မိသားစုတစ်ခုလုံး ပြန်လည်ဆုံစည်းခြင်း
Vol. 14 Ch. 135
ဘုန်း
ရှန်းယီသည် ယန်ရှင်းခုံးကို ထိုသုံးဦးထံ ပစ်ပေးလိုက်ပြီးနောက် သဏ္ဍာန်နှစ်မျိုး မူလအနှစ်သာရကို ကမ်းပေးလိုက်သည်။
သိုင်းပညာပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် တာအိုဆရာ နှစ်ဦးသည် ချက်ချင်း သက်ပြင်းချလိုက်ကြလေ၏။
"တော်ပါသေးရဲ့သခင်ရှန်း ရှိနေလို့၊ မဟုတ်ရင် ဒီနေ့ သဏ္ဍာန်နှစ်မျိုး မူလအနှစ်သာရကို ပြန်မရနိုင်တဲ့အပြင် ကျုပ်တို့ရဲ့အသက်ကိုပါ ဒီနေရာမှာ ထားခဲ့ရဖို့များတယ်"
မျိုးရိုးမြင့်နတ်ဆိုးကြီးတစ်ကောင်၊ ၎င်း၏အစိမ်းရောင် အမွေးအတောင်များသည် မယုံနိုင်ဖွယ်ထက်ရှလွန်းပြီး အနီရောင် အမွေးတောင်များသည်လည် သူ၏အခြေအနေကို အဆက်မပြတ် ပြန်လည်ကုသစေနိုင်သည်။
၎င်းသည် သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။ အစွမ်းကုန် ထွက်ပြေးလျှင်ပင် အသက်ဘေးမှ လွတ်မြောက်ရုံလောက်သာ တတ်နိုင်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိရင်း တာအိုဆရာ ချွန်းယန် သည် မြေကြီးပေါ်ရှိ ယန်ရှင်းခုံးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ လေထဲတွင် လျွင့်မျှောနေသော တာအိုဓားက ခုံးကျင်းကို စောင့်ကြပ်မထားပါက သူ၏ဒေါသများ ပေါက်ကွဲထွက်လာပြီး ထိုလူကို ထိုးသတ်မိပေလိမ့်မည်။
ထိုဘိုးဘေးခန်းမဆိုသည်မှာ တိမ်ဖြူကျောင်းတော် စတင်တည်ထောင်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည်အရာမဟုတ်လော။
ယခုတော့ ဤခွေးသူခိုး ဖျက်ဆီးပစ်လိုက်လေပြီ။
တာအိုဆရာ ချင်းကျင့်က ခေါင်းအနည်းငယ် ခါလိုက်ပြီး သူ့မိတ်ဆွေအိုကြီးကို သတိပေးလိုက်သည်။
"ထားလိုက်ပါတော့၊ တိမ်ဖြူကျောင်းတော်အတွက် ရှင်းပြချက်ကို သခင်နှစ်ပါးက သူ့ဆီကနေ တောင်းဆိုပါလိမ့်မယ်"
တစ်ဖက်လူသည် နတ်ဆိုးနှိမ်နင်းရေးဌာန၏ ကြီးလေးသော တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည်။ နတ်ဆိုးဖမ်းဆီးသူ တိုင်းနှင့် နတ်ဆိုးနှိမ်နင်းရေးမြင်းစီးတပ်သားတိုင်း၏ တစ်ခုတည်းသော တာဝန်မှာ ချင်ပြည်နယ်ကို ကာကွယ်ရန် ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရန်ငြိုးအတွက် အသက်ကို အချည်းနှီး စတေးရန် မဟုတ်ပေ။
ထို့အပြင် တစ်ဖက်လူသည် ကြိုတင် သတင်းအချက်အလက် တစ်စုံတစ်ရာ မပေးခဲ့ဘဲ လူတိုင်းကို ဤအခြေအနေသို့ မျက်စိစုံမှိတ် ခေါ်ဆောင်သွားခဲ့သည်။
အကယ်၍ ယနေ့ရောက်လာသူမှာ သခင်ရှန်း မဟုတ်ဘဲ ထင်ယန်စီရင်စုမှ အခြား အနီးကပ်တွဲဖက် ဒု-စစ်သူကြီးတစ်ဦးသာ ဆိုပါက၊ထို့အတူ သူ ဤနေရာတွင်မတော်တဆ ကျဆုံးသွားခဲ့မည်လျှင်၊ အန္တရာယ်များလှသော ချင်ပြည်နယ်တွင် ကာကွယ်စောင့်ရှောက်ပေးမည့် အရာရှိတစ်ဦး လျော့နည်းသွားမည်ဖြစ်ပြီး မည်မျှကြီးမားသော ကပ်ဘေးကြီး ထပ်မံ ဖြစ်ပေါ်လာမည်ကို မည်သူ သိနိုင်မည်နည်း။
နတ်ဆိုးနှိမ်နင်းရေးဌာနသည် ဤကဲ့သို့သော အစဉ်အလာမျိုး မည်သည့်အခါမျှ ထားရှိမည် မဟုတ်ပေ။
တာအိုဆရာသည် အလားတူ ဒေါသထွက်နေသော်လည်း ဒေါသဖြေရန်အတွက် သေလုမြောပါး လူတစ်ယောက်ကို နှိပ်စက်သည့် အကျင့် မရှိပေ။
“...”
