← Chapters

ဝိဥာဥ်စွမ်းအင်ကိုပြန်ယူခြင်း(2)

Vol. 37 Ch. 368

ဝိဥာဥ်စွမ်းအင်ကိုပြန်ယူခြင်း(2)

Vol. 37 Ch. 368

တစ်ညတွင်လည်း သူမ၏ ချစ်သူကောင်လေးက နောက်တစ်ယောက်ဖြင့် ကြင်ဖက်သွားတွေ့ပြန်ပြီဖြစ်ကြောင်း သိခဲ့ရသည်။

စိတ်ပိုင်းဆိုင်ရာ ပျက်စီးပြီး အလျင်လိုနေပြီဖြစ်သော အမျိုးသမီးလည်း အရက်များသောက်ခဲ့ပြီး အိပ်ဆေးများသောက်၍ ကလေးငယ်ကိုလည်း အိပ်ဆေးများ တိုက်ခဲ့သည်။

ထို့နောက် ဂတ်စ်အိုးကို ဖွင့်ကာ ဓာတ်ပုံရိုက်ပြီး သူမ၏ချစ်သူထံသို့ ပို့ခဲ့သည်။

ပြီးနောက် သူသာ ယခုချက်ချင်း အိမ်သို့ပြန်လာပြီး သူမနှင့် လက်မထပ်ပါက နောက်တစ်ရက်တွင် သူမနှင့် ကလေးငယ်တို့၏ အလောင်းကိုသာ တွေ့ရမည်ဖြစ်ကြောင်း သူမ၏ချစ်သူကို ပြောခဲ့လေ၏။

သို့သော်လည်း ဆေးအာနိသင်များပြလာခဲ့ပြီး သူမ တဖြည်းဖြည်းအိပ်ပျော်သွားခဲ့လေ၏။ ပြီးနောက်တွင်တော့ သားငယ်ဖြစ်သူကို ထွေးပွေ့ထားရင်းဖြင့် အိပ်မက်, မက်နေရင်း ဂတ်စ်အဆိပ်သင့်ကာ သေဆုံးခဲ့ရသည်။

သူမ၏ ချစ်သူမှာတော့ ပြန်မလာခဲ့ပေ။

တစ်ဖက်လူက သူမ ခြိမ်းခြောက်စကားဆိုနေသည်ဟုသာ ထင်ပြီး အမှန်တကယ် သတ်သေလိမ့်မည်ဟု မထင်ခဲ့သောကြောင့် သူမကို လျစ်လျူရှုပြီး အိမ်သိုးပြန်မလာခဲ့။

သားအမိနှစ်ဦး၏ အလောင်းကို ရှာတွေ့ချိန်တွင် ခန္ဓာကိုယ်များမှာ ပြာနှမ်း၍ တောင့်တင်းနေပြီဖြစ်သည်။

မိသားစုဝင်များကလည်း သားဖြစ်သူ၏ နာမည်မပျက်စေရန် တိတ်တဆိတ် အသုဘအခမ်းအနား ပြုလုပ်၍ ခန္ဓာကိုယ်များကို မီးရှို့ကာ ပညာရှင်တစ်ဦးကိုခေါ်၍ ဘဝကူးနိုင်ရန် ကူညီပေးခဲ့သည်။

သို့သော် ဒေါသအမျက်ဖုံးနေသည့် အမျိုးသမီးနှင့် ကလေးငယ်တို့သည်က မြေအောက်ကမ္ဘာသို့ မသွားရောက်ခဲ့ကြပေ။

သူမနှင့်သားဖြစ်သူတို့၏ ဆိုးဝါးလှသော အဆုံးသတ်ကို တွေးမိလျှင် သူမ၏ချစ်သူနှင့် မိသားစုအား အင်မတန်မုန်းတီးမိသည်။

