သွေးမိုး
Vol. 8 Ch. 89
ရှေးဟောင်းမြို့လေး၌ ပွဲလမ်းသဘင်များ ကျင်းပနေသော်လည်း အေးချမ်းသာယာစားသောက်ဆိုင်၌မှု အုံ့မိုင်းသောလေထုက လွှမ်းမိုးနေခဲ့သည်။
"သခင်...တစ်ခုခုဖြစ်သွားခဲ့တယ်...ငါတို့ကတရုတ်ပြည်မှာ ပြဿနာအကြီးကြီးတစ်ခုကြုံနေရတယ်...ငါတို့က အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ခဲ့တယ်...ဒါပေမဲ့လူအချို့ကတော့ ငါတို့ကိုဒီကိစ္စမှာဝင်မပါစေချင်ဘဲ ခပ်ခွာခွာနေစေချင်တဲ့ပုံစံပဲ"
ရက်ဖ်သည် သူ့အခန်းရှေ့ရှိကိုယ်လုံးပေါ်မှန်ရှေ့၌ ရပ်နေခဲ့သည်။
လက်ရှိအချိန်၌ သူ၏အမူအရာသည် ယခင်လိုတည်ငြိမ်မနေတော့ပေ။သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း အလွန်ညစ်ပတ်နေခဲ့သည်။
သူသည် ဖုန်းခေါ်ဆိုမှုအားလုပ်ဆောင်နေချိန်၌ သူ၏မျက်လုံးများကနီရဲနေခဲ့ကာ သူ၏အသံကလည်း မတည်မငြိမ်ဖြစ်နေခဲ့သည်။
"အဖြေကိုရှာတွေ့တာ သေချာလား..."
ဖုန်းထဲမှအသံသည် အေးစက်နေခဲ့သည်။တစ်ဖက်လူသည် ရက်ဖ်၏သေဆုံးခြင်း၊ရှင်သန်ခြင်းကိုပင် ဂရုစိုက်ပုံမရပေ။ထိုလူသည် သူသိလိုသောအဖြေကိုသာ စိတ်ဝင်စားမှုအပြည့်ရှိပေသည်။
"၁၀၀ရာခိုင်နှုန်းသေချာတယ်ဆရာ...ခုနကငါတို့အဲ့လူကိုသွားတွေ့ဖို့လုပ်ဆောင်နေတဲ့အချိန်က လူတစ်စုကရုတ်တရက်ရောက်လာခဲ့တယ်...အဲ့လူတွေကအရမ်းကိုကြောက်စရာကောင်းလွန်းတယ်...ငါတို့ခေါ်ဆောင်လာတဲ့သက်တော်စောင့်တွေကလည်း အဲ့လူတွေကိုမခုခံနိင်ခဲ့ဘူး...သူတို့ကနောက်ဒါမျိုးဆက်လုပ်ရင် ငါတို့ကိုအရှင်မထားဘူးလို့ခြိမ်းခြောက်သွားတယ်"
ရက်ဖ်သည် အလွန်ပင်ဒေါသထွက်နေသော်လည်း သူ၏အမူအရာကကြောက်ရွှံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ငါတော့လျှို့ဝှက်ချက်ရဲ့ အဓိကအကြောင်းအရာကို အဖြေရှာတွေ့ခဲ့ပြီထင်တယ်...ပြည့်စုံမှုမရှိသေးတဲ့ ဖာရောဘုရင်ရဲ့နောက်ဆုံးဆန္ဒကို ခုချိန်မှာတော့သော့ဖွင့်နိင်ဖို့ အခွင့်အရေးရရှိလာခဲ့ပြီဘဲ...စိတ်မပူနဲ့ရက်ဖ်...မင်းကိုကယ်တင်ဖို့အတွက် မကြာခင်တစ်ယောက်ယောက်ကိုစေလွှတ်လိုက်မယ်"
တစ်ဖက်မှ ဖုန်းဖြေဆိုသူသည် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။
သို့သော်လည်း သူသည်ရက်ဖ်စကားဆက်မပြောနိုင်မှီ ဖုန်းချပစ်လိုက်သည်။
ရက်ဖ်သည် အသက်ကိုခပ်ပြင်းပြင်းရှုကာ အခန်းတဝိုက်၌လျှောက်သွားနေခဲ့ပြီး ကယ်တင်ခံရမည့်အချိန်အား စောင့်ဆိုင်းနေခဲ့သည်။
...
