကဲ့သို့သော တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ကို သူ မမှတ်မိတော့ပေ။

သူ၏ ကြေးစားမဟာမိတ်အချို့မှာ သူ၏ကျော်ကြားမှုကို အသုံးချလိုကြသော်လည်း ဤသည်မှာ သူနှင့် ပိုမိုနီးစပ်သော အဖွဲ့အစည်းများအတွက်သာ ဖြစ်သည်။ ဥပမာအားဖြင့် ပဉ္စမမြောက် ဆားဗီးယားသည် လွန်ခဲ့သည့် တစ်ရက်က ဖုန်းဆက်ပြီး နောက်ထပ် နိုင်ငံရေးခရီးစဉ်တစ်ခု စီစဉ်လိုကြောင်း ရှင်းပြခဲ့သည်။ သူက ဘလက်စတားစစ်တပ်အနေဖြင့် သူ၏ရုံးချုပ်ကို နေရာမပြောင်းဘဲ ရွှေတံခါးဂြိုလ် အနားတွင် ဆက်နေရန် မျှော်လင့်နေသည်။

ဘလက်စတားစစ်တပ် တည်ရှိနေခြင်းကြောင့် ရွှေတံခါးဂြိုလ်သည် မကြာသေးမီနှစ်များအတွင်း ပေါက်ကွဲထွက်မတတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့သည်။ ၎င်း၏ မူလရည်ရွယ်ချက်မှာ အကူးအပြောင်းစခန်းတစ်ခုအဖြစ်သာ ဖြစ်သော်လည်း စီးပွားရေးမှာ အလွန်ပင် ထွန်းကားလာခဲ့သည်။

ပဉ္စမမြောက် ဆားဗီးယားသည် ဟန်ရှောင်းကို ဂိုဒိုရာ၏ ဂုဏ်ထူးဆောင်အရာရှိအဖြစ် ဖိတ်ခေါ်လိုသော်လည်း ဤအရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ သိသာလွန်းလှသဖြင့် ဟန်ရှောင်းက တိုက်ရိုက် ငြင်းပယ်လိုက်သည်။ ရွှေရောင်ဂဲလ်တံဆိပ်တစ်ခုက သူ့အတွက် လုံလောက်နေပြီဖြစ်ပြီး ဂုဏ်ထူးဆောင်အရာရှိ ရာထူးမှာ ဘလက်စတားစစ်တပ်၏ အနေအထားကို ထိခိုက်စေလိမ့်မည်။

ကြယ်စနစ်အဆင့် လူမှုအဖွဲ့အစည်းတစ်ခုက ဟန်ရှောင်း၏ အလိုကို မဖြည့်ဆည်းပေးနိုင်ပေ။ သူ၏လက်ထဲတွင် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကဲ့သို့သော နတ်ဘုရားအဆင့် အထောက်အပံ့ပစ္စည်း ရှိနေသဖြင့် သူသည် မည်သည့်လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစည်းမည်ကို ဂရုတစိုက် စောင့်ကြည့်ရပေလိမ့်မည်။ ထို့ကြောင့် ဂိုဒိုရာနှင့် ထိုကဲ့သို့ ရှင်းလင်းသော ရပ်တည်ချက်မျိုး ယူရန် မသင့်တော်ပေ။

ကောလ်တန် ကြယ်စုတန်းရှိ လူမှုအဖွဲ့အစည်း အများအပြားသည်လည်း သူ့ကို ဆက်သွယ်ခဲ့ကြပြီး အများစုမှာ သူတို့ထံမှ သတ္တုတူးဖော်ခွင့် ပေးထားသူများ ဖြစ်ကြသည်။ အခု သူသည် အာဏာရှင်နှင့် တိုက်ပွဲမှတစ်ဆင့် သူ၏အနေအထားကို ထူထောင်ပြီးနောက် ထိုလူမှုအဖွဲ့အစည်းများသည် သူတို့နှင့်ရှိထားသော ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ကြိုးစားနေကြသည်။ အဆင့် အေ အထက်ဆင့် တစ်ဦးကို မဟာမိတ်အဖြစ် ရရှိရန်အပြင် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို သူတို့ မက်မောနေကြခြင်းကြောင့်လည်း ဖြစ်သည်။

သူတို့၏ မဟာမိတ်စာချုပ်တွင် အရင်းအမြစ်ဂြိုလ်၏ သတ္တုတူးဖော်ရေး ဧရိယာကို တိုးချဲ့ခြင်း၊ သူတို့အား ဌာနခွဲများ ပိုမိုတည်ထောင်ခွင့်ပေးခြင်း စသည်တို့ ပါဝင်သော စည်းကမ်းချက်များ ပြောင်းလဲမှု ရှိခဲ့သည်။ အကျဉ်းချုပ်ရလျှင် လူမှုအဖွဲ့အစည်းတစ်ခုစီသည် အခြေခံအားဖြင့် သူတို့၏ ကိုယ်ပိုင်အကျိုးခံစားခွင့်များထဲမှ အစိတ်အပိုင်း အတော်များများကို ထုတ်ယူပြီး ဟန်ရှောင်းအား ပေးအပ်ခဲ့ကြကာ သူ့ကို စကြဝဠာထဲမှ အဆင့်မြင့်အင်အားစုတစ်ခုအဖြစ် လက်ခံခဲ့ကြသည်။

သို့သော်လည်း ဆင့်ကဲဖြစ်စဉ် ကုဗတုံးနှင့် ပတ်သက်သည့် သဘောတူညီချက်တွင် ဟန်ရှောင်းသည် အခြားလူမှုအဖွဲ့အစည်းများကို ဆိုင်းငံ့ထားခဲ့ပြီး ချက်ချင်း အတည်မပြုခဲ့ပေ။ ဆင့်ကဲဖြစ်စဉ် ကုဗတုံးကဲ့သို့ ကောင်းမွန်သောအရာကို ကိုင်ဆောင်ထားသဖြင့် သူသည် အကျိုးခံစားခွင့်များကို ချက်ချင်းရယူရန် အလျင်မလိုပေ။ သူက ရောင်းသူဘက်မှ အားသာချက်ရှိနေသဖြင့် ဆုံးဖြတ်ချက်ချရန် အချိန်ယူခြင်းက ပို၍ကောင်းပေလိမ့်မည်။

နောက်ထပ် ကိစ္စတစ်ခုမှာ သေးငယ်သော အဖွဲ့အစည်း အများအပြားမှာ ဘလက်စတားစစ်တပ်နှင့် ပူးပေါင်းရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ကပ်ဘေးအဆင့် ပုဂ္ဂိုလ်များ ဦးဆောင်သော အဖွဲ့အစည်းများမှာလည်း မရှားပါးပေ။ ဆက်ရှင်ဇီးရိုးရှိ အဖွဲ့အစည်း အချို့မှာပင် စစ်တပ်၏ အဖွဲ့ဝင်များ ဖြစ်လာလိုကြသည်။ ဘာပဲဖြစ်ဖြစ် ကြက်သွေး‌ရောင်မင်းဆက်၏ ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှသည်။

နောက်ဆုံးအုပ်စုမှာ အဖွဲ့အစည်း တိုးချဲ့မှုအတွက် ကုန်ကျစရိတ်များကို ကျခံရန် တက်ကြွစွာ ရင်းနှီးမြှုပ်နှံနေကြသော ဘဏ္ဍာရေးအုပ်စုများ ဖြစ်သည်။ ငွေကြေးမှာ ထူးကဲသော ခွန်အားရှိပြီး ဘလက်စတားစစ်တပ်၏ တိုးချဲ့မှုမှာ ဘဏ္ဍာရေးအုပ်စုများထံမှ သူတို့ မည်မျှအထိ ရင်းနှီးမြှုပ်နှံမှု ရရှိသည်ဆိုသည့်အပေါ်တွင် တိုက်ရိုက်အချိုးကျနေပေလိမ့်မည်။

