ကယ်တင်မှု
Vol. 43 Ch. 636
နာ့တန်မှုကို အလွန်ထိတ်လန့်တုန်လှုပ်သွားစေသည်က နတ်ဆေးသမားတော်လည်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူ သူ့လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်ခံနေရသလို ပိုခံစားလာရသည့်အပြင် စိတ်ပျက်လက်ပျက်လည်း ဖြစ်သွားခဲ့သည်။
နတ်ဆေးသမားတော် သေဆုံးသွားမှတော့ သူ ချစ်ရတဲ့ ဝမ်ဖေးအတွက် ဘယ်သူက အဆိပ်ဖြေဆေး ဖော်ပေးနိုင်တော့မှလဲ? အခု သူ နှင်းကြာပန်းကို ရှာတွေ့တာတောင် ဘာမှ အသုံးမဝင်တော့ဘူး။
"အခု ချက်ချင်း ဒီနေရာကိနေ ထွက်သွားတဲ့သူ ရှိ မရှိ စစ်ဆေးကြည့်"
စူးချင်းက သူ့ကို အကြံတစ်ခု ပေးလိုက်ပြီး ဟွေ့မင်းသားက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။ သူက သူ့၏ ကျဆင်းနေသော စိတ်အခြေအနေကို ပြန်စုစည်းကာ သူကိုယ်တိုင် စုံစမ်းရန် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူ ထွက်သွားပြီးနောက် စူးချင်းက နှင်းကြာပန်းနှင့် အခြားအဖိုးတန်ဆေးပင်တချို့ အပါအဝင် ဟွေ့မင်းသားထံမှ ရရှိသော အသားလင်ဇီးမှိုကို ထုတ်ယူပြီး အဆိပ်ဖြေဆေးဖော်ရန် စတင်လိုက်သည်။ သူမက သူမ ကြင်ယာတော်မင်းသမီးလေးအတွက် အဆိပ်ဖြေဆေးဖော်လိုကြောင်းနှင့် မကြာမီ ကြင်ယာတော်မင်းသမီး၏ဝေဒနာ ပျောက်ကင်းသွားတော့မည်ဖြစ်ကြောင်း နန်းတွင်းအစေခံများနှင့် မိန်းမစိုးများအား တမင်တကာ ပြောပြလိုက်သည်။
စူးချင်းက ဆေးဖက်ဝင်အပင်များနှင့် ဆေးဘက်ဝင်ပစ္စည်များအားလုံးကို စားပွဲပေါ်သို့ တင်လိုက်ပြီး သူမ ဆေးဖော်နေသည်အး လူတိုင်းကို ကြည့်ခွင့်ပေးထားခဲ့သည်။ နန်းတော်ခန်းမက တိတ်ဆိတ်နေပြီး စူးချင်း ဆေးကြိတ်နေသည့်အသံမှလွဲ၍ ဘာသံမှ ထွက်မလာတော့ပေ။ ထိုအချိန်တွင် တစ်ယောက်ယောက် တိတ်တိတ်လေး ထွက်သွားပြီး စူးချင်းက ထွက်ခွာသွားသည့်လူကို ဘေးတိုက်လှမ်းကြည့်လိုက်သည်။ နန်းတွင်းအစေခံမလေးတစ်ယောက် ခေါင်းငုံ့ကာ ခိုးကြောင်ခိုးဝှက် ထွက်သွားနေခြင်း ဖြစ်သော်လည်း စူးချင်းက သူမကို မတားခဲ့ပေ။
သူမ ဒီအစေခံကို သွားခွင့်မပြုရင် လူသတ်သမားကို ဘယ်လိုဆွဲဆောင်နိုင်ပါ့မလဲ?
