← Chapters

ဖုန်းမျိုးနွယ်စု၏မိန်းမပျက်လေး

Vol. 39 Ch. 542

ဖုန်းမျိုးနွယ်စု၏မိန်းမပျက်လေး

Vol. 39 Ch. 542

မဟူရာဖီးနစ်မြို့၏ အနောက်ဘက် မိုင်တစ်ရာအကွာတွင် ဧရာမရေအိုင်တစ်အိုင် တည်ရှိ၏။ စမ်းရေများစွာက ဤနေရာတွင် ပေါင်းစုသွားပြီး ရေက အနောက်ဘက် ပင်လယ်ဆီသို့ နောက်ဆုံး၌ စီးဆင်းသွားတာပဲ ဖြစ်သည်။

ရေအိုင်ကို မဟူရာဖီးနစ်ရေအိုင်ဟု ခေါ်သည်။ မဟူရာဖီးနစ်မြို့ကဲ့သို့ပင် ဒေသသခင်မချင်းယွီက အမည်ပေးခဲ့တာ ဖြစ်သည်။ ချင်းယွီက ချင်မျိုးနွယ်စုကို လက်လွှဲယူပြီးနောက် သူမသည် မြို့များစွာ၏ အမည်ကို ပြောင်းလဲခဲ့၏။ ယင်းက အံ့ဩစရာမကောင်းပေ။ စွမ်းအားရှိသည့်လူက တစ်ရက်တွင် ပြောင်းလဲနိုင်သည်။ မျိုးနွယ်စု ခေါင်းဆောင်အသစ်က သူတို့၏ရာထူးကို လက်လွဲယူပြီးသည်နှင့် သူတို့နှင့် လိုက်လျောညီထွေဖြစ်ရန် အလို့ငှာ ကိစ္စရပ်များကို ပြောင်းလဲကြမှာ ဖြစ်သည်။ ယင်းက သာမန်ဖြစ်ရပ်သာ ဖြစ်၏။

မဟူရာဖီးနစ်မြို့.. မဟူရာဖီးနစ်ရေအိုင်တွင် ဖြစ်သည်။ မဟူရာဟူသော စကားက ချင်မျိုးနွယ်စုကို ကိုယ်စားပြု၏။ ဖီးနစ်က ဖီးနစ်အော်သံနယ်မြေကို ကိုယ်စားပြုသည်။ အမြင်အာရုံ ကောင်းသည့်လူတိုင်းက ထိုအမည်နောက်ကွယ်ရှိ အဓိပ္ပာယ်ကို မြင်နိုင်ပေသည်။ ချင်မျိုးနွယ်စုက အနောက်ဘက်ပင်လယ်နှင့် နီးကပ်သည့် နေရာတွင် တည်ရှိ၏။ ယင်းကား နယ်မြေ၏ အနောက်ဘက်ကို ခုခံရန် စီတန်းထားတာပဲ ဖြစ်သည်။ ဖီးနစ်အော်သံနယ်မြေကို ကျူးကျော်ချင်လျှင် သူတို့က ချင်မျိုးနွယ်စုကို ဦးစွာ ဖျက်ဆီးရမှာပဲဖြစ်သည်။

တစ်ဖန် ထိုသို့ စီတန်းထားခြင်း၏ အကြောင်းအရင်းကလည်း မှားယွင်းပေ၏။ မဟူရာဆိုသော စကားလုံးက ချင်းယွီကို ကိုယ်စားပြုသည် ဖီးနစ်ဟူသော စကားလုံးက ဖုန်းလန်ကို ကိုယ်စားပြုသည်။ မဟူရာနှင့် ဖီးနစ် ပေါင်းစည်းခြင်းက သူမ၏ မပြောင်းလဲသော သစ္စာတရားပင် ဖြစ်သည်။ ယင်းကား ချင်းယွီ သိစေချင်သည့် အဓိပ္ပာယ်အစစ်အမှန် ဖြစ်သည်။

