မမျှော်လင့်ထားသော သတို့သမီး (3)
Vol. 38 Ch. 379
ယန်ချန်၏ နှုတ်ထွက်စကားများကြောင့် ကုကျစ်စုန့်အနေဖြင့် တချို့သောအကြောင်းအရာများအား ရှင်းရှင်းလင်းလင်း သိလိုက်နိုင်ပေပြီ။
မကောင်းဆိုးဝါးသတ္တဝါတစ်ကောင် မွေးဖွားလာခြင်းကြောင့် ထျန်ယွင်ကျေးရွာ၏ ဖုန်းရွှေကို ပျက်စီးစေခဲ့ပြီး ယင်နှင့်ယန်ကိုလည်း ပြောင်းလဲစေခဲ့သည်။
ထိုသို့ပြောင်းလဲသွားခြင်းကြောင့် မြေအောက်ကမ္ဘာမှ မကောင်းဆိုးဝါးဝိဉာဉ်များသည်လည်း ရွာထဲသို့ ဝင်ရောက်လာပြီး ပြဿနာများ ဖြစ်စေခဲ့လေ၏။
ဤမြို့တော်၏ အောက်ခြေတွင် ငရဲပြည်သို့ဝင်ပေါက်ရှိသည်။
ငရဲတွင် မကောင်းဆိုးဝါးတစ္ဆေသရဲများစွာရှိသည်။ ငရဲဆယ့်ရှစ်ထပ်တွင် ကျဆင်၍ ဝဋ်ကြွေးဆပ်နေရလျှင်ပင် သူတို့ အချင်းချင်းဝါးမျိုစားသောက်တတ်ကြသည်။
ထိုကဲ့သို့သော သရဲတစ္ဆေများသည်က တခြားသရဲတစ်ကောင်ကို အရိုအသေပြု၍ နောက်ဆုတ်ပေးသည်မှာ ဖြစ်နိုင်ပါသလော?
ထိုသရဲတွင် သာမန်သရဲတစ္ဆေများနှင့် ကွဲပြားကာ ထူးခြားသည့်အချက်တစ်ခုရှိနေခြင်းသာ ဖြစ်ရမည်။
ဥပမာဆိုရပါက ထိုတစ္ဆေသည်က ဤ ‘မြေအောက်ကမ္ဘာတွင် ဇောက်ထိုးဆွဲချိတ်ထားခံရခြင်း’ ဖွဲ့စည်းပုံကို ပေါ်ပေါက်လာစေသည့် အကြောင်းရင်းဖြစ်ပေမည်။
မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများမှာ ထိုအချက်ကို သိထားသောကြောင့်သာ ဤထူးခြားတစ္ဆေအပေါ် သူတို့၏ ဆက်ဆံမှုက ရန်လိုခြင်းမရှိ၊းဘဲ အရိုအသေပြုနေကြခြင်းပင်ဖြစ်လိမ့်မည်။
ထို့အပြင် ကုကျစ်စုန့် ဤထျန်ယွင်ကျေးရွာအား အကြမ်းဖျင်းလေ့လာပြီးဖြစ်သည်။
မြေပေါ်တွင် ပျံ့ကျဲနေသော အနီရောင်စက္ကူများ၊ အိမ်အချို့၏ တံခါးဝများတွင် ရေးသားကပ်ချိတ်ထားကြသော “囍” စာလုံးများကို မြင်ရပြီးနောက် ဤရွာအတွင်း၌ မည်သို့သော အရာများ ဖြစ်ပျက်သွားခဲ့သည်ကို သူမ သဘောပေါက်လိုက်သည်။
တစ်စုံတစ်ယောက်က မကြာသေးမှီက ရွာထဲတွင် ပိုင်ရှီပွဲတော်တစ်ခုကို ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းဖြစ်လိမ့်မည်။
ပိုင်ရှီပွဲတော်အား ‘တစ္ဆေမင်္ဂလာဆောင်’ဟုလည်း ခေါ်ဝေါ်တတ်ကြသည်။
‘တစ္ဆေမင်္ဂလာဆောင်’သည်လည်း ထိမ်းမြားလက်ထပ်မင်္ဂလာတစ်ခုဖြစ်သော်ငြား ထိုပွဲတော်သည်က အင်မတန်ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်ချေသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ‘တစ္ဆေမင်္ဂလာဆောင်’များသည်င ဗေဒင်ဟောပြောခြင်းအပေါ်မူတည်၍ ဝိဉာဉ်လိပ်ပြာများအား လက်ဆက်ထိမ်းမြားစေခြင်းဖြစ်သည်။