အီဂျစ်...
ဇိမ်ခံအိမ်တော်တစ်ခု၌ အဖြူရောင်ဝတ်စုံဝတ်အဘိုးကြီးတစ်ယောက်သည် ခေါင်းကိုညင်သာစွာမြှောက်၍ မီးရှုးမီးပန်းများကဲ့သို့ တောက်ပနေသောမျက်လုံးတစ်စုံဖြင့် ညဘက်ကောင်းကင်ကျယ်ကြီးကို မော့ကြည့်လိုက်သည်။
"ဖာရောဘုရင်က လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက လျှို့ဝှက်ချက်တွေကို မှတ်တမ်းတင်ထားခဲ့ပေမဲ့ အဆုံးသတ်မှာအဲ့ဒါကိုနားမလည်နိုင်ခဲ့ဘူး...ငါတို့မျိုးနွယ်စုက အဲ့လျှို့ဝှက်ချက်ကိုအမွေဆက်ခံပြီး မျိုးဆက်ပေါင်းရာချီတိုင်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့တယ်...ရက်ဖ်...မင်းရဲ့ကြိုးစားမှုနဲ့အနစ်နာခံမှုကို ငါလုံးဝမေ့သွားမှာမဟုတ်ဘူး...ဒါပေမဲ့ဒီလိုလျှို့ဝှက်ချက်မျိုးဆိုတာက လူနည်းနည်းပဲသိလေပိုကောင်းလေပဲ..."
အဘိုးအိုကညည်းညူလိုက်ပြီး သူ၏မျက်လုံးများကနီရဲနေခဲ့သည်။
သူ၏စကားများအဆုံးသတ်သွားချိန်တွင် သူသည်ရက်ဖ်အားကာကွယ်ပေးရန် ဆန္ဒမရှိခဲ့ဘဲ အခန်းထဲသို့လှည့်၍ လျှောက်လာခဲ့သည်။
...
ရှေးဟောင်းမြို့ ၊ အေးချမ်းသာယာစားသောက်ဆိုင်...
ဖုန်းဖြင့်တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက် လက်နက်ကိုင်ရဲများက လူအားလုံးကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့သည်။
အချိန်များကုန်ဆုံးသွားပြီးနောက် အနက်ရောင်ကားများသည် စားသောက်ဆိုင်အား ရေတစ်စက်တောင်မထွက်သွားနိုင်လောက်သည်ထိ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ကြသည်။
စားသောက်ဆိုင်၏အဝင်ဝ၌ ကားငယ်လေးတစ်စီးက အလယ်တည့်တည့်၌ရပ်ထားကာ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားခဲ့သည်။
ကားအတွင်း၌ ညိုနက်သောအသားရောင်ပိုင်ရှင် အမျိုးသားသည် ဖုန်းတစ်လုံးအားကိုင်ဆောင်လျက် ရိုသေလေးစားသည့်အသံဖြင့် ပြောလိုက်သည်။
"ဆရာကြီး...ဒီမှာကိစ္စအကုန်လုံးရှင်းပြီးပါပြီ...ငါတို့ရဲ့လုပ်ဆောင်ပုံကအရမ်းကိုမြန်ပါတယ်...သူတို့ရဲ့သက်တော်စောင့်တွေက ကျွမ်းကျင်မှုအချို့ရှိပေမဲ့ ကျောက်မိသားစုအဖွဲ့ဝင်တွေထက် တော်တော်လေးအားနည်းနေတုံးပဲ...သူတို့ကိုလွယ်လွယ်လေးအမှောက်သိပ်နိုင်ခဲ့တယ်...ခုတော့အဓိကတာဝန်ရှိသူတွေကို စားသောက်ဆိုင်မှာပဲပိတ်ဆို့ထားပါတယ်...ငါတို့ဘာဆက်လုပ်ရမလဲ"
"အဆင်ပြေတယ်...အဲ့လူတွေကိုစိတ်မပူနဲ့...မင်းတတ်နိုင်သမျှမြန်မြန် အဲ့နေရာကနေထွက်သွားလိုက်တော့...မလိုအပ်ရင် သူနဲ့မဆုံမိတာအကောင်းဆုံးပဲ...သူကဒါမျိုးကိုသိပ်ပြီးသဘောမကျဘူး"
တစ်ဖက်မှအသံသည် အနည်းငယ်အိုမင်းနေပုံရသော်လည်း အလွန်ပင်စွမ်းအားကြီးပေသည်။
"နားလည်ပါပြီ ဆရာ..."