မဟူရာဖီးနစ်ရေအိုင်နားရှိ ရှုခင်းက အသက်ရှုမှားလောက်ပြီး ရေက ကြည်လင်လွန်းနေရာ ရေအိုင်၏ အောက်ခြေကို မြင်နိုင်ပေသည်။ လေထဲတွင် ကျူပင်ဖြူလေးများ ယိမ်းနွဲ့နေပြီး ရေအိုင်တစ်ဝိုက်ရှိနေကာ ကောင်းကင်၏အရောင်က ကျောက်စိမ်းရောင် ဖြစ်သည်။ ပန်းချီကားတစ်ချပ်ကို ရေးဆွဲထားသည့်ပမာ လူအများကို လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာ ခံစားရစေ၏။

အတိတ်တုန်းက ချင်းယွီနှင့် ဖုန်းလန်သည် ခရီးလှည့်လည်သွားလာပြီး ဤနေရာ၌ ရံဖန်ရံခါ အချိန်ဖြုန်းဖူးသည်။ သူတို့နှစ်ဦးက ရေသူမလေးများတဖွယ် ရေအိုင်တစ်ဝိုက်၌ ကူးခပ် ဆော့ကစားနေကာ ပျော်ပါးခဲ့ကြပြီး လှပသော မှတ်ဉာဏ်များစွာ ချန်ထားရစ်ခဲ့သည်။

ယခုမူ ခမ်းနားသော မဟူရာဖီးနစ်ရေအိုင်ကို မရေမတွက်နိုင်သည့် နတ်ဆိုးမျိုးနွယ်စုဝင်များစွာက သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။ ရေအိုင်ထဲတွင် ကျူပင်များကြား ကမ်းခြေကြား.. ရေအိုင်တစ်ဝိုက်၏ တောင်ကုန်းများ၌ ထူးဆန်းသော နတ်ဆိုးသားရဲများ နေရာအနှံ့ရှိနေသည်။ နတ်ဆိုးသားရဲများက ကြောက်မက်ဖွယ် မကောင်းသည့်တိုင် အကောင်ရေသောင်းချီ စုဝေးလိုက်သည့် အချိန်တွင် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းဆောင်ရည်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။

ရေသူမျိုးနွယ်စု၊ ယင်းက ထူးခြားသော မျိုးနွယ်စု ဖြစ်သည်။ သူတို့က အနည်းဆုံးခြောက်မီတာခန့် မြင့်မားပြီး မျိုးနွယ်စု၏ အသန်မာဆုံးလူက မတ်တပ်ရပ်လိုက်လျှင် မီတာ(၂၀)မှ (၂၃)မီတာခန့် မြင့်ပေ၏။ သူတို့က ဘီလူးကြီးများတဖွယ် သန်မာသည့် ဖိနှိပ်နိုင်သော ခံစားချက်မျိုး ပေး၏။

ရေသူဟူသည့် စကားလုံးထဲတွင် လူဟူသည့် စကားလုံး ပါဝင်နေသောကြောင့် သူတို့သည် လူသားများနှင့် ဆင်တူတာ သဘာဝကျသည်။ သူတို့က အမှန်တကယ်ပင် လူသားများနှင့် ဆင်တူပေ၏။ သူတို့၌ လက်တစ်စုံခြေတစ်စုံ ရှိကြပြီး သူတို့၌ မျက်လုံး၊ နှာခေါင်း၊ နားရွက်တို့ ရှိကြသည်။ ရေသူမများတွင်တောင် ရင်သားတစ်စုံ ရှိကြပေ၏။ သူတို့က ထိုနေရာကို ဟင်းလင်းထားလျက် ရေသူများကမူ သူတို့၏ ခွကြားမှ မျိုးပွားအင်္ဂါများကို တန်းလန်းချထား၏။ ယင်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသည်။

ရေသူမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး သူတို့က အဝတ်အစားမဝတ်တာ သဘာဝကျသည်။ သို့သော် သူတို့အားလုံး၏ ခန္ဓာကိုယ်တွင် ကြေးခွံများ ရှိနေ၏။ သေးငယ်သည့်တိုင် သိပ်သည်းသော ကြေးခွံများက သူတို့ ခန္ဓာကိုယ်အနှံ့ကို လွမ်းမိုးထား၏။ သူတို့၏ လက်များနှင့် ခြေများကမူ လူသားများနှင့် ကွဲပြားခြားနားပေသည်။ သူတို့၏ ခြေထောက်ကြီးများ၌ ရေယက်များ ရှိနေကာ ရေထဲတွင် သူတို့ကို မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာနိုင်အောင် ပြုလုပ်ပေးသည်။ ကုန်းပေါ်တွင် လမ်းလျှောက်ချိန်၌ သူတို့ကို မထိခိုက်စေပေ။

သူတို့၏လက်များက ထူးဆန်းစွာ ရှည်လျားပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြွက်သားများ ရှိပေ၏။ သူတို့၏လက်ချောင်း ကြားထဲ၌ ရေယက်တစ်မျိုး ရှိနေပေသည်။ သူတို့၏ လက်ဖဝါးနှင့် လက်ချောင်းထိပ်များ ကြားထဲ၌ အစိမ်းရင့်ရင့် ဆူးချွန်တစ်ခု ရှိ၏။ ယင်းက ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။

ထိုဆူးချွန်ကို မည်သူမျှ အထင်မသေးသင့်ပေ။ ယင်းက ရေသူမျိုးနွယ်စု၏ အဆင့်နိမ့်သတ္တဝါများ ပိုင်ဆိုင်သော တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။ ထိုဆူးချွန်ထဲတွင် အဆိပ်ပါဝင်ပြီး ရေသူက ပိုမိုသန်မာလေ အဆိပ်က ပိုပြင်းထန်လေ ဖြစ်သည်။ နတ်ဆိုးဘုရင်အဆင့် ရေသူဆီမှ ဆူးချွန်ဖြင့် ထိုးစိုက်ခံခဲ့ရလျှင် ချင်းယွီတောင် အသက်ဆယ်ရှိုက်စာအတွင်း သေဆုံးမှာ ဖြစ်သည်။

ရေသူမျိုးနွယ်စုဝင်များ၌ ထူးကဲသော ခုခံမှုကလည်း ရှိသေး၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံက မထိုးဖောက်နိုင်။ ယင်းက ရေသူမျိုးနွယ်စုသည် ဖီးနစ်အော်သံနယ်မြေနှင့် နှစ်ပေါင်းသောင်းချီကြာ သွေးသံရဲရဲ တိုက်ပွဲများ ဆင်နွဲသည့်တိုင် ရပ်တည်နေနိုင်ရသော အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်သည်။ ရေသူမျိုးနွယ်စု၏ မျိုးပွားနှုန်း လျင်မြန်ခြင်းကလည်း မျိုးနွယ်စု ရပ်တည်ရှင်သန်နိုင်မှုကို ဆက်တိုးစေ၏။

“ဟူး..”

မဟူရာဖီးနစ်ရေအိုင်၏ အနောက်ဘက်ခြင်းရှိ တောင်ထွတ်အောက်တွင် သက်ပြင်းချသံက လေထဲတွင် ပဲ့တင်သံ ထွက်သွားတော့၏။ စခန်းချသည်ဟု ရေသူများက အရေအတွက်များသည်ဟု တွေး၍ မရဘဲ အကောင်ရေတစ်ထောင်သာ ရှိပေ၏။ သို့သော် သူတို့ ပြသသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အရှိန်အဝါတို့က ကျန်သည့်နေရာတွင် စခန်းချနေသော တခြားရေသူများထက် ပိုသန်မာကြောင်း ပြသနေတာပဲ ဖြစ်သည်။ သူတို့ကို ဆွဲထုတ်ပြီး သက်သေပြပါက ထိုနေရာ၌ နတ်ဆိုးဘုရင်တစ်ဒါဇင်ကျော် အမှန်တကယ် စုဝေးနေတာကို တွေ့ပြီး အလွန်အံ့အားသင့်သွားကြမှာ သေချာသည်။

