ကောင်းကင်နေခွင်းမြားဖြင့် ဒေါင်းနတ်ဆိုးကို သတ်ဖြတ်ခြင်း
Vol. 14 Ch. 133
ကောင်းကင်နေခွင်းလေး သည် အမြုတေစုစည်းခြင်းအဆင့် နတ်ဆိုးသခင်တစ်ဦးကိုပင် အသက်အန္တရာယ် ပေးနိုင်စွမ်းရှိသည့် ရတနာတစ်ပါး ဖြစ်သည်။ (ကနဦးအမြုတေဖွဲ့စည်းခြင်း၊အမြုတေဖွဲ့စည်းခြင်း၊အမြုတေဖွဲ့စည်းခြင်းပြီးပြည့်စုံခြင်း၊အမြုတေစုစည်းခြင်း)
ချင်ကျိုးနယ်မြေရှိ နတ်ဆိုးဖမ်းစီးသူအားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း အမြုတေစုစည်းခြင်းအဆင့် နတ်ဆိုးအရှင်သခင် ၁၇ ကောင်၏ သတင်းအချက်အလက်ကိုသာ စုဆောင်းနိုင်ခဲ့ကြ၏။
တစ်နည်းအားဖြင့်ဆိုသော် ချင်ကျိုးနယ်မြေတစ်ဝိုက်တွင် ဤလေးကို မကြောက်သည့် နတ်ဆိုးဟူ၍ မဟာလနတ်ဆိုးဘုရင်သာ ရှိပေသည်။ ဤမြားတစ်ချက်ကို ခုခံနိုင်ပြီး အသက်ရှင်ရန် အခွင့်အရေးရှိသူဟူ၍ တစ်ဒါဇင် သို့မဟုတ် နှစ်ဒါဇင်ခန့်သာ ရှိပေလိမ့်မည်။
အမှန်ပင် ၎င်းမှာ လေးကို အဆုံးအထိ ဆွဲနိုင်မှသာ ဖြစ်ပေသည်။
ယန်ရှင်းခုံး၏ ကျင့်ကြံခြင်းဖြင့် လေးကို လခြမ်းပုံသဏ္ဍာန်အထိ ဆွဲနိုင်ခြင်းမှာ အသက်နှင့်ရင်း၍ ကြိုးစားခဲ့ရခြင်းပင်။ သို့သော်လည်း ထိုမျှနှင့်ပင် ရှိဤနေရာရှိနေသူအားလုံး၏ မျက်နှာထားများကို ပြောင်းလဲသွားစေရန် လုံလောက်ခဲ့ပေသည်။
နောက်တစ်ခဏတွင် ကောင်းကင်သို့ ပျံတက်သွားသော မြား၏မြှည်ဟိန်းသံနှင့်အတူ အဖြူရောင်အလင်းသည် ရှည်လျားသော သက်တံတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံကို ဖြတ်သန်းသွားတော့သည်။
"ရှောင်ကြ"
မြား၏မြှည်ဟိန်းသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အဘိုးအိုသည် ဧရာမအတောင်ပံကြီးနှစ်ခုကို ချက်ချင်း ဆန့်ထုတ်ကာ အသည်းအသန် ခတ်လိုက်ရာ သူ၏အရှိန်အဝါမှာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ခုံကျင်းနှင့် အဘွားအိုတို့သည်လည်း ထိုနည်းတူ လှုပ်ရှားလိုက်ကြပြီး ရှောင်ချမ်ဝေ၏ ပုံရိပ်မှာလည်း ဘေးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်သားအိမ်ကို ဗဟိုပြု၍ အဖြူရောင်အလင်း ကျရောက်လာသည်နှင့် ၃၀ ကျန့် ပတ်လည်ရှိ အရာအားလုံးမှာ အမှုန့်ဖြစ်သွားရတော့သည်။
ဘုန်း
မြေပြင်တစ်ခုလုံး ကွဲအက်ပြိုကျသွားပြီး ဖုန်မှုန့်များနှင့် မီးခိုးလုံးများသည် နဂါးတစ်ကောင်ပမာ ကြွတက်လာကာ ပတ်ဝန်းကျင်မှ ကျောက်တုံးများစွာ ပြိုကျလာခဲ့၏။
