← Chapters

ပျောက်ဆုံးနေသော ရွာ (3)

Vol. 38 Ch. 372

ပျောက်ဆုံးနေသော ရွာ (3)

Vol. 38 Ch. 372

ကုကျစ်စုန့် မျက်ခုံးကို အသာပင့်လိုက်ပြီး အနည်းငယ်သိချင်စိတ်ဖြစ်သွားရသည်။

သူမက ပထမအမှု၏ အသေးစိတ်ကို နှိပ်ကြည့်လိုက်ပြီးနောက်တွင် ထျန်ယွင်ကျေးရွာက ဖန်းချန်းပြည်နယ်မှ နယ်မြို့တစ်မြို့၏ အစွန်အဖျားတွင် ရှိကြောင်း သိလိုက်ရသည်။

အချက်အလက်များတွင် ရေးသားဖော်ပြချက်အရ ဤအမှုအတွက် အဓိကတာဝန်ရှိသူများသည်က ဝိဉာဉ်ဆိုင်ရာ အထူးဌာနမဟုတ်ပါချေ။

တောက်ဓမ္မဂိုဏ်းသာဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် တောက်ကျန့်များက ထျန်ယွင်ကျေးရွာတွင်း၌ ထူးခြားမှုတစ်ခုအား သတိပြုခဲ့မိပြီး ‘ရွှမ်ရှီ’အဖွဲ့တစ်ဖွဲ့လွှတ်၍ စုံစမ်းစစ်ဆေးစေခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်မြူခိုး၊ ‘ဝိဉာဉ်စားသုံးသည့် သံမှို’တို့အား နန်ပြည်နယ်မှ လူကုန်ကူးမှု၊ ရေကန်ထဲသို့ နစ်မြှုပ်သွားသော အလောင်းအမှုတို့မှ ရရှိခဲ့ပြီး တချို့သော အလိုရှိတောက်ကျန့်များ၏ အချက်အလက်များကို ရရှိခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ခြေရာကောက်ချိန်တွင် သဲလွန်စများက ဖန်းချန်းသို့ ညွှန်ပြနေခဲ့သောကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့အား ဖန်းချန်းသို့ အရင် ဆုံးစေလွှတ်ခဲ့သည်။

ထိုတောက်ကျန့်များ၏ ပုန်းအောင်းရာနေရာကို ရှာဖွေပြီး အနက်ရောင်မြူခိုး၏ လျှို့ဝှက်ချက်များကို စုံစမ်းစစ်ဆေးရန် တွေးတွေခဲ့ပြခြင်းပင်ဖြစ်ပေ၏။

ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖန်းချန်းသို့ ရောက်ရှိလာပြီးချိန်တွင် မြို့တွင်းမှ ထူးခြားဆန်းကြယ်၍ သာမန်မဟုတ်သော ကိစ္စများကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ထိုကိစ္စက လုပ်ငန်းအတွင်း ပါရှိသော ဒုတိယအမှုပင်ဖြစ်သည်။

“သေဆုံးခြင်းကာတွန်းစာအုပ်အမှု”

ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ စုံစမ်းစစ်ဆေးသူများက ထိုအမှုအား သဲကြီးမဲကြီး စုံစမ်းနေကြသောကြောင့် မြို့ထဲတွင် ပုန်းကွယ်နေသည့် တခြားသော ထူးဆန်းအမှုများကို မမြင်နိုင်ခဲ့ကြပေ။

သူတို့သတိထားမိချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။

သဲလွန်စများကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သည့် တောက်ကျန့်များက ဖန်းချန်းသို့ သဘာဝလွန်ဆိုင်ရာ စုံစမ်းစစ်ဆေးရန်အတွက်ဟုဆိုကာ ရောက်လာခဲ့ကြပြီး ထျန်ယွင်ကျေးရွာ၏ အမှုကို လက်ဝါးကြီးအုပ်ခဲ့ကြသည်။

ဖန်းချန်းအတွင်း သူတို့၏ စုံစမ်းစစ်ဆေးနေခြင်းကိုလည်း နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။

