ဘယ်သူက သူ့ကို ဒုက္ခပေးချင်နေတာတုန်း?
Vol. 43 Ch. 633
စူးချင်း၏မေးခွန်းကို ကြားလိုက်ရသည့် ဟွေ့မင်းသားက ခါးခါးသီးသီး ထပ်ပြုံးလိုက်ပြန်သည်။
"လင်အာက အဆိပ်သင့်နေတာပါ၊ အဆိပ်ဖြေဆေး လုပ်ဖို့ အဖိုးတန်ဆေးပစ္စည်းဆယ်မျိုး လိုအပ်တယ်။ နှင်းကြာပန်းကလည်း အဲ့ဒီဆယ်မျိုးထဲက တစ်ခုပဲ၊ ငါ သူ့(မ)အတွက် နှင်းကြာပန်း ရှာဖို့ ဒီကောင်းကင်တောင်တန်းကို လာခဲ့တာပါ"
စူးချင်း၏ မျက်လုံးများက အနည်းငယ် အရောင်လက်လာသည်။
ဘာလို့ လီအာရဲ့အဆိပ်နဲ့ လိုအပ်ပုံချင်း ဆင်တူနေရတာလဲ?
"မင်း ပြောခဲ့တဲ့ အဖိုးတန်ဆေးဖက်ဝင်အပင်ဆယ်မျိုးထဲမှာ ထိုက်စွေ့လို့ခေါ်တဲ့ လင်ဇီးမှိုတစ်မျိုး ပါသေးလား?"
(ထိုက်စွေ့ကလေ လင်ဇီးမှိုတစ်မျိုးပါ၊ အသားလင်ဇီးလို့လဲ ခေါ်ကြတယ်၊ သူတို့ဆီမှာကို တကယ်ရှိ မရှိ ဘယ်လိုပုံစံဆိုတာ ငြင်းနေကြတာပါ၊ ပြောရမယ်ဆိုရင် ဒဏ္ဍာရီထဲကဆေးပင်ပေါ့လေ)
စူးချင်းက ဟွေ့မင်းသားကို ကြည့်ရင်း ထပ်မေးလိုက်သည်။
သူ့ဆီမှာ ထိုက်စွေ့ ရှိနေတယ်ဆိုရင် သူမ နေရာတိုင်းကို ပြေးလွှားပြီး ရှာဖွေနေစရာ မလိုတော့ဘူး။ သူမမှာ နှင်းကြာပန်းနှစ်ပွင့်ရှိနေတော့ တစ်ပွင့်ချန်ထားပြီး တစ်ပွင့်ကို ထိုက်စွေ့နဲ့ လဲပေးလိုက်မယ်။
(t/n: ဟူး အပေါ်မှာ တစ်ပွင့်ပဲ ခူးခဲ့တာဆိုပြီး ခု နှစ်ပွင့်ဖြစ်သွားပြန်ပြီ၊ အမူးသာသာက ပလေးနေပါပြီ)
“သခင်မလေး ဘယ်လိုသိတာလဲ?”
ဟွေ့မင်းသားက စူးချင်းကို အထူးအဆန်းသဖွယ် စိုက်ကြည့်နေသည်။
သူမလည်း အဲ့ဒီသေမင်းအဆိပ်အတွက် ဖြေဆေးဖော်ဖို့ ကြိုးစားနေတာလား?
"မင်းမှာ ထိုက်စွေ့ ရှိလား?"
စူးချင်းက သူ့မေးခွန်းကို မဖြေဘဲ ထိုအစား မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
ဟွေ့မင်းသားက ချက်ချင်း ပြန်ဖြေလာသည်။
“တစ်ခု တွေ့ထားတယ်။ အဲ့ဒါက တော်တော်လေး ကြီးတယ်။ သခင်မလေး လိုချင်ရင် တစ်ဝက်ပေးနိုင်ပါတယ်"
“ကောင်းပြီ၊ ငါ မင်းကို နှင်းကြာပန်းတစ်ပွင့်နဲ့ လဲလှယ်ပေးမယ်”
ဟွေ့မင်းသားထံ၌ ထိုက်စွေ့ ရှိနေသည်ဟု ကြားလိုက်ရသောကြောင့် စူးချင်းက အလဲအလှယ် လုပ်ရန် ဝမ်းသာအားရ ကမ်းလှမ်းလိုက်သည်။
စူးချင်း၏စကားများက ဟွေ့မင်းသား မမျှော်လင့်ထားသော စကားဖြစ်ပြီး သူ့ကို အလွန်အံအားသင့်သွားစေသည်။
သူမက သူ့ကို သတ်ချင်နေတာမဟုတ်ဘူးလား? ဘာလို့ ထိုက်စွေ့အတွက် နှင်းကြာပန်းနဲ့ လဲလှယ်ပေးမယ်လို့ ပြောနေတာလဲ?
