← Chapters

ပြောင်းလဲသွားသော အစ်မ (3)

Vol. 37 Ch. 363

ပြောင်းလဲသွားသော အစ်မ (3)

Vol. 37 Ch. 363

အချိန်သိပ်မကြာခင် အလုပ်ဝတ်စုံအား ဝတ်ဆင်ထားဆဲဖြစ်သည့် အမျိုးသမီးက အထဲကိုအလောတကြီးဝင်လာခဲ့ပြီး သူမ၏အမူအရာက အင်မတန် စိတ်ပူနေဟန်ပေါ်သည်။

သို့သော်လည်း အထဲသို့ရောက်သည်နှင့် မောင်ဖြစ်သူက ဧည့်ခန်းတွင်းမှ ဆိုဖာပေါ်တွင် ညအိပ်ဝတ်စုံဖြင့် ထိုင်ကာ ဖုန်းကြည့်နေသည်ကို မြင်လိုက်ရပြီး ပုံမှန်အတိုင်း ကျန်းကျန်းမာမာပင် ရှိနေသည်ကို သတိပြုမိလိုက်သည်။

အလိမ်ခံလိုက်ရကြောင်း သဘောပေါက်သွားချိန်တွင် သူမ အင်မတန် ဒေါသထွက်သွားခဲ့သည်။

“နင်.. ! နင်ကတော့ ဘာလို့ ကျန်းမာရေခန္ဓာကိုယ်နဲ့ ပတ်သတ်တာကို လိမ်ပြီးပြောရတာလဲ? ငါ ဒီနေ့ နင့်တူကိုတောင် ကျောင်းမကြိုနိုင်ဘဲ ဒီကို တန်းလာခဲ့တာ”

အစ်မဖြစ်သူ၏ ဒေါသတကြီးအသံကို ကြားရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’က ချက်ချင်း ပြုံးပြလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သည့် ဖုန်းကို ကိုင်ကာ ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။

ဝိဉာဉ်ရေးရာအစီအစဉ်၏အကြောင်းကိုကြားလိုက်ရပြီး မျက်နှာပြင်ပေါ်မှ ကုကျစ်စုန့်ကိုလည်း မြင်လိုက်ရချိန်တွင် မောင်ငယ်ဖြစ်သူက သူမအတွက် စိတ်ပူ၍ လုပ်ရခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး သူမ အနည်းငယ်ဒေါသပြေသွားခဲ့သည်။

“ဒါဆို အခုကရော တိုက်ရိုက်လွှင့်နေတုန်းပဲလား?”

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ခေါင်းငြိမ့်သည်။

“ဟုတ်တယ် အစ်မ.. အားလုံးကို နှုတ်ဆက်လိုက်ပါဦး.. ဒါက ကုကျစ်စုန့်တဲ့ အစ်မကြုံရတဲ့ ပြဿနာကို သူ့ဆီမှာ အကူအညီတောင်းလို့ရတယ်”

အမျိုးသမီးက မဝံ့မရဲခေါင်းငြိမ့်လိုက်သည်။

“ကျွန်မရဲ့ နာမည်က ကျင်းပါ.. ကုတောက်ကျန့် ..ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်”

“ဒီပြဿနာဖြစ်နေတာ အတော်လေးတော့ ကြာပါပြီ.. ပြီးခဲ့တဲ့နှစ်တွေမှာဆို ကျွန်မ အိပ်ရတာလည်း တော်တော်လေးကို အဆင်မပြေပါဘူး.. အိပ်မက်ဆိုးတွေ မက်,မက်နေခဲ့တာ

အခု ၂နှစ်လောက်အတွင်း ပိုဆိုးလာတာပါပဲ.. အမျိုးတစ်ယောက် မိတ်ဆက်ပေးတဲ့ တောက်ကျန့်ဆီကိုလည်း သွားခဲ့ပါသေးတယ်..

သူကတော့ ဘာမှ မတွေ့နိုင်ဘူးလို့ ပြောခဲ့တယ် တကယ်လို့ ကျွန်မရဲ့ ပြဿနာက သဘာဝလွန်ပညာနဲ့ မဆိုင်ဘူးဆိုရင်တော့ ကုတောက်ကျန့်ရဲ့ အချိန်ကို ဖြုန်းမိသလို ဖြစ်မှာစိုးလို့ ကြိုပြီး တောင်းပန်ပါတယ်”

ကုကျစ်စုန့် အသာခေါင်းငြိမ့်ပြီးနောက် မျက်နှာပြင်ပေါ်မှ အမျိုးသမီးကိုကြည့်လိုက်သည်။

“ရှင့်ရဲ့ အိပ်မက်ဆိုးတွေက နေ့စဉ်ဘဝကိုပါ လာထိခိုက်နေတာပဲ.

