← Chapters

အရမ်းနောက်ကျတယ်

Vol. 8 Ch. 86

အရမ်းနောက်ကျတယ်

Vol. 8 Ch. 86

အေးချမ်းသာယာစားသောက်ဆိုင် သီးသန့်အခန်း...

နံရံတစ်ဖက်တွင်ချိတ်ဆွဲထားသော စခရင်ကားချပ်သည် အနည်းငယ်တုန်ခါနေသော်လည်း ရုပ်ထွက်အလွန်ရှင်းလင်းပေသည်။

နိုင်ငံ၇ခုမှ အကြီးအကဲများသည် စားပွဲဝိုင်း၌ထိုင်နေကြပြီး လေထုအခြေအနေက မှိုင်းညှိ့နေခဲ့သည်။

"အားလုံးပဲ...မကြာခင်ငါတို့အားလုံးသူ့ကိုတွေ့ရတော့မယ်...အားလုံးပဲဂရုစိုက်ပြီးကြည့်ကြ"

ရက်ဖ်သည် ထိုင်ခုံပေါ်၌ထိုင်နေပြီး သူ၏မျက်လုံးများက အဆုံးမရှိသောစိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။သူ၏လက်ထဲ၌လည်း ရှန်ပိန်ပုလင်းကိုကိုင်ဆောင်ထားကာ အောင်ပွဲခံရန် အသင့်ပြင်ထားခဲ့သည်။

"ဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးက တကယ်ရှိတာလား"

တရုတ်ရှေးဟောင်းသုတေသနပညာရှင်က အသက်ပင်ရဲရဲမရှုဝံ့ဘဲ ဆူညံသည့်အသံများထွက်ပေါ်နေသော စခရင်အားစိုက်ကြည့်နေခဲ့သည်။သူသည် ချင်ရှီဟွမ်၏ဂူဗိမာန်သို့သွားရောက်လေ့လာခဲ့စဉ်က ထောင့်တစ်နေရာ၌မထင်မှတ်ဘဲ တွေ့လိုက်ရသောမယုံကြည်နိုင်ဖွယ်မြင်ကွင်းအား ပြန်လည်တွေးနေမိသည်။

(TN - ချင်ရှီဟွမ်က ချင်မင်းဆက်ရဲ့ပထမဆုံးဧကရာဇ်ဖြစ်တယ်)

"တကယ်ပဲလေ...သူ့ရဲ့အသွင်အပြင်အရဆိုရင် သူ့အသက်က၁၈နှစ်ထက်မပိုသေးဘူး...သူကတော်တော်ငယ်သေးတယ်"

ရက်ဖ်ကခေါင်းညိတ်လိုက်သည်။

ဂရိရှေးဟောင်းသုတေသနပညာရှင်က စိတ်မထိန်းနိုင်ဘဲ ဝင်ပြောလိုက်သည်။

"ဆက်ကြည့်ရင်အဖြေသိရမှာပဲ...ဒါသာအမှန်ဆိုရင် ငါတို့အဲ့ကိုချက်ချင်းသွားရမယ်"

"တကယ်လို့ နောက်လာမဲ့ပြဿနာကဘယ်လောက်ပဲကြီးကြီး မင်းတို့သိထားရမှာတစ်ခုပဲရှိတယ်...ငါတို့သူကိုမတော်တဆမှားယွင်းသတ်ဖြတ်မိရင်တောင်မှ အရေးမကြီးဘူးရက်ဖ်..ငါတို့သက်သေပြနေတဲ့ကိစ္စက ဘယ်လောက်အံ့သြဖို့ကောင်းတယ်ဆိုတာ မင်းလည်းသိနေတာပဲ...သူ့ရဲ့အသွေး၊အသားနဲ့သူနဲ့ပတ်သက်တဲ့အရာအားလုံးဟာ ငါတို့ရဲ့သုတေသနအတွက်အရမ်းကိုအဖိုးတန်တယ်"

အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်က နီရဲနေသောမျက်လုံးများဖြင့်ပြောလိုက်သည်။သူ၏လေသံတွင် အဆုံးမရှိသောရူးသွပ်မှုက ပါဝင်ဖြည့်စွက်နေခဲ့သည်။