သူ့ဇနီးကို ကယ်တင်နိုင်တော့မည်ဟု တွေးမိသွားသည့် ဟွေ့မင်းသားက ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူ့ရင်ဘတ်ရှေ့၌ လက်သီးတစ်ဖက်တင်ကာ စူးချင်းကို အရိုအသေပေးလိုက်သည်။ ဤသည်မှာ သူတို့၏ အမြင့်မြတ်ဆုံးသော အရိုအသေပေးသည့်ပုံစံ ဖြစ်သည်။
သို့သော် တစ်ခုခု မှားနေပြီကို သူ ရုတ်တရက် ခံစားလိုက်ရပြန်သည်။
သူ အခုနအထိ အရမ်းနာကျင်နေပြီး အသက်ရှူမဝလောက်အောင် ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေခဲ့ရတာ မဟုတ်ဘူးလား? အခုတော့ ဒီလိုမျိုး ကြီးမားတဲ့လှုပ်ရှားမှုတစ်ခု လုပ်လိုက်တာတောင် ဘာလို့ သူ ဘာနာကျင်မှုကိုမှ မခံစားရတော့တာလဲ?
ဒီမိန်းကလေးက သူ့ကို အဆိပ်ပေးခဲ့တာ မဟုတ်ဘဲ အဲ့ဒီအစား အံဖွယ်ဆေးတစ်မျိုးပေးခဲ့တာ ဖြစ်နိုင်မလား?
"ဆေးအတွက် ကျေးဇူးတင်ပါတယ်... သခင်မလေး"
ဟွေ့မင်းသားက ဆေးအကြောင်း နားလည်သွားပြီး စူးချင်းကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
"ရပါတယ်၊ တောင်ပေါ်ကနေ အရင် ဆင်းရအောင်၊ ငါလည်း ထိုက်စွေ့ကို လိုအပ်နေတယ်၊ ပြီးတော့ မင်းရဲ့ဝမ်ဖေးမှာ ဘယ်လိုအဆိပ်မျိုး ရှိနေတယ်ဆိုတာကိုလည်း ငါ သိချင်တယ်"
စူးချင်း၏မျက်လုံးများက အေးစက်နေသည့်အပြင် ခက်ထန်မှုကိုလည် ဖော်ပြနေသည်။
သူမတို့နဲ့ လီပေါင်းထောင်ချီဝေးကွာတဲ့ နေရာမှာ ဒီအဆိပ်မျိုး ထပ်ရှိနေမယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ တူညီတဲ့ အဆိပ်ဖြစ်နေခဲ့ရင် အဆိပ်ခတ်သူက ဒီအနီးနားမှာ ရှိနေတယ်လို့ ပြောရတော့မှာပဲ။
လီအာကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်က အဲ့ဒီအမျိုးသမီးဆီကို ဒီလူ ပေးခဲ့တဲ့အဆိပ်လည်း ဖြစ်နိုင်တယ်။ တရားခံရဲ့သဲလွန်စကို ရှာတွေ့နေမှတော့ သူမ လုံးဝ လက်မလွှတ်နိုင်ဘူး။
ပြီးတော့ အခု ပြောဆိုဆက်ဆံကြည့်ပုံအရဆိုရင် ဒီဟွေ့မင်းသားကလည်း လူဆိုးမဟုတ်ဘူး။ ဟွေ့လူမျိုးတွေရဲ့ခေါင်းဆောင်ကို ကူညီပေးနိုင်ခဲ့ရင် ဒါက တာ့ထန်အင်ပါယာအတွက် တန်ဖိုးကြီးမားတဲ့ အထောက်အပံ့ဖြစ်လာနိုင်တယ်။
"ကောင်းပါပြီ၊ အခု နန်းတော်ကို ပြန်ကြမယ်"
ဟွေ့မင်းသားက စိတ်အားထက်သန်စွာဖြသ့် သဘောတူလိုက်သည်။ သူ့သက်တော်စောင့်နှစ်ယောက်က သူ့ကို လာတွဲပေးကြသည်။ သူတို့အားလုံးကလည်း သူတို့၏မင်းသားအတွက် ဝမ်းသာနေကြသည်။
သခင် မသေသေးရင် သူတို့လည်း သခင်အတွက် သူတို့ကိုယ်သူတို့ ယဇ်ပူဇော်စရာ မလိုတော့ဘူး။ အသက်ရှင်နိုင်ခွင့်ရမယ်ဆိုရင်တော့ ဘယ်သူက သေချင်ပါ့မလား?