၄နှစ်လောက်တော့ ရှိလောက်ပြီ”

မစ်စ်ကျင်း အံ့အားသင့်စွာ ခေါင်းငြိမ့်သည်။

“အမှန်ပါပဲ”

“ရှင့်အိတ်ထဲမှာ ဘုရားကျောင်းတစ်ခုက ယူလာတဲ့ အဆောင်တစ်ခုရှိတာကို မြင်နေရတယ်.. အဲဒါက ရှင်ကိုယ်တိုင် ဘုရားကျောင်းရှေ့သွားပြီး တောင်းဆိုခဲ့တာ မဟုတ်ဘူး

ရှင့်မိသားစုတွေက ရှင့်အတွက်မေးပြီး ယူလာတဲ့အဆောင်ပဲ ဟုတ်တယ်မလား?”

ထိုအရာသည်က မေးခွန်းတစ်ခုဖြစ်သော်လည်း ကုကျစ်စုန့်၏ လေသံမှာ ယုံကြည်ချက်အပြည့်ပင်ဖြစ်သည်။

သူမ၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွင် ယုံကြည်မှုအပြည့်ရှိပြီး တွက်ချက်မှုသည် မမှားနိုင်ကြောင်း သေချာသိထားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မစ်စ်ကျင်းခေါင်းငြိမ့်သည်။

“ကျွန်မ ခေါင်းတွေကိုက်ပြီး အိပ်လို့မရဖြစ်နေခဲ့တာလေ.. ဒါနဲ့ပဲ ယောက္ခမက ဒီလိုအရာတွေကို မြင်နိုင်တဲ့ အမျိုးတစ်ယောက်ဆီ သွားပြီးတော့ ငြိမ်းချမ်းစေတဲ့ အဆောင်ယူလာပေးတာပါ

ဒါက ဒေသခံ ဗုဒ္ဓဘုန်းကြီးကျောင်းကနေယူလာပြီး မန်းထားပြီးသားလို့ ပြောတာပါပဲ”

ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်ပြီးနောက် အေးစက်စွာမေးသည်။

“ဒါဆို အဲဒီအဆောင်ကို ဆောင်ထားပြီးတော့ရော သက်သာသွားလား?”

မစ်စ်ကျင်း ခေတ္တငြိမ်သက်သွားသည်။ ငြိမ်းချမ်းမှုအဆောင်ကြောင့်ပင် သူမ ငြိမ်းချမ်းမှုမရခဲ့ပေ။

ထိုအဆောင်ကိုဆောင်ထားပြီးချိန်တွင် သူမ၏အခြေအနေက တစ်နေ့ထက်တစ်နေ့ ပို,ပိုဆိုးလာခဲ့သည်။

“ဒါဆိုရင် ကျွန်မ ထပ်မှန်းကြည့်မယ်.. ရှင်က ရှင်ကိုယ်တိုင် ဘုန်းကြီးကျောင်းကို သွားခဲ့ဖူးတယ်။

နတ်ဘုရားတွေကို ကန်တော့ပြီး အမွှေးတိုင်ထွန်းဖို့ အစီအစဉ်တွေရှိခဲ့တယ်.. ဒါပေမယ့် အဲ့ဒီဗုဒ္ဓဘုန်းကြီးကျောင်းကို သွားပြီး ဝင်ပေါက်က ဗုဒ္ဓရုပ်ထုတွေကို မြင်တာနဲ့ စိတ်ထဲမှာ မသက်မသာဖြစ်ပြီး သည်းခံလို့မရလောက်အောင်ဖြစ်လာခဲ့တာပဲ

ရှင် ဗုဒ္ဓကိုလည်း ဝတ်မပြုနိုင်ဘူး.. ဘုန်းကြီးကျောင်းကနေ မြန်မြန်ထွက်သွားချင်တာကိုပဲခံစားရတော့တယ်”

မစ်စ်ကျင်း ယခုတစ်ကြိမ်တွင်တော့ ပို၍ အံ့ဩသွားခဲ့သည်။

“ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ!?”

