စူးချင်းအတွက် အန္တရာယ်ရှိနေပြီ
Vol. 44 Ch. 656
ကျိုးပေါ်အတွက်လည်း ကောင်းကင်မှ ဖြစ်စဥ်ကို ကြည့်နေရင်း အလွန်အံသြထိတ်လန့်ရသည်။
ဒါက ဘာလို့ သူ့တို့ရဲ့ဆရာအဖိုး လုမော့လင်နဲ့ တိုက်ခိုက်တုန်းက လုမော့လင် အသုံးပြုခဲ့တဲ့ ခုနစ်စဥ်ကြယ်ဝင်္ဂပါနဲ့ ဆင်တူနေရတာတုန်း?
ခုနစ်စဥ်ကြယ်ဝင်္ဂပါက ကောင်းကင်နဲ့ မြေကြီးကို လှုံ့ဆော်ပေးနိုင်ပြီး အရောင်ပြောင်းစေနိုင်တယ်။ နေ့ကနေ ညအဖြစ် ချက်ချင်း ပြောင်းသွားစေနိုင်တယ်။ ကောင်းကင်မှာ ကြယ်ခုနစ်လုံး လင်းလက်ပြီး အဲ့ကြယ်ခုနစ်လုံး ချိတ်ဆက်မိသွားရင် ကြီးမြတ်တဲ့ မသေမျိုးတောင် ပျောက်ကွယ်သွားရလိမ့်မယ်။
ကျိုးပေါ်တစ်ယောက် စဉ်းစားရန် အချိန်မရှိတော့ပဲ ရောက်နေသည့်နေရာတွင် အမြန်ရပ်ကာ ဝင်္ဂပါကတစ်ခု ဖွဲ့စည်းလိုက်သည်။ သူက သူ၏ သိုလှောင်အိတ်ကို ဖွင့်ပြီး အဝါရောင်စာရွက်များ၊ ဖယောင်းတိုင်များနှင့် အမွှေးတိုင်များကို ထုတ်ယူလိုက်သည်။ သူက သူ့လက်ခလယ်ကို ကိုက်ပြီး သူ့သွေးကို သုံးကာ အဝါရောင်စာရွက်ပေါ်တွင် စာလုံးများ အမြန်ရေးလိုက်သည်။ ထို့နောက် ထိုအဝါရောင်စာရွက်ကို ညာဘက်လက်ညိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ပြီး မန္တန်များ စတင်ရွတ်ဆိုနေသည်။ သူက သူ့၏ဆရာအဘိုး လုမော့လင်ကို တိုက်ခိုက်စဥ်ကကဲ့သို့ ခုနစ်စဥ်ကြယ်ဝင်္ဂပါကို တန်ပြန်ရန် မိုးကြိုးငါးသွယ်ကို ဆင့်ခေါ်ရန် ကြိုးစားနေခဲ့သည်။
သူ့ရဲ့စွမ်းရည်က မလုံလောက်ပေမယ့် ကြယ်ခုနစ်လုံး မချိတ်ဆက်သွားသရွေ့ ချင်းကောင်မလေးကို ကယ်တင်ဖို့ ဖြစ်နိုင်သေးတယ်လေ။
အဝါရောင်စာရွက်များ မီးလောင်ကျွမ်းပြီးသွားနောက် ကျိုးပေါ်က မိုးကြိုးငါးသွယ်ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ စူးချင်းနှင့် ရှောင်းကျဲယွိတို့ထံသို့ မလာမီ ထိုနှစ်ယောက်ဒုက္ခရောက်မည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး သူနှင့်အတူ လိုအပ်သောပစ္စည်းများအားလုံးကို ယူဆောင်လာခဲ့သည်။
အဲ့လိုမှ မဟုတ်ရင် သူ့အဖြစ်က ဆန် မရှိလို့ ထမင်းမချက်နိုင်တဲ့ အိမ်ရှင်မှ ဖြစ်သွားလိမ့်မယ်။
ကျိုးပေါ်က ကောင်းကင်မှ ထွက်ပေါ်စ ကြယ်ခုနစ်လုံးကို လှမ်းကြည့်ရင်း မိုးကြိုးငါးသွယ်ဝင်္ဂပါကို အမြန် ဖွဲ့စည်းတည်ဆောက်လိုက်သည်။
