အမှတ်တရအုတ်ဂူ
Vol. 8 Ch. 88
ရှေးဟောင်းမြို့ ၊ ဝူမိသားစု၏ မိသားစုအစည်းအဝေးခန်း၌...
ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် ရုပ်ဆိုးသောအမူအရာများဖြင့် ရပ်နေခဲ့ကြသည်။
"တတိယမြောက်ညီလေး...မင်းရဲ့လက်အောက်မှာရှိတဲ့ စက်မှုလုပ်ငန်းတွေရဲ့ရန်ပုံငွေကို ချက်ချင်းညစ်ထုတ်လိုက်ပြီးတော့ စက်မှုလုပ်ငန်းတွေကိုပေါင်နှံဖို့ နည်းလမ်းအချို့ကိုသုံးခဲ့တယ်...ပြီးတော့ဘဏ်ကနေ အရေးပေါ်ချေးငွေ ဒေါ်လာ၁.၅ဘီလီယံကိုရယူပြီးတော့ နောက်ဆုံးမှာအဲ့ငွေတွေအားလုံးကို ရှေးဟောင်းပစ္စည်းတွေဝယ်ဖို့ သုံးလိုက်တာပေါ့...မင်းရှင်းပြချင်တာမျိုးမရှိဘူးလား"
ဝူယွမ်ချွန်းသည် ဝူမိသားစုမှဆင်းသက်လာသော အကြီးဆုံးသားဖြစ်သည်။သူသည် အပြာရင့်ရောင်ဝတ်စုံအားဝတ်ဆင်ထားကာ အထက်လူကြီးတစ်ယောက်က သူ၏လက်အောင်ငယ်သားကိုကြည့်နေသကဲ့ကို့ ဝူယွမ်ဒေါင်ကိုစိုက်ကြည့်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်...တတိယညီလေး...ငါတို့ဝူမိသားစုကချမ်းသာတယ်ဆိုပေမဲ့ ငါတို့ကပိုက်ဆံကိုလက်လွတ်စပယ်သုံးလို့မရဘူး...မင်းလက်ထဲမှာရှိတဲ့အရာရာတိုင်းကို မိသားစုကပိုင်ဆိုင်တယ်...မင်းအရေးပေါ်အခြေအနေကိုရောက်နေရင်တောင် အနည်းဆုံးတော့ မိသားစုနဲ့တိုင်ပင်သင့်တယ်မဟုတ်လား..."
အဖြူရောင်ဝတ်စုံဝတ်ထားသော ဝူမိသားစုဒုတိယသခင်လေး ဝူယွမ်ရှက ရိုင်းရိုင်းစိုင်းစိုင်းလေသံဖြင့် ပြောလာခဲ့သည်။
သူတို့နှစ်ယောက်၏အသံများ ထွက်ပေါ်လာသည်နှင့်အမျှ ဤအစည်းအဝေးခန်းထဲရှိ လေထုအခြေအနေက တဖြည်းဖြည်းထူးဆန်းလာခဲ့သည်။
ပင်မထိုင်ခုံပေါ်တွင် တည်ကြည်ခန့်ညားသောအမူအရာဖြင့် အဖြူရောင်ရှပ်အင်္ကျီအားဝတ်ဆင်ထားသည့် ဆံပင်ဖြူနေသောအဘိုးကြီးတစ်ယောက်ရှိပေသည်။လက်ရှိအချိန်၌ အဘိုးကြီး၏မျက်နှာပေါ်တွင် ဒေါသထွက်နေသောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။သူသည် ဝူမိသားစု၏လက်ရှိခေါင်းဆောင် ဝူဟိုသဲဖြစ်သည်။
"အစ်ကိုကြီး ၊ ဒုတိယအစ်ကို ၊ ခေါင်းဆောင်...ငါဒီကိစ္စကိုကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ဘူး...ဒါပေမဲ့ဒီကိစ္စကအလောတကြီးဖြစ်နေတော့ ငါ့မှာအချိန်မရှိခဲ့ဘူး...ဒီရှေးဟောင်းပစ္စည်းတွေက လူတစ်ယောက်ကို လက်ဆောင်ပေးဖို့အတွက်ပဲ"
ဝူယွမ်ဒေါင်က ရှေ့တိုးကာပြောလာခဲ့သည်။
ဝူမိသားစု၌မွေးဖွားလာခြင်းသည် ပြင်ပလူများ၏အမြင်၌ အလွန်ပင်ကံကောင်းခြင်းဖြစ်သည်။ထိုကဲ့သို့ကံတရားမျိုးအား သာမန်လူများတစ်သက်လုံးမရနိုင်ပေ။
သို့သော်လည်း ဝူယွမ်ဒေါင်ထံတွင် မတူညီသောခံစားချက်များ ရှိနေသည်မှာထင်ရှားပေသည်။မိသားစုခေါင်းဆောင်သည် အသက်ကြီးလာသည်နှင့်အမျှ မိသားစု၏စည်းစိမ်ဥစ္စာများကြောင့် ညီအစ်ကိုများကြား ခင်မင်ရင်းနှီးမှုမရှိကြတော့ပေ။လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကို မည်သို့နင်းခြေရမည်ကိုသာ စဉ်းစားနေခဲ့ကြသည်။
"လူတစ်ယောက်ကို လက်ဆောင်ပေးတာလား..."