သူ မိနစ်အနည်းငယ်မျှ အနားမယူရသေးခင်မှာပင် သူ၏ဆက်သွယ်ရေးစက်မှာ ထပ်မံ မြည်လာပြန်သည်။ ဇိုအယ် ခေါ်ဆိုနေခြင်း ဖြစ်သည်။

"ဘလက်စတား... မဟုတ်ဘူး၊ အခုဆိုရင် ခင်ဗျားကို လူကြီးမင်း ဘလက်စတားလို့ပဲ ကျုပ် ခေါ်သင့်တယ်။" ဇိုအယ်က ပြုံးလိုက်သည်။

ဟန်ရှောင်းက ခနဲ့တဲ့တဲ့ ပြန်ပြောပြီးနောက် မေးလိုက်သည်။ "သံတမန်၊ ဒီနေ့ ကျနော့်ဆီ ဘာလို့ ဖုန်းခေါ်တာလဲ။"

အဓိကအကြောင်းအရာသို့ ရောက်သောအခါ ဇိုအယ်သည် အပိုစကားများကို မပြောတော့ဘဲ ချက်ချင်းပင် "အခု ကျုပ်တို့ မဟာမိတ်ဖွဲ့ကြောင်း ကြေညာပြီးပြီဆိုတော့ ကျုပ်တို့ရဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အစီအစဉ်ဆွဲရမယ်။ ခင်ဗျားရဲ့ မဟာမိတ်အဖွဲ့အတွက် အင်ပါယာက ခင်ဗျားရဲ့ လျှို့ဝှက်စစ်ပွဲဖြစ်တဲ့ ကွဲအက်ကြယ်စင်ကွင်းရဲ့ ကိစ္စရပ်တွေကို အရင်ဆုံး ဖြေရှင်းဖို့ ဆုံးဖြတ်ထားတယ်။"

စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဟန်ရှောင်း သူ၏မျက်ခုံးများကို ပင့်လိုက်သည်။

"ကလင့်နိုင်ငံက စကြဝဠာ ဗဟို လူမှုအဖွဲ့အစည်း ခုံရုံးမှာ အဆိုပြုချက်တစ်ခု တင်သွင်းဖို့ ပြင်ဆင်နေတယ်။ ကောလ်တန် ကြယ်စုတန်းနဲ့ ဆိုးလ် ကြယ်စုတန်းတွေကို အလုံးစုံ ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုထားတာဖြစ်ပြီး အဲဒါကို စကြဝဠာ လူမှုအဖွဲ့အစည်း (၃)ခုက ကြားဝင်စေ့စပ်ပြီး ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။"

စကြဝဠာ ဗဟို လူမှုအဖွဲ့အစည်း ခုံရုံးသည် စကြဝဠာ လူမှုအဖွဲ့အစည်း (၃)ခုမှ အငြင်းပွားမှုများကို ကြားဝင်စေ့စပ်ပေးရန် သဘောတူထားသည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းသည် ကြယ်စုတန်း၊ ကြယ်နယ်မြေနှင့် ကြယ်စနစ် လူမှုအဖွဲ့အစည်းများ အားလုံးကို လွှမ်းခြုံထားသည်။ အချို့သော အထူးလူမျိုးစုများပင် ၎င်းအတွင်း၌ နေရာများ ရရှိထားကြကာ စကြဝဠာအတွင်းရှိ လူမှုအဖွဲ့အစည်း အများစုကို စုစည်းပြီး သူတို့၏ ပြဿနာများကို ဆွေးနွေး အဖြေရှာကြသည်။ ၎င်းမှာ အလွန်ပင် တရားဝင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

"ကလင့်ကလည်း ခင်ဗျားတို့ရဲ့ မဟာမိတ်ဆိုတော့ ခင်ဗျားတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ။" ဟန်ရှောင်းက မေးလိုက်သည်။

"ကျုပ်တို့ ကလင့်နဲ့ သီးသန့်စကားပြောဖို့ စီစဉ်ထားတယ်၊ အဆိုပြုချက် တင်သွင်းမယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ သူတို့ကို ကျုပ်တို့ တောင်းဆိုမယ်။" ဇိုအယ်က ခေါင်းညိတ်လိုက်သည်။ ကလင့်မှာ သူတို့၏ မဟာမိတ်လည်း ဖြစ်နေသဖြင့် အင်ပါယာအနေဖြင့် သူတို့ကို ကိုင်တွယ်ရာတွင် အလွန်အကျွံ မပြင်းထန်နိုင်ပေ။ သူတို့သည် ကလင့်ကို အဆိုပြုချက် တင်သွင်းခွင့်ပြုပြီး ဒီအတိုင်း ငြိမ်ကြည့်နေမည် မဟုတ်ပေ။

အမှန်တကယ်တော့ ခရမ်းရောင် သလင်းကျောက် လူအဖွဲ့အစည်း၏ နယ်မြေအတွက် ကလင့်၏ ကြံစည်မှုမှာ ကြက်သွေး‌ရောင်မင်းဆက်၏ ရည်ရွယ်ချက် မဟုတ်ဘဲ အင်ပါယာ၏ အလံကို အသုံးပြု၍ သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် ကလင့်က သူတို့ဘာသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အရာမျိုးမှာ အလွန်ပင် အဖြစ်များပြီး အချို့သော အတိုင်းအတာများထက် မကျော်လွန်သရွေ့ ကြက်သွေး‌ရောင်မင်းဆက်သည် ဤကိစ္စကို လျစ်လျူရှုထားပေလိမ့်မည်။ သို့သော်လည်း အခု သူတို့တွင် အခြားသော ထည့်သွင်းစဉ်းစားစရာများ ရှိလာသဖြင့် သူတို့မှာ ကလင့်၏ အစီအစဉ်များကို ရပ်တန့်ရန် လုပ်ပိုင်ခွင့် ရှိသည်။

သဘာဝကျကျပင် အင်ပါယာသည် ကလင့်အား ကြယ်ရောင်တောက်ပကမ္ဘာကို ခွဲဝေရာတွင် နယ်မြေခံစားခွင့်များ ပိုမိုပေးအပ်ခြင်းကဲ့သို့သော လျော်ကြေးအချို့ ပေးအပ်ပေလိမ့်မည်။

"ကလင့်က အတော်လေး ဗဟုသုတရှိပါတယ်၊ သူတို့ သဘောမတူရင်လည်း အလကားဖြစ်မယ်ဆိုတာ သူတို့ သိတယ်။ အာကိန်းဘုရားကျောင်းကလည်း ကျုပ်တို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကျုပ်တို့ကို လက်စားချေဖို့ ကလင့်ရဲ့ အဆိုပြုချက်ကို သေချာပေါက် ဟန့်တားလိမ့်မယ်။ ကျုပ်တို့ဘက်က ဝင်မပြောရင်တောင် အဲဒီအဆိုပြုချက်က အောင်မြင်မှာ မဟုတ်ဘူး။" ဇိုအယ်က သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။

"အဲဒါလည်း ဟုတ်တာပဲ။" ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။ သူသည် အာကိန်းဘုရားကျောင်းမှာ ဤမတရားမှုကို ငြိမ်ခံနေမည့်သူဟု မထင်ပေ။ သူတို့မှာ တစ်နေရာရာတွင် သူတို့၏ ဒေါသကို ဖွင့်ထုတ်ရန် ရှာဖွေပေလိမ့်မည်။ နိုင်ငံရေးစင်မြင့်မှာ ထိုသို့သော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