တိတ်ဆိတ်နေသော ခန်းမဆောင်တစ်ခုထဲတွင် “ဝှီးခနဲ” မြည်သံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုက စူးချင်းထံသို့ တည့်တည့် ဦးတည်လာသည်။ စူးချင်းက လေထဲမှ လွင့်ပျံလာသည့် တစ်စုံတစ်ခု၏အသံကို ကြားလိုက်ပြီး ထိုလျှို့ဝှက်လက်နက်က ခုတင်ပေါ်ရှိ ကြင်ယာတော်မင်းသမီးအား နာကျင်စေမည်ကို သူမ စိုးရိမ်သွားသည်။ ထို့ကြောင့် စူးချင်းက အိပ်ရာ၏ကန့်လန့်ကာများကို ဆွဲချကာ လက်နက်ပုန်းကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူမက လုံးဝ ရပ်တန့်မနေဘဲ နန်းတွင်းအစေခံများ၏ ထိတ်လန့်နေသော အကြည့်များအောက်၌ နန်းတော်တံခါးဆီသို့ မြှားတစ်စင်းလို ပြေးထွက်သွားသည်။ အနက်ရောင်မျက်နှာဖုံးစွပ်ထားသော အမျိုးသားအများအပြားက စူးချင်း ထွက်လာသည်ကို မြင်သွားပြီး သူတို့၏ ဓားများကို မြှောက်ကာ သူမကို ခုတ်ပိုင်းလိုက်ကြသည်။
ထိုလူသတ်သမားများက ရက်စက်ကြမ်းကြုတ်လှပြီး သူတို့၏လှုပ်ရှားမှုများက ကြမ်းတမ်းလှသည်။ လုပ်ကြံသူသုံးယောက်က မြန်ဆန်လွန်းလှပြီး အချက်ညီညီ ပူးပေါင်း တိုက်ခိုက်နေကြသည်။ အခြားသူများဖြစ်နေလျှင် ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများအောက်၌ အသတ်ခံရဖွယ်ရှိပြီး သူတို့၏လုပ်ကြံမှု အောင်မြင်သွားပေလိမ့်မည်။
သို့သော် စူးချင်းကို သတ်ရန်ကတော့ သူတို့အတွက် လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ စူးချင်းက သူမ၏ဓားပျော့ကိုပင် ဆွဲမထုတ်ခဲ့ပေ။ သူမက ခုတင်ကန့်လန့်ကာကိုသာ အသုံးပြုရင်း ပြန်လည်တိုက်ခိုက်နေခဲ့သည်။ ထိုလှုပ်ရှားမှုကပင် ဤလူသတ်သမားများ ခုခံနိုင်သည့်အရာ မဟုတ်ပေ။
နူးညံ့ပါးလွှာသော ခုတင်ကန့်လန့်ကာက စူးချင်း၏လက်ထဲ၌ နဂါးတစ်ကောင်သဖွယ် လှုပ်ရှားနေသည်။ ကန့်လန့်ကာစက လေထဲ၌ ပျံဝဲနေပြီး လူသုံးယောက်ကို ပိတ်ဆို့ထားကာ တိမ်နှင့် လေများအဖြစ် ပြောင်းလဲနေသည်။ စူးချင်းက နောက်ကွယ်မှ လူကို ရှာဖွေချင်သောကြောင့် သူတို့ကို ချက်ချင်း မသတ်ဘဲ ထိုလူသုံးယောက် သတိလစ်သွားစေရန် ဆေးတစ်မျိုး အသုံးပြုလိုက်သည်။
