← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

ဝမ်ရှောက်ထျန်း ဒေါသများထွက်နေသည်။ ချင်ရှီးရှီး ထွက်ပြေးနိုင်ရန်အတွက် သူ့မှာ သက်စွန့်ဆံဖျား ကြိုးစားလျက် အဘိုကြီးသရဲကို ထိန်းထားပေးခဲ့သည်။ သူ သတ္တိရှိစွာ ဆုံးဖြတ်ခဲ့သည်က ဤတစ်ကြိမ် ကပထမဆုံးပင် သို့ပေမဲ့ ချင်ရှီးရှီးက ထိုခွင့်အရေးကို အရမယူဘဲ မီးခလုတ်ကိုသွားဖွင့်နေခဲ့သည်။

"ဟို... ဆရာ၊ ကျွန်တော်တို့ အရင် စကားပြောရအောင်။ ပိုက်ဆံလိုရင် ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ရွှေချောင်းတွေ လုပ်ပေးပါ့မယ်။ ကျွန်တော်တို့မှာ ရွှေတွေ၊ ငွေတွေ တောင်ပုံယာပုံ ရှိပါတယ် ကျွန်တော် တို့ အသက်ကိုတော့ ချမ်းသာပေးပါခင်ဗျာ….။"

ဝမ်ရှောက်ထျန်းသည် နှစ်ဆယ်ကျော်ကြာ ရိုးသားခဲ့ဖူးသော်လည်း ယခုမူ သူ၏အသက်အတွက် သူ၏ စကားလုံးများက တဖြည်းဖြည်းနှင့် အရှက်အကြောက် ကင်းမဲ့လာခဲ့သည်။ သူသည် ပေါက်စီပင် မဝယ် နိုင်လောက်အောင် ဆင်းရဲသူပင်။ ဤ အဘိုးကြီးသရဲကို ရွှေ၊ ငွေ တောင်ပုံယာပုံ ဘယ်နေရာကနေယူ၍ သွားပေးနိုင်မည်နည်း။

သရဲကို လိမ်ပြောခြင်းက မှားပေသည်။ သို့ပေမဲ့ အသက်သေရသည်ထက်တော့ ပို၍သာပေသည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းက ရှက်မနေသည့်အပြင် ဂုဏ်ယူနေမိသည်။ သူသည စကားလုံးများနှင့် သရဲတစ်ကောင်ကို လှည့်စားနိုင်ခဲ့ပါက သူက တကယ်ကို အံ့မခန်း ဖြစ်သွားမှာပင်။

ရှင်းနေသည်မှာ ထိုအဘိုးကြီးမှာ ဦးနှောက်မဲ့သူ မဟုတ်ပေ။ သူသည် ဝမ်ရှောက်ထျန်းကို အထင်သေး ဟန်ဖြင့် ကြည့်လိုက်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်၊

"ငါ ရွှေ၊ ငွေ တောင်ပုံယာပုံ မလိုချင်ဘူး။ မင်းလည်း ရွှေ၊ ငွေ တောင်ပုံယာပုံ ရှာပေးနိုင်မှာ မဟုတ်ဘူး…။"

ဝမ်ရှောက်ထျန်း ထိတ်လန့်တကြားဖြင့် တံတွေးမျိုချလိုက်တယ်။ သူ၏ လှည့်ဖြားခြင်း စွမ်းရည်က အားနည်းနေတုန်းပင်။ ယနေ့သာ သူ လွတ်မြောက်သွားခဲ့ပါက လူတွေကို လှည့်စားသော အတတ်ပညာ ကို သင်ယူရန် အာမခံရောင်းသော သူဆီကို သွားကို သွားရပေမည်။

"အမ်၊ ဆရာ၊ ကျွန်တော့်ကို မယုံလို့ရပါတယ်။ 'လူငယ်တစ်ယောက်ရဲ့ အလားအလာကို လျှော့မတွက်နဲ့' ဆိုတဲ့ စကားပုံလဲ ရှိတယ်လေ။ ကျွန်တော့်ကို အထင်မသေးပါနဲ့၊ တစ်နေ့ကျရင် ကျွန်တော် ချမ်းသာလာ မှာပါ….။"

ဝမ်ရှောက်ထျန်းက ရင်ဘတ်ကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး သူ သေချာပေါက် ချမ်းသာလာမည်ဟု ယုံကြည်ချက်ရှိရှိ အာမခံလိုက်သည်။