အလွန်အံ့ဩဖွယ်ကောင်းသည်က နတ်ဆိုးဘုရင်ဆယ်ကောင်ကျော်သည် လူသားတို့ကို ဝန်းရံနေတာပဲ ဖြစ်၏။ ထိုလူက လူနှင့်တစ်ထပ်တည်းတူပြီး အစိမ်းရောင် တိုက်ပွဲဝင် သံချပ်ကာကိုတောင် ဝတ်ဆင်ထား၏။ သူက သာမန်အသက်လေးဆယ် လူရွယ်တစ်ဦးနှင့် ဆင်တူပေ၏။ တစ်ခုတည်းသော ကွဲပြားခြားနားချက်က သူ၏မျက်လုံးက အစိမ်းရောင် ဖြစ်နေတာပင်။ သူ့ထံမှ ပေါ်ထွက်လာသော သက်ပြင်းချသံသည် ကောင်းကင်ထဲ ဟိန်းထွက်သွားတော့၏။

“အခု ခြင်္သေ့ချီ ဘယ်မှာလဲ”

သက်ပြင်းချပြီးနောက် သူ၏အကြည့်က သူ့ဘေးတွင် ရှိသော ဧရာမရေသူနတ်ဆိုးဘုရင်ဆီသို့ ရောက်သွားသည်။ နတ်ဆိုးဘုရင်တွင် ကြီးမားသော အစိမ်းရောင်မျက်လုံးများ ရှိပြီး ခံစားချက်မဲ့သော အသံက ဧရိယာထဲတွင် ပြည့်သွားတော့၏။

“ဧကရာဇ် အရှင်ခြင်္သေ့ချီက နက်ရှိုင်းတဲ့ပင်လယ်ထဲ ထွက်သွားတယ်လို့ ဒီငယ်သား လျှောက်တင်ပါတယ်။ သူက ယွီဖေးရဲ့နယ်မြေနဲ့ နီးနေပါပြီ”

“သေစမ်း”

ရေသူနတ်ဆိုးဧကရာဇ်က ကျိန်ဆဲလိုက်ပြီး သူ၏ အစိမ်းရောင်မျက်လုံးများက တုန်လှုပ်လာတော့သည်။ သူက မဟူရာဖီးနစ်မြို့ကို မချေမှုန်းချင်တာကြောင့် မဟုတ်ဘဲ ထိုမိန်းမပျက်ဖုန်းလန်ကို မဖိနှိပ်ချင်တာ မဟုတ်ပေ။ ထိုသို့ ပြုလုပ်နိုင်ရန် စွမ်းအားကင်းမဲ့နေခြင်းသာ ဖြစ်သည်။

သူက အင်မတန်အစွမ်းထက်သည်ဟု သတ်မှတ်၍ မရဘဲ တစ်ယောက်ချင်း ရင်ဆိုင်သည့် ပွဲတွင် သူက ဖုန်းလန်၏ ပြိုင်ဘက် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က သူသည် ဖုန်းလန်၏မိခင်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သူက ဖုန်းမျိုးနွယ်စု၏ အမှောင်တာအိုပုံစံကို ကြောက်လန့်နေသေးဆဲ ဖြစ်သည်။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူ့ကို ကူညီရန် ရုတ်တရက် သဘောတူညီချိန်၌ သူက မယှဉ်သာအောင် စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ခေါင်းထဲ၌ မြင့်မားသည့် မျှော်လင့်ချက်များဖြင့် ပြည့်နေတော့သည်။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲရှိ ထိပ်တန်းငါးယောက် စာရင်းဝင်တဲ့သူ ဖြစ်သည်။ သူ၏ နတ်ဆိုးစွမ်းအားက ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်း ရှိပေ၏။

