← Chapters

ထွက်ပေါ်လာခြင်း

Vol. 8 Ch. 82

ထွက်ပေါ်လာခြင်း

Vol. 8 Ch. 82

အမှတ်၁သီးသန့်အခန်းတွင်း၌ ယဲ့ပိုင်သည် တည်ငြိမ်စွာထိုင်နေခဲ့သည်။

“၀မ်ကူ...မင်းအဖေ ဘာပြောခဲ့လဲ မှတ်မိလား...”

ယဲ့ပိုင်က ၀မ်ကူအား ထူးခြားမှုမရှိသောလေသံဖြင့် မေးလိုက်သည်။

၀မ်ကူသည် မြေပြင်ပေါ်၌ဒူးထောက်လိုက်ကာ သူ၏ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးနေခဲ့သည်။မကြာသေးခင်က သူ၏အဖေဖြစ်သူသည် ယဲ့ပိုင်ထံ၌ အစေခံတစ်ယောက်အဖြစ်ခစားရန် သူ့အားအမိန့်ပေးခဲ့သည်။ထိုအခိုက်အတန့်ကု ၀မ်ကူမည်သည့်အခါမှ မေ့လျောမည်မဟုတ်ပေ။

“မင်းဘယ်လိုသဘောရလဲ...”

ယဲ့ပိုင်၏အသံက ရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့သည်။၀မ်ကူသည် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားသည့် ကောင်းကင်တမန်ကဲ့သို့ သွင်ပြင်ရှိသော ယဲ့ပိုင်အားကြည့်၍ ပြောလိုက်သည်။

“၀မ်ကူက အကောင်းဆုံးလုပ်ဆောင်သွားမှာပါ...”

“အနာဂတ်မှာ မင်းစိတ်ပြောင်းသွားရင် အချိန်မရွေးထွက်သွားနိုင်တယ်...”

ယဲ့ပိုင်သည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ချောင်းများကို ဆန့်ထုတ်ကာ လက်ဖက်ရည်ခွက်အလွတ်အား ကောက်ယူလိုက်သည်။လက်ဖက်ရည်ခွက်သည် ယဲ့ပိုင်၏လက်ထဲသို့ ရောက်ရှိချိန်တွင် လက်ဖက်ရည်များက အလိုအလျောက်ထွက်ပေါ်လာခဲ့သည်။

၀မ်ကူသည် ခဏလောက်နှုတ်ဆိတ်နေသော်လည်း မကြာမှီသူ၏မျက်လုံးများ၌ ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားခဲ့ကာ တည်ငြိမ်မှုနှင့် ပြတ်သားမှုတို့က အစားထိုး၀င်ရောက်လာခဲ့သည်။ထို့နောက်သူသည် စိတ်ပိုင်းဖြတ်၍ ဆူံ’ဖြတ်ချက်ချလိုက်သည်။

“နားလည်ပါပြီ...”

“ဝမ်ကူ… မင်းအသက်မငယ်တော့ဘူး ကိစ္စတွေ အတော်များများကို အရမ်းကြီးလိုက်ပြီး စိုးရိမ်မနေနဲ့...”

ယဲ့ပိုင်သည် သူ၏စကားကိုအဆုံးသတ်လိုက်ပြီးနောက်တွင် လက်ဖက်ရည်ခွက်အား ပါးစပ်ဖြင့်ထိကပ်၍ ခွက်ထဲရှိ လက်ဖက်ရည်အား တစ်ကျိုက်တည်းဖြင့်မော့ချလိုက်သည်။

“နားလည်ပါပြီ...”

၀မ်ကူသည် ခေါင်းညိတ်ပြလိုက်ကာ တည်ငြိမ်သောလေသံဖြင့်‌‌ဖြေဆို၍ သူ့စိတ်ထဲ၌ ခံစားနေရသော ၀မ်းနည်းမှုများအား ဖုံးကွယ်ထားလိုက်သည်။သူ၏အဖေသည် အသက်တစ်ရာကျော်ပြီဖြစ်သည်။သူ့ဘ၀တလျှောက် နောင်တရစရာဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသော်လည်း ဘ၀အဆုံးသတ်ခါနီးတွင် သူနှစ်ပေါင်းများစွာစောင့်ဆိုင်းလာခဲ့ရသော ပန်းချီကားကပြန်လည်ထွက်ပေါ်လာခဲ့၍ သူ့ဘ၀ကတန်ဖိုးရှိသွားပြဖြစ်သည်။

