ပုရစ်ကို ချောင်းနေသော ပုစဉ်း
Vol. 5 Ch. 49
ဝမ်ရှောက်ထျန်းသည် ခိုင်မာသော ဆုံးဖြတ်ချက်တခု ချလိုက်သည်။ နတ်ဆိုးအဘွားကြီး သို့မဟုတ် သူ အသက်ရှင်ရမည်။
တိုက်ရိုက်ရင်ဆိုင်ခြင်းသည် လုံးဝမဖြစ်နိုင်ပေ။ ဤအဘွားကြီးနတ်ဆိုးသည် အသိဉာဏ်မရှိသော်လည်း သားရဲကဲ့သို့ အလိုအလျောက် သိစိတ်များ ပိုင်ဆိုင်ထားသဖြင့် နတ်ဆိုးတစ်ရာ သုတ်သင်ရေး အဆောင် လက်ဖွဲ့ကို သူမ၏ ပါးစပ်အတွင်းသို့ အတင်းထိုးထည့်ရန်မှာ ခက်ခဲလှသည်။
ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ရှေ့ထပ်တိုးပြီး နတ်ဆိုးအဘွားကြီးနှင့် တစ်ပေခန့်သာ ကွာဝေးသော နေရာတွင် ရပ်လိုက်ကာ သူ့လက်ထဲမှ အသည်းကို ဝှေ့ယမ်းပြကာ ရုတ်တရက် သူမဆီသို့ ပြေးသွား လိုက်သည်။
ဝမ်ရှောက်ထျန်း ခန့်မှန်းထားသည့်အတိုင်းပင် နတ်ဆိုးအဘွားကြီးသည် သူ၏သွေးကို ရှင်းမပြနိုင်သော လောဘဖြင့် တောင့်တနေပြီး သူ၏လက်ထဲမှ သွေးများပေကျံနေသော အသည်းဆီသို့ တည့်တည့် ဦးတည်လာသည်။ ဝမ်ရှောက်ထျန်းသည် အသည်းကို နတ်ဆိုးအဘွားကြီး၏ ရှေ့တွင် ပစ်ချလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးအဘွားကြီးက အသည်းကို စားရန် ပါးစပ်ဟလိုက်သည့် အခွင့် အရေးကို အရယူကာ နတ်ဆိုးတစ်ရာ သုတ်သင်ရေး အဆောင်လက်ဖွဲ့ကို သူမ၏ ပါးစပ်ထဲသို့ လျင်မြန် စွာ ထိုးထည့်လိုက်သည်။
ဝမ်ရှောက်ထျန်း ပြုံးလိုက်သည်။
*ဒါကယင်နတ်ဆိုးကလေးတစ်ကောင်ပါပဲ… ။ဒီလောက်လဲ အစွမ်းမထက်ဘူး။ ရွေးချယ်ခံရသူ ငါကတော့ သူမကို နှိမ်နင်းလိုက်ပြီ…။ ဘာမှမသိတဲ့ လူသစ်တစ်ယောက်အတွက် ဒီလို စွမ်းရည်နဲ့ ဉာဏ်ပညာတွေကို ပိုင်ဆိုင်ထားတယ်...*
သူသည် ရွေးချယ်ခံရသူ ဖြစ်သည်မှာ အမှန်ပင်။
သို့သော် ခဏအကြာတွင် ဝမ်ရှောက်ထျန်း၏ အပြုံးသည် ရပ်တန့်သွားသည်။
နတ်ဆိုးအဘွားကြီးသည် သူ စိတ်ကူးထားသလို လေထဲ၌ ပျောက်ကွယ်မသွားဘဲ သူမ၏ စွမ်းအားသည် ပိုမိုမြင့်တက်လာကာ မြေပြင်ပေါ်ရှိ သူမ၏ ခြေလက်များသည် ပိုကြီးမားလာပြီး သူမ၏ အဝါရောင် တန်ဝတ်စုံသည် ဆုတ်ပြဲသွားသည်။
"ဘုရားရေ….။ အဘိုးယွမ် မြန်မြန်လာပါ….။ ဘာဖြစ်တာလဲမသိဘူး…။"
ဝမ်ရှောက်ထျန်း အံ့အားသင့်သွားသည်။