သို့သော် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်သည် အနည်းငယ်သာ လှုပ်ရှား၏။ ဖုန်းလန်ပေါ်လာသည့် အချိန်၌ သူက ကွင်းပြင်ထဲသို့ ဝင်ပါရန် ငြင်းဆိုခဲ့သည်။ သူက ဘေးနားကနေသာ ကြည့်နေပြီး ရေသူမျိုးနွယ်နှင့် ဖီးနစ်အော်သံနယ်မြေအကြား သွေးများ ဖုံးလွှမ်းမှာကိုသာ ကြည့်နေပေတော့သည်။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏သား အသတ်ခံရပြီးနောက် သူက ဒေါသထွက်ကာ အထီးကျန် အရှေ့ပိုင်းပင်လယ်ကို မီးမြိုက်ချင်ခဲ့သည်။ ဖီးနစ်အော်သံနယ်မြေရှိ မြို့(၁၃)မြို့ကို ချေမှုန်းပြီး သုတ်သင်ရှင်းလင်း သတ်ဖြတ်ပြီးနောက် သူ၏ ဒေါသအများစု ပေါက်ကွဲနိုင်ခဲ့ကာ သူ့ကို တည်ငြိမ်သွားစေတော့သည်။

နတ်ဆိုးဧကရာဇ်အဆင့်ထိ ရောက်လာနိုင်သူများက အရူးများ မဟုတ်ပေ။ သူတို့သည် လူသားအသွင်သဏ္ဌာန်ပြောင်းလဲပြီးနောက် ခြွင်းချက်မရှိ သူတို့ ဦးနှောက်စွမ်းဆောင်ရည်က ကောင်းမွန်လာသည်။ သူ့သားကို သတ်သည့်သူက ဖီးနစ်အော်သံနယ်မြေ၏ ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေခဲ့လျှင် အရေးမကြီးဘဲ သူ့အဖို့ အကွက်အနည်းငယ် လှုပ်ရှားရုံဖြင့် လုံလောက်နေပြီဖြစ်သည်။ သူက ရေသူမျိုးနွယ်စု၏ လက်နက်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့လျှင် သူက နှောင့်နှေးသူတစ်ဦး ဖြစ်နေမှာပင်။

လောကကို မည်သူက အုပ်စိုးနေသနည်း။ လူသားများဖြစ်သည်။ ယင်းက မငြင်းဆိုနိုင်သော အချက်ဖြစ်၏။ သူက ပင်လယ်နတ်ဆိုးတစ်ကောင် ဖြစ်သည်။ လူသားအသွင်သဏ္ဌာန်ယူထားသည့်တိုင် သူ့တစ်ဘဝလုံး ပင်လယ်ထဲတွင် ရှင်သန်နေထိုင်ရအုံးမှာပဲ ဖြစ်သည်။ သူက ဖီးနစ်အော်သံနယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်‌တောင် ယင်း၏ တစ်စိတ်တစ်ပိုင်းကို သိမ်းယူနိုင်ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်စုတွင် အကြွင်းမဲ့ပညာရှင်များ များပြားလွန်းနေ၏။ နတ်ဆိုးမျိုးနွယ်စုက ဖီးနစ်အော်သံနယ်မြေကို သိမ်းပိုက်လိုက်သည်နှင့် သူတို့က လူသားမျိုးနွယ်စု တစ်ခုလုံး၏ အမျက်ဒေါသကို သေချာပေါက် ရရှိပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူသားမျိုးနွယ်စု၏ ပညာရှင်များက သေချာပေါက် ပေါ်လာပြီး သူ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကမူ သေချာပေါက် သေဆုံးရမှာပဲ ဖြစ်သည်။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့၏။ သူက ဖီးနစ်အော်သံနယ်မြေကို ရေသူမျိုးနွယ်စု တိုက်ခိုက်တာကို ကြည့်နေမှာပဲ ဖြစ်သည်။ နောက်ဆုံးအကြိမ်တွင် ဖုန်းလန်နှင့် ဆေးနွေးညှိနှိုင်းရန် ပေါ်လာပြီး သူ့သားအား သတ်သည့်တရားခံကို လွဲပေးရန် သူမအား ပြောမှာပဲ ဖြစ်သည်။