အကယ်၍ သူသာလွန်စွာ နုံအ မနေခဲ့လျှင် သူ၏မေးခွန်းကြောင့် သူ့ရှေ့မှလူ စိတ်ရှုပ်သွားမည်အား စိုးရိမ်နေ၍ မဟုတ်လျှင် သူသည် စိတ်အားတင်းကာ ယဲ့ပိုင်၏ အထောက်အထားကို မေးခွင့်ရရန် မကြိုးစားခဲ့လျှင် ခရီးအဝေးသို့ ထွက်ခွာသွားသည့် သူ၏အဖေဖြစ်သူအား နောက်တစ်ကြိမ်ပြန်တွေ့ခွင့် ရရန် အခွင့်အရေး ရှိလာနိုင်ပေသည်။

“ထတော့...”

ယဲ့ပိုင်သည် လက်ဖက်ရည်ခွက်ကို ညင်သာစွာချရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့...သခင်”

၀မ်ကူသည် တုံ့ဆိုင်းခြင်းမရှိထရပ်ကာ ယဲ့ပိုင်၏အမိန့်အား နာခံခဲ့သည်။ယနေ့ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည် ကိစ္စတော်တော်များများအား သူ့ကိုနားလည်သဘောပေါက်စေခဲ့သည်။

လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် မကြုံစဖူးပြဿနာများ အလွန်များပြားနေခဲ့သည်။သူသည် နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်လာခဲ့သော်လည်း ထိုအရာများကို မဖြေရှင်းနိုင်သေးပေ။ယခုလူအိုကြီးဆုံးပါးသွားပြီးနောက်တွင် ပန်းချီပြခန်း၌ သူနှင့်ပတ်သက်သော ဆွေမျိုးများမရှိကြတော့ပေ။

အချိန်တစ်ခုကြာပြီးနောက် ၀မ်ကူသည်စိုးရိမ်ပူပန်နေခြင်းမရှိတော့ဘဲ အလွန်ပင်လွတ်လွတ်လပ်လပ်ရှိလာခဲ့သည်။

“ဒီမှာထိုင်...”

ယဲ့ပိုင်၏အကြည့်များသည်တည်ငြိမ်နေကာ ၀မ်ကူ၏ပြောင်းလဲမှုအားလုံးကို သူ၏မျက်လုံးထဲ၌ သတိထားမိခဲ့သည်။ထို့ကြောင့် ၀မ်ကူအားရပ်ခိုင်းလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။

၀မ်ကူသည် သစ်သားထိုင်ခုံရှိရာသို့ လျှောက်သွားခဲ့သော်လည်း ချက်ချင်းမထိုင်သေးဘဲ သူ၏အမူအရာက အနည်းငယ်မှုန်ကုပ်ကုပ်ဖြစ်နေကာ စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည်။

“မင်းကဒါတွေအကုန်လုံးကို ကြိုမြင်နေလို့ ငါ့ကိုလက်ခံဖို့ အဖေ့ကို ကတိပေးခဲ့တာလား သခင်”

“ဟုတ်တယ်...”

ယဲ့ပိုင်ကအနည်းငယ်စဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။

ဤကမ္ဘာပေါ်၌ အသက်ရှည်ခြင်း၏လျှို့၀ှက်ဆန်းကြယ်ခြင်းနှင့် ၎င်းနှင့်ပတ်သက်သည့်အချက်အလက်များကို စူးစမ်းရှာဖွေနေဆဲဖြစ်သော်လည်း သူသည်အတိတ်နှင့်အနာဂတ်အကြောင်းအား သိရှိနားလည်ထားပေသည်။အကယ်၍ ယဲ့ပိုင်သာအလိုရှိပါက သူ၏လက်ချောင်းအား အနည်းငယ်လှုပ်ရှားရုံဖြင့် တွက်ချက်နိုင်သော်လည်း အချိန်အများစု၌ ယဲ့ပိုင်သည် ထိုသို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

“မင်းအဲ့လောက်ထိ စဥ်းစားနေစရာမလိုဘူး...မင်းနဲ့ငါက ကံကြမ္မ‌ရေစက်ကြောင့် ခုလိုဆုံဆည်းရတာပဲ...ဒီလေလံပွဲပြီးရင် မင်းကိုတာ၀န်တစ်ခုပေးမယ်...”