လေထဲတွင် ပျံဝဲနေသော ပုံရိပ်သုံးခုမှာ မရပ်နားရဲဘဲ အလျှင်အမြန် ဝဲပျံကာ သူတို့ စောစောက ရပ်ခဲ့သည့်နေရာကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြပြီးနောက် ဝေးကွာသော ချောက်ကမ်းပါးထိပ်သို့ ဒေါသတကြီး လှမ်းကြည့်လိုက်ကြပေသည်။
"ယန်ရှင်းခုံး"
သွေးများဖြင့် စိုရွှဲနေသော ဆံပင်စုတ်ဖွားနှင့် လူသည် ကြောင်ငေးစွာ ပြန်ကြည့်နေပြီး သူ၏မျက်လုံးများမှာ အရောင်ကင်းမဲ့နေသကဲ့သို့ပင်။
သူသည် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားခဲ့ပြီး ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့သည်။
သို့သော်လည်း သူ၏အရှိန်အဝါအားလုံးကို ကုန်ခမ်းစေခဲ့သော ထိုမြားသည် လွဲချော်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
လေးကို ဆွဲရသည်မှာ အလွန် နှေးလွန်းနေသည်... နှေးလွန်းသည်၊ အလွန်နှေးလွန်းသည်။
ယန်ရှင်းခုံးသည် အားအင်ကုန်ခမ်းကာ ဒူးထောက်လဲကျသွားပြီး လေးရှည်မှာ သူ့ဘေးတွင် လဲကျနေခဲ့၏။
ကောင်းကင်နေခွင်းလေး၏ တောက်ပမှုမှာ အနည်းငယ်မျှ မလျော့ပါးသော်လည်း သူ့မှာ ဒုတိယအကြိမ် ဆွဲနိုင်ရန် ခွန်အား မရှိတော့ပေ။
"..."
ရှောင်ချမ်ဝေသည် မြေပြင်မှ အခက်အခဲမရှိ ထရပ်လိုက်ပြီး မျက်နှာပေါ်ရှိ ဖုန်မှုန့်များကိုသုတ်ကာ ထိုပုံရိပ်ကို စကားမပြောနိုင်စွာဖြင့် ကြည့်နေမိသည်။
"ဒီတာအိုဆရာသူ့ကို ပါးနှစ်ချက်လောက် ဆင့်ရိုက်ပလိုက်ချင်တာ"
တာအိုဆရာ ချွင်းယန်က စိတ်ပျက်လက်ပျက်ဖြင့် တံတွေးထွေးလိုက်၏။
"သူ ဒီထက်ပိုပြီး အားကိုးလို့ မရဘူးလား။ဒီလောက်ကြာအောင် ပုန်းနေပြီးမှ ထွက်လာတာ အိမ်ကို ဖျက်ဆီးပစ်ဖို့ပဲလား"
"ဒီကောင်... ပြောစရာရှိရင် တည့်တည့်မပြောဘဲ ကျုပ်တို့ကို ဒီအထိ ရောက်အောင် လိမ်ခေါ်လာရတယ်ပေါ့"
တာအိုဆရာ ချင်းကျင့်က အသက်ကို လုရှူနေရသည်။ ယခုအချိန်တွင် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ ဘယ်လိုလုပ် မှန်းလို့မရဘဲ နေပါ့မည်နည်း။
ဤမျှအထိ အပင်ပန်းခံနေရခြင်းမှာ သူ့အတွက် နတ်ဆိုးများကို သတ်ပေးမည့်သူ ရှာနေခြင်းမဟုတ်ပါလား။
အကယ်၍ စောစောက မြားသာ ထိမှန်ခဲ့လျှင် အင်အားအကြီးဆုံး အဘိုးအိုနတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပြီး ယနေ့တွင် တကယ်ပင် အခွင့်အရေး ရှိနိုင်ပေသည်။
"အားလုံးပဲ..."
