အခေါင်းပေါက် ဖြစ်နေသော ရွှေများ (2)
Vol. 37 Ch. 365
အစ်မဖြစ်သူ၏ မျက်ဝန်းများက ပြူးကျယ်ကာ စကားတစ်ခွန်းမှ ပြန်မပြောသည့်အခြေအနေကို မြင်လိုက်ရချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အခြေအနေကို သဘောပေါက်လိုက်လေသည်။
သူ၏အစ်မသည်က ယခုအဖြစ်အပျက်အား မယုံကြည်နိုင်၊ အမှန်တရားမှ ထွက်ပြေးချင်စိတ်များ ပေါ်နေခြင်းပင်။
ဒေါသထွက်သွားသော လူငယ်လေးက အခြားလက်ဝတ်ရတနာနှစ်ခုကိုပါ ဖြတ်တောက်လိုက်သည်။
လက်စွပ်က စိန်စီထားသောကြောင့် ဖြတ်ရခက်သော်လည်း အောင်မြင်သွားချိန်တွင် ထိုဖြတ်ရာအတွင်းမှ အဖြူရောင်အမှုန့်များ ထွက်ကျလာခဲ့ပြန်သည်။
ဤလက်စွပ်မှာ မစ်စ်ကျင်း ၅နှစ်ကျော်ဝတ်ဆင်ခဲ့ပြီး တော်ရုံတန်ရုံဖြင့် ချွတ်ခဲသော လက်ထပ်လက်စွပ်သာဖြစ်သည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’က ကျောက်စိမ်းဖြင့် ရွှေရောယှက်ထားသော လည်ဆွဲအား ဖြတ်ပြီး ကျောက်စိမ်းကလေးရုပ်ကိုပါ ရိုက်ခွဲပစ်လိုက်သည်။
ရွှေထုက အခြားလက်ဝတ်ရတနာများထက် ပါးလွှာသောပြီး စက္ကူတစ်ရွက်ထပ် အနည်းငယ်သာ ပိုထူလိမ့်မည်။
ယခုတစ်ကြိမ်တွင်တော့ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ရိုက်ခွဲလိုက်ချိန်တွင် ရွှေအကွဲအစများကြားတွင် မီးခိုးရောင်အမှုန့်များနှင့်အတူ ရောယှက်နေသော မကျေညက်သေးသည့် အရိုးစအချို့ကိုပါ မြင်တွေ့လိုက်ရတော့သည်။
ဤမြင်ကွင်းအား မြင်လိုက်ရချိန်တွင် မစ်စ်ကျင်းတစ်ယောက် အမှန်တရားအား မငြင်းဆန်နိုင်တော့။
သူမ၏ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားခဲ့ပြီး ဤမျှ ကြောက်စရာ၊ ရွံရှာစရာကောင်းလှသည့်အရာတစ်ခုအား ကိုယ်နှင့်မကွာ ငါးနှစ်ကျော်ဝတ်ဆင်ခဲ့မိကြောင်း တွေးလိုက်မိချိန်တွင် ဦးရည်များပင် ထူပူသွားခဲ့သည်။
ခြေထောက်များလည်း မခိုင်နိုင်တော့ချေ။
“ဘာလို့.. ဘာလို့လဲဟင်?…”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ဒေါသထွက်လွန်း၍ သွေးကြောများပင် ထောင်နေခဲ့သည်။ သူအံကို တင်းတင်းကြိတ်၍ ပြောလိုက်သည်။
“ငါ အခုချက်ချင်း သူတို့ကို သွားရှာမယ် လူယုတ်မာမိသားစု! ငါ့အစ်မကို အနိုင်ကျင့်ရဲတယ်! ကျင်းမိသားစုမှာ လူမရှိဘူးလို့များ ထင်နေတာလား?!”
