လက်ဆောင်
Vol. 37 Ch. 554
မောင်ရှစ်မှ ဟိုင်ရှစ်သို့ ကူးပြောင်းလာသည်နှင့်အမျှ ညကင်းစောင့် ကင်းလှည့်သည့် လမ်းမများ ပြောင်းလဲသွားသည်။ ညဉ့်သည် ပို၍ မှောင်မိုက်လာပြီး အဆောက်အအုံအိုကြီးများသည်လည်း ပို၍ ထူးဆန်းလာကာ ကြောက်မက်ဖွယ် ကောင်းလာလေသည်။ အက်ကွဲနေသော နံရံများမှ သွေးများ စိမ့်ထွက်လာသည်။ အဖြူရောင် မီးအိမ်များသည်လည်း အနီရောင်သို့ ပြောင်းလဲသွားသည်။ ညကင်းစောင့်သည် ကောင်းမင်ကို လိမ်ခဲ့ခြင်း မဟုတ်ပေ။ မြို့သည် အမှန်တကယ်ပင် ပို၍ အန္တရာယ်များလာခဲ့သည်။
“ငါတို့ မောင်ရှစ်ပထမအချိန်မှာ အိပ်မက်ထဲကို ဝင်ခဲ့ကြတာ ၊ မသေဆေးကုမ္ပဏီက သေတွင်းထဲကိုတော့ မပို့ပါဘူး ၊ သူတို့က ငါတို့ကို ပြင်ဆင်ဖို့ အချိန်ပေးထားတာပဲ”
ကောင်းမင်၏ ဦးနှောက်မှာ အတွေးများဖြင့် အလုပ်ရှုပ်နေသည်။
“အိပ်မက်ချိုးဖျက်မြို့မှာ ကစားသမားတွေ အသက်ရှင်ချင်ရင် နည်းလမ်းနှစ်ခုပဲ ရှိတယ် ၊ တစ်ခုက မိုးလင်းတဲ့အထိ ပုန်းနေဖို့ ၊ နောက်တစ်ခုကတော့ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲမှုကို လက်ခံပြီး ကြောက်စရာကောင်းတဲ့အရာတွေ လုပ်ခွင့်ပေးလိုက်ဖို့ပဲ”
လီကျူး၊ ထန်ဟူနှင့် ဝမ်မင်တို့သည် နောက်ဆက်တွဲ အန္တရာယ်များကို သိရက်နှင့် ဒုတိယလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသူများ ဖြစ်သည်။
“တကယ်တော့ တတိယမြောက် လမ်းတစ်ခုလည်း ရှိနိုင်တယ် ၊ အိပ်မက်ချိုးဖျက်မြို့က အိပ်မက်တစ်ခုတည်းနဲ့ မတူဘဲ ကြောက်မက်ဖွယ် အိပ်မက်ဆိုးတွေ အများကြီး ပေါင်းစပ်ထားသလို ခံစားရတယ် ၊ တကယ်လို့ ငါသာ ဒီနေရာကို ဖျက်ဆီးပစ်နိုင်ရင်...”
