← Chapters

ထူးဆန်းသော လူတစ်စု

Vol. 44 Ch. 653

ထူးဆန်းသော လူတစ်စု

Vol. 44 Ch. 653

ထိုလူတစ်စုက ကျွမ်းဘားအဖွဲ့တစ်ဖွဲ့ဖြစ်ပုံရပြီး ကျား၊ ကျားသစ်နှင့် ရွှေရောင်မျောက်များပါဝင်သော လှောင်အိမ်များတင်ဆောင်ထားသော မြင်းလှည်းကို မောင်းနှင်လာသည်။ ၎င်းတို့က နေ့စဉ်ဘဝတွင် ရှားရှားပါးပါးသာ တွေ့နိုင်သော တိရစ္ဆာန်များ ဖြစ်သည်။ အဖွဲ့သားများ၏မျက်နှာများကိုလည်း ဆီဆေးများဖြင့် သုတ်လိမ်းထားသည်။

ထိုအဖွဲ့တွင် လူနှစ်ဆယ်ခန့် ပါဝင်သည်။ ၎င်းတို့ထဲမှ နှစ်ဦးက ငှက်မွေးများဖြင့် ပြုလုပ်ထားသည့် ရောင်စုံဦးထုပ်များကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာများကို ဆီဆေးဖြင့် ရောင်စုံ ခြယ်သထားသည်။ သူတို့က အုပ်စုရှေ့တွင် ခုန်ပေါက်ပြေးလွှားနေကြပြီး သူတို့ ခဏ ရပ်လိုက်တိုင်း သူတို့ပါးစပ်ထဲမှ မီးလျှံများ မှုတ်ထုတ်နေကြသည်။

ဤကျွမ်းဘားအဖွဲ့က လမ်းသွားလမ်းလာများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး အထူးသဖြင့် ရှားရှားပါးပါး မြင်ရလေ့ရှိ ကျားနှင့် ကျားသစ်ကဲ့သို့သော တိရိစ္ဆာန်များကို တွေ့လိုက်ရသည့်အချိန်တွင် ဖြစ်သည်။ လူတိုင်းက ပို၍ပင် စူးစမ်းချင်လာကြပြီး ကျွမ်းဘားအဖွဲ့ဆီသို့ ဝိုင်းအုံလာကြသည်။

ထိုကျွမ်းဘားအဖွဲ့က ဝမ်ယွဲ့စားသောက်ဆိုင်၏အောက်သို့ ရောက်လာပြီး ရပ်တန့်သွားကြသည်။ ဝမ်ယွဲ့စားသောက်ဆိုင်က မြို့လယ်တွင် ရှိနေပြီး ဆိုင်၏တည်နေရာက မော့ချန်၏အစည်ကားဆုံးနှင့် အချမ်းသာဆုံးလမ်းမကြီးပေါ်တွင် တည်ရှိသည်။ လမ်းမကြီးကို အပြာရောင်ကျောက်များ ခင်းကျင်းထားပြီး လမ်းက အလွန်ကျယ်ဝန်းသောကြောင့် ဖျော်ဖြေမှုများ အလွယ်တကူ ပြုလုပ်ရန် သင့်တော်လှသည်။

ဤလူအုပ်စုကလည်း ထိုအကြံရှိပုံပေါ်ပြီး ဝမ်ယွဲ့အဆောက်အဦး၏အဝင်ဝတွင် ရပ်တန့်လိုက်ကြပြီး တီးမှုတ်ဖျော်ဖြေရန် ပြင်ဆင်နေကြသည်။

ပထမဦးအနေဖြင့် သူတို့က ပျော့ပြောင်းမှုူအနုပညာကို ပြသသည့်အကွက်များဖြင့် ဖျော်ဖြေနေကြသည်။ သေးသွယ်သော မိန်းမငယ်လေးနှစ်ယောက်က ဆွဲဆောင်မှုရှိသော ခြေလှမ်းများဖြင့် အလယ်သို့ လျှောက်လာကြသည်။ သူမတို့၏မျက်နှာများတွင်လည်း ဆီဆေးများ ခြယ်သထားပြီး သူမတို့၏ ချစ်စဖွယ် မျက်အိမ်ကျယ်ကျယ်များကြောင့် သူမတို့နှစ်ယောက်လုံးက လှပမှန်း သိသာနေသည်။