သို့သော် ထိုရှင်းလင်းချက်ထက် ပိုမို၍ ရှေးကျသည့် ရှေးရိုးစဉ်လာတစ်ခုရှိသည်။
ထိုအစဉ်အလာတွင် ‘တစ္ဆေမင်္ဂလာဆောင်’၌ လက်ထပ်မည့် ဝိဉာဉ်များ၏ ရုပ်အလောင်းကိုပါ လိုအပ်သည်။
မြေကမ္ဘာတွင် အနီရောင်၊ အဖြူရောင်ပွဲတော်ဆိုသည်မှာ ‘အနီရောင်မင်္ဂလာပွဲ’နှင့် ‘အဖြူရောင်အသုဘအခမ်းအနား’ကို ဆိုလိုခြင်းဖြစ်သည်။
ထိုကဲ့သို့ သေဆုံးသူ၏ ရုပ်အလောင်းအား မင်္ဂလာခန်းမသို့ သယ်ဆောင်လာပြီး ကျင်းပရသော ယုတ်ညံ့သည့်မင်္ဂလာအခမ်းအနားအား ‘တစ္ဆေမင်္ဂလာဆောင်’ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။
ကြေမွနေသော စက္ကူပိုက်ဆံများ တစ်ရွာလုံးအနှံ့ ပြန့်ကြဲနေသည်ကို မြင်ရပြီးနောက် တောက်ဓမ္မဂိုဏ်းသားများက ဤရွာထဲသို့ ဝင်မလာမှီ ပိုင်ရှီပွဲတော်တစ်ခု ကျင်းပခဲ့ကြောင်းကို သူမ ပြောနိုင်သည်။
ထိုပွဲတော်သည်လည်း သာမန်ကျင်းပသည့် အခမ်းအနားငယ်တစ်ခုဖြစ်ပုံမရပါချေ။
ရွာသားများကိုယ်တိုင် ကောင်းချီးပေး၍ စက္ကူဖြင့် အသုဘအခမ်းအနားဆိုင်ရာ ပစ္စည်းများ ပြုလုပ်သော ပညာရှင်တစ်ဦးကိုပင် ငှားရမ်းကာ အခေါင်းတလားဖြင့် ပြုလုပ်ထားသော မင်္ဂလာခုတင်၊ စက္ကူဖြင့် ကပ်ထားသော ဗီရိုများ၊ အသုံးအဆောင်များအပြင် ‘မင်္ဂလာမောင်နှံအသစ်’အတွက် ခန်းဆီးလိုက်ကာများကိုပင် ပြုလုပ်ထားခဲ့သည်။
ထိုမျှ ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခုအား သာမန်ရွာသားများသက်သက်အနေဖြင့် ကျင်းပရန် မဖြစ်နိုင်ပေ။
ဤရွာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်ဆိုးများသည်လည်း ဤ ‘တစ္ဆေမင်္ဂလာဆောင်’ဖြင့် သက်ဆိုင်နေကြောင်း သိသာလွန်းလှသည်။
‘ပြောင်းပြန်ဖြစ်နေသော ကမ္ဘာ’အား ဖြစ်ပေါ်စေခဲ့သည့် မကောင်းဆိုးဝါးတစ္ဆေများမှာ ဤ‘တစ္ဆေမင်္ဂလာဆောင်’တွင် ပါဝင်သော သရဲတစ္ဆေများသာ ဖြစ်နိုင်သည်။
သဲလွန်စများစွာက ယန်ချန်ကို ချုပ်နှောင်ထားရန် စေခိုင်းခဲ့သော အမျိုးသမီးသရဲထံသို့သာ ညွှန်ပြနေခဲ့သည်။
ယန်ချန်လည်း ခဏကြာအောင် စဉ်းစားလိုက်သည်။
“ကျွန်တော်သာ အမှတ်မမှားဘူးဆိုရင် အဲဒီသရဲမက အသက် (၂၀)လောက်ပဲ ရှိဦးမယ်.. အရပ်က သိပ်ပြီးးမရှည်ဘူး၊ အတော်လေးကို ပိန်တယ်..”
