← Chapters

ချစ်စရာကလေးငယ်များ

Vol. 43 Ch. 643

ချစ်စရာကလေးငယ်များ

Vol. 43 Ch. 643

စီနင်းနန်းဆောင်အတွင်းတွင် ယွင်အာက ကျောက်တောင်အတုများပေါ်သို့ တက်နေပြီး မကြောက်မလန့်ဖြင့် အပေါ်မှ ခုန်ချရန် ပြင်ဆင်နေသည်။ အောက်တွင် ရပ်နေသော အစ်ကိုဖြစ်သူ ကျစ်ချီကမူ အပေါ်သို့ လိုက်မတက်ရဲဘဲ သူ့ညီမလေးကို အံ့ဩတကြီး မော့ကြည့်နေသည်။

“မင်းသမီးလေး၊ မင်းသမီးလေး မြန်မြန် ဆင်းလာပါ။ မင်းသမီးလေးက ဒီကျွန်အိုကြီးကို သေအောင်ကြောက်လှန့်နေတာလား?”

မိန်းမစိုးအိုကြီးက ထိတ်လန့်တုန်လှုပ်ဟန်ဖြင့် တောင်းပန်နေသည်။

မင်းသမီးက အပေါ်ကနေ ပြုတ်ကျလို့ ဒဏ်ရာရသွားရင် သူ့ခေါင်းကြီး ပြုတ်သွားလိမ့်မယ်။ ကလေးတွေကို ဂရုမစိုက်နိုင်ရင် သူက အသုံးမဝင်တဲ့သူ ဖြစ်သွားပြီး နန်းတော်ထဲကနေ နှင်ထုတ်ခံရလိမ့်မယ်။

ယွင်အာက ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်လေးကို ဆံထုံးလေးနှစ်ခုဖြစ်ိအောင် ချစ်စဖွယ် ထုံးဖွဲ့ထားသည်။ သူမ၏ မျက်နှာဝိုင်းဝိုင်းလေးနှင့် မျက်လုံးကြီးကြီးလေးများ သူမ၏မိခင်ဖြစ်သော စူးချင်းနှင့် အလွန်ဆင်တူလှသည်။ သို့သော်လည်း အေးစက်သည့် စူးချင်းနှင့် ယွင်အာကြားမှ ကွာခြားချက်က ယွင်အာက အမြဲတမ်း ပြုံးရွှင်နေတတ်ခြင်း ဖြစ်သည်။ သူမက မွေးကတည်းက ငိုခဲလှပြီး စားနေချိန်၊ ကစားနေချိန်နှင့် အိပ်နေချိန်များတွင်ပင် ရယ်မောနေတတ်သူလေး ဖြစ်သည်။

ရှောင်းကျဲယွိက ဤသမီးငယ်လေးကို အထူးတလည် အလိုလိုက်ထားပြီး သူ့သားကိုတော့ သိပ်ဂရုမစိုက်ပေ။

သားဖြစ်သူ ကျစ်ချီကမူ အဖေနှင့်ရုပ်ချင်းတူသော်လည်း စိတ်ထားကတော့ အေးဆေးပြီး ရိုးသားလွန်းလှသည်။ သူက သူ့ဖခင်လောက် မရဲရင့်ဘဲ အန္တရာယ်ကင်းသော အရုပ်များနှင့်သာ ဆော့ကစားလေ့ရှိသည်။ ဓားနှင့် လှံများကိုမြင်လျှင် ရှောင်ထွက်သွားတတ်သော ကလေးမျိုးဖြစ်သည်။

တစ်ခါတရံတွင် သူ ညီမဖြစ်သူနောက်သို့ အမီမလိုက်နိုင်ဘဲ သူဘာသာသူ ကိုးယိုးကားယား ဖြစ်နေတတ်သည်။ သူက ညီမဖြစ်သူနှင့် မုန့်လုစားရန်ပင် မဝံ့မရဲဖြစ်နေတတ်ပြီး အမြင့်သို့ တက်ခြင်းနှင့် ရေထဲသို့ ဆင်းရခြင်းများကိုလည်း မကြိုက်ပြန်ပေ။

