ဝူဖန်ရှန်း
Vol. 8 Ch. 83
အေးချမ်းသာယာစားသောက်ဆိုင်...တတိယထပ်...အမှတ်၂သီးသန့်အခန်း...
သခင်လေးဝူနှင့်သူ၏အဖေတို့နှစ်ယောက်လုံး၏ အမူအရာများက အတော်လေးတည်ငြိမ်နေခဲ့ပြီဖြစ်သည်။
သခင်လေးဝူ၏အမည်မှာ ဝူဖန်းရှန်ဟုခေါ်ပြီး သူသည်ဝူမိသားစု၏ တတိယမြောက်မျိုးဆက်မှ တိုက်ရိုက်ဆင်းသက်လာသူတစ်ဦးဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူ၏အဖေဖြစ်သူဝူယွမ်ဒေါင်သည် ဝူမိသားစု၏တတိယမြောက်သားဖြစ်နေ၍ဖြစ်သည်။ထို့ကြောင့် ဝူဖန်ရှန်းသည် အားကောင်းပုံရသော်လည်း ဝူမိသားစုတစ်ခုလုံးနှင့်ယှဉ်လျင် အလွန်ပင်အားနည်းပေသည်။
ထို့ကြောင့် ဝူဖန်းရှန်သည် ခွန်းလွန်းတောင်နှင့်Qမြို့တော်သို့သွားရောက်ကာ မိတ်ဆွေသူငယ်ချင်းအသစ်များအား ရှာဖွေလိုခဲ့သည်။
ဝူယွမ်ဒေါင်သည်လည်း ဝူမိသားစုဘိုးဘေးထံမှ အမြင်ကောင်းရရှိရန် အလုပ်ကြိုးစားခဲ့သည်။ဤရှေးဟောင်းလေလံပွဲအား နိုင်ငံရပ်ခြားမှစုဆောင်းလာသည့် ရှေးဟောင်းပစ္စည်းများဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း.ယနေ့ဖြစ်ပျက်ခဲ့သောအရာသည် လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်သွားစေခဲ့သည်။
"အဖေ...ခုဆိုရင် လေလံစျေးပေးတဲ့လူတွေရဲ့နာမည်တွေကို အကုန်လုံးရေးမှတ်ပြီးသွားပြီ...ပြီးတော့ငါတို့မသိတဲ့သူတွေကို ဓာတ်ပုံရိုက်ပြီးသွားပြီ...ဒီလူတွေကနည်းနည်းဉာဏ်ကောင်းတော့ စျေးကိုအရမ်းကြီးမပေးရဲကြတော့ဘူး...ဒီတစ်ကြိမ်တော့ အဲလူနဲ့တွေ့ဖို့ အခွင့်အရေးတစ်ခုရပြီလို့မထင်ဘူးလား..."
ဝူဖန်ရှန်း၏မျက်လုံးများသည် ပူလောင်နေပြီး တက်ကြွသည့်အမူအရာဖြင့် ပြောလိုက်သည်။
"အဲ့လူက ငါတို့ကိုတကယ်ကော ကူညီမှာလား..."