ခုနစ်စဥ်ကြယ်ဝင်္ဂပါက၏ဗဟိုတွင် စူးချင်းက ယဲ့လွီချွမ်း၏နောက်သို့ လိုက်သွားရင်း ယဲ့ချန်ရှန်း ယစ်ပူဇော်သည့်နေရာသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ယစ်ပုလ္လင်တစ်ခု ရှိနေပြီး ခရမ်းရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး မှော်ဆရာတစ်ယောက် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ စူးချင်းကို တွေ့လိုက်သည်နှင့် ထိုလူက တစ်စုံတစ်ခု ရေရွတ်လိုက်သည်။ စူးချင်းက တစ်ခုခုမှားနေပြီကို ချက်ချင်း သိသွားပြီး သူမ၏ပစ္စတိုကို ဆွဲထုတ်ကာ သူ့ကို ချက်ချင်း လှမ်းပစ်လိုက်သည်။
ထူးဆန်းနေသည်က ကျည်ဆန်များက ထိုလူကို လုံးဝ ထိမှန်ခြင်းမရှိဘဲ လူကို ကျည်ကာမှန်ဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေခြင်းပင်။ ကျည်ဆန်များက သူရှေ့သို့ ရောက်သည်နှင့် မြေပြင်ပေါ်သို့ အလိုအလျောက် ပြုတ်ကျသွားသည်။
စူးချင်းက လုံးဝ မယုံနိုင်ဖြစ်နေပြီး ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်လိုက်သည်။ သို့သော် လက်ပစ်ဗုံးကလည်း ကျည်ဆန်များကဲ့သို့ အတားအဆီးကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။
“ဒါက ဘယ်လို မကောင်းဆိုးဝါးလဲ”
စူးချင်းတစ်ယောက် သူမရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ သူမက အတိတ်ဘဝတွင် စစ်နတ်ဘုရားဖြစ်ခဲ့ပြီး ကူးပြောင်းလာပြီးသည့်နောက်တွင်ပင် မရေမတွက်နိုင်သောတိုက်ပွဲများကို ဆင်နွဲ့ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ထူးဆန်းသောအရာတစ်ခုကို သူမ ကြုံတွေ့ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ရှေးခေတ်က မှော်ပညာက ခေတ်မီလက်နက်တွေကိုတောင် ပိတ်ဆို့ထားနိုင်တယ်လား?
ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာက စူးချင်း သူ့ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သည်ကို ကြည့်နေရင်း ကျီးနှင့်တူသော ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။ ထိုအသံက ဖန်သားမျက်နှာပြင်ကို ချွန်ထက်သော ကျောက်တုံးဖြင့် ခြစ်နေသလို နားဆူစေသည့်အသံမျိုး ဖြစ်သည်။
သူက ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လက်ပစ်ဗုံးက ထိုမာကျောသော အရာဝတ္တုကို ထိမိသွားသကဲ့သို့ ပြန်ကန်ထွက်လာသည်။
စူးချင်းက ဘယ်ဘက်သို့ အလျင်အမြန် ခုန်ဆုတ်လိုက်ပြီး သူမ မူလ ရပ်နေသည့်နေရာတွင် လက်ပစ်ဗုံး ပေါက်ကွဲသွားသည်။