မစ်စ်ကျင်းကိုယ်တိုင်မှာလည်း ဒေါသကြောင့် မူးဝေနေသော်ငြား မောင်ဖြစ်သူ၏ လက်ကိုဆွဲ၍ အသာခေါင်းရမ်းပြလိုက်သည်။
မူးဝေခြင်း အနည်းငယ်လျော့သွားချိန်တွင် မျက်ရည်ကြောင့် နီမြန်းနေသော မျက်ဝန်းများဖြင့် မေးလိုက်မိသည်။
“ကုတောက်ကျန့်.. သူတို့ ဘာလို့ အဲဒီလိုလုပ်ရတာလဲ.. ကျွန်မ အရင်တုန်းက သူတို့မိသားစုပေါ်မှာ အပြစ်လုပ်ခဲ့မိလို့လား?”
လက်ထပ်လက်စွပ်မှာပင် အရိုးပြာများ ဖြည့်ထားသောကြောင့် ခင်ပွန်းသည်တို့ မိသားစုသည်က ဤအရာအား သူမနှင့် လက်မထပ်ခင်ကပင် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပေါ်လွင်နေခဲ့သည်။
သူမ ဝတ်ဆင်ထားသော လက်ဝတ်ရတနာများထဲတွင် ရွှေနှင့်ကျောက်စိမ်းရောယှက်ထားသော လည်ဆွဲမှာလည်း မင်္ဂလာဦးအစမှပင် လက်ဆောင်ရခဲ့သော အရာတစ်ခုဖြစ်သည်။
အိမ်ထောင်ကျပြီးစနှစ်တွင် ယောက္ခမဖြစ်သူက သူမအား ထိုလည်ဆွဲကို လုံးဝအချွတ်မခံပေ။ ဤလည်ဆွဲသည်က သူမကိုယ်တိုင် ချွေးမဖြစ်သူ ကလေးရစေရန်အတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လည်ဆွဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုအချိန်တွင် မစ်စ်ကျင်း အနည်းငယ်သံသယဝင်ခဲ့မိသော်လည်း ထိုလည်ဆွဲက အမှန်တကယ်အလုပ်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
လက်ထပ်ပြီး အချိန်မကြာခင်မှာပင် သူမ ကိုယ်ဝန်ရခဲ့သည်။
ကိုယ်ဝန်ဆောင်ကာလအတွင်း၌လည်း ယောက္ခမဖြစ်သူက ထိုလည်ဆွဲအား ချွတ်ခွင့်မပြုပေ။ လည်ဆွဲလေးသည် ကလေးငယ်အား ကာကွယ်ပေးနိုင်သည်ဟု နေ့စဉ်ပြောဆိုခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤလည်ဆွဲဝတ်ဆင်ထားရခြင်းဖြင့် သူမ နေသားကျလာခဲ့သည်။
ယခုအချိန်တွင်တော့ ထိုကလေးရစေလိုသည့် ဆန္ဒသည်က အတုအယောင်သာဖြစ်ပြီး အခြားမကောင်းသည့် ရည်ရွယ်ချက်များ ရှိနေကြောင်း သေချာသွားပြီဖြစ်သည်။
နောက်ဆုံးသောလက်ကောက်မှာလည်း ယမန်နှစ် နှစ်ပတ်လည်ရက်တွင် ခင်ပွန်းသည်ပေးခဲ့သော လက်ဆောင်ဖြစ်လေသည်။
အဓိပ္ပာယ်မှာ သူမဒခင်ပွန်းနှင့် မိသားစုသည် သူမအား ‘သတ်ဖြတ်ရန်’ စီစဉ်နေခဲ့သည်မှာ ယခုမှမဟုတ်။
သူမအနေဖြင့် ထိုမိသားစုအပေါ်တွင် ရိုင်းပြစော်ကားရာကြသည့် အရာတစ်ခု၊ အပြုအမူတစ်ခုခု ပြုခဲ့မိသည်ဆိုသော အကြောင်းရင်းမှလွဲ၍ မစ်စ်ကျင်းအနေဖြင့် သူမထံတွင် အသတ်ခံရလောက်သည်ထိ ဖြစ်စေသည့် ယုတ္တိရှိသော ဖြေရှင်းချက်မရှိတော့ပေ။
တခြားအရာတစ်ခုကို တွေးလိုက်မိချိန်တွင် သူမ လက်သီးကို တင်းကြပ်စွာ ဆုတ်လိုက်မိသည်။
“ဒါဆိုရင် ရှောင်ရှိုးက ကျွန်မကို ငယ်ငယ်လေးကတည်းက မုန်းတီးနေခဲ့တာရော? ဒါကလည်း ကျွန်မဝတ်ထားမိတဲ့ ဒီပစ္စည်းတွေကြောင့်လား?”