ရေသူမျိုးနွယ်စုက သူ့ကိုယ်စား ကျည်ဆန်ကို ကာပေးခဲ့ပြီး လူသားမျိုးနွယ်စု၏ ပညာရှင်များ ပေါ်ပေါက်လာသည့် အချိန်တွင်မူ သူက အထီးကျန်အရှေ့ပိုင်းပင်လယ်ဆီသို့ လွတ်လွတ်လပ်လပ် ထွက်ပြေးသွားနိုင်မှာပဲ ဖြစ်သည်။ ရေသူမျိုးနွယ်စု၏ ဧကရာဇ်က ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ အတွေးကို နားလည်သည်။ သို့သော်သူက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ထက် ပိုအားနည်းနေသည်။ သူ့အတွက် တိုက်ခိုက်ပေးရန် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို ဖိအားပေးဖို့ ကြောက်နေတာက သဘာဝကျ၏။ နတ်ဆိုးဧကရာဇ်ဆီမှ မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ သူက ဖုန်းလန်ကို မတိုက်ခိုက်ရဲချေ။ ထို့ကြောင့် သူတို့က မဟူရာဖီးနစ်မြို့၌ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရတာလည်း ဖြစ်သည်။

ထိုအတွေးကို သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ အနောက်ဘက် ပင်လယ်တွင် ပညာရှင်တစ်ဦး ရုတ်တရက် ပေါက်လာ၏။ ယင်းက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် ရုတ်တရက် ထွက်သွားရသည့် အကြောင်းအရင်း ဖြစ်သည်။ ထိုကျွမ်းကျင်သူက သူ့နောက်ကျောတွင် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ ချစ်လှစွာသောသားကို ပိုးလျက် လှည့်လှည် သွားလာလေသည်။

သူတို့ပြင်းထန်သော တိုက်ပွဲကို ဆက်လက်ဆင်နွဲနေသည်လော သို့တည်းမဟုတ် သူတို့ ဆုံးရှုံးမှုကို ပြန်လည် ကုစားနေသည်လော။ သူတို့သည် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် ပြန်လာမှာကို စောင့်ပြီးမှ ထပ်မံတိုက်ခိုက်သင့်သည်လော။

ရေသူနတ်ဆိုးဧကရာဇ်က အတွေးနစ်နေလေ၏။ အမျိုးမျိုးသော စစ်မြေပြင်က ဖီးနစ်အော်သံနယ်မြေ၏ စစ်ကူများ ရောက်လာကြောင်း သတင်းပို့၏။ ရေသူမျိုးနွယ်စု၏ တပ်ဖွဲ့က ဆုံးရှုံးနစ်နာမှုကို ခံစားနေရတော့သည်။ အကြိမ်တိုင်းတွင် သူတို့မျိုးနွယ်စုက မရေမတွက်နိုင်အောင် သေဆုံးနေပြီး သူတို့က စွမ်းဆောင်ရည် ရှိသမျှ အမှန်တကယ် ဆက်လက်တိုက်ခိုက်ခဲ့လျှင်တောင် သွေးဆူပွက်စေရုံသာ ရှိမည်။ မည်သူ့ဘက်ကမျှ အသာစီးရမှာ မဟုတ်ချေ။

“ယွီထူ..”