"အခု ခင်ဗျားရဲ့ ဘလက်စတားစစ်တပ်နဲ့ သွေးစွန်းကုန်းမြေဟာ ကျုပ်တို့ရဲ့ မဟာမိတ်တွေ ဖြစ်လာပြီဆိုတော့ ခင်ဗျားတို့ဟာ အနာဂတ်မှာ ကြယ်ရောင်တောက်ပကမ္ဘာကို ဖွင့်လှစ်ဖို့အတွက် အတူတူ အလုပ်လုပ်ကြရမယ်။ ဒါကြောင့် လျှို့ဝှက်စစ်ပွဲရဲ့ ပြဿနာကို ဖြေရှင်းပြီးတဲ့နောက် ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း စကားပြောကြရမယ်၊ ရန်သူကနေ မဟာမိတ်တွေအဖြစ် ပြောင်းလဲကြရမယ်။" ဇိုအယ်က ပြောလိုက်သည်။

ကြက်သွေး‌ရောင်မင်းဆက်သည် ကြယ်ရောင်တောက်ပကမ္ဘာ ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားပြီး ကွဲအက်ကြယ်စင်ကွင်းရှိ သူတို့၏ မဟာမိတ်နှစ်ဦးမှာ ၎င်းကို စူးစမ်းရှာဖွေရန်အတွက် ရှေ့ပြေးများ ဖြစ်ကြသည်။ သဘာဝကျကျပင် အင်ပါယာအနေဖြင့် ၎င်း၏ မဟာမိတ်နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သံသယများကြောင့် ကြယ်နယ်မြေသစ် စူးစမ်းရှာဖွေမှုကို ထိခိုက်စေသည်ကို မမြင်လိုပေ။ ၎င်းမှာ အပေါ်ယံ ပြန်လည်သင့်မြတ်ခြင်းသာ ဖြစ်နေလျှင်တောင် သူတို့ဘက်မှ ကြိုးစားအားထုတ်မှုအချို့ကို အင်ပါယာက မြင်လိုသည်။

"ကျနော့်အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဟီဘာက ဘာပြောမလဲဆိုတာတော့ ကျနော် မသေချာဘူး။" ဟန်ရှောင်းက ပုခုံးတွန့်ကာ ပြန်ပြောလိုက်သည်။

ဒါကို ကြားတော့ ဇိုအယ်လည်း အကူအညီမဲ့စွာ ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင် အရှုံးအကြီးဆုံးဖြစ်ခဲ့သည့် ဖက်မှာ သွေးစွန်းကုန်းမြေဖြစ်ပြီး သူသည် သေချာပေါက် ပြောစရာတွေ အများကြီး ရှိပေလိမ့်မည်။

ခဏတာ ရပ်ပြီးနောက် ဇိုအယ်က "နောက်ဆုံးကိစ္စအနေနဲ့ အင်ပါယာဟာ ဆင့်ကဲဖြစ်စဉ် ကုဗတုံး အသွင်ပြောင်းလဲမှုကို ခံယူဖို့ ပထမဆုံး လူအုပ်စုကို မကြာခင် စေလွှတ်တော့မယ်။ အချိန်အတိအကျကို သိရရင် ကျုပ် ခင်ဗျားကို ထပ်ပြီး အကြောင်းကြားပေးပါ့မယ်။"

ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။ ဤအရာမှာ သူတို့၏ စာချုပ်တွင် ဆွေးနွေးပြီးသားဖြစ်ပြီး ကြက်သွေး‌ရောင်မင်းဆက်တွင် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို အသုံးပြုပိုင်ခွင့် ရှိသည်။

ကြက်သွေး‌ရောင်မင်းဆက်မှ ပထမဆုံး အုပ်စုတွင် မည်သူတွေ ပါဝင်မည်ကို သူ မသိသော်လည်း သူတို့မှာ သေချာပေါက် လက်ရွေးစင်များ ဖြစ်ကြပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ ဟန်ရှောင်းအနေဖြင့် ၎င်းတို့အတွင်း၌ 'ရင်းနှီးသော မျက်နှာများ' အချို့ကို မြင်ရနိုင်သည်။

နောက်ထပ် အပိုစကားအချို့ ပြောပြီးနောက် ဟန်ရှောင်းသည် ဆက်သွယ်မှုကို အဆုံးသတ်လိုက်သည်။ သူ ဖုန်းချလိုက်သည်နှင့် သူ၏ဆက်သွယ်ရေးစက်မှာ ထပ်မံ မြည်လာပြန်သည်။ ဤတစ်ကြိမ်တွင် အမည်မသိနံပါတ်တစ်ခု ဖြစ်သည်။

ခဏတာ တုံ့ဆိုင်းပြီးနောက် သူ ဖုန်းလက်ခံလိုက်သောအခါ သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

ဖန်သားပြင်ပေါ်တွင် အက်စ်ဂေါ့ဒ်၏ ရုပ်ဆိုးဆိုး မျက်နှာ ပေါ်လာသည်။

"ဘလက်စတား။" အက်စ်ဂေါ့ဒ်၏ နှုတ်ခမ်းထောင့်များမှာ ထူးဆန်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားရင်း သူ့ကို နှုတ်ဆက်လိုက်သည်။

ဟန်ရှောင်းမှာ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေပြီး စကားမပြောပေ။ အက်စ်ဂေါ့ဒ်က သူ့ကို အမှန်တကယ် ဆက်သွယ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤကဲ့သို့ နာမည်ကြီးပြီး ကြမ်းတမ်းလှသော အဆင့် အေ အထက်ဆင့် လူမိုက်ကြီးနှင့် ပတ်သက်လျှင် သူက သတိထားနေဆဲပင် ဖြစ်သည်။

"ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာ အပေးအယူတစ်ခု ရှိတယ်။"

"အဲဒါက ဘာလဲ။"

အက်စ်ဂေါ့ဒ်က ပြုံးလိုက်သည်။ "စိတ်ချပါ၊ ငါမင်းရဲ့ ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို လုမှာ မဟုတ်ပါဘူး။ မင်းက ဆိုင်ကာနဲ့ မတူဘူး၊ သူ့လောက် ခေါင်းမမာဘူး။"

"ခင်ဗျား ဘာပြောချင်တာလဲ။"

"အခု ဆင့်ကဲဖြစ်စဉ် ကုဗတုံးက ခင်ဗျားလက်ထဲမှာ ရှိနေပြီဆိုတော့" အက်စ်ဂေါ့ဒ်က အေးအေးလူလူ ပြောလိုက်သည် "ငါတို့ အပေးအယူတစ်ခု လုပ်ကြရအောင်။ ငါ့ကို တစ်ခါလောက် အသုံးပြုခွင့်ပေးပါ၊ ဒါဆိုရင် ငါမင်းအတွက် ကိစ္စတစ်ခု ကူညီပေးမယ်။"

ဟန်ရှောင်း ချက်ချင်းပင် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အက်စ်ဂေါ့ဒ်၏ ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို မလုပါဘူးဆိုသည့် စကားမှာ ဟန်ရှောင်း မယုံကြည်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့ပြင် အက်စ်ဂေါ့ဒ်နှင့် အပေးအယူလုပ်ခြင်းမှာ ကျား၏ အရေခွံကို ကြံစည်နေသကဲ့သို့ပင်။