တစ်ဖက်မှ ယွင်အာကမူ အစ်ကိုဖြစ်သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး စွန့်စားရသည်ကို အလွန်ဝါသနာထုံလှသည်။ သူမက တွားသွားနိုင်သည်နှင့် ရေကန်ဆီသို့ တရွေ့ရွေ့ သွားလေ့ရှိပြီး လမ်းစလျှောက်တတ်ချိန်တွင်တော့ သူမ တက်နိုင်သမျှအမြင့်သို့ တက်ရန် ကြိုးစားခဲ့သည်။ ထို့အပြင် တွေ့သမျှ ဓား၊ လှံ လက်နက်များကိုလည်း လုယူဆော့ကစားတတ်သည်။ ထိုအရာက ရှောင်းကျဲယွိကို အလွန်ထိတ်လန့်စေပြီး စီနင်းနန်းဆောင်အတွင်း၌ ချွန်ထက်သော အရာဝတ္ထုများ လုံးဝမထားရှိရန် အမိန့်ထုတ်ပြန်ထားရသည်။

ယခု မိန်းမစိုးများနှင့် နန်းတွင်းအစေခံများ၏ အနီးကပ် စောင့်ကြည့်မှုလွတ်သွားချိန်တွင် သူမက ကျောက်တောင်တုလေးပေါ်သို့ တက်သွားပြီး ခုန်ဆင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ထိုအရာက သူမ၏အသက်ကို ပေးလိုက်ရနိုင်သည့် ပြသနာမျိုးဖြစ်သည်။

"ယွင်အာ၊ မင်း ထပ်ပြီး ဆိုးသွမ်းနေပြန်ပြီလား?"

ရှောင်ချန်က သူ့တူလေးနှင့် တူမလေးကို တွေ့ရန် သူ့အမေနှင့်အတူ စီနင်းနန်းဆောင်သို့ လိုက်ပါလာခဲ့သည်။ သူ ဦးလေးဖြစ်လာကတည်းက ရှောင်ချန်ဟာ အရင်နှင့်မတူတော့ဘဲ လူကြီးလေးတစ်ယောက်ကဲ့သို့ ဟိတ်ဟန်ထုတ်တတ်လာသည်။ သူက သူ့လက်လေးနှစ်ဖက်ကို နောက်ပစ်ထားပြီး ယွင်အာကို မကြာခဏ ဆိုဆုံးမလေ့ရှိသည်။ သူက သူ့နောက်သို့ အမြဲလိုက်နေတတ်သည့် ရိုးသားသော ကျစ်ချီကိုတော့ အလွန်အမင်း သဘောကျပြီး သူ့တူလေးကို မကြာခဏ လာတွေ့တတ်သည်။

"ယွန်းအာ၊ မလှုပ်နဲ့၊ မလှုပ်နဲ့နော်"

စီးနင်းနန်းတော်ထဲသို့ ဝင်လာပြီးပြီးချင်း ယန်ရုရွှယ်တစ်ယောက် နှလုံးခုန်ရပ်လုနီးပါး ဖြစ်သွားရသည်။ သူမက မင်းသမီးလေးအား အောက်ပြန်ချပေးရန် သက်တော်စောင့်များအား အလျင်အမြန် ညွှန်ကြားလိုက်သည်။

သို့သော်လည်း သက်တော်များ ကျောက်ဆောင်ပေါ်သို့ တက်မလာခင် ယွင်အာက သူမဘာသာ ခုန်ချလိုက်သည်။ ယန်ရုရွှယ်နှင့် မိန်းမစိုးအိုကြီးများကတော့ အလွန်ထိတ်လန့်နေပြီး မူးမေ့လုနီးပါးဖြစ်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် သက်တော်စောင့်တစ်ယောက်က လေထဲသို့ ခုန်တက်လိုက်ပြီး ယွင်အာကို အလျင်အမြန် ဆီးကြိုဖမ်းထားနိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် သူမ ပြင်းထန်စွာ ဒဏ်ရာရပြီး အရိုးများ ကျိုးကြေသွားပေလိမ့်မည်။

"ဟီး ဟီး အဖွားတော်"