ဝူယွမ်ဒေါင်သည် အနည်းသယ်သံသယဖြစ်နေဆဲဖြစ်သည်။ထို့နောက် တည်ကြည်သောအမူအရာဖြင့် သားဖြစ်သူအားစိုက်ကြည့်ကာ ပြောလိုက်သည်။
"သား...မင်းကဒါကိုအတည်ပေါက်ကြီးမှတ်နေတာလား...ငါတို့ဝူမိသားစုတစ်ခုလုံးက အဲ့လူနဲ့ဆက်ဆံခွင့်ရဖို့ အရည်အချင်းမရှိကြဘူး...ဒီကိစ္စကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ငါတို့ပြဿနာအကြီးအကျယ်တက်လိမ့်မယ်...ငါတို့ဝူမိသားစုတောင်ပျက်စီးသွားနိုင်တယ်"
"ဒါက အလောင်းအစားတစ်ခုပဲ အဖေ...တစ်ချိန်ကလည်း Qမြို့တော်ရွှေခေတ်ဟိုတယ်မှာတုံးက အဖေကကျနော်ပြောတာတွေကို မယုံကြည်ခဲ့ဘူး...တကယ်လို့ငါတို့ကသာ အရမ်းကိုအစွမ်းထက်တဲ့လူတွေဆိုရင် ငါတို့ရဲ့လုပ်ပုံကိုင်ပုံက အခြားရှုထောင့်ကကြည့်မယ်ဆို သာမန်လူတွေနားလည်ကြမှာမဟုတ်ဘူး...ငါတို့ဒီတိုင်းငြိမ်နေရင် အရှိန်အဟုန်နဲ့အာဏာပါဝါက နိမ့်ကျလာမှာပဲ...ငါတို့ကသာယဉ်ကျေးသိမ်မွေ့စွာနဲ့အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးနိုင်မယ်ဆိုရင် သူကငါတို့ကိုကူညီပေးလိမ့်မယ်"
ဝူဖန်ရှန်းက လေးလေးနက်နက်လေသံဖြင့် တိုက်တွန်းလိုက်သည်။
Qမြို့တော်၏အဖြစ်အပျက်အပြီးတွင် ထိုလူသည် သူ၏အဖေအတွက် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်စွမ်းရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားပေသည်။
"ကောင်းပြီလေ...ဒါကကြီးမားတဲ့လောင်းကြေးတစ်ခုပဲ..."
ဝူယွမ်ဒေါင်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။ယခုအချိန်သည် လူငယ်များကစင်မြင့်ပေါ်တက်ချိန်ဖြစ်ကာ သူတို့အတွက်စင်ပေါ်မှဆင်းပေးရန် အချိန်ရောက်လာချေပြီ။သူသည်ကိစ္စတော်တော်များများကို ဆုံးဖြတ်ရာတွင် အရင်လိုပြတ်သားမှုမရှိတော့ပေ။
"အင်း...လေလံပွဲပြီးသွားရင် အဖေမသွားရင်တောင်မှ ငါကိုယ်တိုင်သွားလိုက်မယ်..."
ဝူဖန်ရှန်း၏မျက်လုံးများက မီးရှုးမီးပန်းများကဲ့သို့ တောက်ပနေခဲ့သည်။
"ကောင်းပြီ မင်းသွားလိုက်...မင်းသိထားရမှာတစ်ခုက မင်းအဲ့လူကိုစော်ကားလို့မရဘူး"
ဝူယွမ်ဒေါင်က ထပ်မံအမိန့်ပေးလိုက်သည်။
ဤသို့ဖြင့် သားအဖနှစ်ယောက်ကြား စကားဝိုင်းအဆုံးသတ်သွားခဲ့သည်။
ဝူဖန်ရှန်သည် သူရေးမှတ်ထားသောဖုန်းနံပါတ်များနှင့်စာရွက်ကိုယူကာ သီးသန့်အခန်းအပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
သီးသန့်အခန်း အမှတ်၁နှင့်၂သည် အမှန်တကယ်တွင် နံရံတစ်ချပ်သာခြားပေသည်။
ဝူဖန်ရှန်းသည် တံခါးကိုဖွင့်လိုက်ချိန်တွင် ထန်မင်းဆက်ဝတ်စုံအား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် စကြင်္နပေါ်၌ ရပ်နေသည်ကို ချက်ချင်းတွေ့လိုက်ရသည်။
ဝူဖန်ရှန်းသည် ခဏလောက်ထိတ်လန်သွားသော်လည်း ရှေ့သို့လှမ်းကာ အလွန်ပင်ရိုသေလေးစားသည့်လေသံဖြင့် မေးမြန်းလိုက်သည်။
"မစ္စ...ဒီထဲမှာလူရှိလား...ငါသူ့ကိုပြောစရာစကားနည်းနည်းရှိလို့ပါ..."
