← Chapters

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်

Vol. 44 Ch. 654

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်

Vol. 44 Ch. 654

တချိန်တည်းမှာပင် ရွှေမှုန်များဖုံးလွှမ်းနေသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲလာသည်ကို စူးချင် သတိပြုမိသွားသည်။ အကသမားများက ဆက်လက် ကပြနေကြပြီး သူတို့၏လှုပ်ရှားမှုများတွင် ရိုင်းစိုင်းသောအမူအရာများ ပါဝင်လာသည်။ သို့သော် လေပြင်းတိုက်ခတ်မှုူက အလျင်အမြန် ပြီးဆုံးသွားပြီး ကျွမ်းဘားသမားများက ကခုန်ခြင်းကို ရပ်တန့်လိုက်ကြပြန်သည်။ တခြားတစ်ယောက်ယောက်က ရွှေရောင်မျောက်ကို ခေါ်လာပြီး ပိုက်ဆံတောင်းခိုင်းနေသည်။

ယခုတစ်ကြိမ်တွင် ငွေမချင်သည့်သူ မရှိတော့ဘဲ ငွေအများကြီး ရလာခဲ့သည်။ ယခင်က ငွေမပေးချင်သည့်လူများပင် သူတို့၏ပိုက်ဆံများအားလုံးကို ထုတ်ကာ ဗန်းထဲသို့ ထည့်လိုက်ကြသည်။ ချမ်းသာသည့်သူများကတော့ ပါဘာသမျှငွေကို ထုတ်ရုံတင်မကဘဲ အဖိုးတန်ပစ္စည်းများကိုပါ ချွတ်ကာ ဗန်းပေါ်သို့ တင်လိုက်ကြသည်။ ရွှေရောက်မျောက်လေးခမျာ ငွေ၊ လက်ဝတ်ရတနာများနှင့် ကျောက်စိမ်းများ ပြည့်နေသည့်ဗန်းကို မနိုင်တနိုင် ထိန်းကိုင်ထားရသည်။

ထိုလူများ၏ မျက်လုံးများက လမ်းလျှောက်နေသော အလောင်းများကဲ့သို့ ဖြစ်နေပြီး အသက်ဝိဥာဏ်ကင်းမဲ့နေသည်။

စူးချင်း နောက်သို့ လှည့်လိုက်ပြီး စားပွဲထိုးကို ငွေရှင်းရန် ပြောလိုက်သည်။ စားပွဲထိုးနှင့် ဆိုင်ရှင်လည်း အပြင်မှ လူများကဲ့သို့ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ စားသောက်ဆိုင်ထဲမှ ထွက်သွားသည်ကိုသာ သူမ တွေ့လိုက်ရသည်။ ဆိုင်ရှင်က ကောင်တာမှ ငွေအားလုံးကို ထုတ်ကာ ဗန်းပေါ်တင်လိုက်သည်။ စားပွဲထိုးကလည်း စူးချင်း ပေးထားသည့် ငွေစကို ဗန်းပေါ်တင်လိုက်သည်။

ပိုက်ဆံများ ထည့်ပြီးသည့်တိုင် နှစ်ယောက်သား ပြန်ထွက်မလာသေးဘဲ ထင်းတုံးများသို့ တောင့်တောင့်ကြီး ရပ်နေကြသည်။

အစိမ်းရောင်မျက်နှာဖုံးနှင့်လူက လက်သီးအုပ်ကာ ထပ်ပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့အားပေးမှုအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်၊ ဒီနေ့အတွက် ဖျော်ဖြေပွဲပြီးသွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်၊ လူစု ခွဲလို့ရပါပြီ”

သူ ပြောလိုက်သည်နှင့် ဘေးနားတွင် ကြည့်နေသူများက နာနာခံခံဖြင့် လှည့်ထွက်သွားကြသည်။ သို့သော် သူတို့၏ခြေလှမ်းများက နှေးကွေးနေပြီး လမ်းလျှောက်ချိန်တွင် လက်ပင် မလွှဲဘဲ မလှုပ်မယှက်ဖြစ်နေကြသည်။ သူတို့အားလုံး နေ့ခင်းကြောင်တောင်တွင် လမ်းလျှောက်နေကြသည့် အလောင်းကောင်များသဖွယ် ဖြစ်နေကြသည်။

ဒါက ဖျော်ဖြေပွဲတစ်ခုတဲ့လား?