“ရှင် ကြောက်နေတာလား”
ချွင်နန်က ရုတ်တရက် စကားပြောလိုက်သည်။ သူမသည် သူမ၏လှပသော မျက်နှာလေးကို ကောင်းမင်၏ ပုခုံးပေါ်သို့ မှီလိုက်သည်။
“ရှင့်ကိုယ်ရှင် ကျွန်မဆီမှာပဲ အရှုံးပေးလိုက်ပါတော့လား”
ကောင်းမင်သည် သူမ၏ လှောင်ပြောင်မှုကို စိတ်ထဲ မထားပေ။သူ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
“ငါ မင်းပေးတဲ့ တာဝန်နှစ်ခုလုံးကို ပြီးအောင် လုပ်ပေးမယ်”
ချွင်နန်က ဘိုးဘေးခန်းမကို အရင်မီးရှို့ခိုင်းရခြင်းမှာ ကောင်းမင် လုပ်နိုင်လိမ့်မည်ဟု မထင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် ဒုတိယရွေးချယ်မှုကို ကောင်းမင် လက်ခံလာစေရန် တွန်းအားပေးရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကောင်းမင်က နှစ်ခုလုံးကို လုပ်ဆောင်ရန် စီစဉ်ထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မောင်းတီးသံများ နီးကပ်လာသည်။ ညကင်းစောင့်သည် ထန်အိမ်တော်တံခါးရှေ့မှ ဖြတ်သွားချိန်တွင် တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။သူက ခြေလှမ်းကို နှေးလိုက်ပြီး ကောင်းမင်ကို သတိပေးသည့်အနေဖြင့် အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။
“အဘိုးကြီး... ခင်ဗျားက လမ်းလျှောက်နေတဲ့ ကပ်ဆိုးရုံပဲ ၊ ဝေးဝေး သွားစမ်း”
“ခင်ဗျား မထွက်သွားရင် ခင်ဗျားလည်ပင်းက တုတ်ချောင်းကို ဖြတ်ပစ်မယ်”
သားသတ်သမားထံမှ အသံနှစ်ခုစလုံးသည် ညကင်းစောင့်ကို ပစ်မှတ်ထားကာ ပြောဆိုနေကြသည်။ သူတို့သည် ရှားပါးသော ညီညွတ်မှုကို ပြလိုက်ကြသည်။သူတို့သည် ညကင်းစောင့်ကို မုန်းတီးကြသော်လည်း နှုတ်ဖြင့်သာ သတိပေးရဲကြသည်။ ၎င်းမှာ ညကင်းစောင့်အိုကြီးကို သူတို့ ခန့်ညားကြောက်ရွံ့နေကြောင်း ပြသနေသည်။
“ညကင်းစောင့်အိုကြီးရဲ့ ခန္ဓာကိုယ်က ပျက်စီးနေပြီလေ ၊ ဒါပေမဲ့ သူ့ရဲ့ ဖုံးကွယ်ထားတဲ့အင်အားက ဒီလောက်တောင် သန်မာတာလား”
ကောင်းမင် တံခါးမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။
ဟိုင်ရှစ်အချိန်ကျော်လွန်သွားပြီးနောက် ထန်အိမ်တော်တံခါးဝရှိ အရိပ်သည် အတွင်းဘက်သို့ စတင် ရွေ့လျားလာသည်။ ပြင်းထန်လှသော သွေးညှီနံ့များနှင့် ကျိုးပဲ့နေသော ခြေလက်များက အရိပ်အတွင်းမှ တွားထွက်လာသည်။ သတ်ဖြတ်ခံထားရသော ဝိညာဉ်များနှင့် တိရစ္ဆာန်များအားလုံး စုစည်းသွားကြသဖြင့် မကောင်းဆိုးဝါးချီစွမ်းအင်များမှာ ကောင်းကင်သို့တိုင် မြင့်တက်လာသည်။