ခွန်းလွန်တောင်ပေါ်ရှိ ၎င်း၏ပေါ့တီးပေါ့ပျက်အသွင်အပြင်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သခင်လေးဝူ၏ပုံစံသည် ရက်အနည်းငယ်အတွင်း အဆပေါင်းများစွာတိုးတက်လာခဲ့သည်။
ကောင်မလေး၏ခေါင်းထဲ၌ သံသယစိတ်များပြည့်နှက်နေပြီဖြစ်သည်။
အစောပိုင်းတွင် လေလံပွဲ၏ပိုင်ရှင်ဖြစ်သူ ရက်ဖ်ကိုယ်တိုင်လာရောက်ခဲ့ကာ ခဏအကြာတွင် အမည်မသိအဘိုးကြီးတစ်ယောက်အား လာရောက်ပို့ဆောင်ခဲ့သည်။
ယခုမူ ဝူမိသားစု၏လူငယ်သခင်လေးကလည်း လာရောက်နေပြီဖြစ်သည်။
သူမသည် ဝတ်စုံဖြူဝတ်ကောင်လေး၏အကြောင်းကို သိချင်စိတ်ပိုမိုဖြစ်ပေါ်လာခဲ့သော်လည်း အပေါ်ယံတွင်မူ သူမ၏သိချင်စိတ်အားဖိနှိပ်ကာ အလွန်ပင်ရိုသေလေးစားသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
"သခင်လေးဝူ အဲ့လောက်ထိယဉ်ကျေးနေစရာမလိုပါဘူး...ငါကူညီပေးပါမယ်"
...
အမှတ်၁ သီးသန့်အခန်းတွင်း၌...
ယဲ့ပိုင်သည် ထိုင်ခုံပေါ်၌ထိုင်နေရင်း ပြတင်းပေါက်မှနေ၍ မီးဆလိုက်၏အလင်းရောင်ကျရောက်နေသော ဖန်ပုလင်းကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။
သူ၏မျက်လုံးများ၌ ပျော်ရွှင်မှု၊ဝမ်းနည်းမှုတစ်စုံတစ်ရာမရှိသလို ခံစားချက်လုံးဝကင်းမဲ့နေခဲ့သည်။
ဘေးနားတွင်ရှိနေသော ဝမ်ကူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့သည်။
"သခင်...ဒီလေလံပစ္စည်းကို မင်းလိုချင်လို့လား"
"အင်း..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။
ယခင်က လေလံတင်ရောင်းချခဲ့သော ရှေးဟောင်းပစ္စည်း၆မျိုးလုံးသည် ယဲ့ပိုင်၏သက်ရှည်ခရီးစဉ်ရှိ အဖြစ်အပျက်အချို့နှင့်ဆက်စပ်နေသော်လည်း ယဲ့ပိုင်ကမည်သို့မှမခံစားခဲ့ရပေ။သို့သော်လည်း ဤဖန်ပုလင်းထွက်ပေါ်လာချိန်၌ သူ့ထံတွင်အဖြေတစ်ခုရရှိနေပြီဖြစ်သည်။
"သခင်...ဒါ..."
ဝမ်ကူသည် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။သန်း၁၀၀ဟူသော စျေးနှုန်းက သူတွေးကြည့်၍မရနိုင်သော အဆင့်၌ရှိနေခဲ့သည်။
"ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်...ခဏစောင့်"
ယဲ့ပိုင်က ပြောလိုက်သည်။
"နားလည်ပါပြီ..."
ဝမ်ကူသည် နောက်ထပ်မေးခွန်းများအား ဆက်၍မမေးမြန်းတော့ပေ။သူသည် တစ်စုံတစ်ခုကိုအတွေးရောက်သွားချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။သူ့ရှေ့ရှိအဘိုးကြီးသည် မရေမတွက်နိုင်သောနှစ်ကာလများစွာ ရှင်သန်နေထိုင်ခဲ့ကာ အဆုံးမဲ့စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ထားသူဖြစ်ပေသည်။သူကိုယ်တိုင်အလွန်အလေးအနက်ထားရသော ငွေပမာဏသည် ထိုလူအဖို့ကိန်းဂဏန်းသာသာဖြစ်ပေသည်။
လေလံပွဲကို ဆက်လက်ကျင်းပနေခဲ့သည်။
လေလံတင်သူ စွဲမက်ဖွယ်ကောင်းသောအမျိုးသမီးသည် သန်း၁၀၀ဟူသော တန်ကြေးဖြင့်လေလံဖွင့်လှစ်ပြီးနောက် မည်သူကမှလေလံမဆွဲဝံ့ကြပေ။
"သန်း၁၀၀ တစ်ကြိမ်..."
