← Chapters

ငါ သေသွားပြီလား

Vol. 5 Ch. 53

ငါ သေသွားပြီလား

Vol. 5 Ch. 53

မကြောက်ဘူးဟု ပြောလျှင် လိမ်ရာကျပေမည်။ သူသည် ထိုစုတ်ပြတ်သတ်နေသော အိမ်အရောက် ပို့ဆိုင်ထဲသို့ မှားဝင်မိရာမှ ဤထူးဆန်းသော အဖြစ်အပျက်များနှင့် မတော်တဆ ကြုံတွေ့နေရသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ဤအရာများကို မြင်တွေ့နေရသော်လည်း သူ၏ ကြောက်စိတ်မှာ အနည်းငယ်မျှပင် လျော့ပါးမသွားပေ။

ဝမ်ရှောက်ထျန်း အံကြိတ်လိုက်သည်။ သို့သော် သူနှင့် ချင်ရှီးရှီး တို့ အတူတူ ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးမိသောအခါမှ စိတ်အနည်းငယ် အေးသွားရသည်။ မည်သို့ပင်ဆိုစေ ချင်ရှီးရှီးက သူ့ကို ရန်မူမည့် အကြံမရှိခဲ့သည်မှာ သေချာသည်။

ရုံးခန်းအဆောက်အအုံ တစ်ခုလုံးမှာ မှောင်မိုက်နေသည်။ သုသာန်နှင့် နီးကပ်နေပြီး အလောင်းများကို မီးရှို့သည့်နေရာ ဖြစ်သဖြင့် ခြောက်ခြားစရာ ကောင်းနေသည်မှာ မဆန်းပေ။ ဝမ်ရှောက်ထျန်း အသက် ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

တိတ်ဆိတ်နေသော အခန်းများထဲမှ အခန်းတစ်ခုထဲတွင် လူတစ်ယောက် လမ်းလျှောက်နေ သလိုလို၊ နံရံနှင့် ပွတ်တိုက်သံလိုလို တရှပ်ရှပ် အသံများကို ဝမ်ရှောက်ထျန်း ကြားလိုက်ရသည်။ သူသည် တံတွေး ကို ခက်ခဲစွာ မျိုချလိုက်ပြီး ဧကရာဇ်ငါးပါးဒင်္ဂါးကို တင်းတင်းဆုပ်ကိုင်ထားကာ နောက်ဆုံးအခန်းဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။

ရုတ်တရက် ဝမ်ရှောက်ထျန်း၏ နောက်ဘက်ရှိ နံရံမှ မျက်နှာတစ်ခု ထွက်ပေါ်လာပြီး အေးစက်စက် ပြုံးပြနေသည်။ အနောက်မှ တိုက်ခတ်လာသော အေးစက်သော လေကြောင့် သူ လှည့်ကြည့်လိုက်ရာ ထိုကြောက်မက်ဖွယ် မျက်နှာကြီးကို မြင်လိုက်ရသည်။ သူသည် မမြင်ချင်ယောင်ဆောင်ကာ အရှေ့သို့ အမြန် လျှောက်သွားခဲ့သည်။ ထိုသရဲကို သူ မြင်နိုင်သည်ဆိုခြင်းကို မသိစေချင်သောကြောင့် ဖြစ်သည်။

ယခင်က အဘွားကြီးသရဲနှင့် တိုက်ခိုက်ခဲ့ရသဖြင့် ဝမ်ရှောက်ထျန်းမှာ အားအင်ကုန်ခမ်းကာ ခေါင်းများ မူးနောက်နေပြီ ဖြစ်သည်။ သို့သော် အနားယူရန် အချိန်မဟုတ်ပေ။ အပြင်တွင်လည်း မှောင်မည်းနေပြီး စင်္ကြံလမ်းမှ မီးရောင်များမှာလည်း မှိန်ဖျော့နေသဖြင့် သူ၏ အစွမ်းထက်သော လက်နှိပ်ဓာတ်မီး ကိုသာ သတိရမိတော့သည်။

နောက်ဆုံး တံခါးချပ်...။

ဝမ်ရှောက်ထျန်း တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။ အခန်းထဲတွင် မှောင်အတိ ကျနေသော်လည်း စင်္ကြံမှ ဝင်လာသော မီးရောင်ဖျော့ဖျော့ကြောင့် အခန်းထဲ၌ စားပွဲတစ်လုံးနှင့် ကုတင်တစ်လုံး ရှိနေသည် ကို မြင်လိုက်ရသည်။