ထန်အိမ်တော်အတွင်းရှိ အစေခံများနှင့် ဧည့်သည်များသည် ခန်းမထဲတွင် တုန်ရင်နေကြလေသည်။ အိမ်တော်အတွင်းရှိ လူတိုင်းနှင့် အရာအားလုံးကို အနီရောင်ချည်မျှင်တစ်ခုဖြင့် ချည်နှောင်ထားသည်။ သူတို့သည် ထန်အိမ်တော်၏ချုပ်ကိုင်မှုကို ခံထားရခြင်း ဖြစ်သည်။ ကောင်းကင်ထက်ရှိ ဧရာမ လက်ကြီးတစ်ဖက်က အိမ်တော်အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ ရှိနေသည်။
“ဒါ သူတို့ရဲ့ တကယ့်အသွင်အပြင်လား ၊ ဒါမှမဟုတ် ညဉ့်ဆက်နက်လာတာနဲ့ ဆင့်ကဲပြောင်းလဲလာဦးမှာလား”
ဤအိပ်မက်ဆိုးသည် ကောင်းမင် ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်။ ညကင်းစောင့်ထွက်ခွာသွားပြီးနောက် သားသတ်သမားမှာ ပိုမိုရဲတင်းလာသည်။ နုပ်နုပ်စင်းထားသော အသားစများသည် ထန်အိမ်တော်၏ တံခါးကို အနီရောင်ဆိုးပစ်လိုက်သည်။
“မွေးနေ့ပွဲကို ဆက်ကျင်းပကြစမ်း”
ခန်းမအတွင်းမှ ခံ့ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ကြားလား... အဲ့ဒီလူယုတ်မာက ငါ့ကို လျစ်လျူရှုနေတာ ၊ သူ့ကို ကြိတ်ဆုံထဲထည့်ပြီး သူ့သွေးနဲ့လုပ်ထားတဲ့ ဝိုင်ကို ငါသောက်ပြမယ်”
“အကြီးအကဲထန်... ဒီနေ့က ခင်ဗျားရဲ့ မွေးနေ့ဆိုပေမယ့် ကျွန်တော် ဘာမှ ပြင်ဆင်မထားမိဘူး ၊ ဒါပေမဲ့ ကျွန်တော့်အိမ်မှာ ဆူဖြိုးတဲ့ ဝက်တစ်ကောင် ရှိပါတယ် ၊ ကျွန်တော် အဲ့ဒီကောင်ကို သတ်ပြီးရင် ခင်ဗျားဆီ ပို့ပေးလိုက်ပါ့မယ်”
“အတုအယောင်တွေ ၊ ရွံဖို့ကောင်းလိုက်တာ ၊ မင်းက ဝက်ထက်တောင် ဆိုးသေးတယ်”
သားသတ်သမား၏ အသံမှာ ပို၍ ကြည်လင်လာသည်။ကောင်းမင်သည် အသားကြိတ်စက်အသံကိုပါ ကြားနေရသည်။ အစေခံများသည် ကြောက်လန့်နေကြသော်လည်း အကြီးအကဲထန်၏ အမိန့်ကို ရရှိထားသဖြင့် သားသတ်သမားကို လျစ်လျူရှုကာ မီးဖိုချောင်သို့ သွား၍ အစားအစာများ ပြင်ဆင်ကြတော့သည်။
မကြာမီ စားပွဲပေါ်တွင် အရက်များ၊ သစ်သီးများနှင့် သားငါးများ ပြည့်နှက်သွားသည်။ အခြားတစ်ဖက်ရှိ တံခါးပွင့်လာပြီး အကြီးအကဲထန်၏ သားသမီး မြေးမြစ်များ ထွက်လာကြသည်။ သူတို့သည် သပ်ရပ်စွာ ဝတ်ဆင်ထားကြသည်။သူတို့သည် ခန်းမအတွင်းဘက်သို့ ဦးညွှတ်လိုက်ကြသည်။ သူတို့ပါးစပ်မှာ ချီးမွမ်းဆုတောင်းခြင်းများ ဆိုနေကြသော်လည်း သူတို့၏ ရုပ်သွင်သည် သေလူများနှင့် တူနေလေသည်။ သူတို့၏ အသက်စွမ်းအင်များသည် စုပ်ယူခံထားရပုံရသည်။ အချို့မှာ အလွန်ငယ်ရွယ်သေးသော်လည်း မျက်နှာတွင် အရေးအကြောင်းများ ထင်နေပြီ ဖြစ်သည်။