အမျိုးသမီး၏မျက်နှာပေါ်၌ ဝမ်းနည်းနေသောအမူအရာကဖြစ်ပေါ်လာခဲ့သည်။သူမသည် ဗန်းကိုချထားလိုက်ပြီး လက်ထံ၌ တူသေးသေးလေးအားကိုင်ဆောင်ကာ ပါးစပ်မှနေ၍ ဖြည်းညင်းစွာဖြင့် အော်ဟစ်လိုက်သည်။
"သန်း ၁၀၀ နှစ်ကြိမ်..."
အသံကဆက်သွားနေခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်က စိတ်ဝင်စားဟန်မပြခဲ့ပေ။သူသည် လက်ကိုဆန့်တန်းလိုက်ကာ လက်ဖက်ရည်ခွက်အား ကစားရင်း ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။
ဒေါက်...ဒေါက်...
မကြာမှီ သီးသန့်အခန်းအပြင်ဘက်မှ တံခါးခေါက်သံ၂ခုထွက်ပေါ်လာခဲ့သည်။
"သခင်..."
ဝမ်ကူသည် တံခါးခေါက်သံအား ကြားလိုက်ရချိန်တွင် သူ၏အမူအရာက ရုတ်တရက်နိုးကြားလာခဲ့သည်။
"စိတ်မပူနဲ့...ဒါကအသိမိတ်ဆွေတစ်ယောက်ပဲ..."
ယဲ့ပိုင်ကတိုးတိုးလေးပြောလိုက်ကာ တံခါးကိုညွန်ပြရင်း အမိန့်ပေးလိုက်သည်။
"ဝင်လာခဲ့..."
"ဟုတ်ကဲ့..."
တံခါးအပြင်ဘက်ရှိ ကောင်မလေးသည် ပြတ်သားသည့်လေသံဖြင့်ပြောရင်း တံခါးကိုတွန်းဖွင့်လိုက်သည်။
"ဆရာ...သခင်လေးဝူကမင်းကိုတွေ့ချင်နေတယ်..."
ကောင်မလေးသည် တံခါးဝ၌ရပ်နေရင်း ယဲ့ပိုင်၏အဖြူရောင်ဝတ်စုံနောက်ဘက်ကိုကြည့်ကာ သတိထား၍ပြောလိုက်သည်။
"ဝင်ခွင့်ပြုလိုက်..."
ယဲ့ပိုင်က ပြောလိုက်သည်။
"သခင်လေးဝူ...ကျေးဇူးပြုပြီး"
ကောင်မလေး၏အသံသည် တည်ငြိမ်နေကာ တံခါးအပြင်ဘက်သို့လှည့်ထွက်၍ တံခါးကိုစောင့်ဆိုင်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် တံခါးဝ၌ရပ်နေသော ဝူဖန်ရှန်းသည် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။သူသည် သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်ဆင်လိုက်ကာ သီးသန့်ခန်းတွင်းသို့ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်၏အဖြူရောင်ဝတ်စုံနောက်ကျောနှင့် အနက်ရောင်ဆံပင်ရှည်တို့အား တွေ့မြင်လိုက်ရသောအခါ သူ၏ခြေထောက်များက တုန်ယင်သွားခဲ့ပြီး မထိန်းချုပ်နိုင်ဖြစ်သွားခဲ့ရသည်။
သီးသန့်အခန်းတံခါးသည် ကျယ်လောင်သောအသံဖြင့် ပိတ်ဆို့သွားခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုအရာသည်ထိတ်လန့်ဖွယ်ရုပ်ရှင်တစ်ခု၏ မြင်ကွင်းတစ်ခုနှင့်ဆင်တူနေခဲ့သည်။
"ဘာပြောစရာရှိလို့လဲ..."