မိန်းမငယ်လေးနှစ်ယောက်၏ ခန္ဓာကိုယ်လေးများက မြွေများကဲ့သို့ ပျော့ပျောင်းနေပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။ မြင်ရသည်မှာ ထိတ်လန့်စရာ ကောင်းသော်လည်း အမြင်ဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစေသည။ သူမတို့ကို ကြည့်ရသည်မှာ မြွေ၏ ခေါင်းနှင့် အမြီးများ ယှက်နွယ် လှည့်ပတ်နေသကဲ့သို့ ခံစားရစေသည်။

ဒုတိယအနေဖြင့် ပန်းကန်ပြားပြားဝိုင်းဝိုင်းများ ကိုင်ဆောင်ထားသည့် လူနှစ်ယောက်က ရှေ့တိုးလာပြန်သည်။ မိန်းခလေးနှစ်ယောက်က ထိုပန်းကန်ပြားများပေါ်သို့ အသီးသီး ခုန်တက်သွားကြပြီး ကပြဖျော်ဖြေနေကြသည်။ ထိုဖျော်ဖြေမှုက လူအုပ်ထဲမှ အမျိုးသားများကို အထူးစိတ်လှုပ်ရှားစေသည်။ အဓိကအကြောင်းအရင်းမှာ ထိုမိန်းခလေးနှစ်ယောက် ဝတ်ဆင်ထားသည့်အဝတ်အစားများက ဆွဲဆောင်မှု ရှိလွန်းသောကြောင့်ပင်။ သူမတို့နှစ်ဦးစလုံးက အမျိုးအမည် မသိနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော အဝတ်ကျပ်ကျပ်များကို ဝတ်ဆင်ထားကြပြီး သူမတို့ခန္ဓာကိုယ် အချိုးအဆစ်ကို ရှင်းရှင်းလင်းလင်း ပြသထားသည်။ ခါးပတ်လည်တွင် ငှက်မွေးများဖြင့် ပြုလုပ်ထားပုံရသည့် စကတ်တစ်ထည် ဝတ်ဆင်ထားပြီး သူမတို့ လှည့်ပတ်ကခုန်လိုက်တိုင်း ထိုအမွေးအတောင်များ တဖျပ်ဖျပ်ခတ်လာကာ အထူးချစ်စဖွယ်ဖြစ်နေစေသည်။

ဤကဲ့သို့သော ပဒေသရာဇ်ခေတ်တွင် လက်ရှိမြင်ကွင်းက မျက်စိကြွေးစရာမြင်ကွင်းကောင်းတစ်ခု ဖြစ်သည်။ ပြည့်တန်ဆာအိမ်ထဲသို့ ဝင်သွားရင်လျှင်ပင် ဤမျှဆွဲဆောင်မှုရှိသည့် မြင်ကွင်းကို မြင်ရမည်မဟုတ်ပေ။

မိန်းမငယ်လေးနှစ်ယောက်က ကပြပြီးနောက် သူမတို့ လက်ထဲမှ ရွှေမှုန့်များကို ကြဲချလိုက်ရာ ကောင်းကင်မှ ရွှေမိုးများ ရွာကျလာသလို အသက်ရှူမှားလောက်ဖွယ်လှပသွားပြန်သည်။

စူးချင်းက ထိုရွှေမှုန့်ကို လှမ်းကြည့်နေပြီး လူများစွာက ၎င်းကို ဖမ်းရန် လက်လှမ်းနေသည်ကို သူမ တွေ့လိုက်ရသည်။ တစ်ချို့က ထိုရွှေမှုန်များကို ဖမ်းရန် သူတို့၏အဝတ်အစားများကိုပင် မတင်ကာ အောက်မှ ခံထားကြသည်။ စူးချင်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ဒီရွှေမှုန့်တွေမှာ အဆိပ်ရှိနေရင် ဒီလူတွေအားလုံး အဆိပ်သင့်သွားနိုင်တယ်လေ။