ယဲ့လွီချွမ်းက ကျေကျေနပ်နပ် ပြုံးနေပြီး ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် မှော်ဆရာ၏ အတားအဆီးထဲသို့ ခြေတရွတ်တိုက် လျှောက်သွားနေသည်။ စူးချင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး သေနတ်တစ်ချက် ပစ်လိုက်ရာ သူ့နောက်ကျောကို တည့်တည့်ထိမှန်သွားသည်။ ယဲ့လွီချွမ်းက မယုံကြည်နိုင်သလို လှည့်ကြည့်ရင်း ပြန်အော်လိုက်သည်။
"မင်းက ငါ့ကို သတ်ရဲတယ်လား? ငါက တာ့ထန်ရဲ့မင်းသားနော်"
“မင်းက အတုပဲ၊ ငါက ဘာလို့ မင်းကို မသတ်ရဲရမှာတုန်း"
စူးချင်းက သူ့ကို လှောင်ပြောင်လိုက်ပြီး သေနတ်မောင်းကို ထပ်မံဆွဲလိုက်သော်လည်း သူမကို အံ့သြသွားစေသည် ယဲ့လွီချွမ်း၏ခါးပေါ်သို့ ကြိုးတစ်ချောင်း ရောက်လာပြီး သူ့ကို ရစ်ပတ်ကာ အတားအဆီးထဲသို့ ဆွဲခေါ်သွားသည်။
"ကလေးမလေးက အရမ်းရက်စက်လွန်းတယ်"
ခရမ်းရောင်ဝတ်ရုံဝတ်မှော်ဆရာက ကြမ်းကြုတ်သည့် အကြည့်ဖြင့် စူးချင်းကို လှမ်းကြည့်ရင်း မှတ်ချက်ချလိုက်သည်။
"ရှင်က မော့ချန်ကလူတွေ အဆိပ်ခတ်ပြီး တာ့ထန်ပြည်သူတွေကို ဒုက္ခပေးဖို့ ယဲ့လွီချွမ်းအတုတောင် ဖန်တီးထားသေးတယ်၊ အပိုင်းပိုင်း အဖြတ်ခံရဖို့ ထိုက်တန်တယ်”
စူးချင်းက အများပြည်သူအား လှည့်စားရန် ကြိုးစားနေသည့် မှော်ဆရာကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဒီနောက်ကွယ်က နိယာမက ဘာလဲ? ဘာကြောင့် ကျည်မဖောက်နိုင်တာလဲ?
"ဟား ဟား၊ ဘယ်လိုတောင် မောက်မာတဲ့ မိန်းကလေးလဲ?"
ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာ၏ မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများက မြွေတစ်ကောင်၏မျက်လုံးများကဲ့သို့ အေးစက်နေပြီး သူ့၏ရယ်မောသံက အက်ကွဲနေကာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး စူးချင်းကို ပြန်ကြည့်ကာ ထူးထူးခြားခြား ရယ်မောလိုက်ပြန်သည်။
"ကံမကောင်းတာကတော... မင်း ခဏလောက်ပဲ မာနကြီးနိုင်တော့မယ်၊ အခု အချိန်ကျပြီ၊ ငါ မင်းကို သန့်စင်ပေးမယ်၊ မင်းဆီကနေ ဖန်တီးထားတဲ့ လူသားဖုတ်ကောင်က ဘာတော့မှ ရှုံးနိမ့်တော့မှာ မဟုတ်ဘူး၊ ဟီး ဟီး…”