သူ ခေတ္တရပ်လိုက်ပြီးနောက် လေးနက်စွာပြောလိုက်သည်။
“တကယ်တော့ ဒီသရဲကို ကျွန်တော် ပထမဆုံးမြင်ဖူးတာပဲ၊ သူက ဘာလို့ ကျွန်တော့်ကို ဒီမှာဖမ်းထားပြီး လက်ထပ်ချင်တာလဲဆိုတာကိုတော့ မသိဘူး”
လူငယ်လေးက တည်ငြိမ်စွာ ရှင်းပြနေသော်လည်း သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ပြီး ကုကျစ်စုန့် အနည်းငယ် ဒေါသထွက်လာခဲ့သည်။
“သူမက ရှင့်ကို လက်ထပ်ချင်တာမဟုတ်လောက်ဘူး.. ရှင့်ရဲ့ ခန္ဓာကိုယ် ဝိဉာဉ်ဖွဲ့စည်းပုံကို သတိထားမိသွားတာ ဖြစ်မယ်”တောက်ဓမ္မပညာရှင်များနှင့် သရဲတစ္ဆေများ၏ မျက်လုံးထဲတွင် ယန်ချန်ကဲ့သို့သော မြေအောက်ကမ္ဘာမှ စွမ်းအားကြီး တစ္ဆေသရဲများထက် ပို၍ မကောင်းဆိုးဝါးစွမ်းအင်များပြားသည့် လူမျိုးသည်က ‘တစ္ဆေဘုရင်’ သို့မဟုတ် သူ့ထက်မြင့်သော မကောင်းဆိုးဝါး ဝင်စားခြင်းသာ ဖြစ်သည်။
အမျိုးသမီးတစ္ဆေသည်လည်း ထိုသို့ တွေးမိခြင်းသာဖြစ်ရမည်။
သူမထံတွင် အငြိုးတရားစွမ်းအင်များနှင့် အင်အားကြီးစွမ်းအင်များစွာရှိနေခဲ့သည်။ သူမ ပေါ်ပေါက်လာခြင်းကြောင့် ထျန်ယွင်ကျေးရွာတစ်ခုလုံးက မြေအောက်ကမ္ဘာတွင် ပြောင်းပြန်ချိတ်ဆွဲခံထားရသကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားသော်ငြား သူမကိုယ်တိုင်မှာတော့ အတားအဆီးထဲတွင် ပိတ်မိနေခဲ့သည်။
အတားအဆီးထဲမှ သရဲတစ္ဆေများက အပြင်သို့ မထွက်နိုင်ပါချေ။ ထို့ကြောင့် သူမသည်လည်း ဤအတားအဆီးထဲတွင် ပိတ်မိနေပြီး အပြင်ကမ္ဘာသို့ သွားရောက်၍ မသောင်းကျန်းနိုင်၊ ပြဿနာမရှာနိုင်ဖြစ်နေခဲ့သည်။
ဤတစ္ဆေက ဤမျှလောက်ဖြင့် မတင်းတိမ်နိုင်ပေ။ အတားအဆီးကို ဖောက်ထွက်ချင်ခဲ့သည်။
ထိုသို့အချိန်မျိုးတွင် တောက်ကျန့်များမှ ယန်ချန်အား ပြန်ပေးဆွဲ၍ ရွာထဲသို့ ခေါ်သွင်းလာခဲ့သည်။
သရဲမသည်လည်း ယန်ချန်ကို တစ္ဆေဘုရင်ဝင်စားသည့်လူသားဟု ထင်မိလိုက်ပြီး မကောင်းဆိုးဝါးဝိဉာဉ်များကို စုပ်ယူနိုင်သော သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း စိတ်ဝင်စားသွားခဲ့သည်။
ယန်ချန်နှင့် လက်ထပ်ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင်းမှ ယင်စွမ်းအင်များအားလုံးကိုသာ စုပ်ယူနိုင်ခဲ့ပါက သူမသည်လည်း ပို၍ မြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် သူမက ထျန်ယွင်ရွာ၏ အတားအဆီးအား တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ရွာအပြင်သို့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဖြစ်သည်။
