← Chapters

အခေါင်းပေါက်ဖြစ်နေသော ရွှေများ (1)

Vol. 37 Ch. 364

အခေါင်းပေါက်ဖြစ်နေသော ရွှေများ (1)

Vol. 37 Ch. 364

မိခင်တစ်ယောက်အနေဖြင့် သူမကြုံတွေ့နေရသော ပြဿနာအား ကုကျစ်စုန့်မှ ထောက်ပြလိုက်ချိန်တွင် ထိုနာကျင်ခဲ့ရသော အတိတ်အား ပြန်ပြောင်းသတိရမိသည်။

သူမ စိတ်မတည်ငြိမ်ခင်မှာပင် ကုကျစ်စုန့် နောက်ထပ်မေးသည့် မေးခွန်းကိုကြားလိုက်ရသောကြောင်

သူမ၏လက်မှ လက်ထပ်လက်စွပ်ကို အသာထိလိုက်မိသည်။

“ဟုတ်ပါတယ်.. ဘာများဖြစ်လို့လဲ”

ရွှေငွေလက်ဝတ်ရတနာသည်က သူမတို့နိုင်ငံတွင် နာမည်ကြီးတင်တောင်းပစ္စည်းတစ်ခုဖြစ်ပြီး အမျိုးသား၏ မိသားစုဘက်မှ ပြင်ဆင်ရခြင်းဖြစ်သည်။

မစ်စ်ကျင်းက လက်ထပ်ရန် အလျင်လိုနေသည်။ မိဘများမှာလည်း သမီးဖြစ်သူက အသက်သုံးဆယ်ဖြစ်နေသော်လည်း ထိုကဲ့သို့ ယောင်္ကျားများ ရနိုင်သေးသည်ဟု တွေးမိသောကြောင့် တတ်နိုင်သမျှ မြန်မြန်လက်ထပ်စေချင်ခဲ့ကြသည်။

ထို့ကြောင့် တင်တောင်းပစ္စည်း များများစားစား တောင်းဆိုခြင်းမရှိသည့်အပြင် လက်ဖွဲ့ငွေပါ များများထည့်ပေးခဲ့သေးသည်။

သို့သော် ခင်ပွန်းသည်၏ မိသားစုသည်လည်း ဓလေ့ထုံးတမ်းအား လိုက်နာကြသူများဖြစ်ခဲ့ကြသည်။

လက်ထပ်စာချုပ် ချုပ်ဆိုပြီး၍ မင်္ဂလာပွဲကျင်းပချိန်တွင် ရွှေငွေလက်ဝတ်ရတနာအတွဲများ ပေးအပ်ခဲ့ပြီး ထိုလက်ဝတ်ရတနာအားလုံးမှာလည်း ‘တန်ဖိုးကြီးရတနာအစစ်အမှန်’များပင် ဖြစ်ကြသည်။

အားလုံးထဲတွင် ခေတ်ရေစီးကြောင်းဖြစ် လိုက်ဖက်စေရန် သီးသန့်ပြုလုပ်ထားသော ဒီဇိုင်းများ၊ ပုလဲစီထားသော ရတနာများ၊ ကျောက်စိမ်းနှင့် စိန်ရတနာတို့ပါ ပါဝင်သည်။

မစ်စ်ကျင်း၏ သတို့သမီးအရံက သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြေစ်လေ၏။သူမက ထိုလက်ဝတ်ရတနာများကို ကိုင်ကြည့်ပြီးနောက် ဝမ်းသာအားရ ဂုဏ်ပြုပေးခဲ့သည်။

‘နင့်ယောကျ်ားရဲ့ မိသားစုက နင့်ကို တကယ်တန်ဖိုးထား လေးစားတာပဲ.. ဒီအလေးချိန်နဲ့ဆို ဒါက လုံးဝ ရွှေရည်အပြည့်ပဲနေမှ.. ပြီးတော့ စိန်တွေ၊ ကျောက်စိမ်းတွေလည်း ပါသေးတယ်

ဒီလိုတစ်စုံစာဝယ်ဖို့ဆိုရင်တောင် ငွေတွေ အများကြီးကုန်မှာမဟုတ်ဘူးလား? ကြည့်ရတာ နင့်ကို တကယ်ချစ်ပြီး ဂရုစိုက်တဲ့သူနဲ့ တွေ့တာထင်ပါတယ်’