“သူတို့ကို ဖမ်းလိုက်”
စူးချင်းက ဓားကိုင်ထားသည့် သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သူမ၏ အစွမ်းထက်သော အရှိန်အဝါကြောင့် သက်တော်စောင့်များက မနာခံဘဲ မနေရဲကြပေ။၊ သူတို့က ချက်ချင်း ရှေ့တိုးလာပြီး လုပ်ကြံသူသုံးယောက်ကို ကြိုးဖြင့် ချည်လိုက်ကြသည်။
"သူတို့ကို ခန်းမကြီးထဲ ပစ်ထည့်ထားလိုက်"
စူးချင်းက သူတို့ကို ခန်းမထဲသို့ ပစ်ထည့်ခိုင်းလိုက်သည်။
ဒါက ငါးစာပဲ။ နောက်ကွယ်ကလူက ဒီလူသတ်သမားတွေ သူ့ကို ဖော်ထုတ်မှာ ကြောက်ရင် ဒီလူတွေကို ပြန်လာလုမှာ သေချာတယ်။
စူးချင်းက ထိုလူသုံးယောက်အား ခုတင်ကန့်လန့်ကာဖြင့် အုပ်ထားရန် ထပ်အမိန့်ပေးလိုက်သည်။ သူမက အဆိပ်အပ်များဖြင့် လှမ်းပစ်ပြီး နှုတ်ပိတ်မည်ကို စိုးရိမ်သောကြောင့် အတွင်းမှ လူများအား မမြင်စေရန်နှင့် လှမ်းပစ်လျှင်အပင် မထိမှန်နိုင်စေရန် သူမဘက်မှ လက်ဦးမှုယူထားခြင်း ဖြစ်သည်။
ထိုအပြင် ဤလူများ၏ လျှို့ဝှက်လက်နက်များကလည်း အလွန်ထူးဆန်းနေသေးသည်။ ၎င်းတို့ကို ဝါးဖြင့် ပြုလုပ်ထားပြီး မရေမတွက်နိုင်သည့် အဆိပ်အပ်များ ဖြည့်သွင်းထားသည်။ အသုံးပြုရန် ၎င်း၏နောက်၌ ခလုပ်တစ်ခု တပ်ဆင်ထားပုံရပြီး ခလုပ်ကို ဖိလိုက်သည်နှင့် အဆိပ်အပ်များ ထွက်လာခဲခြင်း ဖြစ်သည်။
ဤသိမ်မွေ့ပြီး နက်နဲသော လျှို့ဝှက်လက်နက်များက မြောင်ကျားတောင်တန်းတွင် တွေ့ခဲ့ရသည့် လက်နက်များနှင့် ဆင်တူနေသောကြောင့် စူးချင်းကို အတွေးများသွားစေပြန်သည်။
လက်နက်က ဆင်တူနေတဲ့အပြင် အဆိပ်ကလည်း အတူတူပဲ။ မြောင်ကျားတောင်တန်းက အကြွင်းအကျန်တွေ ဖြစ်နိုင်လား?
စူးချင်း လျှို့ဝှက်လက်နက်များကို လေ့လာနေစဥ် သတင်းရသွားသည့် ဟွေ့မင်းသားက ချက်ချင်း ပြန်ပြေးလာသည်။ သူ နန်းတော်ထဲသို့ ဝင်လာပြီး ပထမဆုံး လုပ်လိုက်သည့်အရာက သူ့၏ကြင်ယာတော်မင်းသမီးလေးကို ပြေးကြည့်ခြင်းပင်။ သူမ ဘေးကင်းကြောင်း သေချာသွားပြီးမှ သူက စူးချင်းထံသို့ ရောက်လာပြီး အခြေအနေကို မေးမြန်းနေသည်။
"သခင်မလေး၊ မင်း အဆင်ပြေရဲ့လား?"
