← Chapters

အရှက်မဲ့ပြီး ရမ္မက်ကြီးသော

Vol. 39 Ch. 540

အရှက်မဲ့ပြီး ရမ္မက်ကြီးသော

Vol. 39 Ch. 540

ဖီးနစ်အော်သံနယ်မြေထဲရှိ စစ်ပွဲက အခြေအနေ မကောင်းပေ။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ ပါဝင်ပတ်သက်လာမှုကြောင့် ရေသူမျိုးနွယ်စု၏ တိုက်ခိုက်ရေးအရည်အချင်းကို မြင့်တင်ပေးရာ ရောက်သွားသည်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နှင့် ရေသူမျိုးနွယ်စုတို့၏ နတ်ဆိုးဧကရာဇ်တို့က မတိုက်ခိုက်ခဲ့ပေ။ သို့သော် တိုက်ခိုက်ရေးအင်အားကိုမူ မြှင့်တင်ပေးနေသေးဆဲ ဖြစ်ကာ နယ်မြေ ကျွမ်းကျင်သူများ စစ်သည်တော် များစွာကို သေကြေပျက်စီးစေခဲ့သည်။

ရေသူမျိုးနွယ်စုက ဖီးနစ်အော်သံနယ်မြေ၏ အရှေ့ဘက် ပင်လယ်ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် စစ်မျက်နှာစာဆယ်ခု ဖွင့်ခဲ့သည်။ မဟူရာဖီးနစ်မြို့မှ တပ်ဖွဲ့အပြင် ကျန်သည့် တပ်ဖွဲ့ကိုးဖွဲ့က ပြင်းထန်သည့် တိုက်ပွဲအလယ်သို့ ကျရောက်နေ၏။ အကြိမ်ရေအနည်းငယ်အတွင်း စစ်သားတစ်သန်းကျော်က ဖီးနစ်အော်သံနယ်မြေပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မဟူရာဖီးနစ်မြို့မှ အနောက်ပိုင်းမြို့များလဲပြိုကျသော်ငြား ရေသူမျိုးနွယ်စုက မဟူရာဖီးနစ်မြို့ကို တိုက်ခိုက်ရန် အချိန်ဆွဲနေသေးသည်။ ရေသူနတ်ဆိုးဧကရာဇ်နှင့် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်တို့က ရေသူစစ်သည်တော် ငါးသိန်းဆီကို ဦးဆောင်လျက် မဟူရာဖီးနစ်မြို့အပြင် မိုင်တစ်ရာအကွာ၌ ရပ်နေကြသည်။ သူတို့ ဘာစဉ်းစားနေမှန်း မည်သူမျှ မသိကြချေ။

“ရေသူနတ်ဆိုးဧကရာဇ်ရဲ့ ဉာဏ်ရည်က လူသားတွေအောက် မလျော့ဘူး”

ဖီးနစ်အော်သံဧကရီက စီမံဆောင်ရွက်နေစဉ် ချင်းယွီက အပြင်ဘက်ရှိ အခြေအနေကို ထောက်လှမ်းပြီးနောက် သတင်းပြန်လာပို့သည်။ ကျန်းရီက သက်ပြင်းချလိုက်တော့၏။

ချင်းယွီက မျက်တောင်ခတ်ကာ ကျန်းရီကို နှစ်ချက်လောက် ကြည့်ပြီးနောက် သံသယဖြင့် မေးလိုက်တော့သည်။

“သခင်လေး ရေသူနတ်ဆိုးဧကရာဇ် မတိုက်ခိုက်သေးတဲ့ အကြောင်းအရင်းကိုများ သိလား”

“ခွီး ခွီး..”