ခမ်းနားလှသော မင်္ဂလာဆောင်၊ တောက်ပြောင်နေသော ရတနာတို့ကြောင့် လက်ထပ်ပြီးချိန်တွင် သူငယ်ချင်းများ၊ မိသားစုဝင်များအားလုံးသည် မစ်စ်ကျင်း၏ ခင်ပွန်းသည်မိသားစုမှာ အင်မတန်ကောင်းသည့်မိသားစုဟု ယုံကြည်ခဲ့ကြသည်။

သူမကိုယ်တိုင်ပင် ပျော်ရွှင်စရာကောင်းသည့် အိမ်ထောင်ရေးတစ်ခုကို စိတ်ကူးယဉ်ခဲ့မိသည်။

အမှန်တရားကတော့ အလွန်ပင် ခါးသီးလွန်းလှသည်။

ပုံပြင်ဆန်သော မင်္ဂလာထိမ်းမြားခြင်းသည်က အချိန်ခဏလေးသာ ပျော်ရွှင်ခဲ့ရပြီး မစ်စ်ကျင်းလည်း ပင်ပန်းမှုကိုသာ ခံစားနေခဲ့ရသည်။

သူမနှင့် ခင်ပွန်းသည်တို့ လက်ထပ်ပြီးချိန်ဆက်ဆံရေးမှာလည်း သာမန်မျှသာဖြစ်သည်။

အကြောင်းအရင်းကို မသိသော်လည်း ခင်ပွန်းဖြစ်သူသည်က သူမအပေါ် စိတ်ဝင်စားမှုမရှိ၊ ချစ်မြတ်နိုးခြင်းမရှိဟု ခံစားမိနေသည်။ သူမ၏ အိမ်ထောင်သည်ဘဝမှာ ပျော်စရာမရှိဘဲ ပျင်းစရာအတိသာလျှင် ဖြစ်ခဲ့ရသည်။

သာယာသည့် အိမ်ထောင်မှုဘဝအား မျှော်လင့်ထားမိသည့် မစ်စ်ကျင်းတစ်ယောက် အလွန်ပင် စိတ်ပျက်မိသည်။

သို့ဖြစ်ပါစေ နှစ်စဉ်နှစ်တိုင်း မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းတွင် ခင်ပွန်းဖြစ်သူက သူမအတွက် လည်ဆွဲအသစ်၊ လက်စွပ်အသစ် တစ်စုံစာအမြဲလက်ဆောင်ပေးတတ်သည်။

မွေးနေ့တွင်လည်း ယောက္ခမဖြစ်သူက ပြုံးရွှင်၍ သူမအတွက် လက်ကောက်အသစ်၊ လက်ဝတ်ရတနာအသစ်များ ဝယ်ပေးတတ်သည်။

သူမ ကိုယ်တိုင် လက်ဝတ်ရတနာအသစ်ပင် ဝယ်ရန်မလိုခဲ့ပေ။

ယခင်နှစ်များအတွင်း လက်ဆောင်ရခဲ့သော ရတနာများပင် ဝတ်၍ မကုန်နိုင်ခဲ့။

အပြင်လူများ၏ အမြင်တွင်တော့ မစ်စ်ကျင်း၏ ခင်ပွန်းမိသားစုသည် အင်မတန် သူမအပေါ် ဂရုစိုက်သကဲ့သို့ပင် ထင်ရသည်။ မစ်စ်ကျင်းကိုယ်တိုင်ပင် မည်သည့်ဘဝသည် အမှန်၊ မည်သည့်ဘဝသည့် အလိမ် မကွဲပြားနိုင်တော့ပေ။

ယောက္ခမများက ဒေါသကြီး၍ အိမ်တွင် မကြာခဏ ပြဿနာတတ်ရသော်ငြား၊ ခင်ပွန်းသည်နှင့် သူမအကြားမှ ဆက်ဆံရေးသည် အသက်မပါ၊ အချစ်မပါသည့် ဆက်ဆံရေးသာ ဖြစ်နေခဲ့သော်ငြား သူတို့က မိသားစုများသာ ဖြစ်ကြသည်။