ထန်ဟူမှာမူ သူတို့နှင့် မတူဘဲ ထင်ရှားနေသည်။ သူသည် အရပ်ရှည်ပြီး ငယ်ရွယ်ကာ ကြည့်ကောင်းသည်။သူ့မျက်နှာရှိ တည်ငြိမ်သော အပြုံးတစ်ခုမှာလည်း ကွယ်ပျောက်မသွားပေ။
လက်ဆောင်များ ပေးအပ်ပြီးနောက် အမျိုးအနွယ်များသည် အစီအစဉ်တကျ နေရာယူလိုက်ကြသည်။သူတို့သည် အကြီးအကဲထန်၏ မွေးနေ့ပွဲကို ဆင်နွှဲရန် ခေါက်ဆွဲနှင့် သစ်သီးများကို စားသုံးကြသည်။ ပွဲတော်တွင် လက်ဆောင်များကို အကြီးအကဲထန်ထံ တစ်ခုပြီးတစ်ခု ပေးအပ်ကြသည်။ဖြည်းညင်းစွာဖြင့် ဧည့်သည်များနှင့် ဆွေမျိုးသားချင်းများမှာလည်း အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။ သူတို့သည် အိမ်ထဲတွင်သာ ပိတ်လှောင်ခံထားရလေ့ရှိသဖြင့် ဤပွဲမှာ အခြားရွာသားများနှင့် စကားပြောဆိုနိုင်သည့် ရှားပါးသော အခွင့်အရေး ဖြစ်သည်။
ပွဲကျင်းပရာ ခန်းမအတွင်းပိုင်းရှိ ကုလားထိုင်တစ်လုံး လဲကျသွားသဖြင့် အခန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဦးတည်ချက်တစ်ဖက်တည်းသို့ ငုံ့ကြည့်လိုက်ကြသည်။ လက်ဆောင်အများစုကို ဖွင့်ဖောက်၍ အမျိုးအစားခွဲခြားပြီးနောက် မွေးနေ့ခန်းမနောက်ကွယ်ရှိ လျှို့ဝှက်ခန်းသို့ အစေခံများက ပို့ဆောင်ပြီး ဖြစ်သည်။ လက်ဆောင်စားပွဲပေါ်တွင် ကျမ်းစာအုပ်တစ်အုပ်သာ ကျန်ရစ်ခဲ့သည်။ ထိုကျမ်းစာအုပ်မှာ ကျန်းမင်လီက ကောင်းမင်ကို ယူဆောင်လာခိုင်းသော လက်ဆောင်ဖြစ်ပြီး ထန်ဟူက သူ့ကို မခေါ်ဆောင်သွားမီ သူပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါ ထန်ဟူ နှလုံးခုန်သံ မြန်လာလေသည်။ အပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်နေသော ကောင်းမင်သည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းမင်လီ၏ တာဝန်မှာ ရိုးရှင်းမည်မဟုတ်ကြောင်း သူသိသော်လည်း ပြဿနာက ဘာလဲဆိုသည်ကိုမူ သူမသိပေ။
“ဒီလက်ဆောင်ကို ဘယ်သူ ပေးတာလဲ”
အကြီးအကဲထန်၏ အသံက အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲသို့ တိုးဝင်သွားသည်။
ဘယ်သူမှ မဖြေရဲကြပေ။ဘယ်သူမှ စကားမပြောရဲကြပေ။
“ဒီလောက် ကောင်းတဲ့ လက်ဆောင်မျိုးမရတာ အတော်ကြာပြီပဲ”
အကြီးအကဲထန်၏ အသံသည် စိတ်ဆိုးနေပုံ မရပေ။
ထန်ဟူ စာအုပ်ကို စိုက်ကြည့်လိုက်သည်။ ထိုစာအုပ်မှာ ကောင်းမင် ပေးခဲ့သည့် လက်ဆောင်ဖြစ်သော်လည်း သူက ကောင်းမင်ကို ချွင်နန်ထံ ယဇ်ပူဇော်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ အကြီးအကဲထန်က ဤကိစ္စကို လိုက်စုံစမ်းပါက သူနှင့် ချွင်နန်တို့၏ ဆက်ဆံရေးကို သိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ သေရပေလိမ့်မည်။