ဤသည်က အလွန်ပင် ထူးဆန်းလွန်းလှသည်။ သူမ ဘုန်းကြီးကျောင်းသို့ သွားရောက်တိုင်း ရွှေရောင်ဗုဒ္ဓဆင်းတုများ၏အနီးသို့ ရောက်သည်နှင့် စိတ်ဓာတ်များကျဆင်းကာ အားအင်များ ကုန်ခမ်းလာခဲ့သည်။

အသက်ရှူကြပ်သကဲ့သို့ပင် ခံစားခဲ့ရသည်။

သူမအနေဖြင်ဒေါသလည်းထွက် စိတ်တိုနေတတ်ပြီး ဗုဒ္ဓဆင်းတုတော်အား ဖူးမြင်လိုက်ရသည်နှင့် စိတ်ထဲတွင်လည်း ယုတ်မာရိုင်းစိုင်းသော စကားများကိုသာ ရေရွတ်မိခဲ့သည်။

သူမ အလွန်ပင်ကြောက်မိသည်။

ဘုန်းကြီးကျောင်း၊ ထိုဗုဒ္ဓဆင်းတုများနှင့် ဝေးရာသို့ ရောက်မှသာလျှင် သူမ၏ရင်ထဲမှ အမုန်းစိတ်၊ ဒေါသစိတ်တို့က တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်သည်။ထိုသို့ ပြောင်းလဲမှုများကြောင့် မစ်စ်ကျင်းတစ်ယောက် ဘုန်းကြီးကျောင်းများထံ ထပ်မသွားတော့ပေ။

ပထမ - သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက နေမထိ၊ ထိုင်မသာ ဖြစ်လာသည်။

ဒုတိယ- စိတ်ထဲတွင်လည်း ဗုဒ္ဓဘုရားနှင့် ကွမ်ယင်တို့အား ဆဲဆိုမိနေသောကြောင့် အင်မတန်အရိုအသေတန်ရာကျသည်ဟု ခံစားမိရသောကြောင့်ပင်။

မစ်စ်ကျင်း ထိုထူးခြားဆန်းကြယ်သည့် အဖြစ်အပျက်များအကြောင်း မည်သူ့ကိုမျှ ပြောမပြခဲ့ဖူးပေ။

သို့သော် တိုက်ရိုက်ထုတ်လွှင့်နေသည့် အမျိုးသမီးငယ်လေးက သိနေခဲ့သည်။

မစ်စ်ကျင်း ပို၍ အံ့ဩမိသည့်အရာမှာ သူမနှင့် လူနည်းစုသာ သိထားသော မိသားစုအကြောင်းအရာများကို ကုကျစ်စုန့်သိနေခြင်းပင်။

ကုကျစ်စုန့်၏ လေသံမှာတော့ ပေါ့ပါးလှသည်။

“ရှင့်မှာ လေးနှစ်ခွဲအရွယ်သားတစ်ယောက်ရှိတယ်.. အဲ့ကလေးက တော်တော်ထူးခြားတဲ့ကလေးမျိုးပဲ.. အမေကို လုံးဝခါးခါးသီးသီးငြင်းဆန်နေတယ်လေ”

“ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ရှင့်သားက မွေးကတည်းက ရှင်နဲ့ တကြိမ်မှ နီးစပ်မှုမရှိခဲ့ဘူး.. ရှင့်ယောင်္ကျား၊ ရှင့်ယောက္ခမတွေ ချီရင် ငြိမ်နေပေမဲ့ ရှင့်သူ့ကိုချီလိုက်တာနဲ့ အဲဒီကလေးက ကန်ကျောက်၊။ရိုက်နှက်ပြီး ရှင့်လက်ထဲမှာတင် အကြာကြီး အော်ငိုနေတတ်တယ်”

“အဲဒီအခြေအနေက အခုထိလည်း အဒီတိုင်းပဲ.. တိုးတက်မှုလည်းမရှိ၊ ပြောင်းလဲမှုလည်းမရှိဘူး.. ရှင်တစ်ယောက်တည်း သူ့ကို ထိန်းနေရရင် အဲဒီကလေးက အခြားမိသားစုဝင်တွေနဲ့ ရှိတဲ့အချိန်ထက် ပိုပြီးဆိုးသွမ်းတယ်.. ရှင့်စကားကိုလည်း နားမထောင်ဘူး”

“စကားမစပ်၊ ရှင့်သားရဲ့ ချက်ပေါ်မှာ မွေးရာပါအမှတ်ရှိလား? အဲဒီနားတစ်ဝိုက်ပေါ့”