"မင်းကို ချမ်းသာလာအောင် ငါ ကူညီပေးလို့ရတယ်….။"

အဘိုးကြီးသရဲက ခေါင်းတလားပေါ်ကို ပျံဝဲသွားကာ ထိုင်ချလိုက်ပြီး ဝမ်ရှောက်ထျန်းကို စူးစူးစိုက် စိုက်ကြည့်လိုက်သည်။

စွမ်းအားကြီးတဲ့ သရဲတစ်ကောင်က သင့်အားကို ချမ်းသာလာအောင် ကူညီပေးနိုင်သည်ဟု ပြောလာပါ က သင်ယုံနိုင်မည်တဲ့လား။ ဝမ်ရှောက်ထျန်းကတော့ လုံးဝမယုံပေ။ သို့ပေမဲ့ သူ မြေးတစ်ကောင်လို ခေါင်းညိတ်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"ကျွန်တော့်ကို ဘာလုပ်စေချင်လဲဆိုတာ ပြောပါ…။"

အဘိုးကြီးသရဲက သူ့၏ အတိတ်ဘဝဇာတ်ကြောင်းကို ဖြည်းဖြည်းချင်း ပြောပြခဲ့လေတော့သည်။

သူသည် သာမန်လူတစ်ယောက် မဟုတ်ပေ ။ ထို့ကြောင့်ပင် ဝမ်ရှောက်ထျန်း၏ ကတိစကားကို အထင် သေးခဲ့သည်မှာ မထူးဆန်းတော့ပေ။ ထိုအဘိုးကြီးသရဲသည် ရွှေ၊ ငွေများကို တောင်ပုံယာပုံ ပိုင်ဆိုင်ထား သူတစ်ဦးပင်။ စာရွက်တွေ မဟုတ်ဘဲ ခိုင်မာသည့် အစစ်အမှန် ရွှေနှင့်ငွေများဖြစ်သည်။

သူ၏ ထူးခြားသော အတိတ်ဘဝအကြောင်းကို ပြောရလျင် သူ၏ မျိုးရိုးနာမည်မှာ ယွမ် ဖြစ်ပြီး သူသည် ထုံချန်မြို့ မှ အချမ်းသာဆုံးပုဂ္ဂိုလ်၏ ဘိုးဘေး ဖြစ်ခဲ့လေသည်။ သူသည် ဘဝတစ်လျောက် များပြားလှ သော စည်းစိမ်ဥစ္စာများကို စုဆောင်းခဲ့ပြီး သူသေပြီးနောက်၌ သူအား ရိုသေကိုင်းရှိုင်းသော သားသမီး၊ မြေးမြစ်များက သူ့အား အကျော်ကြားဆုံး သုသာန်တစ်ခုတွင် မြှုပ်နှံသဂြိုလ်ခဲ့ကြလေ၏။

ထို့ပြင် ကံကောင်းစွာဖြင့် ထို သုသာန်က မီးသင်္ဂြိုဟ်စက်ဘေးမှာ တည်ရှိပေသည်။ နန်ရှန် သုသာန်…။

ချင်ရှီးရှီး၏ မျက်လုံးများက တဖျတ်ဖျတ် လင်းသွားတယ်။ သူမက ဝမ်ရှောက်ထျန်းကို တိုးတိုးလေး ကပ်ပြောလိုက်သည်၊

"မီးသင်္ဂြိုဟ်စက်က ဝန်ထမ်းဟောင်းတစ်ယောက်ဆီကနေ ကျွန်မ ကြားဖူးတယ်။ နန်ရှန် သုသာန်က အရင်က ပုဂ္ဂလိကပိုင် ဖြစ်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးတွေပြီးတော့ အစိုးရပိုင် သုသာန် ဖြစ်လာခဲ့ တာတဲ့။ ယွမ်မိသားစုက ဒီမြေကို ဝယ်ထားပေမယ့် ဆောက်လုပ်ရေးတော့ မစရသေးဘူး ထင်တယ်…။"