"အသက်ရှင်နေတဲ့လူက သေသွားတဲ့လူထက် ပိုပြီးတော့အဖိုးတန်တယ်လို့ ငါခံစားနေရတယ်"

ရက်ဖ်၏စကားအဆုံး၌ သီးသန့်အခန်းက တဖြည်းဖြည်းပြန်လည်တိတ်ဆိတ်သွားခဲ့သည်။လူအိုကြီး၇ယောက်သည် လက်ရှိအဖြစ်အပျက်က ဤအခြေအနေအပေါ် မည်မျှထိသက်ရောက်မှုရှိနိုင်သည်ကို တွေးတောနေခဲ့ကြသည်။

...

စားသောက်ဆိုင်၏ တတိယထပ် စင်္ကြန်လမ်း၌...

ထပ်...ထပ်...ထပ်

အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်အဖွဲ့တစ်ခုက အရှိန်အဟုန်အပြည့်ဖြင့် ချီတက်နေခဲ့ကြသည်။

ဖြတ်သွားဖြတ်လာစားပွဲထိုးများသည် ထိုမြင်ကွင်းကိုတွေ့မြင်ချိန်တွင် ကြောက်ရွံ့နေသည့်မျက်လုံးများဖြင့် ချက်ချင်းပြန်၍ဆုတ်ခွာသွားခဲ့ကြသည်။

များမကြာမှီတွင် ထိုသက်တော်စောင့်များသည် သီးသန့်အခန်းအမှတ်၁၏ တံခါးဆီသို့ လျှောက်သွားခဲ့ကြသည်။

"ဆရာတို့...အထဲကိုဘယ်သူမှဝင်ခွင့်မပြုဘူးလို့ အထဲကဧည့်သည်ကပြောထားပါတယ်"

ထန်မင်းဆက်ဝတ်စုံအား ဝတ်ဆင်ထားသော မိန်းကလေးသည် အလွန်ရဲရင့်နေခဲ့သည်။သူတို့သည် ရက်စက်ကြမ်းကြုတ်ပုံရသော သက်တော်စောင့်အုပ်စုအား တွေ့မြင်လိုက်ရချိန်၌ သူမသည်ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကာ ခြင်တစ်ကောင်လို လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ ထန်ဖန်းဟုအမည်ရသော သက်တော်စောင့်ခေါင်းဆောင်သည် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသော်လည်း သူ၏တောင့်တင်းကြမ်းတမ်းသော ကြွက်သားများကိုဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ပေ။သူသည် အာဖရိကစစ်မြေပြင်မှ ပြန်လည်ရောက်ရှိလာသောစစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ရာ ရိုးရှင်းသည့်အကြည့်တစ်ချက်ကပင် လူအများအားကြောက်ရွံ့အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

"သမီးလေး...မင်းအလုပ်ကိုပဲမင်းလုပ်ပါ...အခြားသူတွေရဲ့အလုပ်ကိုဝင်ပြီးတော့မရှုပ်နဲ့...မင်းရဲ့ကိုယ်ပိုင်အမှတ်အသားကဘာလဲဆိုတာ သတိရပါ..."

ထန်ဖန်းသည် မိန်းကလေးအား တချက်ကြည့်လိုက်သည်။သူသည် ထိုကောင်မလေး၏အလှကို စိတ်ဝင်စားခြင်းမရှိပေ။

သူသည် စစ်မြေပြင်မှပြန်လာသူတစ်ဦးဖြစ်သည်။ဤသို့ရက်စက်ကြမ်းကြုတ်သည့် စစ်မြေပြင်၌ အလွန်အားနည်းပုံရသောအမျိုးသမီးတစ်ယောက်က သူ့အားကြင်နာပြနေသည်ကို ယုံစားမိလျှင် နောက်အခိုက်အတန့်၌ ကျည်ဆန်ကသူ့နောက်စေ့ကို ဖောက်ထွင်းဝင်ရောက်သွားနိုင်ပေသည်။

"ဒါပေမဲ့...အထဲမှာလူတွေရှိတယ်လေ..."