ဤအခိုက်အတန့်တွင် သူတို့က စူးချင်းကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့က သူမကို ကောင်းကင်မှ စေလွှတ်သည့် နတ်မိမယ်တစ်ပါးဟု ထင်မြင်နေကြပြီး သူမကို တလေးတစားဖြင့် ရှေ့ဆုံးမှ လျှောက်ခွင့်ပြုထားကြသည်။
စူးချင်းကို သတ်ချင်ခဲ့သည့် ပါ့တန်းမုကိုတော့ ဟွေ့မင်းသားက နှင်းထဲတွင် သင်္ဂြိုဟ်ပေးရန် အမိန့်ပေးလိုက်သည်။ ထိုအမိန့်က သခင်နှင့် ကျေးကျွန်ကြားမှ နောက်ဆုံး ဆက်နွယ်မှုအအတွက် ဖြစ်သည်။
စူးချင်းက သစ်ကိုင်းကြီးကြီးတစ်ကိုင်းကို ခုတ်ချလိုက်ပြီး ဟွေ့မင်းသားအတွက် ချိုင်းထောက်နှစ်ချောင်းကို ပြုလုပ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်မလေး"
ဟွေ့မင်းသားက သူမကို ကျေးဇူးတင်စကား ထပ်ပြောလာပြန်သည်။ ထိုချိုင်းထောက်နှစ်ချောင်းကြောင့် သူ့ကို ကူတွဲရန် သက်တော်စောင့်များ မလိုအပ်တော့ပေ။ ထိုမှသာ လူတိုင်း ဘေးကင်းမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ချောမွေနေသော တောင်ပေါ်လမ်း ကျဥ်းကျဉ်းတွင် လူနှစ်ယောက်၊ သုံးယောက်ယှဉ်လျောက်ရမည်ဖြစ်ပြီး အန္တရာယ်များလွန်းလှသည်။
သို့တိုင်အောင် သူတို့ တောင်ပေါ်ကို ခက်ခက်ခဲခဲ ပြန်ဆင်းခဲ့ကြရသည်။ သက်တော်စောင့်တစ်ချို့က ရထားလုံးဖြင့် တောင်ခြေတွင် စောင့်နေကြသည်။ စူးချင်းက သူမ၏ မြင်းနက်ကြီးကို စနစ်ထဲသို့ ထည့်ထားခဲ့ပြီး ယခု ပြန်ထုတ်လိုက်သည်။
မြင်းနက်ကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာခြင်းက ဟွေ့မင်းသားအား အံ့ဩသွားစေသည်။ သို့သော် သူက ဘာမှ မမေးတော့ပေ။
ဒီမိန်းခလေးမှာ မှော်ဆန်တဲ့ အရာတွေ အများကြီးရှိတယ်။ ပြီးတော့ နှင်းကြာပန်းဆိုတာ သာမန်လူတွေ ရွေးချယ်နိုင်တဲ့ အရာမဟုတ်ပေ။ တောင်ထိပ်အထိ တက်နိုင်ရင်တောင် ပန်းပွင့်နေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ခူးခွင့်ရလောက်တဲ့အထိ ကံကောင်းဖို့ လိုသေးတယ်။
မင်းသားက ရထားလုံးထဲသို့ ဝင်ထိုင်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူက ရိုးရိုးအဝတ်များ ဝတ်ဆင်လာခဲ့သလို ရထားလုံးပေါ်တွင်လည်း တော်ဝင်အဆောင်အယောင်များ ရှိမနေခဲ့ပေ။ ရထားလုံးက သာမန်ရထားလုံးနှင့် တူနေပြီး သူ မသိမသာ ခရီးထွက်လာမှန်း သိသာနေသည်။ သက်တော်စောင့်များက ရထားလုံးကို ဝန်းရံ ကာကွယ်ပေးထားကြသည်။ သူတို့ကလည်း သာမာန်မျိုးနွယ်စု၏၀တ်စုံများကိုသာ ၀တ်ဆင်ထားသော်လည်း သူတို့၏ မျက်လုံးများက သာမန်လူများနှင့် ကွဲပြားခြားနားနေသည်။ သူတို့က အမူအရာက ထက်မြက်ဟန်ပေါ်နေပြီး အမြဲနိုးကြားနေပုံရသည်။
