← Chapters

ဝိဥာဥ်စွမ်းအင်ကိုပြန်ယူခြင်း(1)

Vol. 37 Ch. 367

ဝိဥာဥ်စွမ်းအင်ကိုပြန်ယူခြင်း(1)

Vol. 37 Ch. 367

“ရှင့်ရဲ့ သေဆုံးချိန်အတိအကျကို ခန့်မှန်းရရင် ရှင်က အဲဒီနှစ် နွေဦးအစပိုင်းလောက်မှာ ကိုယ့်ကိုယ်ကိုယ်‌ သတ်သေခဲ့တာပဲ.. ဧပြီလအထိတောင် မရောက်ဘူး မစ်စ်ကျင်းရဲ့ ထိမ်းမြားခြင်းလမ်းကြောင်းအရဆိုရင် လက်ရှိခင်ပွန်းနဲ့ ပထမဆုံးအကြိမ်တွေ့ခဲ့တာက နွေရာသီအစပိုင်းမှာပဲ

မစ်စ်ကျင်းကိုယ်တိုင်က ခိုင်မာတဲ့ စိတ်ဓာတ်ရှိပြီး အရာအားလုံးကို အစီအစဉ်တကျ လုပ်တတ်တယ်.. ကြိုတင်ပြင်ဆင်ထားတတ်တယ်.. သူ့မှာ အရေးကြီးတဲ့ကိစ္စတွေဆိုရင် မှတ်သားထားတတ်တဲ့ အကျင့်ရှိမှာပဲ ဟုတ်တယ်မဟုတ်လား?”

နောက်ဆုံးမေးခွန်းသည်က ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ အတွက်ဖြစ်သည်။

အစ်မဖြစ်သူ၏ ခန္ဓာကိုယ်အား သရဲစီးခြင်းခံနေရသောကြောင့် သူမကို မေး၍ အသုံးမဝင်ပေ။

ရုတ်တရက် မေးခွန်းထုတ်ခံလိုက်ရသည့် ကောင်လေးလည်း ကြက်သေ,သေသွားပြီးနောက် ခေတ္တအကြာတွင် ခေါင်းငြိမ့်သည်။

“ဟုတ်တယ် အစ်မက ဒိုင်ယာရီတွေ ရေးတတ်ပြီး သူ့ဘဝကို မှတ်တမ်းတင်ထားတတ်တယ်.. အဲ့လို ပုံစံတူမက်ဆေ့ချ်တွေ အစ်မရဲ့ moments အဟောင်းတွေမှာ ရှိတယ်.. အရင်တုန်းက မှတ်ထားတာတွေများ ရှိမလားလို့ ကြည့်လိုက်ဦးမယ်”

သူ social media ကိုဖွင့်လိုက်သည်။

မစ်စ်ကျင်း၏ moments များတွင် နှစ်ရက်ခြား၊သုံးရက်ခြားခန့် ဘဝမှတ်တမ်းများ တင်ထားတတ်ပြီး တချို့ပုံများမှာ သူမ ခရီးသွားခဲ့သော နေရာများ ဖြစ်ပြီး တချို့ပုံများသည် သူငယ်ချင်းများ၊ မိသားစုများနှင့် တွေ့ဆုံချိန်တွင် ရိုက်ထားသည့် ဓာတ်ပုံများဖြစ်သည်။

ထို မှတ်တမ်းများကိုလည်း နှစ်မည်မျှ ကြာပါစေ၊ ဖျက်ပစ်သည့်အကျင့်မရှိသောကြောင့် စုစုပေါင်း ပို့စ်များ သုံးထောင်နီးနီး ရှိသည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ဆက်တိုက် ပို့စ်များကို အောက်ဆွဲသွားပြီးနောက် အစ်မဖြစ်သူ လွန်ခဲ့သည့် ခြောက်နှစ် ယောက်ဖဖြစ်သူနှင့် ပထမဆုံးအကြိမ်တွေ့ချိန်တွင် တင်ထားခဲ့သော ပို့စ်အား ရှာတွေ့ခဲ့သည်။

‘ဒီနေ့ပထမဆုံးတွေ့ခဲ့ရတဲ့ ဒိတ်ကို ပြောရရင် စိတ်ထဲမှာ နည်းနည်းတော့ရှုပ်ထွေးနေမိတယ်.. တစ်ဖက်လူရဲ့ အခြေအနေတွေက အတော်လေး ကောင်းပါတယ်

ဒါပေမယ့် ကုန်ပစ္စည်းတစ်ခုလိုမျိုး ဇွတ်ထိုးရောင်းခံရတာကြီးကတော့ စိတ်ထဲတစ်မျိုးပဲ (သက်ပြင်းချ)’