သူမ ဒီအကြောင်းကို တစ်စုံတစ်ဦးထံမှ ကြားဖူးခဲ့ခြင်းပင်။ ယွမ်မိသားစုသည် စီးပွားရေးသမားများ ဆိုသော်လည်း တကယ်တမ်းတွင် စေတနာကောင်းလှပေသည်။ မြေကို ဝယ်ပြီးနောကတွင် သူတို့က ရမ်းသမ်း ပြောင်းလဲမပစ်ခဲ့ဘဲ အစိုးရပိုင် သုသာန်အဖြစ် ဆက်လက်အသုံးပြုခွင့် ပေးခဲ့ပြီး နှစ်စဉ် ထိန်းသိမ်းစရိတ်တွက် ကုန်ကျငွေကိုပင် ထောက်ပံ့ပေးခဲ့လေသည်။

*ဝိုး… တကယ်လို့ ဒီအဘိုးကြီးသရဲက အဲဒီ ယွမ်မိသားစုကသာဆိုရင် တကယ်ကို ထူးခြားတဲ့သူ ဖြစ်ရ မယ်….။*

အဘိုးကြီးယွမ်သည် ခေါင်းတလားပေါ် ထိုင်လျက် သူ၏ အောင်မြင်မှုများကို ယုံကြည်ဟန်ရှိသော မာနကြီးသည့် အမူအရာဖြင့် သူ၏ အစွမ်းကို ပြသခဲ့သည်။

"ယွမ်ဆရာကြီး..၊ ဆရာကြီးက တကယ်ကို အံ့မခန်းပါပဲ။ တကယ်တော့ ကျွန်တော်က သာမန်အရပ်သား တစ်ယောက်ပါ စားဖို့နဲ့ နေဖို့လောက်ပဲ ရှာဖွေနိုင်ပါတယ်။ ကျွန်တော့်မှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး….။"

ဝမ်ရှောက်ထျန်းသည် အခြေခံမူကို ကောင်းကောင်း နားလည်သည်။ [တစ်ခုခုကို ရဖို့အတွက် အရင်ဆုံး တစ်ခုခုကို ပေးရမည်။ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး၊ ကောင်းကင်က ပေါက်စီကျလာရင် တောင် သံနဲ့လုပ်ထားတာ ဖြစ်နိုင်ပြီး တစ်ချက်တည်းနဲ့ လူကို သတ်နိုင်မည်။]

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ချမ်းသာရန်အတွက် လွန်စွာ စိတ်ဝင်စားမိသော်လည်း သရဲအဘိုကြီး တစ်ယောက်က သူ့အား ချမ်းသာလာရန် ကူညီပေးမည်ကို လက်မခံရဲခဲ့ပေ။ ထိုသရဲက တကယ်တမ်း ဘာကိုပြန်လိုချင်လဲဆိုသည်ကို မည်သူကသိနိုင်ပါမည်နည်း။

သူ၏ ဇာတိမြို့၌ ပုံပြင်တစ်ပုဒ် ရေပန်းစားနေသည်။ ထိုပုံပြင်သည် ရှေးဟောင်းပုံပြင်ဖြစ်သဖြင့် မှန်၊ မမှန် စစ်ဆေး၍ မရပေ။ ထိုပုံပြင်သည် မူလက အလွန်ဆင်းရဲပြီး စားဖို့ပင် မနည်းရုန်းကန်ခဲ့ရသော အိမ်ခြေမဲ့ လေလွင့်နေသူတစ်ယောက်၏အကြောင်း ပြောပြထားခြင်းပင်။

သို့ပေမဲ့ ရုတ်တရက် သူသည် ချမ်းသာသွားပြီး ရက်အနည်းငယ်တိုင်း ဝင်ငွေတွေ ရလာသည်။ သူ ဘာမှ မလုပ်ရပါဘဲ ရွှေတွေ၊ ငွေတွေ ဝတ်ဆင်ပြီး တခြားလူများက ဟောင်းနွမ်းနေသော အိမ်များတွင် နေထိုင် ချိန်၌ သူသည် ရွာထဲတွင် သုံးထပ်အိမ်တစ်လုံးကို ဆောက်ခဲ့၏။

ချမ်းသာလာပြီးနောက်တွင် ထိုအိမ်ခြေမဲ့သူက သူ၏ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများကို အလွန် ဂရုစိုက်ပြီး သူ၏မိသားစုတစ်ခုလုံးကို သုံးထပ်အိမ်တွင် ခေါ်ထားပြီး ဇိမ်ကျကျ နေထိုင်စေခဲ့သည်။သို့ပါ သော်လည်း ထိုကောင်းမွန်သော ဘဝသည် ကြာကြာမခံခဲ့ပေ။ သူ၏ မိသားစုအပေါ်တွင် ကံဆိုးခြင်းများ ကစတင်ကျရောက်လာခဲ့သည်။