စူးချင်းက ပြုစားခံထားရပုံပေါ်သည့် လူများကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။

ကျွမ်းဘားသမားများက စတင်ထုပ်ပိုးနေကြပြီး ကျားကို လှောင်အိမ်ထဲသို့ ပြန်တွန်းထည့်နေသည်။ တောတောင်များ၏အရှင်သခင်ဖြစ်သော ကျားကြီးက နာခံအပြည့်ရှိသော ကြောင်ကြီးတစ်ကောင်ကဲ့သို့ သဘောထားပျော့ပျောင်းနေကာ အားနွဲ့သည့်အမျိုးသမီးငယ်လေးတစ်ဦးကို ဦးညွှတ်နေပြီး လှောင်အိမ်ထဲသို့ အေးအေးဆေးဆေးဝင်ကာ လဲလျောင်းလိုက်သည်။

စူးချင်းက ထိုကျားကြီးနှင့် ကျားသစ်တို့၏မျက်လုံးများကို လှမ်းကြည့်လိုက်ပြီး ၎င်းတို့၏မျက်ဝန်းများထဲတွင် လီတာ့နျို မကျန်းမာစဥ်ကကဲ့သို့ ထူးဆန်းသောအနီရောင်များ ရှိနေသည်ကို သတိပြုမိသွားပြန်သည်။

ထိုလူများ ထွက်သွားရန် အဆင်သင့်ဖြစ်နေပြီကို မြင်လိုက်ရသောကြောင့် စူးချင်းက စားပွဲထိုးကို ငွေရှင်းရန် ထပ်ခေါ်လိုက်သည်။

စားပွဲထိုးက ရုပ်သေးရုပ်ကဲ့သို့ လျှောက်လာပြီး လေသံတောက်ထောက်ဖြင့် ပြောလာခဲ့သည်။

"စုစုပေါင်း ငွေနှစ်လျန်နဲ့ ကြေးနီဒင်္ဂါးသုံးဆယ်"

စူးချင်းက ငွေတစ်ချို့ ထုတ်ယူပြီး သူ့ဆီသို့ လှမ်းပေးလိုက်သည်။ သူမ ပေးလိုက်သည့် ငွေစများပေါ်တွင် အမြင်အာရုံမှောက်မှားခြင်းအတွက် ဖြေဆေးတစ်မျိုးလည်း ပါရှိနေသည်။ စားပွဲထိုးက ပြုစားခံထားရခြင်း ရှိ မရှိ သူမ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

ငွေကို လက်ခံပြီးနောက်တွင် စားပွဲထိုး၏မျက်လုံးများက ပြန်ကြည်လင်လာသည်။ သူက သူ၏ မူပိုင် လိမ္မာပါးနပ်ပြီး ဖော်‌ရွှေသော အပြုံးကို ပြန်ဖော်ထုတ်လာပြီး စူးချင်းကို တရိုတသေ ပြန်ပြောလိုက်သည်။

"ခဏလောက် စောင့်ပေးပါဦး၊ ပိုငွေကို အခု ချက်ချင်း သွားယူပေးပါ့မယ်"

စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး အောက်ထပ်သို့ ငုံ့ကြည့်လိုက်ပြန်သည်။ ကျွမ်းဘားသမားများက သူတို့၏ပစ္စည်းများကို ထုပ်ပိုးပြီး ထွက်ခွာသွားတော့မည် ဖြစ်သည်။