သူတို့သားအမိ သေဆုံးပြီး တစ်လကျော်မှာပင် သူမ၏ချစ်သူက နောက်ထပ် အမျိုးသမီးတစ်ယောက်ဖြင့် ကြင်ဖက်တွေ့ရန် သွားခဲ့ပြန်သည်။

ထိုနေ့က မြို့ထဲတွင် မိုးဖွဲဖွဲလေး ရွာနေခဲ့သည်။ အငြိုးကြီးနေသော အမျိုးသမီးသရဲမက စားသောက်ဆိုင်၏ ဖန်ပြတင်းအနီးတွင် ရပ်နေခဲ့ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော သူမ၏ ချစ်သူမှ တခြားအမျိုးသမီးတစ်ယောက်အတွက် ဝိုင်ခွက်အား ရယ်ရယ်မောမော ပြုံးရွှင်၍ ငှဲ့ပေးနေခဲ့သည်ကို ငေးကြည့်နေခဲ့မိသည်။

ထိုမြင်ကွင်းအား ကြာကြာကြည့်မိလေ သူမ၏ရင်ထဲမှ အမုန်းတရားများ၊ အငြိုးတရားများသည်က ပို၍ ပြင်းထန်အားကောင်းလာလေ ဖြစ်ခဲ့သည်။

သူသည်က တခြားမိန်းကလေးများအပေါ်တွင် အင်မတန်နူးညံ့ကြင်နာပြနေချိန် သူမနှင့် သားငယ်က အဘယ်ကြောင့် ဤသို့ အဖြစ်ဆိုးနှင့် ဇာတ်သိမ်းခဲ့ရပါသနည်း?

အမျိုးသမီးသရဲ ထိုအဖြစ်ကို လက်မခံနိုင်ပေ။

ထို့ကြောင့် သူမ၏ သေဆုံးသွားသော သားငယ်ကိုပါခေါ်၍ ချစ်သူ၏ မိသားစုအား ခြောက်လှန့်ရန် ကြိုးစားခဲ့သည်။

ထိုအခိုက်တွင် ကုကျစ်စုန့်၏ အသံကရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်လွန်းနေခဲ့သည်။

“ကျွန်မ ခန့်မှန်းပေးရမလား? ရှင်က သူတို့ဆီကိုသွားခဲ့တယ်.. ဒါပေမဲ့ ရှင့်ကို မြင်တော့ အဲဒီမိသားစုက အော်ကြီးဟစ်ကျယ် ငိုယိုပြီး သူတို့ကိုယ်သူတို့ အပြစ်လွတ်အောင် ကာပြောကြလိမ့်မယ်

အပြစ်တွေအကုန်လုံးကို တခြားအပြစ်မရှိတဲ့ မိန်းကလေးတွေအပေါ်မှာ ပုံချကြလိမ့်မယ်..

တကယ်တော့ အဲဒီလူက မိဘတွေရဲ့ဖိအားကို မခံနိုင်တဲ့အပြင် ရှင့်ကိုလည်း တာဝန်မယူချင်တော့တာ.. ဒါကြောင့် ကြင်ရာတွေ့ဆုံတာတွေကို သူ့သဘောနဲ့သူ သွားခဲ့တာပဲ

ဒါပေမဲ့ သူ့ပါးစပ်ကနေ ‘အဲဒီမိန်းကလေးတွေကသာ သူ့ကို အတင်းဖိအားပေးပြီး ခေါ်လို့ သွားရတာပါ၊ အဲမိန်းကလေးတွေကြောင့်သာ ရှင်တို့ကြားက ဆက်ဆံရေး အဆင်မပြေဖြစ်ရတာပါ’ ဆိုပြီး ပြောခဲ့တယ်မလား?”