ကောင်မလေးသည် ထန်ဖန်း၏သတိပေးမှုကြောင့် ထိတ်လန့်သွားသော်လည်း တစ်စုံတစ်ခုကိုပြောကြားချင်နေသေးပုံရသည်။

ထန်ဖန်းသည် သူ့ဘေးနားရှိသက်တော်စောင့်တစ်ယောက်အား အကြည့်တစ်ချက်ပေးလိုက်သည်။ထိုသက်တော်စောင့်သည် ရှေ့သို့တက်လာခဲ့ကာ ကောင်မလေးအား ဆွဲထုတ်လိုက်သည်။

သီးသန့်အခန်းအမှတ်၁...

သက်တော်စောင့်အဖွဲ့သည် တံခါးဝ၌ သပ်သပ်ရပ်ရပ်စီစီရီရီစောင့်ဆိုင်းနေကြသည်။ဤအခိုက်အတန့်တွင် သူတို့သည်အလွန်ငြိမ်သက်နေကော အသက်ရှုသံများကိုသာ ကြားနေရသည်။

ထန်ဖန်းသည် တံခါးဝ၌ရပ်နေကာ လက်ကိုဆန့်တန်း၍ တံခါးကိုတွန်းဖွင့်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။

သို့သော်လည်း ထန်ဖန်းသည် အချိန်ဆွဲမနေဘဲ တံခါးကိုချက်ချင်းဆိုသလို တွန်းဖွင့်ကာအော်ဟစ်လိုက်သည်။

"ဝင်ကြ..."

ထန်ဖန်းသည် သူ၏လက်အောက်ငယ်သားများအား တံခါးဖွင့်ပြီးသည်နှင့် ချက်ချင်းပင်အခန်းထဲသို့ဝင်ရောက်ခိုင်းလိုက်သည်။

ဤသို့ဖြင့် သက်တော်စောင့်များက အခန်းထဲသို့ ချက်ချင်းဆိုသလိုပင်ပြေးဝင်သွားခဲ့ကြသည်။

သို့သော်လည်း သူတို့အခန်းထဲသို့ဝင်ရောက်လိုက်သည့်အချိန်တွင် ဤနေရာ၌လူတစ်ယောက်သာရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးသည် ပြေးဝင်လာသောသက်တော်စောင့်များကိုကြည့်ရင်း သူ၏မျက်နှာသည်ဖြူဖျော့သွားခဲ့သည်။ခဏအကြာတွင် သူသည်ဒေါသကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားခဲ့ကာ သီးသန့်အခန်းတွင်းရှိ ရှေးဟောင်းစားပွဲအားလက်သီးဖြင့်ဆောင့်ချ၍ ဒေါသတကြီးမေးမြန်းလိုက်သည်။

"မင်းတို့ဘာလုပ်ကြတာလဲ..."

ထန်ဖန်း၏မျက်လုံးများက သီးသန့်အခန်းအနှံ့ စစ်ဆေးနေခဲ့သော်လည်း ဖုံးကွယ်ထားသည့်တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။နောက်ဆုံးတွင် သူ၏အကြည့်များက လူငယ်ပေါ်သို့ကျရောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အေးစက်သောအငွေ့အသက်များက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

တစ်ဖက်တွင်...

အေးချမ်းသာယာစားသောက်ဆိုင်၏ သီးသန့်အခန်းထဲမှစားပွဲဝိုင်း၌ရှိနေကြသော အဘိုးအို၇ယောက်လုံးသည် ထိုအခြေအနေအားသတိထားမိပြီးနောက် မတ်တပ်ထရပ်လိုက်ကြသည်။သူတို့၏မျက်လုံးထဲ၌လည်း အံ့သြနေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အထူးသဖြင့် ရက်ဖ်၏မျက်နှာသည် ဖြူဖျော့နေခဲ့ကာ မယုံကြည်နိုင်ဖြစ်နေသောအမူအရာဖြင့် မတ်တပ်ထရပ်လိုက်သည်။

"မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး...ဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးက အခန်းထဲမှာပဲရှိနေသေးတာသေချာတယ်...သူဘာလို့ပျောက်သွားတာလဲ...ခုချက်ချင်းစားသောက်ဆိုင်တစ်ခုလုံးက CCTVမှတ်တမ်းတွေကို စုဆောင်းပြီးလာပို့စမ်း..."