ဤအချိန်တွင် သံသယတစ်စွန်းတစ်စသည် ဝမ်ရှောက်ထျန်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ယွမ်အဘိုးကြီးက သူ့ကို အစကတည်းက လိမ်ညာနေခဲ့သည်များလား။ နတ်ဆိုးသုတ်သင်ရေး အဆောင်လက်ဖွဲ့က ဤ နတ်ဆိုးအဘွားကြီးကို နှိမ်နင်းနိုင်မည် မဟုတ်ဘူးလား၊ သို့မဟုတ် သူ၏ စွမ်းရည်များ မလုံလောက်၍ သူ ဆွဲခဲ့သည့် အဆောင်လက်ဖွဲ့သည် အသုံးမဝင်ခဲ့ခြင်းများလား။
အဘွားကြီးနတ်ဆိုးသည် ဝမ်ရှောက်ထျန်းအပေါ် ရန်ငြိုးထားသည်မှာ သေချာနေသည်။ သူမသည် ချက်ချင်း မယုံနိုင်လောက်အောင် လျင်မြန်သောနှုန်းဖြင့် လှုပ်ရှားကာ သူ့အပေါ်သို့ ခုန်အုပ်လိုက်ပြီး မျောက်တစ်ကောင်ကဲ့သို့ သူ၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူမသည် လေထဲတွင် ပုံသဏ္ဍာန် ပြောင်းလဲကာ သူ၏ ကျောပေါ်သို့ ခုန်အုပ်လိုက်သည်။
သူမ၏ ချွန်ထက်သော လက်သည်းများသည် ဝမ်ရှောက်ထျန်း၏ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဝမ်ရှောက်ထျန်းသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အဘွားကြီး၏ တိုက်ခိုက်မှု၏ ကြီးမားသော အားကြောင့် သူသည် ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျ သွားသည်။
သူ၏ လက်ဖဝါးများသည် ကြမ်းတမ်းသော ဘိလပ်မြေကြမ်းပြင်နှင့် ပွတ်တိုက်မိကာ အရေပြားများ ပေါက်ပြဲပြီး စုတ်ပြတ်နီရဲသွားသည်။
ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုကာ ဝမ်ရှောက်ထျန်းသည် ကျောဖြင့် လဲလျောင်းနေသည်။ သူမ၏ ထက်ရှသော လက်သည်းများသည် သူ၏ ပခုံးကို ဆုတ်ဖြဲပြီး သူ၏ လည်ပင်းကို ချိန်ရွယ်လိုက် သည်။
သေလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ လူများသည် မကြာခဏဆိုသလို ကြီးမားသော စွမ်းအား များကို ထုတ်လွှတ်တတ်သည်။ ဝမ်ရှောက်ထျန်းသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ခွန်အားကို အသုံးပြုကာ ရုတ်တရက် လှန်ချလိုက်ပြီး အဘွားကြီး၏ ရင်ဘတ်ကို အံ့အားသင့်ဖွယ် ခွန်အားဖြင့် ကန်ထုတ်လိုက်ရာ အဘွားကြီး လွင့်ထွက်သွားသည်။
သို့သော် ဝမ်ရှောက်ထျန်းသည် ဝမ်းမသာနိုင်ပေ။ အဘွားကြီးသည် မယုံနိုင်လောက်အောင် ဇွဲရှိသည်။ အားကောင်းသော မျောက်တစ်ကောင်ကဲ့သို့ သူမသည် အလောင်းလဲလျောင်းနေသော စားပွဲပေါ်သို့ ခုန်တက်ပြီး နှစ်ကြိမ်ကိုက်လိုက်ရာ သူမ၏ မျက်နှာသည် သွေးများဖြင့် စွန်းထင်းသွားသည်။