ယွင်အာကတော့ ထိုသက်တော်စောင့်၏ လက်ထဲ၌ လိုက်ပါလာရင်း လေပေါ်မှ ဆင်းလာရသည်ကို အလွန်ပျော်ရွှင်နေသည်။ သူမက ငွေခြူလေးကဲ့သို့ အသံလွင်လွင်လေးဖြင့် ရယ်မောနေပြီး ယန်ရုရွှယ်ကို မြင်လိုက်သည်နှင့် သူမ၏ ဝဝဖိုင့်ဖိုင့်လက်လေးများကို ဆန့်တန်းကာ ပွေ့ဖက်ခိုင်းနေပြန်သည်။

ယန်ရုရွှယ်ကတော့ အလွန်ကြောက်လန့်နေပြီး သူမ၏ခြေထောက်များ အားနည်းနေသလို ခံစားနေရသည်။

သူမ ဒီကလေးကို ဘယ်လို ပွေ့ချီနိုင်တော့မှာလဲ?

"ယွင်အာက တကယ်ကို ဆိုးပြီး အဖွားတော်ရဲ့စကားကိုတောင် နားမထောင်ဘူးပေါ့လေ"

ရှောင်ချန်က မျက်မှောင်ကြုတ်နေပြီး သူ့တူမလေးကို ဆိုဆုံးမနေပြန်သည်။ ယွင်အာက နှုတ်ခမ်းစူလိုက်ပြီး သူမ၏ ဝဝဖိုင့်ဖိုင့်လက်ချောင်းလေးများကို လိမ်ယှက်နေရင်း တိုးတိုးလေး ရေရွတ်နေပြန်သည်။

“ဦးရီးတော်ပဲ ဆင်းလာခိုင်းတာလေ”

ယန်ရုရွှယ်က သူမ၏ရင်ဘတ်ကို ပြန်ဖိထားရင်း ယွင်အာကို စိုးရိမ်တကြီး စစ်ဆေးနေသည်။

သူမရဲ့သမီးတောင် ငယ်ငယ်တုန်းက ဒီလောက် မမိုက်မဲဘူး! ယွင်အာနဲ့ ကျစ်ချီက လိင်မှားပြီး မွေးခဲ့တာလား?

ကျစ်ချီက အရမ်းတိတ်ဆိတ်ငြိမ်သက်နေပြီး ပြောစကားလည်း နားထောင်တယ်။ အဲ့ဒါကြောင့် သူ့ဘိုးဘိုးက သူ့ကို အရမ်းသဘောကျနေတာလေ။ သူမရဲ့ခင်ပွန်းက သူ့မှာ ဘာမှ လုပ်စရာမရှိရင် သူ့မြေးလေးကို စာရေး၊ စာဖတ်သင်ပေးဖို့ ကြိုးစားနေတတ်တယ်။ ပြီးတော့ ကလေးကလည်း စာကို အရမ်းအာရုံစိုက်တယ်။ သူက အရမ်းထက်မြက်ပြီး မှတ်ဉာဏ်ကောင်းလွန်းလို့ တစ်ခါသင်ရုံနှင့် အကုန်မှတ်မိတယ်။ သူက အက္ခရာသုံးလုံး ဂန္ထဝင်ကျမ်းကို အချိန်မရွေး အလွတ်ရွတ်ဆိုနိုင်တယ်။ သူမ စိတ်ငြိမ်သုတ္တန်ရွတ်ဆိုတာကို တစ်ကြိမ် ကြားသွားတာနဲ့ သူမရဲ့မြေးလေးက အဲ့ဒါကို အလွတ်ပြန်ရွတ်နိုင်နေပြီ။ သူမရဲ့ခင်ပွန်းက မြေးလေးကို အရမ်းသဘောကျပြီး သူက ထက်မြက်တဲ့ငတုံးလေးလို့တောင် ချစ်စနိုးခေါ်တတ်သေးတယ်။

ယွင်အာကတော့ မိန်းကလေးနဲ့ လုံးဝ မတူဘူး။ သူမက အိမ်ခေါင်မိုးတွေပေါ်ကို တက်ဖို့၊ မြစ်ထဲဆင်းဖို့၊ လိပ်ပြာတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်ငယ်လေးတွေကို လိုက်ဖမ်းဖို့ အမြဲကြိုးစားနေပြီး တခါမှ ငြိမ်ငြိမ် မနေဘူး။ သူမက နာခံမှုမရှိတဲ့အပြင် သူမရဲ့ စွမ်းအင်တွေကလည်း အကန့်အသတ်မရှိဘူး။ သူမက အရမ်း တက်ကြွလွန်းနေပြီး သူမ အိပ်စက်နေတဲ့အချိန်အတောာအတွင်းပဲ ငြိမ်သက်နေတာလေ။

