← Chapters

လက်ဆောင်

Vol. 5 Ch. 56

လက်ဆောင်

Vol. 5 Ch. 56

“အစ်ကိုချောင်… အစ်ကို့အထင်က အရမ်းလွန်သွားပြီ။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ် ကြည့်လို့ မရဘူးလေ။ တချို့က ရုပ်ဆိုးချင်ဆိုးမယ်၊ ဒါပေမဲ့ စိတ်ထားကောင်းချင် ကောင်းမှာပေါ့။ လူ တိုင်းမှာ ချစ်ခွင့်ရှိတာပဲ။ တစ်ယောက်ယောက်က အလှအပကို မြတ်နိုးရုံနဲ့ လူယုတ်မာလို့ ပြောလို့မရဘူး လေ…။”

ချောင်ကျိဖိန်က ခေါင်းကို တသွင်သွင်ခါယမ်းရင်း

“အဲ့ဒီကောင်စုတ်ကလေ ဘယ်လောက် စက်ဆုပ်ဖို့ကောင်းလဲဆိုတာ မင်း မသိလို့ပါ။ သူက စိတ်မနှံ့တဲ့ ကောင်ဗျ။ ချင်ရှီးရှီး လွှင့်ပစ်လိုက်တဲ့ ထမင်းစားတူတွေ၊ ဇွန်းတွေကိုတောင် လိုက်သိမ်းနေတာ…”

“ဟမ်... အဲ့ဒီလို ရွံစရာကောင်းတာတွေတောင် ရှိတာလား…။”

“ရှိတာပေါ့….။ ပြီးခဲ့တဲ့လကတင် ကျိုးဆိုတဲ့ ကောင်စုတ်က ကတ်ထူဖာအကြီးကြီး တစ်လုံးနဲ့ ချင်ရှီးရှီး ကို လာပြီး လူပျိုလှည့်သေးတယ်။ အားလုံးက ပန်းတွေ ဒါမှမဟုတ် လက်ဆောင်တွေ ထင်နေတာ၊ တကယ်တော့ အထဲမှာ ချင်ရှီးရှီး လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေချည်းပဲ၊ သုံးပြီးသား လက်အိတ်တွေ တောင် ပါသေးတယ်….။”

အလောင်းပြင်သူတွေက အလုပ်လုပ်သောအခါ လက်အိတ်များကို ဝတ်ဆင်ကြရသည်။ တစ်ခါသုံး လက်အိတ်များကို သုံးပြီးသည်နှင့် လွှင့်ပစ်လေ့ရှိသည်။ ကျိုးရှောင်ဝေဆိုသူက ထိုလက်အိတ်များကို ဘယ်ကနေ ဘယ်လို ရှာဖွေလာသည်မသိ။ သေသေချာချာ စီစီရီရီလုပ်၊ ဖဲပြားတွေ ချည်ပြီး ချင်ရှီးရှီးကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်းပင်။

“ဘုရားရေ….။ တကယ့် စိတ္တဇကောင်ပဲ။”

အလောင်းပြင်သူ ဝတ်တဲ့ လက်အိတ်ဆိုတော့ ထိုလက်အိတ်တွေက အလောင်းတွေကို ကိုင်ထားခြင်း မဟုတ်ပါလား။

ချောင်ကျိဖိန်က သက်ပြင်းကို အားပါးတရ ချလိုက်ပြီး၊

"အဲ့ဒီ ကျိုးဆိုတဲ့ ကောင်စုတ်က တကယ် စိတ်မမှန်တဲ့ကောင်။ ဒီကိစ္စနောက်ကွယ်မှာ ကျိုးရှောင်ဝေ ရှိနေတယ်လို့ ငါ သံသယရှိတယ်…။"