သူ မဖြေခင်မှာပင် အက်စ်ဂေါ့ဒ်က "မင်းနဲ့ ကြက်သွေး‌ရောင်မင်းဆက်ရဲ့ မဟာမိတ်ဖွဲ့မှုက အခုမှ စတင်တာဆိုတော့ မင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိမယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ရှိနေတဲ့ မင်းလို လူတစ်ယောက်အတွက် ကိစ္စတစ်ခုခုကို အောင်မြင်ဖို့ ဥပဒေမဲ့ လူမိုက်တစ်ယောက်ရဲ့ အကူအညီ လိုအပ်မယ့် အချိန်တစ်ခု ရောက်လာလိမ့်မယ်... မင်းငါ့ကို အခုချက်ချင်း အဖြေပေးဖို့ မလိုပါဘူး။ သေချာစဉ်းစားပြီးသွားရင် ငါ့ဆီ ဖုန်းပြန်ခေါ်ပြီး အဖြေပေးလို့ ရပါတယ်။"

အက်စ်ဂေါ့ဒ်သည် ပြုံးရင်း ဆက်သွယ်မှုကို ပိတ်လိုက်သည်။

ဟန်ရှောင်း သူ၏မျက်ခုံးများကို တွန့်လိုက်ပြီး သူ၏လက်ချောင်းမှာ အက်စ်ဂေါ့ဒ်၏ လျှို့ဝှက်နံပါတ်ကို ဖျက်ရန် ရွေးချယ်မှုတွင် ရပ်တန့်နေသည်။

အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက်...

သူ၏လက်ချောင်းမှာ အောက်သို့ ဆွဲချလိုက်သည်။

အက်စ်ဂေါ့ဒ်၏ နံပါတ်မှာ သူ၏ ဘလက်လစ်ထဲသို့ ရောက်သွားသည်။

သူ မဖျက်ခဲ့ပေ။

…

အာကာသယာဉ် တစ်စင်းပြီးတစ်စင်း ရေပင်လယ်ဂြိုလ်ပေါ်သို့ ဆင်းသက်လာခဲ့ကြပြီး ၎င်းတို့ပေါ်တွင် မတူညီသော ဘဏ္ဍာရေးအုပ်စုများ၏ တံဆိပ်များ ရေးထွင်းထားကြသည်။ ၎င်းတို့အားလုံးမှာ အရင်းအမြစ် အမြောက်အမြား တင်ဆောင်လာသည့် ကုန်စည်ပို့ဆောင်ရေး သင်္ဘောများ ဖြစ်ကြသည်။

ဘန်းနက်သည် ရေပင်လယ်ဖက်ဒရေးရှင်းနှင့်အတူ ဆိပ်ကမ်းတွင် ရပ်နေရင်း ယန္တရားအလုပ်သမားများက ထောက်ပံ့ရေးပစ္စည်းများကို တစ်ခုချင်းစီ သယ်ယူနေကြသည်ကို ကြည့်နေသည်။

အဆင့် အေ အထက်ဆင့် တစ်ဦး၏ မွေးရပ်မြေဖြစ်သဖြင့် သူတို့သည် ဘဏ္ဍာရေးအုပ်စုများထံမှ ရင်းနှီးမြှုပ်နှံမှုနှင့် အထောက်အပံ့များကို ပိုမိုရရှိခဲ့ကြသည်။

ဘန်းနက် သူ၏ခေါင်းကို မလှည့်ဘဲ မနေနိုင်ဖြစ်ကာ လေယာဉ်ရုံ၏ တံခါးအပြင်ဘက် မြို့၏အလယ်တွင် မတ်တပ်ရပ်နေသည့် ကြီးမားသော အနက်ရောင် ရုပ်တုကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် စိတ်သက်သာရာရမှုနှင့် ကျေးဇူးတင်မှုများ ရှိနေတော့သည်။

၇၈၂) ကြားကာလ၊ မမျှော်လင့်ထားသော ဧည့်သည်

ဘလက်စတားစစ်တပ်၏ ရုံးချုပ်သည် စတင်စည်ကားလာသည်။ လူသစ်စုဆောင်းရေး အမိန့်ထုတ်ပြန်ပြီးနောက် နောက်ပိုင်း ရက်သတ္တပတ်ဝက်အတွင်းမှာပင် မရေမတွက်နိုင်သော အာကာသယာဉ်များသည် ရုံးချုပ်ဆီသို့ လာရောက်လည်ပတ်ကြသည်။ ၎င်းတို့အားလုံးမှာ ဖီးလစ်နှင့် မဟာမိတ်အဖွဲ့တို့က စစ်ဆေးပြီးသား ကိုယ်စားလှယ်လောင်းများဖြစ်ကြပြီး ဘလက်စတားနှင့် တွေ့ဆုံရန်နှင့် စစ်တပ်ကွပ်ကဲရေးမှူး၏ နောက်ဆုံးစစ်ဆေးမှုကို စောင့်ဆိုင်းရန် ရုံးချုပ်သို့ လာခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲဝင်ရန် ထွက်ခွာသွားသော ယာဉ်တန်းသည် ရုံးချုပ်သို့ ပြန်မရောက်သေးသော်လည်း အဖွဲ့ဝင်သစ်အားလုံးမှာ ဂြိုလ်တုအခြေစိုက်စခန်း၏ အပြင်ဘက်အလွှာတွင် စနစ်တကျ တန်းစီနေကြပြီး ဘလက်စတား၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။ အကယ်၍ ရွှေတံခါးဂြိုလ်၏ မျက်နှာပြင်မှနေ၍ အပေါ်သို့ မော့ကြည့်မည်ဆိုပါက ဘလက်စတားစစ်တပ် ရုံးချုပ်၏ ပတ်ပတ်လည်တွင် နောက်ထပ် အာကာသကွင်းတစ်ခု အလိုအလျောက် ပေါ်ပေါက်လာသည်ကို တွေ့မြင်ရပေလိမ့်မည်။ ရုံးချုပ်တွင် တောက်ပသော မြူနှင်းများကဲ့သို့ လင်းလက်နေသည့် အာကာသယာဉ်များဖြင့် ဖွဲ့စည်းထားသော ကြယ်ကွင်းတစ်ခု ရှိနေသလိုပင် ခံစားရသည်။

"နောက်ထပ် လူသစ်တစ်သုတ် ထပ်ရောက်လာပြန်ပြီ။" ရုံးချုပ်ရှိ သံမဏိ အခြေစိုက်စခန်းတစ်ခုအတွင်း၌ အရန်အဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကို ကြီးကြပ်နေသော နည်းပြဖြစ်သူ ဘရော့ခ်သည် ပြတင်းပေါက်အပြင်ဘက်မှ ထူးခြားသော မြင်ကွင်းကို ကြည့်ရင်း အတိတ်ကို ပြန်လည်အမှတ်ရနေမိသည်။ ဘရော့ခ်သည် ဘလက်စတားစစ်တပ်သို့ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ သူသည် ဘလက်စတားစစ်တပ်၏ သမိုင်းကြောင်းနှင့် သာမန်ကြေးစားအဖွဲ့တစ်ခုမှနေ၍ စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခုနှင့် မဟာမိတ်ဖွဲ့ထားသည့် အင်အားကြီးအဖွဲ့အစည်းကြီးတစ်ခုအဖြစ် မည်သို့မည်ပုံ ကြီးထွားလာခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူဖြစ်သည်။