ပိုဆိုးသည်မှာ ထိုအလောင်းသည် သူမကို ဆွဲဆောင်မထားနိုင်သည်မှာ ရှင်းနေသည်။ သူမသည် ဝမ်ရှောက်ထျန်းထံ အာရုံစိုက်လာပြီး အလောင်းကို နောက်ခြေထောက်များဖြင့် တွန်းကာ လေထဲသို့ ခုန်တက်ပြီး သူ့ပေါ်သို့ အုပ်လိုက်သည်။
ဝမ်ရှောက်ထျန်းသည် နတ်ဆိုးအဘွားကြီး၏ လက်သည်းနှစ်ချောင်းကို ချက်ချင်း ဆွဲကိုင်လိုက်သည်။ အဘွားကြီးနတ်ဆိုးသည် သားရဲတကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး သူမ၏ ခြေထောက်များကို ဝမ်ရှောက်ထျန်း၏ လည်ပင်းတွင် တင်းကျပ်စွာ ညှပ်ထားလိုက်သည်။
ကြီးမားသော အင်အားက သူ၏ လည်ပင်းကို အစ်လာစေသဖြင့် ဝမ်ရှောက်ထျန်း အသက်ရှုရခက်ခဲလာ သည်။ သူသည် သေဖို့ ထိုင်ပြီး စောင့်ဆိုင်းနေ၍ မရနိုင်ပေ။ မဟုတ်ပါက လည်ပင်းကျိုးသွားခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်းတို့ ဖြစ်လာမည်ကို သူ သိလိုက်သည်။
ဝမ်ရှောက်ထျန်းသည် သူ၏ လျှာကို ကိုက်ပြီး သွေးအန်ထုတ်လိုက်သည့် အချိန်ကို သတိရလိုက်သည်၊ ထိုအရာက သရဲမကို ကြောက်လန့်စေခဲ့ဘူးသည်။
သူ၏ လျှာကို ကိုက်ခြင်းသည် အလွန်နာကျင်သော်လည်း သူ၏ အသက်နှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ် ပေ။ ဝမ်ရှောက်ထျန်းသည် ဒေါသတကြီး သူ၏ လျှာကို ရိုက်လိုက်ပြီးနောက် သူ့တံတွေးနှင့်အတူ ထွက်လာသော သွေးများကို နတ်ဆိုးအဘွားကြီး၏ မျက်နှာပေါ်သို့ တံတွေးထွေးချလိုက်သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ နတ်ဆိုးအဘွားကြီးသည် ကြောက်ရွံ့ခြင်းမရှိဘဲ သူမ၏ မျက်လုံး များသည် ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး သူမ ချုပ်ထားသည်ကို ပို၍ပင် တင်းကျပ်လိုက်သည်။
ဝမ်ရှောက်ထျန်းသည် လည်ပင်းညှစ်ခံထားရ၍ သွေးအန်တော့မလို ခံစားရပြီး သူ၏ လက်များသည် နတ်ဆိုးအဘွားကြီး၏ လက်သည်းများကို ဆုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် သူသည် ဤနေရာတွင်အမှန် တကယ်ပင် သေဆုံးရတော့မည်ဖြစ်သည်။
သူ မသေချင်သေးပေ။ ဘဝက ခက်ခဲသော်လည်း ဝမ်ရှောက်ထျန်းသည် လုံးဝ မသေချင်ပေ။ မူလက သူသည် သေပြီးနောက် ဘဝသည် မည်သို့ဖြစ်မည်ကို မသိသောကြောင့် သေခြင်းကို ကြောက်ရွံ့ခဲ့ သော်လည်း ဤသရဲများကို မြင်ပြီးနောက်တွင်မူ သူသည် ပို၍ပင် အသက်ရှင်လိုသည်။