ယန်ရှင်းခုံး၏အကြည့်မှာ မှိန်ဖျော့နေပြီး တစ်ခုခု ပြောချင်သော်လည်း ရင်ထဲတွင်ပြာပုံအတိ ဖြစ်နေသည်။
သူသည် အောက်ဘက်ရှိ လူအနည်းငယ်ကို ကြည့်ကာ လက်သီးဆုပ်ချင်သော်လည်း သူ၏ လက်ဖဝါးမှာ အလယ်မှကွဲအက်နေပြီး မြေပြင်ပေါ်တွင် ပျော့ခွေနေသည်ကို တွေ့လိုက်ရ၏။
ထိုစဉ်မှာပင် အခြားလူများက သူ့ကို ကြည့်နေသည့် အကြည့်များ ပြောင်းလဲသွားသည်ကို ယန်ရှင်းခုံး သတိထားမိလိုက်သည်။ အထူးသဖြင့် ရှောင်ချမ်ဝေ၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။
ထို့နောက် တည်ငြိမ်သော ခြေသံများကို သူ့နားထဲတွင်ကြားလိုက်ရပြီး သန့်ရှင်းသော ဖိနပ်ရှည်တစ်စုံသည် သူ၏ မြင်ကွင်းအား ဖြည်းညှင်းစွာ ဖြတ်သန်းသွားသည်။
မင်ရောင်ဝတ်ရုံမှာ တောင်လေကြောင့် ညင်သာစွာ လွင့်နေပြီး ချောမောသော လူငယ်လေးသည် ငုံ့ကာ လေးရှည်ကို ကောက်ယူလိုက်ပေသည်။
"..."
ရှန်းယီသည် ဤ ကောင်းကင်နေခွင်းလေးထဲတွင် ပါဝင်သော စွမ်းအားကို ခံစားလိုက်ရပြီး အောက်ဘက်ရှိ လူအနည်းငယ်ကို ငုံ့ကြည့်လိုက်သည်။
ဤလူများက ယခုလိုသတ္တိရှိလိမ့်မည်ဟု သူ တကယ် ထင်မထားခဲ့ပေ။
တာအိုဆရာနှစ်ပါးအား ထားလိုက်ပါ၊ ထိုအမျိုးသမီးပင် သူ့ကိုစောင့်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အစောပိုင်းက ယန်ရှင်းခုံးနှင့် ရင်ဆိုင်နေရစဉ် သူ ခေတ္တမျှ ကြန့်ကြာသွားခဲ့၏။ ကျောက်နံရံသို့ ရောက်သောအခါ ထူးခြားမှုတစ်ခုကို သူ သတိထားမိခဲ့သည်။
သို့သော်လည်း အခြားလူများ၏ပုံရိပ်ကို မတွေ့ရဘဲ ထိုကဲ့သို့ စိမ်းသက်သော အရာများကို သူ အနည်းငယ် သတိထားသဖြင့် အလျင်စလို မဝင်ချင်ခဲ့ပေ။ စီနီယာများ၏ရှင်းပြချက်ကို အရင် နားထောင်ချင်ခဲ့သည်။
ခဏကြာအောင် စောင့်သော်လည်း မည်သူမျှ ပေါ်မလာဘဲ ငွေခေါင်းလောင်းမှ သတင်းစကားများမှာလည်း တစ်ခုခုကြောင့် ပိတ်ဆို့ခံထားရသည်။
ကျောက်နံရံအတွင်းမှ လှုပ်ရှားမှုများကို ခံစားရတော့မှသာ သူအတွင်းသို့ ဝင်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ရှန်းယီ၏ အကြည့်က သူတို့အပေါ်သို့ ဝေ့ကြည့်လိုက်သောအခါ..
တာအိုဆရာ နှစ်ပါးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြ၏။ သူတို့သည် ငယ်ရွယ်သော သခင်ရှန်းကို သူတို့၏အကူအညီများထဲမှ တစ်ဦးအဖြစ် တကယ်ပင် ထည့်မတွက်ခဲ့ကြသဖြင့် ဝင်လာစဉ်က သိပ်မစဉ်းစားမိခဲ့ကြပေ။
ဤကိစ္စမှာ သူ၏ တာဝန်ဖြစ်သည်ကို မေ့နေခဲ့ကြသည်။ သို့သော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်တွင် စည်းမျဉ်းအသေးအဖွဲများကို ငြင်းခုံမနေသင့်ဘဲ အသက်ရှင်ရန် နည်းလမ်းကို အရင် ရှာဖွေသင့်ပေသည်။
ရှောင်ချမ်ဝေသည် သူမ တစ်ခုခု မှားယွင်းသွားပုံရကြောင်း နောက်ဆုံးတွင် သတိပြုမိသွားသည်။
သူမ၏ နှလုံးခုန်သံ မြန်လာပြီး မျက်လုံးထဲတွင် စိုးရိမ်မှုများ ပြည့်လျှံလာလေ၏။ ထင်ယန်မြို့တွင် တစ်ဖက်လူက သူမအား စီနီယာဟု ခေါ်ဆိုခဲ့သော်လည်း ယခု ထိုအကြည့်အောက်တွင်မူ သူမ အမှားတစ်ခုခု လုပ်မိပြီး အထက်လူကြီး၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ အားကိုးရာမဲ့မှုကို ခံစားလိုက်ရပေသည်။