ယဲ့ပိုင်က ထူးခြားမှုမရှိသည့်လေသံဖြင့် မေးမြန်းလိုက်သည်။
"ဒါက...သခင်လေး...ငါတို့ကခွန်းလွန်တောင်မှာရော Qမြို့တော်မှာရော အကြိမ်ပေါင်းများစွာတွေ့ဖူးတယ်လေ...ဒီရှေးဟောင်းလေလံပွဲကို ငါတို့ဝူမိသားစုကဦးဆောင်ပြုလုပ်ခဲ့တာပါ...သခင်လေးသာစိတ်ဝင်စားရင် ငါတို့ဝူမိသားစုက မင်းအတွက်အရာအားလုံးကို ပေးအပ်ပါမယ်"
ဝူဖန်ရှန်းသည် စကားပြောဆိုချိန်၌ သူ၏အသံသည်တည်ငြိမ်မှုမရှိတော့ပေ။ယဲ့ပိုင်၏ရှေ့တွင် သူ့လိုချမ်းသာသည့်လူငယ်သခင်လေးတစ်ယောက်က မည်ကဲ့သို့သတ္တိရှိရှိဖြင့် မတ်တပ်ရပ်နေနိုင်မည်နည်း။
"ကောင်းပြီလေ..."
ယဲ့ပိုင်သည် အမူအရာပြောင်းလဲခြင်းမရှိဘဲ ကျယ်လောင်ခြင်းတိုးလျခြင်းမရှိသောလေသံဖြင့် ပြောလိုက်သည်။
"ဒီပစ္စည်းတွေကို မနက်ဖြန်ကျရင် အမှတ်၃၂ရှေးဟောင်းလမ်းပေါ်က ပြခန်းကိုလိုက်ပို့ပေး...အဲ့အချိန်ကျမင်းတစ်ယောက်တည်းလာခဲ့..."
"ဟုတ်ကဲ့ပါသခင်..."
ဝူဖန်ရှန်းသည် ယဲ့ပိုင်၏စကားကြောင့် မကျေမနပ်မဖြစ်ခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ထိုစကားကိုကြားလိုက်ရချိန်တွင် ဝမ်းသာပီတိဖြစ်သွားခဲ့သည်။
"ဒါဆိုရင် မင်းပြန်လို့ရပြီ"
ယဲ့ပိုင်၏အသံသည် အလွန်ပင်တိုးလျသွားခဲ့သည်။
ဝူဖန်ရှန်းက အံ့အားသင့်သွားခဲ့သည်။
"သခင်...အရင်ကမင်းရဲ့ပစ္စည်းတွေကို လေလံပြိုင်ဆွဲတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ပြောစရာနည်းနည်းရှိသေးတယ်"
"ငါ လေလံပွဲကို မရောက်ဖူးဘူး"
ယဲ့ပိုင်က ဝူဖန်ရှန်း၏စကားကို ဖြတ်ပြောလိုက်သည်။
ဝူဖန်ရှန်း၏မျက်လုံးများက တောက်ပလာခဲ့ကာ မည်သို့ဆက်လုပ်ရမည်မှန်း သိနေခဲ့သည်။
"စိတ်မပူပါနဲ့သခင်လေး...မင်းအတွက်အကုန်လုံးစီစဉ်ပေးပါမယ်"
"ကောင်းပြီလေ..."
ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်ပြီး စကားကိုအဆုံးသတ်လိုက်သည်။ထို့နောက် သစ်သားကုလားထိုင်ပေါ်မှ ဖြည်းညှင်းစွာထရပ်လိုက်ပြီး သူ၏လက်ညိုးအားလှုပ်ရှားလိုက်သည်။ထိုအခါ ရှေးဟောင်းသိုးသားရေစာလိပ်တစ်ခုသည် သူ၏လက်ဝါးထဲ၌ထွက်ပေါ်လာခဲ့သည်။သူသည် ၎င်းကိုဆုပ်ကိုင်လိုက်သည်နှင့် အတွင်းထဲရှိအကြောင်းအရာကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။