စူးချင်းက တာ့ဟေးကို စီးကာ သူတို့နောက်မှ လိုက်ပါလာသည်။ တာ့ဟေးက စနစ်ထဲတွင် အနားယူခဲ့ရပြီး ယခု အလွန်တက်ကြွနေသည်။ သူက စွမ်းအင်အပြည့်ဖြင့် နှာမှုတ်နေပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ဟွေ့မင်းသားနှင့် သူ့၏သက်တော်စောင့်များက တာ့ဟေးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေကြသည်။
ဒီမြင်းကြီးရဲ့မျက်လုံးတွေက ဘာလို့ ဒီလောက်တောက်ပနေရတာလဲ? သူ့ရဲ့အမွေးတွေကလည်း တောက်ပြောင်နေပြီး သူ့ခြေထောက်ပေါ်က ကြွက်သားတွေက တောင့်တင်းသန်မာလွန်းတာကြောင့် စွမ်းအားကြီးမားမှန်း သိသာနေတယ်။ လမ်းလျှောက်နေတဲ့ အချိန်မှာ တည်ငြိမ်လွန်းနေတာကြောင့် ပြေးတဲ့အချိန်ဆို လျှပ်စီးလက်သလို မြန်ဆန်လွန်းနေမှာ မဟုတ်ဘူးလား?
မြင်းနက်ကြီးကလည်း သူ့ကို ကြည့်နေမှန်း သိနေပုံရသည်။ တာ့ဟေးက သူ့ခေါင်းကို မော့ကာ ခြေလှမ်း မှန်မှန်လှမ်းရင်း ဂုဏ်မောက်နေပုံရသည်။
ကောင်းကင်တောင်တန်းက ကြီးမားကျယ်ပြန့်လှပြီး ဟွေ့မင်းသား နေထိုင်သည့် ကက်ရှ်ဂါမြို့ သို့ မရောက်မီ လေညအိပ်ငါးရက်လောက် ခရီးနှင်ခဲ့ရသည်။ ထိုနေရာသို့ ရောက်သည်နှင့် မြို့ထဲ၌ သဲများ ဖုံးလွမ်းနေပြီး အိမ်များက အလွန်နိမ့်နေသည်ကို စူးချင်း သတိပြုမိသွားခဲ့သည်။ နန်းတော်ကတော့ ထိုအိမ်နိမ့်နိမ့်လေးများကြားမှ သိသိသာသာ ထိုးထွက်နေပြီး ခမ်းနားထည်ဝါလှသည်။ အဖြူရောင် အဆောက်အဦးများက လူနေအိမ်များထက် သိသိသာသာ ပိုမြင့်မားနေသည်။
လမ်းဘေးနှစ်ဘက်တွင် ဆိုင်အချို့ရှိပြီး နံပြားများ၊ သိုးသားကင်များ၊ ဝက်ခေါက်ကင်များနှင့် ဖုတ်ထားသည့် မုန့်ပေါင်းများ ရောင်းချနေကြသည်။ အစားအစာများက ဆွဲဆောင်မှု ရှိသလို ထိုပစ္စည်းများကို ရောင်းချသည့် ဟွေ့လူမျိုးများကလည်း ဖြတ်သွားသည့်ရထားလုံးပေါ်မှ ခရီးသည်များကို နွေးနွေးထွေးထွေး ကြိုဆိုနေကြသည်။ သိုးခွာအစပ်ဟင်းရောင်းသည့် မိန်းကလေးတစ်ယောက်က သူတို့ရထားလုံးနောက်သို့ ရဲရဲဝံ့ဝံ့ လိုက်လာပြီး အော်မေးနေသည်။
“ချက်ပြီးသား သိုးခွာဟင်း လိုချင်လား? ဒါမှမဟုတ် သိုးခေါင်းဟင်း လိုချင်လား?”