ထိုလူက ခေါင်းညိတ်၍ပြောလိုက်သည်။
ထို့နောက် အခြားဖုန်းတစ်လုံးအားထုတ်ယူ၍ ဆုတ်ခွာဟူသော Message ကိုရိုက်ထည့်လိုက်သည်။ထို့နောက် ထိုMessageကို အဖွဲ့အားလုံးဆီသို့ ချက်ချင်းပို့ဆောင်လိုက်သည်။
"ကောင်းပြီ...အလုပ်ကတော့ပြီးပြီ...ဒီရှေးဟောင်းမြို့လေးမှာပွဲတော်ကျင်းပနေတာထင်တယ်...သူတို့ကိုမနှောင့်ယှက်ဘဲနေရအောင်...ငါတို့နောက်တစ်နေ့ ခရီးသွားကြမယ်"
ထိုလူက ဒရိုင်ဘာအား ပြောလိုက်သည်။
"ဟုတ်ကဲ့ ဘောစ့်..."
ဒရိုက်ဘာက ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည်လီဗာကိုဖိနင်းကာ အမြန်ဆုံးသောအရှိန်ဖြင့် ဆုတ်ခွာသွားခဲ့ကြသည်။
ဤအဖွဲ့သည် မြန်မြန်ဆန်ဆန်ရောက်လာကာ မြန်မြန်ဆန်ဆန်ပင်ဆုတ်ခွာသွားခဲ့ကြသည်။
အချိန်၃မိနစ်ကြာပြီးနောက် အရာအားလုံးသည် ယခင်ကထွက်ပေါ်မလာခဲ့ဖူးသကဲ့သို့ စားသောက်ဆိုင်အပြင်ဘက်၌ မည်သည့်အရာကိုမှမတွေ့ရတော့ပေ။
အေးချမ်းသာယာစားသောက်ဆိုင်၌ ဤသုတေသနပညာရှင်များက ယနေ့တွင်သူတို့အားလုံးအဆုံးသတ်တော့မည်ဟု မူလကထင်မြင်ယူဆခဲ့ကြသည်။
သူတို့သည် စိတ်ဓာတ်ကျကာငိုကြွေးလုနီးနီးဖြစ်နေချိန်၌ စားသောက်ဆိုင်အပြင်ဘက်တွင် အဆိုပါကားနက်များက ချက်ချင်းဆုတ်ခွာသွားခဲ့၍ သူတို့၏နှလုံးသားထဲ၌ သံသယစိတ်များပြည့်နှက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားထဲ၌ မနှစ်မြို့ဖွယ်ခံစားချက်တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
...