ဒါပေမယ့် သူမရဲ့ မြေးမလေးက ချိုသာတဲ့ ပါးစပ်လေးရှိပြီး အမြဲပြုံးရွှင်ရယ်မောနေတတ်တယ်။ သူမက လူတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာလည်း သိတယ်။ သူမရဲ့ အသားအရည်က ဖြူစင်သန့်ရှင်းနေပြီး သူမ ပြုံးလိုက်တဲ့အချိန်ဆိုရင် သူမရဲ့ မျက်လုံးကြီးကြီးလေးတွေက လခြမ်းပုံသဏ္ဍာန်ဖြစ်အောင် ကွေးညွတ်သွားတတ်တယ်။ သူမရဲ့ပါးဖောင်းဖောင်းလေးတွေကလည်း အရမ်းချစ်စရာကောင်းနေတော့ လူတွေက သူမကို အလိုလိုက်ပေးချင်ကြတယ်။

ယန်ရုရွှယ်က မြေးမလေး၏ ဆော့ကစားတက်သည့်အကျင့်ကြောင့် စိတ်ပူပန်ပြီး ခေါင်းကိုက်နေခဲ့ရသည်။ သို့သော်လည်း သူမက မြေးဖြစ်သူကို အလွန်ချစ်မြတ်နိုးပြီး ယွင်အာကို တွေ့လိုက်ရတိုင်း စူးချင်းအငယ်လေးကို ကြည့်နေရသလို ခံစားနေရသည်။

ယန်ရုရွှယ်က ဆယ်နှစ်ကျော်ကြာ ပျက်ကွက်ခဲ့သော မိခင်မေတ္တာကို သူမ၏မြေးမလေးထံသို့ လွှဲပြောင်းပေးခဲ့သည်။ သူမက မြေးမလေးကို တရက်မတွေ့ရသည်နှင့် လွမ်းဆွတ်နေတက်သူ ဖြစ်သည်။

"ယွင်အာ၊ နောက်တစ်ခါ ဒီလို မြင့်တဲ့ နေရာတွေကို ထပ်မတက်တော့ဘူးလို့ အဖွားတော်ကို ကတိပေးပါ"

ယန်ရုရွှယ်က ဒူးထောက်ထိုင်ချလိုက်ပြီး ယွင်အာ၏ဆံပင်ပေါ်မှ မြက်ပင်များကို ဖယ်ရှားပေးနေသည်။ တချိန်တည်းမှာပင် မြေးဖြစ်သူကိုလည်း ညင်ညင်သာသာ သွန်သင်ဆုံးမနေသည်။

"ကောင်းပါပြီ၊ ယွင်အာက အဖွားတော်ကို ကတိပေးပါ့မယ်"

ယွင်အာ၏စကားသံက အလွန်ရှင်းလင်းပြတ်သားသည်။ ပုံမှန်အားဖြင့် နှစ်နှစ်အရွယ်ကလေးငယ်များ စကားပြောသည့်အခါ အသံ မရှင်းလင်းသေးသော်လည်း သူမကတော့ အခြားသူများနှင့်မတူပေ။ သူမ စကားစပြောတတ်ကတည်းက သူမ၏လေယူလေသိမ်းက ရှင်းလင်းကြင်လင်နေသည်။

“လိမ္မာတဲ့ ကလေးလေး”

ယန်ရုရွှယ်က သူမ၏မြေးမလေးကို ငုံ့နမ်းလိုက်သည်။ ကလေးလေး၏အပြုံးက သူမ၏ စိုးရိမ်စိတ်များကို ချက်ချင်း ပျောက်ကွယ်သွားစေပြီး လောကကြီးတစ်ခုလုံး လှပသွားသလို သူမ ခံစားလိုက်ရသည်။

"အဖွားတော်၊ မယ်တော်က ဘယ်တော့ပြန်လာမှာလဲ? ယွင်အာက မယ်တော့်ကို လွမ်းနေပြီ"

