← Chapters

သူအဝေးကို ခရီးထွက်သွားတယ်

Vol. 8 Ch. 81

သူအဝေးကို ခရီးထွက်သွားတယ်

Vol. 8 Ch. 81

ဗီဒီယိုဖိုင်အတွင်း၌...

ရက်ဖ်သည် သီးသန့်အခန်း အမှတ်၁တံခါးအား တွန်းဖွင့်လိုက်သည်။

သို့သော်လည်း အခန်းတွင်း၌ဗလာကျင်းနေခဲ့ကာ ဝိညာဉ်တစ်ကောင်ပင် ရှာမတွေ့ခဲ့ပေ။

ထို့နောက်တွင် ရက်ဖ်သည် ချက်ချင်းဆိုသလိုပင် အခန်းလွတ်အမှတ်၁သို့ဝင်ရောက်၍ မေးခွန်းများစွာကိုမေးမြန်းပြီးနောက် အခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။

မည်သည့်ရှုထောင့်မှကြည့်ပါစေ ရက်ဖ်သည် ကိုယ်ရည်ကိုယ်သွေးထူးချွန်သော ရူးကြောင်ကြောင်လူတစ်ယောက်နှင့်တူပေသည်။

အဘိုးအို၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ရှိသော ရက်ဖ်အား နောက်တစ်ကြိမ်မော့ကြည့်လိုက်သည်။သူသည် ရက်ဖ်၏မျက်လုံးများ၌ ကြောက်ရွံ့ထိတ်လန့်မှုအား သတိထားမိလိုက်သည်။

"မစ္စတာရက်ဖ်...မင်းကိုယ်တိုင် သီးသန့်အခန်းအမှတ်၁က လူကို မီးပုံးချိတ်ခိုင်းထားတာမဟုတ်လား...ဒီရှေးဟောင်းလေလံပွဲက ပစ္စည်းတွေအားလုံး မင်းအပိုင်သိမ်းချင်နေတာလား...မင်းကအောက်ကလူတွေအတွက် ဘာအခွင့်အရေးမှမပေးတော့ဘူးလား"

ထိုအဘိုးအိုသည် ထိတ်လန့်တုန်လှုပ်မှုကို ပယ်ဖျက်ရင်း သီးသန့်အခန်းအမှတ်၁၌ ချိတ်ဆွဲထားသည့်မီးပုံးအကြောင်းတွေးမိချိန်၌ စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည်။

"ဟုတ်တယ်..."

ရက်ဖ်က မထူးခြားသည့်လေသံဖြင့် ဖြေလိုက်သည်။

"ဒါဆိုရင်...အဖြူရောင်ဝတ်စုံနဲ့လူငယ်တစ်ယောက် အခန်းထဲကိုဝင်သွားတယ်လို့ စားပွဲထိုးတစ်ယောက်ကပြောပြတာက မင်းရဲ့အကြံအစည်တွေပဲလား"

အဘိုးအိုကဆက်မေးလိုက်သည်။ထိုအခိုက်အတန့်၌ သူ၏မျက်လုံးများက အေးစက်တင်းမာနေခဲ့သည်။

"အမှန်ပဲ..."

ရက်ဖ်၏လေသံသည် ပြောင်းလဲခြင်းမရှိဘဲ ပုံမှန်ကိစ္စတစ်ခုအား လုပ်ဆောင်နေရသကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။

"မကြာသေးခင်က အေးချမ်းသာယာစားသောက်ဆိုင်ရဲ့အပြင်ဘက်မှာ အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်နဲ့ ဝူမိသားစုတို့ပြသနာတက်ခဲ့တယ်....အဲ့ဒါကိုရော မင်းပဲစီစဉ်ခဲ့တာမဟုတ်လား"

အဘိုးအိုသည် လွန်စွာမကျေမနပ်ဖြစ်နေခဲ့သည်။ဤအဓိပ္ပါယ်မရှိသော ဗီဒီယိုက သူ၏မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

ရက်ဖ်က ငြင်းဆန်ခြင်းမရှိ ခေါင်းညိတ်ပြလိုက်သည်။သူ၏ကိုယ်ဟန်အနေအထားကပင် ပဟေဠိအားလုံးအား သူတစ်ယောက်တည်းခေါင်းခံရန် အသင့်ဖြစ်နေခဲ့သည်။