ရှန်းယီသည် နောက်ဆုံးကျန်ရှိနေသော နတ်ဆိုးဆီသို့ လျှောက်သွားလိုက်လေ၏။
ခုံကျင်းသည် တာအိုဓားနှစ်ချောင်းကြောင့် လေထဲတွင် မျောပါနေရပြီး အဝေးရှိ မိဘများ၏ အလောင်းများကို ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး ဝတ်စုံနက်နှင့် လူငယ် အနားသို့ လျှောက်လာသည်ကို သတိထားမိလိုက်သည်။
သူ၏ မျက်နှာပေါ်ရှိ မျှော်လင့်ချက်မဲ့ပြီး ပြိုလဲနေသော အမူအရာသည် နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုအဖြစ် ပြောင်းလဲသွားလေ၏။
"ငါ မင်းကို အသေခံ တိုက်မယ်ကွ"
သူ၏ ညာလက်မောင်းရှိ အစိမ်းရောင် အမွေးတောင်သည် တောက်ပလာပြီး ဓားရှည်တစ်ချောင်းသကဲ့သို့ ဖြစ်သွားလေ၏။
သို့သော် ထိုလက်မောင်း မမြှောက်နိုင်ခင်မှာပင် ရှန်းယီက ပေါ့ပေါ့ပါးပါးဖြင့် လက်ဖဝါးတစ်ချက် ရိုက်လိုက်သည်။
ခုံကျင်း၏ရက်စက်ပြီး နုနယ်သော ဦးခေါင်းသည် ဘုန်းကနဲ ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်သာ ကျန်ရစ်ကာ အနည်းငယ် ယိမ်းထိုးသွားပြီးနောက် မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။ သွေးအဆီအနှစ် တစ်ခုသည် ငွေခေါင်းလောင်းထဲသို့ ဝင်ရောက်သွားသည်။
ရှန်းယီသည် သူ၏မင်ရောင်ဓားကို ဆွဲထုတ်လိုက်ပြီး ဝမ်းဗိုက်ခွဲကာ အမြုတေ ထုတ်ယူသည့် လုပ်ဆောင်ချက်သည် သူ၏ယခင် လေးပစ်ခြင်းထက် ပိုမို ကျွမ်းကျင်နေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဒေါင်းနတ်ဆိုး ကနဦးအမြုတေ တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် သူသည် နတ်ဆိုးအိုကြီး နှစ်ကောင်၏ သွေးအဆီအနှစ်နှင့် နတ်ဆိုးအမြုတေများကိုလည်း ငွေခေါင်းလောင်းထဲသို့ ထည့်သွင်းလိုက်သည်။
ဝတ်စုံနက်နှင့် လူငယ် အခြားသူများရှေ့သို့ ပြန်ရောက်လာသည့် အချိန်အထိ သူတို့သည် ကြောင်အနေဆဲဖြစ်ပြီး မသိစိတ်ဖြင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။
“...”
အမြုတေအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း သခင်ရှန်း၏ နတ်ဆိုးသတ်ဖြတ်ပုံသည် အနည်းငယ် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသည်။
ပြီးတော့ ဒီချောမွေ့ပြီး သဘာဝကျတဲ့ လုပ်ဆောင်ချက်... ဒါကို ရရှိဖို့ သူ့လက်တွေက နတ်ဆိုးသွေး ဘယ်လောက်တောင် စွန်းထင်းခဲ့ရပြီလဲ။
နတ်ဆိုးနှိမ်နင်းခြင်းကို တာဝန်အဖြစ် ခံယူထားသော တိမ်ဖြူကျောင်းတော်သည်ပင် ဤအရာကို မြင်ပြီးနောက် မိမိကိုယ်ကို ရှက်ရွံ့မိသွားသည်။
"ဟူး။"
ယန်ရှင်းခုံးသည် မြေကြီးပေါ်တွင် လဲလျောင်းရင်း ခုံကျင်း၏ အလောင်းကို စိုက်ကြည့်နေပြီး နောက်ဆုံးတွင် ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
သူ၏ သွေးကြောများရဲနေသော မျက်လုံးများထဲတွင် စိတ်သက်သာရာရမှု အရိပ်အယောင် ပေါ်လာလေ၏။
"ဘယ်လို ခံစားရလဲ"
ရှောင်ချမ်ဝေ လျှောက်လာရင်း မေးလိုက်သည်။
"အရမ်း ကျေနပ်စရာ ကောင်းတယ်... ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ယန်ရှင်းခုံး၏အသံသည် ခြင်တစ်ကောင်၏ ညည်းသံကဲ့သို့ တိုးညှင်းနေသည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနကို ပြန်လိုက်ပို့ပေးဖို့ လိုသေးလား"
ရှောင်ချမ်ဝေက သတိပေးလိုက်သည်။ တစ်ဖက်လူသည် ချင်ပြည်နယ်တွင် အသက်တစ်ဝက်နေထိုင်ခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူများစွာက သူ့ကို သိကြလေ၏။
"ခင်ဗျားတို့အားလုံးက ကြင်နာတတ်တဲ့သူတွေပါ၊ ကျွန်တော့်ကို နောက်ဆုံးအနေနဲ့ သူရဲဘောကြောင်ခွင့် ပြုပါ။ တာအိုဆရာ နှစ်ပါးကို ဒုက္ခပေးရတော့မယ်... ကျုပ်ကို ယင်းအာ နဲ့အတူ မြှုပ်နှံပေးပါ။ သူက ကျောက်စိမ်းအဆင့် နတ်ဆိုးမလေးပါ၊ သူ့ရဲ့ နတ်ဆိုးအမြုတေက တန်ဖိုးမရှိပါဘူး။ ဖျင်ရှာတောင်ကြား ကို သွားလိုက်ပါ၊ ကျွန်တော့် ကောင်လေးတွေကတူညီတဲ့ တန်ဖိုးရှိတဲ့လျော်ကြေးငွေ သေချာပေါက် ပေးပါလိမ့်မယ်"
ယန်ရှင်းခုံးသည် ဤလူများထဲတွင် မည်သူက စိတ်အနူးညံ့ဆုံးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနေသည်မှာသိသာထင်ရှား၏။
သူ ခါးသီးစွာ ပြုံးလိုက်ပြီး တာအိုဆရာ ချွန်းယန် ဘက်သို့ အကြည့်ပို့လိုက်သည်။
"သေချင်းဆိုးကောင် ဒီမှာ သနားအောင် လာလုပ်ပြနေတယ်၊ဒီတာအိုဆရာက မင်းရဲ့လှည့်ကွက်တွေကို မယုံဘူးကွ။မင်းခေါင်းကို မြို့ရိုးပေါ်မှာ ချိတ်ထားသင့်တာ"
တာအိုဆရာ ချွန်းယန် လက်သီးဆုပ်လိုက်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သော်လည်း ဝတ်စုံနက်နှင့် လူငယ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်မိလေ၏။
နတ်ဆိုးနှိမ်နင်းရေးဌာန၏ နည်းလမ်းများကို ချင်ပြည်နယ် တစ်ဝှမ်းလုံးတွင် သိကြသည်။
အတူတူ မြှုပ်နှံပေးရမယ် ဟုတ်လား။ အဲဒီအချိန်ကျရင် သူ့ခေါင်းနဲ့ ကိုယ်တောင် အတူတူ ရှိချင်မှ ရှိတော့မှာ။