ယွင်အာက ယန်ရုရွှယ်၏ရင်ခွင်ထဲသို့ မှီချလိုက်ရင်း နှုတ်ခမ်းစူစူလေးဖြင့် မေးမြန်းလိုက်သည်။

"ယွင်အာ လိမ္မာရင် ယွင်အာရဲ့မယ်တော် မြန်မြန်ပြန်လာလိမ့်မယ်။ ယွင်အာက ဆိုးသွမ်းနေပြီး နာခံမှု မရှိရင် ယွင်အာရဲ့မယ်တော်က ပြန်လာဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး”

ယန်ရုရွှယ်က ယွင်အာကို ပညာပေးရန် ထိုအခွင့်အရေးကို အသုံးချလိုက်သည်။

ဒီကလေးလေးက ငယ်ငယ်ကတည်းက ချင်းအာကို အရမ်းလေးစားအားကျနေတာလေ။ ကလေးလေးက သူမရဲ့အမေကို တချိန်လုံး လိုက်ကြည့်နေပြီး အမေနောက်ကို ပြေးလိုက်ရတာကို အကြိုက်ဆုံးပဲ။

"ယွင်အာ၊ လိမ္မာပါ့မယ်"

ယွင်အာက အလျင်အမြန် ကတိပေးလိုက်သည်။ သူမ၏ ကလေးဆန်သော အသံလေးဖြင့် အလေးအနက် ပြောနေပုံက ယန်ရုရွှယ်ကို အချစ်တိုးစေပြန်သည်။ ယန်ရုရွှယ်က မြေးဖြစ်သူကို ထပ်ခါတလဲလဲ နမ်းနေပြီး သူမ၏မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။

"အဖွားတော်က ယွင်အာကို လိမ်နေတာ?"

ကျစ်ချီက သူ့ဦးလေးဖြစ်သည့် ရှောင်ချန်ကို တိုးတိုးလေး ကပ်ပြောနေသည်။ ရှောင်ချန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ငါ့အမေ လိမ်ပြောပြီဆိုရင် ဒီလို ပြုံးတတ်တယ်"

ယန်ရုရွှယ်က မည်းမှောင်နေသည့် မျက်နှာဖြင့် ကောင်လေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

သူတို့က ဘယ်လိုလုပ်ပြီး သူမကို ဒီလိုပြောနိုင်ကြတာလဲ? ဒီကောင်လေးတွေက သူမကို လူလိမ်တစ်ယောက်လို မြင်နေတာလား?

"ဟား ဟား၊ ယွင်အာ၊ မင်း ထပ်ပြီး ဆိုးသွမ်းနေတယ်လို့ အဖိုးတော် ကြားတယ်"

ချင်ဖုန်းက စီးနင်နန်းတော်ဆီသို့ လျှောက်လာနေပြီး ကျယ်လောင်စွာ ရယ်မောနေသည်။ ရှောင်းကျဲယွိ မြို့တော်တွင် မရှိသောကြောင့် သူနှင့် စူးဟန်ရွှမ်တို့က တိုင်းရေးပြည်ရာများကို ကိုင်တွယ်နေရပြီး ထိုကြီးလေးသောဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေကြရသည်။ သူ နေ့တိုင်း အလုပ်များနေသော်လည်း အဘိုးအိုက သူ အလုပ်ပြီးသွားသည်နှင့် သူ့မြေးလေးများကို လာတွေ့တတ်သည်။

မျိုးဆက်နှစ်ခုကြားမှ နှောင်ကြိုးက ခိုင်မာလှပြီး ကလေးများကို ခဏတာမျှ မတွေ့ရလျှင်ပင် ချင်ဖုန်းက မနေနိုင်မထိုင်နိုင် ဖြစ်နေတတ်သည်။

“အဖိုးတော်ကြီး”

ချင်ဖုန်း ရောက်လာသည်ကို မြင်လိုက်သည်နှင့် ကျစ်ချီက လူကြီးတစ်ဦးကဲ့သို့ ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူ့၏ ကိုယ်ဟန်အနေအထားက အလွန် သင့်လျော်ပြီး မယုံနိုင်လောက်အောင် ယဉ်ကျေးနေသည်။