၀မ်ကူသည် အဖြေအားရရှိသွားပြီးနောက် ယဲ့ပိုင်က ပေါ့ပေ့ါပါးပါး ဆက်ပြောလိုက်သည်။

“နားလည်ပါပြီ သခင်”

၀မ်ကူကပြန်ဖြေလိုက်ကာ ထိုင်ခုံပေါ်၌ သတိထား၍၀င်ထိုင်လိုက်သည်။သူသည် စာကြည့်မျက်မှန်အား၀တ်ဆင်ထားကာ ဆံပင်များဖြူစွတ်နေပြီဖြစ်သည်။သို့သော်လည်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဥ်ကထက် သူ၏ပုံစံက ပိုမိုရင့်ကျက်နေကာ ညဏ်အမြော်အမြင်နှင့်ပြည့်စုံနေပုံရသည်။

အေးချမ်းသာယာစားသောက်ဆိုင်၌ ပြုလုပ်ကျင်းပသည့်လေလံပွဲက တိတ်ဆိတ်စွာပင် အဆုံးသတ်သွားခဲ့သည်။

အစောပိုင်းတွင်...

လေလံပွဲ၌ ပါ၀င်ကြသည့်လူချမ်းသာများသည် အမှတ်၁သီးသန့်အခန်း၌ ချိတ်ဆွဲ ထားသည့် မီးပုံးအကြောင်းနှင့်ပတ်သက်၍ များစွာပြောဆိုဆွေးနွေးခဲ့ကြပြီး လေလံပစ္စည်းတစ်ခုပြီးတိုင်း ပို၍ရုတ်ရုတ်သဲသဲဖြစ်လာခဲ့ကြသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုမီးပုံးအားဖယ်ရှားမည့် အရိပ်အယောင်ကိုမတွေ့ရပေ။လူချမ်းသာများအတွက်မူ သူတို့မသိရှိသောအရာများ ပိုမိုများပြားလေလေ ကြောက်ရွှံစိတ်ပိုမိုများပြားလေလေဖြစ်သည်။

ထို့ကြောင့်လူတိုင်းသည် ပါးပါးနပ်နပ်ရှိရန် သင်ယူလာခဲ့ကြပြီး သူတို့၏စိတ်နှလုံးထဲ၌ လျှို့၀ှက်စွာဖြင့် စတင်တွက်ချက်လာခဲ့ကြသည်။

ရှေးဟောင်းပစ္စည်းတစ်ခုကြောင့် မိမိကိုယ်တိုင်ဖျက်ဆီးမည့်လမ်းကြောင်းကို တွန်းပို့မိခြင်း သို့မဟုတ် ကြောက်စရာကောင်းသည့် လူတစ်ယောက်အားစော်ကားမိခြင်းသည် ထိုက်တန်မှုမရှိကြောင်း ထိုလူချမ်းသာများ နားလည်ထားကြသည်။ဘ၀တွင် ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်လာရမည်ဆိုပါက အခြေအနေကိုလိုက်၍ လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်သည်။

ထို့ကြောင့် လေလံပွဲအပြီးအထိ မည်သူကမှ စေ◌ျးပြိုင်မပေးဝံ့ကြပေ။ထိုရတနာများနှင့် ယှဉ်ပါက သူတို့၏ အသက်များက ပိုမိုအဖိုးတန်ပေသည်။

ထို့ကြောင့် လေလံပွဲ၌ မကြုံစဖူးမြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။နောက်ပိုင်းလေလံပစ္စည်းများတွင် လေလံအဖွင့်စျေးက ပိုမိုမြင့်မားလာသော်လည်း နောက်ဆုံးအပိတ်စျေးက တဖြည်းဖြည်းဖြင့်ပိုမိုကျဆင်းလာခဲ့သည်။

လက်ရှိအခြေအနေသည် လေလံပွဲစင်မြင့်ပေါ်ရှိ လှပစွဲမက်ဖွယ် အမျိုးသမီးအား ၀မ်းနည်းကြေကွဲစေခဲ့သော်လည်း သူမ၏တာ၀န်အရဆိုလျှင် ရှေးဟောင်းပစ္စည်းများကို ဆက်လက်ထုတ်ယူကာ လေလံတင်ရောင်းချသွားရမည်သာဖြစ်သည်။