ကလေးများသည်က ထိုသဘာဝလွန်အရာများ၊ ထူးခြားဆန်းကြယ်ကိစ္စများကို သာမန်လူများထက် ပို၍ အာရုံခံစားနိုင်သည်မဟုတ်ပါလော?
ကုကျစ်စုန့် မျက်ခုံးလေးပင့်လိုက်မိသည်။
“ရှင့်သားမှာလည်း ပြဿနာတော့ရှိနေတယ်.. ဒါပေမယ့် ရှင်ထင်ထားတဲ့ပြဿနာတော့ မဟုတ်ဘူး”
သူမ တည့်တိုးပြောလိုက်ပါက မစ်စ်ကျင်း အမှန်တရားကို လက်မခံနိုင်၊ မူးမေ့လဲသွားမည်ကို စိုးရိမ်သောကြောင့် ကုကျစ်စုန့်က အရင်မေးခွန်းထုတ်လိုက်သည်။“ရှင့်ယောကျ်ားရဲ့ ဓာတ်ပုံရှိရင် ကျွန်မကို ပြပေးလို့ရမလား? သူ့မျက်နှာကို အရင်ကြည့်ပြီး သူ့ဘဝလမ်းကြောင်းကို အရင်ခွဲခြမ်းစိတ်ဖြာကြည့်ပါဦးမယ်”
“ရှိပါတယ်”
မစ်စ်ကျင်း ခေါင်းငြိမ့်လိုက်ပြီးနောက် တုန်ရီနေသော လက်များဖြင့် ဖုန်းထဲမှ ဓာတ်ပုံကို ရှာဖွေကာ မောင်ဖြစ်သူထံသို့ ပို့လိုက်သည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ကကုကျစ်စုန့်ထံသို့ တဆင့်ပြန်ပို့လိုက်သည်။
အမျိုးသားဖြစ်သူ၏ ဓာတ်ပုံကို သေချာကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် ခေါင်းမော့၍ စကားဆက်သည်။
“ရှင့်ရဲ့ အမျိုးသားက ဒီနှစ်ဆိုရင် အသက် ၃၇နှစ်ရှိပြီ ရှင့်ထက် ၂နှစ်ကြီးတယ်.. သူ့မျက်နှာအရဆိုရင် သူ့ရဲ့နှလုံးသားထဲမှာ ချစ်ရတဲ့သူ တစ်ယောက်ရှိတာပဲ”
“ကံမကောင်းတာကတော့ အဲဒီလူက ရှင်မဟုတ်ဘူး”
အတိုပြောရလျှင် မစ်စ်ကျင်း၏ ခင်ပွန်းသည်တွင် အချစ်ဦးတစ်ယောက်ရှိခဲ့သည်။
ထိုစကားကို ကြားရချိန်ထိ မစ်စ်ကျင်း ခံနိုင်ရည်ရှိနေသေးသည်။
ဤအမျိုးသားကို လက်ထပ်ရခဲ့သည့် အကြောင်းရင်းမှာ မိသားစု၏ တွန်းအားကြောင့်ပင်ဖြစ်သည်။
သို့သော် အချိန်အကြာကြီးလက်ထပ်ခဲ့ပြီးနောက် ချစ်ခင်ကြင်နာမှုအလျဉ်းမရှိဟု ပြောရန်မှာလည်း လိမ်ရာကျပေမည်။