ရဲအရာရှိများသည်လည်း သာမန်လူများသာဖြစ်သောကြောင့် အကူအညီမဲ့ဖြစ်ခဲ့ရလေ၏။

သို့သော်လည်း အရာရှိများအနေဖြင့် ထျန်ယွင်ကျေးရွာ၏ အခြေအနေကို သိလိုခဲ့ကြပြီး တောက်ကျန့်အဖွဲ့တစ်ဖွဲ့အား စုံစမ်းစစ်ဆေးရာ အထောက်အကူဖြစ်စေရန်နှင့် အဖွဲ့အတွင်းမှ သာမန်လူများကို ကာကွယ်ပေးရန်အတွက် စေလွှတ်ခဲ့လေသည်။

ထိုအမှုနှစ်ခုလုံး၏ လက်ရှိအခြေအနေက မဖြောင့်ဖြူးလှပေ။

လုပ်ငန်း၏ မှတ်ချက်ဧရိယာက မှတ်ချက်များနှင့် ပြည့်နှက်နေခဲ့ပြီး တောက်ကျန့်အများစုမှာလည်း နှစ်ရက်အတွင်း ဤအမှုကိုသာ ဆွေးနွေးနေခဲ့ကြသည်။

[ငါတို့ရုံးခွဲက အတော်လေး အားကောင်းတဲ့ဘော့စ်တစ်ယောက်လည်း အဲဒီအဖွဲ့နဲ့အတူတူ စုံစမ်းဖို့ တောက်ဓမ္မဂိုဏ်းသားတွေနဲ့ လိုက်သွားခဲ့တာ‌၊ အခုထိ ဘာသတင်းမှ မကြားရသေးဘူး

ပြောကြတာတော့ အဲဒီရွာက အရမ်းထူးဆန်းပြီး ဝင်ပြီးတာနဲ့ ပြန်ထွက်လမ်းမရှိဘူးဆိုပဲ]

[အဲဒီကာတွန်းဆရာက အနာဂတ်ကို ကြိုပြီးခန့်မှန်းနိုင်တာလား ဘာလား? ဘာလို့ သူ့ကို မရှာနိုင်ရတာလဲ?]

[ငါ့ရဲ့အတွေးအရပြောရမယ် ဆိုရင်တော့ တောက်ဓမ္မဂိုဏ်းက လူတွေက အတော်လေး အကျင့်ယုတ်ပါတယ်ကွာ..

‘အချမ်းသာဆုံးမိသားစုရဲ့ ယန်’က ‘နိမိတ်ဆိုး’ဖြစ်နေတယ်ဆိုတဲ့ အချက်ကို အသုံးချပြီး သာမန်လူတွေကိုပါ ပြဿနာတောထဲ ဆွဲသွင်းသွားတာ၊ တော်တော်လေးကို ပညာတွေရပါတယ်]

[အဲဒီနေရာကို စုံစမ်းဖို့သွားခဲ့သမျှက တကယ့်ဆရာကြီးတွေချည်းပဲ ပျောက်သွားတာကလည်း တကယ့်ဆရာကြီးတွေချည်းပဲ၊ ကြည့်ရတာ ‘ကု’ပေါ်လာဖို့ပဲ စောင့်ရတော့မယ်ထင်တယ်]

[……]

မူလအစက အမှုနှင့် ပတ်သတ်၍ အကြမ်းဖျင်းဖတ်ရှု့နေခဲ့သော ကုကျစ်စုန့်တစ်ယောက် ‘အချမ်းသာဆုံးမိသားစုရဲ့ ယန်’ ဆိုသော စာကို မြင်လိုက်ရပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်၌ သူမ၏ ဖုန်းမြည်လာခဲ့လေသည်။

ဖုန်းခေါ်ဆိုသူမှာ ကျန်းရူယွီပင်ဖြစ်သည်။

“စုန့်စုန့် သိပြီးပြီလား? ဖန်းချန်းကိုသွားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပြဿနာတက်နေတယ်တဲ့?”

“အခုလေးတင် လုပ်ငန်းတွေတင်တဲ့အထဲမှာ တွေ့လိုက်ရတာ.. ဖန်းချန်းကိုသွားတဲ့လူတွေထဲမှာ ဘာလို့ ယန်ချန်ပါသွားရတာလဲ? သူ့မှာ ဘယ်လိုသဘာဝလွန်ပညာအစွမ်းမှ မရှိဘူးမဟုတ်လား?”