ပို့စ်တင်ထားသော အချိန်က ထိုနှစ်၏ ဇွန်လအစောပိုင်းဖြစ်သည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ မျက်ဝန်းများက အရောင်လက်သွားခဲ့ပြီးနောက် အစ်မဖြစ်သူတင်ထားသည့် ပို့စ်အား စိတ်လှုပ်ရှားစွာ ပြလိုက်မိသည်။

“စုန့်စုန့်ပြောတာ အမှန်ပဲ.. ကျွန်တော့်ရဲ့အစ်မ ယောက်ဖနဲ့ ပထမဆုံးသွားတွေ့ခဲ့တဲ့ရက်က ဇွန်လတုန်းကပဲ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပို့စ်ကိုတော့ အတုလုပ်လို့ မရဘူးနော်

မင်းမယုံဘူးဆိုရင် အစ်မရဲ့ ဖုန်းကို သူ့လက်ဗွေနဲ့ ဖွင့်ကြည့်လိုက်ပြီး ကိုယ့်ဘာသာကိုယ် ကြည့်,ကြည့်လိုက်!”

မစ်စ်ကျင်း၏ကိုယ်ထဲမှ သရဲမကမျက်နှာတစ်ခုလုံး အင်မတန်ရှုံ့မဲ့နေပြီး အကြည့်ရဆိုးနေခဲ့သည်။

အချိန်ခေတ္တကြာပြီးနောက် သူမက သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ကြည့်လိုက်မိသည်။

မစ်စ်ကျင်း၏ ဖုန်းထဲမှ မှတ်တမ်းများအရ သူမ၏ လက်ရှိခင်ပွန်းနှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့ချိန်မှာ သရဲမ သေဆုံးပြီး၍ နှစ်လခန့်ကြာပြီးနောက် ဇွန်လတွင်ဖြစ်သည်။

ထပ်မံ၍ တင်ထားသော ပို့စ်များမှာလည်း သူမနှင့် လက်ရှိခင်ပွန်းသည်တို့၏ ဆက်ဆံရေးအခြေအနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပုံ၊ အချင်းချင်းတွေ့ဆုံပြီးနောက် လက်ထပ်ဖို့အထိ မိဘများ တိုင်ပင်နေကြပုံ အစရှိသည့် အကြောင်းအရာများပင် ဖြစ်လေ၏။

သရဲမလည်း ကြက်သေ,သေသွားပြီးနောက် တဖြည်းဖြည်းသဘောပေါက်လာခဲ့သည်။ သူမက သူမ၏ ချစ်သူနှင့် သူ၏ မိသားစုတို့ထံမှ လှည့်စားခြင်းခံလိုက်ရခြင်းသာ ဖြစ်ပေ၏။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ဖွင့်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင်းမှ ကုကျစ်စုန့်၏ အသံက ထွက်ပေါ်လာခဲ့သည်။

“ရှင်နဲ့ ဒီယောကျ်ားက ကောလိပ်ကျောင်းမှာတုန်းက အတန်းဖော်တွေဖြစ်ခဲ့တယ်.. ရှင်က သူ့ကို ကောလိပ်စတက်ကတည်းက ချစ်ခဲ့တာပဲ

ရှင်သေဆုံးပြီးနောက်ပိုင်းအချိန်ကိုပါ ထည့်တွက်ရင် ၁၅နှစ်၊ ၁၆နှစ်လောက်တောင် ရှိပြီ.. ရှင်တို့တွေ စပြီး ချစ်ကျွမ်းဝင်ချိန်က ဆက်ဆံရေးအဆင်ပြေခဲ့တယ်..

ရှင်တို့မိသားစုရဲ့အခြေအနေက သာမန်ပဲဖြစ်ပြီး တစ်ဖက်ကတော့ ချမ်းသာပြီး နောက်ခံကောင်းတယ်.. သူက ရှင့်အပေါ်ကို အရမ်းသိတတ်ပြီးတော့ အင်မတန်လည်း လက်ဖွာခဲ့တယ်”

“ရှင့်ဘဝရဲ့ မူလအစတုန်းက ကံကြမ္မာလမ်းကြောင်းအရ သူ့ရဲ့လွှမ်းမိုးမှုအောက်မှာ တဖြည်းဖြည်းပြောင်းလဲသွားတာကို ကျွန်မမြင်နေရတယ်”

မစ်စ်ကျင်းကို ဝင်စီးထားသည့် သရဲမသည်က အသက်ရှင်စဉ်အချိန်က အင်မတန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အင်မတန်စန်းပွင့်၍ လူချစ်လူခင်ပေါများကာ သူမကို ချစ်နှစ်သက်သော လူများစွာ ရှိခဲ့သည်။