ပထမဦးစွာ အိမ်ခြေမဲ့သူ၏ အမေသည် အိပ်နေရင်း သေဆုံးသွား၏။ အသက်ကြီးသောသူများသည် မတော်တဆ သေဆုံးမှုများက ဖြစ်တတ်သော်လည်း ဈာပနပွဲပြီးသည်နှင့် သူ၏ အစ်ကိုအကြီးဆုံး၏ ကလေးက ချော်လဲပြီး မီးဖိုပေါ်ကို ခေါင်းနှင့် ပြင်းထန်စွာ ရိုက်မိခဲ့ခြင်းကြောင့် နဖူးတွင် ကြီးမားသော အချိုင့်ကြီး ဖြစ်ကျန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြန်သည်။

ဤမျှနှင့်ပင် မပြီးသေးပေ။ မိသားစုထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြသည်။ အားလုံး သေဆုံးသွားပြီးသည့်နောက် ရွာသားများက အိမ်ခြေမဲ့သူကို အချိန်အတော်ကြာ မတွေ့ရတော့ သည်ကို သတိပြုမိလာကြသည်။ သူတို့သည် သုံးထပ်အိမ်ထဲသို့ ဝင်သွားပြီး ကြည့်လိုက်သောအခါ ထိုသူသည် သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးလျက်ရှိသည်ကို တွေ့လိုက်ရလေသည်။ သို့ပေမဲ့ မြေအောက် ခန်းထဲ၌ သူတို့သည် အမှတ်တရ ကျောက်ပြားတစ်ခုကို တွေ့ရှိခဲ့ကြသည်။

ယင်းမှာ ထိုလူ သို့မဟုတ် မိသားစုဝင်များ၏ ပုံ မဟုတ်ဘဲ လှည့်လည်သွားလာနေသော သရဲတစ်ကောင် ၏ ပုံပင် ဖြစ်သည်။

သူတို့သည် သရဲကို မောင်းထုတ်ရန် ဆရာတစ်ဦးကို ပင့်၍ ပူဇော်ပွဲ ပြုလုပ်ခဲ့သည်။ ထိုအခါမှသာ ထိုသူသည် သရဲနှင့် သူ၏ မိသားစုဝင်များ၏ အသက်များကို လဲလှယ်၍ စည်းစိမ်ဥစ္စာများ ရရှိခဲ့ ကြောင်း နားလည်ခဲ့ကြလေသည်။

ထို့ကြောင့် သရဲနှင့် သဘောတူညီချက် ရယူခြင်းမှာ မလွယ်ကူလှပေ။ နောက်ဆုံးတွင် ထိုသူသည်လည်း အသက်ဆုံးရှုံးခဲ့ရလေသည်။

ထို့ကြောင့်ပင် ဝမ်ရှောက်ထျန်းက ဤအဖြစ်အပျက်ကို သတိပေးချက်အဖြစ် ခံယူခဲ့တယ်။ သူသည် ခဏတဖြုတ်ပင်ဖြစ်စေ အဘိုးကြီးသရဲ၏ တောင်းဆိုမှုကို လုံးဝ လက်မခံချင်ခဲ့ပေ။ ထိုအဘိုးကြီးသရဲ သည် သူ့အား ကပ်တွယ်နေမည်ကို စိုးရိမ်နေခဲ့သည်ပင်။

အဘိုးကြီးသရဲက ခေါင်းတလားပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဝမ်ရှောက်ထျန်း တုံ့ပြန်ဖို့ပငင် မမီလိုက်ခင် ထိုသရဲသည် ရုတ်တရက် သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ လူနဲ့ သရဲ ကြားမှ အကွာအဝေး သည် လက်ညှိုးတစ်ချောင်းစာသာ ရှိတော့၏။

"အဘိုး...အဘိုး ဘာလုပ်ချင်တာလဲ….။"