ထိုသို့ခေါင်းခံ၍ ဖြေဆိုနေသည့်အချိန်တွင် သူနှင့်အဘိုးကြီးကြားရှိယုံကြည်မှုသည် ယခုအခိုက်အတန့်တွင် မယုံကြည်နိုင်လောက်သည့်အရှိန်အဟုန်ဖြင့် ပြိုကွဲသွားခဲ့သည်။ထို့ပြင် အဘိုးအို၏မျက်နှာပေါ်ရှိဒေါသကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။

"ဒါဆိုရင်...မင်းပြုလုပ်ထားတဲ့ ဓာတ်ပုံတွေမှာပါတဲ့ သဲလွန်စတွေကကော အကုန်လုံးအတုအယောင်တွေပဲလား...မင်းဘာလုပ်ချင်နေတာလဲရက်ဖ်...လူတိုင်းကိုရှင်းပြဖို့မင်းပြင်ထားလိုက်..."

ဘန်း...

အဘိုးအိုသည် ထိုစကားကိုပြောပြီးနောက် ကင်မရာသေးသေးလေးအား မြေကြီးပေါ်သို့ထုရိုက်ပစ်လိုက်သည်။သူ၏ ဒေါသတကြီးအပြုအမူသည် သူ၏သွင်ပြင်နှင့်ယှဉ်ပါက အနည်းငယ်ပုံမှန်မဟုတ်ကြောင်း သူပင်မသိလိုက်ပေ။

အဘိုးအိုထွက်သွားသည်ကိုကြည့်၍ ရက်ဖ်ကမည်သည့်အမူအရာမှ မပြသခဲ့ပေ။

သူ၏ခန္ဓာကိုယ်က ရှေ့သို့ဆက်တိုးလာရင်း ပုံမှန်အတိုင်းပင် လမ်းလျှောက်နေခဲ့သည်။မကြာမှီတွင်သူသည် အေးချမ်းသာယာစားသောက်ဆိုင်၏ အခြားအခန်းတစ်ခုသို့ ရောက်သွားခဲ့သည်။

အခန်းတံခါးဝ၌ အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်နှစ်ယောက်က စောင့်ကြပ်နေခဲ့သည်။သူတို့သည် ရက်ဖ်အားတွေ့ရှိချိန်၌ တည်တည်ငြိမ်ငြိမ်ဖြင့် နှုတ်ဆက်လိုက်ကြသည်။

"မစ္စတာရက်ဖ်..."

"မင်းတို့အရင်ထွက်သွားလိုက်..."

ရက်ဖ်၏အသံက အနိမ့်အကျမရှိ တည်ငြိမ်နေခဲ့ပေသည်။

"နားလည်ပါပြီ..."

သက်တော်စောင့်နှစ်ယောက်သည် တိတ်ဆိတ်စွာဆုတ်ခွာသွားခဲ့ကြသည်။

ရက်ဖ်သည် အခန်းတံခါးကိုဆွဲဖွင့်၍ အခန်းထဲဝင်သွားခဲ့သည်။အခန်းထဲ၌ ဝမ်ကူသည် သူ၏လက်နှင့်ခြေများအား အဝတ်စဖြင့် ချည်နှောင်ခံထားရသည်။ထို့ပြင် သူ၏ပါးစပ်ကိုလည်းတိတ်ဖြင့် ပိတ်ဆို့ခံထားရသည်။လက်ရှိအခြေအနေက ပြန်ပေးဆွဲခံထားရသည်နှင့် မတူပေ။

ရက်ဖ်ကိုတွေ့မြင်ချိန်၌ ဝမ်ကူသည် ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ရက်ဖ်သည် ဝမ်ကူအားတွေ့မြင်လိုက်ရချိန်တွင် သူ၏ခြေထောက်များပျော့ခွေလာကာ မြေပြင်ပေါ်၌ ဒူးထောက်ထိုင်ချလိုက်သည်။

လက်ရှိအခြေအနေကြောင့် ဝမ်ကူ၏ဒေါသများက ချက်ချင်းပျောက်ကွယ်သွားကာ ချက်ချင်းပင်စိတ်ရှုပ်ထွေးမှုများက အစားထိုးဝင်ရောက်လာခဲ့သည်။