ထိုစကားကိုကြားချိန်တွင် တိတ်ဆိတ်နေသော ဝူဟိုသဲက အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
အစည်းအဝေးခန်းမတစ်ခုလုံးက ချက်ချင်းပင်တိတ်ဆိတ်သွားခဲ့သည်။ထိုနေရာ၌ရှိနေကြသော ဝူမိသားစုဝင်များ၏မျက်နှာပေါ်၌ အမူအရာအမျိုးမျိုးဖြစ်ပေါ်လာခဲ့ကာ တစ်ယောက်နှင့်တစ်ယောက်မတူညီကြပေ။
ဝူယွမ်ချွန်းနှင့်ဝူယွမ်ရှတို့သည်လည်း နှလုံးခုန်နှုန်းမြန်ဆန်သွားခဲ့ကြသည်။
အခြားသောသူများ၏မျက်လုံးများ၌ ထူးဆန်းသောအရိပ်အယောင်များရှိနေကြပြီး အချို့သူများ၏မျက်နှာပေါ်၌ အဓိပ္ပါယ်ဖော်မရသည့် ထူးခြားသောအပြုံးမျိုးရှိနေကြသည်။
ဝူယွမ်ဒေါင်သည် စကားမပြောခဲ့ပေ။
ထိုအခိုက်အတန့်၌ ဝူဖန်ရှန်းသည် စိတ်မထိန်းနိုင်တော့ပေ။ဝူမိသားစု၏ခေါင်းဆောင်သည် အလွန်စွမ်းအားကြီးမားသော်လည်း ယဲ့ပိုင်နှင့်ယှဉ်ပါက အဆပေါင်းများစွာပိုမိုနောက်ကျပေသည်။ထို့ကြောင့်သူက ယုံကြည်မှုအပြည့်ရှိသောလေသံဖြင့်ပြောလိုက်သည်။
"ဘိုးဘေး...ငါတို့ကလူတစ်ယောက်ကိုလက်ဆောင်ပေးလိုက်တာအမှန်ပဲ...အဲ့လူကအရမ်းကိုအစွမ်းထက်တယ်...Qမြို့တော်မှာရှိတဲ့ကျောက်မိသားစုရော ခွန်းလွန်တောင်ပေါ်က အင်မော်တယ်အကြီးအကဲထက်ရော စွမ်းအားကြီးတယ်...သူ့လိုလူမျိုးနဲ့ရင်းနှီးခွင့်ရဖို့ ငါတို့ဝူမိသားစုကဒေါ်လာ၁.၅ဘီလီယံကို ပေးချေရတာပြသနာမဟုတ်ဘူး"
သို့သော်လည်း ထိုစကားကိုကြားလိုက်ပြီးနောက်တွင် အစည်းအဝေးခန်းမတွင်းရှိ ဝူမိသားစုဝင်တော်တော်များများသည် ရယ်မောမိလိုက်ကြသည်။
"ကျောက်မိသားစုနဲ့အင်မော်တယ်အကြီးအကဲထက် စွမ်းအားကြီးတဲ့သူက မင်းရဲ့လက်ဆောင်ကိုယူမှာလား"
"ဝူဖန်ရှန်း...မင်းကဂျူနီယာတစ်ယောက်ပဲ...ဒီမှာဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်းမရှိဘူး...ပြီးတော့မင်းပြောတဲ့စကားက အဓိပ္ပါယ်မရှိဘူး...ကျောက်မိသားစုနဲ့အင်မော်တယ်အကြီးအကဲက ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ဖြစ်တည်မှုတွေလဲ...မင်းအဲ့ဒါကိုမသိဘူးလား"