စူးချင်းက ထိုနတ်ဆိုးမှော်ဆရာထံသို့ ပြေးဝင်ကာ သူ့ကို သတ်ပစ်ရန် ရည်ရွယ်လိုက်သော်လည်း ကောင်းကင်က ရုတ်တရက် မည်းမှောင်သွားပြီး သူမ၏လက်ချောင်းများကိုပင် သူမ ပြန်မမြင်ရတော့ပေ။ စူးချင်းတစ်ယောက် မြူခိုးများအလယ်တွင် ပိတ်မိနေပြီး နတ်ဆိုးမှော်ဆရာက ပျောက်ကွယ်သွားကာ သူမ၏ပတ်ဝန်းကျင်မှ အရာအားလုံးလည်း ပျောက်ကွယ်သွားသည်။ သူမ၏ရှေ့ မလှမ်းမကမ်းမှ အနီရောင်အမွှေးတိုင် အနည်းငယ်သာ ကျန်ရှိနေတော့သည်။
နောက်ပိုင်းတွင် မြင်ကွင်းက မြေအောက်ကမ္ဘာမှ ငရဲခန်းမသို့ ရောက်နေသလို ခံစားလာရစေပြီး ပတ်ဝန်းကျင်တွင် အော်ဟစ်သံများ ပြည့်နှက်လာကာ လေအေးများ တိုက်ခတ်လာသည်။
ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာ၏အသံက သူမ၏ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။
“မင်းက အတိုက်အခိုက် အတော်ကျွမ်းကျင်တယ်လို့ ငါ ကြားတယ်၊ ယင်တပ်သားတွေနဲ့ ခဏလောက် တိုက်ခိုက်လိုက်ပါဦး”
စူးချင်းက လွမ်တောင်ကို ဆွဲထုတ်လိုက်ပြီး အသံလာရာဆီသို့ လှမ်းထိုးလိုက်သော်လည်း လွဲချော်သွားပုံရသည်။
“ဟား ဟား၊ မင်းရဲ့တုံ့ပြန်မှုက အရမ်း မြန်တယ်၊ မင်း ငါ့ရဲ့အကြီးဆုံးမြေးတပည့် ယဲ့ချန်ရှန်ကို သတ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်ဘူး"
“အိုး နတ်ဆိုးအိုကြီး၊ ရှင်က အဲ့ဒီအကြံပေး ယဲ့ချန်ရှန်းရဲ့ ဆရာအဖိုးလာ?”
စူးချင်းက ယင်တပ်သားများကို ခုခံရန် လွမ်တောင်ကို ဝှေ့ယမ်းနေရင်း သူ့ကို ခပ်တင်းတင်း ပြန်မေးလိုက်သည်။
"မဆိုးပါဘူး"
နတ်ဆိုးအိုကြီးက ရယ်မောနေပြန်သည်။
"မင်းက ငါ့ရဲ့မြေးတပည့်ကြီးကို သတ်ရဲတယ်ပေါ့လေ၊ ဒါဆို ငါ့ကလည်း လူသားဖုတ်ကောင် လုပ်ပြီး ငါ့လက်အောက်က အကာအကွယ်ပေးသူအဖြစ် အသုံးပြုရမှာပေါ့"
စူးချင်းက လှောင်ပြောင်ဟန်ဖြင့် နှာမှုတ်သရော်လိုက်သည်။
“နတ်ဆိုးအိုကြီး၊ နင် ငါ့ကို လူသားဖုတ်ကောင် လုပ်ပြီး အသုံးချချင်ရင် ထွက်လာခဲ့စမ်းပါ၊ နင်ရဲ့လိပ်ခွံထဲမှာ ပုန်းမနေနဲ့"
ပတ်ဝန်းကျင်က မှင်ရောင်ဆိုးထားသလို မည်းမှောင်နေသည်။ စူးချင်းက ထိုလူ၏နေရာကို ဆုံးဖြတ်ရန် နတ်ဆိုးမှော်ဆရာ၏ အသံကိုသာ အားကိုးနေရသည်။ သို့သော်လည်း သူ့အသံက အရပ်မျက်နှာအားလုံးမှ လာသလို ဖြစ်နေပြီး သူ့၏တည်နေရာကို တိတိကျကျ ခွဲခြားရန် မဖြစ်နိုင်ပြန်ပေ။
ဤတိုက်ပွဲက သူမ၏ အတိတ်နှင့် လက်ရှိဘဝ နှစ်ဘဝလုံး၌ တိုက်ခဲ့ဖူးသမျှနှင့် မျှော်လင့်ချက်အမဲ့ဆုံး၊ အခက်ခဲဆုံးတိုက်ပွဲ ဖြစ်သည်။ သူမ ရန်သူ၏မျက်နှာကိုပင် မမြင်နိုင်ဘဲ သူ့ကို ရန်စရန် စကားလုံးများကိုသာ သုံးနေရသည်။ သို့သော် နတ်ဆိုးအိုကြီးကို လှည့်စားရန်က မလွယ်ကူလှပေ။