ကျန်းရီက ရယ်လိုက်ပြီးနောက် သူ၏ ကတုံးပြောင်ပြောင်ကို ပွတ်လိုက်တော့သည်။ တိုက်ပွဲဝင်လိုစိတ်တို့ ပြည့်‌နေသည့် မျက်နှာက ယုံကြည်ချက်တို့ အရောင်အဝါတို့ဖြင့် ပြည့်နေ၏။ သူက ချင်းယွီ၏ ထိတ်လန့်အံ့အားသင့်နေသည့် အမူအရာကို မြင်လိုက်သောအခါ သာမန်သာ ပြောလိုက်တော့၏။

“ဒီလောက် သိသာနေတဲ့ ရည်ရွယ်ချက်ကို မင်း မမြင်နိုင်ဘူးလား ရေသူနတ်ဆိုးဧကရာဇ်က နယ်မြေတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ချင်နေတာ၊ ဒီနေရာမှာ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နဲ့ စခန်းချထားခဲ့မယ် ဆိုရင် ဖုန်းအာက ဒီနေရာကို သေတဲ့အထိ စောင့်ကြပ်ကာကွယ်သွားမှာပဲ”

“ဒါ့အပြင် မင်းတို့ ဖီးနစ်အော်သံနယ်မြေထဲက ကျွမ်းကျင်သူတွေ အားလုံးက ခုခံဖို့အတွက် ဒီနေရာမှာ မင်းတို့ ဧကရီကို ထားခဲ့ရမှာ စိုးရိမ်ပူပန်နေတာလေ တပ်ဖွဲ့တွေ အားလုံးက မဟူရာဖီးနစ်မြို့မှာ စုဝေးနေရင် ကျန်တဲ့မြို့တွေက ကျွမ်းကျင်သူတွေနဲ့ စစ်ရေးအင်အားက အားနည်းသွားမှာ သဘာဝပဲ။ သူတို့ ရေသူတပ်ဖွဲ့က မြို့တွေကို အားစိုက်ထုတ်ဖို့ မလိုဘဲ အေးအေးဆေးဆေး အနိုင်ယူ နယ်မြေတစ်ခုလုံးကို သွေးနဲ့ ဆေးကြောနိုင်ပြိလေ နောက်ဆုံးမှာ တပ်ဖွဲ့တွေက မဟူရာဖီးနစ်မြို့ကို ဝိုင်းလာလိမ့်မယ် နတ်ဆိုးဧကရာဇ်နှစ်ပါးကလည်း အဲဒီတော့မှ လှုပ်ရှားပြီး အပြည့်အဝ အောင်ပွဲရဖို့အတွက် မင်းတို့အားလုံးကို သုတ်သင်ရှင်းလင်ပစ်မှာ”

“အမ်..”

ချင်းယွီ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် သူ့မျက်လုံး၌ စိတ်ဝိညာဉ်အရှိန်အဝါတို့ဖြင့် တောက်ပလာတော့သည်။ သူမက မြန်မြန်ဆန်ဆန်ပဲ နားလည်သဘောပေါက်သွား၏။ သူမသည် ချင်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ကာ အရူးတစ်ယောက် မဟုတ်ပေ။ သို့သော် ယနေ့တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်သွားပြီဲးနောက် သူမစိတ်ကို ယာယီ နှေးကွေးသွားစေတာပဲ ဖြစ်၏။

ရေသူမျိုးနွယ်စုက တိတ်တဆတ် အကွက်ချနေတာ မဟုတ်ချေ။ သူတို့က ပွင့်ပွင့်လင်းလင်း ကြံစည်နေတာပဲ ဖြစ်သည်။

ဤနေရာတွင် နတ်ဆိုးဧကရာဇ်နှစ်ပါး ရှိနေ၏။ တပ်ဖွဲ့များက ဤနေရာကို မခုခံခဲ့လျှင် သူတို့က ဧကရီကို အလွယ်တကူ သတ်ဖြတ်ပြီး နယ်မြေကို သွေးဖြင့် ဆေးကြောတော့မှာပဲ ဖြစ်သည်။

သူတို့သည့် ဤနေရာ၌ စစ်ရေးအင်အား ကျွမ်းကျင်သူများအားလုံးကို စုဝေးထားခဲ့လျှင် သူတို့၏ တပ်ဖွဲ့များကို ခွဲပြီး ကျန်သည့် နေရာများကို တိုက်ခိုက်မှာပဲ ဖြစ်သည်။ နယ်မြေကို တတိတိ ဝါးမျိုပြီးနောက် နယ်မြေပေါ်ရှိ ရှင်သန်သူများအားလုံးကို သုတ်သင်ရှင်းလင်းပစ်ကာ ဖီးနစ်အော်သံဧကရီကို နောက်ဆုံး၌ ဖျက်ဆီးကြမှာပဲ ဖြစ်သည်။