အစည်းအဝေးခန်းမထဲရှိ ဝူမိသားစုဝင်အများစုသည် ယခုတစ်ကြိမ်တွင် ဆက်လက်စောင့်ထိန်းမနေကြဘဲ စတင်တိုက်ခိုက်လာခဲ့ကြသည်။
ဒေါက်...ဒေါက်...ဒေါက်
သို့သော်လည်း အစည်းအဝေးခန်းမတွင်းရှိ လေထုအခြေအနေက အလွန်တင်းမာနေချိန်၌ တံခါးခေါက်သံကထွက်ပေါ်လာခဲ့သည်။
ပုံမှန်အခြေအနေအောက်တွင် မိသားစုအစည်းအဝေးကျင်းပနေချိန်၌ နှောင့်ယှက်ခြင်းလုံးဝမပြုလုပ်ရပေ။
ထို့ကြောင့် တံခါးခေါက်သံအား ကြားလိုက်ရချိန်တွင် လူတိုင်းတုန်လှုပ်သွားခဲ့ကြသည်။ရှေးဟောင်းမြို့၌ ပြသနာတစ်စုံတစ်ရာဖြစ်ခဲ့သည်လား...
အမှတ်၃၂ ရှေးဟောင်းလမ်းရှိ ပြခန်း၌...
ယဲ့ပိုင်သည် ပန်းကန်လုံး၉လုံးနှင့်ဝိုင်အိုးအား စားပွဲပေါ်၌နေရာချထားလိုက်သည်။
ဝမ်ကူသည် သူ၏အေပရွန်အား ကြယ်သီးဖြုတ်လိုက်ကာ ယဲ့ပိုင်၏ဘေးနားရပ်၍ ဝိုင်ဖန်ခွက်အား ထုတ်ယူလိုက်သည်။
"သခင်...ဝိုင်ကောင်းနည်းနည်းရှိသေးတယ်...သောက်အုံးမလား"
"မလိုတော့ဘူး..."
ယဲ့ပိုင်၏အသံက အလွန်ပင်တိုးညှင်းနေခဲ့သည်။
နှစ်တစ်ထောင်ခန့်ကြာပြီးနောက် ရင်းနှီးနေသောဝိုင်အရသာအား တစ်ကြိမ်ခံစားမိရုံဖြင့် လုံလောက်နေပြီဖြစ်သည်။
ဝမ်ကူသည် ဝိုင်ခွက်ကိုခဏလောက်ချထားလိုက်ပြီး ဆက်ပြောလိုက်သည်။
"သခင်...လေလံပွဲမှာ လူတွေဒုက္ခရောက်ကုန်တော့မယ်လို့ ငါအမြဲခံစားနေရတယ်...သူတို့ ရှေးဟောင်းမြို့ကိုရောက်လာကြတဲ့အချိန်မှာ သက်တော်စောင့်တွေအများကြီးခေါ်လာခဲ့ကြတယ်...ဘိုးဘေးရဲ့လက်ရေးလှပန်းချီကားတွေက သူတို့အတွက်အရမ်းကိုဆွဲဆောင်နိုင်စွမ်းကြီးလှတယ်...သူတို့အဲ့ဒါကိုရဖို့သေချာပေါက်ကြိုးစားကြလိမ့်မယ်"
"ထမင်းစားတော့..."