ရှန်းယီ ရုတ်တရက် ပေါ်လာခြင်းက နတ်ဆိုးသုံးကောင်၏ အာရုံကို ဆွဲဆောင်သွားသည်။
သူတို့သည် လေထဲတွင် ပျံဝဲရင်း သူ့ကို သတိထားကာ အကဲခတ်နေကြ၏။ အခြားလူများ၏ တုံ့ပြန်မှုအရ ဤလူသည် ငယ်ရွယ်သော်လည်း အဖွဲ့၏ အဓိက ခေါင်းဆောင်ဖြစ်ပုံရပါသည်။
ခဏအကြာတွင် ခုံကျင်းသည် အားလုံးက သူ့ထက် သာနေသည်ကို မနှစ်သက်ပုံရသည်။ သူသည် အတောင်ပံများကို ခတ်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။
"အဖေနဲ့ အမေ... ဒီကောင်လေးက သားအပိုင်ပဲ"
သူ့အသံက ပဲ့တင်ထပ်သွားပြီး အတောင်ပံများကို ဆန့်ကာ ထိုဘက်သို့ ပျံသန်းသွားတော့သည်။
အားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် ရှန်းယီသည် လက်ထဲမှ လေးရှည်ကို မြှောက်လိုက်လေ၏။
သူ၏ လှုပ်ရှားမှုမှာ အနည်းငယ်တောင့်တင်းနေသော်လည်း လေးကြိုးကို ပေါ့ပေါ့ပါးပါးပင် ဆွဲလိုက်သည်။
ယန်ရှင်းခုံးမှာ ကြောင်ကြည့်နေပြီးနောက် သူ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
စောစောက သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်ခဲ့သော ကောင်းကင်နေခွင်းလေး မှာ ယခုအခါ အသံတိတ်စွာဖြင့် လခြမ်းပုံသဏ္ဍာန်အထိ ဆွဲတင်ခံလိုက်ရသည်ကို သူ မြင်လိုက်ရလေ၏။
တောက်ပသော အဖြူရောင်အလင်းသည် လေးကြိုးပေါ်တွင် ရုတ်တရက် စုစည်းလာခဲ့၏။
တာအိုဆရာ နှစ်ပါးမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ရှောင်ချမ်ဝေ၏ မျက်နှာတွင်မူ ပိုမိုကြီးမားသောဝမ်းသာမှုများ ပေါ်လာချေသည်။
ခုံကျင်းမှာမူ လေထဲတွင် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး အသည်းအသန် လမ်းကြောင်းပြောင်းလိုက်သည်။
"အဖေ"
ရှန်းယီသည် လက်ထဲမှ ရတနာအပေါ် ပိုမို နားလည်သွားပုံရပေသည်။ သူသည် အင်မော်တယ်နတ်ဆိုးခန္ဓာပြောင်းလဲခြင်းကိုးသွင်၏ စွမ်းအားအားလုံးကို လက်မောင်းထဲသို့ လောင်းထည့်လိုက်၏။
နောက်တစ်ခဏတွင် လေးကြိုးမှာ ဆယ်ပုံခုနစ်ပုံအထိ အတင်းအဓမ္မ ဆွဲတင်ခံလိုက်ရတော့သည်။
ထိုအရာကိုမြင်လျှင် အဘိုးအိုသည် တစ်စက္ကန့်မျှ မတွန့်ဆုတ်ရဲတော့ဘဲ ပေပေါင်းများစွာ ကြီးမားသော အပြာရောင်ဒေါင်းကြီးအဖြစ် ချက်ချင်း အသွင်ပြောင်းလိုက်လေ၏။
ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမ အတောင်ပံကြီးများကို သူ့ခန္ဓာကိုယ်ရှေ့တွင် ကန့်လန့်ဖြတ်ထားကာ မိမိကိုယ်ကို တင်းတင်းကျပ်ကျပ် အကာအကွယ် ပေးလိုက်သည်။
တိုက်ပွဲပင် မစရသေးခင် ကြောက်ရွံ့သွားခြင်းပင်။
ရှန်းယီသည် ဤသည်မှာ သူ၏အကန့်အသတ်ဖြစ်မည်ဟု ယူဆကာ ထပ်မံ မကြိုးစားတော့ဘဲ လက်ချောင်းနှစ်ချောင်းကို လွှတ်လိုက်သည်။
ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော အဖြူရောင်အလင်းမြားသည် တောင်ကြားတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