ဖုန်းတစ်ဖက်မှာ ကျန်းရူယွီလည်း ထိုကိစ္စအကြောင်း ပြောပြချိန်တွင် ဒေါသသံ စွက်နေခဲ့သည်။

“ကျွန်မပြောချင်တာလည်း အဲဒါပဲ.. ဒီချန်ချင်းဂိုဏ်းက အခုတစ်ခါတော့ တော်တော်လေးကို လွန်လွန်းသွားပြီး အောက်ဆုံးအဆင့်တောင် ရောက်သွားပြီ

ဖန်းချန်းပြဿနာပြီးရင်တော့ ဝိဉာဉ်ဆိုင်ရာအထူးဌာနလည်း တောက်ဓမ္မဂိုဏ်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို သေချာကြပ်မတ်မှ ရတော့မယ်”

အဖြစ်အပျက်အား သူမ အကြမ်းဖျင်း ရှင်းပြပေးခဲ့သည်။တောက်ဓမ္မဂိုဏ်းများမှ အရိပ်တွင်း ဖြစ်ပျက်နေခဲ့သော အမှုပေါင်းများစွာအား ဖော်ထုတ်လိုက်နိုင်သောကြောင့် တောက်ဓမ္မဂိုဏ်း၏ အဓိကမိသားစုသုံးခုသည်လည်း သူတို့၏ ယိုင်နဲ့နေသော အဖွဲ့အစည်းမှ မကောင်းမှုကျင့်ကြံသူများ မွေးထုတ်နေမိကြောင်း၊ တောက်ကျန့်အမည်ခံ၍ ယုတ်မာကောက်ကျစ်သည့် အမှုများကို ကျူးလွန်နေကြသူများ ရှိနေကြောင်း သဘောပေါက်လာခဲ့သည်။

ထို့ကြောင့် မိသားစုကြီးသုံးခုလည်း အင်အားများ ပေါင်းစပ်၍ ဂိုဏ်းအတွင်း သန့်စင်ခြင်းပြုလုပ်ရန်၊ မိသားစုတစ်ခုချင်းစီမှ ပြဿနာကောင်များကို ဖယ်ရှားရှင်းထုတ်နိုင်ရန် သဘောတူညီခဲ့ကြသည်။

ထိုလူများထဲတွင် အများစုမှာ ‘ဖြောင့်မတ်၍ စည်းကမ်းအတင်းကြပ်ဆုံး ချန်ချင်းဂိုဏ်း’မှ ဖြစ်ပြီး သူလျှိုလေးယောက် ဖမ်းမိခဲ့သည်။

နှစ်ဦးမှာ မကောင်းဆိုးရွားကျင့်ကြံသူများ ဝင်စီးခံထားရပြီး ကျန်တစ်ဦးသည်က ဆွဲဆောင်မှုကြောင့် လမ်းမှားရောက်နေသော တပည့်တစ်ဦးပင်ဖြစ်သည်။

နောက်ဆုံးတစ်ဦးမှာတော့ ချန်ချင်းဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကပင် မကောင်းသော အကြံအစည်ဖြင့်ဖြစ်ပြီး သေသေချာချာပုန်းကွယ်နေခဲ့သော လူတစ်ဦးလည်းဖြစ်သည်။

ထိုလူလေးဦးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ချန်ချင်းဂိုဏ်းချုပ်သည်လည်း ဒေါသတကြီးဖြစ်ခဲ့သည်။ ဤကိစ္စက သူတို့ဂိုဏ်းကို နာမည်ဖျက်ရန်ရည်ရွယ်ချက်ဖြင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော အမှုတစ်ခုဖြစ်ကြောင်းလည်း ယိုးစွတ်ခဲ့သည်။

ချန်းချင်းဂိုဏ်းချုပ်မှ မည်သို့နည်းလမ်းကို သုံးလိုက်သည်ကို မသိနိုင်သော်လည်း ထိုလေးဦးထံမှ ရရှိခဲ့သည့်အဖြေမှာ သူတို့၏ စာချုပ်အခြေစိုက်ရာနေရာသည်က ဖန်းချန်းတွင် ရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်။