"ငါ အဆင်ပြေတယ်၊ ငါ မင်းရဲ့ဝမ်ဖေးကို ကယ်တင်ဖို့ အဆိပ်ဖြေဆေး ဖော်မယ်လို့ တမင်တကာ ပြောလိုက်တာနဲ့ ဒီလူတွေက ငါ့ကို လုပ်ကြံဖို့ ရောက်လာကြတယ်။ အဲဒီ နန်းတွင်းအစေခံက သစ္စာဖောက်ပဲ”
စူးချင်းက လူသတ်သမားသုံးယောက်ကို ဟွေ့မင်းသားထံ လွှဲပေးလိုက်ပြီး တိတ်တဆိတ် ပြန်ရောက်လာသည့် နန်းတွင်းအစေခံကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနန်းတွင်းအစေခံက လက်ရှိအခြေအနေကို အာရုံစိုက်နေခဲ့သည်။ စူးချင်းက သူမကို လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်သည်နှင့် သူမ၏မျက်နှာက ကြောက်ရွံ့မှုအပြည့်ဖြင့် ဖြူဖျော့သွားသည်။
"သူ့(မ)ကို ဖမ်းလိုက်"
ဟွေ့မင်းသားက ထိုနန်းတွင်းအစေခံအား ဖမ်းရန် သူ့သက်တော်စောင့်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သူမ ဖော်ထုတ်ခံလိုက်ရသည်ကို သိလိုက်သည်နှင့်တပြိုင်နက် ထိုနန်းတွင်းအစေခံက စူးချင်းနှင့် ဟွေ့မင်းသားကို လျှို့ဝှက်လက်နက်တစ်ခုစီဖြင့် ပစ်ပေါက်လိုက်သည်။ ထိုအရာက ခန္ဓာကိုယ်ကို ထိမိသည်နှင့် ပေါက်ကွဲစေမည့် မီးလောင်ဗုံးဖြစ်သည်။ ထိုမီးလောင်ဗုံးတွင် အဆိပ်ငွေ့များ အပြည့်ရှိနေပြီး ပေါက်ကွဲသွားသည်နှင့် ဤခန်းမထဲရှိ သက်ရှိအားလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ခုတင်ကန့်လန့်ကာက နောက်တစ်ကြိမ် အသုံးဝင်လာပြန်သည်။ စူးချင်းက လုပ်ကြံသတ်ဖြတ်သူ သုံးဦးအပေါ် အုပ်ထားသည့် ခုတင်ကန့်လန့်ကာကို ဆွဲယူလိုက်ပြီး ထိုမီးလောင်ဗုံးနှစ်လုံးကို လှိမ့်ယူလိုက်သည်။
ဒီလျှို့ဝှက်လက်နက်တွေက မဆိုးဘူး၊ ဒါကြောင့် သူမ သိမ်းထားရမယ်။
နန်းတွင်းအစေခံက သူမ၏လျှို့ဝှက်လက်နက်ဖြင့်ပင် စူးချင်းအား ထိခိုက်အောင် မလုပ်နိုင်ဖြစ်နေမည်ဟု မျှော်လင့်ထားပုံမရပေ။ သူမ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူမက ဆက်မတိုက်ခိုက်ရဲတော့ဘဲ လှည့်ပြေးသွားသည်။
စူးချင်းက သူမ၏လက်ထဲမှ ခုတင်ကန့်လန့်ကာကို ပစ်လွှတ်လိုက်ပြီး နန်းတွင်းအစေခံကို ရစ်ပတ်ဖမ်းဆီးကာ ပြန်ဆွဲခေါ်လိုက်သည်။ စူးချင်းက သူမ အဆိပ်ကို ကိုက်ပြီး သတ်သေခြင်းမှ ကာကွယ်ရန် သူမ၏အပ်စိုက်မှတ်ကို နှိပ်ထားလိုက်သည်။
စူးချင်း၏ ကျက်သရေရှိပြီး လျင်မြန်သွက်လက်သော လှုပ်ရှားမှုက ဟွေ့မင်းသားကို အံ့အားသင့်သွားစေပြန်သည်။
ကံကောင်းလို့ ကံကောင်းလို့ပေါ့.... သူ နှင်းတောင်ပေါ်မှာ နှင်းကြာပန်းကို လုယူဖို့ မရွေးချယ်ခဲ့တာ သူ အရမ်းကံကောင်းသွားတယ်။ သူမရဲ့ဒီအစွမ်းနဲ့ဆိုရင် အဲ့ဒီချောက်ကမ်းပါးကတောင် သူမကို တားဆီးနိုင်မှာ မဟုတ်ဘူး။
“သူ့(မ)ရဲ့ပါးစပ်ထဲက အဆိပ်ကို အရင် ဖယ်လိုက်”
စူးချင်းက သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သက်တော်စောင့်များက သူတို့၏မင်းသားကို လှမ်းကြည့်လိုက်ကြသည်။
ဒီမိန်းခလေးက အရာရာကို ဦးဆောင်နေတယ်လို့ သူတို့ ဘာကြောင့် ခံစားနေရတာလဲ?