ကောလိပ်တက်ချိန်တွင် မစ်စ်ကျင်း၏ ယခုခင်ပွန်းက သူမအား အသည်းအသန် လိုက်၍ ပိုးပန်းခဲ့သည်။

နှစ်ယောက်သား ချစ်သူဖြစ်သွားကြချိန်တွင် အမျိုးသား၏ မိသားစုမှာ ငွေကြေးချမ်းသာသောကြောင့် သူမအား ဈေးကြီးအိတ်များ ဝယ်ပေးတတ်သည်။အဆင့်မြင့်စားသောက်ဆိုင်များသို့လည်း ခေါ်သွားတတ်ပြီး သူမအား အလှကုန်များ၊ အဝတ်အထည်များလည်း ဝယ်ပေးခဲ့သည်။

ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသော သမီးပျိုလေးမှာ အလင်းရောင်များ၊ ဝိုင်၊ အဆင့်မြင့် ပြင်ဆင်ပုံများနှင့် ပထမဆုံးထိတွေ့ခဲ့ရချိန်တွင် အင်မတန်ပင် အံ့ဩတကြီးဖြစ်ကာပျော်မွေ့ခဲ့ရသည်။

ရှေးရိုးစကားရှိသည့်အတိုင်းပင်၊ ဆင်းရဲသည့်ဘဝမှ ချမ်းသာသည့်ဘဝသို့ ကူးပြောင်းနေထိုင်ရန် လွယ်ကူသော်လည်း ချမ်းသာသော ဘဝမှနေ၍ ဆင်းဆင်းရဲရဲနေထိုင်ရန်မှာ ခက်ခဲလွန်းလှသည်။

ကောလိပ်တက်ခဲ့သည့် ၄နှစ်အတွင်း ချစ်သူမှ သူမအား အလည်အပတ်များ၊ စားသောက်ဆိုင်များ၊ အလှအပများ လိုလေးသေးမရှိ လုပ်ဆောင်ပေးခဲ့သောကြောင့် အချိန်သာ ဖြုန်းတီးနေခဲ့မိပြီး မည်သည့်ပညာတစ်ခုမျှ မတတ်မြောက်ခဲ့ချေ။ ထို့အတူမည်သည့် အသိအမှတ်ပြုလက်မှတ်ကိုမီလည်း မရရှိခဲ့ပေ။

သူမက သူမ၏ဘဝတွင် အမြင်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ဈေးကြီးတံဆိပ်များနှင့် ရင်းနှီးနေပြီဟုထင်ခဲ့စည်။ သို့သော် ဘွဲ့ရခါနီးသည့် အချိန်တွင် သူမ တစ်စုံတစ်ခုကို သဘောပေါက်လာခဲ့သည်။

ထိုအရာများသည် သူမအတွက် အလုပ်ရှာမပေးနိုင်ပေ။

ကျောင်းပြီးခါနီး၍ အလုပ်ခွင်ဝင်ရတော့မည့်အချိန်တွင် သူမအကြပ်ရိုက်လာခဲးရသည်။

သူမ၏ချစ်သူမှာလည်း သာမန်ကျောင်းသားတစ်ယောက်သာ ဖြစ်သော်လည်း သူ့တွင် အဆက်အသွယ်များရှိသည်။

ဤနိုင်ငံမှာပင် မာစတာဘွဲ့တက်လျှင်တက်၊ မတက်လိုပါကလည်း နိုင်ငံခြားသို့ သွား၍ ကျောင်းဆက်တက်နိုင်သည်။

သူမတွင်တော့ ရွေးချယ်စရာလမ်းမရှိပေ။

ထိုအချိန်တွင် သူမ၏ မိသားစုမှ သူမအား အိမ်ပြန်၍ စာမေးပွဲအတွက်ပြင်ဆင်ရန်၊ မွေးရပ်မြေမှာပင် ကျောင်းဆရာမ သို့မဟုတ် လူမှုဝန်ထမ်းဘဝဖြင့် တာဝန်ထမ်းဆောင်ကာ အေးဆေးတည်ငြိမ်သည့် ဘဝတစ်ခု ထူထောင်ရန် ပြောလာခဲ့ကြသည်။

သို့သော် ဈေးကြီးသည့် အဝတ်အစား၊ အလှကုန်များ၊ စားစရာများနှင့် နေသားကျနေပြီဖြစ်သော မိန်းမပျိုသည်က မည်သို့နည်းနှင့်မျှ သူမ၏ မွေးရပ်မြေကို ပြန်ကာ လစာ သုံး၊လေးထောင်မျှဖြင့် မူလတန်းဆရာမတစ်ယောက် လုပ်နိုင်မည်နည်း။