ခဏမျှ စဉ်းစားပြီးနောက် ချောင်ကျိဖိန်က လျှို့ဝှက်သည့် လေသံဖြင့်

"ငါ မှတ်မိသေးတယ် ပြီးခဲ့တဲ့လက လူငယ်တစ်ယောက် ဒီမှာ လာပြီး ဆိုင်ဖွင့်ဖူးတယ်။ သူက ဒီဗွီဒီတွေနဲ့ နာမည်ကြီး မင်းသား၊ မင်းသမီး ဓါတ်ပုံတွေ ရောင်းတာ။ ငါ့လုပ်ဖော်ကိုင်ဖက် ပြောပြတာတော့ အဲ့ဒီလူ က မရိုးဘူးတဲ့။ ပိုက်ဆံအလုံအလောက် ပေးနိုင်ရင် မင်းရဲ့ အသည်းကျော် နာမည်ကြီးတွေနဲ့ ဘဝဟောင်း က ရေစက်ကို ပြန်ဖော်ပေးနိုင်တယ်လို့ ပြောတာပဲ…။"

ဝမ်ရှောက်ထျန်း အံ့သြသွားရသည်။

"ဒီလို လုပ်ငန်းမျိုးလည်း ရှိသေးတာလား….။"

"မင်း မသိပါဘူး….။ ပိုက်ဆံက စကားပြောတာကွ။ ပိုက်ဆံသာ ရှိရင် ဘာမဆို လုပ်လို့ရတယ်….။"

"အစ်ကို ပြောတာ ဟုတ်တယ်…။ လူက ငွေနောက် လိုက်ရင်းသေ၊ ငှက်က အစာနောက် လိုက်ရင်းသေ ဆိုသလိုပဲ။ ပိုက်ဆံရဖို့ဆို ဘာမဆို လုပ်ကြမှာပဲ။ ချင်ရှီးရှီးလည်း အဲ့ဒီထောင်ချောက်ထဲ မိသွားတာ ဖြစ်နိုင်တယ်…။"

စကားပြောနေရင်း ဝမ်ရှောက်ထျန်းက အဝေးမှ ခပ်သဲ့သဲ့ အသံများကို ကြားလိုက်ရသည်။ သူက အံ့သြ တကြီးဖြင့် မေးလိုက်သည်။

"အစ်ကိုချောင်၊ အစ်ကို တစ်ခုခု ကြားလား…။ နှဲမှုတ်သံလိုလို၊ ဗုံတီးသံ၊ လင်းကွင်းတီးသံတွေ ကြားနေ ရတယ်….။"

"ဒါ... မင်္ဂလာဆောင် လှည့်လည်လာတဲ့ အဖွဲ့များလား….။"

ဟု ချောင်ကျိဖိန်က တိုးတိုးလေး မေးလိုက်သည်။

"အဲ့ဒီလိုတော့ မဖြစ်ပါစေနဲ့….။"

ချောင်ကျိဖိန်၏ စကားကြောင့် ဝမ်ရှောက်ထျန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ချင်ရှီးရှီးကို တစ်စုံတစ်ယောက်နှင့် တစ္ဆေလက်ထပ်ပွဲ စီစဉ်ပေးလိုက်ပြီ ဆိုလျှင်တော့ အားလုံးက အဖြေ ပေါ်သွားပြီ။ ချင်ရှီးရှီး၏ ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားရသည့် အကြောင်းရင်းက...

"တောက်!"

ဝမ်ရှောက်ထျန်း ဒေါသတကြီး ကြိတ်လိုက်မိသည်။

*ဘယ်လောက်တောင် ရက်စက်လိုက်သည့်ဖြစ်ခြင်းလဲ..။ အသက်ရှင်နေတဲ့သူကို သေပြီးသားလူနဲ့ ပေးစားဖို့ လုပ်ရတယ်လို့….။

သူ တွေးလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာသည်။ ရုတ်တရက် ဝမ်ရှောက်ထျန်းက ချင်ရှီးရှီး၏ ကျောက်စိမ်းဆွဲသီးကို သတိရကာ သူမ၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ ထိုအခါ လှုပ်ရှားလို့မရဘဲ ဖြစ်နေသော ချင်ရှီးရှီးမှာ အနည်းငယ် ပြန်လည် နိုးကြားလာသည်။

"ပြေး... ပြေးတော့…."

ချင်ရှီးရှီးက အားယူကာ ဝမ်ရှောက်ထျန်းကို သတိပေးလိုက်သည်။

ချင်ရှီးရှီး သတိမပေးခင်ကတည်းက ဝမ်ရှောက်ထျန်းမှာ ထိုနေရာတွင် တစ်စက္ကန့်မျှပင် ဆက်မနေချင် တော့ပေ။ သူက ချင်ရှီးရှီး၏ ခါးကို ကောက်ဖက်လိုက်ပြီး ချောင်ကျိဖိန်ကို လှမ်းအော်လိုက်သည်။

"ပြေး…"

သူတို့နှစ်ယောက် အသည်းအသန် ပြေးနေကြသည်။

"တကယ်ကြီး ကျိုးရှောင်ဝေပါလား…."