လေထုကို ထိုးခွဲသွားသော အသံမှာ လူတိုင်း၏ နားစည်ကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။ ဤမြား၏ စွမ်းအားက ကောင်းကင်ယံကိုပင် ထိုးဖောက်နိုင်လိမ့်မည်ဟု လူတို့ကိုထင်ယောင်ထင်မှား ဖြစ်စေပေသည်။
ရှူးး
"အစ်ကို"
အဘွားအို၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေလေ၏။ သူမသည် ပင်ကိုယ်အသိစိတ်ဖြင့် သူမ၏ အနီရောင် အမွှေးတောင်များကို ဆင့်ခေါ်လိုက်သော်လည်း သူမ၏ မျက်နှာမှာ သုံးပုံတစ်ပုံခန့် ဖြူလျော့သွားသည်။
၎င်းမှာ စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ ကောင်းကင်ကို ဖြတ်သန်းကာ သူမထံသို့ တည့်တည့် ဦးတည်လာသော အဖြူရောင်အလင်း၏ ရောင်ပြန်ဟပ်မှုကြောင့်ပင်။
သူမ နားမလည်နိုင်ပေ။
အင်အားအကြီးဆုံးကို အရင် ကိုင်တွယ်ရမှာမလား၊ ဒါမှမဟုတ် အားအနည်းဆုံးကို အရင် ဖယ်ရှားရမှာမဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ်... သူမ မဖြစ်သင့်ဘူးလေ... အဖြူရောင်အလင်း သူမထံသို့ ခွင်းကာရောက်လာသည့် ခဏတွင် အဘိုးအိုထက် အနည်းငယ် သေးငယ်သော ဒေါင်းမကြီးအသွင် ပေါ်လာလေ၏။
သူမ၏ အလွန်အားကောင်းလှသော နတ်ဆိုးခန္ဓာမှာ ထိုမြားအောက်တွင် အလွန် အားနည်းနေပုံရသည်။
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ထိုမဟာဒေါင်းနတ်ဆိုးကြီးမှာ မည်သို့မျှ မခုခံနိုင်ဘဲ တောင်နံရံသို့ ရိုက်ခတ်မိသွားတော့သည်။
သွေးများမှာ မိုးရေပမာ နေရာအနှံ့ စင်သွားခဲ့၏။ သူမ၏ ရှည်လျားသော လည်ပင်းမှာ ပျော့ခွေကျသွားပြီး တစ်ကိုယ်လုံး၏ နှလုံးသားနေရာတွင် ပေပေါင်းများစွာ ကျယ်သော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပေသည်။
မြားတစ်ချက်တည်းဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
အဘိုးအိုမှာ ဒေါင်းအသွင်ဖြင့် အတောင်ပံများကို ပြန်ဖြန့်လိုက်သည်။ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူ၏ တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။
သူသည် တောင်ထိပ်သို့ ရုတ်တရက် လှမ်းကြည့်ကာ အလွန် ဝမ်းနည်းကြေကွဲပြီး ဒေါသထွက်ဖွယ်ရာ စူးရှသောအသံဖြင့် ဟစ်အော်လိုက်သည်။
လေပြင်းများနှင့်အတူ ပါလာသော ထိုဟစ်အော်သံမှာ တစ်တောင်ကြားလုံးကို လွှမ်းခြုံသွားတော့သည်။
ချောက်ကမ်းပါးထိပ်တွင် လူငယ်လေး၏ ဝတ်ရုံနက်မှာ လွင့်နေပြီး ဆံပင်များ ထောင်တက်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ မတ်မတ်ပင် ရှိနေသေး၏။
ဆူညံလွန်းသည်ဟု သူ ထင်မြင်မိပုံရသည်။
သူသည် လေးရှည်ကို အဘိုးအိုထံသို့ ဖြည်းညှင်းစွာ ချိန်ရွယ်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်ထားပေသည်။
"..."
ဧရာမ ဒေါင်းကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး အတောင်ပံများကို အားကိုးရာမဲ့စွာ နှစ်ချက် ခတ်လိုက်တော့သည်။