မိန်းကလေးများ၏ ဖျော်ဖြေမှုအပြီးတွင် သားရဲထိန်းသူများ စင်ပေါ်တက်ရမည့်အချိန် ဖြစ်သည်။ သားရဲထိန်းတစ်ယောက်က ရွှေရောင်မျောက်တစ်ကောင်ကို လှောင်အိမ်ထဲမှ ထုတ်လိုက်ပြီး သူ့လက်ထဲမှ မောင်းကို ထုလိုက်ရာ ရွှေရောင်မျောက်လေးက လင်ဗန်းတစ်ချပ် ဆွဲယူပြီး ငွေတောင်းရန် လှည့်ပတ်ပြေးလွှားနေသည်။ မျောက်ကလေးက မတ်တပ်ရပ် လမ်းလျှောက်နေပြီး ချစ်စရာကောင်းလွန်းလှသည်။

ချမ်းသာသူများက ပျော်ရွှင်ရသည့်အတွက် ကြေးဒင်္ဂါးအနည်းငယ် ပစ်ပေးကြပြီး ဆင်းရဲသူများကတော့ ငွေပေးရန် ဝန်လေးပုံဖြင့် မသိဟန်ဆောင်နေကြသည်။ တစ်စုံတစ်ယောက်က ပိုက်ဆံမပေးချင်သည်ကို မြင်လိုက်တိုင်း ရွှေရောင်မျောက်လေးက မပျော်မရွှင် ဖြစ်သွားဟန်ဖြင့် သူ့၏သွားများကို ဖြဲပြတတ်သည်။

ရွှေရောင်မျောက်လေး ပြန်ထွက်သွားပြီးနောက် အစွယ်များပါရှိသည့် အစိမ်းရောင် မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ယောက် ရောက်လာပြန်သည်။ ထိုလူက လက်သီးအုပ်ကာ လူတိုင်းကို ဦးညွှတ်ရင်း စကားစပြောလာသည်။

“လေးစားရတဲ့ လူကြီးမင်းတို့၊ ကျွန်တော်တို့က ငွေရှာဖို့အတွက် ခင်ဗျားတို့ရဲ့ အဖိုးတန်မြေကို ရောက်လာတဲ့ အဝေးက လူတွေပါ၊ ကျွန်တော်တို့အနေနဲ့ နေရာတိုင်းမှာ မိတ်ဆွေဖွဲ့သင့်တယ်ဆိုတော့ အခုလည်း ကျွန်တော်တို့ရဲ့ မိတ်ဆွေဖွဲ့ချင်စိတ်ကို ဖော်ပြတဲ့အနေတဲ့ လူတိုင်းအတွက် အထူးလက်ဆောင်လေးတစ်ခု ပြင်ဆင်ထားပါတယ်”

မျက်နှာဖုံးတပ်ထားသော အမျိုးသား စကားပြောပြီးသွားချိန်တွင် အဝတ်ကျပ်ကျပ်ဝတ်ဆင်ထားသော မိန်းခလေးနှစ်ယောက်က ဗန်းလေးများ ကိုင်ဆောင်ကာ လက်ဆောင်များ ဝေပေးနေပြန်သည်။

“ဒါက ကျွန်မတို့ရဲ့အထူးထုတ်ကုန်ပါ၊ ဒီနှင်းဆီပျားရည်က လှပစေပြီး စွမ်းအင်ကိုလည်း ပြန်ဖြည့်ပေးနိုင်တယ်၊ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေကို လှပသွားစေပြီး တစ်နှစ်ပတ်လုံး အိပ်ယာထဲက မထနိုင်တဲ့ ဝေဒနာရှင်တွေအတွက်လည်း ဘဝအသစ်တစ်ခု ပေးစွမ်းနိုင်တယ်။ ဒါကတော့ လူတိုင်းမြည်း မြည်းစမ်းကြည့်နိုင်ဖို့ပါ။ အရသာရှိတယ်လို့ထင်ရင် ကျွန်မတို့ဆီက‌နေ ဝယ်လို့ ရပါတယ်”