“ကောင်မလေး၊ ငါ့ရဲ့ ခုနစ်စဥ်ကြယ်ဝင်္ကပါ အခင်းအကျင်းကို အရင် မြည်းစမ်းကြည့်လိုက်ပါဦး၊ မင်း ဒီအခင်းအကျင်းကို ချိုးဖျက်နိုင်ရင် ငါ့ကို တွေ့ရမှာပါ"
စူးချင်းက မြေကြီးများ လှုပ်လာပြီး တောင်များပင် လှုပ်လာသည်ကို ခံစားနေရသည်။ ၎င်းက သူမ ပထမဆုံး ကူးပြောင်းလာစဥ် ကြုံတွေ့ခဲ့ရသည့် မြေနဂါးလှည့်ခြင်း(ငလျင်လှုပ်ခြင်း)နှင့်ဆင်တူသည်။ လက်ရှိတွင် လေပြင်းများ တိုက်ခတ်လာပြီး သူမခြေဖဝါးအောက်ရှိ မြေပြင်ကလည်း ပြင်းထန်စွာ တုန်ခါနေသည်။
စူးချင်းတစ်ယောက် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ သူမမ၏လက်ထဲမှ လွမ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရသည်။
"စနစ်၊ ခုနစ်စဥ်ကြယ်ဝင်္ကပါ အခင်းအကျင်းကို ချိုးဖျက်နိုင်မယ့် နည်းလမ်းရှာပေး"
စူးချင်းက စနစ်ကို အမိန့်ပေးလိုက်ပြီး ယခုအချိန်တွင် စနစ်ကလည်း သူမနှင့် စျေးမဆစ်ရဲဘဲ ခုနစ်စဥ်ကြယ်ဝင်္ကပါအား ချိုးဖြတ်နိုင်မည့် နည်းလမ်းကို ချက်ချင်း ရှာဖွေပေးနေသည်။
[နည်းလမ်းတစ်ခု ရှိပါတယ်၊ မိုးကြိုးငါးသွယ်က ဒီခုနစ်စဥ်ကြယ်ဝင်္ကပါကို ချိုးဖျက်နိုင်ပါတယ်]
ရှာဖွေရေးစက်တွင် ရှာဖွေပြီးနောက် စနစ်က စူးချင်းကို ချက်ချင်း သတင်းပြန်ပို့ပေးခဲ့သည်။
"အဲ့အခင်းအကျင်းကို ဘယ်လို ခင်းကျင်းရမှာလဲ?"
စူးချင်းက မျက်မှောင်ကြုတ်ရင်း ထပ်မေးလိုက်သည်။
ဒီနည်းလမ်းတွေနဲ့ ပတ်သက်ရင် သူမက ဘာမှ မသိဘူးလေ။
[ဒီအခင်းအကျင်းကို အသက်သွင်းဖို့ မှော်ပညာမှာ အစွမ်းထက်တဲ့လူနှစ်ယောက် လိုအပ်တယ်၊ တစ်ယောက်က မိုးကြိုးငါးသွယ်ကို ဆင့်ခေါ် အသက်သွင်းပြီး တစ်ယောက် တန်ပြန်တိုက်ခိုက်ရမယ်]
စနစ်က ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။
ဘာပဲဖြစ်ဖြစ် စနစ်ကတော့ ဒါကို မလုပ်နိုင်ဘူးလေ။
“ငါ့ကို အဲ့အခင်းအကျင်း ဖွဲ့စည်းပေး၊ ငါ ကြိုးစားကြည့်မယ်"
ဤဝင်္ဂပါအခင်းအကျင်းကို မချိုးဖျက်နိုင်ပါက သူမ ဤနေရာ၌ ထာဝရ ပိတ်မိနေမည်ဖြစ်သောကြောင့် စူးချင်းလည်း ကြိုးစားကြည့်ရုံသာတတ်နိုင်တော့သည်။
စနစ်က တွန့်ဆုတ်နေပြီး စောဒကတက်လာပြန်သည်။
[Host၊ တခြားနည်းလမ်း ရှိ မရှိ ထပ်စစ်ဆေးပေးပါ့မယ်]
“မြန်မြန်လုပ်စမ်းပါ"
စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်နေပြန်သည်။
ခေတ်သစ်ရဲ့ နည်းပညာက ဘာလို့ ဒီလောက်နှေးကွေးနေရတာလဲ?