“ဂုဏ်သရေရှိလူကြီးမင်းများ...သတ္တမမြောက်လေလံပစ္စည်းကိုတော့ ပင်လယ်ရေနက်ပိုင်းကနေပြီးတော့ မတော်တဆရရှိလာခဲ့တာဖြစ်ပါတယ်...ဒီပစ္စည်းကို ကယ်ဆယ်ရေးကုပ္မဏီတစ်ခုက ၀န်ထမ်းတစ်ယောက်ကစတင်တွေ့ရှိခဲ့တဲ့အချိန်မှာ အလုံပိတ်ထားတဲ့ဖန်ပုလင်းတစ်ခုအဖြစ်ဘဲ သတ်မှတ်ထားခဲ့တယ်...နောက်ဆုံးတော့ ငါတို့အဖွဲ့ကမတော်တဆရရှိခဲ့တာပဲ”

“ငါတို့ရဲ့အဖွဲ့က တင်းကျပ်တဲ့စစ်ဆေးမှုတွေကို အကြိမ်ကြိမ်အခါခါလုပ်ဆောင်ပြီးတဲ့နောက်မှာ ဒီဖန်ပုလင်းကရိုးရှင်းမှုမရှိဘူးဆိုတာ သိခဲ့ရပါတယ်...ဒီဖန်ပုလင်းကနှစ်ပေါင်း၂၀၀၀နီးပါးသက်တမ်းရှိပြီးတော့ ပုလင်းထဲမှာ သိုးသားရေစာလိပ်တစ်ခုကို သို၀ှက်ထားတယ်...ကံမကောင်းစွာဖြင့် ငါတို့အဖွဲ့ရဲ့သုတေသနပြုလုပ်ပြီးမှာ ငါတို့က သိုးသားရေစာလိပ်ပေါ်က စာတွေနဲ့ပတ်သက်ပြီးတော့ဘာမှမတွေ့ခဲ့ရဘူး...ဒါကြောင့် ငါတို့ကပြုပြင်ထိန်းသိမ်းရေးအဖွဲ့လက်ထဲအပ်ပြီးတော့ လေလံတင်ဖို့ပြုလုပ်ခဲ့တာပါ...ဒါပေမဲ့ ဒီရှေးဟောင်’ပစ္စည်းက ဘယ်လောက်အဖိုးတန်တယ်ဆိုတာ လူကြီးမင်းတို့နားလည်ကြပါလိမ့်မယ်...ဒါကနှစ်ပေါင်း၂၀၀၀နီးပါးသက်တမ်းရှိတာဆိုတော့ ဒီဟာက တရုတ်အမျိုးသားရတနာဖြစ်တဲ့ စစ်ပွဲကာလက သလင်းကျောက်ခွက်နဲ့တန်ဖိုးတူညီပါတယ်...ဒီပစ္စည်းရဲ့အဖွင့်စျေးက သန်း၁၀၀ပါ”

ထိုသို့ပြောပြီးနောက်တွင် အမျိုးသမီးသည် လျှို့၀ှက်ဆန်းကြယ်ဟန်မဆောင်တော့ဘဲ ဖန်ပုလင်းအားဖုံးအုပ်ထားသည့် အနက်ရောင်အ၀တ်စအား မြန်မြန်ဆန်ဆန်ပင် ဖယ်ရှားလိုက်သည်။

မီးဆလိုက်အလင်းရောင်က ထိုဖန်ပုလင်းပေါ်ကျရောက်လာခဲ့သည်။

ရှေး‌ဟောင်းသစ်သားဗန်းပေါ်၌ သတ္တုရေပုလင်းအရွယ် ဖန်ပုလင်းတစ်ခုရှိနေခဲ့သည်။ထိုပုလင်း၏မျက်နှာပြင်သည် ကြည်လင်ပြတ်သားသည့် အသွင်အပြင်ရှိမနေဘဲ ရိုးရှင်းနေခဲ့ကာ ပုလင်းကိုယ်ထည်ပေါ်၌ အက်ကွဲကြောင်းအချို့ပင် ရှိနေခဲ့သည်။