“သခင်မလေး ပြောတဲ့အတိုင်း လုပ်လိုက်”
နာ့တန်မူက စူးချင်း၏စကားကို နားထောင်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
သူ သူမကို အရမ်းယုံကြည်တယ်။ သူ့ရှေ့က မိန်းခလေးကြောင့်သာ မဟုတ်ခဲ့ရင် သူ သေပြီးတာ နှစ်ကြိမ်တောင်ရှိနေလောက်ပြီ။ အဲ့ဒါကြောင့် သူမ သူတို့ကို ဒုက္ခမပေးလို့ သူ ယုံကြည်နေတယ်။
သက်တော်စောင့်တစ်ယောက်က ထိုနန်းတွင်းအစေခံ၏ပါးစပ်ကို ဆွဲဖွင့်လိုက်ပြီး သူမ၏ သွားများအတွင်းမှ အဆိပ်အိတ်လေးကို အမှန်ပင် ရှာတွေ့သွားခဲ့သည်။
ဟွေ့မင်းသားက ညွှန်ကြားချက်တောင်းရန် စူးချင်းကို လှမ်းကြည့်လိုက်သည်။ စူးချင်းက ခုတင်ဘေးတွင် ထိုင်နေပြီး ကြင်ယာတော်မင်းသမီး၏ သွေးခုန်နှုန်းအား ထပ်စမ်းနေသည်ကို သူ မြင်လိုက်ရသည်။
ဟွေ့မင်းသားက မည်သူ့ကိုမျှ စူးချင်းအား မနှောင့်ယှက်ရန် တားဆီးလိုက်သည်။
စစ်မှန်တဲ့ ဆရာသခင်က သူနဲ့ သူ့ဝမ်ဖေးကို ကယ်တင်ဖို့ ကောင်းကင်က စေလွှတ်လိုက်တဲ့ တမန်တော်ပဲ။
စူးချင်းက ကြင်ယာတော်မင်းသမီး၏သွေးခုန်နှုန်းကို စမ်းသက်ရန် မင်းသမီး၏လက်ကို ဆွဲယူလိုက်ပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် အသက်ရှူအောင့်ကာ စစ်ဆေးနေခဲ့သည်။ ကြင်ယာတော်မင်းသမီးနှင့် လီအာတို့၏အဆိပ်က တူညီနေကြောင်း သူမ နောက်တကြိမ် အတည်ပြုလိုက်သည်။
ပိုကောင်းသွားပြီ၊ နှင်းကြာပန်းတစ်ပွင့်နဲ့ အသားလင်ဇီးတဝက်က လူတစ်ယောက်ချင်းစီအတွက် အဆိပ်ဖြေဆေးတစ်လုံးလုပ်ဖို့ လုံလောက်တယ်။
စူချင်းက ကျန်နေသည့် အသားလင်ဇီးတဝက်ကို မျက်စိကြနေပြီး ကြင်ယာတော်မင်းသမီးအား ကုသပေးပြီးနောက် ထိုအသားလင်ဇီးတစ်ဝက်ကို ဆေးကုခအဖြစ် ယူသွားရန် တွေးနေပြီ ဖြစ်သည်။
စူးချင်း ဆေးစ ဖော်တော့မည်ကို မြင်လိုက်ရချိန်တွင် ဟွေ့မင်းသားက သူ့သက်တော်စောင့်များ စူးချင်းကို ကာကွယ်ပေးရန် အမိန့်ပေးလိုက်သည်။ သို့သော် စူးချင်းက သူတို့အားလုံးကို နှင်ထုတ်လိုက်သည်။ ထိုအချိန်မှသာ ဟွေ့မင်းသားက နတ်ဆေးသမားတော်များ ဆေးဖော်လျှင် အခြားသူများ မမြင်အောင် လျှို့ဝှက်လုပ်ဆောင်တတ်မှန်း ပြန်တွေးမိသွားခဲ့သည်။