သရဲမထံမှ စကားပြန်မရချေ။ သူမက လက်သီးကိုသာ ကျစ်ကျစ်ဆုတ်ထားခဲ့သည်။

ကုကျစ်စုန့်စကားများက အမှန်ပင်ဖြစ်သည်။

ထိုညက ကြင်ရာတွေ့ဆုံခြင်းတစ်ခုမှ ပြန်လာသည့် ချစ်သူထံသို့ သွားရောက်ခဲ့ချိန်တွင် သူ၏ မိဘနှစ်ပါးလည်း အိမ်တွင် ရှိနေခဲ့သည်။

ထိုမိသားစုသုံးယောက်လုံးမှာ ကြောက်လန့်လွန်းသောကြောင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ သူမအား ခွင့်လွှတ်ပေးရန် ဆက်တိုက်တောင်းပန်နေခဲ့ကြသည်။

ထို့နောက်တွင် ထိုသူ၏မိသားစုမှသူမနှင့် သားငယ်တို့အား ဤသက်ရှိကမ္ဘာသို့ ပြန်လာနိုင်ပြီး သူမ၏ချစ်သူနှင့် ပေါင်းစပ်နိုင်မည့်နည်းလမ်းရှိကြောင်း ပြောဆိုနေခဲ့သည်။

သူမ၏ချစ်သူ၏ မျက်ရည်များ စိုရွှဲနေသော မျက်နှာကိုကြည့်ပြီးနောက် အမျိုးသမီးသရဲက သူ၏ လိမ်လည်မှု၊ လှည့်စားမှုများကို သိထားပြီးဖြစ်ပေသည်။

သို့သော် အဘယ်ကြောင့် သူမ၏ အမုန်းတရားများ၊ အငြိုးတရားများအား အခြားအပြစ်မဲ့သော မိန်းမပျိုများအပေါ်တွင် ပုံချခဲ့ရသနည်း?

အဖြေမှာ သူမသည်က သူမ၏ ချစ်သူအား လူယုတ်မာတစ်ယောက်ဖြစ်နေခြင်းအား မယုံကြည်ချင်သောကြောင့်ပင်။

သူမကိုယ်တိုင်သည်လည်း တစ်ကိုယ်ကောင်းဆန်ပြီး ချစ်ရသူ၏ မိသားစုမှ မသက်ဆိုင်သူများ၏ အသက်ကို စတေးကာ သူမအား ပြန်လည်အသက်သွင်းပေးမည်ဆိုသော အချက်ကို ကျေနပ်နေသောကြောင့်ပင်ဖြစ်သည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မဖြစ်သူမှာ တိုက်ဆိုင်စွာဖြင့် ကံဆိုးသူ ဖြစ်သွားရခြင်းပင်။

ကြင်ဖက်တွေ့သည့် ပထမဆုံးရက်တွင် တိုက်ဆိုင်စွာ သရဲမနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိခင်ပွန်းသည်တို့ မိသားစု၏ ပြစ်မှတ်ထားခြင်းခံခဲ့ရသည်။မိသားစုတစ်ခုလုံးက သူမအပေါ် အင်မတန်ဂရုစိုက်ကြင်နာပေးသည်ဟု ထင်ရသည့် အမှန်တရားက သူမအား တတ်နိုင်သမျှ အမြန် လက်ထပ်ချင်ခဲ့သောကြောင့်ဖြစ်ပြီး ထိုမှသာလျှင် သူတို့၏ ကောက်ကျစ်ယုတ်မာမှုများ အထမြောက်နိုင်လိမ့်မည်ပင်။

စေ့စပ်ပြီးချိန်တွင်တော့ အမျိုးသား၏မိသားစုသည် သရဲသားအမိ၏ အရိုးပြာများကို ထုတ်၍ ဈေးကြီးပေးကာ သီးသန့်လက်ဝတ်ရတနာများ အဆက်လိုက်ပြုလုပ်စေခဲ့သည်။