အမှောင်ကြယ်သည် ပျက်စီးသွားသည်မှာ ကြာပြီဖြစ်သဖြင့် ဂိုဒိုရာရှိ ခွဲခြားဆက်ဆံမှု ပြဿနာများမှာလည်း စတင်ပြေလည်လာခဲ့သည်။ သွေးနှော ဂိုဒိုရန်များသည် ဂိုဒိုရန်လူမှုအဖွဲ့အစည်း၏ ရင်ခွင်ထဲသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြသည်။ တိုက်ပွဲဝင်ရန် ရည်မှန်းချက် မရှိတော့သဖြင့် ဘရော့ခ်သည် သူ၏အတိတ်ကို မြှုပ်နှံလိုက်ပြီး အမှောင်ကြယ်၏ သူလျှိုဟူသော သူ၏အထောက်အထားကို ဖုံးကွယ်ရန် ဆုံးဖြတ်ကာ ဘလက်စတားစစ်တပ်အတွက်သာ လုံးလုံးလျားလျား မြှုပ်နှံထားတော့သည်။

သို့သော်လည်း ဟန်ရှောင်းသည် သူ၏အထောက်အထားကို အစကတည်းက သိရှိနေခဲ့သည်ကို ဘရော့ခ် မသိခဲ့ပေ။ အမှောင်ကြယ်မှာ ကွယ်ပျောက်သွားပြီဖြစ်သဖြင့် ဤ 'နာခံမှုရှိသော' သူလျှိုနှင့် အကြွေးဟောင်းများ ဆပ်ရန် မလိုအပ်တော့သောကြောင့် သူ့ကို အလုပ်တွင်သာ ဒီအတိုင်း ထားထားခဲ့ခြင်းဖြစ်သည်။

ဘလက်စတားစစ်တပ်တွင် အလုပ်လုပ်ရသည်မှာ ခက်ခဲသော်လည်း အမှောင်ကြယ် အဖွဲ့ဝင်အဖြစ် သူ၏အထောက်အထားကို စွန့်လွှတ်လိုက်ပြီးနောက် ဘရော့ခ်၏ စိတ်နေစိတ်ထားမှာ ပိုမိုပေါ့ပါးလာသည်။ သူသည် စစ်သည်တော်များနှင့် စစ်သားများကို တစ်သုတ်ပြီးတစ်သုတ် လေ့ကျင့်ပေးရသည့် လုပ်ငန်းစဉ်ကို စတင်သဘောကျလာသည်။ ဟန်ရှောင်း၏ စောင့်ရှောက်မှုအောက်တွင် သူသည် ဆယ်စုနှစ်တစ်ခုကြာအောင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏အခန်းကဏ္ဍတွင် ကျင့်သားရနေပြီဖြစ်သည်။

သူသည် စစ်တပ်အတွင်းရှိ ဝါရင့်တစ်ဦးဟု သတ်မှတ်နိုင်ပြီး စစ်တပ်အတွင်းရှိ ဂိုဒိုရန်အဖွဲ့၏ ထိပ်တန်းပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဂိုဒိုရာတွင် ဘလက်စတားစစ်တပ်၏ ကျော်ကြားမှုကြောင့် ဂိုဒိုရန် အများအပြားသည် စစ်တပ်တွင် အလုပ်လုပ်ရန် ရွေးချယ်ခဲ့ကြပြီး ဂိုဒိုရန်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းမှာ စစ်တပ်အတွင်းရှိ အဖွဲ့အစည်း အများအပြားထဲမှ တစ်ခုသာ ဖြစ်သည်။ ဘလက်စတားစစ်တပ်၏ လက်ရှိအရွယ်အစားနှင့်ဆိုပါက ၎င်းအတွင်း၌ သေးငယ်သော အဖွဲ့အစည်းများစွာ ရှိနေသည်မှာ သဘာဝကျ၏။

သူသည် လေထဲတွင် ဝဲပျံနေသော အာကာသယာဉ်များကို စောင့်ကြည့်ရန် ခေါင်းမော့လိုက်သည့်အချိန်တွင် ရုံးချုပ်အပြင်ဘက်ရှိ အာကာသယာဉ်အုပ်စုကြီးအတွင်းမှ ယာဉ်တစ်စင်းပေါ်တွင် ဘလက်စတားစစ်တပ်၏ ရုံးချုပ်ကို သေချာကြည့်နေသော ခရီးသည် သုံးဦး ရှိနေသည်။ ၎င်းမှာ စကြဝဠာထဲတွင် အတွေ့ရများသော သာမန် အာကာသယာဉ်အသေးစားလေးတစ်ခုဖြစ်ပြီး မည်သူမျှ သတိမပြုမိနိုင်ပေ။

"ငါတို့ တကယ်ပဲ သူတို့နဲ့ ဝင်ရောသွားနိုင်ပါ့မလား။ ဘလက်စတားစစ်တပ်ရဲ့ ဝန်ထမ်းတွေက ဒီလောက်အထိတော့ ပေါ့ဆမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။" မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးရှိသော အမျိုးသားတစ်ဦးက တုံ့ဆိုင်းသော လေသံဖြင့် ပြောလိုက်သည်။ သူသည် လူသားနှင့်တူသော မျိုးစိတ်တစ်ခုဖြစ်ပြီး ချောမွေ့ကာ တောက်ပသော ငွေရောင်အသားအရေရှိပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ အနက်ရောင် ဝတ်ရုံအတွင်းမှ သူ၏ အသားအရေပေါ်တွင် ရှုပ်ထွေးပြီး သေသပ်သော မှော်လိုင်းများကို တွေ့မြင်နိုင်သည်။

"အဲဒါကလွဲရင် တခြားနည်းလမ်းမရှိဘူး။ အကယ်၍ ငါတို့က အဲဒီလူကို တွေ့ချင်တယ်ဆိုရင် ဘလက်စတားစစ်တပ် ရုံးချုပ်ထဲကို ဝင်မှရမှာ။" နောက်တစ်ဦးက ပြောလိုက်သည်။ ဤသူသည် ပါးပြင်နှစ်ဖက်စလုံးတွင် အနီရောင် နဂါးအကြေးခွံများရှိသည့် သွေးနှောတစ်ဦး ဖြစ်သည်။ သူသည် လေးမီတာခန့် မြင့်သော သန်မာသည့် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏လက်မောင်းမှ ကြွက်သားများကို ပေါ်လွင်စေသည့် ရိုးရှင်းသော သံမဏိအင်္ကျီကို ဝတ်ဆင်ထားသည်။

"စိတ်အေးအေးထားပါ၊ ငါတို့ တကယ်ပဲ အမိခံရရင်တောင် ဘလက်စတားစစ်တပ်ကို ပူးပေါင်းဖို့ ကံစမ်းလာတဲ့ လူတွေအဖြစ် ဟန်ဆောင်လို့ရတယ်။ သူတို့က ငါတို့ကို အများဆုံး နှင်ထုတ်ရုံပဲ လုပ်မှာပါ။ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး။"

နောက်ဆုံးတစ်ဦးက နံရံကို မှီရင်း ပြောလိုက်သည်။ သူသည် တိုက်ပွဲဝင်ဝတ်စုံ အကျပ်ကို ဝတ်ဆင်ထားပြီး သူ၏ပုခုံးမှ လက်နှစ်စုံ ထွက်နေသည်။ သူ၏ အထက်လက်တစ်ဖက်ကို ခေါင်းအောက်တွင် ခေါင်းအုံးကဲ့သို့ ထားထားပြီး ကျန်တစ်ဖက်က ငွေ‌ရောင်အလွိုင်း တံစဉ်လေးတစ်ခုနှင့် ကစားနေသည်။ အောက်လက်များမှာ ခါးထောက်ထားပြီး ပျင်းရိသော အသွင်အပြင် ရှိနေသည်။