စူးချင်းက စားပွဲထိုးနှင့်အတူ အောက်ထပ်သို့ လိုက်ဆင်းသွားပြီး စားပွဲထိုး ငွေရှင်းနေချိန်တွင် သူမက ဆိုင်ရှင်၏ရှေ့၌ ရပ်နေလိုက်သည်။ သူမက ထိုအခိုက်အတန့်ကို အသုံးချကာ ဆိုင်ရှင်ကိုလည်း ဖြေဆေးပေးလိုက်သည်။

ဆိုင်ရှင်က အိပ်မက်မှ နိုးလာသကဲ့သို့ ရုတ်တရက် သတိဝင်သွားပြီး သူ ယနေ့ ရောင်းရခဲ့သည့် ပိုက်ဆံများအားလုံးကို ထိုဖျော်ဖြေရေးသမားများအား ပေးခဲ့မိကြောင်း ရုတ်တရက် နားလည်သွားသည်။ သူက အပြင်သို့ ပြေးထွက်သွားပြီး စားပွဲထိုးကလည်း သူ့ငွေတစ်စကို သတိရကာ ဆိုင်ရှင်နောက်သို့ ပြေးလိုက်သွားသည်။ သူတို့နှစ်ယောက်က မျက်နှာဖုံးစိမ်းနှင့် လူကို ဆွဲထားပြီး ထွက်သွားခွင့်မပေးကြတော့ပေ။

“မသွားနဲ့ဦး၊ အခုန ငါ မင်းကို ပိုက်ဆံတွေ အများကြီး ပေးခဲ့တယ်၊ ငါ့ကို ပြန်ပေး"

မျက်နှာဖုံးအစိမ်းရောင်နှင့် အမျိုးသားက ဆိုင်ရှင်နှင့် သူ့နောက်မှ စားပွဲထိုးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ပြသနာ မများချင်ပုံဖြင့် သူ့နောက်မှ လူများကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ဘယ်ဟာက မင်းရဲ့ငွေလဲ?" ရွှေရောင်မျောက်ကို ဦးဆောင်ပြီး ငွေတောင်းခဲ့သူက ဗန်းတစ်ချပ်နှင့် ရောက်လာခဲ့သည်။

ထိုလူ၏အသံက အက်ရှရှဖြစ်နေပြီး အသံနှစ်ထပ် ဖြစ်သည်။ ဆီသုတ်ထားသည့် သူ့မျက်နှာပေါ်မှ သူ့မျက်လုံးများက ကောက်ကျစ်မှန်းသိသာစေသော အကြည့်မျိုး ဖြစ်နေပြန်သည်။

ဆိုင်ရှင်နှင့် စားပွဲထိုးတို့က ကြောက်ရွံ့ထိတ်လန့်နေကြပြီး မိမိတို့ ထည့်ခဲ့သည့်ငွေထက် ပိုမယူရဲကြပေ။ စားပွဲထိုးက သူ့ငွေတစ်စကိုသာ ပြန်ယူလိုက်သည်။ ဆိုင်ရှင်ကလည်း သူ့၏တစ်နေ့တာ ၀င်ငွေကိုသာ ပြန်ယူလိုက်သော်လည်း ငွေပမာဏက များနေသောကြောင့် ဆီဆေးခြယ်ထားသည့်လူက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဒီလူတွေအားလုံးကို ဖမ်းကြစမ်း"

ဆိုင်ရှင် သူ့ပိုက်ဆံကို ပြန်ယူရန် ကြောက်ရွံ့နေစဥ်မှာပင် စစ်သည်တစ်ဖွဲ့ရောက်လာပြီး ကျွမ်းဘားသမားများကို ဝိုင်းထားလိုက်ကြသည်။

မျက်နှာဖုံး အစိမ်းရောင် ဝတ်ဆင်ထားသော အမျိုးသားက ရှေ့တိုးလာပြီး လက်သီးအုပ်ကာ တလေးတစား မေးလာခဲ့သည်။