မိန်းခလေး၏ အသံက ချိုမြိန်လွန်းလှပြီး လူတို့၏နှလုံးသားကိုသာမကာ အရိုးများကိုပင် ပျော့ပျောင်းသွားစေသည်။ သွေးဆောင်ဖြားယောင်းခြင်းခံလိုက်ရသော အမျိုးသားများက တယောက်ပြီး တယောက် ဝိုင်းအုံသွားကြသည်။ ထိုမိန်းခလေးက စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းမျိုး မရှိဘဲ အပြုံးလေးဖြင့် နှင်းဆီပျားရည်များ ဝေငှပေးနေသည်။

လူသားများ၏ သဘာဝက ထိုအတိုင်းသာ ဖြစ်ပြီး အလကားရသည့် အရာအတွက်ပင် တိုက်ပွဲဝင်ချင်ကြသည်။ ထို့အပြင် မိန်းမလေးများ၏အဆိုအရ ဤနှင်းဆီပျားရည်က နတ်ဘုရားပစ္စည်း ဖြစ်သည်။ အမျိုးသမီးများက လှပချင်ကြပြီး ကျန်းမာရေးချို့တဲ့သူများကလည်း သူတို့၏ ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသည့်အချိန်ကို ပြန်တမ်းတကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှင်းဆီပျားရည်များအားလုံး လုယူခံလိုက်ရသည်။ မျက်နှာဖုံး အစိမ်းရောင် ၀တ်ထားသည့်လူက ဘေးတွင် ရပ်ကြည့်နေပြီး မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေသည်။

စူးချင်းက စားပွဲထိုးကို လှမ်းခေါ်ပြီး သူမအတွက် နှင်းဆီပျားရည်တချို့ သွားယူခိုင်းလိုက်သည်။ စားပွဲထိုးက အနည်းငယ် တွန့်ဆုတ်နေသော်လည်း စူးချင်းက ငွေတစ်စ ထုတ်ကာ ပစ်ပေးလိုက်သည်။ စားပွဲထိုးက ချက်ချင်း ပြုံးရွှင်သွားပြီး အောက်ထပ်သို့ ပြေးဆင်းသွားသည်။

"လမ်းဖယ်ပေးကြပါဦး၊ လမ်းလေးဖယ်ပေးကြပါဗျ”

အပေါ်ထပ်တွင် စူးချင်းက ထိုစားပွဲထိုး လူအုပ်ကြားထဲသို့ ငါးရှဉ့်ကဲ့သို့ ခုန်ဝင်သွားကာ သူ့ရှေ့မှ လူများနှင့်အတူ နှင်းဆီပျားရည်အတွက် တိုက်ပွဲဝင်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် နှင်းဆီပျားရည်များ ထပ်မံဝေငှနေပြန်သည်။ နှင်းဆီပျားရည်များ ဝေငှရန် မျက်နှာကို ဆီသုတ်ထားသည့် အမျိုးသားများပင် ထွက်လာကြပြီး သူတို့တစ်ယောက်စီတွင် နှင်းဆီပျားရည်သကြားလုံးများ ရှိနေသည်။ လိုချင်သူများအတွက် အများဆုံး သုံးလုံးအထိ ပေးနေကြသည်။

စားပွဲထိုးကလည်း နှင်းဆီပျားရည်သကြားလုံးသုံးလုံး ပြန်လုယူလာနိုင်ခဲ့သည်။ သူက စူးချင်းကို တစ်လုံးပေးခဲ့ပြီး သူ့အတွက် တစ်လုံး သိမ်းထားကာ နောက်ဆုံးတစ်လုံးကို ဆိုင်ရှင်ဆီသို့ မျက်နှာလိုမျက်နှာရ လှမ်းပေးလိုက်သည်။

ဆိုင်ရှင်က စားပွဲထိုးကို ဆူပူကြိမ်းမောင်းချင်နေသော်လည်း ဧည့်သည်က နှင်းဆီပျားရည် လုခိုင်းကြောင်း သိလိုက်ရသည့်အတွက် စားပွဲထိုးကို မအော်ငေါက်တော့ပေ။ စားပွဲထိုးကတော့ ကုတ်ကုတ်လေး ရှောင်ထွက်သွားသည်။