ဤသုံးဦးမှာ အခြားသူများကဲ့သို့ ဘလက်စတားစစ်တပ်၏ အဖွဲ့ဝင်သစ်များ မဟုတ်ကြပေ။ သူတို့တွင် မတူညီသော ရည်ရွယ်ချက်များ ရှိကြပြီး ပထမဆုံး စကားပြောခဲ့သော ငွေ‌ရောင် အသားအရေနှင့် လူက ဦးဆောင်နေပုံရသည်။

ဤအချိန်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ ကြယ်တာရာ ကောင်းကင်ယံတွင် သူတို့ဆီသို့ ရုတ်တရက် အလင်းတန်းတစ်ခု ကျရောက်လာပြီး ရွှေတံခါးဂြိုလ်ပေါ်တွင် ရပ်နားလိုက်သည်။ ၎င်းမှာ ရုံးချုပ်သို့ ပြန်လည်ရောက်ရှိလာသော ဘလက်စတားစစ်တပ်ပင် ဖြစ်သည်။

"ဝါး၊ အဖွဲ့ဝင်သစ်တွေ အများကြီးပါလား။" အာကာသယာဉ်များ၏ ကွင်းကို ကြည့်ရင်း ဟန်ရှောင်း၏ မျက်လုံးများမှာ တောက်ပသွားသည်။

"ဒါက လူသစ်စုဆောင်းမှုရဲ့ ပထမဆုံး အသုတ်ပဲ ရှိပါသေးတယ်။ သူတို့အားလုံးက ဒီမှာ ဆရာသခင်ကို စောင့်နေကြတာပါ၊ ဟွမ်..." ဟန်ရှောင်း၏ အာရုံကြောနှင့် ချိတ်ဆက်ထားသော ကွမ်တန်ကွန်ရက်အတွင်း၌ ဖီးလစ်က စကားစပြောလာသည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်မှာ ဟန်ရှောင်း၏ အမြင်အာရုံ အစွန်အဖျားတွင် လဲလျောင်းနေပြီး သူ၏ခေါင်းလေးသာ မြင်ကွင်းထဲသို့ ပေါ်လာသည်။

"ဟွန့်၊ ဒီအဖွဲ့ဝင်သစ်တွေရဲ့ တကယ့်တိုက်ပွဲဝင်နိုင်စွမ်းကို စမ်းသပ်ဖို့ ယန္တရားတပ်မတော်ကို စေလွှတ်ဖို့ ကျုပ် အကြံပြုပါတယ်။ အရည်အချင်းမပြည့်မီတဲ့ လူတွေက ဆရာသခင်ရဲ့ စစ်တပ်ကို ပူးပေါင်းဖို့ မထိုက်တန်ဘူး။"

အခြားတစ်ဖက်တွင် အမြဲတမ်း တိတ်ဆိတ်ပြီး တည်ငြိမ်လွန်းသော AI စပါတာမှာလည်း သူ၏ကိုယ်ထည်ကို ဖော်ပြလာသည်။ သူသည် လေးလံသော သံချပ်ကာဖြင့် ပတ်ထားပြီး သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အေးစက်သောအသွင်ရှိသော မျက်လုံးတစ်ဖက်သာ ပေါ်နေပြီး သူ၏လေသံမှာ ဩဇာရှိပြီး သန်မာသည်။

ဟန်ရှောင်း၏ ပုံရိပ်ယောင်နည်းပညာ ကျွမ်းကျင်မှုသစ်ပင် ပြီးမြောက်သွားပြီဖြစ်သဖြင့် သူသည် ရစ်ဒါ၏ ဒေတာတည်ဆောက်ပုံကို လေ့လာခဲ့ပြီး သူ၏ AI များကို ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနှင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ပေးအပ်ခဲ့သည်။ ၎င်းမှာ သူ၏ တွက်ချက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး သူ၏ဦးနှောက်မှာ ၎င်းတို့နှင့် ကွမ်တန်ကွန်ရက်မှတစ်ဆင့် အချိန်မရွေး ချိတ်ဆက်ထားနိုင်ပေလိမ့်မည်။ ၎င်းက သူအား AI များ၏ လှုပ်ရှားမှုများကို မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်စရာမလိုဘဲ ကြီးကြပ်နိုင်စေသည်။ ၎င်းမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပြုစုစောင့်ရှောက်ရသလိုပင်၊ ၎င်းတို့၏ အညစ်အကြေးများကို လိုက်လံသန့်ရှင်းပေးရန် မလိုသလို AI များမှာလည်း စိတ်ဆိုးဒေါသထွက်မည်မဟုတ်ဘဲ သူ၏နေ့စဉ်ဘဝတွင်ပင် ကူညီပေးကြသည်။ အထက်ပါ အချက်များထက် ပိုမိုကောင်းမွန်သော အိမ်မွေးတိရစ္ဆာန် ရှိပါဦးမည်လား။

ကွမ်တန်ကွန်ရက်အတွင်း၌ ဟန်ရှောင်း၏ အတွေးများမှာ ဒေတာစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖီးလစ်၏ မျက်လုံးများထဲသို့ စီးဝင်သွားသည်။ သူက "မင်း အခု ရုံးချုပ်ရဲ့ လေယာဉ်ရုံကို ဖွင့်လိုက်လို့ရပြီ။ ငါ ဆိုက်ကပ်တဲ့အခါ ဒီအဖွဲ့ဝင်သစ်တွေ အားလုံး ငါ့ကို လာတွေ့ခိုင်းလိုက်ပါ။" ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ၊ ဟွမ်..."

ရုံးချုပ်၏ လေယာဉ်ရုံ ပွင့်သွားပြီး ဘလက်စတားစစ်တပ် ယာဉ်တန်းမှာ တဖြည်းဖြည်း ဆင်းသက်လာကာ အားလပ်နေသော လေယာဉ်ရုံများအတွင်းသို့ ဝင်ရောက်သွားသည်။ ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသော အဖွဲ့ဝင်သစ်များမှာလည်း အကြောင်းကြားစာကို လက်ခံရရှိပြီး စတင်ဆင်းသက်လာကြသည်။

ရုံးချုပ်ပတ်လည်ရှိ ကြီးမားသော အာကာသယာဉ်ကွင်းမှာ စီးကြောင်း ဒါဇင်အနည်းငယ်အဖြစ် ကွဲထွက်သွားပြီး လေယာဉ်ရုံ အသီးသီးအတွင်းသို့ စီးဝင်သွားသည်။ အဖွဲ့ဝင်သစ်အားလုံးကို လက်ခံရန်အတွက် မရေမတွက်နိုင်သော ယန္တရားအထောက်အပံ့များကို အသက်သွင်းလိုက်သည်။

အဖွဲ့ဝင်သစ် အများစုမှာ ရုံးချုပ်၏ ကျယ်ဝန်းသော ဧည့်ခန်းမဆီသို့ လမ်းညွှန်ခြင်း ခံရမည်ဖြစ်သည်။ လူတိုင်းစုရုံးမိသောအခါ သူတို့သည် ဟန်ရှောင်းနှင့် အတူတူ တွေ့ဆုံကြမည်ဖြစ်သည်။ ကပ်ဘေးအဆင့်ရှိ အဖွဲ့ဝင်သစ်များအတွက်မူ ၎င်းတို့မှာ အထူးဂရုစိုက်မှုကို ခံရမည်ဖြစ်ပြီး ဟန်ရှောင်းနှင့် သူ၏အရာရှိများနှင့် ပုဂ္ဂိုလ်ချင်းတွေ့ဆုံရန် အစည်းအဝေးခန်းမသို့ ကြိုတင်သွားရောက်ရမည်ဖြစ်သည်။