ဝမ်ရှောက်ထျန်းသည် နတ်ဆိုးအဘွားကြီးကို တိုက်ခိုက်ရန် ထွက်လာသောအခါ ချင်ရှီးရှီးက သူ့ကို ပေးခဲ့သည့် ကျောက်စိမ်းဆွဲသီးကို ရုတ်တရက် သတိရလိုက်သည်။
စိတ်အားငယ်စွာဖြင့် ဝမ်ရှောက်ထျန်းသည် နတ်ဆိုးအဘွားကြီး၏ လက်သည်းများကို လျင်မြန်စွာ လွှတ်လိုက်ပြီးနောက် သူမ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းကာ အိတ်ကပ်ထဲမှ ကျောက်စိမ်း ဆွဲသီးကို ဆွဲထုတ်လိုက်သည်။
"လာပါ… မြည်းစမ်းကြည့်လိုက်….။"
ဝမ်ရှောက်ထျန်းသည် သူ၏ သွေးများပေကျံနေသော လက်များကို နတ်ဆိုးအဘွားကြီး၏ ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ အသိဉာဏ်မဲ့၍ ဆာလောင်မှုဖြင့်သာ လှုပ်ရှားနေသော နတ်ဆိုးအဘွားကြီးသည် သူ၏ လက်များဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရပြီး သူမ၏ သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ကိုက်ချရန် ဖွင့်လိုက်သည်။
ထိုအချိန်တွင်…
ဝမ်ရှောက်ထျန်း အလွန်ဝမ်းသာသွားသည်။ ထို့နောက် နတ်ဆိုးနှင်ထုတ်ရေး အဆောင်လက်ဖွဲ့သည် အဘယ်ကြောင့် အလုပ်မလုပ်ခဲ့သည်ကို သူ နားလည်လိုက်သည်။ နတ်ဆိုးအဘွားကြီးသည် အဆောင် လက်ဖွဲ့ကို ဒေါသတကြီး နှစ်ပိုင်း ကိုက်ဖြတ်လိုက်ပြီး တစ်ဝက်မှာ သူမ၏ အသည်းနှင့် ရောထွေးနေကာ သူမ၏ အတွင်း၌ ရှိနေသည်။
သူမ၏ ကိုယ်ပိုင် ထက်မြက်မှုကြောင့် အဆောင်သည် ပျက်စီးသွားပြီး အစွမ်းမရှိတော့ကြောင်း သူ သိလိုက်သည်။
ယခု နောင်တရရန် နောက်ကျနေပြီ။ ဝမ်ရှောက်ထျန်းသည် ကျောက်စိမ်းဆွဲသီးကို နတ်ဆိုးအဘွား ကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်ရန် ရုန်းကန်ပြီး အော်လိုက်သည်။
"မြန်မြန်၊ မြန်မြန်၊ ဥပဒေအရ အမိန့်ပေးသည်အတိုင်း…"
ဝမ်ရှောက်ထျန်းသည် ဘာက အလုပ်ဖြစ်သွားသည်ကို မသိသော်လည်း နတ်ဆိုးအဘွားကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် ဝမ်ရှောက်ထျန်းကို လွှတ်ချကာ လေးဘက် ထောက်ကာ ထွက်ပြေးသွားသည်။
သို့သော် သူမသည် တံခါးဝသို့ ရောက်သည်နှင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး တဆတ်ဆတ်တုန်နေ သည်။