ချင်ရှီးရှီးသည် စားပွဲတွင် ထိုင်နေပြီး ကွန်ပျူတာမှ ထွက်ပေါ်နေသော အပြာရောင် အလင်းကြောင့် သူမ ၏ မျက်နှာမှာ ပို၍ ဖြူဖျော့နေသည်။ သူမသည် အသက်မဲ့စွာ ထိုင်နေသော်လည်း အသံကြားသောအခါ ဝမ်ရှောက်ထျန်းကို စိုက်ကြည့်လာသည်။ ဝမ်ရှောက်ထျန်းမှာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီ လာသည်။ သူသည် မူလကတည်းက သရဲကြောက်သူဖြစ်ရာ သရဲမဖြစ်နေသော ချင်ရှီးရှီးနှင့် အချိန် အတော်ကြာ အတူရှိနေခဲ့သည်ဟု တွေးမိသောအခါ ကြောက်စိတ်က ပို၍ ကြီးစိုးလာသည်။

ခဏအကြာတွင် ဝမ်ရှောက်ထျန်းက တည်ငြိမ်ဟန်ဆောင်ကာ လည်ပင်းမှ ဧကရာဇ်ငါးပါးဒင်္ဂါးကို ထုတ်လိုက်သည်။

"ဝမ်ရှောက်ထျန်း... ရှင် ဒီမှာ ဘာလုပ်နေတာလဲ…..။"

ကြည်လင်ပြတ်သားသော အသံတစ်ခု သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ ၎င်းမှာ ချင်ရှီးရှီး ၏ အသံပင် ဖြစ်သည်။ ဝမ်ရှောက်ထျန်း လှည့်ကြည့်လိုက်ရာ ချင်ရှီးရှီး ရပ်နေသည်ကို တွေ့လိုက်ရ သည်။ ဝမ်ရှောက်ထျန်းသည် အခန်းထဲမှ အခြားသော ချင်ရှီးရှီးပုံရိပ်ကို သူမ မမြင်စေရန် တံခါးဝတွင် ကွယ်ကာ ရပ်လိုက်သည်။

ဘယ်စာအုပ်ထဲမှာ ဖတ်ဖူးသည် မသိသော်လည်း သရဲဆိုသည်မှာ စွဲလမ်းမှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ သရဲတစ်ကောင်သည် သူ သေသွားပြီ ဖြစ်ကြောင်း သိရှိသွားပါက သူ၏ စွမ်းအင်များ ပျောက်ကွယ်သွားပြီး လုံးဝ ကွယ်ပျောက်သွားတတ်သည်။

"ကျွန်မ ရုံးခန်းအပြင်မှာ ဘာရပ်လုပ်နေတာလဲ အထဲ ဝင်လေ…"

ဟု ချင်ရှီးရှီးက ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း ခေါင်းခါလိုက်ပြီး ငြင်းလိုက်သည်။

"နေပါစေ... ညသန်းခေါင်ယံမှာ ယောကျ်ားနဲ့ မိန်းမ နှစ်ယောက်တည်း အခန်းထဲမှာ ရှိနေတာ မသင့်တော် ပါဘူး။ ငါ မဝင်တော့ပါဘူး…။"

ထိုစဉ်မှာပင် ဝမ်ရှောက်ထျန်းသည် စင်္ကြံလမ်းအဆုံးတွင် ထိုသရဲမ ပေါ်လာပြီး လက်ဟန်ခြေဟန်နှင့် တစ်စုံတစ်ခုကို ပြနေသည်ကို တွေ့လိုက်ရသည်။ ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှောက်ထျန်း ရုတ်တ ရက် ကျောစိမ့်သွားသည်။

*ကျောက်စိမ်းဆွဲပြားလား….*

သရဲမသည် သူမ၏ လည်ပင်းကို ညွှန်ပြကာ လက်အမူရာဖြင့်ပြနေခြင်း ဖြစ်သည်။ ဝမ်ရှောက်ထျန်း၏ လည်ပင်းတွင် ချင်ရှီးရှီး ပေးထားသော ကျောက်စိမ်းဆွဲသီး ရှိနေဆဲ ဖြစ်သည်။ ထိုသရဲမက ၎င်းကို ပိုင်ရှင်ထံ ပြန်ပေးရန် သတိပေးနေခြင်းများလား။