မစ်စ်ကျင်း ဖြည်းညင်းစွာခေါင်းငြိမ့်၍ ကွဲရှနေသော အသံဖြင့် ပြန်ဖြေသည်။

“မှန်ပါတယ်… သားရဲ့ ချက်အောက်မှာ မွေးရာပါအမှတ်တစ်ခုရှိတယ်”

“သေချာတာပေါ့”

ကုကျစ်စုန့်၏ အသံမှာ အေးစက်လွန်းလှသည်။

“ဒါဆို ကျွန်မ မစ်စ်ကျင်းကို နောက်ဆုံး မေးခွန်းတစ်ခု မေးချင်သေးတယ်”

“ရှင်ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေက ခင်ပွန်းနဲ့ ယောက္ခမတွေက ပေးထားတာ ဟုတ်ရဲ့လား?”

သားဖြစ်သူက ဒေါသကြီး၍ သူမကို မချစ်ခင်ကြောင်း ကုကျစ်စုန့်ပြောလိုက်ချိန်တွင် မစ်စ်ကျင်းတစ်ယောက်အတိတ်ကို ပြန်ပြောင်းသတိရသွားမိသည်။

ကုကျစ်စုန့်ပြောသည့်အတိုင်းပင်။ သားဖြစ်သူ ရှောင်ရှိုးသည် မွေးကတည်းမှပင် မိခင်ကို မကပ်၊ သူမ ချီပိုးလျှင်ပင် ငိုယိုတတ်သည်။

ကလေးငယ်က အမြဲတစေ ငိုကြွေးတတ်ပြီး နို့ချိုတိုက်ကျွေးချိန်မှာလည်း ထွေးထုတ်ပစ်တတ်သောကြောင့် တခြားကလေးငယ်များနှင့် ယှဉ်လျှင် လူကောင်သေးနေတတ်သည်။

နောက်ပိုင်း သွားပေါက်သည့်အချိန်တွင်လည်း မစ်စ်ကျင်းအား အကြိမ်ပေါင်းများစွာ ကိုက်ခဲတတ်သည်။

မစ်စ်ကျင်းတွင် ရွေးချယ်စရာမရှိဘဲ အသက်အလွန်ငယ်သေးချိန်တွင်ပင် နို့ဖြတ်ခဲ့ရသည်။

ကလေးငယ်မှာ ခင်ပွန်းသည်နှင့် ယောက္ခမများ၏ လက်ထဲတွင်တော့ နတ်သားလေးအလား ပြုံးရွှင်နေတတ်သည်။ သို့သော် သူမ၏လက်ထဲတွင် အချိန်အနည်းငယ်ကြာသည်နှင့် ဒေါသကြီးကာ အော်ဟစ်ငိုယိုတတ်သည်။

ထိုအပြုအမူများကြောင့်ပင် မိသားစုဝင်များမှ မစ်စ်ကျင်းသည် သားဖြစ်သူအား ဂရုမစိုက်တတ်ဟု အပြစ်တင်စကားများ ဆိုတတ်ကြသေးသည်။

နောက်ပိုင်း ကလေးအရွယ်ရောက်လာချိန်တွင်လည်း သူ၏ လုပ်ရပ်များကြောင့် မစ်စ်ကျင်း အကြိမ်ပေါင်းများစွာ ထိခိုက်ခဲ့ရသေးသည်။

သူမဆံပင်ကို အကြိမ်ကြိမ်ဆောင့်ဆွဲခံခဲ့ရသည်။ တစ်ကြိမ်တွင် သူမဝတ်ဆင်ထားသော နားဆွဲကို ကလေးမှ ဆွဲဆောင့်လိုက်သောကြောင့် နားသန်မှ သွေးများ ပန်းထွက်ကာ နာလွန်း၍ မျက်ရည်ကျမိခဲ့သည်။

တစ်ခါတစ်ရံတွင် မစ်စ်ကျင်းအနေဖြင့် ကလေးအား အကျင့်စရိုက်ကောင်းစေရန် လေ့ကျင့်ပေးချင်သည်။ သို့သော် သူမ ထိုသို့ ကြံစည်လိုက်တိုင်း ရှောင်ရှိုးက ခါးခါးသီးသီး ငြင်းဆန်တတ်သည်။

အရုပ်ဆက်သည့် အတုံးများကို ဆော့ပြီး ပြန်မသိမ်းချင်ခဲ့ပေ။ ထို့ကြောင့် မစ်စ်ကျိုးမှ ကိုယ်ဆော့ကစားသည့် အရာများကို ပြန်သိမ်းရမည်ဖြစ်ကြောင်း ဆုံးမခဲ့သည်။