ယခု သူတို့ နောက်ဆုံးတွင် အခွင့်အရေး ရပြီဖြစ်ရာ ဖျင်ရှာတောင်ကြားမှ ဤဓားပြဘုရင်ကို အလဟဿ အဖြစ်မခံဘဲအဓိက အင်အားစုများကို သင့်လျော်စွာ ဟန့်တားရန် အသုံးပြုကြပေလိမ့်မည်။
"ကျုပ်ကိစ္စ ပြီးပြီ၊ ခင်ဗျားတို့ သဘောပဲ"
ရှန်းယီသည် ဘေးနားတွင် လက်ပိုက်လျက် ရပ်နေသည်။
ထိုစကားကို ကြားသောအခါ ယန်ရှင်းခုံး ကျေနပ်စွာ မျက်လုံးမှိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူသည် ချင်ပြည်နယ်သို့ အရှင်ပြန်သွားရန် လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခြင်းက သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာစေရန် လုံလောက်ပေသည်။
ချွမ်
တုံ့ပြန်မှုရရှိပြီးနောက် တာအိုဆရာ ချွန်းယန်သည် အင်္ကျီလက်စကို ပေါ့ပေါ့ပါးပါး ခါလိုက်သည်။
ကြီးမားသော တာအိုဓားသည် အဆများစွာ ကျုံ့ဝင်သွားပြီး ထိုလူ၏ လည်ပင်းကို ဖြတ်တောက်သွား၏။ ဤအရာက သူ့အတွက် ခန္ဓာကိုယ်အကောင်းပကတိ ချန်ထားပေးခဲ့သည်ဟု ယူဆနိုင်သည်။
"ခင်ဗျားပဲ ကတိပေးခဲ့တာလေ၊ ခင်ဗျားဘာသာ လုပ်လိုက်တော့။ဒီတာအိုဆရာမှာ ဒီစုံတွဲကို မြှုပ်နှံပေးဖို့ ခွန်အား မကျန်တော့ဘူး"
တာအိုဆရာ ချင်းကျင့် စကားမဆုံးခင်မှာပင် တာအိုဆရာ ချွန်းယန်က ပြိုကျနေသော သစ်သားအိမ်ဆီသို့ ဆွဲခေါ်သွားသည်။
သခင်ရှန်းကိုယ်တိုင် သတ်ဖြတ်ခဲ့သော ထိုနတ်ဆိုးသုံးကောင်လုံး၏အမွေးအတောင် အနည်းငယ်သည် အလွန်တန်ဖိုးရှိပုံ ရသည်။
ရိတ်သိမ်းချိန် ရောက်သောအခါ သူတို့နှစ်ဦး ဤနေရာတွင် ရပ်နေခြင်းသည် အခြားသူများကို အနေခက်စေရုံသာ ရှိပေလိမ့်မည်။
ထိုနေရာတွင် လူနှစ်ဦးသာ ကျန်ရစ်သောအခါ...
ရှောင်ချမ်ဝေသည် နောက်ဆုံးတွင် သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်လိုက်သည်။
"ကျွန်မ ရှင်ကို ဒီနေရာမှာ အသေခံခိုင်းမိတော့မလို့ပဲ"
အကယ်၍ ဤနေရာရှိသောအရာသည် အမြုတေဖွဲ့စည်းခြင်းပြီးပြည့်စုံခြင်းအဆင့် မဟုတ်ဘဲ အမြုတေစုစည်းခြင်းအဆင့် နတ်ဆိုးသာ ဆိုပါက ယနေ့သည် အမှန်တကယ်ပင် အဆုံးသတ်သွားပေလိမ့်မည်။
ရှန်းယီ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"မဟုတ်ဘူး၊ ငါ့မှာ လိပ်အသက်ရှူခြင်း နည်းစနစ် ရှိတယ်။ပြီးတော့ အထဲရောက်တော့လည်း ငါ ဟိုကြည့်ဒီကြည့် လုပ်ခဲ့သေးတာပဲ"
သို့မဟုတ်ပါက သူသည် အနီးအနားတွင် ပုန်းအောင်းနေသော ယန်ရှင်းခုံးကို အဘယ်ကြောင့် ဦးစွာ ရှာဖွေတွေ့ခဲ့မည်နည်း။
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ဝတ်စုံနက်နှင့် လူငယ်၏ ဆိုလိုရင်းကို ရှောင်ချမ်ဝေ ချက်ချင်း နားလည်သွားသည်။
သူမ၏ ဖုန်းကွယ်ခြင်း စွမ်းရည်သည် သူနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေပြီး မယှဉ်နိုင်သော တည်ရှိမှုမျိုးနှင့် ကြုံတွေ့ရပါက သူသည် သူတို့ကို ကာကွယ်ပေးရန် ရွေးချယ်မည် မဟုတ်ပေ။
"ရှင် နည်းနည်းလောက် သိမ်မွေ့လို့ မရဘူးလား"
ရှောင်ချမ်ဝေက သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို မတတ်သာစွာ ပုတ်ထုတ်လိုက်သည်။