ယန်ချန်တစ်ယောက် ဤရွာထဲ၌ နှစ်ရက်တိတိ ပိတ်မိနေခဲ့ပြီး ဤအချိန်ထိ ‘ဂါရဝပြုသည့် ခန်းမ’သို့ ဆွဲခေါ်သွားမခံရသေးသည်မှာ သရဲမက သူမ၏ ပထမဆုံး ၇ရက်ပြည့်သည့်အချိန်ထိ စောင့်ဆိုင်းနေသောကြောင့်သာ ဖြစ်ရမည်။
လတ်တလောသေဆုံးထားသည့် သရဲတစ္ဆေများ၏ ပထမဆုံး ၇ညအား ‘ညအမှောင်သို့ ဝိဉာဉ်ပြန်ခြင်း’ဟုလည်း ခေါ်ကြသည်။
ထိုအချိန်တွင် သူတို့၏ စွမ်းအင်များသည်လည်း နှစ်ဆတိုးလာမည်ဖြစ်ကာ အန္တရာယ်ပို၍ ကြီးမားလာမည်ဖြစ်သည်။
သဲလွန်စများဖြင့် ဆက်စပ်တွေးတောပြီးနောက် ကုကျစ်စုန့်က အိတ်ထဲမှ ရှေးဟောင်းအကြွေစေ့များကို ထုတ်ကာ လေပေါ်သို့ ပစ်မြှောက်လိုက်ပြီး လက်ဖမိုးပေါ်တွင် တင်စေလိုက်သည်။
ယင်နှစ်ခု ယန်တစ်ခု..
အင်မတန် အားကောင်းလှသည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ယန်ချန်၏ လက်ကောက်ဝတ်အား ဆွဲလိုက်သည်။
“လာခဲ့၊ ကျွန်မ ရှင့်ကို အရင်ဆုံး ရွာအပြင်ကိုရောက်အောင် ပို့မှ ဖြစ်မယ်”
သူတို့ ဤနေရာတွင် ကြာကြာနေ၍ မရတော့ချေ။
ယန်ချန် တံတွေးမျိုချလိုက်မိပြီးနောက် သူ့၏လက်ကောက်ဝတ်အား ကိုင်ဆွဲထားသော ဖြူဖွေးနုနယ်သည်း လက်ချောင်းသွယ်လေးများကို ကြည့်လိုက်မိသည်။
“အခြားလူတွေကို ရှာရဦးမှာမလား?”
ကုကျစ်စုန့်၏ မျက်နှာက လေးနက်မှုအပြည့်ရှိနေလေသည်။
“တောက်ဓမ္မဂိုဏ်းက လူတွေ သေသေ၊ ရှင်ရှင် ကျွန်မနဲ့ မဆိုင်ဘူး.. ရှင့်ကို ရွာအပြင်ရောက်အောင် လုပ်ပြီးမှ ကျွန်မ ဒီရွာထဲကို နောက်တစ်ခေါက်ပြန်ဝင်ပြီး ဝိဉာဉ်အထူးအဖွဲ့က အဖွဲ့သားတွေကို ဆက်ပြီး ရှာမယ် ပြီးမှ သူတို့ကို ရွာအပြင်ဘက်ကိုပို့ပေးမှာ”
“ရှင် ဒီနေရာမှာ နေလို့မရတော့ဘူး.. ရှင်သာ အဲဒီတစ္ဆေရဲ့ လက်ထဲကို ရောက်သွားရင် အဲဒီလူတွေအကုန်လုံးက အခုထက် မြန်မြန်သေမှာပဲ”
သူမ တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ရလဒ်သည်က မကောင်းလှပါချေ။
ယနေ့ သန်းခေါင်ယံကျော်အချိန်သည်က အမျိုးသမီးသရဲသေဆုံးပြီး ခုနှစ်ရက်ညပြည့်မည့်အချိန်ဖြစ်သည်။
ထိုအချိန်မှစ၍ ထိုသရဲ၏ စွမ်းအင်က ဆက်တိုက် အဆမတန် တိုးလာပေတော့မည်။