ဟုတ်သားပဲ.... အဲဒါတွေအားလုံးက လျှို့ဝှက်ဆေးဖော်စပ်နည်းတွေလေ။
သူက သူ့လူများနှင့်အတူ နန်းတော်အပြင်သို့ ပြန်ထွက်သွားပြီး နန်းတွင်းအစေခံနှင့် လုပ်ကြံသတ်ဖြတ်သူသုံးဦးအား စစ်ဆေးမေးမြန်းနေခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူသုံးဦးက ဆေးမိထားပြီး ရေဖြင့် ပက်သည့်တိုင် ပြန်မနိုးလာကြသေးပေ။ သူမ၏အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးလိုက်သည်နှင့် နန်းတွင်းအစေခံက အံကြိတ်ကာ အဆိပ် ကိုက်ပြီး သတ်သေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အဆိပ်အိတ် မရှိတော့သည်ကို သူမ သိလိုက်ရပြီး အလွန်ထိတ်လန့်သွားကာ သူမ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
"ပြောစမ်း၊ မင်းက ဘယ်သူလဲ? ဒီကိစ္စရဲ့နောက်ကွယ်ရှိနေတာ ဘယ်သူလဲ?"
ဟွေ့မင်းသားက နန်းတွင်းအစေခံကို အေးစက်သောမျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်။ ဤနန်းတွင်းအစေခံက ကြင်ယာတော်မင်းသမီး၏အစေခံဖြစ်နေသည်ကိုလည်း သူ မှတ်မိသွားခဲ့သည်။
“ကျွန်တော်မျိုးမကို ဘယ်သူကမှ အမိန့်မပေးပါဘူး။ ကျွန်တော်မျိုးက ဝမ်ဖေးအတွက် ဒီမိန်းမကို သတ်ပြီး နှင်းကြာပန်းကို လုယူချင်လို့ အခုလို လုပ်မိတာပါ"
နန်းတွင်းအစေခံက သူမ ကြင်ယာတော်မင်းသမီးအတွက် စူးချင်းအား လုပ်ကြံသတ်ဖြတ်မိသည်ဟု အခိုင်အမာ ပြောနေခဲ့သည်။
“သူ(မ)ကို ရိုက်ကြစမ်း”
နာ့တန်မူက ထိုနန်းတွင်းအစေခံအား ရိုက်နှက်ရန် အမိန့်ပေးခဲ့သော်လည်း သူမကတော့ အမှန်အတိုင်း မဝန်ခံသေးပေ။
နှင်းကြာပန်းကို လုယူပြီး ဝမ်ဖေးကို ကယ်တင်ဖို့တဲ့လား? ဒါဆို သူမက ဘာလို့ မီးလောင်ဗုံးပါ ပစ်ချလိုက်ရတာလဲ?