ဂိုဏ်း၏ သမာသမတ်ကျမှုကို သက်သေပြကာ နာမည်ဆိုးအား ဖယ်ရှားနိုင်ရန်အတွက် ချန်ချင်းဂိုဏ်းချုပ်ကိုယ်တိုင် ယုံကြည်ရသည့် တပည့်များကို ဦးဆောင်၍ ဖန်းချန်းသို့ စုံစမ်းစစ်ဆေးရန် ရောက်ရှိလာခဲ့ကြသည်။

ရည်ရွယ်ချက်မှာ ထိုမကောင်းဆိုးရွားကျင့်ကြံသူများအား နှိမ်နင်းသုတ်သင်နိုင်ရန်ပင်ဖြစ်ပေ၏။

သူလျှိုများထံမှ ဖန်းချန်းတွင်ရှိသော ခေါင်းဆောင်က သရဲတစ္ဆေများကို အသုံးပြုရာတွင် ကျွမ်းကျင်သောကြောင့် သာမန်လူများမှ သူ့အား ထိခိုက်အောင် မလုပ်နိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။

မြို့တွင်းသို့ စုံစမ်းစစ်ဆေးရန် တပည့်များ စေလွှတ်ခဲ့ချိန်တွင် ချန်ချင်းဂိုဏ်းက ထျန်ယွင်ကျေးရွာနှင့် အနီးအနားမှ နယ်မြေများတွင် မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှာဖွေတွေ့ရှိခဲ့လေ၏။ သူတို့အနေဖြင့် ရွာထဲသို့ပင် ဝင်ရန် ခက်ခဲလွန်းလှသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ ယန်ချန် အထိန်းအချုပ်မဲ့၍ ပေါက်ကွဲလုနီးနီးအခြေအနေတွင် ကုကျစ်စုန့်သည် ယန်ချန်၏ ကိုယ်ပေါ်မှ မကောင်းဆိုးဝါးဝိဉာဉ်အား ကျောက်စိမ်းလက်ချောင်းရိုးတစ်ခုတည်းဖြင့် သန့်စင်ပေးနိုင်ခဲ့ကြောင်းကို သတိရသွားခဲ့သည်။

ထိုကျောက်စိမ်းလက်ချောင်းရိုးသည်က ‘ရွှမ်အဆင့်’ထက် မနိမ့်သော ရတနာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး မကောင်းဆိုးဝါးဝိဉာဉ်အားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟုပင် ဆိုကြသည်။

ချန်ချင်းဂိုဏ်းတွင်းမှ တစ်ဦးက ကျောက်စိမ်းလက်ချောင်းရိုးအား ခေတ္တငှားရမ်းပြီး ထျန်ယွင်ကျေးရွာအနီးမှ မကောင်းဆိုးဝါးဝိဉာဉ်များကို ဖိနှိပ်နိုင်ရန် အကြံပြုလာခဲ့သည်။

ထိုမှသာလျှင် ထျန်ယွင်ကျေးရွာအတွင်းသို့ ဖြောင့်ဖြောင့်ဖြူးဖြူး ဝင်ရောက်နိုင်မည်ဖြစ်၏ ။

ထို့ကြောင့် ချန်ချင်းဂိုဏ်းချုပ်ကိုယ်တိုင် ဝိဉာဉ်ဆိုင်ရာ အထူးဌာနကို အသိပေးခြင်းမရှိ၊ ယန်မိသားစုကိုလည်း ကြိုတင်ချိန်းဆိုခြင်းမရှိဘဲ ယန်မိသားစုထံသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။

သူတို့က ယန်ချန်ကိုပါ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ခြင်းပင်။

ယန်ချန်၏ ထူးခြားသော အခြေအနေကြောင့် ယန်မိသားစုတွင် အိမ်တော်ကြီးတစ်ခုလုံးကို ကာကွယ်ပေးထားသည့် ဖွဲ့စည်းပုံတစ်ခု ပြုလုပ်ထားခဲ့သည်။

ထို့အပြင် ရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့်အလျောက် သူ့တွင် သက်တော်စောင့်များစွာ ရှိသည်။