ဝမ်ရှောက်ထျန်း ထရပ်လိုက်ပြီး နတ်ဆိုးအဘွားကြီး၏ အခြေအနေကို ကြည့်လိုက်သောအခါ သူမ အားနည်းနေစဉ် တိုက်ခိုက်ရန် လေတိုက်နေဆဲတွင် သူမ ပြန်ပေါ်လာနိုင်သလားဟု တွေးကာ ထိုနေရာ သို့ တွားသွားရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ရှောက်ထျန်း မည်သို့မျှ မတုံ့ပြန်နိုင်မီ ကြမ်းပြင်ပေါ်မှ ဒေါက်ဖိနပ်သံကို သူ ကြားလိုက်ရသည်။ လီရွှယ်သည် အနက်ရောင်ဝတ်စုံနှင့် အနီရောင် နှုတ်ခမ်းနီရဲရဲ ဆိုးထားကာ သေးငယ်သော ကြွေပုလင်း တစ်လုံးကို ကိုင်ဆောင်လျက် ကျက်သရေရှိစွာ ချဉ်းကပ်လာသည်။ သူမသည် ဆွဲဆောင်မှုရှိစွာဖြင့် အဖုံးကို ဖယ်လိုက်ပြီး နတ်ဆိုးအဘွားကြီးထံ လျှောက်သွားသည်။
"ဟေး…၊ မင်း ဘာလုပ်မလို့လဲ….။"
ဝမ်ရှောက်ထျန်း၏ မျက်လုံးများသည် သတိကြီးစွာထားနေသည်။ အဓိကအားဖြင့် လီရွှယ်က အလွန် သံသယဖြစ်ဖွယ် ကောင်းနေသောကြောင့်ပင်။
သူမသည် မိတ်ဆွေလား ရန်သူလားဆိုသည်ကို သူသေချာ မသိနိုင်သေးပေ။ အကြောင်းမှာ လီရွှယ်သည် နတ်ဆိုးအဘွားကြီးနှင့်အတူ ရပ်နေသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသောကြောင့်ပင်။
ဆွဲဆောင်မှုရှိသော မက်မွန်ပန်းကဲ့သို့ မျက်လုံးတစ်စုံက ဝမ်ရှောက်ထျန်းကို အေးဆေးစွာ ကြည့်လိုက် သည်။
" ကျွန်မ ရှင့်ကို ကူညီဖို့ ဒီကို ရောက်လာတာ ဆိုပေမဲ့၊ ဒါက အပြည့်အဝ ပုံဖော်ထားတဲ့ ယင်နတ်ဆိုး ဖြစ်ပြီး နတ်ဆိုးတစ်ရာ သုတ်သင်ရေး အဆောင်လက်ဖွဲ့ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒါပေမဲ့ ရှင် တော်တော်ကံကောင်းတယ်။ ဒီဟယ်ထျန်းကျောက်စိမ်း က ကောင်းတဲ့အရာပဲ။ဒါက ယင်နတ်ဆိုး ရဲ့ အတွင်း က ရန်ငြိုးကို ဖျက်ဆီးပစ်လိုက်တယ်….။"
လီရွှယ် နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် ဝမ်ရှောက်ထျန်း မကိုင်တွယ်နိုင်တော့သည့်အခါ ဝင်ရောက် ဖြေရှင်းရန် ပြင်ဆင်ထားပြီး လျှို့ဝှက်စွာ စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ ဝမ်ရှောက်ထျန်းက ဤမျှ ကံကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
သူသည် အဆောင်လက်ဖွဲ့ကို ပထမဆုံးအကြိမ် ဆွဲကြည့်ရာမှာပင် အောင်မြင်ခဲ့ရုံသာမက ၎င်းသည် အစွမ်းထက်သော နတ်ဆိုးတစ်ရာ သုတ်သင်ရေး အဆောင်လက်ဖွဲ့လည်း ဖြစ်သည်။ သူသာ ညဏ်မတိမ် ပဲ အဆောင်လက်ဖွဲ့ကို အညစ်အကြေးနှင့် မစွန်းထင်းစေခဲ့ပါက ယင်နတ်ဆိုးသည် ဝမ်ရှောက်ထျန်း၏ လက်ဖြင့် အမှန်တကယ် ပျောက်ကွယ်သွားလိမ့်မည်။