ရက်ဖ်သည် မြေကြီးပေါ်၌ဒူးထောက်ချလိုက်ပြီး ဝမ်ကူအားချည်နှောင်ထားသည့် အဝတ်စများကို ဖြေလျော့ပေးလိုက်သည်။

"မစ္စတာဝမ်...ငါတကယ်စိတ်မကောင်းပါဘူး...မင်းယူလာတဲ့လက်ရေးလှပန်းချီကားက ဝမ်ရှီကျစ်ရဲ့မူရင်းလက်ရာတွေဆိုတာအမှန်ပါဘဲ...ဒါပေမဲ့ထူးခြားတဲ့အကြောင်းအရာတွေကြောင့် ပန်းချီစာရွက်က အသစ်ထည်ဖြစ်နေတယ်...ဒါကကမ္ဘာကြီးရဲ့အံ့ဖွယ်အကြောင်းအရာတစ်ခုဆိုပေမဲ့ မစ္စတာဝမ်စိတ်ပူစရာမလိုပါဘူး...ဝမ်ရှိကျစ်ရဲ့သားစဉ်မြေးဆက်တစ်ယောက်အနေနဲ့ မစ္စတာဝမ်က ဒီလက်ရေးလှပန်းချီကားကို အမွေဆက်ခံနိုင်ဖို့ လုံးဝကိုအရည်အချင်းရှိပါတယ်...ဒီလက်ရေးလှပန်းချီကားကို သေချာသိမ်းထားပါ..."

သူ၏စကားအဆုံး၌ ရက်ဖ်၏လေသံမှာစိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

ချည်နှောင်ထားသည့်ကြိုးများကို ဖြေလျော့ပေးပြီးနောက် ဝမ်ကူသည်မတ်တပ်ရပ်လိုက်ပြီး သူ့စိတ်ထံ၌သံသယစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

အရင်ကတော့ ဒီလူတွေကငါ့ကို လက်ရေးလှနဲ့ပန်းချီကားချပ်ရဲ့နောက်ကွယ်က ဇာတ်မြစ်ကိုအတင်းအကြပ်မေးမြန်းပြီး ငါ့ကိုဖမ်းချုပ်ထားကြတာမလား...

ခုတော့ ဒီကိစ္စရဲ့ဦးဆောင်သူက သူ့ရဲ့အမှားကိုဝန်ခံလာတာလား...

"ဘာတွေဖြစ်နေတာလဲ...ငါ့ကိုအတိအကျရှင်းပြပေးပါ..."

ဝမ်ကူသည် သူ၏ပါးစပ်အားပိတ်ဆို့ထားသော တိတ်ကိုဆွဲခွာလိုက်ကာ ရက်ဖ်အားကြားဖြတ်နှောင့်ယှက်ရန် တွန့်ဆုတ်မနေခဲ့ပေ။သူသည် လေသံမာမာဖြင့် မေးမြန်းလိုက်သည်။အကယ်၍ တစ်စုံတစ်ခုသာမှားယွင်းသွားခဲ့လျှင် နောက်ကွယ်၌ကစားနေသော နတ်ဆိုးတစ်ကောင်ရှိလိမ့်မည်ဟု သူယူဆမိမှာဖြစ်သည်။သူသည် လက်ရှိအခြေအနေတစ်ခုလုံးအား နားမလည်နိုင်ခဲ့ပေ။

"မစ္စတာဝမ်...ငါမင်းကိုတစ်ယောက်ယောက်နဲ့တွေ့ဖို့ခေါ်သွားပါမယ်...အဲကျရင်မင်းအကုန်လုံးကိုနားလည်သွားမှာပါ..."

ရက်ဖ်ကပြောလိုက်သည်။

ရက်ဖ်သည် ခက်ခက်ခဲခဲပင်မတ်တပ်ထရပ်လိုက်ပြီး ရိုသေလေးစားသောအမူအရာဖြင့် သူ့နောက်မှလိုက်လာခဲ့ရန်အတွက် ဝမ်ကူအားအချက်ပြလိုက်သည်။

"ကောင်းပြီလေ..."

ဝမ်ကူကမျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

...