ဟုတ်ပေ၏။ ဤနေရာတွင် နတ်ဆိုးဧကရာဇ်နှစ်ပါး ရှိနေရာ သူတို့၏ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဖုန်းလန်ကို သတ်ဖြတ်နိုင်ပေသည်။ ဖုန်းလန် သေသွားခဲ့လျှင် ဖီးနစ်အော်သံနယ်မြေသည် အုပ်စိုးသူ ကင်းမဲ့သွားပြီး ဖရိုဖရဲ ဖြစ်သွားမှာ သေချာ၏။ ထိုအချိန်ရောက်လျှင် နယ်မြေက သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် နတ်ဆိုးဧကရာဇ်နှစ်ပါးသည် အဘယ်ကြောင့် မတိုက်ခိုက်သေးသနည်း။

ချင်းယွီက အကြောင်းအရင်းမသိ၊ ကျန်းရီလည်း မသိပေ။ ဖုန်းလန်ကလည်း နားမလည်ချေ။ ယခု နတ်ဆိုးဧကရာဇ်နှစ်ပါးသာလျှင် သူတို့ဗျူဟာကို သူတို့သာ နားလည်မှာ ဖြစ်သည်။

“သခင်လေး အစီအစဉ်များ ရှိလား”

ချင်းယွီက ခါးသက်စွာ ရယ်မောလိုက်ပြီးနောက် ကျန်းရီကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်တော့သည်။ သူမက မေးခွန်းကို မေးသည့် အချိန်၌ ရင်ထဲ ရုတ်တရက် အေးစိမ့်မှု တစ်ခုက ခံစားလိုက်ရသည်။ သူမက အမျိုးသားတစ်ယောက်အပေါ်မှာ မျှော်လင့်ချက်တွေကို တကယ်ကြီး ထားလိုက်တာလား။ တစ်ဘဝလုံး အမျိုးသားတွေကို အထင်သေးပြီး သူတို့ကို အားမကိုးခဲ့ဘူး မဟုတ်လား။ အခု ဘာဖြစ်သွားတာလဲ။

ချင်းယွီက အမျိုးသားတစ်ဦးကို အားကိုးရန် ကြိုးစားနေခဲ့တာ မဟုတ်မှန်း ချင်းယွီ မသိပေ။ ထိုအစား ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်နေသောကြောင့် ကျန်းရီအပေါ် အကြောက်တရားတို့က သဘာဝအတိုင်း ဖြစ်တည်လာတာ ဖြစ်သည်။ ကျန်းရီ၌ ဖြုံလောက်သည့် ခွန်အားနှင့် ဖုန်းလန်ကို ပြန်လည် သန့်စင်နိုင်သည့်အချက် ပြောင်းလိုက်သောအခါ သူမရင်ထဲ၌ ကျန်းရီက အားကိုးနိုင်လောက်သည့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ယခုအချိန်တွင် ကျန်းရီက ယုံကြည်ချက် ရှိနေပြီး ထူးကဲသော အရှိန်အဝါတို့ ရှိနေလေရာ သူမကို အလိုလို သက်ရောက်သွားစေတော့သည်။

ကျန်းရီက အတွေးနစ်နေ၏။ လေးနက်တည်ကြည်သည့် အမျိုးသားတစ်ဦးက ကြည့်ကောင်းသော အမျိုးသားဖြစ်ကြောင်း လူတိုင်းက ဆိုကြပေသည်။ ချင်းယွီက သူ့ကို စိုးရိမ်ပူပန်စိတ်ဖြင့် ကြည့်နေပြီး သူ့ကို ကြည့်နေစဉ် ထူးဆန်းသည့် ခံစားချက်ကို ခံစားမိနေ၏။ ကျန်းရီ ရုတ်တရက် စကားပြောလိုက်သည့် အချိန်၌ သူမက ကြောက်လန့်သွားမိသည်။