ဆယ်မိနစ်ခန့်ကြာပြီးနောက် လုံခြုံရေးအစောင့်တစ်ဦးက အေးချမ်းသာယာစားသောက်ဆိုင်၏ CCTvဗီဒီယိုများအား ယူဆောင်လာခဲ့သည်။

နိုင်ငံ၇ခုမှ ရှေးဟောင်းသုတေသနပညာရှင်များက အလျင်မြန်ဆုံးအရှိန်ဖြင့် စစ်ဆေးခဲ့ကြသည်။

သို့သော်လည်း သူတို့ကပိုမိုစစ်ဆေးလေလေ သူတို့၏အသားအရေများက ပိုမိုဖျော့တော့လေလေဖြစ်သည်။ဗီဒီယိုတလျှောက်တွင် မီးပုံးကိုင်ဆောင်ထားသော စားပွဲထိုးအမျိုးသမီးကသာ အခန်းထဲသို့ဝင်သွားခဲ့သည်။ထို့နောက် ရက်ဖ်နှင့်ဝမ်ကူတို့က အခန်းထဲဝင်သွားခဲ့ပြီး အဆုံးသတ်တွင် သခင်လေးဝူက အခန်းထဲသို့နောက်ဆုံးအနေဖြင့် ဝင်သွားခဲ့သည်။

အစမှအဆုံးထိတိုင်အောင် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသူ တစ်ယောက်မှမတွေ့ခဲ့ရပေ။

ရက်ဖ်သည် အသက်ကိုခပ်ပြင်းပြင်းရှုရင်း သူ၏လက်မောင်းကိုကိုက်ချလိုက်ရာ နာကျင်မှုအားခံစားခဲ့ရသည်။သူသည် အိပ်မက်မက်နေခြင်းမဟုတ်ပေ။

အခြားအဘိုးကြီး၆ယောက်၏အကြည့်များက သူ့ထံသို့ကျရောက်လာသည့်အချိန်တွင် ရက်ဖ်၏ပါးစပ်ထောင့်စွန်းက ပြင်းထန်စွာလှုပ်ယမ်းသွားခဲ့သည်။

"သခင်လေးဝူက ဘာလို့အဲနေရာမှာရှိနေရတာလဲ...ဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးကော ငါသူ့ကိုတွေ့လိုက်တာ ရာနှုန်းပြည့်သေချာတယ်...မြန်မြန်စားပွဲထိုးကိုလှမ်းခေါ်လိုက်...သူကအဲ့လူရဲ့ကိုယ်စား တံခါးဝမှာတောင်ငါ့ကိုတားဆီးခဲ့တာပဲ"

"ရက်ဖ်...ဒီဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့ တစ်ခုခုရှင်းပြသင့်တယ်လို့မထင်ဘူးလား..."

အမေရိကန်ပြည်ထောင်စု၏ ရှေးဟောင်းသုတေသနပညာရှင်က အေးစက်နေသောလေသံဖြင့် ပြောလိုက်သည်။

"တရုတ်မှာ စကားပုံတစ်ခုရှိတယ်...ကြားရတာကစိတ်ကူးယဉ်ဆန်ပေမဲ့ မြင်နေရတာကိုပဲယုံကြည်တယ်...အနည်းဆုံးတော့ဒီဗီဒီယိုတွေက ဘယ်တော့မှအတုဖြစ်မှာမဟုတ်ဘူး...ရက်ဖ် မင်းထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးဆိုတာ သေချာလား"

တရုတ်ရှေးဟောင်းသုတေသနပညာရှင်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ဒီနေ့ မင်းသာရှင်းရှင်းလင်းလင်းမရှင်းပြခဲ့ဘူးဆိုရင် ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ဒီမှာပဲရပ်သွားနိုင်တယ်ဆိုတာ မင်းသိထားသင့်တယ်"

"ဒီတစ်ခါ ငါတို့ဘာမှမရခဲ့ပေမဲ့ ဝူမိသားစုကိုတောင် ပြဿနာရှာခဲ့မိတယ်..."

ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်က မတ်တပ်ရပ်ကာ ရက်ဖ်အားဝေဖန်ခဲ့သည်။သီးသန့်ခန်းအတွင်း၌ အေးစက်နေသောလေထုအခြေအနေက တဖြည်းဖြည်းလွှမ်းမိုးလာခဲ့သည်။

သို့သော်လည်း ဤနေရာရှိလေထုအခြေအနေက တဖြည်းဖြည်းအေးစက်တင်းမာလာချိန်၌ ဂရိရှေးဟောင်းသုတေသနပညာရှင်က ဝင်ရောက်ဖြန်ဖြေလိုက်သည်။

"အားလုံးပဲ စိတ်အေးအေးထားကြပါ...ရက်ဖ်ကအမြင်မှားတာပဲဖြစ်ဖြစ် အမှန်တွေကိုပဲပြောနေတာဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ငါတို့ရဲ့ဓာတ်ပုံတွေက ပြောင်းလဲသွားတာမျိုးမရှိခဲ့ဘူး...အထဲကစာလုံးတွေပြောင်းလဲသွားတာပဲရှိတယ်...ဒါမျိုးကတကယ့်ကိုအံ့သြစရာကောင်းတဲ့ အဖြေတွေပဲ"

ထိုစကားကြောင့် မျက်နှာများနီရဲနေသော ရှေးဟောင်းသုတေသနပညာရှင်များသည် ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။

...

မွန်းတည့်ချိန်၌...

ပြခန်း၏ဧည့်ခန်းတွင်း၌ ဝမ်ကူသည် လက်ရေးလှပန်းချီကားများအား နံရံပေါ်၌ တပ်ဆင်ထားခဲ့သည်။

ယဲ့ပိုင်၏မျက်လုံးများသည် ကြယ်တာရာများလိုနက်ရှိင်းနေကာ စားပွဲပေါ်၌ထိုင်နေရင်း သူမည်သို့တွေးတောနေသည်ကို တစ်ယောက်မှမသိကြပေ။

"သခင်...တော်တော်နောက်ကျနေပြီ...တစ်ခုခုချက်ပြုတ်ဖို့စီစဉ်လိုက်ရမလား"

ဝမ်ကူသည် မတ်တပ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အားလှုပ်ရှားလိုက်ကာ ယဲ့ပိုင်အား လေးလေးစားစားမေးမြန်းလိုက်သည်။

"ကောင်းပြီလေ..."

ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ကူသည် ဧည့်ခန်း၏နောက်ဖေးတံခါးကိုဖွင့်ပြီး အတွင်းခြံဝင်းဆီသို့လျှောက်သွားသည့်အခါတွင် ယဲ့ပိုင်ကလည်း ပြခန်းတံခါးဆီသို့ လျှောက်သွားခဲ့သည်။

ယဲ့ပိုင်သည် သစ်သားတံခါးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

နွေဦးရာသီရောက်ရှိလာမှုနှင့်အတူ ရှေးဟောင်းလမ်းက လွန်စွာမှသက်ဝင်လှုပ်ရှားလာခဲ့သည်။သူသည် တံခါးဖွင့်လိုက်ချိန်တွင် အေးစက်သောအော်ရာတစ်ခုက ယဲ့ပိုင်ထံမှထွက်ပေါ်လာခဲ့သည်။

ယဲ့ပိုင်၏အနက်ရောင်ဆံပင်များသည် ပြန့်ကျဲနေကော အေးစက်နေသောအကြည့်များဖြင့် အေးချမ်းသာယာစားသောက်ဆိုင်အား လှမ်းကြည့်၍ တိုးတိုးလေးရေရွတ်လိုက်သည်။

"ပူနွေးတဲ့နွေဦးရာသီက တော်တော်လေးကို နောက်ကျနေခဲ့ပြီ"

All Chapters