ဟန်ရှောင်းသည် သူ၏အရာရှိများကို ဦးဆောင်ကာ အစည်းအဝေးခန်းမသို့ ဝင်လာသည်။ အတွင်း၌ လူဆယ်ဦးကျော် ရှိနေပြီး သူဝင်လာသည်နှင့် ၎င်းတို့၏ အကြည့်များမှာ သူ့ဆီသို့ တပြိုင်နက် ကျရောက်လာသည်။ သူတို့အားလုံးမှာ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြသည်။

"လူကြီးမင်း ဘလက်စတား။" " စစ်တပ်ကွပ်ကဲရေးမှူး။"

သူတို့အားလုံးမှာ အလေးပြုလိုက်ကြပြီး သူတို့၏မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့မှာ မတူညီသော ကြယ်စနစ်များမှ လာကြသော ပထမဆုံး အသုတ်အဖြစ် လက်ခံခံရသည့် ကပ်ဘေးအဆင့်များ ဖြစ်ကြသည်။ ဤသည်မှာ သူတို့၏ အဆင့် အေ အထက်ဆင့် ခေါင်းဆောင်သစ်ကို ပထမဆုံးအကြိမ် ပုဂ္ဂိုလ်ချင်း တွေ့မြင်ဖူးခြင်းဖြစ်သဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

သာမန်လူများ၏ အမြင်တွင် ကပ်ဘေးအဆင့်သို့ ရောက်ရှိခြင်းမှာပင် မယုံကြည်နိုင်စရာ ဖြစ်နေသော်လည်း အဆင့် အေ အထက်ဆင့် တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ကပ်ဘေးအဆင့် အများစုမှာ သာမန်လူတစ်ဦးက သူတို့ကို ရင်ဆိုင်ရသလိုမျိုး ခံစားချက်မျိုး ရှိနေကြသည်။ ထို့အပြင် အတွင်း၌ တောင့်တမှုနှင့် တမ်းတမှု အလွှာတစ်ခုလည်း ရှိနေသေးသည်။

ဟန်ရှောင်း ပြုံးလိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ။"

အဆင့် အေ အထက်ဆင့် စူပါတစ်ဦး ဖြစ်လာပြီးနောက် သူ၏ခွန်အားမှာ တိုးတက်လာရုံသာမက သူ၏ အမြင်အာရုံမှာလည်း ပိုမိုကျယ်ပြန့်လာသည်။ အတိတ်ကာလတွင် အကယ်၍ သူ၏စစ်တပ်သို့ ပူးပေါင်းလိုသော ကပ်ဘေးအဆင့် နှစ်ဆယ်ကျော် ရှိမည်ဆိုပါက သူသည် နားရွက်ချိတ်မတတ် ပြုံးနေမိမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူသည် အလွန်ပင် တည်ငြိမ်နေသည်။ သူသည် အနည်းဆုံးတော့ ဘေးတွင် လူမရှိသည့်အချိန်မှသာ အော်ဟစ်ရယ်မောနိုင်ရန် အောင့်ထားနိုင်သည်။

အဆင့် အေ အထက်ဆင့် တစ်ဦး၏ ကျော်ကြားမှုမှာ ဆွဲဆောင်မှုရှိသော်လည်း ကပ်ဘေးအဆင့် တစ်ဦးကိုလည်း ထိပ်တန်း တိုက်ပွဲဝင်အင်အားအဖြစ် သတ်မှတ်နိုင်သည်။ ကပ်ဘေးအဆင့် အများအပြားမှာ အခြားအင်အားစုများအောက်သို့ ပူးပေါင်းရန် ဝန်လေးကြသည်။ သူသည် အဆင့် အေ အထက်ဆင့် တစ်ဦး ဖြစ်သော်လည်း ဟန်ရှောင်းသည် ကပ်ဘေးအဆင့်များကို မည်သည့်အခါမျှ အထင်မသေးပေ။ ဤတစ်ကြိမ်တွင် ထိပ်တန်းတိုက်ပွဲဝင်အရာရှိ ဒါဇင်ကျော်ကို စုဆောင်းနိုင်ခြင်းမှာ ဘလက်စတားစစ်တပ်အတွက် အမြင့်ဆုံး မှတ်တမ်းတစ်ခုပင် ဖြစ်သည်။

ဟန်ရှောင်းသည် ကပ်ဘေးအဆင့် ဒါဇင်ကျော်နှင့် စကားစမြည်ပြောပြီး သူတို့ကို လှုံ့ဆော်ပေးလိုက်သည်။ ဤလူသစ်များမှာ ထိပ်တန်း တိုက်ပွဲဝင်အင်အားစုများ ဖြစ်ကြပြီး အနာဂတ်တွင် သူ၏အရာရှိများ ဖြစ်လာကြပေလိမ့်မည်။

စစ်တပ်၏ အရွယ်အစားမှာ ကြီးမားလွန်းလှသဖြင့် ဟန်ရှောင်းသည် အဖွဲ့ဝင်သစ်တိုင်း၏ အရည်အသွေးများကို စစ်ဆေးရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် ပိုမိုသန်မာသော လူသစ်များကိုသာ အာရုံစိုက်ခဲ့ပြီး ၎င်းတို့မှာ ဤကပ်ဘေးအဆင့်များပင် ဖြစ်ကြသည်။

လူတိုင်း၏ ဂိမ်းမျက်နှာပြင်ရှိ ပင်ကိုယ်အရည်အသွေးများကို တိတ်တဆိတ် ကြည့်ရှုပြီးနောက် သူသည် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့ထဲမှ မည်သူမျှ ပုံသွင်းခြင်း အရည်အချင်း မရှိကြသော်လည်း အသန်မာဆုံးလူမှာ အဆင့် အေ+ သို့ ရောက်ရှိနေပြီး မီနီဘော့စ် တစ်ဦးဟု သတ်မှတ်နိုင်သည်။

ဟီလာဘက်သို့ လှည့်ကြည့်ရင်း ဟန်ရှောင်းက "ဘလက်စတား အစောင့်တပ်ဖွဲ့ဟာ ငါ့ရဲ့ လက်ရွေးစင် ယူနစ်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ကပ်ဘေးအဆင့်ဟာ ဝင်ခွင့်အတွက် အနိမ့်ဆုံး သတ်မှတ်ချက်ပဲ။ ဟာဒါဗီကလည်း ဘလက်စတား အစောင့်တပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ဒါကတော့ ငါ့ရဲ့ အစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဟီလာပဲ။"

"အစောင့်တပ်ဖွဲ့ကို အခုမှ စတင်တည်ထောင်ထားတာဖြစ်လို့ တိုးချဲ့ဖို့ လိုအပ်တယ်။ ခွဲတမ်းကိုတော့ ဟီလာက သိထားပြီး သူနဲ့ တခြား ဘလက်စတား အစောင့်တပ်ဖွဲ့တွေက မင်းတို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ပြီး မင်းတို့ထဲက အချို့ကို ဘလက်စတား အစောင့်တပ်ဖွဲ့ထဲကို ဝင်ဖို့ ရွေးချယ်သွားလိမ့်မယ်။"