“ဘာအစီအစဉ်ကောင်းမှ မရှိဘူး ဒါပေမဲ့ လုပ်ရမဲ့ အစီအစဉ်တစ်ခု ရှိတယ်”

ချင်းယွီက အာရုံပြန်မိလာသည့် အချိန်၌ သူမမျက်နှာက အနည်းငယ် ရဲနေပြီးနောက် ကြည်နူးစွာ ပြောလိုက်တော့သည်။

“သခင်လေး ကျေးဇူးပြုပြီး ပြောပါ ရန်သူတွေ နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်တယ် ဆိုရင် သခင်လေးက ဖီးနစ်အော်သံနယ်မြေရဲ့ ကျေးဇူးရှင်တစ်ယောက် ဖြစ်မှာပဲ နယ်မြေရဲ့တိုင်းသူပြည်သားတွေက သခင်လေးကို မျိုးဆက်ပေါင်းများစွာအထိ ကျေးဇူးတင်ကြလိမ့်မယ်”

“ကောင်းပြီ ကောင်းပြီ မင်းစကားပြောတဲ့ အရည်အချင်းက သိပ်တော့ မကောင်းဘူးပဲ”

ကျန်းရီက မျက်လုံးလန်ကြည့်လိုက်သည်။ ဤနယ်မြေတွင် သူ၏ တည်ရှိမှုအကြောင်း သိသည့်သူက အနည်းစုသာ ရှိသည်။ ရန်သူကို ဖယ်ရှားနိုင်အောင် သူတို့ကို သူ ကူညီပေးခဲ့လျှင် နယ်မြေထဲရှိ တိုင်းသူပြည်သားများက သူ့ကို မည်သို့ ကျေးဇူးတင်မည်နည်း။

ကျန်းရီက လေးနက်သည့်အသံဖြင့် မေးလိုက်တော့၏။

“ဖုန်းအာရဲ့ ခွန်အားက ဘယ်လိုလဲ၊ ရေသူနတ်ဆိုးဧကရာဇ်ကို အနိုင်ယူနိုင်လား ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို အနိုင်ယူဖို့ကရော..”

ထိုအကြောင်းကို ချင်းယွီက တွေးပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တော့သည်။

“ဧကရီက အဆင့်မြင့်စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံကို သန့်စင်ထားတာဈ အဲဒါက မိုးနဲ့မြေရဲ့တာအိုကြားထဲမှာ အမှောင်ထု တာအို ပုံစံပဲ၊ သေစေနိုင်လောက်အောင် အစွမ်းထက်တယ် ကျွန်မတို့ သူနဲ့အတူ ပူးပေါင်းတိုက်ခိုက်မယ် ဆိုရင် ရေသူနတ်ဆိုးဧကရာဇ်ကို မသတ်နိုင်ခဲ့ရင်‌တောင် ဒဏ်ရာပြင်းပြင်းရသွားအောင် လုပ်နိုင်တယ်”

သူမက ထပ်မပြောခင် ခေတ္တရပ်တန့်လိုက်၏။

“ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ရဲ့ ခွန်အားအကြောင်း ကျွန်မတို့တွေ မသိသေးဘူး နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့ နတ်ဆိုးမျိုးနွယ်စု ဖြစ်မှာပဲ အရင်တုန်းက တစ်ခါမှ မတိုက်ခိုက်ဖူးဘူးလေ”

“အမှောင်ထု တာအိုပုံစံလား”

ကျန်းရီက တိတ်ဆိတ်သွားသည်။ မိုးနှင့်မြေ တာအိုပုံစံများက နားလည်သဘောပေါက်ရန် အခက်ခဲဆုံးဖြစ်ပြီး အကြီးမြတ်ဆုံး စွမ်းအားရှိသည်။ သို့သော် ထိုတာအိုပုံစံကို ဖုန်းလန်ကိုယ်တိုင် နားလည်သဘောပေါက်ခဲ့ခြင်းထက် သူမသည် ဘိုးဘေးများဆီမှ အမွေဆက်ခံထားရုံမျှသာ ရှိသည်။

အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲ၌ နတ်ဆိုးဧကရာဇ် ပြောခဲ့တာကို တွေးမိသည့် အချိန်၌ သူက မျက်ခုံးပင့်ကာ မေးလိုက်တော့သည်။