ဤကျောက်စိမ်းဆွဲပြားမှာ မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်သည့် ရတနာဖြစ်ရာ ထူးခြားသည်မှာ သေချာပေသည်။ သို့သော် ဝမ်ရှောက်ထျန်းတွင် ၎င်းကို ကိုယ်ကျိုးအတွက် သိမ်းထားရန် စိတ်ကူး မရှိပေ။

ဝမ်ရှောက်ထျန်း၏ အတွေ့အကြုံအရ ချင်ရှီးရှီးမှာ သံသယဖြစ်စရာ ကောင်းနေသည်မှာ သေချာသည်။ ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးကို လမ်းဖယ်ပေးလိုက်ရာ သူမသည် အခန်းထဲရှိ ကုလားထိုင်ပေါ် တွင် ထိုင်နေသော သူမကိုယ်တိုင်၏ ပုံရိပ်ကို မြင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"အား….."

ချင်ရှီးရှီး အလွန်အမင်း ကြောက်လန့်သွားသည်။ သရဲရှိသည်ကို သိထားသော်လည်း မိမိကိုယ်တိုင် သရဲ ဖြစ်နေသည်ကို သိရခြင်းမှာ လုံးဝ မတူညီသော ခံစားချက် ဖြစ်သည်။

"မအော်နဲ့…. မအော်ပါနဲ့….."

ဝမ်ရှောက်ထျန်းက သူမ၏ ပါးစပ်ကို လှမ်းပိတ်ရန် ကြိုးစားသော်လည်း သူ၏ လက်မှာ သူမ၏ ကိုယ်ထဲ သို့ ထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။ ချင်ရှီးရှီးလည်း ၎င်းကို သတိပြုမိသွားပြီး တုန်တုန်ရီရီ ဖြင့် -

"ကျွန်မ က... ကျွန်မ က သရဲလား…."

သရဲတစ်ကောင်က သူမ၏ ပုံသဏ္ဌာန်ကို ယူထားသည်ဟု သူမ အစပိုင်းတွင် ထင်ခဲ့သော်လည်း ဝမ်ရှောက်ထျန်း ၏ လုပ်ရပ်ကြောင့် သူမ သေသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

"ကျွန်မ သေသွားပြီ... ဟုတ်တယ်၊ ကျွန်မ သေသွားပြီ။ ပစ္စည်းလာယူရင်း ကုလားထိုင်ပေါ်မှာ ခဏ အိပ်ပျော်သွားတာ... အဲဒါနဲ့ သေသွားတာပဲ"

သူမ အရာအားလုံးကို မှတ်မိသွားသည်။

ဒီနေ့ သူမ ခွင့်ရသော်လည်း အမေဖြစ်သူက အတင်းအကျပ် အိမ်ထောင်ဖက် တွေ့ခိုင်းသဖြင့် သွားခဲ့ ရသည်။ ထိုနေရာတွင် သူမ၏ အလုပ်အကိုင်ကြောင့် စားသောက်ဆိုင်တွင် ထိုယောကျ်ား၏ နှိမ်ချမှုကို ခံခဲ့ရသည်။ ဒေါသထွက်ထွက်နှင့် အိမ်မပြန်ချင်ဘဲ ရှိနေစဉ် ရုံးခန်းမှာ USB ကျန်ခဲ့သည်ကို သတိရ၍ ပြန်လာယူခဲ့ခြင်းဖြစ်သည်။

အချိန်စောနေသေးသဖြင့် အိမ်မပြန်ချင်သေးဘဲ စားပွဲပေါ်မှာ အိပ်ပျော်သွားခဲ့သည်။ သို့သော် နိုးလာချိန် တွင် အရာအားလုံး ပြောင်းလဲသွားကာ သူမ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်ဘဝနှင့် သူမသည် အလုပ်လုပ်နေဆဲဟု ဝေဝေဝါးဝါး ထင်မှတ်နေခဲ့ ခြင်း ဖြစ်သည်။

ချင်ရှီးရှီးသည် အလွန်အမင်း ထိတ်လန့်ကာ ငိုယိုတော့သည်။

"အား... ဝမ်ရှောက်ထျန်း… ကျွန်မ သေသွားပြီ…။ကျွန်မ တကယ်ကြီး သေသွားပြီ…။ ဒီနေ့မှ ကျွန်မ အသက် ( ၂၃) နှစ်ပြည့်တာလေ…။ ဘယ်လိုလုပ် သေနိုင်မှာလဲ…။"