နောက်ဆုံးတွင်တော့ သူမက သူမ၏ ချစ်သူနှင့်သာ ဤမြို့ထဲတွင် နေထိုင်ခဲ့ပြီး ဤထွက်လမ်းမရှိသော ဆက်ဆံရေးတွင်သာ ပျော်မွေ့နေခဲ့မိသည်။

သူမ၏ ချစ်သူ မာစတာတန်း ဆက်တက်နေချိန်မှာလည်း သူမ အတွက် ကျောင်းအနီးတွင် အိမ်တစ်လုံးငှားပေးထားခဲ့သည်။ သူမ၏ နေ့စဉ်အလုပ်မှာ ချစ်သူ အိမ်ပြန်လာသည်ကို စောင့်ဆိုင်းရုံသာ ဖြစ်လာခဲ့သည်။

တက္ကသိုလ်တွင်းမှ ငယ်ရွယ်ချောမောသည့် ကျောင်းသူလေးများကို မြင်တွေ့တိုင်း သူမ၏ချစ်သူက တခြားမိန်းကလေးတစ်ယောက်ကို ချစ်မိသွားမည်လောဟူ၍ စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့ရသည်။

နောက်ပိုင်းတွင်တော့ ထိုအခြေအနေကိုဖြေရှင်းရန်အတွက် လက်ထပ်ရန် စဉ်းစားလိုက်မိသည်။ သူတို့နှစ်ဦး လက်ထပ်ပြီးချိန်တွင် ထိုကိစ္စများကို စိတ်ပူစရာမလိုတော့ကြောင်း တွေးခဲ့မိသည်။

သို့သော် သူမ၏ချစ်သူက သူ၏ မိသားစုမှာ အင်မတန် စည်းကမ်းတင်းကြပ်ကြောင်း၊ သူမတွင် ပညာအရည်အချင်း သို့မဟုတ် အလုပ်အကိုင်တစ်ခုခုမရှိပါပဲနှင့် လက်ထပ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ပြောလာခဲ့သည်။

တကယ်တမ်းတွင် သူ၏ မိဘများက သူ့အား နယ်မြို့မှ မိန်းကလေးဖြင့် လက်ထပ်ရန် ခွင့်ပြုမည်မဟုတ်ပါချေ။ သူသည်လည်း မိဘများကို ချစ်သူမိန်းကလေးအတွက်နှင့် ဆန့်ကျင်ရဲသည့် သတ္တိမရှိပေ။

သို့ဖြင့် လက်ထပ်ရန်ကိစ္စအား အချိန်ဆွဲလာခဲ့သည်မှာ ၇နှစ်ခန့်ပင် ကြာမြင့်ခဲ့သည်။ သူမအပေါ်တွင် ရှိသည့် ချစ်သူ၏ ဆက်ဆံရေးမှာလည်း တစ်နေ့ထက် တစ်နေ့ သွေးအေးလာခဲ့သည်။

ထိုနှစ်များထဲတွင် သူမက ငွေကြေးချမ်းသာသည့်အမျိုးသမီးများ၏ နေပုံ၊ ထိုင်ပုံများနှင့် ပတ်သတ်သည့် သင်တန်းများ တက်ရောက်ခဲ့ပြီး ကျင့်ဝတ်များ၊ အပြုအမူများကိုလည်း သိရှိထားပြီးဖြစ်သည်။

သို့သော်လည်း ချစ်သူ၏ မိသားစုက သူမအကြောင်းကို သိရှိထားလျှင်ပင် လက်ထပ်ရန် သဘောမတူခဲ့ကြပေ။

ဤသို့ဖြင့် အမျိုးသမီးလည်း နောက်ဆုံးတွင် ချစ်သူအား သွေးသားဖြင့် ချုပ်ရန် ကြံစည်လိုက်ပြီးနောက် အန်းအန်းလေးကို မွေးဖွားခဲ့သည်။

ကလေးငယ်မွေးဖွားပြီးနောက် သူမ က ချစ်သူ၏ နေအိမ်သို့ မကြာခဏ ဝင်ထွက်သွားလာခဲ့ကြသည်။

ချစ်သူ၏ မိဘနှစ်ပါးသည်လညား မြေးဖြစ်သူအား အင်မတန်ချစ်မြတ်နိုးကြသောကြောင့် သူမ၏စိတ်ထဲတွင် ချစ်သူနှင့် တစ်နေ့တော့ လက်ထပ်နိုင်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ကလေးငယ် အသက် ၄နှစ်ပြည့်သည်အထိ သူမက လက်ထပ်စာချုပ် မချုပ်နိုင်ခဲ့သေးပေ။