ရေသူမျိုးနွယ်၏ ဧကရာဇ်က သူ့ရင်ထဲတွင် မလွယ်ကူမှုကို ခံစားလိုက်ရ၏။ သူက မတ်တပ်ထရပ်ကာ အမိန့်ပေးလိုက်တော့သည်။

“ငါ့အမိန့်ကို ပြောလိုက် တိုက်ခိုက်တာတွေ အားလုံး ရပ်ထား.. ကလေးတွေကို မိုင်တစ်ရာဆုတ်ခွင့်ပေးမယ် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် ပြန်လာမှ ဆက်တိုက်ခိုက်ကြမယ်”

“နားလည်ပါပြီ”

ရေသူမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်က မတ်တပ်ထရပ်လိုက်ပြီး မြောက်အရပ်ဆီသို့ ဦးတည်သွားလိုက်သည်။ သူက အလွန်မြန်ဆန်ပြီး မျက်တောင်ခတ်စာအနည်းငယ်အတွင်း သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့၏။

ဖုန်း..

သို့သော် မြောက်ပိုင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာသည်။ ယင်းက နတ်ဆိုးဘုရင် ထွက်ခွာသွားသည့် အရပ်မျက်နှာ ဖြစ်ပြီး အင်မတန်သန်မာသည့် အရှိန်အဝါကို ခံစားမိပေ၏။ ရေသူမျိုးနွယ်စု အဖွဲ့ဝင်များစွာက ထိုနေရာတွင် အများအပြား သေကြေပျက်စီးသွားကြပြီး အရပ်မျက်နှာအနှံ့ ထွက်ပြေးကုန်၏။

“သတ်..”

အရိုင်းဆန်မှုထဲမှ မိုးခြိမ်းသံပမာ အော်သံတစ်သံ ထွက်လာပြီး လူသားတပ်ဖွဲ့က ဆည်ကျိုးသည့်ပမာ တစ်ဟုန်ထိုး ထွက်လာကြတော့၏။ သူတို့က ဖီးနစ်အော်သံနယ်မြေကို ဝိုင်းရံထားပြီး မရေမတွက်နိုင်သည့် ပုံရိပ်များက ကောင်းကင်ထဲသို့ ပျံသန်းလာတော့၏။ သန်မာသော ဖိအားက ဆယ်မိုင်အကွာအထိ ဆန့်တန်းနိုင်ပေသည်။

ငါးရောင်စုံ တိမ်ဝတ်စုံကို ဝတ်ထားသည့်လူတစ်ဦးက အရှေ့တွင် ရပ်နေလေ၏။ သူမလက်ထဲတွင် ငွေရောင်ကြာပွတ်ကို ကိုင်ဆောင်ထားကာ ခေါင်းထက်တွင်လည်း ကျောက်စိမ်းသရဖူရှိနေသည်။ သူမ၏ အလှတရားကို ဖုံးကွယ်၍ မရနိုင်ပေ။ ဖုန်းလန်မှ လွဲ၍ မည်သူ ဖြစ်နိုင်အုံးမည်နည်း။

“ဖုန်းမျိုးနွယ်စုရဲ့ အဲဒီမိန်းမပျက်က ပထမဆုံး စလှုပ်ရှားပြီလား”

ရေသူမျိုးနွယ်စု၏ ဧကရာဇ်က မှင်သက်သွားတော့သည်။ ဖီးနစ်အော်သံနယ်မြေသည် သူ့တိုက်ခိုက်မှုအောက်၌ ဖိအားများစွာ ခံနေရပြီး ဖုန်းလန်က စတင်တိုက်ခိုက်ရန် သတ္တိရှိသေးသည်လော။

သူ့မျက်နှာထက်တွင် တပ်မက်မှုနှင့် ကောက်ကျစ်မှုတို့က ပေါ်လာတော့သည်။ သူ့ပုံရိပ်က ကောင်းကင်ထဲသို့ ပျံတက်သွားပြီးနောက် ဟိန်းသံတစ်သံက ကောင်းကင်ထဲတွင် ပြည့်သွားတော့၏။

“ကလေးတွေ ရှေ့တက်ကြ.. ဖုန်းမျိုးနွယ်စုရဲ့ မိန်းမပျက်ကို ဒီဧကရာဇ် ဆွဲချလာတာ စောင့်နေလိုက် မင်းတို့အားလုံး ကြိုက်သလို ဖျက်ဆီးလို့ ရအောင် ငါပေးမယ်”

***

All Chapters