သူမအတွက် အရေးပါသည့်ရက်စွဲများကို မှတ်မိတန်ဖိုးထား၍ လက်ဆောင်ပေးတတ်ကြသည်။

မစ်စ်ကျင်း ယခုဝတ်ဆင်ထားသော လက်ဝတ်ရတနာသုံးမျိုးဖြစ်သည့် လက်ကောက်၊ လည်ဆွဲနှင့် လက်စွပ်တို့မှာလည်း ခင်ပွန်းသည်၏ မိသားစုဝင်များ လက်ဆောင်ပေးထားသည့်အရာများပင်။

လက်စွပ်က သူမ၏ လက်ထပ်လက်စွပ်ဖြစ်ပြီး တစ်ပတ်လည်လုံးတွင် စိန်တုံးလေးများ လင်းလက်နေခဲ့သည်။

လက်ကောက်သည်လည်း အနုစိတ်လှသည်။

လည်ပင်းတွင် ဆွဲထားသော လည်ဆွဲမှာလည်း ရွှေနှင့် ကျောက်စိမ်းရောယှက်ထားသော ရတနာဖြစ်၍ ကျောက်စိမ်းအမျိုးအစား ကောင်းသောကြောင့် ကြည်လင်နေခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် ဈေးကြီးသော ကျောက်စိမ်းဖြစ်ကြောင်း သိသာနေသော်လည်း ထိုအပေါ်တွင် ထွင်းထားသည့် ဒီဇိုင်းမှာ ရှားပါးဒီဇိုင်းတစ်ခုဖြစ်သည်။

ခန္ဓာကိုယ်ပြည့်ဖြိုးကာ အပြုံးမျက်လုံးများဖြင့် ကလေးငယ်တစ်ဦးပုံစံ ထွင်းထုထားခြင်းပင်။

ကုကျစ်စုန့်၏ တောင်းဆိုမှုကြောင့် မစ်စ်ကျင်း အင်္ကျီထဲမှ လည်ဆွဲကို ထုတ်ပြလိုက်သည်။

ကင်မရာကိုင်ထားဆဲဖြစ်သော ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း ဖုန်းကို အနားကပ်၍ ဒီဇိုင်းများ ပေါ်လွင်အောင် ရိုက်ပြပေးလိုက်သည်။ကင်မရာမှ တဆင့်ကြည့်နေသော ကုကျစ်စုန့်မျက်လုံးများက ပို၍ပင် အေးစက်စူးရှလာခဲ့သည်။

“အင်း.. သေချာပေါက် ပြဿနာရှိနေတယ်.. ပြီးတော့ ပြဿနာကလည်း ကြီးလွန်းတယ်”

သူမ၏ မျက်လုံးထဲတွင်တော့ ကင်မရာ၌ပေါ်နေသော မစ်စ်ကျင်း၏ မျက်နှာသည် အနက်ရောင်လေထု၏ ဖုံးလွှမ်းခြင်းခံထားရသည်။

အထူးသဖြင့် အားနည်းသော နေရာများဖြစ်သည့် လည်ပင်းနှင့် လက်ကောက်ဝတ်တို့သည် သေခြင်းတရား၏ လွှမ်းမိုးခြင်းခံထားရသည်။

သူမ စိတ်ညစ်ညူးနေသည်မှာ မထူးဆန်းတော့ပေ။ မောင်ငယ်ဖြစ်သူ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ပင်လျှင် သူမနှင့် မကြာခဏတွေ့ဆုံခဲ့သောကြောင့် ယင်စွမ်းအင်၏ သက်ရောက်ခြင်းခံခဲ့ရသည်။

“ရှင့်ကိုယ်ပေါ်က ရွှေငွေလက်ဝတ်ရတနာတွေကို အကုန်ချွတ်ပစ်လိုက်တာကောင်းမယ်.. ရှင့်ရဲ့အမျိုးသားနဲ့ ယောက္ခမပေးထားသမျှ အကုန်ဖယ်ပစ်လိုက်ပါ”

ကုကျစ်စုန့်၏လေသံကြောင့် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’နှင့် အစ်မဖြစ်သူတို့ တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