စူးချင်းကတော့ ထိုအကြောင်းကို မသိလိုက်ပေ။ သူမက သူမလက်ထဲမှာ နှင်းဆီပျားရည်သကြားလုံးကို ကစားနေပြီး ဒုတိယထပ်တွင် စားသောက်နေသည့် ဧည့်သည်တော်တော်များများလည်း နှင်းဆီပျားရည် လုယူရန် အောက်ထပ်သို့ ဆင်းသွားကြသည်ကို စောင့်ကြည့်နေခဲ့သည်။

ထို့နောက် သူမက နှင်းဆီပျားရည်သကြားလုံးကို နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်လိုက်သည်။ ထိုနှင်းဆီပျားရည်၏ရနံ့က ထူးဆန်းနေသည်ဟု သူမ ရှာတွေ့ခဲ့ပြီး ပုံမှန်နှင်းဆီရနံ့ မဟုတ်ဘဲ ပိုစူးရှသည့်ရနံ့တစ်ခု ပါဝင်နေသည်။ နမ်းလိုက်ရုံဖြင့် ရင်ဘတ်ကိုပင် တင်းကျပ်သွားလောက်အောင် စူးရှပြင်းထန်သည့်ရနံ့တစ်မျိုး ဖြစ်သည်။

ဤအရာက ကောင်းမွန်သောအရာ မဟုတ်မှန်း သိသာနေသောကြောင့် စူးချင်းက နှင်းဆီပျားရည်သကြားလုံးကို ချက်ချင်း ဖွင့်လိုက်ပြီး အထဲမှ အရာများကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ပန်းရောင်ရင့်ရင့် နှင်းဆီပွင့်ချပ်များနှင့်အတူ အညိုရောင်အမှုန်လေးများ ရှိနေပြီး ထိုနှင်းဆီပျားရည်၏ အလယ်ဗဟိုတွင် မှင်ရောင်ကဲ့သို့ မည်းနက်နေသည့်အရာတစ်ခုလည်း ရှိနေသည်။ ၎င်းက စေးကပ်ကပ်ပျစ်ချွဲချွဲပုံစံမျိုးဖြစ်ပြီး ပြင်းထန်သည့်ရနံ့က ထိုမှင်နှင့်တူသော အရာမှ ထွက်လာခြင်း ဖြစ်သည်။

စူးချင်းက နှင်းဆီပျားရည်ကို စနစ်ထဲသို့ ပစ်ထည့်လိုက်ပြီး အတွင်းဘက်ရှိ အရာကို စကင်န်ဖတ်ပေးရန် ညွှန်ကြားလိုက်သည်။

ထိုစနစ်က ရှောင်ချီလောက် နာခံမှုမရှိဘဲ အလုပ်အတွက် ကျွမ်းကျင်မှုအမှတ်များ ဖလှယ်ပေးရန် တောင်းဆိုနေပြန်သည်။

"ဘာ"

စူးချင်း၏မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

"နင် အဓိပ္ပါယ် မရှိတာတွေ ဆက်ပြောနေရင် နင် နော်ကထပ် ဘယ်တော့မှ စကားမပြောနိုင်တော့အောင် ငါ အသေအချာ လုပ်ပေးမယ်"

စူးချင်း ဒေါသထွက်နေသည်ကို နားလည်သွားမှသာ စနစ်က အခြေအနေကို နားလည်သွားပြီး အလွန်ကြောက်သွားကာ နောက်ထပ်ညှိနှိုင်းရန် မဝံ့မရဲတော့ဘဲ စကင်ဖတ်စစ်ဆေးမှုကို ခပ်မြန်မြန်လုပ်ဆောင်နေသည်။

မှန်ဘီလူးအောက်တွင် ထိုပျစ်ချွဲချွဲအရာထဲ၌ ပိုးကောင်သေးသေးလေးများ လူးလွန့်နေသည်။ ၎င်းတို့က အလွန်သေးငယ်သော အနက်ရောင်ပိုးကောင်များဖြစ်ပြီး မှန်ဘီလူးအောက်တွင်ပင် ၎င်းတို့က ပါးလွှာသော ချည်မျှင်အရွယ်သာ ရှိသည်။

"ဒါက ဘာပိုးကောင်တွေလဲ?"