“အထီးကျန်းးအရှေ့ပိုင်း ပင်လယ်ထဲက နတ်ဆိုးဧကရာဇ် အဆင့်သတ်မှတ်ချက်ကို ကြားဖူးလား ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ထိပ်တန်းငါးယောက်ဝင်တယ်လို့ ငါ ကြားဖူးတယ် ရေသူနတ်ဆိုးဧကရာဇ်ကရော ဘယ်အဆင့်လဲဆိုတာ မင်းတို့ သိလား”

“ထိပ်တန်းငါးယောက်လား”

ချင်းယွီက ဖြူရော်သွားကာ ပြောလိုက်တော့သည်။

“အထီးကျန်အရှေ့ပိုင်းပင်လယ်မှာ နတ်ဆိုးဧကရာဇ်(၁၅)ပါး ရှိပြီး ရေသူနတ်ဆိုးဧကရာဇ်ကအဆင့်(၁၀)လို့ ကောလာဟလရှိတယ်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ထိပ်တန်းငါးယောက်ထဲ ဝင်ခဲ့တယ် ဆိုရင် ကျွန်မတို့တွေ အနိုင်မယူနိုင်တဲ့ ရန်သူတစ်ဦး ဖြစ်နေမှာ”

“မင်း ဘာတွေ ကြောက်နေတာလဲ”

ကျန်းရီက ချင်းယွီကို စိုက်ကြည့်ပြီးနောက် ထပ်မေးလိုက်သည်။

“မင်းတို့ဆီမှာ ဗာဂျရာနယ်ပယ် အမျိုးသား ဘယ်နှစ်ယောက် ရှိလဲ၊ ဗာဂျရာနယ်ပယ် ပထမအဆင့် ဖြစ်ဖို့ပဲ လိုတာ”

“ဒါ.. ဒါက..”

ချင်းယွီက ပြောလိုက်သည်။

“ဧကရီရဲ့မျိုးနွယ်ထဲမှာ ဗာဂျရာနယ်ပယ် အမျိုးသားတစ်ယောက် ရှိတယ် ဒါပေမဲ့ သူက နည်းနည်း အသက်ကြီးနေပြီ သူ့လက်ကျန်ဘဝမှာ အဲဒီခွန်အားအဆင့်မှာပဲ ပိတ်မိနေဖို့ ဖြစ်နိုင်တယ်”

“သူ အသက်နည်းနည်း ကြီးနေရင်တောင် ငါတို့ ခေါ်လိုက်ရအောင်”

ကျန်းရီက လက်ယပ်ခေါ်ပြီးနောက် ပြောလိုက်သည်။

“ဖုန်းအာကို သွားခေါ်လာခဲ့ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် ယာယီ နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့အစီအစဉ်တစ်ခု ရှိတယ်။ ရေသူမျိုးနွယ်စုကို ငါတို့ ဖြေရှင်းပြီးတဲ့အချိန် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က နယ်မြေကို သူကိုယ်တိုင် တိုက်ခိုက်ရဲမှာ မဟုတ်ဘူး မဟုတ်ရင် အစောတည်းက လှုပ်ရှားပြီးလောက်ပြီ”

“အမ်..”

ချင်းယွီက ချက်ချင်းပင် ပျော်ရွှင်သွားကာ လေပွေနှယ် ပြေးထွက်သွားတော့၏။ မိနစ်သုံးဆယ် မပြည့်မီ၌ သူမက ဖီးနစ်အော်သံဧကရီကို အမြန်ခေါ်လာတော့သည်။

ဘီး..