သက်တော်စောင့်များက ထိုကောင်မလေးကို ပြန်နှင်ထုတ်နေကြသည်။ စူးချင်းက ဒီဟွေ့မိန်းခလေး အလွန်လှပသည်ကို သတိထားမိသွားပြန်သည်။
သူမရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကတောင် သူမရဲ့ သဘာဝအလှကို ဖုံးကွယ်မထားနိုင်ဘူး။ သူမရဲ့မျက်လုံးများတွေက ကြီးမားလုံးဝန်နေပြီး မဲနက်နေတယ်။ သူမရဲ့ မျက်တောင်ရှည်တွေကလည်း ခေါက်ယပ်တောင်လေး ဖြန့်ထားသလိုပဲ။ သူမက ချစ်စဖွယ်ကောင်းလွန်းတယ်။
“ငါတို့ မလိုသေးဘူး၊ ဝေးဝေးကိုသွားရောင်း”
သက်တော်စောင့်များက သူမကို ရထားလုံးနားသို့ ကပ်ခွင့်မပြုသော်လည်း ထိုမိန်းကလေးက အလျော့မပေးဘဲ ရထားလုံးနောက်မှ လိုက်ပါလာသည်။ စူးချင်းက ထိုမိန်းမငယ်လေး ကိုင်ဆောင်ထားသည့် သိုးခွားလင်ဗန်းအောက်မှ အလင်းတန်းတစ်ခုကို ရုတ်တရက် သတိထားမိသွားသည်။ သူမက ချက်ချင်း သတိဝင်လာပြီး ထိုမိန်းကလေးကို စူးစူးရဲရဲ လှမ်းကြည့်လိုက်သည်။
ထိုမိန်းမငယ်လေး ရထားလုံးအနီးသို့ ရောက်လာချိန်တွင် ဘယ်ကမှန်းမသိသော သဲအိတ်တစ်လုံးက ရထားလုံးဆီသို့ ရုတ်တရက် ရောက်ရှိလာသည်။ သက်တော်စောင့်များက ထိုသဲအိတ်ဆီသို့ ခဏတာမျှ အာရုံလွဲသွားကြသည်။ ထိုမိန်းမငယ်လေး သက်တော်စောင့်များ အာရုံလွဲနေသည်ကို အခွင့်ကောင်းယူပြီး သူမလက်ထဲမှ စားစရာလင်ဗန်းကို ပစ်ချပြီး လေထဲသို့ ချက်ချင်း ခုန်တက်လိုက်သည်။ သူမ၏လက်ထဲတွင် ထက်မြနေသည့် ဓားကောက်တစ်ချောင်း ကိုင်ဆောင်ထားသည်။
အရာအားလုံးက ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ ရထားလုံး၏အခြားတစ်ဖက်ရှိ သက်တော်စောင့်များအတွက်လည်း တုံ့ပြန်ချိန် မရလိုက်ကြပေ။ ထိုမိန်းမငယ်လေးက ရထားလုံး၏ ကန့်လန့်ကာကို မတင်ပြီး ရထားလုံးပေါ်မှ ဟွေ့မင်းသားကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေသည်။ ထိုအရေးကြီးသောအခိုက်အတန့်တွင် မြှားတိုးလေးတစ်စင်း ထွက်ပေါ်လာပြီး ထိုမိန်းမငယ်လေး၏လက်ကောက်ဝတ်ထဲသို့ စိုက်ဝင်သွားသည်။ ဟွေ့မင်းသားက ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမကို ကန်ထုတ်လိုက်သည်။ သက်တော်စောင့်များက အမြန်ပြေးလာကြပြီး သူမကို ဖမ်းးချုပ်ကာ မြေကြီးပေါ်သို့ ဖိထားလိုက်ကြသည်။
လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက ပွတ်ကာသီကာ လွဲချော်သွားခဲ့သည်။ လူတိုင်း ချွေးအေးများ ထွက်နေကြပြီး ဟွေ့မင်းသားကတော့ စူးချင်းကို ကျေးဇူးတင်ဟန်ဖြင့် လှမ်းကြည့်နေသည်။
"သခင်မလေး၊ မင်း ငါ့ကို ထပ်ကယ်လိုက်ပြန်ပြီ"
“...”