သို့သော်လည်း မီးအလင်းရောင်ကျရောက်လာသည့်အခါတွင် ပုလင်းထံမှနေ၍ သမိုင်းမှတ်တမ်း၀င်အမွေအနှစ်များကဲ့သို့ ဖော်ပြမရနိုင်သည့် ခံစားချက်အားပေးစွမ်းနေခဲ့သည်။

ယခင်ကငြိမ်သက်နေခဲ့ကြသော လူချမ်းသာများသည် ယခုတစ်ကြိမ်၌မူ ငြိမ်ငြိမ်သက်သက်မနေနိုင်ကြတော့ပေ။

“သန်း၁၀၀...”

လုံဟိုင်က ထိတ်လန့်တကြားရေရွတ်လိုက်မိသည်။ဤပုလင်း၏တန်ဖိုးသည် သူ၏အသားတင်ကြွယ်၀ချမ်းသာမှုနှင့် ညီမျှနေခဲ့သည်။

“ဒါကဖန်ပုလင်းတစ်ခုပဲလေ..ခေတ်မှီဖန်ပုလင်းတွေက ဒီဟာထက်ပိုပြီးအရည်အသွေးကောင်းသေးတယ်..ဒါကဘယ်လိုလုပ်ပြီး သန်း၁၀၀တန်ရမှာလဲ...ဒီလေလံပွဲက လူတွေကို အလဟဿပိုက်ဆံတွေဖြုန်းတီးမိအောင်လို့ လုပ်ဆောင်နေတာပဲ...ဘာပဲဖြစ်ဖြစ် ဒီပုလင်းကိုဘယ်သူမှ လေလံမဆွဲမှာကို ငါစိုးရိမ်မိတယ်...”

ရွယ်လန်က ရွဲ့စောင်းသည့်လေသံဖြင့်ပြောလိုက်သော်လည်း သူမ၏အကြည့်များက သီးသန့်အခန်းအမှတ်၁သို့ရောက်ရှိနေကာ သူမမည်သို့တွေးနေကြောင်း မည်သူကမှမရိပ်မိကြပေ။

ထိုစကားကိုနားထောင်ပြီးနောက် လုံဟိုင်သည် ၀တ်စုံဖြူ၀တ်ကောင်လေးအား ရုတ်တရက်သတိရသွားကာ ရွယ်လန်အား ကြိမ်းမောင်းလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း..မင်းဘာသိလို့လဲ...”

သူ၏ဘေးနားတွင်ထိုင်နေသော လူငယ်တစ်ယောက်က လေသံတိုးတိုးလေးဖြင့်၀င်ရောက်ပြောဆိုလိုက်သည်။

“ဒီဖန်ပုလင်းကသာ နှစ်ပေါင်း၂၀၀၀ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာတစ်ခုသာဆိုရင် ဒီဟာကအဖိုးမဖြတ်နိုင်ဘူး...ဒီအရာသာအမှန်တကယ်ဆိုရင် ခေတ်သစ်ကာလကနေ ရှေးဟောင်းခေတ်ကိုခရီးသွားနိုင်တဲ့သူတစ်ယောက်ရှိနေတယ်ဆိုတာကို သက်သေပြလိုက်သလိုပဲ...”

သို့သော်လည်း လူငယ်၏စကားကိုကြားပြီးနောက် လုံဟိုင်နှင့်ရွယ်လန်တို့သည် ထိတ်လန့်သွားခဲ့ကြပြီး သူတို့၏စိတ်ထဲ၌ ထူးဆန်းသောအတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ကြသည်။

ထိုအချိန် အမှတ်၁သီးသန့်အခန်းတွင်း၌...

ဖန်ပုလင်းအကြောင်းကို ကြားလိုက်သည့်အချိန်တွင် ရှေးဟောင်းလမ်းဆီသို့ အာရုံရောက်နေသောယဲ့ပိုင်သည် သူ၏အကြည့်အား ဖန်ပုလင်းဆီသို့ပို့ဆောင်လိုက်ကာ လေသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။

“ကြည့်ရတာ ကွယ်လွန်သူ ငါ့ကိုမြင်တွေ့စေချင်တဲ့ပစ္စည်းက နောက်ဆုံးတော့ထွက်ပေါ်လာခဲ့ပြီဘဲ...”

All Chapters