ယန်ချန်အား ထိုတစ္ဆေမ ဖမ်းမိသွားပြီး သူ့ထံမှ စွမ်းအင်များကို စုပ်ယူလိုက်မည်ဆိုပါလျှင် ထိုတစ္ဆေက အင်မတန် အားကောင်းသွားမည်မှာ အသေအချာပင် ဖြစ်ပေ၏။
တစ္ဆေဘုရင်အဆင့်ကို ကျော်လွန်၍ အင်ပါယာအဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။
ထိုအချိန်တွင် ထျန်ယွင်ကျေးရွာထဲမှ လူများမဆိုထားနှင့် တစ်ရွာလုံးအား ဖုံးအုပ်ထားသည့် အတားအဆီးပင် ပျက်စီးသွားနိုင်သည်။
အတားအဆီးအတွင်းမှ တစ္ဆေများသာ လွတ်မြောက်သွားပါက သက်ရှိကမ္ဘာသည်လည်း အတိဒုက္ခရောက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သူမ၏စကားကို ကြားရပြီးနောက် သဘာဝလွန်ကိစ္စများကို နားမလည်သော်ငြား ယန်ချန် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ဆုံးဖြတ်ချက်အား လက်ခံမည်ဖြစ်ကြောင်း အမူအယာပြလိုက်သည်။
ကုကျစ်စုန့်လည်း နှစ်ရက်ကျော် အစားမစားခဲးရဘဲမကောင်းဆိုးဝါးဝိဉာဉ်များ၏ နှိပ်စက်မှုကို ခံစားခဲ့ရသောကြောင့် ဖြူဖျော့နေသည့် လူငယ်လေး၏ မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
“ကျွန်မ ရှင့်ကို ထိန်းထားပေးဖို့ လိုသေးလား?”
ယန်ချန်လည်း ဤအချိန်တွင်တော့မျက်နှာမပျက်စေရန်အလို့ငှာ ဟန်ဆောင်လိမ်ညာနေခြင်းမရှိတော့ပေ။
“ကျွန်တော့်ဘာသာ လမ်းလျှောက်လို့တော့ ရပါတယ်.. ဒါပေမဲ့ အလျင်လိုနေတယ်ဆိုရင်တော့ ကျွန်တော် လမ်းကို အရမ်းကြီး မြန်မြန်မလျှောက်နိုင်လောက်ဘူး”
“အဆင်ပြေပါတယ်”သရဲများက ယန်ချန်၏ အဝတ်အစားအား လဲလှယ်ချိန်တွင် သူ၏ ပုခုံးက ကျယ်လွန်းသောကြောင့် ရှပ်အင်္ကျီနှင့် ကုတ်အင်္ကျီတို့အား ဖယ်ရှားထားကြသည်။
သူ မတ်တပ်ရပ်၍ လမ်းလျှောက်ရန် ပြင်လိုက်ချိန်တွင်လည်း သတို့သမီး၏ ခြေမျက်စိသို့ဖုံးရမည်ဖြစ်သော မင်္ဂလာဝတ်စုံက သူ၏ ဒူးနားတစ်ဝိုက်လောက်တွင်သာ ရှိပြီး ဘောင်းဘီရှည်ဝတ်ထားသော ခြေတံရှည်များက ပေါ်လာစေခဲ့သည်။
အမျိုးသမီးသတို့သမီးဝတ်စုံ၏ ပုခုံးများသည်လည်း ကျဉ်းလွန်းသောကြောင့် သူသည် အပေါ်ပိုင်းဝတ်စုံအား ကြယ်သီးအပြည့်မတပ်နိုင်ပေ။
ကြယ်သီး နှစ်လုံးခန့်ကိုသာ တရွဲ့တစောင်း တပ်ထားနိုင်သောကြောင့် ဖြူဖွေးသည့် လည်ပင်းနှင့် ရင်ဘတ်ညှပ်ရိုးများမှာလည်း အတိုင်းသားမြင်တွေ့နေရပေ၏။