လက်ဝတ်ရတနာအများစုအတွင်းမှ အရိုးပြာသည်က သရဲမ၏ အရိုးပြာများဖြစ်ပေသည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မဖြစ်သူသာ ထိုလက်ဝတ်ရတနာများကို ဝတ်ဆင်ထားပါက သရဲမသည်လည်း သူမ၏အနားတွင် အမြဲလိုလို ကပ်တွယ်နေနိုင်ပြီး သူမ၏ အသက်စွမ်းအင်ကို စုတ်ယူကာ နောက်ဆုံးတွင် ခန္ဓာကိုယ်ကိုပါ လုယူနိုင်မည်ဖြစ်သည်။

အကြံအစည်အောင်မြင်သွားပါက အမျိုးသမီးသရဲမှ မစ်စ်ကျင်း၏ ခန္ဓာကိုယ်အား အပိုင်သိမ်းနိုင်မည်ဖြစ်ကာ သူမ၏ချစ်သူနှင့်လည်း တရားဝင်အကြင်လင်မယားဖြစ်လာလိမ့်မည်။

ထို့အပြင် ကျင်းမိသားစု၏ ချောမောလှပသော သမီးကြီးဘဝကိုလည်း ပိုင်ဆိုင်သွားမည်ဖြစ်သည်။

ရွှေနှင့် ကျောက်စိမ်းရောယှက်ထားသော ကလေးပုံလည်ဆွဲမှာတော့ သေဆုံးသွားသော ကလေးငယ် အန်းအန်း၏ အရိုးပြာများပင်ဖြစ်သည်။

ထိုမျှယုတ်ညံ့သော လက်ဝတ်ရတနာအား ဝတ်ဆင်ထားပါလျှင် ရုတ်တရက်သေဆုံးခဲ့ရသော အန်းအန်း၏ ဝိဉာဉ်သည်လည်း ထိုလည်ဆွဲတွင် ကပ်တွယ်၍ နေထိုင်နိုင်လိမ့်မည်။

မစ်စ်ကျင်းတစ်ယောက် ကိုယ်ဝန်ရ၍ သူမဝမ်းကြာတိုက်အတွင်းမှ ကလေးငယ်စတင်ဖွံ့ဖြိုးသည်နှင့် အန်းအန်းသည် ထိုကလေးငယ်၏ ဝိဉာဉ်ကို ဆွဲထုတ်၍ နေရာလုယူလိုက်မည်ဖြစ်သည်။

မစ်စ်ကျင်းအနေဖြင့် သူမ ညစဉ်မက်ခဲ့ရသော အိပ်မက်ဆိုးများ၏ အကြောင်းရင်းမှာ သူမဝတ်ဆင်ထားသည့် ရတနာများတွင် လူသေတစ်ဦး၏ အရိုးပြာများ ပါရှိနေပြီး အငြိုးကြီးတစ္ဆေတစ်ကောင်က သူမ၏အနားတွင် အမြဲရှိနေသောကြောင့် ဖြစ်လိမ့်မည်ဟု တစ်ကြိမ်မျှ မတွေးခဲ့ဖူးပေ။

အိပ်မက်ထဲတွင် စိုက်ကြည့်နေခဲ့သည့် ဒေါသမျက်လုံးများသည်က ချစ်သူနှင့် ကလေးငယ်အား လုယူသွားသောကြောင့် သူမအား မုန်းတီးနေသည့် အမျိုးသမီးတစ္ဆေ၏ မျက်လုံးများပင် ဖြစ်နေခဲ့သည်။

သူမကိုယ်တိုင် ကိုးလလွယ်၊ဆယ်လဖွားခဲ့ရသော သွေးရင်းသားရင်း ကလေးငယ်မှ သူမအား ခါးခါးသီးသီး မုန်းတီးနေရခြင်းမှာလည်း ထိုကလေး၏ ဝိဉာဉ်က တခြားတစ္ဆေတစ်ကောင်ဖြင့် အစားထိုးခံလိုက်ရသောကြောင့်သာ ဖြစ်နေခဲ့သည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အဖြစ်မှန်အား သိရပြီးနောက် အင်မတန်ရွံရှာဒေါသထွက်ခဲ့ရသည်။