ဝမ်ရှောက်ထျန်း၏ ခြေထောက်များ တုန်ယင်လာခဲ့သည်။

အဘိုးကြီးသရဲက သူ့အား မျက်လုံးပြုးကြီးဖြင့် စိုက်ကြည့်လိုက်၏။

"မင်း အသက်ရှင်ချင်တာ မဟုတ်ဘူးလား….။ ငါ မရှိရင် မင်း ဒီနေ့ သေပြီ။ အဲဒီ ကောင်မလေးလည်း အသက်ရှင်နေမှာ မဟုတ်ဘူး….။"

ဝမ်ရှောက်ထျန်းရဲ့ ကျောရိုးတစ်လျှောက် တောင့်တင်းအေးစက်သွားသည်။ ဤသည်က ခြိမ်းခြောက် နေခြင်းပင်။

"ကျွန်တော် အသက်ရှင်ချင်ပါတယ်။ ကျွန်တော့ကို လွှတ်ပေးပါ….။ အဲဒါဆို ကျွန်တော် အသက်ရှင် မှာ…။"

အဘိုးကြီးသရဲက ဟားတိုက်ပြီး ရယ်လိုက်သည်။

"အပြင်က ဝိညာဉ်ကို မင်း အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား…။ ငါကတော့ ငါ့ရဲ့ အသိစိတ်တွေ ရှိနေ သေးတယ်။ ဒါပေမဲ့ အဲဒီကောင်ကတော့ မရှိတော့ဘူး။ အဲ့ဒီကောင်က ငါ့ရဲ့ နှလုံးနဲ့ အသည်းကို စားပစ် လိုက်တာ။ ဒီကောင်က သရဲ မဟုတ်တော့ဘူး။ ယင်နတ်ဆိုး ဖြစ်နေပြီ။"

“ယင်နတ်ဆိုးလား….”

ဝမ်ရှောက်ထျန်း ထိုဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးဖြစ်သော်လည်း ယင်နတ်ဆိုး ဆိုသည်မှာ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုသည်ကို သူ သိလိုက်သည်။

"ကျွန်တော်လည်း မြင်ပါတယ်။ အဘိုး အသက်ရှင်စဉ်က လူကောင်းတစ်ယောက် ဖြစ်ခဲ့တယ်၊ သေတဲ့ အခါမှာလည်း ကောင်းတဲ့ဝိညာဉ် ဖြစ်နေမှာ။ အဘိုးက ကျွန်တော့ကို အဘိုးအတွက် အလုပ်တွေ လုပ်စေချင်တယ်။ ကျွန်တော်ကလည်း အသက်ရှင်ချင်တယ်။ ဒါဆို အဆင်ပြေသွားပြီပေါ့။ ပြောလိုက် ပါ၊ အဘိုး ကျွန်တော့ကို ဘာလုပ်စေချင်တာလဲ….။"

ဝမ်ရှောက်ထျန်းက အံကိုကြိတ်လိုက်သည်။ အခြေအနေက ဤအဆင့်ထိ ရောက်လာပြီဆိုမှတော့ တခြားနည်းလမ်း မရှိတော့ပေ။

အဘိုးကြီးသရဲက ပြုံးလိုက်သည်။ ကြီးမားသော သွားမဲမဲကြီးများ ပေါ်လာပြီး သူ၏ အနောက်မှ ခေါင်းတလားကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီ ခေါင်းတလားက ငါ့ဟာပဲ။ တစ်စုံတစ်ယောက်က တူးဖော်သွားခဲ့တယ်။ ငါ့မှာ အခြား တောင်းဆို ချက်မရှိဘူး။ အဲဒါကို သူ့နေရာသူ ပြန်ထားပေးဖို့ပဲ….။"

ဝမ်ရှောက်ထျန်း အံ့ဩသွားသည်။

"အဘိုးဆိုလိုတာက ဒီခေါင်းတလားက အဘိုးဟာပေါ့….။"

အနီရောင်တောက်ပနေသော ခေါင်းတလားသည် ရွှေမှုန့်များနှင့် အနုစိတ် ပုံစံများထွင်းထုထားလေသည် ။ လက်ရာက သေသပ်လှပပြီး တန်ဖိုးကြီးသည်မှာ သိသာနိုင်ပေသည်။

သို့ပေမဲ့ ထိုခေါင်းတလားက အသစ်စက်စက်လို ဖြစ်နေသည်ပင်။

All Chapters