မောင်ဖြစ်သူ၏ တိုက်တွန်းမှုဖြင့် လက်ဝတ်ရတနာအားလုံးကို ချွတ်လိုက်ရသော်လည်း မစ်စ်ကျင်း အနည်းငယ် မယုံကြည်နိုင်၊ နားမလည်နိုင်ဖြစ်နေပုံပေါ်သည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း လက်ဝတ်ရတနာများကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် သတိဖြင့် မေးလိုက်သည်။

“အကုန်ဖယ်လိုက်ပြီနော် စုန့်စုန့်”

“ကောင်းပါပြီ”

ပြန်ဖြေလာသည့် ကုကျစ်စုန့်လေသံမှာ တည်ငြိမ်နေခဲ့လေသည်။

“ကတ်ကြေးတစ်လက်ယူပြီးတော့ အဲဒီလက်ကောက်ကို အရင်ဖြတ်ကြည့်လိုက်ပါ.. လက်အိတ်ဝတ်ဖို့ မမေ့နဲ့နော်

အဲဒီရတနာတွေက ရသတာသီးသန့်မဟုတ်ဘူး အထဲမှာ ပစ္စည်းတွေပါနေတယ် အထဲက အရာတွေကို အရေပြားနဲ့ လုံးဝ မထိပါစေနဲ့”

ကျင်းမောင်နှမလည်း နားမလည်နိုင်ဖြစ်နေခဲ့သော်ငြား ကုကျစ်စုန့်၏စကားကို မငြင်းဆန်ခဲ့ပေ။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ခပ်မြန်မြန်လှုပ်ရှားလိုက်ပြီးနောက် ထ,သွား၍ သေတ္တာများတွင်း လှန်လှောရှာလိုက်သည်။

သူမ ကတ်ကြေးတစ်လက်ရှာတွေ့ခဲ့ပြီး လက်အိတ်ဝတ်ဆင်၍ လက်ကောက်၏ အလည်တည့်တည့်မှ ဖြတ်ချလိုက်သည်။

ကတ်ကြေးအသွားဖြင့် လက်ဝတ်ရတနာဆုံချိန်တွင် အနည်းငယ်လောက် အားသုံးလိုက်ရသော်လည်း အထူအနည်းငယ်မျှကို ဖောက်လိုက်နိုင်ချိန်တွင် ကတ်ကြေးသွားက လက်ကောက်အား ဖြတ်ချလိုက်နိုင်သည်။

လက်ကောက်သည်က အမှန်တကယ်လည်း အပြည့်မဟုတ်ပေ။

အတွင်းထဲတွင် အခေါင်းပေါက်ဖြစ်နေခဲ့သည်။

ဖြတ်ရာမှတဆင့် အဖြူရောင်၊ မီးခိုးရောင်အမှုန့်များ ဖြာထွက်လာခဲ့ပြီး စားပွဲပေါ်နှင့် လက်အိတ်ဝတ်ထားသော ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ လက်ပေါ်သို့ ကျဆင်းလာခဲ့သည်။

သူက လက်ကောက်ကို မြှောက်ကြည့်လိုက်ချိန်တွင် အမှုန့်များက ထပ်မံပေါ်ထွက်လာပြီးနောက် စားပွဲပေါ်တွင် ပုံသွားခဲ့လေသည်။

လက်ကောက်အတွင်းမှ ဂလိုင်ပေါက်တစ်ခုလုံးသည်က ဖုန်မှုန့်များဖြင့်သာ အပြည့်ဖြစ်နေခဲ့သည်။

ထို့ကြောင့် ယခင်က ဤလက်ကောက်ကို ကိုင်ကြည့်ချိန်တွင် လေးလံနေပြီး ရွှေအစစ်ဟု ထင်ကြခြင်းပင်။

ထိုအမှုန့်များကို မြင်ရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ကြက်သေ,သေသွားခဲ့ရသည်။

သူ့စိတ်ထဲတွင် ရုတ်တရက် သဘာဝလွန်ပညာနှင့် ပတ်သတ်၍ မတွေးမိ။ အလိမ်အညာပညာရပ်တစ်ခုဟုသာ တွေးလိုက်မိသည်။

သူ အနည်းငယ်လည်း ဒေါသထွက်သွားသည်။

“ဒါကြီးက ရွှေလက်ကောက်အတုကြီးလား? ဘာလို့ အထဲမှာ အဖြူမှုန့်တွေရှိနေတာလဲ? ယောက်ဖတို့ မိသားစုက ငါတို့ကို လာနောက်နေတာလား? အစ်မနဲ့ လက်ထပ်တုန်းက နာမည်ကောင်းလိုချင်တာနဲ့ အတုတွေယူလာတာလား?”