အခြားသီးသန့်အခန်းတစ်ခုထဲ၌ အဘိုးကြီး၆ယောက်သည် စားပွဲဝိုင်းတစ်ခု၌စုဝေးနေကြပြီး အခန်းထဲရှိလေထုအခြေအနေက အလွန်မှိုင်းညှိ့နေခဲ့သည်။

"ရက်ဖ်က ရူးသွားတာလား..."

အချိန်အတော်ကြာအောင်တိတ်ဆိတ်ပြီးနောက် ရက်ဖ်၏ကင်မရာအသေးစားလေးကို စစ်ဆေးကြည့်ခဲ့သောအဘိုးကြီးက အားနည်းနေသောလေသံဖြင့် ပြောလိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ..."

အဘိုးကြီးတစ်ယောက်က ချက်ချင်းဝင်ပြောခဲ့သည်။

အဘိုးကြီးက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"မသိဘူး...အရင်ကဆိုရင် ပူးပေါင်းဆောင်ရွက်မှု့က ကောင်းမွန်နေတာပဲ...ဒါပေမဲ့ လူတိုင်းကလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ခုလွဲမှားနေတယ်ဆိုတာ သတိပြုမိကြတယ်ထင်တယ်...သီးသန့်အခန်းအမှတ်၁မှာရှိတဲ့ အရူးက ခွင့်ပြုချက်မရှိဘဲ မီးပုံးကိုအပြင်ဘက်မှာချိတ်ဆွဲထားတယ်...ဒီတိုင်းသာဆိုရင် သူကရှေးဟောင်းလေလံပွဲရဲ့ပစ္စည်းအားလုံးကို တစ်ယောက်တည်းအပိုင်သိမ်းသွားလိမ့်မယ်..."

ထိုစကားအဆုံးတွင် သီးသန့်ခန်း၏အငွေ့အသက်များက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

"ဘာ...အဲ့ဒီလျှို့ဝှက်ချက်တွေအားလုံးကို ငါတို့အားလုံးမျက်မြင်တွေ့ခဲ့တာပဲမဟုတ်လား...မနေ့ကဆိုရင် လက်ရေးလှနဲ့ပန်းချီကားကို ငါတို့ကိုယ်တိုင်စစ်ဆေးခဲ့တာပဲ...ဒါပေမဲ့ ဒါကပြဇာတ်တစ်ခုသာသာပဲလေ...ဘယ်လိုဖြစ်ပြီးအစစ်ဖြစ်နိုင်မှာလဲ"

တစ်စုံတစ်ယောက်က ချက်ချင်းထရပ်လိုက်ကာ မယုံကြည်နိုင်သောလေသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်...ရက်ဖ်ကဘယ်သူမလို့လဲ...သူကနိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ အီဂျစ်နိုင်ငံရဲ့ ထိပ်တန်းအဆင့်ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်တယ်...သူကချက်ချင်းရူးသွပ်သွားတာလား"

တစ်စုံတစ်ယောက်က စားပွဲကိုရိုက်ချပြီး ပြောလိုက်သည်။

"တစ်ခုခုတော့ ထူးဆန်းနေတယ်..."

ထိုစကားကိုပြောပြီးချိန်တွင် သီးသန့်ခန်းတွင်းရှိအဘိုးကြီးများသည် ဆက်ထိုင်မနေတော့ဘဲ သူတို့၏နဖူးပေါ်မှ အေးစက်သည့်ချွေးများစီးကျလာခဲ့သည်။

အဆုံးသတ်တွင် တစ်စုံတစ်ယောက်ကဝင်ပြောခဲ့သည်။

"မင်းမှာအဲ့ဓာတ်ပုံတွေရှိသေးလား...အဲ့ဒါတွေသာအမှန်ဖြစ်နေသရွေ့ အရာအားလုံးကမှန်ကန်နေတယ်ဆိုရင် ငါတို့ကလမ်းကြောင်းအမှားကိုလျှောက်နေခဲ့တာပဲမလား"

ထိုအခိုက်အတန့်တွင် သီးသန့်ခန်းတွင်းရှိ လူအိုကြီးများအားလုံး ငြိမ်သက်သွားခဲ့ကြသည်။

...