ယွင်အာကတော့ သူမ၏အစ်ကိုနှင့် မတူပေ။ သူမတို့၏အဘိုး ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် သူမ၏ ခြေထောက်တုတ်တုတ်လေးများဖြင့် အဖိုးဆီသို့ ပြေးသွားကာ သူ့ခြေထောက်ကို ဖက်ထားလိုက်သည်။ သူမက သူမ၏မျက်နှာသေးသေးလေးကို မော့ပြီး ချိုသာသည့် အပြုံးဖြင့် နှုူတ်ဆက်လိုက်သည်။

“အဖိုးတော်ကြီး”

"ဟား ဟား၊ ယွင်အာ ထပ်ပြီး အမှားလုပ်မိပြန်ပေါ့လေ"

ချင်ဖုန်းက အောက်ကို ငုံ့လိုက်ပြီး သူ့မြေးလေးကို လှမ်းပွေ့လိုက်သည်။ ယွင်အာကတော့ အဘိုးဖြစ်သူ၏မေးခွန်းကြောင့် မျက်နှာလေး နီမြန်းသွားသည်။

"ယွင်အာက မယ်တော်လိုမျိုး လုပ်ကြည့်တာပါ၊ မယ်တော်က အဲဒီနေရာကနေ ခုန်ဆင်းလိုက်တာ၊ အရမ်းကြည့်ကောင်းတယ်”

ယွမ်အာက ကျောက်တောင်အတုလေးကို ညွှန်ပြရင်း ဖြေရှင်းချက်ပေးနေခဲ့သည်။

ထိုဇာတ်လမ်းက ဤသို့စတင်ခဲ့ခြင်း ဖြစ်သည်။ စူးချင်းက ကလေးနှစ်ယောက်အတွက် စွန်တစ်ခု ပြုလုပ်ပေးခဲ့ပြီး သူတို့နှင့်အတူ ဆော့ကစားရန် ကလေးများကို ခြံဝင်းထဲသို့ ခေါ်လာတတ်သည်။ တခါက လေပြင်းတိုက်ပြီး စွန်ကြိုး ပြတ်သွားကာ စွန်က ကျော်တောင်အတုပေါ်သို့ ပြုတ်ကျသွားသည်။

စူးချင်းက စွန်ကို ယူရန် ကျောက်တောင်တုပေါ်သို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ ညင်ညင်သာသာ ပြန်ဆင်းသက်လာခဲ့ဖူးသည်။ သူမ၏မယ်တော်က ငှက်တစ်ကောင်ကဲ့သို့ ကျောက်တောင်အတုပေါ်မှ ခုန်ချလာသည်ကို သူမ မှတ်ထားခဲ့ပြီး သူမလည်း သူမ၏အမေလို ပျံသန်းချင်နေခြင်း ဖြစ်သည်။

“နောက်ဆိုရင် ကလေးတွေ ရှေ့မှာ သတိထားဖို့ ချင်းအာကို ပြောရမယ်”

ယန်ရုရွှယ်က သူမ၏သမီး တရားခံဖြစ်နေကြောင်း သိသွားပြီး ဒေါသထွက်သွားရသည်။ သို့သော်လည်း ချင်ဖုန်း စူးချင်းအား အပြစ်တင်မည်ကို ကြောက်ရွံ့သောကြောင့် ကျယ်လောင်ကြီး မပြောရဲဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါက ဘာမှ မဟုတ်ပါဘူး၊ စိတ်ပူမနေနဲ့၊ ယွင်အာက သူမရဲ့မယ်တော်လို အစွမ်းထက်ရင် အကောင်းဆုံးပဲ”

ချင်ဖုန်းက ပြုံးလိုက်ပြီး ယန်ရုရွှယ်ကို လှမ်းပြောလိုက်သည်။

ကလေးတွေ တက်ကြွရမယ်လေ။ အခုအချိန်က သူတို့လေးတွေ ပေါ့ပေါ့ပါးပါးနေရမယ့်အချိန်ပဲ။ ဘာလို့ ကလေးတွေကို စည်းကမ်းတွေ သတ်မှတ်ပြီး သူတို့ရဲ့သဘောသဘာဝကို ကန့်သတ်ရမှာလဲ?

"လူကြီးမင်း၊ ချင်းအာနဲ့ ရွှေ့ရှန့် ဘယ်တော့ပြန်လာမယ်ဆိုတာ သိလား"

....။.....။......

All Chapters