သူတို့နှစ်ယောက်က လက်ထပ်ခဲ့သောကြောင့်သာ ဤအိမ်ထောင်ရေးအား အဆင်ပြေချောမွေ့စေချင်ခဲ့သော်လည်း အမျိုးသမီးများသည်က လက်တွဲဖော်၏ စိတ်ခံစားချက်အား ပို၍ ခံစားနိုင်စွမ်းလည်း ရှိသည်။
ခင်ပွန်းဖြစ်သူမှ သူမအား ချစ်မြတ်နိုးခြင်းမရှိကြောင်း သဘောပေါက်လိုက်ချိန်တွင် မစ်စ်ကျင်း အနည်းငယ်သာ ဝမ်းနည်းမိပြီး သူမ၏ စွမ်းအင်များကို အလုပ်အကိုင်ပေါ်သာ ပို၍ အာရုံစိုက်ထားလိုက်တော့သည်။
သို့သော် ကုကျစ်စုန့်ထပ်ပြောလိုက်သည့် စကားများကြောင့် သူမ အနည်းငယ်ရင်ကွဲခဲ့ရသည်။
“သူနဲ့ အဲဒီအချစ်စစ်တို့ တွဲလာတာ ဆယ်နှစ်နီးနီးရှိပြီ.. သူတို့နှစ်ယောက်က ကောလိပ်ကတည်းက တွဲလာကြတာပဲ အဲဒီအမျိုးသမီးက ရှင့်ယောကျ်ားရဲ့ ပထမဆုံးအချစ်ဦးပဲ”
“သူတို့မှာ ကလေးလည်းရှိတယ်။ ရှင့်ခင်ပွန်းသည်ရဲ့ မျိုးဆက်နန်းတော်အရဆိုရင် သူ့ရဲ့ အကြီးဆုံးသားကို ရခဲ့တာ သူ့ရဲ့ အသက် ၂၇နှစ်အရွယ်တုန်းကပဲ”
ခင်ပွန်းဖြစ်သူနှင့် မစ်စ်ကျင်းတို့ တွေ့ဆုံခဲ့သည်မှာ ခင်ပွန်းသည် အသက် ၃၁နှစ်အရွယ်တွင်ဖြစ်သည်။
ယခု မစ်စ်ကျင်း၏ သားဖြစ်သူ ရှောင်ရှိုးသည်က အသက် ၄နှစ်အရွယ်သာ ရှိသေးသောကြောင့် သူသည်သာ အငယ်ဆုံးသားဖြစ်သည်။
အချိန်နှင့် ပြောရမည်ဆိုလျှင် ခင်ပွန်းသည်၏ အချစ်စစ်က သူမထက် ၁၁နှစ်ပိုစော၍ နေရာယူထားခဲ့ခြင်းပင်။
“ကျွန်မနဲ့ မတိုင်ခင်မှာ ကလေးတစ်ယောက် ရှိထားတာလား?!”
‘အထိန်းအချုပ်နံရံများမှ ဖော
က်ထွက်ခြင်း’ လက်သီးကို တင်းတင်းဆုတ်ထားလိုက်မိသည်။
“ဒီတိရိစ္ဆာန်ကောင်က တော်တော်လေး လွန်လွန်းနေပြီ! ကျွန်တော်တို့မိသားစုကိုလာပြီး ကမ်းလှမ်းတုန်းကတော့ သူတို့သားက တစ်ခါမှလည်း လက်မထပ်ဘူးသလို ဘယ်သူ့ကိုမှလဲ မချစ်ခဲ့ဖူးဘူးဆို! ဒါတွေအကုန် အလိမ်တွေချည်းပဲလား!”