"ကျွန်တော်တို့က ဘာဥပဒေ ချိုးဖောက်မိလို့ပါပဲ အဖွဲ့မှူး"

“မင်းတို့ကို လူစုလူ‌ဝေး ဖြစ်စေခဲ့ပြီး လူတွေကို လှည့်ဖြားခဲ့တယ်”

ခေါင်းဆောင်ဖြစ်သည့် လက်ထောက်တပ်ဖွဲ့မှူးက အစွယ်ပါသည့် မျက်နှာဖုံးစိမ်းနှင့် လူကို လက်ညှိုးထိုးပြီး ထပ်ပြောလိုက်သည်။

"မင်းရဲ့မျက်နှာဖုံးကို ချွတ်လိုက်၊ ဒီနေရာမှာ လာပြီး လှည့်စားမနေနဲ့"

မျက်နှာဖုံးစိမ်းနှင့်လူ၏ မျက်လုံးများက အလွန်အမင်း အေးစက်သွားပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ကျားလှောင်အိမ်ကို စောင့်သည့်သူက လှောင်အိမ်ကို တိတ်တဆိတ် ဖွင့်ပေးလိုက်သည်။

လွန်ခဲ့သည့်အခိုက်အတန့်က အလွန် နူးညံ့သိမ်မွေ့နေခဲ့သည့် ကျားကြီးက ခဏလေးအတွင်းမှာပင် ရုတ်တရက် ရူးသွပ်သွားပုံဖြင့် လှောင်အိမ်ထဲမှ ဒေါသတကြီး ခုန်ထွက်လာသည်။

လက်ထောက်တပ်ဖွဲ့မှူးက သူ့ဓားကို အလျင်အမြန် မြှောက်ကာ ကျားကြီးကို လှမ်းခုတ်လိုက်သည်။ ကျားက လေထဲတွင် ကျွမ်းပစ်ကာ ရှောင်ထွက်သွားပြီး ၎င်း၏လက်သည်းရှည်များဖြင့် လက်ထောက်တပ်ဖွဲ့မှူးကို လှမ်းပုတ်လိုက်သည်။ ထိုကျားကြီးက လှုပ်ရှားမှုက လျင်မြန်လွန်းလှပြီး လက်ထောက်တပ်ဖွဲ့မှူးအနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

သူ့အနားရှိ စစ်သည်များကလည်း သူတို့၏ ဓားရှည်များကို မြှောက်ကာ ကျားကြီးကို ဝိုင်းခုတ်ကြသော်လည်း ကျားကြီးက ရှောင်တိမ်းနေပြီး ဓားများ ထိုးဖောက်ဝင်ရောက်သွားလျှင်ပင် ထိခိုက်မှုမရှိပုံရသည်။

ထိုအတောအတွင်းတွင် စစ်သည်နှစ်ဦး လဲကျသွားခဲ့ပြီး ခေါင်းဆောင်ကလည်း ကျား၏ခြေသည်းများကြောင့် မျက်နှာတစ်ဝက်ခန့် ဒဏ်ရာရနေပြီဖြစ်ကာ သွေးများ စီးကျနေသည်။

ထိုစစ်သည်များအနေဖြင့် လူ လူချင်း ယှဥ်တိုက်ခိုက်ရာတွင် ပြဿနာမရှိသော်လည်း ကျားကြီး၏ မနားကိုပင် မကပ်နိုင်ဖြစ်နေကြသည်။ သူတို့ မည်မျှပင် သတ္တိရှိပါစေ ယခုအချိန်၌ အသုံးမဝင်တော့ပေ။ ကျားကြီးက လျင်မြန်ဖျတ်လပ်လွန်းပြီး လှည့်ပတ်ပြေးလွှားနေကာ တစ်ချက်တည်းဖြင့် စစ်သည်အတော်များများကို လဲကျသွားစေသည်။ ၎င်းက စစ်သည်များ၏လည်ချောင်းကို ကိုက်တော့မည်ဟန်ဖြင့် မေးရိုးကို ဖြဲကာ ပါးစပ်ကြီး ဖွင့်ပြီး ဟိန်းဟောက်နေသည်။