တစ်ဆယ်မီတာခန့်အကွာတွင် မင်္ဂလာဝတ်စုံဝတ်ကာ မြင်းပေါ်တွင် ထိုင်နေသောသူမှာ ကျိုးရှောင်ဝေနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို ချောင်ကျိဖိန် မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားသည်။

"သူ ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်နဲ့တော့…။ ပြေးရအောင်။"

ဝမ်ရှောက်ထျန်းကတော့ သတို့သား၏ ဒေါသထွက်နေသည့် မျက်နှာထားကို မြင်လိုက်ရပြီး ဖြစ်သည်။

မြင်းပေါ်မှ သတို့သားက နှင်တံဖြင့် သူတို့ဆီသို့ ညွှန်လိုက်သောအခါ မင်္ဂလာဝေါယာဉ်ကို ချထားခဲ့သည့် အထမ်းသမားများက သူတို့ဆီသို့ ခုန်ပေါက်ကာ ပြေးလာကြတော့သည်။

"သူတို့ လက်ထဲတော့ အမိမခံနိုင်ဘူး…."

ဟု ဝမ်ရှောက်ထျန်းက ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ချောင်ကျိဖိန်ကိုလည်း ထပ်မံ သတိပေးလိုက် သည်။

ချောင်ကျိဖိန်မှာ ကြောက်လန့်တကြား အော်ဟစ်ရင်း အလဲလဲအကွဲကွဲ ပြေးလွှားနေရသည်။

အတန်ကြာ ပြေးပြီးနောက် အမောတကောဖြင့် နောက်လှည့်ကြည့်လိုက်ရာ ဘာမှ လိုက်မလာတော့ သည်ကို မြင်ရမှ ဝမ်ရှောက်ထျန်းက မြေကြီးပေါ် ပုံရက်သား ထိုင်ချလိုက်ပြီး သက်ပြင်းချနိုင်တော့ သည်။

"ကဲ အစ်ကိုချောင်၊ ထိုင်နားပါဦး။ အဲ့ဒီသရဲတွေ လိုက်မလာတော့ဘူး….။"

ဝမ်ရှောက်ထျန်းက အသက်ကို လုရှူရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။

ချောင်ကျိဖိန်မှာ ငိုမလို ဖြစ်နေပြီ။

"ငါတော့ သေတော့မှာပဲ…။ ဒီလိုဆို ငါ မီးသင်္ဂြိုဟ်စက်မှာ ဘယ်လို ဆက်ပြီးအလုပ်လုပ်ရမလဲ…။"

သူက သရဲမြင်ချင်သည့် ခဏတာ စူးစမ်းစိတ်ကို အကြီးအကျယ် နောင်တရနေမိသည်။

ယခု ဘာဆက်လုပ်ရမည်နည်း။ သရဲကို မြင်လိုက်ရကတည်းက သူ အသည်းငယ်နေလေပြီ။

ဝမ်ရှောက်ထျန်းက မျက်လုံးလှန်ကြည့်ကာ ရွဲ့ပြောလိုက်သည်။

"စောစောကတော့ အသည်းအသန် မြင်ချင်နေတာ မဟုတ်ဘူးလား။ အစ်ကို့ပုံစံက နဂါးကို အရမ်းချစ်ပါ တယ်ဆိုပြီး တကယ်လည်း မြင်ရော ကြောက်လို့ သေမလို ဖြစ်တဲ့ 'ယဲ့ကုန်း' နဲ့ အတူတူပဲ။ မမြင်ရခင်က တော့ စွဲလမ်းနေပြီး မြင်လိုက်ရတော့မှ နောင်တတွေရပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေချင်နေတယ်။"

"ပြေး…"

ချင်ရှီးရှီးက ထပ်၍ ပြောလိုက်ပြန်သည်။ တစ်စုံတစ်ခုက သူမကို ထိန်းချုပ်ထားသဖြင့် စကားကို ပီသ အောင် မပြောနိုင်ဘဲ ဖြစ်နေသည်။