"ဝမ်ရယ်၊ ကျွန်တော်မျိုးမက ဝမ်ဖေးအတွက် လုပ်ခဲ့တာပါ"
ပါးရိုက်ခံရပြီး သွေးများ စီးကျလာသော်လည်း ထိုနန်းတွင်းအစေခံက ခေါင်းမာနေဆဲဖြစ်ကာ နောက်ကွယ်က လူကို လုံးဝ မဖော်ထုတ်ခဲ့ပေ။
နာ့တန်မူ စစ်ဆေးမေးမြန်းနေချိန်တွင် စူးချင်းက အဆိပ်ဖြေဆေး ဖော်စပ်နေခဲ့သည်။ ဆေးပစ္စည်းများ အဆင်သင့် ဖြစ်နေသောကြောင့် ဆေးဖော်စပ်မှုက အလျင်အမြန် ပြီးစီးသွားပြီး စုစုပေါင်း အဆိပ်ဖြေဆေး နှစ်လုံး ဖော်စပ်နိုင်ခဲ့သည်။ အနက်ရောင်ဆေးလုံးများက မွှေးရနံ့များ ထုတ်လွှတ်နေပြီး စူးချင်း ခုတင်ဆီသို့ လျှောက်သွားကာ ကြင်ယာတော်မင်းသမီး၏ပါးစပ်ကို ဖွင့်ပြီး ဆေးတစ်လုံး ထည့်ပေးလိုက်သည်။
ဟွေ့မင်းသားက စူးချင်း၏လုပ်ရပ်ကို လှမ်းမြင်သွားပြီး ထိုနန်းတွင်းအစေခံကို စုံစမ်းမေးမြန်းရန် စိတ်မ၀င်စားတော့ပေ။ သူက သူ့ကြင်ယာတော်မင်းသမီးအား စောင့်ရှောက်ပေးရန် အထဲသို့ အမြန် ပြန်ပြေးဝင်လာခဲ့သည်။ သူက အလွန်စိတ်လှုပ်ရှားနေပုံဖြင့် သူ့၏ကြင်ယာတော်မင်းသမီးကို စိုက်ကြည့်နေပြီး သူ့လက်သီးများကို တင်းနေအောင် ဆုပ်ထားသည်။
ကြင်ယာတော်မင်းသမီးအား ဆေးတိုက်ပြီးနောက်တွင် စူးချင်းက ဟွေ့မင်းသားထံမှ သီးခြားအခန်းတစ်ခု တောင်းဆိုလိုက်သည်။
သူမ လီအာ့ကို ဆေးတိုက်ရဦးမယ်လေ....
ဟွေ့မင်းသားက သူ့လူများအား စူးချင်းကို ဘေးခန်းသို့ လိုက်ပို့စေသည်။ စူးချင်းက လူတိုင်းကို ပြန်နှင်လွှတ်လိုက်ပြီး လီအာကို ဆေးကျွေးရန် စနစ်ထဲမှ ပြန်ထုတ်လိုက်သည်။ ကလေးလေးက မျက်လုံးလေးများကို တင်းတင်းမှိတ်ထားပြီး သူ့မျက်နှာက အသားဝါရောဂါရှိသူကဲ့သို့ ဝါနေကာ သူ့နှုတ်ခမ်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မဲပြာနေသည်။ သူလည်း ကြင်ယာတော်မင်းသမီးကဲ့သို့ပင် ပြင်းထန်စွာ အဆိပ်သင့်နေမှန်း သိသာနေသည်။
ကလေးက အလွန်ငယ်သေးသောကြောင့် ဆေးမတိုက်မီ ရေဖြင့် အရင်ဖျော်ရန် လိုအပ်နေသေးသည်။ စူးချင်းက အသားလင်ဇီးစိမ်ထားသည့်ရေကို ဆေးဖော်ရည် အသုံးပြုလိုက်ပြီး ဆေးရည်ကို ကလေး၏ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်ကာ ကလေးကို ဆေးတိုက်လိုက်သည်။ ထို့နောက် စူးချင်းက လီအာ၏ဘေးတွင် တိတ်တဆိတ် စောင့်နေခဲ့သည်။ သိပ်မကြာမီ ပွက်ပွက်ဆူနေသော ရေနွေးအိုး၏ အသံကဲ့သို့သောအသံကို သူမ ကြားလိုက်ရသည်။