သူမသည် ကျန်းမာရေး အလွန်ကောင်းမွန်သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ဆေးစစ်ချက်အရလည်း မည်သည့် ရောဂါမျှ မရှိခဲ့ပေ။ တစ်နှစ်ပတ်လုံး နှာစေးချောင်းဆိုးပင် ဖြစ်ခဲသူ ဖြစ်သည်။ ဤမျှ ကျန်းမာ သော ခန္ဓာကိုယ်က တစ်ညအိပ်ရုံနှင့် ဘယ်လိုလုပ် သေနိုင်မည်နည်း။

ဝမ်ရှောက်ထျန်းလည်း အံ့ဩသွားရသည်။ သူက အမြန်ချော့မော့လိုက်ကာ

"မထိတ်လန့်ပါနဲ့…။ အဘိုးယွမ် က မင်း ကို ကယ်ဖို့ ငါ့ ကို လွှတ်လိုက်တာ။ မင်း အသက်ရှင်ဖို့ အခွင့် အရေး ရှိပါသေးတယ်။ ငါ အထဲဝင်ကြည့်လိုက်ဦးမယ်…။"

သူသည် စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ကုလားထိုင်ပေါ်ရှိ ချင်ရှီးရှီးမှာ အသက်မဲ့စွာ စိုက်ကြည့် နေဆဲ ဖြစ်သည်။ ဝမ်ရှောက်ထျန်းက သတ္တိမွေးကာ သူမ၏ နှာခေါင်းနားသို့ လက်ကပ်ကြည့်လိုက်ရာ -

"ချင်ရှီးရှီး... မြန်မြန်လာ….၊မင်း အသက်ရှူနေတုန်းပဲ….။"

ခန္ဓာကိုယ်က မသေသေးသဖြင့် ချင်ရှီးရှီးမှာ သရဲမဟုတ်ဘဲ ဝိညာဉ်လွင့်နေခြင်းသာ ဖြစ်သည်။

အသက်ရှင်ရန် မျှော်လင့်ချက် ရှိသေးသည်….။

ကျောက်စိမ်းဆွဲပြားသည် ချင်ရှီးရှီးကို သတိပြန်ရစေမည့် သော့ချက်ဖြစ်မည်ဟု ဝမ်ရှောက်ထျန်း ထင်မိ လိုက်သော်လည်း မည်သို့လုပ်ရမည်ကို သူ မသိပေ။ ကျောက်စိမ်းဆွဲပြားကို ချင်ရှီးရှီး၏ လည်ပင်း မှာ ဆွဲပေးလိုက်သော်လည်း ဘာမှ ထူးမလာခဲ့ပေ။

ချင်ရှီးရှီးမှာ ပျာယာခတ်နေသည်။ သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ကြိုးစားသော်လည်း အချည်းနှီး ပင်။ ဖောက်ထွက်သွားသည်သာ ရှိသည်။

"ဟုတ်ပြီ…."

ဝမ်ရှောက်ထျန်းသည် လီရွှယ် ပေးထားသော စာအုပ်ကို အိတ်ထဲမှ အမြန်ဆွဲထုတ်လိုက်သည်။ စာအုပ် ထဲရှိ သင်္ကေတများမှာ လျှို့ဝှက်စာများကဲ့သို့ပင်။

ချင်ရှီးရှီးက အံ့ဩတကြီး အော်လိုက်ပြီး ဝမ်ရှောက်ထျန်းကို နောက်သို့ ဆွဲကာ စာအုပ်ကို လက်ညှိုးထိုး ပြလိုက်သည်။

"နောက်ပြန်လှန်လိုက်…. စောစောက စာမျက်နှာပဲ။ အဲဒီမှာ 'ဝိညာဉ် ခန္ဓာကိုယ်မှ ခွဲထွက်ခြင်း' လို့ ရေးထားတယ်….။"

"ဟာ... မင်း က ဒီစာလုံးတွေကို ဖတ်တတ်တာလား…..။"

ဝမ်ရှောက်ထျန်း ဝမ်းသာအားရ မေးလိုက်သည်။

"ဒါတွေက ရှေးဟောင်းစာပေတွေလေ ကျွန်မ အနည်းအကျဉ်း သိပါတယ်။ ရှေ့စာမျက်နှာကို ပြန်လှန် ပေးပါဦး ကျွန်မ ကြည့်ပါရစေ….။"

All Chapters