ဝမ်ရှောက်ထျန်း အလွန်ပင်ပန်းနေသော်လည်း ချင်ရှီးရှီး၏ သတိပေးချက်အရ နားနေရန် အချိန်မရှိ ကြောင်းကို သိလိုက်သည်။ သူ ချက်ချင်း ထရပ်ကာ ချောင်ကျိဖိန်ကို ဆွဲထူလိုက်သည်။

"အစ်ကိုချောင်၊ သွားကြစို့…။"

သူတို့သည် ချောင်ကျိဖိန်ကို မီးသင်္ဂြိုဟ်စက်၏ အဝင်ဝသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။

ညက အတော်နက်နေပြီဖြစ်၍ လမ်းပေါ်တွင် ကားတစ်စီးမှ မရှိပေ။ ပိုဆိုးသည်မှာ တစ်စုံတစ်ယောက်က ဝမ်ရှောက်ထျန်း၏ လျှပ်စစ်စကူတာ ဘီးကို ဖောက်ထားခြင်းပင်။

"မပူနဲ့ ညီလေး၊ ငါ့မှာ ကားရှိတယ်…။"

ချောင်ကျိဖိန်က ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ကို ပုတ်ကာ ဝမ်ရှောက်ထျန်းကို အပေါက်ဝတွင် စောင့် နေရန် ပြောပြီး ကားသွားယူလေသည်။

ဆယ်မိနစ်ခန့် စောင့်ပြီးနောက် အစ်ကိုချောင် ထွက်ပြေးသွားပြီလားဟု ဝမ်ရှောက်ထျန်း တွေးနေစဉ်မှာ ပင် ယိုင်တိုင်တိုင်နှင့် မောင်းလာသော သုံးဘီးဆိုင်ကယ် တစ်စီးကို တွေ့လိုက်ရသည်။

ထိုသုံးဘီးမှာ အခြေအနေ အတော်ဆိုးလှသည်။ သံချေးတက်နေသည့် နောက်တွဲပေါ်တွင် ကတ်ထူဖာ နှစ်ဗူးကို တင်ထားသည်။

“မြန်မြန်... စကူတာကို အပေါ်တင်၊ ငါတို့ ဒီကနေ မြန်မြန် ထွက်မှဖြစ်မယ်…။”

ဟု ချောင်ကျိဖိန်က တစ်စုံတစ်ယောက်က လိုက်လံဖမ်းဆီးနေသကဲ့သို့ ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းကတော့ အစ်ကိုချောင်သည် မီးသင်္ဂြိုဟ်စက်တွင် လစာကောင်းကောင်းရသည့် အလုပ် လုပ်သူမို့ မာစီးဒီး သို့မဟုတ် BMW မဟုတ်လျင်တောင်မှ ကားကောင်းကောင်း တစ်စီးတော့ ရှိလိမ့်မည် ဟု ထင်ထားခဲ့သည်။ ဒီဇယ်အင်ဂျင် သုံးဘီးဆိုင်ကယ်ကြီး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ ပေ။

“ညီလေး... ငါ့ကို အထင်မသေးနဲ့။ ငါ့သုံးဘီးလေးက သေးပေမဲ့ ရုံးအားဆွဲအားတော့ တကယ် ကောင်း တယ်နော်…။”

ဝမ်ရှောက်ထျန်းက စကူတာကို သုံးဘီးပေါ်သို့ အမြန်တင်လိုက်သည်။

ဆေးရုံသို့ ရောက်သောအခါ မနက် (၃) နာရီ ရှိနေပြီ။ ဝမ်ရှောက်ထျန်း အချိန်ကို ကြည့်ကာ စိတ်ပူသွားပြီး နာ့စ်စားပွဲသို့ အပြေးအလွှား သွားမေးလိုက်သည်။

"ညီမ... မနက် (၁) နာရီလောက်က သတိမေ့ပြီး ရောက်လာတဲ့ လူနာ ဘယ်အခန်းမှာ ရှိလဲ သိလား…။"

ညဆိုင်းတာဝန်ကျနေသော နာ့စ်မလေးက မော့ကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ဖြေလိုက် သည်။

All Chapters