သို့သော် နှုတ်ခမ်းကိုသာ စူပုတ်နေခဲ့ပြီး အရုပ်များကို မသိမ်းခဲ့ပေ။

မစ်စ်ကျင်း ရှောင်ရှိုးအား ဆွဲ၍ အရုပ်သိမ်းရန် ခေါ်သွားချိန်တွင် ရှောင်ရှိုးအတင်းရုန်းကန်သောကြောင့် ထိုအရုပ်ဆက်သည့် အတုံးများ ပုံထားသည့်အပေါ်သို့ လဲကျသွားခဲ့ပြီး ချက်ချင်းအော်ငိုတော့သည်။

ယောက္ခများက ထိုအသံကို ကြားရချိန်တွင် ချက်ချင်းပြေးလာခဲ့ပြီး ကလေးငယ်အား ချီပိုးချော့မြူကြသောကြောင့် ကလေးက အဘွားဖြစ်သူ၏ ရင်ခွင်ထဲ မျက်နှာဝှက်၍ ဒေါသထွက်ကြောင်းပြောဆိုနေခဲ့သည်။

ကလေး၏ လုပ်ရပ်ကြောင့် ယောက္ခမနှင့် ယောက္ခထီးတို့ မစ်စ်ကျင်းအား ဆူပူစွပ်စွဲကြတော့သည်။

‘ငါ ညည်းကို အပြစ်မတင်ချင်ပါဘူး.. ညည်း ရှောင်ရှိုးကို မထိန်းနိုင်ရင်လည်း ပစ်ထားလိုက်စမ်းပါ ..ညည်းမထိန်းနိုင်ရင် ငါတို့ ထိန်းပါ့မယ် ..

ဒါတောင်မှ ညည်းက ကိုယ်တိုင်လုပ်နိုင်သလိုလိုနဲ့ ကလေးကို ငိုအောင်လုပ်နေတော့ ငါတို့လည်း စိတ်ညစ်ရတယ် အခု ညည်းကျေနပ်သွားပြီလား?’

‘ဘယ်လောက်ပဲ အမှားလုပ်မိပါစေ၊ သူက ကလေးပဲ ရှိသေးတာပါ.. ဒါတောင် အရုပ်ဆက်တဲ့ အတုံးတွေပေါ်ကို လဲကျအောင် လုပ်ရတယ်လို့.. ညည်းလောက် အသည်းမာတဲ့ အမေရှိဦးမလား?’မစ်စ်ကျင်းလည်း စွပ်စွဲခံလိုက်ရသောကြောင့် စကားပင် ပြန်မပြောနိုင်ခေ့်ဘဲ စိတ်ထဲတွင်လည်း ပင်ပန်းမှုသာ ပြည့်နှက်နေခဲ့သည်။

သူမနှင့် ဤကလေးက ယခင်ဘဝက သေချာပေါက် ရန်သူများ ဖြစ်ခဲ့ပြီး ဤဘဝ၌ အကြွေးလာတောင်းသည်ဟုလည်း တွေးမိသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကြုံတွေ့ခဲ့ရသော ပြဿနာများ၊ ထိခိုက်ခဲ့ရသော သူမ၏ ခန္ဓာကိုယ်၊ ဤကလေးအပေါ်တွင် အားစိုက်ထုတ်ခဲ့ရသော သူမ၏ စွမ်းအင်၊ အချိန်နှင့် လုပ်အားတို့သည်က မထိုက်တန်၊ အဓိပ္ပာယ်မရှိဟု တွေးမိသောကြောင့် အင်မတန် နာကျင်ခံစားခဲ့ရသည်။

မိဘများနှင့် ဆွေမျိုးများက သူမကို အတင်းလက်ထပ်ခိုင်းခဲ့သည်မှာ ဤကဲ့သို့ ရှုပ်ပွ၊စိတ်ရှုပ်စရာကောင်းသော ဘဝအတွက်ပေလော?

သူမကို မချစ်ခင်သည့် ကလေးအား ဂရုစိုက်ပျိုးထောင်၊ ကျီးတစ်ကောင်ကဲ့သို့ပင် ဤကလေးအတွက် အစားအသောက်ပြင်ဆင်၊ အပေါ့အပါးကိစ္စမှအဆုံး လုပ်ကိုင်ပေးရန်အတွက်ပင်လော?

All Chapters