စူးချင်းက စနစ်ကို မေးလိုက်ပြီး စနစ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

[ဒီစနစ်လည်း သေချာမသိဘူး]

စူးချင်းအတွက်လည်း စနစ်ကို ထပ်မေးရန်ပင် ပျင်းရိနေပြီ ဖြစ်သည်။

တကယ်တော့ မေးနေဖို့တောင် မလိုဘူး၊ ဒီပိုးကောင်တွေက ဘယ်လိုနည်းနဲ့မှ ကောင်းတဲ့အရာတွေ မဖြစ်နိုင်တာ သိသာတယ်။ အချစ်ကူ မဟုတ်ရင် မရဏကူတဲ့ ဖြစ်မှာပေါ့။

စူးချင်းက အောက်ထပ်ကို ငုံ့ကြည့်လိုက်ပြန်သည်။ ထိုလူအုပ်စုက အဆောက်အဦးရှေ့တွင် ရှိနေဆဲ ဖြစ်သည်။ သူတို့က နှင်းဆီပျားရည်များ ဝေငှပြီးဖြစ်ကာ ကျားကြီးကို သစ်သားတံတားပေါ် လမ်းလျှောက်ခိုင်းနေသည်။ ကြည့်ရှုသူများကလည်း ပျော်ပျော်ရွှင်ရွှင် အားပေးနေကြသည်။

ကျားကြီး၏ဖျော်ဖြေမှု အပြီးတွင် မိတ်ဆွေဖွဲ့ရန် နှင်းဆီပျားရည်လက်ဆောင်များ ထပ်ပေးပြန်သည်။ နှင်းဆီပျားရည်ကို ရရှိပြီးသောသူများက သူတို့ မရသေးသလို ဟန်ဆောင်ကာ ထပ်လိုချင်နေကြသည်။ သို့သော်လည်း ထိုလူများ၏မျက်လုံးများက အလွန်စူးရှပြီး တစ်ချက်ကြည့်ရုံဖြင့် နှင်းဆီပျားရည် ရရှိပြီးသူများကို မှတ်မိနေကြသည်။

စူးချင်းက နှင်းဆီပျားရည်ကို ရရှိထားသူများကို လှမ်းကြည့်လိုက်ပြီး နေရောင်အောက်တွင် သူတို့အားလုံးဆီမှ ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

သူမက မိန်းခလေးနှစ်ယောက် ပန်ကန်ပြားများပေါ်မှ ရွှေမှုန့်များ ကြဲချနေသည့်မြင်ကွင်းကို ပြန်တွေးမိသွားသည့် သူတို့အပေါ်မှ ရွှေရောင်များက ထိုအမှုန့်မျိုးဖြစ်နိုင်သည်ကို သူမ ခန့်မှန်းမိသွားသည်။

“မြန်မြန်သွားကြတော့”

စူးချင်းက လျှို့ဝှက်သက်တော်စောင့်များကို ခေါ်လိုက်ပြီး တာဝန်များ ပေးအပ်လိုက်သည်။ ထိုအမိန့်ကို ကြားပြီးနောက် လျှို့ဝှက်သက်တော်စောင့်သားများက ချက်ချင်း ထွက်သွားပြီး အောက်ထပ်သို့ ပြေးဆင်းသွားကြသည်။

အောက်ထပ်ရှိ လူအုပ်ကြီးကလည်း ယခင်ကထက် ပိုများလာပြီး ကျပ်သိပ်လာသည်။

ထိုအချိန်တွင် ကျွမ်းဘားသမားများက ထူးဆန်းသော အကတစ်ခုကို စတင် ကပြကြပြီး မြေပြင်ပေါ်တွင် မီးတောက်တစ်ခု ပေါ်လာကာ မူလက ကြည်လင်နေသည့် ကောင်းကင်ကြီးက ရုတ်တရက် မှိုင်းညှို့သွားပြီး လေပြင်းများ တိုက်ခတ်လာသည်။

All Chapters