စူးချင်းက ဘာမှ မပြောဘဲ သူမ၏အမူအရာက အေးစက်နေမြဲသာ ဖြစ်သည်။ သူမက မြေပြင်ပေါ်တွင် ရုန်းကန်နေသည့် မိန်းမငယ်လေးကို တချက်ကြည့်လိုက်သည်။
သူမရဲ့မျက်လုံးတွေက ဘာလို့ ထူးထူးခြားခြား နီရဲနေတာလဲ? သူမ အဆိပ်သင့်နေခဲ့တာလား?
စူးချင်းက ထိုမိန်းမငယ်လေး၏အနားသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို ဓားဖြင့် လှီးဖြတ်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက လူအုပ်ထဲမှ ရုန်းထွက်လာပြီး အော်ဟစ်ရင်း ပြေးလာနေသည်။
“ငါ့သမီးကို မသတ်ပါနဲ့၊ မသတ်ကြပါနဲ့"
သက်တော်စောင့်များက ထိုအသက်လတ်ပိုင်း အမျိူးသမီးကိုလည်း ဖမ်းဆီးကာ မြေကြီးပေါ်၌ ဖိထားကြပြန်သည်။ မြေပြင်ပေါ်၌ ဖိကာ ထိန်းချုပ်ခံထားရသော်လည်း ထိုအမျိုးသမီးက ငိုယို တောင်းပန်နေဆဲ ဖြစ်သည်။ လမ်းမပေါ်ရှိ စျေးသည်များနှင့် လမ်းသွားလမ်းလာများလည်း စုရုံးစုရုံးဖြင့် ကြည့်ရှု့နေကြသည်။ သက်တော်စောင့်များက သူမကို အနိုင်ကျင့်နေသည်ဟု စွပ်စွဲနေသည့်လူတချို့လည်းရှိနေသေးသည်။
စူးချင်းက ထိုလူများကို ဂရုမစိုက်ဘဲ ဆေးတစ်လုံး ထုတ်ကာ မိန်းမငယ်လေး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ လှီးဖြတ်ထားသော လက်ကောက်ဝတ်မှ ကူကောင်ကို တွန်းထုတ်လိုက်သည်။ ထိုမိန်းမငယ်လေး၏သွေးထဲမှ အနက်ရောင်ပိုးကောင်များ တွားသွားထွက်လာသည်ကို မြင်လိုက်ရမှ လူတိုင်း ထိတ်လန့်သွားကြသည်။
“ဘာတွေ ဖြစ်နေတာလဲ? လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ ပိုးကောင်တွေ ရှိနေရတာလဲ?”
စူးချင်းက မိန်းမငယ်လေး၏ လက်ကောက်ဝတ်ပေါ်သို့ သွေးတိတ်ဆေးမှုန့်အချို့ ဖြူးပေးပြီး ပတ်တီးစည်းပေးလိုက်သည်။ ထို့နောက် သူမက ခေါင်းပြန်မော့လိုက်ပြီး ရထားလုံးပေါ်ရှိ ဟွေ့မင်းသားကို လှမ်းပြောလိုက်သည်။
“သူ(မ)က ကူအဆိပ် မိထားတယ်။ အခု အဆင်ပြေသွားပြီ"
“ကောင်းပါပြီ”
ဟွေ့မင်းသားက ခေါင်းညိတ်လိုက်သည်။ သူလည်း စူးချင်း၏ ဆေးပညာကျွမ်းကျင်မှုကြောင့် အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။
အရင်က သူမဆီကနေ ဆေးတစ်လုံး သောက်ခဲ့ရပြီး သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ သူ့ဘာသာသူတောင် လမ်းလျှောက်နိုင်ခဲ့တယ်။ အခု သူမသ ဒီအဆိပ်ပိုးကောင်ကို ဖြေရှင်းတဲ့နည်းလမ်းက ကြောက်စရာကောင်းပေမယ့် အရမ်းထိရောက်တယ်။ ဒီမိန်းခလေးက ဘယ်သူလဲ?
လူအုပ်ထဲမှ နှာခေါင်းကောက်ကောက်နှင့် သိမ်းငှက်မျက်လုံးရှိသော အမျိုးသားတစ်ဦးက စူးချင်းကို မကျေမနပ် လှမ်းကြည့်နေသည်။
ဒီမိန်းမကြောင့် သူ့အစီအစဥ်ကို ပျက်သွားပြီ။