ရက်ဖ်၏လမ်းညွန်မှုအောက်တွင် ဝမ်ကူသည် သီးသန့်အခန်းအမှတ်၁ရှိရာသို့ တစ်ယောက်တည်းရောက်ရှိလာခဲ့သည်။

တံခါးကိုစောင့်ကြပ်နေသော ကောင်မလေးက ဝမ်ကူအားသံသယအကြည့်ဖြင့် ကြည့်နေခဲ့သည်။သူမသည် ဝမ်ကူအားမေးခွန်းထုတ်လိုသော်လည်း သူမသည်ထိုအဘိုးကြီးအား အနှောင့်အယှက်ပေး၍မရကြောင်း သူမ၏ပင်ကိုယ်ဗီဇက အသိပေးနေ၍ နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။

တံခါးဝ၌ရပ်နေချိန်တွင် ဝမ်ကူသည် တံခါးကိုအချိန်အတော်ကြာမခေါက်ရဲဘဲ သူ၏မျက်နှာပေါ်၌ အပြစ်ရှိသည့်အမူအရာအနည်းငယ်ဖြစ်ပေါ်နေခဲ့သည်။

သို့သော်လည်း ဝမ်ကူကတုံ့ဆိုင်းနေချိန်တွင် သီးသန့်ခန်း၏တံခါးက အလိုအလျောက်ပွင့်ဟလာခဲ့သည်။

ဝမ်ကူသည် အခန်းတွင်း၌ သူ့အားနောက်ကျောပေးထိုင်နေသော အဖြူရောင်ပုံရိပ်ကိုတွေ့မြင်လိုက်ချိန်တွင် အခန်းတွင်းဝင်၍ တံခါးကိုညင်သာစွာပိတ်ဆို့လိုက်သည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော ရူးသွပ်မှုနှင့်စိတ်ခံစားချက်များက ဝမ်ကူ၏နှလုံးသားထဲ၌ ဖြစ်ပေါ်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် ဝမ်ကူသည် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ မြေပြင်ပေါ်၌ဒူးထောက်ကာ ယဲ့ပိုင်အားအရိုအသေပေးလိုက်သည်။

"ဆရာ...မဟုတ်ဘူး...ဘိုးဘေး...ဒီတစ်ကြိမ်တော့ ကျနော်အမှားအယွင်းလုပ်မိခဲ့ပါတယ်...ဒါကြောင့်ဘိုးဘေးကို ဒုက္ခတွေ့စေခဲ့ပါတယ်...ဒီလက်ရေးလှပန်းချီကားကို ဘိုးဘေးပြန်ယူလိုက်ပါ"

ဝမ်ကူ၏မျက်လုံးများက နီမြန်းနေကာ သူ၏လေသံကအနည်းငယ်တုန်ယင်နေခဲ့သည်။

"မင်းအဖေကို ငါကတိပေးထားတယ်...ငါပြန်မယူတော့ဘူး...ဒီလက်ရေးလှပန်းချီက မင်းရဲ့အပိုင်ဘဲ"

ယဲ့ပိုင်က အလွန်တိုးလျှသည့်လေသံဖြင့် ပြောလိုက်သည်။

ဝမ်ကူက သူ့လက်များကိုမြေပေါ်ထောက်ကာ ခေါင်းကိုငုံ့ထားလိုက်သည်။သူ၏မျက်လုံးထောင့်စွန်း၌ မျက်ရည်စများတွဲခိုနေကော သူ၏အသံကအလွန်တုန်ယင်နေခဲ့သည်။သူသည် ဤသီးသန့်အခန်းတွင်း၌ ယဲ့ပိုင်တစ်ယောက်သာရှိနေကြောင်း သူမှန်းဆနိုင်သော်လည်း ထိုအဖြစ်အပျက်အားလက်မခံနိုင်သေးပေ။

"အဖေက..."

"သူအဝေးကိုခရီးထွက်သွားတယ်..."

ယဲ့ပိုင်က ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

သို့သော်လည်း သီးသန့်ခန်းတစ်ခုလုံးအား ဝမ်းနည်းဖွယ်ကောင်းသည့်ခံစားချက်က ဖုံးလွှမ်းသွားကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကြောင်မြီးပန်းများက လွှင့်ပျံသွားခဲ့သည်။

All Chapters