ယဲ့ပိုင်သည် ဝတ်ရုံရှည်အားဝတ်ဆင်ထားပြီး ရှေးဟောင်းလမ်းမအတိုင်း လျှောက်လှမ်းလာခဲ့သည်။
အချိန်ကအတော်လေးနောက်ကျနေပြီဖြစ်သော်လည်း လမ်းမပေါ်ရှိ ခရီးသွားအရေအတွက်က လျော့ကျသွားမည့်အစား ပို၍တိုးလာခဲ့သည်။
ဆိုင်ခန်းအသီးသီး၏ဝင်ဝ၌ မီးပုံးနီများအားချိတ်ဆွဲထားရာ အလွန်တောက်ပစွာလင်းထိန်နေခဲ့ပြီး လူတိုင်း၏မျက်နှာပေါ်၌ ရွှင်မြူးနေသောအပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။
"သခင်လေး...မင်းစတော်ဘယ်ရီတွေလိုချင်လား...တစ်ဗူးမှဆယ်ယွမ်ပဲနော်...အကုန်လုံးကိုရေဆေးပြီးတော့ တိုက်ရိုက်စားလို့ရတယ်"
မျက်နှာပေါ်၌တောက်ပသောအပြုံးအား ဖော်ဆောင်ထားသည့် ကလေးမလေးတစ်ယောက်သည် ဝါးခြင်းတောင်းကိုထမ်းကာ ခရီးသွားများအကြား အပြေးအလွှားသွားလာ၍ မေးမြန်းနေခဲ့သည်။
"ဧည့်သည်တို့ အခွင့်အရေးကောင်းကိုလက်မလွတ်မိစေနဲ့နော်...ဒီမျက်နှာဖုံးတွေအကုန်လုံးက ငါ့လက်ရာတွေချည်းပဲ...တစ်ခုမှ၈ယွမ်ပဲနော် ဒါတွေကကြည့်ကောင်းရုံတင်မကဘူး...အိမ်အပြန်လက်ဆောင်အနေနဲ့လည်း ယူသွားလို့ရတယ်"
မျက်နှာဖုံးတပ်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် သစ်သားတွန်းလှည်းကိုတွန်းကာ နက်နဲသောအသံဖြင့်အော်ဟစ်ကြေငြာ၍ ခရီးသွားများကို ဆွဲဆောင်နေခဲ့သည်။
"ယိုသကြားလုံးတွေနော်...ရှေးဟောင်းမြို့ရဲ့ထူးခြားတဲ့ယိုသကြားလုံးတွေ..."
ကောက်ရိုးဦးထုပ်ဆောင်းထားသော အဘိုးအိုတစ်ယောက်သည် သစ်သားတုတ်ချောင်းနှင့်အပြည့်ချိတ်ဆွဲထားသော ယိုသကြားလုံးများအား ဆွဲဆောင်မှုအပြည့်ဖြင့် ကြေငြာနေခဲ့သည်။သူ၏နံဘေးတွင် လောဘကြီးသောကလေးများစွာ စုရုံးနေခဲ့ကြသည်။
ယဲ့ပိုင်သည် ငြိမ်သက်စွာဖြင့်လမ်းလျှောက်နေခဲ့သည်။
ရှေးယခင်ကနှင့်နှိုင်းယှဉ်ပါက ရှေးဟောင်းလမ်းတွင် ရှေးဟောင်းဝတ်စုံဝတ် ခရီးသွားများထွက်ပေါ်လာသည့်အတွက် ယဲ့ပိုင်၏ဝတ်စားဆင်ယင်ပုံက အာရုံစိုက်မခံရတော့ပေ။
ယဲ့ပိုင်သည် ပုံမှန်အရှိန်နှုန်းဖြင့် တည်တည်ငြိမ်ငြိမ်သွားလာနေခဲ့သည်။တက်ကြွစွာလှုပ်ရှားသွားလာနေကြသော လူအုပ်အကြားတွင် ယဲ့ပိုင်၏တည်ငြိမ်သောဟန်ပန်က အနည်းငယ်ထူးဆန်းနေသော်လည်း တမျိုးတဖုံထူးခြားသစ်လွင်နေခဲ့သည်။
"နေဝင်ချိန်ကနီးကပ်လာပေမဲ့...လှည်းတွေ၊မြင်းတွေက ပရမ်းပတာဖြစ်နေတုံးပဲ..."
ရှေးဟောင်းလမ်းအဆုံးသို့ရောက်ချိန်တွင် ယဲ့ပိုင်ကခပ်တိုးတိုးလေးညည်းညူလိုက်သည်။
ညဘက်သို့နီးကပ်လာလေလေ ဆူညံနေသည့်အသံများက ပိုမိုတိုးလျလာလေလေဖြစ်သည်။ထိုအချိန်တွင် လှည်းတစ်စီးကယဲ့ပိုင်၏အနားမှဖြတ်သွားခဲ့သည်၊ယခုတစ်ကြိမ်၌ ယဲ့ပိုင်ကစားမပြောနိုင်မှီ လှည်းသမားက စိတ်ပါလက်ပါအော်ဟစ်လိုက်သည်။
"သခင်လေး...လှည်းစီးမလား"
"ကောင်းပြီလေ..."