မစ်စ်ကျင်း လက်မခံနိုင်ပေ။
“ကျွန်မတို့ လက်မထပ်ခင်တုန်းက သူ့ရဲ့ ကိုယ်ရေးအချက်အလက်အရ ဒါက တကယ်ကို ပထမဆုံးအကြိမ် လက်ထပ်တာပါ.. အဲလိုသာမဟုတ်ရင် ကျွန်မတို့မိသားစုက ကျွန်မကို သူနဲ့ ဒီလောက်ဖိအားပေးပြီး မြန်မြန်လက်ထပ်ခိုင်းမှာ မဟုတ်ဘူး”
“အခုကျတော့ ကျွန်မက သူများတွေကြားကို ဝင်ပြီးနှောင့်ယှက်တဲ့ မယားငယ်ဖြစ်မသွားဘူးလား!?”
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ဆယ်နှစ်ကျော်တောင် ချစ်ကြိုက်ခဲ့ကြပြီးတော့ ကလေးတောင် မူကြိုအရွယ်ရောက်နေပြီဆိုပေမယ့် လက်ထပ်စာချုပ်မချုပ်ရသေးဘူးလေ
ဥပဒေအရဆိုရင်တော့ တကယ်လည်း သူက တစ်ခါမှ လက်မထပ်ရသေးဘူး.. ဒီတော့ လိမ်ရာတော့မကျဘူးပေါ့”
“ပထမအချက်- ရှင်မသိထားဘူး ပြီးတော့ ဒုတိယအချက်က သူတို့နှစ်ဦးကြားက ဆက်ဆံရေးက ရှင်တို့နှစ်ယောက် မတွေ့ခင်မှာ ပြီးဆုံးသွားခဲ့တာပဲ
ပြောရရင် သူ့ရဲ့ အချစ်စစ်က သေသွားတာဆိုတော့ ရှင်က ကြားဝင်နှောက်တယ်လို့ သတ်မှတ်လို့ မရဘူးလေ”
“သေသွားတယ်…”
ကုကျစ်စုန့် ခေါင်းငြိမ့်သည်။
“အမှန်ပဲ.. ရှင့်ယောကျာ်းရဲ့ မျက်နှာအရဆိုရင် အဲဒီအမျိုးသမီးရော ကလေးပါ သေသွားပြီ.. သေရတဲ့ အကြောင်းရင်းကလည်း သူနဲ့ သက်ဆိုင်နေတယ်”
သူမ စကားရပ်လိုက်ပြီးနောက် ပြောရမည်ကို အနည်းငယ်တွေဝေသွားဟန်ရသည်။
မစ်စ်ကျင်း၏ စိတ်အခြေအနေသည်က လက်ဝတ်ရတနာတွင်းမှ ပြာမှုန့်များ၊ ခင်ပွန်းသည်၏ အတိတ်မှ အချစ်ဇာတ်လမ်းတို့ကြောင့် ယိုင်နဲ့နေပြီဖြစ်ကာ ထပ်၍ စိတ်လှုပ်ရှားစရာအကြောင်းအရာများကို လက်ခံနိုင်မည်မဟုတ်တော့ပေ။
သို့သော် ကုကျစ်စုန့်တွင် တခြားသော အစီအစဉ်တစ်ခုရှိသောကြောင့် ဆက်ပြောလိုက်သည်။
“ရှင် ငါးနှစ်ကျော်တောင် ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက အရိုးပြာတွေ.. အဲဒါ အဲဒီအမျိုးသမီးနဲ့ ကလေးရဲ့ ပြာတွေပဲ”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’နှင့် အစ်မဖြစ်သူနှစ်ယောက်လုံး ရင်ထဲ ထိတ်သွားရသည်။ မစ်စ်ကျင်း တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“ဘာလို့လဲ ၊ ဘာလို့ ဒီလိုမျိုး..”