"ဒီလို အသက်အန္တရာယ်ရှိတဲ့ ကိစ္စတွေအတွက် ရှင်းရှင်းလင်းလင်း ပြောတာ ပိုကောင်းတယ်"
ရှန်းယီ အကြည့်လွှဲလိုက်ပြီး နာကျင်နေသော လက်မောင်းများကို ဆန့်ထုတ်လိုက်သည်။ အစောပိုင်းက မခံစားခဲ့ရသော်လည်း နောက်ဆက်တွဲ အကျိုးဆက်များက ဤမျှ သိသာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် ဖြင့် အားဖြည့်ထားသော ခန္ဓာကိုယ်ဖြစ်လင့်ကစား ထိုလေးမြားဒဏ်ကို အတော်လေး ခံစားနေရသည်။
သူသည် ကျောက်စိမ်းအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ရန် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာကို အားကိုးနေရသည်။
အကယ်၍ သူသာ ကောင်းကင်နတ်ဆိုးအမြုတေ ကို ထပ်မပေါင်းထည့်ပါက တာအိုဆရာ နှစ်ဦးထက် အရည်အသွေးပိုင်းအရ များစွာ သာလွန်မည် မဟုတ်ပေ။
သူသည် အချိန်မရွေးကယ်တင်နိုင်ပြီး အချိန်မီ ရောက်ရှိလာကာ ဒီရေကိုလှည့်ပြောင်းပေးနိုင်သော ကယ်တင်ရှင်တစ်ဦး မဟုတ်ပေ။
အကယ်၍ ဤအမျိုးသမီးသည် သူ့လွှမ်းမိုးမှုအောက်တွင် ဆက်လက် ရှိနေပြီး သူမ၏ ပုံမှန် သတိရှိမှုနှင့် ပြတ်သားမှုတို့ကို စွန့်လွှတ်လိုက်ပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် အပြင်လောက၌ သေဆုံးသွားပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ ရှောင်ချမ်ဝေ အလေးအနက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်မ သတိထားပါ့မယ်"
ရှန်းယီသည် ဟေးရှီရေကန် အတွင်းသို့ တိတ်ဆိတ်စွာ၊ တွေဝေခြင်းမရှိဘဲ ခုန်ဆင်းသွားခဲ့ခြင်းက သူမအပေါ် အလွန် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်စေခဲ့ပြီး ရှန်းယီသည် ကျောက်နံရံအတွင်းသို့ ဝင်ရောက်သွားခဲ့မည်ဟု မသိစိတ်မှ ထင်မှတ်စေခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် သူမသည် လုံးဝပြန်မရုပ်သိမ်းတတ်သော သူ၏လိပ်အသက်ရှူခြင်း နည်းစနစ်ကို လစ်လျူရှုခဲ့မိသည်။
သူ့တွင် သတိရှိမှုနှင့် ပြတ်သားမှု နှစ်မျိုးလုံး ရှိသည်။ ကွာခြားချက်မှာ သူ့တွင် ယုံကြည်မှု ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။
“...”
ရှောင်ချမ်ဝေသည် သူမ၏ အသက်ရှူနှုန်းကို ညှိယူလိုက်ပြီး တစ်ကိုယ်တည်း လှုပ်ရှားစဉ်က အခြေအနေမျိုးကို နောက်ဆုံးတွင် ပြန်လည် ရရှိသွားခဲ့သည်။
သူမသည် ခိုင်မာသော အောင်မြင်မှုများဖြင့် ငွေခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူအဆင့် အဆင့်တက်လာသူဖြစ်ပြီး အခြားသူများအပေါ် စိတ်အာရုံ အပြည့်အဝ ထားရှိကာ သူတို့၏ဓားများကို ကောက်ပေးရုံသာ တတ်နိုင်သော နောက်လိုက်သက်သက် မဟုတ်ပေ။
"ဒါဆိုရင် အရှုပ်အရှင်းတွေ ရှင်းဖို့ စီနီယာရှောင် ကိုပဲ ဒုက္ခပေးရတော့မယ်"
ရှန်းယီ လှည့်ထွက်သွားပြီး သူ၏ ရိတ်သိမ်းမှုများကို စတင် ရေတွက်လိုက်သည်။
"ကောင်းပြီ"
ရှောင်ချမ်ဝေ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိလေ၏။ (ဟ အမကြီးသောက်ရှက်လေးလဲရှိပါအုံး)