နောက်ပိုင်းတွင်တော့ သူမ တစ်စထက်တစ်စ သဘောပေါက်ခဲ့သည်။

သူမ၏ ချစ်သူက ဤကိစ္စအတွက် စိတ်မဝင်စားတော့ဘဲ အခြေအနေများသည်လည်း ပြောင်းလဲသွားခဲ့သည်။

ထိုချစ်သူကောင်လေးမှ တခြားအမျိုးသမီးတစ်ဦးဖြင့် တွေ့ဆုံ၍ မိသားစုစီစဉ်မှုအောက်တွင် လက်ထပ်ရန် ပြင်ဆင်နေကြောင်းကို သိလိုက်ရချိန်တွင်တော့ သူမ လုံးဝသည်းမခံနိုင်တော့ပေ။

ထိုအမျိုးသမီးက အိမ်တွင်းမှ ပစ္စည်းမြားအားလုံး ရိုက်ခွဲပစ်ခဲ့ပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့သည်။

“ကျွန်မ ရှင်နဲ့ ကျောင်းတက်ကတည်းက တွဲခဲ့တာ.. ကျွန်မဘဝရဲ့ အကောင်းဆုံးအချိန်ဆယ်နှစ်ကို ရှင့်အတွက် ပေးဆပ်ခဲ့တာရှင့်အတွက် ကလေးလည်း‌ မွေးပေးခဲ့ပြီးပြီ.. အခုကျတော့ ရှင်က နောက်တစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ပြောလာတယ်!

ကျွန်မကရော? ဘာဖြစ်သွားမလဲ? ကျွန်မတို့သားလေးကရော တစ်သက်လုံး တရားမဝင်ကလေးပဲ ဖြစ်ရတော့မှာလား!?”

ချစ်သူကောင်လေးလည်း ကူကယ်ရာမဲ့စွာ တောင်းပန်စကားဆိုရုံ၊ သက်ပြင်းချရုံသာ တတ်နိုင်သည်။

တစ်ကြိမ်တွင်တော့ သူမ မိသားစု၏ ဖိအားကြောင့် သူမကို လက်မထပ်နိုင်ခြင်းဟု ပွင်းလင်းစွာဆိုခဲ့သည်။

နောက်တစ်ကြိမ်တွင်တော့ သူ့အိမ်မှ စက်ရုံပိုင်းတွင် ပြဿနာကြုံရပြီး တစ်ဖက်မှ တွေ့ဆုံမည့်မိန်းကလေး၏ မိသားစုမှ ကူညီပေးနိုင်ကြောင်း ပြောဆိုခဲ့ပြန်သည်။

သူက ဤအမျိုးသမီးကိုသာ အနည်းငယ်စိတ်လျော့ရန် ချော့မော့ပြောဆို့ခဲ့သည်။

သူမအား နှစ်ပေါင်းများစွာ နေစရာ၊ စားစရာ ထောက်ပံ့ပေးခဲ့ပြီး ကောင်းကောင်းဆက်ဆံခဲ့သည်။

နောင်အနာဂတ် သူ အိမ်ထောင်ကျသွားခဲ့လျှင်တောင် သူမနှင့် အန်းအန်းတို့အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

သို့သော် အမျိုးသမီးလိုချင်သည့်အရာသည်က ထိုအခြေအနေမဟုတ်ပါချေ။

သူမ၏ရင်ထဲတွင်တော့ သူမနှင့် ထိုချစ်သူကောင်လေးက တစ်ယောက်နှင့်တစ်ယောက် အချိန်ကြာမြင့်စွာသိခဲ့ကြပြီး ကောလိပ်ကတည်းက ချစ်ခဲ့ရသော ချစ်သူများ ဖြစ်သည်။

တစ်ဖက်လူ၏ နှုတ်မှလည်း သူမအား ခမ်းခမ်းနားနား လက်ထပ်ထိမ်းမြားယူမည်ဟု အကြိမ်ပေါင်းမနည်း ပြောခဲ့ဖူးသည်ကို သူမ မှတ်မိနေခဲ့သည်။

ယခု သူတို့သာလက်မထပ်ဖြစ်ပါက အတိတ်မှ သူမ ကြိုးစားခဲ့ရသမျှမှာ လူတကာ၏ လှောင်ရယ်စရာများ ဖြစ်သွားမည်မဟုတ်ပါလား?

All Chapters