“အဖေ... ဒါက ကျွန်တော့်သူငယ်ချင်း ပေးလိုက်တဲ့ လက်ဆောင်ပါ” ထန်ဟူသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အရိုအသေပေးကာ ထရပ်လိုက်သည်။ သူသည် တံခါးဝတွင် ခေါင်းငုံ့ကာ ရပ်နေသည်။ ကောင်းမင်သည် ဤမျှ ကောင်းမွန်သော လက်ဆောင်ကို ယူလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် အကြီးအကဲထန်ကလည်း ဤကဲ့သို့ လက်ဆောင်မျိုး မရခဲ့သည်မှာ ကြာပြီဟု ဆိုနေသေးသည်။
“ဟူအာ... မင်းက တကယ်ပဲ ဒီလို ရှားပါးတဲ့အရာကို ရအောင် ရှာနိုင်ခဲ့တာပဲ”
ကျမ်းစာအုပ်မှာ မမြင်ရသော အင်အားတစ်ခုကြောင့် တဖျတ်ဖျတ် ပွင့်ဟသွားသည်။ ထိုစာအုပ်ထဲရှိ နာမည်တိုင်းတွင် ပြင်းထန်သော အမုန်းတရားများကို သယ်ဆောင်ထားသည်။
“ဒီစာအုပ်ထဲက နာမည်တိုင်းက ငါကိုယ်တိုင် သတ်ခဲ့တဲ့ ငါ့ရဲ့ သားသမီးတွေပဲ ၊ မင်းက သူတို့အားလုံးကို ရှာတွေ့ပြီး ငါ့မွေးနေ့မှာ ကျမ်းစာအုပ်အဖြစ် လာလက်ဆောင်ပေးတာပေါ့ ၊ မင်းရဲ့ မောင်နှမတွေကို သူတို့လို လမ်းဟောင်းအတိုင်း မလိုက်ဖို့ သတိပေးချင်နေတာလား”
ထန်ဟူ၏ ပတ်ဝန်းကျင်ရှိ ဧရာမလက်ကြီးသည် ဖြည်းညင်းစွာ တင်းကျပ်သွားသည်။ထန်ဟူ၏ ခြေလက်များမှာ တစ်ခဏချင်း ပေါက်ကွဲထွက်သွားသည်။ သူ၏ မျက်လုံးများက ပြူးထွက်လာတော့သည်။သူသည် ရှင်းပြရန် ကြိုးစားသော်လည်း သူ့ပါးစပ်မှ သွေးများသာ ထွက်လာလေသည်။
“ငါ အသက်ရှင်နေတုန်းမှာတောင် မင်းက ငါ့ကို သေစေချင်နေတာပဲ ၊ ဒီလို သားသမီးမျိုးကို သတ်သင့်တယ် မဟုတ်လား”
အကြီးအကဲထန်၏ လေသံသည် တည်ငြိမ်မှု မရှိတော့ပေ။၎င်းသည် အာဏာဖြင့် ရူးသွပ်နေပုံရသည်။
“ဒီမှာရှိတဲ့ အရာအားလုံးက ငါ့အပိုင်ပဲ ၊ မင်းတို့ အသက်တွေကလည်း ငါ့အပိုင်ပဲ ၊ မင်းတို့အားလုံးက ငါ့ရဲ့ အစိတ်အပိုင်းတွေပဲ”
ကျမ်းစာအုပ်ထဲမှ နာမည်များက ထင်ရှားလာသည်။ အကြီးအကဲထန်၏ မျိုးဆက်များသည် မျက်နှာများ ဖြူဖျော့သွားကြသည်။သူတို့သည် ကြောက်လန့်နေကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ အမုန်းတရားများဖြင့် တောက်လောင်နေလေသည်။
အခြားတစ်ဖက်တွင် အကြီးအကဲထန်ပင် သတိမထားမိသည်မှာ ကျမ်းစာအုပ်ကို သူဖွင့်လိုက်သည်နှင့် ထိုနာမည်များပေါ်ရှိ နာကျည်းမှုများသည် မွေးနေ့ခန်းမနောက်ကွယ်ရှိ လျှို့ဝှက်ခန်းထဲသို့ တိတ်တဆိတ် စိမ့်ဝင်သွားခဲ့ပြီ ဖြစ်သည်။