ယဲ့ပိုင်သည် လှည်းသမားကိုတစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းကို ညင်သာစွာပြောဆိုလိုက်သည်။
"ဆရာ...မကြာသေးခင်ကာလက ရှေးဟောင်းမြို့နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ...ဒီနေ့တော့ရှေးဟောင်းမြို့ကအရမ်းကိုအသက်ဝင်နေတယ်...တောင်ဘက်အစွန်ဆုံးမှာ သီချင်းဆိုကခုန်ပွဲတွေရှိတယ်...အဲ့မှာပါဝင်ဆင်နွဲနေကြတာက ရှေးဟောင်းမြို့က မိန်းကလေးတွေနဲ့လူပျိုလူလွတ်တွေပဲ...ဆရာအဲ့ကိုသွားကြည့်ချင်လား"
လှည်းသမားသည် သူ၏လည်ပင်း၌ အဝါရောင်ပုဝါတစ်ထည်အား တွဲချည်ထားဆဲဖြစ်ကာ စကားပြောချိန်၌ သူ၏သွားဖြူဖြူများကို ထုတ်ပြနေဆဲဖြစ်သည်။
"အေးချမ်းသာယာစားသောက်ဆိုင်..."
ယဲ့ပိုင်က လှည်းသမား၏စကားကို လျစ်လျူရှု၍ သူသွားလိုသည့်နေရာကို ချက်ချင်းပြောလိုက်သည်။
"ဆရာ...အေးချမ်းသာယာစားသောက်ဆိုင်က မြို့ထဲမှာရှိတာလေ...ငါ့လှည်းကရှေးဟောင်းလမ်းကိုပဲ သွားလာနေတာပါ...မင်းအဲ့ကိုသွားချင်ရင် ပိုက်ဆံနည်းနည်းပိုပေးရမယ်"
လှည်းသမားသည် နှစ်စက္ကန့်လောက်စဉ်းစားလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
"ပြဿနာမရှိဘူး..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပင် အတည်ပြုလိုက်သည်။
လှည်းသမားက ခေါင်းကုတ်ကာ ယဲ့ပိုင်အားပြုံးပြလိုက်သည်။
"အင်းစုစုပေါင်း ယွမ်၃၀ပဲကျသင့်ပါမယ်...ဆရာကငါ့ရဲ့ဖောက်သည်ဟောင်းဆိုတော့ လိုရာခရီးကိုအမြန်ဆုံးရောက်စေရမယ်"
"ကောင်းပြီ..."
ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။
ထို့နောက်တွင် လှည်းသမားသည် လှည်းကိုဆွဲ၍ အေးချမ်းသာယာစားသောက်ဆိုင်ဆီသို့ ဦးတည်၍ထွက်ခွာလာခဲ့သည်။
လှည်းဆွဲသည် အရှိန်ကများစွာမြန်ဆန်ခြင်းမရှိပေ။တဖြည်းဖြည်းဖြင့် လမ်းတလျှောက်၌ ရှေးဟောင်းမြို့လေး၏ရှုခင်းများက လျော့နည်းလာခဲ့သည်။
စားသောက်ဆိုင်သို့ဦးတည်နေသော ကတ္တရာလမ်းပေါ်သို့ရောက်ရှိချိန်တွင် သပ်သပ်ရပ်ရပ်မောင်းနှင်နေသော အနက်ရောင်ကားတန်းကြီးတစ်ခုအား တွေ့လိုက်ရသည်။
ရှေ့ဆုံးမှမောင်းနှင်လာသည့် အနက်ရောင်ကားပေါ်ရှိ ခေါင်းဆောင်ဖြစ်သူသည် လှည်းပေါ်၌စီးနင်းလိုက်ပါလာသည့် ဝတ်စုံဖြူဝတ်အမျိုးသားအား တွေ့ဆုံလိုက်ရသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ချက်ချင်းပင်တုန်ယင်သွားခဲ့သည်။