ကောင်းကင်၏အရောင်က ပို၍နက်မှောင်လာသည်ကို မြင်နေရသည်နှင့်အမျှ ယင်လေကလည်း ပိုမိုလေးလံလာသည်။ စူးချင်းလည်း ဘာမှ မတတ်နိုင်တော့ဘဲ သူမ အဆင့် ၁၀ ခုခံနိုင်စွမ်းကို အသုံးပြုလိုက်ရသည်။
"အုန်း!"
စူးချင်းထဲမှ စစ်နတ်ဘုရား စွမ်းရည်ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးပစ်သံတစ်ခုလည်း ထွက်ပေါ်လာသည်။ နက်မှောင်နေသည့် ကောင်းကင်က အထည်စကဲ့သို့ စုတ်ပြဲသွားပြီး လက်တစ်ချောင်းခန့်အရွယ်ရှိ အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ အလင်းရောင်က ချက်ချင်း လင်းလက်လာသလို ထိုနေရာမှ တိုးဝင်လာသည်။
စနစ်က စူးချင်းကို အံ့အားတကြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
[Host၊ တစ်ယောက်ယောက်က မိုးကြိုးငါးသွယ် ဝင်္ဂပါအခင်းအကျင်းကို တည်ဆောက်ထားပြီးပြီ၊ လွမ်တောင်ကို ဝိညာဉ်သွေးရဲ့ ကောင်းချီးနဲ့ ပူဇော်လိုက်ရင် ခုနစ်စဥ်ကြယ်အခင်းအကျင်းကို တန်ပြန်နိုင်မယ်လို့ ထပ်သိခဲ့ရတယ်]
"တကယ်လား?"
လွမ်တောင်က ခုနစ်စဥ်ကြယ်ဝင်္ဂပါ အခင်းအကျင်းကို တန်ပြန်နိုင်သည်ဟု ကြားလိုက်ရသဖြင့် စူးချင်းလည်း ဝမ်းသာသွားရသည်။ သို့သော် ပြသနာက ရှိနေပြန်သည်။
ဒီအချိန်မှာ ဝိညာဉ်သွေးကို ဘယ်နေရာကနေ သွားရှာရမှာတုန်း?
စူးချင်း စနစ်အား မေးမြန်းနေချိန်တွင် စုတ်ပြဲနေသည့် အပေါက်မှ ဖြာကျလာသော နေရောင်ခြည်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာလည်း ကောင်းကင်ကို မော့ကြည့်နေကြောင်း စူးချင်း မြင်လိုက်ရသည်။ သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ခရမ်းရောင်ဝတ်ရုံဝတ် မှော်ဆရာက နောက်ပြန်ဆုတ်လိုက်ပြီး အမှုန့်လက်တစ်ဆုပ်စာကို ထုတ်ကာ သူ့ရှေ့မှ ယစ်ပုလ္လင်ဆီသို့ ပစ်ပေါက်လိုက်သည်။ ထိုအပြုအမူက ဖယောင်းတိုင်မီးကို အမြင့်တစ်မီတာကျော်အထိ ချက်ချင်း မြင့်တက်လာစေသည်။
.....။......။......