ကျန်းရီက စကားပြောပြီး အချိန်ဖြုန်းမနေတော့ချေ။ သူက ဧကရီနန်းတော်ကို ထုတ်လိုက်ပြီးနောက် နတ်ဆိုးဘုရင်၏အလောင်းကို ထုတ်လိုက်သည်။ ထိုနတ်ဆိုးဘုရင်၌ ခေါင်းမရှိဘဲ ကိုယ်တစ်ဝက်သာ ကျန်သည့် ပင်လယ်ခြင်္သေ့တစ်ကောင် ဖြစ်ကြောင်း မြင်နိုင်ပေ၏။ အလောင်းတစ်ဝက်ကတောင် တောင်ငယ်လေး အရွယ်အစားခန့် ရှိနေကော နန်းတော်၏ သုံးပုံတစ်ပုံကို နေရာယူထားလေသည်။

ကျန်းရီက သိုလှောင်လက်စွပ်ကို ထုတ်ပြီးနောက် အထဲ၌ ပင်လယ်ခြင်္သေ့၏ အလောင်းကို သိမ်းလိုက်သည်။ ပြီးနောက် ဖုန်းလန်အား ပေးကာ ပြောလိုက်တော့၏။

“ဗာဂျရာနယ်ပယ် အဆင့်ရှိတဲ့ မင်းတို့ မျိုးနွယ်စုက လူတစ်ယောက်ကို ဒီလက်စွပ် ယူသွားခိုင်းပြီး အနောက်ပိုင်း ပင်လယ်ဆီ ခိုးဝင်ခိုင်းလိုက် ပြီးရင် အလောင်းကိုထုတ် အနောက်ပိုင်းပင်လယ်ဆီပြန် အလောင်းကို သယ်ပြီးတော့ ပျံသွား.. သူ ဝေးဝေးသွားလေ ငါတို့တွေက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို အချိန်ဆွဲနိုင်လေပဲ ဒါပေမဲ့ အဲဒီလူက သေချာပေါက် သေနိုင်တယ်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူ့ကို မဖမ်းမိခင် သူ့ကိုယ်သူ သတ်သေခဲ့မယ် ဆိုရင် အကောင်းဆုံးပဲ ဒါ့အပြင် အဲဒီလူက ရုပ်ဖျက်ထားဖို့လိုတယ် သူ့ကို ဆံပင်ရှည်ရှည်နဲ့ ပိုငယ်ရွယ်တဲ့ပုံ ပေါက်အောင်လုပ်”

ကျန်းရီက အသေးစိတ် ညွှန်ကြားပြီးနောက် ချင်းယွီက စိတ်ရှုပ်ထွေးသွားသည်။ သို့သော် ဖုန်းလန်၌ အကြံအချို့ ရှိ၏။ သူတို့က ခဏတာ တွေးလိုက်ကြပြီးနောက် စီမံစရာရှိသည်များကို စတင်ဆောင်ရွက်ကြပြီး မေးခွန်းတစ်ခွန်းမှ မမေးပေ။

ထိုအစား ချင်းယွီက တွေဝေစွာ မေးလိုက်တော့၏။

“သခင်လေး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ဒီနတ်ဆိုးဘုရင်ရဲ့အလောင်းကို သယ်တဲ့သူနောက် ဘာလို့ လိုက်ရမှာလဲ”

“ဒါက..”

ကျန်းရီက မျက်နှာသေ ဖြစ်နေ၏။ သို့သော် ရင်ထဲတွင်မူ အနေရခက်နေကာ အမှန်တရားကို မရှင်းပြနိုင် ဖြစ်နေသည်။ ထိုအလောင်းသည် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ သားဖြစ်ကြောင်း သူမကို မပြောပြနိုင်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် သူ့နောက် လိုက်လာခြင်းကြောင့် ဖီးနစ်အော်သံနယ်‌မြေကို ပါဝင်ညှိစွန်းစေခဲ့သည်ဟု သူ မပြောနိုင်ပေ။

ချင်းယွီလေးက သိချင်စိတ် ပြင်းပြနေသော မျက်လုံးကို ကြည့်ပြီး သူက ပြောလိုက်တော့သည်။

“ချင်းယွီလေး သခင်လေးလုပ်တာက အကြောင်းပြချက် ရှိပြီးသား ရေသူမျိုးနွယ်စုကို ဟန့်တားဖို့အတွက် စီစဉ်စရာရှိတာတွေကို ဘာလို့ သွားမလုပ်တာလဲ အရှက်မဲ့ပြီး ပြင်းပြတဲ့အရာတွေ လုပ်ဖို့အတွက် ငါနဲ့လိုက်ချင်နေတာလား”

***

All Chapters