သရဲစီးထားခံရသော အစ်မဖြစ်သူအား ကြည့်လိုက်ချိန်တွင်လည်း တဒင်္ဂမျှ အကြောက်တရားများ ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်တွင် သူ့၏ရင်ထဲ၌ အစ်မဖြစ်သူ ကြုံခဲ့ရသမျှအတွက် ဒေါသနှင့် ရင်နာမှုတို့သာ ပြည့်နှက်နေခဲ့သည်။

ထို့ကြောင့် သူက မစ်စ်ကျင်း၏ မဲ့ရွဲ့နေသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်မိသည်။

“မင်းတို့က အတော်လေးကို မြင့်မြတ်ခမ်းနားကြတာပဲ.. အချစ်စစ်ကို ရွေးချယ်ဖို့အတွက်ဆိုတဲ့ စောက်သုံးမကျတဲ့ စကားတွေနဲ့ ငါ့ရဲ့အစ်မနဲ့ တူလေးကို ဒုက္ခပေးခဲ့ကြတယ်..

ငါတို့မိသားစုတွေက အဲဒီလိုခွေးတိရစ္ဆာန်ကောင်ကို မက်မောနေမယ်များ ထင်နေတာလား!”

“တစ်ယောက်က နှလုံးသားမရှိဘဲ ယုတ်မာရက်စက်တယ်.. နောက်တစ်ယောက်ကတော့လည်း တစ်ကိုယ်ကောင်းဆန်ပြီး အကျင့်ယုတ်တယ်

မင်းတို့နှစ်ယောက်က တကယ်ကို ဘုရားပေးတဲ့ ဖူးစာပါပဲ.. အရမ်းကို လိုက်ဖက်လွန်းတယ်လေ! ကြင်ဖက်တွေ့ဖို့အတွက်နဲ့ မင်းကိုထားခဲ့တာက အဲဒီလူပါ! ဒါတောင် မင်းက ဒေါသတွေကို အကုန် ငါ့အစ်မအပေါ် ပုံချရတယ်လို့…”

“အခုချက်ချင်း ငါ့အစ်မရဲ့ကိုယ်ထဲက ထွက်သွားစမ်း! ဒါမှ ဒီလိုခွေးတိရစ္ဆာန်ကောင်နဲ့ အမြန်ကွာရှင်းပြီး နောက်လုံးဝမတွေ့ရ‌‌အောင် အဆက်အသွယ်ဖြတ်နိုင်မှာ!”

အပြစ်များ အကုန်ဖော်ထုတ်ခံလိုက်ရသော သရဲမကတော့ အပြစ်တင်ပြောဆိုခံလိုက်ရသည်ကို မကျေနပ်ချေ။

သူမက ဒေါသတကြီးဖြင့် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’အား ကောက်ကျစ်ယုတ်မာသည့် အကြည့်ဖြင့် ကြည့်လာခဲ့သောကြောင့် လူငယ်လေးဤ အကြောက်တရားကပြန်ဝင်လာခဲ့သည်။

“မင်း.. မင်းဘာလုပ်မလို့လဲ?”

မျက်နှာပြင်တစ်ဖက်မှ ကုကျစ်စုန့်လည်း သရဲမ၏ မကောင်းသော အကြံကို မြင်နေရသောကြောင့် သူမ၏ မီးငှက်မျက်လုံးများ မှေးစင်းလိုက်မိသည်။

သူမက လက်တစ်ဖက်ဖြင့် ဓားတစ်လက်ပုံစံပြုလုပ်ကာ သေသေချာချာပြင်ဆင်၍ စောင့်ဆိုင်းနေခဲ့သည်။