သာမန်လူများ၏ တုံ့ပြန်နိုင်စွမ်းအားက မည်မျှပင် အားကောင်းပါစေ၊ ဆံဖြူနေသော အဖိုးအိုတစ်ဦးမှ အခန်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး အလုပ်လုပ်နေဆဲဖြစ်သည့် ယန်ချန်အား ဆွဲခေါ်ကာနေရာမှ ပျောက်ကွယ်သွားချိန်တွင် မည်သူကမျှ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိနိုင်ခဲ့ကြပေ။

ကံကောင်းစွာပင် ယန်ချန်အတွက် အရာရှိများမှ ငှားရမ်းပေးထားသော စစ်ပြန်ကြီးတစ်ဦးရှိသည်။

သူသည်က ယန်ချန်၏ ဘဝအတွေ့အကြုံကို နားလည်ထားခဲ့ပြီး ဤကမ္ဘာကြီး၏ အစစ်အမှန်သည် သာမန်လူများ မြင်တွေ့နိုင်သည့် အပေါ်ယံသာ မဟုတ်ကြောင်း သိရှိထားခဲ့သည်။

ထို့ကြောင့် သူက ချက်ချင်းပင် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်သည်လည်း ချန်ချင်းဂိုဏ်းချုပ်မှ စည်းမစောင့်၊ ဥပဒေစည်းမျဉ်းများအား လေးစားမှုမရှိ၊ သာမန်လူများကို သေတွင်းထဲသို့ ဆွဲခေါ်သွားကြောင်း သိလိုက်ရလေသည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်လည်း ချန်ချင်းဂိုဏ်းထံသို့ ချက်ချင်းဆက်သွယ်ခဲ့သော်လည်း အပေါ်စီးဆန်သည့် အဖြေတစ်ခုကိုသာ ရခဲ့သည်။ချန်ချင်းဂိုဏ်းချုပ်၏ စကားအရ သူတို့၏ ဒုဂိုဏ်းချုပ်သည်က ကျောက်စိမ်းလက်ချောင်းရိုးအား ဖယ်ရှားလိုက်ပါလျှင် တစ်ကိုယ်လုံး အတိတ်နိမိတ်ဆိုးများ ဖုံးလွှမ်းနေသည့် ယန်ချန်က နောက်တစ်ဖန် အသိစိတ်လွတ်သွားမည်ကို စိုးရိမ်ခဲ့သည်။

ထိုအဖြစ်အား တာဝန်မယူချင်ကြပေ။ ထို့ကြောင့် ‘နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့်နည်းလမ်း’ကို ရွေးချယ်ခဲ့ခြင်းပင်ဖြစ်သည်။

ထိုနည်းလမ်းမှာ ယန်ချန်ကိုပါ တပါတည်း ခေါ်ဆောင်သွားရန်ပင်။

ချန်ချင်းဂိုဏ်း၏ ‘ရှင်းပြချက်’ကို နားထောင်ပြီးနောက် ဝိဉာဉ်ဆိုင်ရာ အထူးဌာနလည်း သူတို့၏ အကျင့်ပျက်မှုကို ပို၍ သဘောပေါက်သွားခဲ့သည်။

ချန်ချင်းဂိုဏ်း၏ နိုင်ငံလုံးဆိုင်ရာဥပဒေများကို ချိုးဖောက်မှု၊ သာမန်လူများ၏ အသက်ကို ပုရွက်ဆိတ်မျှပင် တန်ဖိုးမထားခြင်းတို့ကြောင့် ပို၍ ဒေါသထွက်ခဲ့ရသည်။

သို့သော် ယန်ချန်ကို ပြန်ပေးဆွဲသွားသူသည်က ချန်ချင်းဂိုဏ်းမှ ‘ရွှမ်အဆင့်’တောက်ကျန့်တစ်ဦးဖြစ်နေခဲ့သည်။ သူသည်က အသက် ၄၀၀ကျော်ပြီဖြစ်ကာ ဤနိုင်ငံ စတင်တည်ထောင်သည့် အချိန်ကတည်းက အသက်ရှိခဲ့သူတစ်ဦးလည်း ဖြစ်နေခဲ့လေသည်။

All Chapters