မျက်နှာဖုံးအစိမ်းရောင် ဝတ်ဆင်ထားသည့်လူက ထိုအဖြစ်အပျက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဆီဆေးသုတ်ထားသော ကျွမ်းဘားသမားများထဲမှ မည်သူကမျှ ထိုကျားကြီးကို မတားဆီးကြပေ။ စစ်သည်များ ကျားကြီး၏တိုက်ခိုက်မှုကို မခုခံနိုင်တော့သည်အထိ အေးအေးဆေးဆေး စောင့်ကြည့်နေကြသည်။

စစ်သည်များ ကျားကိုက်ခံရတော့မည်ကို မြင်လိုက်ရချိန်တွင် စူးချင်းက လွမ်တောင်ကို ကိုင်ကာ ခုန်ဝင်လာပြီး ကျား၏ဦးခေါင်းဆီဖြင့် ဓားဖြင့် လှမ်းထိုးလိုက်သည်။ ကျားကြီးက ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လွတ်လိုက်ပြီး စူးချင်းကို တိုက်ခိုက်ရန် ပြန်လှည့်လိုက်သည်။ သို့သော် မျက်လုံးကို ဓားဖြင့် အထိုးခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ကျား၏အမြီးကလည်း စူးချင်းကို ရိုက်ရန် လေ၏အရှိန်ကဲသို့ ပျံတက်လာသေးသည်။ သို့သော်လည်း စူးချင်းက ၎င်းကို တချက်တည်း ပိုင်းဖြတ်လိုက်သည်။

လွမ်တောင်က အလွန်ထက်ရှပြီး သံကိုပင် ရွှံ့ကဲ့သို့ ပိုင်းဖြတ်နိုင်သည်။ စူးချင်းကလည်း လျှပ်စီးကဲ့သို့ မြန်ဆန်းလွန်းသောကြောင့် သူမက ချက်ခြင်းဆိုသလိုပင် လွမ်တောင်ကို ကျား၏နှလုံးသားထဲသို့ ထိုးစိုက်နိုင်ခဲ့သည်။ ဓားရှည်ကို ဆွဲထုတ်လိုက်သည်နှင့် သွေးများ ပန်းထွက်လာပြီး ကျားအသေကောင်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖုန်မှုန့်များ လွင့်ပျံလာသည်။

အစိမ်းရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့်လူက စူးချင်း ဤမျှအစွမ်းထက်မည်ဟု မျှော်လင့်ထားပုံမရပေ။ သူက မျက်မှောင်ကြုတ်ရင်း စူးချင်းကို လှမ်းကြည့်လိုက်ကာ သူ့မျက်လုံးများ တောက်ပလာသည်။

စူးချင်းက ယောက်ျားလေးကဲ့သို့ ၀တ်စားထားသော အမျိုးသမီးဖြစ်ကြောင်း သူ ရိပ်မိသွားပြီး တစ်ခုခုကို တွေးမိသွားပုံရသည်။ သူက ယခင်က ကပြဖျော်ဖြေခဲ့သည့် မိန်းခလေးနှစ်ယောက်ဆီသို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြန်သည်။ အမိန့်ပေးသည့်အချက်ပြမှုကို မြင်သည်နှင့်တပြိုင်နက် ထိုမိန်းခလေးနှစ်ယောက်က တိုင်များပေါ်သို့ တက်သွားကြပြီး လေထဲမှနေ၍ စူးချင်းပေါ်သို့ ရွှေမှုန့်များ ကျဲချလိုက်သည်။

"အသက်မရှူကြနဲ့၊ နောက်ဆုတ်"