မစ်စ်ကျင်း၏ ကိုယ်တွင်းမှ မီးခိုးစိမ်းရောင် မကောင်းမှုဝိဉာဉ် တိုးထွက်လာသည်နှင့်တစ်ပြိုင်နက်သူမ၏နှုတ်မှလည်း ‘နတ်ဆိုးသတ်ဖြတ်ခြင်းဂါထာ’မှ စွမ်းအားအပြင်းဆုံးစာကြောင်းလည်း ထွက်ပေါ်လာခဲ့သည်။

ဂါထာရွတ်ဆိုသံထွက်လာသည်နှင့်တပြိုင်နက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’အား ဗဟိုပြု၍ မမြင်နိုင်သော စွမ်းအားတစ်ခုက အကာအကွယ်တစ်ခုအလား ချက်ချင်းပေါ်ပေါက်လာခဲ့ပြီး မစ်စ်ကျင်းအား တွန်းထုတ်လိုက်သကဲ့သို့ဖြစ်သွားခဲ့လေ၏။

သရဲမလည်း စူးစူးဝါးဝါးအော်ဟစ်၍ မြေပေါ်သို့ လဲကျသွားခဲ့သည်။

ခေတ္တမျှကြာပြီးနောက် မစ်စ်ကျင်းတစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့ပြီးနောက် ဖြူဖျော့နေသော မျက်နှာဖြင့် ဖြည်းညင်းစွာ ထလာခဲ့သည်။ထိုသရဲမက ဂါထာ၏ စွမ်းအားကြောင့် ဒဏ်ရာရပြီးချိန်တွင် မစ်စ်ကျင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပုန်းအောင်းနေသောကြောင့် မစ်စ်ကျင်းလည်း ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းပင်ဖြစ်လေ၏။

ယခုဖြစ်ပျက်ခဲ့သမျှအားလုံးကို မစ်စ်ကျင်း မှတ်မိနေခဲ့သည်။

သူမ အဘယ်ကြောင့် အကွက်ချကြံစည်ခံရသည်၊ အဘယ်ကြောင့် ခင်ပွန်းသည်၏ မိသားစုမှ သူမအား သတ်ဖြတ်ရန် ကြံစည်နေကြသည်ဖြစ်ကြောင်းတို့ကို သိရှိပြီးဖြစ်သည်။

အမုန်းတရား၊ ဒေါသတို့နှင့်အတူ မျက်ရည်များ စီးကျလာရင်း သူမ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

“အဖြစ်မှန်က အဲဒီလိုလား… ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်.. ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မသေပြီးလို့ အဲဒီသရဲမနှင့် အစားထိုးခံလိုက်ရတဲ့အထိတောင် အဖြစ်မှန်ကို သိလိုက်ရမှာမဟုတ်ဘူး”

“အခုရက်ပိုင်းတွေမှာ တော်တော်လေးကို သုန်မှိုင်းနေတဲ့မျက်နှာအမူအရာရှိတဲ့ မိန်းမတစ်ယောက်ကို အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ မထူးဆန်းတော့ပါဘူး

ကျွန်မအိပ်မက်ထဲမှာလေ သူက ကျွန်မယောင်္ကျားရဲ့ လက်ကိုတွဲပြီး ကျွန်မကလေးကို ချီထားတယ်။။ ပြီးတော့ ကျွန်မကိုလည်း ခပ်ကြွားကြွားပြုံးပြပြီး ထွက်သွားကြတာလေ..

အရမ်းဝေးသွားတော့ ကျွန်မ ဘယ်လိုလိုက်လိုက် မမှီနိုင်ခဲ့ဘူး.. အပြန်လမ်းကိုလည်း ရှာမတွေ့နိုင်ခဲ့ဘူး…”

အဆုံးသတ်တွင်တော့ ကနဦးအစမှ အဆုံးထိ သူမ၏ ခင်ပွန်းသည်နှင့် ကလေးငယ်တို့သည်က ‘သူမ ပိုင်ဆိုင်သည့်အရာ’ မဟုတ်ခဲ့ခြင်းပင်။

All Chapters