ကပ်ဘေးအဆင့်များ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ ဘလက်စတား အစောင့်တပ်ဖွဲ့မှာ ဘလက်စတား၏ ကိုယ်ရံတော်များဖြစ်ပြီး သူ့နောက်သို့ လိုက်ပါရမည့်သူများ ဖြစ်သည်မှာ ထင်ရှားလှသည်။ ဤရာထူး၏ ဆွဲဆောင်မှုမှာ မနည်းလှသလို သာမန်အရာရှိများအဖြစ် ရရှိမည့် အကျိုးခံစားခွင့်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ အဆင့် အေ အထက်ဆင့် တစ်ဦး၏ အတွေ့အကြုံများမှ သင်ယူပြီး မိမိကိုယ်ကို ပိုမိုသန်မာလာစေရန် ပိုမိုမျှော်လင့်နေကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အဆင့်မှာ ငွေရှာရန်မှာ အလွန်ပင် လွယ်ကူလှပြီး ရုပ်ဝတ္ထု ပျော်ရွှင်မှုများ၏ ဆွဲဆောင်မှုမှာ အကန့်အသတ် ရှိသည်။ သူတို့ ရှာဖွေနေသည်မှာ နယ်ပယ်အသစ်သို့ တက်လှမ်းနိုင်ရန်သာ ဖြစ်သည်။

ဘလက်စတား အစောင့်တပ်ဖွဲ့မှာ ကပ်ဘေးအဆင့် ဆယ်ဦးကျော်ကို ခေါ်ဆောင်သွားပြီးနောက် ဟန်ရှောင်းသည် ကျန်ရှိသော သူ၏အရာရှိများကို ဦးဆောင်ကာ အဖွဲ့ဝင်သစ်များကို ကြိုဆိုရန် ထွက်သွားသည်။ သို့သော်လည်း ဖီးလစ်က ရုတ်တရက် ထပ်မံ စကားပြောလာပြန်သည်။

"ဆရာသခင်၊ ဟွမ်... စစ်ဆေးမှု မရှိထားတဲ့ အာကာသယာဉ်တစ်စင်းကို ကျုပ် တွေ့ရှိထားပါတယ်။ အဲဒီ အာကာသယာဉ်ပေါ်မှာ ဖိတ်ကြားချက် မရှိထားတဲ့ လူသုံးဦး ပါရှိပါတယ်။" "သူတို့က ကျုပ်တို့ စစ်တပ်ကို ပူးပေါင်းမယ့် အဖွဲ့ဝင်သစ်တွေ မဟုတ်သလို သူတို့ရဲ့ ဒေတာတွေကလည်း ဒေတာဘေ့စ်ထဲမှာ မရှိပါဘူး။ သူတို့ရဲ့ အထောက်အထားတွေက အမည်မသိဖြစ်ပြီး သူတို့ဟာ နံပါတ် ၆ လေယာဉ်ရုံမှာ ရှိနေကြပါတယ်။ သူတို့ရဲ့ အချက်အလက်တွေကို ကြည့်ချင်ပါသလား။"

"အော်၊ သူတို့က စစ်တပ်ထဲကို ဝင်ခွင့်ရဖို့ ငါးပွက်အိုင်ထဲ လက်မွှေလာကြတာ နေမှာပါ။ သူတို့ကို ဒီအတိုင်းပဲ နှင်ထုတ်လိုက်..." ဟန်ရှောင်း စကားမဆုံးခင်မှာပင် ထိုသုံးဦး၏ ပုံရိပ်မှာ သူ၏စိတ်ထဲသို့ ရောက်ရှိလာပြီး သူသည် ရုတ်တရက် ရပ်တန့်သွားကာ သူ၏မျက်လုံးများမှာ ပိုမိုပြူးကျယ်သွားသည်။

ဟန်ရှောင်း ပြန်မဖြေသည်ကို တွေ့သဖြင့် ဖီးလစ်က သူ၏ ခေါင်းလေးကို ဘေးသို့ စောင်းလိုက်ပြီး သူ့အား သတိပေးလိုက်သည်။ "ဆရာသခင်။"

"ဟူး..." ဟန်ရှောင်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ၏ အမိန့်ကို ပြောင်းလဲလိုက်ရင်း သူ၏မျက်လုံးများမှာ ဝင်းလက်သွားသည်။ "သူတို့ကို မတားနဲ့။ သူတို့ကို အထဲဝင်ခွင့်ပေးလိုက်ပြီး သူတို့ရဲ့ အထောက်အထားကို မင်း မသိသလိုမျိုး ဟန်ဆောင်လိုက်ပါ။ စစ်တပ်အတွင်းက စောင့်ကြည့်ရေးတွေကိုပဲ အသက်သွင်းပြီး သူတို့ရဲ့ တည်နေရာကို အမြဲတမ်း သော့ခတ်ထားလိုက်ပါ။"

"နားလည်ပါပြီ၊ ဟွမ်..."

ကွမ်တန်ကွန်ရက်မှ ပြတ်တောက်သွားပြီးနောက် ဟန်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်ရင်း သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ "ဒီလူမိုက် သုံးယောက်က ဒီအချိန်မှာ ငါ့နယ်မြေထဲကို ပေါ်လာရဲတယ်ပေါ့... အင်း၊ ငါဖြစ်ပေါ်စေခဲ့တဲ့ လိပ်ပြာအကျိုးသက်ရောက်မှုက ပျံ့နှံ့နေပုံရတယ်။ သူတို့ ဒီကိုလာတာက သူမအတွက် ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာတယ်..."

အာကာသယာဉ်မှာ ဝင်ရောက်လာပြီး ဆိပ်ကမ်းတွင် ရပ်နားလိုက်သည်။ ငွေ‌ရောင် အသားအရေရှိသူ၊ နဂါးအကြေးခွံရှိသူနှင့် လက်လေးဖက်ပါသော အမျိုးသားဟူသော ထိုသုံးဦးသည် လူစည်ကားသော ဆိပ်ကမ်းပေါ်သို့ ခြေချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြသည်။ သူတို့ မျှော်လင့်ထားသော အချက်ပေးသံများ မရှိသလို သူတို့၏ အထောက်အထားကို အတည်ပြုရန် စောင့်ဆိုင်းနေသော ယန္တရားအထောက်အပံ့များလည်း မရှိပေ။

သူတို့ကို လိုက်ပါပို့ဆောင်ရန် မည်သူမျှလည်း ရောက်မလာခဲ့ပေ။ သူတို့သည် အလွန်ပင် လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ "ဘလက်စတားစစ်တပ်ရဲ့ လုံခြုံရေး အစီအမံတွေက တော်တော်လေး ညံ့ဖျင်းတာပဲ၊ မရှိသလောက်ကိုပဲ။" လက်လေးဖက်ပါသော အမျိုးသားက နှုတ်ခမ်းမဲ့ရင်း ပြောလိုက်သည်။ "အရူးသိပ္ပံပညာရှင်တွေ ဖျက်ဆီးတော့မယ့် ငါ့ရဲ့ မိခင်ဂြိုလ်ကတောင် ပိုပြီး လုံခြုံဦးမယ်။"

ငွေ‌ရောင် အသားအရေရှိသူမှာ အနည်းငယ် စိုးရိမ်နေပြီး တိုးတိုးလေး ပြောလိုက်သည်။ "ငါတို့ အရင်ဆုံး သူတို့နဲ့ ရောနှောနေကြမယ်၊ ပြီးမှ ခွဲထွက်ပြီး လှုပ်ရှားဖို့ အခွင့်အရေးရှာမယ်။ အမိမခံစေနဲ့။"

"ကောင်းပြီ။" နဂါးအကြေးခွံရှိသူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ငွေ‌ရောင် အသားအရေရှိသူက သူ၏လက်ချောင်းများကို ညှစ်ရင်း တီးတိုးရေရွတ်လိုက်သည်။ "မျှော်လင့်ထားတဲ့အတိုင်း ကောလာဟလတွေ ထွက်နေတဲ့ ရော့ဆယ်လင်ကို ဒီမှာ ရှာတွေ့နိုင်ပါစေ..."

All Chapters