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ပြောပြောဆိုဆိုပင် အမှုန့်များ ထိသွားသော လက်ကို နှာခေါင်းနားကပ်၍ အနံ့ခံကြည့်လိုက်သည်။

“သစ်သားနဲ့ စက္ကူမီးလောင်သလိုအနံ့မျိုးပဲ….”

ပြောနေရင်းပင် စိတ်ထဲ တစ်စုံတစ်ခုအား‌ တွေးလိုက်မိပြီး ရပ်တန့်သွားခဲ့လေသည်။ ထို့နောက် ပြူးကျယ်သော မျက်ဝန်းများဖြင့် ကုကျစ်စုန့်ကို လှမ်းကြည့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုကျစ်စုန့်၏ အေးစက်စက်အသံကလည်း ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“အလောင်းတွေကို ခေါင်းတိုင်ထဲကိုထည့်၊ မီးရှို့ပြီးတော့မှ အမှုန့်ကြိတ်ထားတာဆိုတော့ မီးလောင်တဲ့အနံ့ကိုရမှာပေါ့”

‘ဝုန်း’ခနဲ အသံနှင့်အတူ ကြောက်လန့်သွားသည့် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ လက်များပင် တုန်လာခဲ့ပြီးနောက် ကိုင်ထားသည့် လက်ကောက်ကိုလည်း စားပွဲပေါ်သို့ လွှင့်ပစ်လိုက်မိသည်။

ချက်ချင်းပင် ထိုလက်ကောက်ထဲမှ နောက်ထပ် အဖြူမှုန့်များ ထွက်လာခဲ့ပြီး စားပွဲပေါ်သို့ကျလာခဲ့ပြန်သည်။

မစ်စ်ကျင်းလည်း ကြက်သေ,သေသွားခဲ့သည်။

“အရိုး... ပြာ? ကုတောက်ကျန့် ရှင်သေချာရဲ့လားရှင်?”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘာလို့ လက်ဝတ်ရတနာထဲမှာ အဲလိုဟာတွေရှိနေမှာလဲ?”

ကုကျစ်စုန့် ဒေါသရောနှောနေသော အသံဖြင့် ပြောလိုက်သည်။

“အကြောင်းရင်းက ရှင်းနေတာပဲမဟုတ်ဘူးလား? ရှင့်အတွက် ဒီရတနာတွေကို သီးသန့်မှာယူပြီး လက်ဆောင်ပေးတဲ့သူတွေကပဲ ထည့်ထားတာပေါ့”“ကျန်တဲ့ လက်ဝတ်ရတနာတွေလည်း အဲဒီနည်းအတိုင်းဖြစ်မှာပဲ.. ပြာတွေအပြည့် ရှိနေလိမ့်မယ် ရှင်အိမ်မှာ အလှပြပြီး စင်ပေါ်မှာတင်ထားတဲ့ ရတနာတွေကအစ ဒီလိုပဲ အခေါင်းပေါက်ထွင်းထားပြီး တစ်ပုံစံအတိုင်း ပြာတွေဖြည့်ထားမှာပဲ”

“တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကလား? သေချာတာတော့ ရှင့်ကို စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကောင်းစေချင်လို့တော့ မဖြစ်နိုင်လောက်ဘူး”

မည်သူကများ သတို့သမီးအသစ်ဖြင့် အိမ်ထောင်ပြု၊ဘဝသစ် စတင်မည့်အချိန်တွင် သေလူ၏ ပြာများကို လက်ဝတ်ရတနာထဲတွင် ဖြည့်၍ လက်ဆောင်ပေးလိမ့်မည်နည်း?

All Chapters