ယဲ့ပိုင်ကလုံးဝဂရုမစိုက်ဘဲ တူချောင်းကိုကောက်ကိုင်လိုက်ကာ အသားတစ်ပိုင်းအား ပါးစပ်ထဲကောက်ထည့်၍ ညင်သာစွာဝါးလိုက်သည်။
"နားလည်ပါပြီ သခင်"
ဝမ်ကူက ချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။ထို့နောက်သူသည် ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ တူချောင်းကိုကောက်ကိုင်လိုက်ပြီး အပိုစကားမပြောတော့ဘဲ စတင်စားသောက်လိုက်သည်။
ညစာစားပွဲက အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။ယဲ့ပိုင်သည် အချိန်ခဏကြာသည်ထိ စားသောက်ပြီးနောက် တည်ငြိမ်စွာမေးမြန်းလိုက်သည်။
"ဝမ်ကူ...မင်းဒီနှစ်ထဲမှာ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ"
ဝမ်ကူသည် တူကိုခဏချထားလိုက်ကာ စက္ကန့်အနည်းငယ်ခန့်စဉ်းစား၍ ပြန်ဖြေလိုက်သည်။
"သခင်...ဒီနှစ်ဆိုရင် ငါ့အသက်က၇၉နှစ်ရှိပြီ"
"ဒါဆိုရင် မင်းအဖေရဲ့မွေးနေ့ကိုသိလား"
ယဲ့ပိုင်က ဆက်မေးလိုက်သည်။
ဝမ်ကူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားခဲ့ပြီး သူ၏မျက်လုံးများ၌ ဝမ်းနည်းနေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။သို့သော်လည်း အနည်းငယ်စိတ်တင်းထားသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"အဘိုးကြီးက အသက်၁၀၈နှစ်တောင်ရှိပြီ...သူကကြွက်နှစ်မှာမွေးတာလေ...အဲ့ဒီအချိန်တုံးကဆိုရင် တိုင်းပြည်ကစစ်ဖြစ်နေတာဆိုတော့ အဘိုးကြီးကအဲလိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ခဲ့ရပြီး တကယ့်ကိုအထင်ကြီးစရာကောင်းလောက်အောင် ရှေးဟောင်းမြို့မှာ နာမည်ကျော်ကြားခဲ့တယ်"
"ကောင်းပြီ...မင်းမိန်းမနဲ့ကလေးတွေကဘယ်မှာလဲ"
ယဲ့ပိုင်က အနည်းငယ်ခေါင်းညိတ်ပြ၍ ဆက်မေးခဲ့သည်။
"သူတို့က ဒီအနုပညာကိုမနှစ်သက်ကြဘူး...သူတို့အမြင်မှာဒါတွေကအဖိုးမတန်တာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ကြတယ်...ရှေးဟောင်းမြို့ကိုပြန်လည်မွမ်းမံတော့ အဖေကမြေကွက်အချို့ကိုရောင်းချခဲ့ပြီး ရလာတဲ့ငွေအချို့ကို သူတို့ဆီခွဲပေးခဲ့ရတယ်...ခုတော့အဆက်အသွယ်သိပ်မရှိတော့ဘူး"
ဝမ်ကူ၏လေသံသည် ထိုအကြောင်းကိုပြောချိန်၌ အနည်းငယ်ချိုမြိန်နေခဲ့သည်။သူသည် အနုပညာအားအစွဲအလမ်းကြီးမားသော်လည်း ခေတ်များပြောင်းလဲလာသည်နှင့်အမျှ သူ၏အရင်းနှီးဆုံးသူများကတောင် သူ့အားနားလည်မပေးကြတော့ပေ။
"ဝမ်ရှို့က အရမ်းတော်တယ်...သူကအရမ်းကိုအစွဲအလမ်းကြီးပြီးတော့ နှစ်ပေါင်း၆၀ကြာတာတောင်မှ သူ့ရဲ့မူလရည်ရွယ်ချက်ကို မမေ့ခဲ့ဘူး...မင်းလည်းသူ့လိုပဲ ဒီနေရာမှာဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်...မင်းရဲ့မိသားစုဝင်တွေအတွက် စိတ်မပူပါနဲ့...ခေတ်တွေပြောင်းလဲသွားပေမဲ့ သူတို့ရဲ့ရွေးချယ်မှုကမမှန်ကန်ခဲ့ဘူး"
ယဲ့ပိုင်ကတိုးတိုးလေးပြောလိုက်သည်။
"သခင်ပြောတာ အမှန်ပဲ..."
ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက်တွင် ဝမ်ကူသည် ညဏ်အလင်းရရှိသွားပုံရသည်။သို့သော် သူသည် ယဲ့ပိုင်၏စကားနှင့်ပတ်သက်၍ အလွန်ရှင်းလင်းခြင်းမရှိပေ။မည်သို့ပင်ဆိုစေကာမူ သူထိုသို့ဖြေဆိုလိုက်ချိန်တွင် သူ၏စိတ်အခြေအနေက ပိုမိုပွင့်လင်းလာခဲ့သည်။
ယဲ့ပိုင်သည် သူ၏တူများကိုအောက်ချထားလိုက်ပြီဖြစ်သည်။စားပွဲပေါ်ရှိ ဟင်းလျာကိုးမျိုးသည် များစွာကျန်နေသေးသော်လည်း လူနည်းသဖြင့် ထိုဟင်းလျာများအားလုံးကို စားသောက်ရန်မလွယ်ကူပေ။
"မနက်ဖြန်အတွက် ဘာမှတွေးမနေနဲ့ဝမ်ကူ...အချိန်ကျလာရင် ခြံနောက်ဖေးက ကြည်လင်သောညကိုဝှက်ထားတဲ့ မိုးမခပင်မှာ ဝမ်ရှို့အတွက် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တည်ထားရလိမ့်မယ်..."
ယဲ့ပိုင်၏အသံ၌ မည်သည့်ခံစားချက်မျိုးမှ ပါဝင်မနေခဲ့ပေ။အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်လှသည့်နှစ်ကာလများအတွင်း သူ၏သူငယ်ချင်းဟောင်းများစွာ ဆုံးပါးသွားခဲ့ရသည်ကို သူကိုယ်တိုင်တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ဝမ်ရှို့သည်လည်း ထိုလူများအနက် တစ်ဦးသာဖြစ်ပေသည်။
ဝမ်ကူက ခေါင်းညိတ်ပြလိုက်သည်။
"သခင်...ငါလည်းအဲအကြောင်းကိုစဉ်းစားဖူးတယ်...ဒါပေမဲ့ အုတ်ဂူပေါ်မှာ ဘယ်လိုစာကြောင်းမျိုးရေးသင့်လဲ"
"မြင့်မားတဲ့ရည်မှန်းချက်တွေဟာ ကောင်းကင်ကိုတောင်ဆန်တက်နိုင်တယ်...နွေဦးရဲ့အလှတရားက တရုတ်နိုင်ငံရဲ့နေရာတိုင်းမှာရှိနေလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ယဲ့ပိုင်ကဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"နားလည်ပါပြီသခင်..."
ဝမ်ကူ၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းထိုးသွားခဲ့သော်လည်း ဝမ်ရှို့၏ဘဝဇာတ်ကြောင်းကိုဖော်ကျူးရန်မှာ ဤကဗျာကိုအသုံးပြုခြင်းက ပိုမိုသင့်လျော်ကြောင်း ခံစားမိခဲ့ပေသည်။
ထို့နောက်ယဲ့ပိုင်သည် ပြခန်းဝင်း၏အတွင်းဘက်သို့ လျှောက်သွားခဲ့သည်။
ညဘက်သို့ရောက်လာသည်နှင့်အမျှ ကောင်းကင်ယံ၌ တောက်ပနေသော ကြယ်ပွင့်လေးများနှင့်ပြည့်နှက်လာခဲ့သည်။
နွေဦးရာသီအောက်တွင် ရှေးဟောင်းမြို့၏ကောင်းကင်ပြင်က မီးရောင်အောက်၌ အနည်းငယ်နီမြန်းနေခဲ့သည်။
ယဲ့ပိုင်သည် ခြံဝင်းထဲသို့ဝင်ရောက်လာသောအခါ အေးမြသောလေနုအေးက သူ၏ခန္ဓာအားကျီစယ်လာပြီး သွေးနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်။
ယဲ့ပိုင်သည် ရှေ့သို့ဆက်တိုးလာခဲ့သည်။သူ၏လှုပ်ရှားမှုသည် အလွန်ပင်ပေါ့ပါးနေခဲ့ကာ အတွင်းခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ပြီး အေးချမ်းသာယာစားသောက်ဆိုင်ဆီသို့ ဦးတည်လာခဲ့သည်။