စူးချင်းက စစ်သည်များကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ သူမကိုယ်တိုင်ကတော့ လေထဲသို့ ခုန်တက်သွားပြီး ရွှေမှုန့်များ ကြဲနေသည့် မိန်းခလေးနှစ်ယောက်ကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ မိန်းခလေးနှစ်ယောက်က အမှန်တကယ် ပျော့ပြောင်းလွန်းလှပြီး စူးချင်း၏ဓားကို မြင်လိုက်သည်နှင့် မြွေများကဲ့သို့ တွန့်လိမ်ကာ ရှောင်ထွက်ပြီး တိုင်ပေါ်မှ လျောဆင်းသွားကြသည်။

စူးချင်းက သူမ၏လက်ကောက်ဝတ်ကို မြှောက်ကာ မြှားတိုလေးနှစ်ချောင်း ပစ်လွှတ်လိုက်သည်။ လျှို့ဝှက်မြှားအိမ်ထဲမှ မြှားတိုးလေးနှစ်ချောင်းက သူမတို့၏ ကျောပြင်သို့ စိုက်ဝင်သွားသည်။ နှစ်ယောက်သား နာနာကျင်ကျင် အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ပါးစပ်နှင့်မျက်လုံးများမှ အနက်ရောင်သွေးများ စီးကျလာသည်။

မျက်နှာဖုံး အစိမ်းရောင် ဝတ်ဆင်ထားသည့် အမျိုးသားက မြေပြင်ပေါ်ရှိ မိန်းခလေးနှစ်ဦးကို လှမ်းကြည့်လိုက်သော်လည်း သူ့မျက်လုံးများက အေးစက်နေမြဲဖြစ်ကာ သူမတို့ သေဆုံးသွားသည်ကိုပင် သနားနေပုံမရပေ။ သူက စူးချင်းဘက်သို့ လက်ခုပ်အုပ်ကာ ပြောလာခဲ့သည်။

“သခင်မလေး၊ ငါတို့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကြိုးစားနေကြတာပါ။ မင်းကို စိတ်အနှောက်အယှက် ဖြစ်စေမိရင် တောင်းပန်ပါတယ်"

သူ့လေသံက အလွန်ယဉ်ကျေးနေပုံရသော်လည်း မျက်နှာဖုံးနောက်ကွယ်မှ သူ့မျက်လုံးတစ်စုံက အလွန်ရက်စက်ပုံရပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

စူးချင်းက လွမ်တောင်ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်နှာဖုံးစွပ်ထားသည့်လူကို အကဲခတ်လိုက်သည်။ ထိုလူက လွမ်တောင်ကို မှတ်မိပုံပေါ်ကြောင်း သူမ သတိပြုမိလိုက်သည်။ လွမ်တောင်ကို မြင်သည်နှင့် ထိုလူ၏မျက်ဝန်းများထဲ၌ ကြောက်ရွံ့သွားသည့်အရိပ်အယောင် ပေါ်လာကာ သူ့မျက်လုံးများကလည်း ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

စူးချင်းက အေးစက်စွာ ပြန်မေးလိုက်သည်။

"မင်းက ဘယ်သူလဲ? မော့ချန်မှာ ဘာလုပ်ချင်တာလဲ?"

ဒီလူအုပ်စုက လေနဲ့မိုးကို ဆင့်ခေါ်ဖို့ ကြိုးစားခဲ့သလို အမြင်အာရုံမှောက်မှားစေတဲ့ ဆေးတွေကိုလည်း အသုံးပြုခဲ့ကြတယ်။ ပြီးတော့ နှင်းဆီပျားရည်ထဲက ပိုးမွှားနဲ့ လူတွေကို ထိန်းချုပ်ခဲ့ကြတယ်။ ဒီအရာတွေက သာမန်လိမ်လည်သူတွေမှာ ရှိနိုင်တဲ့ စွမ်းရည်တွေ မဟုတ်ဘူး။

ဒါက နောက်ကွယ်က ကြိုးကိုင်သူနဲ့ ဆက်စပ်နေတာဖြစ်နိုင်လား?

All Chapters